← Chapters

အရှုပ်အထွေးခန္ဓာကိုယ် ဒုတိယအဆင့်

Vol. 39 Ch. 541

အရှုပ်အထွေးခန္ဓာကိုယ် ဒုတိယအဆင့်

Vol. 39 Ch. 541

လောထျန်း မျက်လုံးများမှိတ်၍ ထျန်းယွမ်ကမ္ဘာသခင်ကြီး ပြောသွားခဲ့သည့်စကားများကို ပြန်တွေးလိုက်သည်။

" ဘယ်လိုအတွင်းကမ္ဘာငယ်မျိုး ဖွင့်ရင်ကောင်းမလဲ... ။ ကြယ်ပင်လယ်ကြီးတစ်ခုဆိုရင်ရော... မဖြစ်သေးပါဘူးလေ ။ ငါ့ရဲ့ ထူးခြားတဲ့ စိတ်စွမ်းအင်ပင်လယ်ကတောင် ကြယ်ပင်လယ်ကြီး ဖြစ်နေပြီပဲ ။ ကြယ်ပင်လယ် နောက်တစ်ခုထပ်ရှိပြီး ဘာလုပ်မှာလဲ "

" အင်း.... ဒီတိုင်း ဒေသတစ်ခုပဲ ဖွင့်လိုက်မယ်ကွာ "

လောထျန်း တွေးကာ တိတ်တဆိတ် အလုပ်စလိုက်သည်။

ဝုန်း..

ချက်ချင်းမှာပင် သူ့ကိုယ်ထဲ၌ ဒေသကြီးတစ်ခု၏ ပုံရိပ်ယောင် စပေါ်လာ၏။

" ပြီးရင် ပုံရိပ်ယောင်ကနေ အစစ်အဖြစ် အသွင်ပြောင်းရမယ် "

လောထျန်း စိတ်ထဲမှ ရွတ်လိုက်သည်။

ဝုန်း..

တမဟုတ်ချင်းပင် လောထျန်းကိုယ်ထဲ၌ မိုးကြိုးလျှပ်စီးများ လက်သွားပြီး သူ့ကိုယ်ထဲမှ စိတ်စွမ်းအင်များက ဒေသအသစ်ထဲသို့ စီးဆင်းသွားကြ၏။

ထိုစဥ် တဖက်မှ ရှောက်ထျန်းလုံလေးမှာ ကျင့်ကြံနေသော လောထျန်းအား စိုးရိမ်ကြည့်ဖြင့် ကြည့်နေသည်။

ထျန်းယွမ်ကမ္ဘာသခင်ကြီးက သူ့ကိုကြည့်ရင်း အပြုံးဖြင့် ပြောလိုက်၏။

" ကောင်လေး.. ဘာမှ စိတ်မပူပါနဲ့ ။ အတွင်းကမ္ဘာငယ်ဖွင့်တာက အန္တရာယ်များသင့်သလောက် များတယ် ဆိုပေမယ့် သူ့လိုဘီလူးမျိုးအတွက်တော့ ဘာပြဿနာမှ မရှိနိုင်ပါဘူးကွာ "

ထိုစကားကို ကြားသောအခါ ရှောက်ထျန်းလုံလေး ခေါင်းလှည့်လာပြီး ထျန်းယွမ်ကမ္ဘာသခင်ကြီးအား ကြည့်လိုက်သည်။

ထျန်းယွမ်ကမ္ဘာသခင်ကြီးက ပြုံး၍ စကားစရန် ပြင်လိုက်၏။

သို့သော် ထိုစဥ်မှာပင်..

ဝေါင်း...

သူ့ခေါင်းထက်ရှိ ဟင်းလင်းပြင်လေထုထဲမှ ကြောက်မက်ဖွယ် အော်သံကြီးတစ်သံ ရုတ်တရက် ကြားလိုက်ရသည်။

" ဟင်... ဒါ ဘာအသံလဲ "

ထျန်းယွမ်ကမ္ဘာသခင်ကြီး အံ့အားသင့်သွားကာ ချက်ချင်း လှည့်ကြည့်လိုက်သည်။

ထိုအချိန်မှာပင် ကြောက်မက်ဖွယ် အရောင်အဝါများစွာကလည်း ဟင်းလင်းပြင်လေထု နေရာအနှံ့မှ ထွက်လာကြပါ၏။

