← Chapters

အခန်း (၈၉၇+၈၉၈)

Vol. 64 Ch. 897+898

အခန်း (၈၉၇+၈၉၈)

Vol. 64 Ch. 897+898

897

ထိုစဉ် လောထျန်းမှာ သူတို့ကို ကျောပေးထားပြီး...

သူ့ရှေ့၌ ရှေးကျသည့်ပုံစံ တံခါးတစ်ချပ် ရှိနေပါ၏။

" အဲ့ဒါ.. ကောင်းကင်ဘုံတံခါး လား.. "

ကြာပွင့်နီဧကရီ မျက်လုံးပြူးသွားသည်။

အစပိုင်းတွင်... လောထျန်းအား ကောင်းကင်ဘုံတံခါး၏ အရောင်အဝါ ၊ သို့မဟုတ် စည်းမျဉ်း အစအနလေးကိုသာ သူမ ရှာခိုင်းခဲ့ခြင်း ဖြစ်ပါသည်။

ထိုလူက ယခုလိုမျိုး ကောင်းကင်ဘုံတံခါးကို တိုက်ရိုက်ဖွင့်လိမ့်မည်ဟု သူမ ဘယ်ထင်မိပါမည်လဲ ။

ကောင်းကင်ဘုံတံခါးအား အပေါ်ကမ္ဘာဘက်မှ ဖွင့်ရန်မှာ လွယ်ကူသည့် အရာတစ်ခု မဟုတ်ပါချေ။

ပုံမှန်ဆိုလျှင် အချိန်မှန် ၊ နေရာမှန် ၊ လူမှန်ဖြစ်ရန်

အလွန်အရေးကြီးပါ၏။

သို့သော် ယခု လောထျန်းက ကောင်းကင်ဘုံတံခါးကို တန်းပြီး ဖွင့်ခဲ့သတဲ့လား...

ထိုစဉ် လောထျန်းမှာ သူ့ရှေ့မှ ကောင်းကင်ဘုံတံခါး၏ အခြားတဖက်သို့ ကြည့်ရင်း မျက်မှောင်ကြုံ့နေပါသည်။

" ဒီအရောင်အဝါက ထျန်းယွမ်ကမ္ဘာလဲ မဟုတ်ပါလား ။ ငါ မှားကြည့်လိုက်မိတယ်နဲ့ တူတယ် "

သူ ပြောပြီး လက်တစ်ချက်ယမ်းလိုက်သည်။

ဝုန်း...

ကောင်းကင်ဘုံတံခါး ပြန်ပိတ်သွား၏။

ကြာပွင့်နီဧကရီမှာ ၎င်းကိုကြည့်ပြီး ဆွံ့အလျက် ...

လောထျန်းကို ကံမကောင်းဘူးဟု ပြောရန်မှာလည်း... သူက ကောင်းကင်ဘုံတံခါးကို ဆယ်စက္ကန့်

လောက် အချိန်လေးအတွင်း ဖွင့်နိုင်ခဲ့ပါသည်။

သို့သော်.. ကံကောင်းသည်ဟု ပြောရန်ကလည်း သူ ဖွင့်ခဲ့သည့်တံခါးက မှားနေပါ၏။

" ဟူး.. ကံတရားပဲပေါ့လေ ။ သူ ဘာမှမထိခိုက်ဖို့ပဲ မျှော်လင့်ပါတယ် "

ကြာပွင့်နီဧကရီ သက်ပြင်းချလိုက်သည်။

ထိုစဉ်မှာပင်..

ဝုန်း ....

လေထု တုန်ခါသွားကာ လောထျန်းရှေ့၌ ဒုတိယမြောက် ကောင်းကင်ဘုံတံခါးတစ်ခု ပေါ်လာပြန်ပါ၏။

ထိုတံခါး၏ တဖက်ခြမ်းမှ မြင်ကွင်းမှာလည်း ယခင်ကောင်းကင်ဘုံတံခါး၏ မြင်ကွင်းနှင့် အလွန်ကွဲနေရာ ၎င်းက မတူညီသော နေရာတစ်ခုသို့ ဆက်သွယ်ထားမှန်း သိသာလှသည်။

" ဘယ်လိုလုပ်ပြီး.... "

ဤတစ်ကြိမ်တွင်မူ ကြာပွင့်နီဧကရီ မတည်ငြိမ်နိုင်တော့ပါချေ။

၎င်းက မည်သို့ ဖြစ်နိုင်ပါသနည်း ။

ကောင်းကင်ဘုံတံခါး တစ်ချက်ကို တစ်ကြိမ်ဖွင့်နိုင်လျှင် ကံကောင်းသည်ဟု ပြော၍ရသေးသော်လည်း...

