← Chapters

အခန်း (၉၁၇+၉၁၈)

Vol. 65 Ch. 917+918

အခန်း (၉၁၇+၉၁၈)

Vol. 65 Ch. 917+918

Chapter 917

The Cursed Spirit Immortal King

ထိုမြင်ကွင်းကို ကြည့်ပြီး အားလုံး အံ့အားသင့်ကုန်ကြပါသည်။

ထိုစဥ် မုတ်ဆိတ်ရှည်မသေမျိုးဘုရင်၏ လက်ထဲတွင်ရှိနေသော စာရွက်က အသက်ဝင်လာပြီး .. ရုတ်တရက် မီးထတောက်ကာ အမည်းရောင် မီးခိုးလုံးများစွာ ထွက်လာသည်။

ထို့နောက်တွင် ၎င်းအမည်းရောင် မီးခိုးလုံးများက လေထဲလွင့်ပြီး ပျောက်ကွယ်သွားရမည့်အစား တံခါးတစ်ခုအဖြစ် စတင်စုစည်းလာပါ၏။

ထိုတံခါးမှ ကြောက်မက်ဖွယ် အရောင်အဝါတစ်ခုလည်း ထွက်နေပြီး ၎င်းကိုကြည့်ရုံဖြင့်ပင် လူများ စိတ်မသက်မသာ ခံစားလိုက်ရသည်။

" မဖြစ်ဘူးဟေ့.. အဲ့တံခါးကို အပွင့်ခံလို့မဖြစ်ဘူး ။ အားလုံးအတူတူစုပြီး တိုက်ခိုက်ကြ "

လောရုံက ပထမဆုံး အသိဝင်လာကာ အော်

လိုက်၏။

ထိုတံခါးက ဘာအဓိပ္ပါယ်ဆိုသည်ကို သူ မသိသော်ငြား ကောင်းသောအရာတစ်ခု မဟုတ်နိုင်ပါ ။

အားလုံးမှာလည်း ထိုစဥ်မှ အသိပြန်ဝင်လာပြီး မူလမသေမျိုးလက်နက်ကိုယ်စီဖြင့် တံခါးကို တိုက်ခိုက်လိုက်ကြသည်။

သို့သော်..

ဘုန်း ...

ထိုစဥ်မှာပင် တံခါးက ရုတ်တရက်ပွင့်လာကာ အထဲမှ လက်တစ်ဖက်ထွက်လာ၏။

တစ်ချိန်တည်းမှာပင် အားလုံး၏ တိုက်ခိုက်မှုများလည်း ရောက်လာသည်။

ဝုန်း ....

မရေမတွက်နိုင်သော ကြောက်မက်ဖွယ် တိုက်ခိုက်မှု

များ လက်ပေါ်သို့ ကျသွား၏။ သို့သော် ထိုလက်ကြီးက အသာယမ်း၍ ၎င်းတိုက်ခိုက်မှုအားလုံးကို ခြေဖျက်လိုက်ပါသည်။

" ဒါ.. ဘယ်လိုဖြစ်ပြီးတော့... "

လောရုံတစ်ယောက် ဘာဖြစ်နေသည်ကို နားမလည်နိုင်ဘဲ မှင်သက်သွား၏။

ထိုအချိန်တွင် မုတ်ဆိတ်ရှည်မသေမျိုးဘုရင်က ဒူးတစ်ဖက်ထောက်၍ အသံတုန်တုန်ဖြင့် ပြောသည်။

" အရိုအသေပြုပါတယ် ကျိန်စာစိတ်ဝိဥာဥ် မသေမျိုးဘုရင်ကြီး "

ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင် တဲ့လား...

လောရုံနှင့် အခြားသူများ နားမလည်နိုင်ဘဲ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

သို့သော်... ထိုစဥ် သူတို့တိုက်ပွဲကို ခပ်ဝေးဝေးမှ ကြည့်နေသည့်လူအုပ်မှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပါ၏။

" ငါ.. နားကြားများ မှားသွားသလား ။ အဲ့လူက... ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင် လား... "

" အဲ့ဒါ ဘယ်သူလဲ.. သူက နာမည်ကြီးလို့လား "

" ဟမ့်.. နာမည်ကြီးတာထက် ပိုတာပေါ့ကွ ။ အဲ့လူက ဆယ်ဘွဲ့ရမသေမျိုးဘုရင် တစ်ယောက် ဖြစ်ခဲ့ဖူးတယ် "

" ဘယ်လို.. ဆယ်ဘွဲ့ရမသေမျိုးဘုရင် .. ဟုတ်လား ၊ ဒါလောင်မသေမျိုးဘုရင်နဲ့ အဆင့်အတူတူပေါ့ "

အားလုံး တုန်လှုပ်သွားကြ၏။

ဆယ်ဘွဲ့ရမသေမျိုးဘုရင် ဆိုသည်မှာ .. ဒေသကြီးကိုးခုတွင် ရှိသမျှသော သက်ရှိများထဲမှ အစွမ်းအထက်ဆုံး မသေမျိုးဘုရင်များကို ခေါ်ခြင်းပင် ။

