← Chapters

အချိန်စည်းမျဉ်း

Vol. 43 Ch. 599

အချိန်စည်းမျဉ်း

Vol. 43 Ch. 599

ကောင်းကင်ဘုံနတ်ဆိုးသံချပ်ဝတ်မှာ ခဏတာမျှ ဆွံ့အနေတော့သည်။

လောထျန်းက ဘိုးဘေးနတ်ဆိုးမြေ အစီအမံအား အစွမ်းနိမ့်သည်ဟု အမှန်တကယ် ထင်နေပါသလား ။

သို့သော် သေချာတွေးကြည့်ပြန်လျှင်လည်း သူ ထိုသို့ထင်ခြင်းက သဘာဝကျပါသည်။

" ကဲ.. မြင်ကွင်းကို ပိတ်ထားတဲ့အစီအမံလဲ မရှိတော့ဘူးဆိုတော့ ဒီဘိုးဘေးနတ်ဆိုးမြေကို ကြည့်ကြည့်မယ်ကွာ "

လောထျန်းက ထိုသို့ပြောကာ ဘိုးဘေးနတ်ဆိုးမြေ အတွင်းပိုင်းထဲသို့ ဝင်သွားလိုက်သည်။

ကောင်းကင်ဘုံနတ်ဆိုးသံချပ်ဝတ်မှာလည်း ခေတ္တမျှ မှင်သက်တွန့်ဆုတ်နေပြီးနောက် လောထျန်းနောက် လိုက်သွားရန် ဆုံးဖြတ်လိုက်၏။

ဤနေရာမှာ ရှေးဟောင်းနတ်ဆိုးဘိုးဘေးကြီး ကျင့်ကြံခဲ့သည့် နေရာတစ်ခု ဖြစ်ပြီး ..

သူတို့ ရှေးဟောင်းနတ်ဆိုးကမ္ဘာ သမိုင်းတလျှောက်တွင် အစွမ်းထက်ဆုံးသော ကျင့်ကြံသူ၏ အိမ်ဟု ခေါ်၍ရပါသည်။

ဤနေရာတွင် မည်သို့သော အရာများကို ဖုံးကွယ်ထားမည်နည်း..

ရှေးဟောင်းနတ်ဆိုးကမ္ဘာတွင် ၎င်းကို မသိချင်သည့် သက်ရှိ တစ်ဦးပင် ရှိမည်မထင်ပါ ။

သို့သော် လောထျန်းနောက်မှ အချိန်အတန်ကြာ လျှောက်လာပြီးသည်အထိ လမ်းဘေးဝဲယာတလျှောက်မှာ ဘာမှမရှိသည့် စွန့်ပစ်မြေကြီးတစ်ခုလို ဖြစ်နေသည်ကိုသာ တွေ့ရပါ၏။

ထိပ်တန်းအဆင့် ဆေးပင်များ မဆိုထားဘိ ၊ မြင်ပင်လေးတစ်ပင်တလေပင် ရှိမနေပါချေ။

ဤသို့ဖြင့် အချိန်အတန်ကြာ ဆက်လျှောက်ပြီးနောက်တွင်မူ.. အပျက်အစီးများကြား ရှိနေသော ဓားကျိုးတစ်လက်ကို လောထျန်း တွေ့လိုက်ရသည်။

" ဟင်... ဒါက.. "

လောထျန်း ထိုနေရာသို့ လျှောက်သွားပြီး ဓားကို ကောက်ကိုင်လိုက်၏။

ဓားမှာကား ဆိုးဆိုးရွားရွားပင် တိုက်စားခံထားရကာ ရုပ်လုံးပင် ကောင်းကောင်းမပေါ်တော့ပေ။

လောထျန်း ခေတ္တမျှ တုန့်ဆိုင်းနေပြီးမှ လက်ချောင်းများကို ကွေးလိုက်သည်။

ဖြောင်း..