ဒုတိယမြောက် ကောင်းကင်ဘုံတံခါးကို ဖွင့်လိုက်နိုင်လျှင်မူ ထိုသို့ပြော၍ ရပါသေးလား ။

ထိုစဥ် လောထျန်းက တံခါးပေါက်တဖက်ခြမ်းသို့ ကြည့်ရင်း မျက်မှောင်ကြုံ့၍ ပြောလာပြန်၏။

" အခုထိ မဟုတ်သေးပါလား "

ဝုန်း...

သူ ကောင်းကင်ဘုံတံခါးကို ပြန်ပိတ်လိုက်သည်။

ထို့နောက်... ကြာပွင့်နီဧကရီ ပြန်မတည်ငြိမ်နိုင်သေး

ခင်မှာပင် ..

ဝုန်း ....

လောထျန်းက တတိယမြောက် ကောင်းကင်ဘုံတံခါးကို ဖွင့်လိုက်ပြန်ပါ၏။

ဤတစ်ကြိမ် ပေါ်လာသော ကောင်းကင်ဘုံတံခါး တဖက်ခြမ်းမှ မြင်ကွင်းမှာ ခြောက်ကပ်နေပြီး ကြောက်စရာကြီး ဖြစ်နေပါသည်။

" ဟင်.. စိတ်စွမ်းအင်တွေလဲ မရှိနေပါလား ။ ဒါ.. ဖျက်ဆီးခံထားရတာလား "

လောထျန်း ၎င်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် မထူးခြားပုံဖြင့် ကောင်းကင်ဘုံတံခါးအား ပြန်ပိတ်လိုက်သည်။

ထို့နောက်..

ဝုန်း....

လောထျန်းက လက်ကို တစ်ကြိမ်ပြီးတစ်ကြိမ် ဆန့်

ထုတ်နေပြီး သူ တစ်ကြိမ်ဆန့်လိုက်တိုင်းလည်း ကောင်းကင်ဘုံတံခါးတစ်ချပ် ပွင့်လာပါ၏။

ကြည့်ရသည်မှာ သူ့အတွက် မိမိအိမ်ထဲမှ တံခါးတစ်ချပ်ကို ဖွင့်ရသလောက် လွယ်ကူဟန်ပါပင် ။

ဂလု...

ကြာပွင့်နီဧကရီ တံတွေးကို ခက်ခက်ခဲခဲ မြိုချလိုက်ရသည်။

လောထျန်း၏ လက်ရှိအခြေအနေမှာ ကံကောင်းခြင်းနှင့် မည်သို့မှ မသက်ဆိုင်ကြောင်းကို သူမ နားလည်သွားရလေပြီ ။

သူ့အစွမ်းက ကြောက်မက်ဖွယ် ကောင်းလွန်းနေခြင်းပင် ..

" ဒီအစွမ်းက ကြောက်စရာကောင်းလိုက်တာ... ။ သူငါ့အတွက် လက်တုန့်ပြန်ပေးနိုင်မှာ သေချာတယ် "

ကြာပွင့်နီဧကရီ စိတ်ထဲမှ ကြိတ်တွေးလိုက်၏။

ထိုစဥ် တဖက်မှလောထျန်းမှာ ရာပေါင်းများစွာသော

ကောင်းကင်ဘုံတံခါးများကို ဖွင့်ပြီးသွားခဲ့သော်လည်း... ထျန်းယွမ်ကမ္ဘာနှင့် ဆက်သွယ်ထားသည့်တံခါးကို ရှာမတွေ့သေးပါချေ ။

ထို့ကြောင့် သူ အနည်းငယ်လည်း စိုးရိမ်စိတ် ဝင်နေပါတော့သည်။

တံခါးများကို တစ်ခုပြီးတစ်ခု ဆက်ဖွင့်နေရင်း သူ မျက်မှောင် ပိုပိုကြုံ့လာ၏။

နောက်ဆုံးတွင်မူ...