ထိုစဥ် တစ်ယောက်က တဖက်လူစကားထဲမှ တစ်ခုကို သတိထားမိကာ ပြောလာသည်။

" အဲ့လူက ဆယ်ဘွဲ့ရမသေမျိုးဘုရင်ထဲက တစ်

ယောက် ဖြစ်ခဲ့ဖူးတာဆိုတော့... အခု မဟုတ်တော့ဘူးဆိုတဲ့ အဓိပ္ပါယ်လား ။ ဒါဆို.. သူ့အစွမ်းကလဲ ဒါလောင်မသေမျိုးဘုရင်ထက် ပိုနိမ့်မှာပေါ့ "

အနားမှ တစ်ယောက်ကလည်း သဘောတူဟန်ဖြင့် ခေါင်းညိတ်ပါ၏။

သို့သော် တဖက်လူက လှောင်ပြုံးဖြင့် ပြန်ပြောသည်။

" အဲ့လူက အစွမ်းနိမ့်လို့ အဲ့လိုဖြစ်သွားတာ မဟုတ်ဘူးကွ ။ သူ လုပ်ခဲ့တဲ့ အမှားတစ်ခုကြောင့် ဖြစ်သွားရတာ "

" အဲ့ဒါ ဘယ်လိုအဓိပ္ပါယ်လဲ "

လူအုပ်မှာ နားမလည်နိုင်သေးဘဲ ဆက်မေးသည်။

" အဲ့ ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင်က ကျိန်စာပညာရပ်မှာ အင်မတန်ကိုကျွမ်းကျင်တယ်ကွ ။ တစ်ခါကဆို ကျိန်စာတစ်ခုအတွက် လိုအပ်တဲ့ပစ္စည်းရဖို့ လူသန်းပေါင်းများစွာကိုတောင် သူ ကျိန်စာတိုက်ပြီးသတ်ခဲ့ဖူးတယ် ။ အဲ့တုန်းကဆို လူတွေအများကြီး သေကြေခဲ့ကြတာပေါ့ကွာ "

" နောက်တော့ ဆယ်ဘွဲ့ရမသေမျိုးဘုရင် သုံးယောက်က အတူပူးပေါင်းပြီး သူ့ကိုတိုက်ခိုက်ခဲ့ကြတယ် ။ ဒါတောင် သူက ရအောင်ထွက်ပြေးသွားနိုင်ခဲ့သေးတယ်ကွ ။ အဲ့နောက်ပိုင်းတော့ သူ ကြယ်စုံကောင်းကင်ထဲမှာ ပျောက်သွားပြီး ဒေသကြီးကိုးခုကနေပါ ပျောက်သွားခဲ့တာ ။ ဒါပေမယ့် သူ့အစွမ်းကတော့ ဆယ်ဘွဲ့ရမသေမျိုးဘုရင်တွေထဲမှာတောင် ထိပ်တန်းပဲ "

" ဟင် ... "

ထိုလူ၏ ရှင်းပြချက်ကို နားထောင်ပြီးချိန်တွင်မူ အားလုံး ကျောရိုးထဲမှပင် ချမ်းစိမ့်သွားကြသည်။

ထိုသို့ဖြစ်ရခြင်းမှာလည်း ၎င်း ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင်၏ အစွမ်းတစ်ခုတည်းကြောင့် မဟုတ်ပါ ။

အစောက ဇာတ်လမ်းကို နားထောင်ရုံဖြင့် ထိုလူက အင်မတန်ရက်စက်ပြီး သွေးဆာသူတစ်ယောက်မှန်း သိသာနေ၍ပင် ။

ထိုသို့သော လူတစ်ယောက်သာ ဤနေရာသို့ဆင်းလာ

ပြီး တွေ့သမျှလူများကို သတ်ပါက အားလုံးဆိုးကုန်မည် မဟုတ်ပါလား ။

ထိုစဥ်မှာပင် ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင်က တံခါးပေါက်ထဲမှ ထွက်လာပါသည်။

သူ့ရုပ်သွင်ကို အားလုံး သေချာမြင်လိုက်ရပါ၏။

ထိုလူသည် အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ အဖြူရောင်ဆံပင်များရှိပြီး လူချောတစ်ယောက်ဟု ပြော၍ရပါသည်။ သူ့ခန္ဓာကိုယ်မှလည်း မသေမျိုးအရောင်အဝါများ ထုတ်လွှတ်နေပါ၏။

အကယ်၍သာ သူမည်သူမှန်း မသိထားပါက.. သူ့အား ပါရမီရှင် လူချောတစ်ယောက်ဟု အားလုံး ထင်မိကြမည် မလွဲပါချေ။

သို့သော် ယခုတွင်မူ သူမည်သူမှန်း သိထားပြီးဖြစ်သဖြင့် သူ့မျက်နှာပေါ်မှ ရက်စက်ယုတ်မာသည့် အငွေ့အသက်ကို သူတို့ သတိထားမိနေပါသည်။

" ဟင်.. ငါ့ရဲ့ ကိုယ်ပွားပုံရိပ်ကို ဘယ်သူနှိုးလိုက်တာ

လဲ "

ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင်က တစ်လုံးချင်း မေးလာ၏။

" ကျုပ်ပါ သခင်ကြီး ။ ကျုပ်က လီမိသားစုရဲ့ ခေါင်းဆောင် ၊ လီကုန့်ရှင် ပါ "