ကျွတ်ဆတ်ဆတ် အသံနှင့်အတူ ဓားကျိုးက လောထျန်းလက်ထဲ ထပ်ကျိုးသွားပြန်၏။

သို့သော် လောထျန်း အံ့အားသင့်သွားရပါသည်။

" ဒီဓားကို ချိုးရတဲ့ ခံစားချက်က စောနက သံချပ်

ဝတ်အကျိုးနဲ့ အတူတူပါလား "

လောထျန်း တအံ့တသြ ရေရွတ်လိုက်၏။

သူ ဓားကျိုးအား ထပ်ကြည့်လိုက်ပြီး စိတ်ထဲတွင်လည်း ပိုပို၍ နားမလည်နိုင် ဖြစ်သွားရသည်။

" ဒီဓားကို လုပ်ထားတဲ့ပစ္စည်းက သိပ်မဆိုးပေမယ့် .. အဆင့်ကတော့ အလွန်ဆုံးမှ မသေမျိုးအဆင့်လောက်ပဲ ရှိမှာ ။ အဆင့်ကိုး စိတ်စွမ်းအင်ဓားတောင် ဖြစ်နေမလားမသိဘူး ။ ဒါပေမယ့် ... ဒီဓားက မူလမသေမျိုးလက်နက်ထက်တောင် ပိုအစွမ်းထက်သလို ဘာလို့ ခံစားနေရတာလဲ "

လောထျန်း အမှန်တကယ်ပင် နားမလည်နိုင်တော့ပါ။

ထိုစဉ်တွင်..

" သခင်ကြီး ၊ ဟိုကို ကြည့်လိုက်ပါဦး "

ကောင်းကင်ဘုံနတ်ဆိုးသံချပ်ဝတ်က ရုတ်တရက် ပြောလာသည်။

လောထျန်း အသံလာရာဘက် ချက်ချင်းလှည့်ကြည့်

လိုက်ရာ ..

သူတို့နှင့် မလှမ်းမကမ်းမှ တောင်နှစ်လုံးကြားတွင် ရှိနေသော ယဇ်ပုလ္လင်တစ်ခုကို တွေ့လိုက်ရသည်။

ထိုယဇ်ပုလ္လင်၏ ဘေးပတ်လည်တွင်ကား မီးကျွမ်းထားသလို မည်းနက်နေပြီး ...

၎င်း၏ အပေါ်တွင်မူ မှိန်ဖျော့ဖျော့ အရောင်အဝါတစ်ခုက ငြင်ငြင်သာသာလွင့်မျောနေသည်။

လောထျန်း မျက်မှောင်ကြုံ့သွားကာ ရှေ့တိုးလိုက်၏။

ကောင်းကင်ဘုံနတ်ဆိုး သံချပ်ဝတ်ကလည်း သူ့နောက်မှ ကပ်လိုက်လာသည်။

သူတို့ရှေ့မှ မြင်ကွင်းက ရှေးဟောင်းနတ်ဆိုးဘိုးဘေးကြီး ချန်ထားခဲ့သော အကြီးမားဆုံး လျှို့ဝှက်ချက်ကြီးတစ်ခု ဖြစ်နိုင်ပါ၏။

သို့သော် ယဇ်ပုလ္လင်ရှေ့ ရောက်ချိန်တွင်မူ

ကောင်းကင်ဘုံနတ်ဆိုး သံချပ်ဝတ်ဆီမှ အလန့်တကြားအော်သံကြီး ထွက်လာသည်။

" ဒါ... ဒါ.. လုံးဝ မဖြစ်နိုင်ဘူး "

သူတို့ရှေ့မှ ယဇ်ပုလ္လင်တွင်ကား အလောင်းတစ်လောင်း ရှိနေပါ၏။

လောထျန်း မျက်မှောင်ကြုံ့သွားကာ မေးလိုက်သည်။

" မင်းက ဘာလို့ အဲ့လောက်လန့်သွားရတာလဲ "

ကောင်းကင်ဘုံနတ်ဆိုးသံချပ်ဝတ်က အသံတုန်တုန်ဖြင့် ပြန်ပြော၏။

" သူက... ရှေးဟောင်းနတ်ဆိုးဘိုးဘေးပဲ "

" ဘာပြောလိုက်တယ် "

လောထျန်းရော ထျန်းယွမ်ကမ္ဘာသခင်ကြီးပါ အံ့သြမှင်သက်ကုန်ကြသည်။

ကောင်းကင်ဘုံနတ်ဆိုးသံချပ်ဝတ်က အသံတုန်တုန်ဖြင့်ပင် ဆက်ပြော၏။

" သူက ရှေးဟောင်းနတ်ဆိုးဘိုးဘေးကြီးပဲဗျာ ။ ကျုပ် သူ့ကိုအရင်က အကြိမ်ရေအများကြီး မြင်ဖူးတယ် ၊ မမှားနိုင်ဘူး "