" ဟင်... ငါ့ကို အဲ့လောက်မြန်မြန်ကြီး ရှာတွေ့သွားကြတာလား ။ အခု ငါ့ကို ပစ်မှတ်ထားနေကြပြီထင်တယ် "

ထျန်းယွမ်ကမ္ဘာသခင်ကြီးမှာ ကြောက်မက်ဖွယ် ရန်သူကြီးနှင့် ရင်ဆိုင်နေရသလို ခံစားလိုက်ရသည်။

သို့သော်.. ထိုတခဏမှာပင် သူ အံ့သြမှင်သက်သွားရပါ၏။

" ဒါ.. အရှုပ်အထွေး အရောင်အဝါလား... ။ ဘယ်သူက အဲ့လိုအစွမ်းမျိုးကို သုံးနေနိုင်တာလဲ "

သူ့ကျောရိုးထဲမှပင် အေးစက်သွားတော့သည်။

အရှုပ်အထွေး အရောင်အဝါမှာ ကမ္ဘာ၏ မူလအစွမ်းနှင့် အနီးစပ်ဆုံးဟု ပြော၍ရပါသည်။

ယခုလို ဟင်းလင်းပြင်လေထုထဲတွင် အရှုပ်အထွေး အရောင်အဝါများ များစွာရှိသည့်တိုင် ၎င်းအရောင်အဝါများက ပုံမှန်အားဖြင့် တသမှတ်တည်း မရှိဘဲ အလွန်ရှုပ်ထွေးသောကြောင့် သာမာန်လူများအဖို့ ထိုအရောင်အဝါကို ဖမ်းဆုပ်ရန် အလွန်ခက်ခဲပါ၏။

ယခုတွင်ကား... အရှုပ်အထွေးအရောင်အဝါ များစွာပင် တစ်ပြိုင်တည်း ပေါ်လာနေပါသည်။ မည်သို့သော အစွမ်းထက်ကျင့်ကြံသူမျိုးက ဤမျှ များပြားသည့် အစွမ်းကို ထုတ်သုံးနေနိုင်ပါသနည်း ။

" ဟို အပေါ်ကမ္ဘာက လူတွေများ ငါ လွတ်သွားတာကို သိပြီး လှုပ်ရှားလာကြတာများလား ။ ​ကြည့်ရတာ သူတို့တွေက ငါ့ရဲ့ လျှို့ဝှက်ချက်ကို တကယ်ကြီး သိချင်နေကြတယ်နဲ့တူတယ် "

ထျန်းယွမ်ကမ္ဘာသခင်ကြီး တအံ့တသြ ရေရွတ်လိုက်သည်။

ထိုအချိန်မှာပင်..

ဝုန်း...

ဘေးပတ်ပတ်လည်မှ အရှုပ်အထွေး အရောင်အဝါများအားလုံးက တစ်ပြိုင်နက်တည်း ကျလာပါ၏။

ထျန်းယွမ်ကမ္ဘာသခင်ကြီးမှာလည်း အလွန်အံ့အားသင့်သွားရတော့သည်။

သူသည် လက်ရှိတွင် အကြွင်းအကျန်စိတ်ဝိဥာဥ်တစ်ယောက်သာ ဖြစ်တော့သည့်တိုင် ထိုအရောင်အဝါများက သူ့အား တိုက်ခိုက်လာဆဲပင် ။

" ဘာမှ မလုပ်နဲ့နော် ။ ငါ့ကို သတ်လိုက်တာနဲ့ ဟိုပစ္စည်းလေး ဘယ်မှာဆိုတာ ဘယ်သူမှ သိမှာမဟုတ်တော့ဘူး "

ထျန်းယွမ်ကမ္ဘာသခင်ကြီး လေသံမာမာဖြင့် အော်လိုက်သည်။

သို့သော်... ထင်မထားစွာပင် အရှုပ်အထွေးအရောင်အဝါများက သူ့စကားကြားသည်နှင့် ရပ်မသွားဘဲ ဆက်ပြီးသာ တိုက်ခိုက်လာပါ၏။

" ဘယ်လိုဖြစ်ပြီး.... ဒီကောင်တွေက ငါ့ကိုသတ်ပြီး လျှို့ဝှက်ချက်ကိုပါ တစ်ခါတည်း မြေမြှုပ်ပစ်ဖို့များ စဥ်းစားနေကြတာလား ။ ချီးပဲကွာ... ဒီတိုင်းတော့ လက်မခံနိုင်ဘူး ။ ငါ ခုနလေးမှ လွတ်လာရတာကို "