မုတ်ဆိတ်ရှည်မသေမျိုးဘုရင်က ကြောက်လန့်တကြား ပြန်ဖြေရှာသည်။

ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင်က သူ့ဘက် လှည့်ကြည့်လာပြီးနောက် မျက်မှောင်ကြုံ့ကာ ပြော၏။

" မင်းကို ငါ့ရဲ့ ကိုယ်ပွားပုံရိပ် ပေးထားမိတာလား ။ ငါလဲ မမှတ်မိပါလားကွ "

လီကုန့်ရှင်က ကြောက်ကြောက်လန့်လန့် ရှင်းပြသည်။

" သခင်ကြီးက ဒီကိုယ်ပွားပုံရိပ်ကို ကျုပ်ရဲ့ဆရာ ၊ သခင်ကြီးဖူယွိဆီ ပေးထားခဲ့တာပါဗျ ။ ဒါပေမယ့် အဲ့နောက်ပိုင်း.. ကျုပ်ဆရာ ကျင့်ကြံခြင်းအဆင့်တက်ခါနီးအချိန်မှာ တစ်ခုခုလွဲသွားခဲ့ပြီးတော့ သူ့သက်တမ်း ကုန်ခါနီး ဖြစ်သွားခဲ့ပါတယ် ။ ဒါ့ကြောင့်မို့ ဆရာက ကျုပ်ကို ယုံကြည်ပြီးတော့ ဒီကိုယ်ပွားပုံ

ရိပ်ကို လက်ဆင့်ကမ်းပေးခဲ့တာပါ "

ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင် ခေါင်းအသာညိတ်လိုက်သည်။

" အဲ့လိုကိုး... အခု ငါ့ကို ဘာကိစ္စကြောင့် နှိုးလိုက်ရတာလဲ ။ ငါမေးတာကို သေချာဖြေနော်.. မဟုတ်လို့ကတော့ မင်းတို့မိသားစု တစ်ခုလုံးကို ငါ့ရဲ့ အတွေးတစ်ချက်နဲ့တင် အပြောင်ရှင်းပစ်လိုက်လို့ရတယ် "

လီကုန့်ရှင် အလွန်ကြောက်သွား၏။

ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင်၏ စကားမှာ ခြိမ်းခြောက်ရုံသက်သက် မဟုတ်သည်ကို သူ ကောင်းကောင်းသိပါသည်။

ထိုလူမှာ ကျိန်စာများကို အလွန်ကျွမ်းကျင်ပြီး အထူးသဖြင့်.. သွေးအစွမ်းကျိန်စာများ၌ ဆရာတစ်ဆူပင် ။

သူ့အတွေးတစ်ချက်ဖြင့်ပင် မျိုးနွယ်စုတစ်ခုလုံး၏ သွေးဆက်အား ကျိန်စာတိုက်နိုင်သည်ကိုလည်း သူ သိပါ၏။

တဖက်မျိုးနွယ်စုထဲ၌ သူနှင့် ယှဥ်နိုင်သည့် ပြိုင်ဘက်ရှိထားခဲ့လျှင်မူ ရလဒ်ပြောင်းနိုင်သော်ငြား..

ထိုသို့မဟုတ်ပါက တဖက်လူများ၏ တိုက်ခိုက်မှုကို သူ့အတွေးတစ်ချက်ဖြင့်ပင် ခြေဖျက်ပစ်နိုင်ပါသည်။

ယခုလက်ရှိ ဒေသကြီးကိုးခုထဲတွင်လည်း သူ့ကိုယှဥ်နိုင်သူ များများမရှိလှပါ ။

လီကုန့်ရှင် အံကြိတ်ကာ ပြန်ပြောလိုက်၏။

" သခင်ကြီး ၊ ကျုပ်တို့မိသားစု ဒုက္ခကြီးတစ်ခုနဲ့ ကြုံနေရပါတယ် ။ ဒါ့ကြောင့်မို့ ကျုပ် ဘယ်လိုမှမတတ်နိုင်တော့ဘဲ သခင်ကြီးကို နှိုးခဲ့ရတာပါ... "

သို့သော် သူ့စကား မဆုံးခင်မှာပင် ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင်က အေးစက်စက် မျက်နှာထားဖြင့် ဖြတ်ပြောသည်။

" မင်းက ဒီလိုဘာမဟုတ်တဲ့ ကိစ္စလေးအတွက်နဲ့ ငါ့ရဲ့ ကိုယ်ပွားပုံရိပ်တစ်ခုကို အလဟသဖြစ်အောင် လုပ်မလို့ပေါ့လေ "

စကားပြောနေစဥ်တွင်လည်း သူ့မျက်လုံးများက ပိုပို၍ စူးရှလာ၏။

" အား..... "

တစ်ချိန်တည်း၌ လီကုန့်ရှင် သူ့လက်မောင်းတစ်ဖက်ကို ကိုင်ကာ စူးစူးဝါးဝါး အော်ဟစ်လိုက်ရသည်။

ထိုစဥ်မှလည်း သူ့လက်တစ်ဖက်က အလွန်လျင်မြန်စွာ ပုတ်သိုးဆွေးမြည့်လာပြီး အတွင်းထဲမှ အရိုးဖြူများပင် ပေါ်လာသည်ကို အားလုံး မြင်လိုက်ရ၏။