လောထျန်း အံ့အားသင့်ကာ ပြန်မေးလိုက်သည်။

" ဒဏ္ဍာရီကျော် ရှေးဟောင်းနတ်ဆိုးဘိုးဘေးကြီးက တကယ် သေသွားတာလား "

သို့သော် ထိုစဉ်မှာပင် ထျန်းယွမ်ကမ္ဘာသခင်ကြီးက ရုတ်တရက်ပြောလာသည်။

" မဟုတ်ဘူးကွ.. ဒါ လူသားအသွင် ပြောင်းထားတဲ့ဟာပဲ ၊ ဒီတိုင်း အရေခွံတစ်ခုလိုပေါ့ကွာ ။ သူက ထူးခြားတဲ့ နည်းတစ်မျိုးမျိုးကို ကျင့်ကြံထားတာပဲဖြစ်ရမယ် ။ သူ့ရဲ့ ခန္ဓာကိုယ်အစစ်ကတော့ ထွက်သွားလောက်ပြီ "

လောထျန်း ထပ်အံ့အားသင့်သွားရပြီး သေချာပြန်ကြည့်လိုက်ရာ အလောင်းက အမှန်တကယ်လည်း လူသားအရေပြားသက်သက်သာ ဖြစ်ကြောင်း တွေ့လိုက်ရသည်။

" သူ့ရဲ့ လူသားရုပ်ကြွင်းက ဒီမှာကျန်ခဲ့တော့ နတ်ဆိုး

သွေးတွေ အောက်ကိုစီးကျပြီး ဒီမြေက အခုလိုဖြစ်နေရတာပဲ ။ မင်း လမ်းမှာတွေ့ခဲ့တဲ့ ဓားကျိုးရော ၊ ပျက်စီးနေတဲ့ သံချပ်ဝတ်ရောက အဲ့နတ်ဆိုးသွေး အရောင်အဝါတွေ စွန်းထင်းနေလို့ အစွမ်းထက်နေတာနဲ့ တူတယ် "

ထျန်းယွမ်ကမ္ဘာသခင်ကြီး ဆက်ပြောလိုက်၏။

" ဘယ်လို... အဲ့လိုလား... ၊ ဟို သံချပ်ဝတ်ကြီးကို ကျုပ် ဝါးမြိုလို့မရတာ မဆန်းတော့ပါဘူးဗျာ "

ကောင်းကင်ဘုံနတ်ဆိုးသံချပ်ဝတ် သက်ပြင်းချလိုက်သည်။

လောထျန်းမှာလည်း ၎င်းကိုကြည့်ရင်း ခေါင်းယမ်းလိုက်၏။

သူသည် ရတနာများ ရမည်လားဆိုသည့် မျှော်လင့်ချက်ဖြင့် ဤနေရာသို့ လာခဲ့ခြင်းဖြစ်သော်လည်း ..

အချိန်အတန်ကြာ ရှာပြီးသွားသည်အထိ.. လူအရေခွံကိုသာ တွေ့ခဲ့ရပါသည်။

ထိုအရေခွံက ဘာသုံးစား၍ ရပါမည်နည်း ။

သို့သော်.. ထိုစဉ်မှာပင် အရေပြားပေါ်၌ မြင်ဖူးနေကျ အမှတ်အသားတစ်ခုကို တွေ့လိုက်ရသည့်အတွက် လောထျန်းတစ်ယောက် မျက်လုံးပြူးသွားရသည်။

ထို့နောက်တွင်..

ဝီ..

အမှတ်အသားက အရောင်လက်လာပြီး လူသားအရေခွံ၏ မျက်လုံးများ ပွင့်လာ၏။

" ဘာကြီးလဲဟ "

ကောင်းကင်ဘုံနတ်ဆိုးသံချပ်ဝတ် လန့်သွားကာ နောက်သို့ အသည်းအသန် ပြေးဆုတ်သွားသည်။

ထို့နောက်တွင်ကား... အရေခွံကြီးက မတ်တပ်ထလာကာ... ဟောင်းလောင်းပေါက် ဖြစ်နေသော မျက်လုံးအစုံဖြင့် လောထျန်းအား စိုက်ကြည့်လာသည်။

ဝုန်း..