ဝုန်း ....

ကောင်းကင်ဘုံတံခါးတစ်ခုကို ထပ်ဖွင့်လိုက်ချိန်တွင် တံခါးတဖက်မှ သူ ရင်းနှီးပြီးသား အရောင်အဝါတစ်ခု ပေါ်လာပါသည်။

" ဟုတ်ပြီ.. ဒါ ထျန်းယွမ်ကမ္ဘာပဲ.. "

လောထျန်း တအံ့တသြ ပြောလိုက်ပြီးနောက် ကြာပွင့်နီဧကရီဘက် ချက်ချင်းလှည့်ကြည့်လိုက်၏။

ကြာပွင့်နီဧကရီမှာကား ဘာပြောရမည်ပင် မသိနေပါချေ။

လောထျန်း၏အသံကို ကြားမှသာ သူမ အသိပြန်ဝင်လာသည်။

" အခု သခင်လေးက ကောင်းကင်ဘုံတံခါးကို တန်းပြီးဖွင့်လိုက်နိုင်တာဆိုတော့ နောက်အဆင့်တစ်ခုကို ကျော်လိုက်လို့ရတယ် ။ အခု ကောင်းကင်ဘုံစင်မြင့် တစ်ခုကို ထျန်းယွမ်ကမ္ဘာဆီ ပို့လိုက်ပါ "

ကြာပွင့်နီဧကရီ ပြောသည်။

လောထျန်း ခေါင်းညိတ်ပြီး ကောင်းကင်ဘုံစင်မြင့် တစ်ခုကိုယူ၍ ထျန်းယွမ်ကမ္ဘာထဲ ပစ်ထည့်လိုက်၏ ။

" ပြီးရင် ဘာဆက်လုပ်ရမလဲ "

သူ မေးသည်။

ကြာပွင့်နီဧကရီ အသက်ပြင်းပြင်း ရှိုက်လိုက်သည်။

" အခုက အခက်ဆုံးအပိုင်းဖြစ်တဲ့ ကောင်းကင်ဘုံစင်မြင့်ကို သန့်စင်တာပဲ ။ ကျွန်မ သခင်လေးရဲ့

အကူအညီ လိုတယ် "

လောထျန်း၏ မျက်နှာထား ချက်ချင်းလေးနက်သွားကာ ကြာပွင့်နီဧကရီဘေးသို့ လျှောက်လာ၏။

ကြာပွင့်နီဧကရီက ဆက်ပြောသည်။

" အဲ့ ကောင်းကင်ဘုံစင်မြင့် နှစ်ခုက ကောင်းကင်နဲ့မြေကြီးရဲ့ စည်းမျဥ်းတွေနဲ့ ဆက်နွယ်ထားတာ ။ ဒီတော့ အခု အဲ့ကောင်းကင်နဲ့မြေကြီး စည်းမျဥ်းတွေကို ဖွင့်ပြီး ၊ လမ်းကြောင်းတစ်ခု လုပ်ရမယ် ။ ပြီးသွားရင် ကောင်းကင်ဘုံစင်မြင့်ကို သုံးလို့ရသွားပြီ "

" ဒါပေမယ့် အဲ့လုပ်ငန်းစဥ်က အင်မတန်မှကို ခက်တယ်ရှင့် ။ ကောင်းကင်နဲ့မြေကြီးရဲ့ စည်းမျဥ်းတွေကို ချိုးဖောက်လို့က မရဘူးလေ ။ အဲ့တော့ ကောင်းကင်ဘုံစင်မြင့်လို အရာတွေက ကောင်းကင်နဲ့မြေကြီးအတွက် လက်မခံနိုင်စရာ အရာတွေပဲ ။ ဒါ့ကြောင့်မို့ ဒီအဆင့်ကို လုပ်တဲ့အချိန်မှာ အနှောင့်အယှက်တွေ အများကြီး ရှိလိမ့်မယ် "