" ဒါ..... "

အားလုံး ကြောက်ရွံ့တုန်လှုပ်သွားရပြန်တော့သည်။

မသေမျိုးဘုရင် တစ်ယောက်ဖြစ်သော လီကုန့်ရှင်က ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင်၏ အကြည့်တစ်ချက်ဖြင့်ပင် ဒဏ်ရာပြင်းထန်စွာ ရသွားသတဲ့လား ။

" သခင်ကြီး .. ကျုပ်ပြောတာကို ကျေးဇူးပြုပြီး နားထောင်ပေးပါဦးဗျာ ။ သခင်ကြီးက မူလမသေမျိုးလက်နက်တွေနဲ့ ရှားပါးသွေးမျိုးဆက်အစွမ်းတွေ

ကို ရှာနေတယ်လို့ ကျုပ်သိထားပါတယ် ။ အခု ကျုပ်တို့မိသားစုကို ကျူးကျော်တိုက်ခိုက်နေတဲ့ သူတွေက သခင်ကြီးရှာနေတဲ့ပုံစံနဲ့ ကွက်တိပဲဗျ "

လီကုန့်ရှင် နာကျင်နေသည့်ကြားမှ အော်ပြောလိုက်သည်။

" ဟင်.. အဲ့လိုလား... "

သူ့စကားကို ကြားသောအခါ ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင် စိတ်လှုပ်ရှားသွားပုံပေါ်ပြီး လောရုံတို့လူစုဘက် လှည့်ကြည့်လိုက်၏။

ထို့နောက် သူ့မျက်လုံးများ အရောင်လက်သွားကြသည်။

" အဲ့ဒါ.. ကောင်းကင်ဘုံနဂါးပါလား ။ ကောင်းကင်ဘုံနဂါး မျိုးနွယ်စုမှာ ခုလိုအကောင်ပေါက်စလေး ရှိနေသေးတာလား "

လုအုပ်ကြားထဲမှ လုံယီရွှယ်အား သူ တန်းပြီးသတိထားမိသွားပါ၏။

ပြီးနောက်တွင် သူ့အကြည့်က ကွေးကွေးကောက်ကောက် မူလမသေမျိုးလက်နက်များကို ကိုင်ထား

သော ပျောင်ပိုင်မြို့သားများထံ ရောက်သွားသည်။

" ဟား ဟား.. မူလမသေမျိုးလက်နက်တွေပါလား ။ တကယ် အစစ်တွေပဲကွ ။ နည်းနည်းကြည့်ရဆိုးပေမယ့် အားလုံးက တကယ့်ထိပ်တန်းအဆင့်တွေချည်းပဲ ။ ကောင်းတယ်ကွာ.. အဲ့ဒါတွေနဲ့ဆို ကြယ်စင်သန့်စင်ကမ္ဘာကို ငါ လျစ်လျူရှုလို့ ရသွားပြီ "

သူ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

ထို့နောက်တွင် သူ့အကြည့် နေရာထပ်ရွှေ့သွားကာ လောရှောင်ရှောင်းနှင့် သူမနောက်ရှိ ခေါင်းကိုးလုံးသားရဲကြီးထံ ရောက်သွား၏။

သူ လုံးဝအံ့အားသင့်သွားပုံပင် ။

" ဒါ... ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ။ ဒီကောင်မလေးက.. ဘယ်လိုဖြစ်ပြီးတော့ ... "

သူ ရေရွတ်ပြီး လီကုန့်ရှင်ဘက် လှည့်ကြည့်လိုက်သည်။

ထိုစဥ် လီကုန့်ရှင်၏ လက်တစ်ဖက်လုံးမှာ အရိုးများ

သာ ကျန်ပါတော့၏။

" သခင်ကြီး ၊ ကျေးဇူးပြုပြီးတော့.. ရပ်ပေးပါဦးဗျာ "

လီကုန့်ရှင်က နာကျင်စွာ အော်ပြောရှာသည်။

ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင်က ရယ်ရင်းပြန်ပြော၏။

" ငါ အဲ့ကိစ္စကို မေ့နေတာကွာ "

သူ ပြောပြီး လက်ယမ်းလိုက်ရာ လီကုန့်ရှင်၏ လက်က တိုက်စားခံနေရရာမှ ရုတ်ချည်းရပ်သွားပြီး ...

ခြောက်ကပ်နေသည့် အရိုးများပေါ်၌ အသွေးအသားများ ပြန်ပေါ်လာကာ တခဏလေးအတွင်း ပုံမှန်အ​ခြေအနေသို့ ပြန်ရောက်သွားသည်။

လီကုန့်ရှင်မှာ ၎င်းကိုကြည့်ပြီး အံ့သြတုန်လှုပ်သွားသော်လည်း များစွာစဥ်းစားမနေနိုင်ဘဲ လက်နှစ်ဖက်ကို ချက်ချင်းစု၍ ပြော၏။

" ဘယ်လိုကြောင့်လဲဆိုတာတော့ ကျုပ်မသိပေမယ့် ၊ အဲ့သားရဲကြီးရဲ့ ပုံစံက နတ်ဘုရားတောအုပ်ထဲမှာ