ပြီးနောက် ၎င်းလူအရေခွံက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ရာ သူ့အနောက်ဘက်တွင် နတ်ဆိုးအရိပ်တစ်ခု ရုတ်ချည်းစုစည်းလာသည်။

" မျိုးဆက်တစ်ရာ နတ်ဆိုးဧကရာဇ်ခန္ဓာကိုယ်ပါလား.. "

၎င်းကို တစ်ချက်ကြည့်ရုံဖြင့်ပင် လောထျန်း တန်းသိလိုက်ပါသည်။

ထင်မှတ်မထားစွာပင်.. ထို လူအရေခွံကလည်း မျိုးဆက်တစ်ရာ နတ်ဆိုးဧကရာဇ်ခန္ဓာကိုယ် ရှိထားသတဲ့လား..

လောထျန်းမှာလည်း ၎င်းကိုမြင်သည်နှင့် တုန့်ဆိုင်းမနေဘဲ သူ၏ မျိုးဆက်တစ်ရာ နတ်ဆိုးဧကရာဇ်ခန္ဓာကိုယ်ကို ချက်ချင်းထုတ်လိုက်၏။

နတ်ဆိုး နတ်ဘုရားကြီးနှစ်ပါးမှာ တစ်ယောက်ကိုတစ်ယောက် ခပ်လှမ်းလှမ်းမှ စိုက်ကြည့်နေကြပြီးနောက် တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြသည်။

ဝုန်း..

တစ်ချက်တည်းဖြင့်ပင်... လောထျန်းက မလှုပ်မယှက် ရပ်နေချိန်၌ လူအရေခွံကြီးမှာ နောက်သို့ လွင့်ထွက်သွားပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးလည်း စုတ်ပြဲကုန်ကာ အပိုင်းပိုင်း ပြိုကွဲလုနီးပါး ဖြစ်သွားတော့၏။

" အစွမ်းထက်လိုက်တာ.. "

ကောင်းကင်ဘုံနတ်ဆိုးသံချပ်ဝတ်က တအံ့တသြ ရေရွတ်လိုက်သည်။

ရှေးဟောင်းနတ်ဆိုးဘိုးဘေးကြီး၏ လူအရေခွံက လောထျန်း၏ လက်သီးချက် တစ်ချက်တည်းဖြင့် ပုံပျက်ပန်းပျက် ဖြစ်သွားခဲ့ရသည် မဟုတ်ပါလား ။

သို့သော် ထိုစဉ်မှာပင် .. အရေခွံပေါ်ရှိ အမှတ်အသားက အရောင်လက်သွားပြန်ပြီး အရေခွံတစ်ခုလုံး အလွန်လျင်မြန်စွာပင် ပြန်ကောင်းလာသဖြင့် အားလုံး အံ့အားသင့်သွားရပြန်သည်။

" ဒါ... "

လောထျန်း ၎င်းကိုကြည့်ရင်း မျက်မှောင်အနည်းငယ် ကြုံ့သွား၏။

ထိုအရေခွံ ပြန်ကောင်းလာသည့်နှုန်းက ပုံမှန်မဟုတ်ကြောင်း သူ မြင်နေရပါသည်။

၎င်းမှာ.. အချိန်ကို နောက်ပြန်ဆုတ်နေသလိုပါပင်..

ဝုန်း..

ထိုစဉ် တဖက်က လောထျန်းအား စဉ်းစားရန်အချိန်မပေးဘဲ ထပ်ပြေးဝင်လာပြန်၏။

ထို့နောက်..

ဘုန်း..

လောထျန်းက အရေခွံအား လက်ဝါးဖြင့်ရိုက်ကာ အပိုင်းပိုင်းဖြစ်အောင် လုပ်လိုက်ပြန်သည်။

ဤတစ်ကြိမ်တွင်လည်း.. အရေခွံက ယခင်အတိုင်း ပြန်ကောင်းလာပါ၏။

" ဒါ.. ဘယ်လိုဘီလူးမျိုးလဲ "

ကောင်းကင်ဘုံနတ်ဆိုးသံချပ်ဝတ်မှာ တုန်လှုပ်သွားရတော့သည်။

ထိုအရာကို သတ်ရန်မှာ မဖြစ်နိုင်သည့်ပုံပါပင်..