ထျန်းယွမ်ကမ္ဘာသခင်ကြီးက သူ့ဆီသို့ တိုးဝင်လာနေသော အရှုပ်အထွေး အရောင်အဝါများထဲမှ တစ်ခုအား မကျေမနပ် ကြည့်လိုက်သည်။

သို့သော်.. ထိုစဥ်မှာပင် အရှုပ်အထွေး အရောင်အဝါက တုန့်ဆိုင်းနေခြင်းမရှိဘဲ ဆက်ပျံသန်းလာ၏။

ထျန်းယွမ်ကမ္ဘာသခင်ကြီး ခြောက်ကပ်ကပ်ရယ်လိုက်သည်။

" ဘယ်တတ်နိုင်မလဲလေ... ဖျက်ဆီးပါစေတော့ .. "

သူ ဆက်ခုခံမနေတော့ဘဲ လက်ဆန့်ပြီးသာ ရပ်နေလိုက်၏။

သို့သော် ထိုအချိန်မှာပင်..

ဝှစ်..

အရှုပ်အထွေး အရောင်အဝါက သူ့ဘေးမှ ဖြတ်ပြီး လောထျန်းဆီသို့ တိုက်ရိုက် တိုးဝင်သွားတော့သည်။

" ဟင်... "

ထျန်းယွမ်ကမ္ဘာသခင်ကြီး အံ့သြမှင်သက်သွားတော့၏။

ဘာတွေ ဖြစ်နေပါသနည်း...

ထိုအရှုပ်အထွေး အရောင်အဝါက အပေါ်ကမ္ဘာမှ အစွမ်းထက်ကျင့်ကြံသူများ သူ့ကိုဦးတည်၍ တိုက်ခိုက်လာခြင်း ဟုတ်မနေဘဲ..

လောထျန်းကို တိုက်ခိုက်ဖို့တဲ့လား.... ။

သို့သော် သူလှည့်ကြည့်လိုက်သည့် အခါတွင်ကား..

လောထျန်းမှာ နေရာတွင်သာ အကောင်းတိုင်းရှိနေပြီး မည်သို့သော အနာတရမှ မဖြစ်သည်ကို တွေ့လိုက်ရပါ၏။

" ဒါ.... "

ထျန်းယွမ်ကမ္ဘာသခင်ကြီး လုံးဝ မှင်သက်သွားရတော့သည်။

ထိုအချိန်မှာပင် အရှုပ်အထွေး အရောင်အဝါများ တစ်ခုပြီးတစ်ခု ဆက်ရောက်လာကြ၏။

အားလုံးမှာ လောထျန်းဆီသို့ ဦးတည်လျက်...

ထိုအချိန်မှသာ ထျန်းယွမ်ကမ္ဘာသခင်ကြီး နောက်ဆုံး နားလည်သွားတော့သည်။

သူက သူ့ကိုယ်သူသာ ပဓာနထားပြီး ကြည့်နေခဲ့မိလေပြီ ။

သူ အစောက တွေးချင်ရာတွေးပြီး ပြောချင်ရာပြောခဲ့သည့် စကားများကိုလည်း ပြန်သတိရသွားကာ မြေကြီးထဲ တွင်းတူးပြီး ဝင်ပုန်းနေချင်စိတ်ပင် ပေါက်သွားရပါ၏။

" ဘယ်သူမှ မကြားလိုက်တာ တော်သေးတာပေါ့ကွာ.... "

သူ့ကိုယ်သူ ပြန်နှစ်သိမ့်လိုက်သည်။

သို့သော်.. သူ ဘေးသို့ လှည့်ကြည့်လိုက်ချိန်တွင်မူ.. ရှောက်ထျန်းလုံလေးက ဘေးမှနေ၍ သူ့အား အထင်သေးသည့်အကြည့်ဖြင့် ကြည့်နေသည်ကို မြင်လိုက်ရတော့၏။

ထိုကောင်လေးက အစောပိုင်းက သူ့ကိုယ်သူ အထင်ကြီးပြီး ပြောခဲ့သမျှ စကားတိုင်းနှင့် လုပ်ခဲ့သမျှ အရာအားလုံးအား မြင်သွား၊ ကြားသွားခဲ့သည်မှာ သံသယဝင်စရာ မလိုတော့ပါ။