ပေါ်လာတုန်းကနဲ့ တစ်ပုံစံတည်းပါပဲ သခင်ကြီး "

Chapter 918

The Strength of a Titled Immortal King

ကျိန်စာစိတ်ဝိဉာဉ်မသေမျိုးဘုရင်က လောရှောင်ရှောင်းကိုကြည့်ကာ ဆက်ပြောသည်။

" ဒီလိုဟာမျိုးကို နည်းနည်းစမ်းသပ်ကြည့်ရင် သိရမှာပါကွာ "

သူ ပြောပြီး လောရှောင်ရှောင်းထံ လက်ညိုးညွှန်လိုက်၏။

" ဟင် ... "

လောရှောင်ရှောင်းမှာလည်း တစ်စုံတစ်ခု လွဲနေပြီကို အာရုံခံမိကာ လက်နှစ်ဖက်ကို ချက်ချင်းစုလိုက်သည်။ အနောက်မှ သားရဲကြီး၏ ခေါင်းတစ်လုံး လှုပ်ရှားသွားပြီး သူမရှေ့တွင် ကာပေးလာ၏။

သို့သော် ... ထို့နောက်တွင်မူ..

သားရဲကြီး၏ခေါင်း တမဟုတ်ချင်း ပြိုကွဲသွားသည်။

လောရှောင်ရှောင်းမှာလည်း အနည်းငယ် ထိခိုက်သွားပုံရပြီး မျက်နှာထား ပြောင်းသွားသည်။ သူမ၏ နှုတ်ခမ်းထောင့်တွင်လည်း သွေးစအချို့ ပေါ်လာ၏။

" သတိထား... "

ထိုစဉ် လောရုံက အထိတ်တလန့် အော်၍ သတိပေးသည်။

လောရှောင်ရှောင်းမှာ သူ့အသံကိုကြားမှ အသိပြန်ဝင်လာဟန်တူကာ ဘေးသို့ ချက်ချင်းရှောင်သည်။

ဝှစ် ...

ကျိန်စာစိတ်ဝိဉာဉ်မသေမျိုးဘုရင်၏ လက်ချောင်းသိုင်းကွက်က ခပ်လှမ်းလှမ်းမှ တောင်ပေါ်သို့ ကျသွားပါ၏။

ဝီ ...

ထိုတောင်ကြီးမှာ အလွန်လျင်မြန်သော အရှိန်ဖြင့် တိုက်စားခံရပြီး တခဏလေးအတွင်း လုံးဝ ပျောက်

ကွယ်သွားပါတော့သည်။

" ဒါ.. "

၎င်းကို မြင်လိုက်ရသော လောရှောင်ရှောင်းတစ်ယောက် ရင်တစ်ခုလုံး ဗြောင်းဆန်သွား၏။

အစောပိုင်းကသာ သူမ မဆိုစလောက်လေး နှေးသွားခဲ့ပါက သူမသည်လည်း ထိုတောင်ကဲ့သို့ အဆုံးသတ်သွားရမည် မလွဲပါချေ။

တဖက်မှ လောရုံမှာလည်း ထိုမြင်ကွင်းကိုကြည့်ပြီး မျက်လုံးထဲ ဒေါသငွေ့တို့ တောက်လောင်သွားပါသည်။

" မျိုးမစစ်ကောင်.. သေစမ်း "

ဝုန်း ..

သူ ဒေါသတကြီးအော်ပြီး အရှုပ်အထွေးခန္ဓာကိုယ်ကို အသက်သွင်း၍ ကျိန်စာစိတ်ဝိဉာဉ်မသေမျိုးဘုရင်ထံ ပြေးဝင်သွားလိုက်သည်။

တဖက်မှ ကျိန်စာစိတ်ဝိဉာဉ်မသေမျိုးဘုရင်မှာလည်း ၎င်းကိုမြင်ကာ မျက်ခုံးပင့်သွား၏။

" ဒဏ္ဍာရီကျော် မူလခန္ဓာကိုယ် သုံးမျိုးထဲမှာ ပြိုင်ဘက်ကင်းလို့ နာမည်ကျော်တဲ့ အရှုပ်အထွေးခန္ဓာကိုယ်ပါလား ။ စိတ်ဝင်စားစရာပဲ... "

သူ ပြောပြီး လှုပ်ရှားရန် ပြင်လိုက်သည်။

ထိုစဉ် လီကုန့်ရှင်က တီးတိုးပြောလာ၏။

" သခင်ကြီး ၊ သတိထားနော် ။ အဲ့ အရှုပ်အထွေးခန္ဓာကိုယ်က တော်တော် အစွမ်းထက်တယ်ဗျ "

ကျိန်စာစိတ်ဝိဉာဉ်မသေမျိုးဘုရင်က ဘာမှပြန်မပြောဘဲ လောရုံဆီသို့သာ လက်လှမ်းလိုက်သည်။

ဘုန်း...