ထိုစဉ်မှာပင်.. အရေခွံဆီမှ အက်ကွဲကွဲအသံ ထွက်လာ၏။

" မင်း.... ကောင်းကင်ဘုံနဂါးကို... ငါ့ကို... ပြန်ပေး... "

ထိုစကားကို ကြားသည်နှင့် လောထျန်း ချက်ချင်းသဘောပေါက်သွားပါသည်။

" မင်းလား...  "

သူ တအံ့တသြ မေးလိုက်၏။

ရှောက်ထျန်းလုံလေး မွေးဖွားလာသည့်နေ့တွင် ဆန်းကြယ်ပြီး အစွမ်းထက်သည့် အားတစ်ခုက ကောင်လေးကို လုယူသွားရန် ကြိုးစားခဲ့ပြီး..  ၎င်းကို လောထျန်းက တားခဲ့ပါသည်။

ထိုသူနှင့် ယခုလို ပြန်တွေ့ရလိမ့်မည်ဟု လောထျန်း ထင်မထားခဲ့မိပါ ။

သို့သော်...  ထိုသူက ရှေးဟောင်းနတ်ဆိုးဘိုးဘေးလား...  သို့မဟုတ် အခြားသူတစ်ယောက်လား ဆိုသည်ကိုမူ လောထျန်းစိတ်ထဲ မသေချာပါချေ။

ဝုန်း..

ထိုအချိန်တွင် လူအရေခွံက သူ့ဆီ တိုးဝင်လာပြန်၏။

" သေစမ်းကွာ...  "

လောထျန်းက စကားများစွာ ပြောမနေဘဲ လက်ဝါးဖြင့် ထပ်ရိုက်လိုက်သည်။

သို့သော်..  ထင်ထားသည့်အတိုင်း တခဏအကြာမှာပင် ထိုကောင်ကြီးက အကောင်းတိုင်း ပြန်ဖြစ်သွားပါ၏။

" မင်း..  ငါ့ကို... သတ်လို့မရပါဘူးကွာ "

တဖက်လူ ထပ်ပြောလာသည်။

လောထျန်းမှာလည်း ၎င်းကိုကြည့်ပြီး မအံ့သြပဲ မနေနိုင်တော့ပါချေ။

အမှန်တွင်လည်း ထိုအရေခွံက မည်သို့သော ကန့်သတ်ချက်မှ မရှိဘဲ အကြိမ်ရေ အဆုံးမဲ့ ပြန်အသက်သွင်းနိုင်ဟန်တူကာ  ..

လုံးဝ သတ်မရသည့် ပုံပါပင် ။

ဝုန်း..

အရေခွံ ပြန်ကောင်းလာပြန်၏။

သို့သော်..  ဤတစ်ကြိမ်တွင်မူ လောထျန်းက ၎င်းအား သတ်ပစ်ရန် မလုပ်တော့ဘဲ ကောင်းကင်ဘုံလက်ဝါးကိုသုံး၍ ဖမ်းဆုပ်လိုက်သည်။

" မင်း..  ငါ့ကို...  သတ်မရပါဘူးကွာ "

တဖက်လူမှာလည်း အဖမ်းခံထားရသည့်တိုင် ရန်စ

စကား ပြောနေဆဲပင် ။

ထိုစဥ် လောထျန်းက တဖက်လူအား သူ့ရှေ့သို့ ဆွဲခေါ်လိုက်၏။

" မင်း အသက်ပြန်ရှင်နိုင်ရတဲ့ အဓိကအကြောင်းက ဒီအမှတ်အသားနဲ့ ဆက်စပ်နေတယ်မဟုတ်လား "

လောထျန်း ပြောလိုက်သည်။

" မင်း.. ဘာလုပ်မလို့လဲ "

ဤတစ်ကြိမ်တွင်ကား အရေခွံ၏အသံက အနည်းငယ် တုန်သွား၏။

" ပါးစပ်ပိတ်ထားစမ်း ၊ ငါ့ကို နှောင့်နှေးအောင် မလုပ်နဲ့ "

လောထျန်းက တဖက်လူ၏ ခေါင်းကိုရိုက်ပြီး အပိုင်းပိုင်းဖြစ်အောင် လုပ်လိုက်သည်။

ဝီ...

ထိုစဥ်မှာပင် အမှတ်အသားက အရောင်လက်သွားကာ တဖက်လူ၏ ခေါင်းလည်း ယခင်အတိုင်း ပြန်

ဖြစ်သွား၏။

လောထျန်း၏ မျက်လုံးများ အရောင်လက်သွားတော့သည်။

" တကယ်ကို အချိိန်စည်းမျဥ်းပဲ... ထပ်လုပ်ကြည့်ပါဦး ၊ ဒီတစ်ခေါက်ဆို ငါ မှတ်လိုက်မယ် "

All Chapters