" အာ... ဒီကောင်လေးက ငယ်ပါသေးတယ်လေ ။ ဘာတွေ ဖြစ်သွားတယ်ဆိုတာ နားလည်ချင်မှ နားလည်မှာပါ "

ထျန်းယွမ်ကမ္ဘာသခင်ကြီး ကြိုးစားဖြေသိမ့်လိုက်သည်။

သို့သော်... သူ့စကားကို ကြားသွားသော ရှောက်ထျန်းလုံလေးက မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး... အစောက သူ ရဲရဲဝံ့ဝံ့ အသက်ကိုစတေးရန် လုပ်ခဲ့စဥ်ကလို တစ်ပုံစံတည်း ပြန်လုပ်ပြပြီး အသံပေးလာပါ၏။

" ဝု.... "

ကောင်လေး၏ မျက်နှာအမူအရာသည်ပင် သူ လုပ်ခဲ့သည်နှင့် တစ်ပုံစံတည်း....

ထျန်းယွမ်ကမ္ဘာသခင်ကြီးမှာ ၎င်းကိုကြည့်ရင်း တစ်ကိုယ်လုံး တောင့်ပြီး ကြက်သေပင် သေသွားတော့သည်။

ထိုကောင်လေးက အရာအားလုံးကို မြင်ခဲ့ရုံမက အားလုံးကိုလည်း နားလည်နေသတဲ့လား ။

ထိုတခဏတွင် ထျန်းယွမ်ကမ္ဘာသခင်ကြီးမှာ ရှက်လွန်း၍ ခေါင်းကြီး ငုံ့သွားတော့၏။

ဝုန်း..

ထိုအချိန်တွင် သူတို့နားလေးမှ အရှုပ်အထွေး အရောင်အဝါများ အားလုံးမှာ လောထျန်းကိုယ်ထဲသို့ စီးဝင်နေကြလေပြီ ။

လောထျန်းကိုယ်ထဲမှ တဝုန်းဝုန်း တဂျုန်းဂျုန်း မြည်သံများလည်း ကျယ်လောင်စွာပင် ထွက်ပေါ်နေတော့၏။

ထျန်းယွမ်ကမ္ဘာသခင်ကြီးက လောထျန်းအား အံ့သြမှင်သက်နေသည့် မျက်နှာဖြင့် ချက်ချင်း လှမ်းကြည့်လိုက်သည်။

" ဒီအရောင်အဝါနဲ့... အဲ့အသံနဲ့က... မဟုတ်မှလွဲရော.. သူ့ကိုယ်ထဲက အတွင်းကမ္ဘာက လုံးဝ ပွင့်သွားပြီလား.. "

" ဒါပေမယ့် အတွင်းကမ္ဘာငယ်ကို အဲ့လောက်မြန်မြန်နဲ့ ဖွင့်တာ ဖြစ်နိုင်လို့လား ။ အရင်ကဆို ငါ နှစ်တစ်ရာလောက် အချိန်ယူပြီးမှ လုံးဝပွင့်သွားအောင် ဖွင့်နိုင်ခဲ့တာလေ ။ တကယ်လို့ သူက ဘီလူးလိုလူမျိုး ဆိုရင်တောင် တစ်နှစ်လောက်နဲ့ အောင်အောင်မြင်မြင် ဖွင့်နိုင်တာနဲ့ကို အံ့မခန်းဖြစ်နေပြီ "

" ဒါပေမယ့်.. အခုက ဘယ်လောက်ပဲ ရှိဦးမှာလဲ ။ အားလုံးပေါင်းမှ စက္ကန့်တစ်ရာတောင် ပြည့်ဦးမယ်မထင်ဘူး "

လောထျန်း၏ အမြန်နှုန်းမှာ ယုံနိုင်စရာ မကောင်းလောက်အောင်ပင် လျင်မြန်လှပါတကား... ။

အမှန်တွင်မူ.. ထိုအချက်ကြောင့်လည်း အရှုပ်အထွေးအရောင်အဝါ ပေါ်လာစဥ်၌ ထျန်းယွမ်ကမ္ဘာသခင်ကြီးမှာ ထိုကိစ္စကို လောထျန်းနှင့် ဆက်စပ်မတွေးမိဘဲ သူ့ကိုယ်သူ အရှက်ရအောင် လုပ်မိသလို ဖြစ်သွားခဲ့ခြင်းပင်။

သို့သော်... ယခုတွင်ကား လောထျန်း၏ ကိုယ်ထဲမှ အတွင်းကမ္ဘာငယ်က ပွင့်တော့မည်ကို သူ မြင်နေရလေပြီ။

ဝီ...