ထိုစဉ်မှာပင် အဆုံးမဲ့ဖိအားကို သယ်ဆောင်လာသော လောရုံ၏လက်သီးချက်ကလည်း ပြိုင်ဘက်ထံ တိုးဝင်လာ၏။

သို့သော်... ထိုလက်သီးချက်က ကျိန်စာစိတ်ဝိဉာဉ်မသေမျိုးဘုရင်နားသို့ ချဉ်းကပ်လာသည်နှင့်အမျှ အစွမ်းများ တဖြည်းဖြည်းပျောက်ကွယ်သွားပါသည်။

နောက်ဆုံး.. ကျိန်စာစိတ်ဝိဉာဉ်မသေမျိုးဘုရင် ထံ ရောက်ချိန်၌ ဘာအစွမ်းမှပင် ကျန်မနေခဲ့တော့ပါ ။

" ဘယ်လိုဖြစ်ပြီးတော့ .... "

လောရုံမှာ ၎င်းကိုကြည့်ရင်း လွန်စွာတုန်လှုပ်သွားရှာ၏။

ယခုလို ထူးဆန်းသည့်အဖြစ်မျိုး ကြုံရသည်မှာ ယခုက ပထမဆုံးပါပင် ။

ထိုစဉ် ကျိန်စာစိတ်ဝိဉာဉ်မသေမျိုးဘုရင်က လက်ဆန့်ထုတ်၍ လောရုံ၏လက်သီးကို ပုတ်ကာပြောလာသည်။

" သနားစရာပါလားကွာ ... အရှုပ်အထွေးခန္ဓာကိုယ်ကလဲ အဲ့လောက်ပဲလား "

သူ့စကားဆုံးချိန်မှာပင် လောရုံ၏ မျက်နှာထား

ချက်ချင်းပြောင်းသွားကာ လေထဲသို့ ရုတ်ချည်းပျံတက်ပြီး စူးစူးဝါးဝါး အော်လိုက်၏။

" အကိုလောရုံ .. "

" လောရုံ ... "

အနားတွင် ရှိနေသူများမှာ ဘာဖြစ်သွားသည်ကို နားမလည်နိုင်ဘဲ အံ့သြမှင်သက်သွားကြသည်။

ကျိန်စာစိတ်ဝိဉာဉ်မသေမျိုးဘုရင်က သူ့လက်သီးအား အသာလေး ပုတ်လိုက်သည်ကို လောရုံက အဘယ့်ကြောင့် အလွန်နာကျင်သည့်ပုံ ဖြစ်သွားရပါသနည်း။

ဝှစ်...

လူများစွာပင် လောရုံဘေးသို့ ချက်ချင်းရောက်သွားကာ သူ့အား စိုးရိမ်တကြီး ကြည့်လိုက်ကြသည်။

" ငါ့လက်... အဆိတ်ခတ်ခံလိုက်ရပြီ ။ ငါ့လက်ကို မြန်မြန်ဖြတ်လိုက် "

လောရုံက မျက်နှာပျက်ပျက်ဖြင့် ပြော၏။

" ဘယ်လို... "

အားလုံး တုန်လှုပ်သွားရပြန်ပါသည်။

လောရုံ၏လက်ကို ဖြတ်ရမည်တဲ့လား..

သူတို့ မည်သို့လုပ်နိုင်ပါမည်လဲ ။

ထိုစဉ် တဖက်မှ ကျိန်စာစိတ်ဝိဉာဉ်မသေမျိုးဘုရင်က နှုတ်ခမ်းတွန့်ရုံ ပြုံး၍ ပြောလာ၏။

" အဲ့လိုမလုပ်ရင် ပိုကောင်းမယ်လို့ ငါကတော့ အကြံပေးချင်တယ် "

" ဟင်... "

အားလုံး သူ့ဘက် လှမ်းကြည့်လိုက်ကြသည်။

ထိုသူက အေးဆေးဆက်ပြော၏။

" မင်းက အဆိတ်ခပ်ခံလိုက်ရတာ မဟုတ်ဘူး ။ မင်းရဲ့ကိုယ်ထဲကို ငါ့ရဲ့ နတ်ဆိုးသွေး တစ်စက်လောက်ပဲ ချန်ထားခဲ့လိုက်တာ "

" နတ်ဆိုးသွေး ဟုတ်လား .... အဲ့နတ်ဆိုးသွေးက ဘာဖြစ်မှာလဲ "

လောဖန်က ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင်အား စူးစူးရဲရဲ စိုက်ကြည့်ကာ မေးလိုက်သည်။

တဖက်လူက အပြုံးဖြင့်သာ ပြန်ပြောပါ၏။

" မကြောက်ပါနဲ့ကွာ.. ငါ့ရဲ့ နတ်ဆိုးသွေးက အဲ့အရှုပ်အထွေးခန္ဓာကိုယ်ကို မသတ်ပါဘူး "

ထိုစကားကိုကြားမှ အားလုံး မျက်နှာထားများ အနည်းငယ်ပြေလျော့သွားသလို ...

ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင်က စကားဆက်ပါသည်။

" ဒါပေမယ့်... အဲ့နတ်ဆိုးသွေးရဲ့ တိုက်စားတာကို လုံးဝခံပြီးသွားရရင်တော့ သူက ငါ့ရဲ့ သွေးကျွန်ဖြစ်လာပြီးတော့ ငါ့အမိန့်ကို တသွေမတိမ်း နာခံရတော့မှာ "

" ဘာ.... "

အားလုံး၏ မျက်နှာထားများ ချက်ချင်းပြောင်းကုန်

ကြသည်။

၎င်းမှာ သေရသည်ထက်ပင် ပိုကြောက်စရာ မကောင်းပေဘူးလား ...

" ဒီမအေ %###$% ... အကိုလောရုံကို အဲ့ နတ်ဆိုးသွေးကနေ လွတ်အောင်လုပ်ပေးရအောင် "

လောချင်းက အေးစက်စက်ပြောပြီး လက်ထဲမှတူကို ခပ်တင်းတင်းဆုပ်လိုက်၏။

ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင်က ရယ်ပါသည်။

" ငါ့ရဲ့ နတ်ဆိုးသွေးကနေ လွတ်မြောက်ချင်တယ်ပေါ့လေ.. ဟုတ်လား ၊ ကြိုးစားကြည့်လေကွာ "

သူ့တုန့်ပြန်ပုံကြောင့် လောချင်း အနည်းငယ် အံ့သြသွားရပါ၏။ တဖက်လူက အဘယ့်ကြောင့် ဤမျှ အေးအေးဆေးဆေး ဖြစ်နေရပါသနည်း ။

ထိုစဥ် ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင်က ရယ်ရင်း ထပ်ပြောလာသည်။

" မင်းတို့ ငါ့ကို အနိုင်ယူနိုင်တာနဲ့ အဲ့ကျိန်စာကနေ လွတ်မြောက်နိုင်မှာပါ "

" မင်း.... "

တဖက်လူအားလုံး သူ့အား ဒေါသတကြီး ကြည့်လာကြ၏။

ထိုကောင်က သူတို့ကို အရူးလုပ်နေခြင်းပါပင်..

" အားလုံးအတူတူ တိုက်ခိုက်ကြရအောင် "

" သတ်မယ် "

ပျောင်ပိုင်မြို့သားများထံမှ ဒေါသတကြီးအော်သံများ ချက်ချင်းထွက်လာကာ မူလမသေမျိုးလက်နက်ပေါင်းစုံလည်း လှုပ်ရှားသွားသည်။

" သခင်ကြီး .... "

၎င်းကိုမြင်သော လီကုန့်ရှင်တစ်ယောက် မျက်နှာကြီး သွေးဆုတ်ဖြူရော်သွား၏။

သို့သော် ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင်ကမူ နည်းနည်းလေးပင် စိုးရိမ်ဟန်မရှိဘဲ ပြုံးနေပါသည်။

ဝုန်း ...

ထိုစဥ် ခပ်လှမ်းလှမ်းမှ ပျောင်ပိုင်မြို့သားတစ်ယောက်က လေးကိုမြှောက်၍ မြှားတစ်စင်း ပစ်လွှတ်လာ၏။

၎င်း မူလမသေမျိုးလက်နက်၏ ဖိအားကြီးက မိုးထစ်ချုန်းသံလို မြည်သံကျယ်ကြီးပေး၍ တိုးဝင်လာသည်။

သို့သော် ... ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင်က လက်ကိုသာ အသာယမ်းလိုက်၏။

ဝှစ် ..

သူ့ရှေ့မှ လေထုက ချက်ချင်း မငြိမ်မသက်ဖြစ်သွားကာ မြှားတံကလည်း ဦးတည်ရာရုတ်ချည်းပြောင်းသွားပြီး ပျောင်ပိုင်မြို့သားများဘက် ပြန်လှည့်သွားသည်။

" ဒါ ... "

ပျောင်ပိုင်မြို့သားများ၏ မျက်နှာထားများ ပြောင်းကုန်ကြကာ သူတို့ကိုယ်သူတို့ အမြန်ကာကွယ်လိုက်ရသည်။

ဘုန်း ...

အသံကျယ်တစ်သံ မြည်သွားပြီး သူတို့လူစု အနောက်ဘက်ပေရာချီ အကွာအထိ လွင့်သွားကြ၏။

" ဟေ့ကောင်.. မင်းက ဘယ်သူ့ကိုရွယ်ပြီး ပစ်လိုက်တာလဲ "

သူတို့ထဲမှ တစ်ယောက်က ဒေါသတကြီးအော်သည်။

အစောပိုင်းက လေးနှင့်မြှားကို ပစ်ခဲ့သူက အံ့သြတုန်လှုပ်နေသော မျက်နှာကြီးဖြင့် ပြော၏။

" ကျုပ်က သူ့ကို ရွယ်ပြီးပစ်ခဲ့တာ ... "

ထိုစဥ်တွင် လူဆယ်ယောက်ကျော်ကလည်း ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင်ထံ ပြေးဝင်သွားကြပါသည်။

" သေစမ်း... "

ထိုလူများ အော်လိုက်ကြပြီးနောက် ပြိုင်တူ တိုက်ခိုက်လိုက်ကြ၏။

သို့သော်... ထိုစဥ်မှာပင် သူတို့၏ အမြင်အာရုံများ ဝေဝါးသွားပြီးနောက် ...

ဘုန်း...

အသံကျယ်တစ်သံနှင့်အတူ သူတို့အားလုံး နောက်သို့ လွင့်ထွက်ကုန်ကြသည်။ တစ်ယောက်စီတိုင်းလည်း သွေးအန်သွားပါ၏။

" ဘယ်လိုဖြစ်ပြီးတော့ .... "

အားလုံး တုန်လှုပ်လျက် . ..