ထိုအချိန်မှာပင် လောထျန်းကိုယ်ထဲမှ နတ်ဘုရားအလင်းတန်းတစ်ခု ရုတ်ချည်း တိုးထွက်လာ၏။

" ဝု... "

၎င်းကို မြင်သော ရှောက်ထျန်းလုံလေးက စိုးရိမ်တကြီးဟန်ဖြင့် လောထျန်းအနား ကပ်သွားသည်။

သို့သော် ထျန်းယွမ်ကမ္ဘာသခင်ကြီးက ချက်ချင်း လှုပ်ရှားပြီး ကောင်လေးအား တားလိုက်ပါ၏။

" အဲ့နားမသွားနဲ့... ဒါ သူ့ရဲ့ အတွင်းကမ္ဘာငယ် ပြီးသွားဖို့ နောက်ဆုံးအဆင့်ပဲ။ အခု သူ့ အတွင်းကမ္ဘာငယ်က ပြီးသွားပြီဆိုတော့ သူ့ရဲ့ ခန္ဓာကိုယ်အတွင်းရော အပြင်ရော ပိုပြီး အစွမ်းထက်လာတော့မှာ ။ ဒါ သူ့အတွက် အခွင့်ကောင်းကြီး တစ်ခုပဲမို့ အနှောင့်အယှက် သွားပေးလို့ မဖြစ်ဘူး "

သူ ပြောလိုက်သည်။

ရှောက်ထျန်းလုံလေးမှာလည်း ထိုစကားကို ကြားပြီးနောက် ခေါင်းညိတ်ပြ၍ ရှေ့ဆက်မတိုးတော့ချေ။ သူ လောထျန်းကိုသာ စိုးရိမ်သည့် အကြည်​ဖြင့် စိုက်ကြည့်နေရှာ၏။

ထိုအချိန်မှာပင် လောထျန်းကိုယ်ထဲမှ နတ်ဘုရားအလင်းတန်းများ အလျှံအပယ် စီးထွက်လာကြကာ..

အားလုံး စုစည်းသွားပြီးနောက်.. အရှုပ်အထွေး အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။

ထျန်းယွမ်ကမ္ဘာသခင်ကြီးမှာ ထိုမြင်ကွင်းကို ကြည့်ရင်း ပါးစပ်အဟောင်းသား ဖြစ်နေတော့၏။

" အရှုပ်အထွေး နတ်ဘုရားအလင်းတန်း ပါလား.. ။ အရှုပ်အထွေး ခန္ဓာကိုယ်ပဲ ။ ဒီကောင်လေးက တကယ်ကြီးကို အရှုပ်အထွေး ခန္ဓာကိုယ် ရှိနေတာလား "

သူ့မျက်လုံးမှာလည်း မျက်လုံးအိမ်ထဲမှ ကျွတ်ထွက်တော့မလိုပင် ။

သို့သော်.. ထိုစဥ်မှာပင် သူ့ကို ပိုအံ့သြတုန်လှုပ်သွားစေသည့် နောက်တစ်ခု ထပ်ဖြစ်လာသည်။

ဝုန်း...

လောထျန်းနောက်၌ အရိပ်တစ်ခု တဖြည်းဖြည်း ပေါ်လာ၏။

ထိုအရိပ်ကြီး ပေါ်လာသည့် တခဏမှာပင် လောထျန်းဘေးတွင် ရှိနေသော ကောင်းကင်နှင့်မြေကြီး၏ စည်းမျဥ်းများ ပြောင်းလဲသွားပုံ ပေါ်ပါသည်။

ထျန်းယွမ်ကမ္ဘာသခင်ကြီးမှာ လောထျန်းနောက်မှ အရိပ်ကြီးကို မြင်သည်နှင့် နေရာမှပင် ထခုန်မိသွားပြီး ကြောက်လန့်တုန်လှုပ်စွာ ပြောလိုက်၏။

" မဟာ... မဟာ တာအိုဝိဥာဥ်လား.. ။ ဒီကောင်က သာမာန်အရှုပ်အထွေး ခန္ဓာကိုယ်တောင် မဟုတ်ဘဲ.. အဆင့်နှစ် အရှုပ်အထွေးခန္ဓာကိုယ် ရှိနေတာလား... "

All Chapters