အစောပိုင်းက တိုက်ခိုက်ခဲ့ကြသူများမှာ အလွန်အစွမ်းထက်သည့်အထဲ ပါကြသည့်တိုင် ... ယခုလို အချိန်တိုလေးအတွင်း ရှုံးနိမ့်သွားခဲ့သတဲ့လား ။

မည်မျှ ဒေါသထွက်စရာ ကောင်းလိုက်ပါသနည်း ။

" ဒါ.. ဆယ်ဘွဲ့ရမသေမျိုးဘုရင် တစ်ယောက်ရဲ့ အစွမ်းလား ။ ကိုယ်ပွားပုံရိပ်လေး တစ်ခုကတောင် အဲ့လိုအစွမ်းမျိုး ပိုင်ဆိုင်တယ်ပေါ့ "

လူတစ်ယောက်က တုန်ယင်နေသော အသံဖြင့် မေးသည်။

" မဟုတ်ဘူးကွ ၊ ခုနတုန်းက သူ တိုက်ရိုက်တိုက်ခိုက်ခဲ့တာ မဟုတ်ဘူး "

လူအုပ်ထဲမှ အခြားတစ်ယောက်က ရှင်းပြ၏။

" သူ ဘယ်လိုနည်းမျိုးကို သုံးသွားတယ်ဆိုတာ မသိပေမယ့်.. အဲ့လူက သူ့ရှေ့ကလေထုကို ပြောင်းလဲပြီးတော့ အားလုံးရဲ့ တိုက်ကွက်တွေကို ဟိုဟိုဒီဒီပြောင်းပြီး တဖက်လူတွေ အချင်းချင်းပြန်တိုက်ခိုက်သွားကြအောင် လုပ်လိုက်တာ "

" ဘယ်လို ... ဒါဆို.. အဲ့နည်းက ပိုတောင်ကြောက်ဖို့ကောင်းတာပေါ့ "

လူအချို့ဆိုလျှင် တစ်ကိုယ်လုံးပင် အေးစက်တောင့်တင်းသွားကြ၏။

" ဟင်.. ဘာလို့ ဆက်မတိုက်ကြတော့တာလဲ ။ လာကြလေကွာ "

ထိုစဥ် ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင်က အပြုံးဖြင့် ပြောလာသည်။

သို့သော်.. သူ ထိုသို့ပြုမူလေလေ တဖက်လူများ၏ရင်ထဲ စိုးရိမ်စိတ် ပိုကြီးလာလေပင် ။

ထိုစဥ် ရုတ်တရက်..

ဝုန်း ...

အမှောင်ထုတစ်ခုက ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင်၏ ခေါင်းကို လွှမ်းခြုံလာပါ၏။

" ဟင်... "

ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင် အံ့အားသင့်သွားပြီး ခေါင်းကို ဖြည်းဖြည်းချင်းမော့ကြည့်လိုက်ရာ ကောင်းကင်ဘုံနဂါးအဖြစ် အသွင်ပြောင်းထားသော

လုံယီရွှယ်က တုတ်တစ်ချောင်းဖြင့် ဆင်းလာသည်ကို မြင်လိုက်ရသည်။

" နဂါးလေး.. မင်းက တကယ်ကြီးတိုက်ခိုက်ချင်တယ်ပေါ့လေ "

သူ ပြောပြီး လုံယီရွှယ်ထံ လက်ညိုးညွှန်လိုက်၏။

တဖက်မှ တုတ်ချောင်းဖြင့် ရိုက်ရန်ပြင်နေသော လုံယီရွှယ်မှာလည်း အအေးဓာတ်တစ်ခုက သူမကိုယ်ထဲသို့ ရုတ်တရက် ဖြတ်သန်းဝင်ရောက်လာသည်ကို ခံစားမိလိုက်သည်။ မကောင်းသော အရာတစ်ခု ဖြစ်တော့မလိုလည်း သူမ ခံစားလိုက်ရ၏။

ထို့ကြောင့် သူမ တုန့်ခနဲ ရပ်လိုက်ပါသည်။

ဝုန်း ...

ထို့နောက်တွင်... သူမ ပေထောင်ချီ အကွာအထိ ပြေးဆုတ်သွား၏။

အွတ်...

အရှိန်ဖြင့် ရှေ့တိုးနေရာမှ ထိုသို့ရုတ်တရက် ရပ်ပြီး ဆန့်ကျင်ဘက်သို့ အသည်းအသန် ပြန်ဆုတ်လိုက်ခြင်းမှာ တိုက်ခိုက်ရန် စုဆောင်းထားသော အစွမ်းများအားလုံးကို မိမိကိုယ်ပေါ် ပြန်ကျအောင် လုပ်လိုက်သည်နှင့် ညီမျှသဖြင့် လုံယီရွှယ်တစ်ယောက် သွေးအန်သွားတော့သည်။

" ဟင်.. အဲ့လောက်တောင် ပျော့တာလား "

ထိုစဥ် တဖက်မှ ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင်က သူမကို အပြုံးဖြင့်ကြည့်ကာ ဆိုပါ၏။

သူ့ လက်ချောင်းထိပ်တွင်လည်း နတ်ဆိုးသွေးတစ်စက် ရှိနေသည်။

All Chapters