" အဲ့အတွက်လဲ ခဏနေကျရင် ကျွန််မ ရှင့်ကို နည်းတစ်ခုသင်ပေးမယ် ။ အဲ့နည်းကို သုံးပြီးတော့

ကောင်းကင်ဘုံစင်မြင့် နှစ်ခုကို ဆက်သွယ်တဲ့လမ်းကြောင်းတစ်ခု လုပ်ပါ ။ ဒါပေမယ့်.. အဲ့လမ်းကြောင်းကို ကောင်းကင်နဲ့မြေကြီး စည်းမျဥ်းထဲမှာရှိအောင် အတတ်နိုင်ဆုံးလုပ်ပါရှင် "

သူမ ပြောပြီး လောထျန်းဆီသို့ ကျောက်စိမ်းပြားတစ်ခု ပစ်ပေးလိုက်သည်။

" အဲ့ထဲက လျှို့ဝှက်နည်းကို သေချာဖတ်ကြည့်ပါ သခင်လေး "

သူမ ဆို၏။

လောထျန်း ခေါင်းညိတ်ပြီး စိတ်ဝိဥာဥ်အစွမ်းဖြင့် ကျောက်စိမ်းပြားကို တစ်ချက်ထိကာ အထဲတွင်ပါဝင်သော အကြောင်းအရာများအားလုံးကို မှတ်သားလိုက်သည်။

" ကဲ.. ကျုပ် လုပ်နိုင်ပြီထင်တယ် "

လောထျန်း ပြောသည်။

" အဲ့လောက်တောင် မြန်တာလား "

ကြာပွင့်နီဧကရီ အနည်းငယ်အံ့အားသင့်သွား

သော်လည်း ချက်ချင်းဆိုသလို အသိပြန်ဝင်လာပါ၏။

လောထျန်းလို ဘီလူးကြီးတစ်ယောက်အတွက် အကြောင်းအရာများအား မြန်မြန်နားလည်ခြင်းက ထူးဆန်းပါသေးရဲ့လား ..

" ကောင်းပါပြီရှင် ။ အခု... ဒီ ကောင်းကင်ဘုံစင်မြင့်ပေါ်ကို တက်ပြီးတော့ လမ်းကြောင်းတစ်ခု ဖွင့်လိုက်ပါ ။ ဒါပေမယ့် သခင်လေး သေချာမှတ်ထားရမယ့် အချက်နှစ်ချက် ရှိတယ်နော် ။ အဲ့လိုမဟုတ်ရင်တော့ ကျွန်မတို့ အောင်မြင်မှာမဟုတ်ဘူး "

ကြာပွင့်နီဧကရီ အလေးနက်ပြောလိုက်သည်။

လောထျန်း ခေါင်းညိတ်ပြရှာ၏။

" ကောင်းပါပြီ ၊ ပြောပါ "

ကြာပွင့်နီဧကရီ ဆိုသည်။

" ပထမတစ်ချက်ကတော့ အဲ့လမ်းကြောင်းကို ဖွင့်တဲ့အချိန်မှာ အစွမ်းအများကြီး မသုံးဘဲ တော်သင့်ရုံလောက်ပဲ သုံးရမယ် ။ ဘာလို့လဲဆိုတော့ ကိုယ်ဖွင့်တဲ့လမ်းကြောင်းက ကြီးလေလေ ၊ ကိုယ်ခံရမယ့် တန်ပြန်အစွမ်းကလဲ ပိုပြင်းထန်လေမို့ပဲ ။ ဒီကိစ္စကို

ပေါ့သေးသေး သဘောထားလို့မရဘူး "

လောထျန်း ခေါင်းညိတ်လိုက်သည်။

" ကျုပ် မှတ်ထားပါ့မယ် ။ နောက်တစ်ချက်က ဘာလဲ "

ကြာပွင့်နီဧကရီ စကားဆက်၏။

" နောက်တစ်ချက်ကတော့ အဲ့လမ်းကြောင်း ပွင့်သွားရင် ကျွန်မက အဲ့ဒါကို တည်ငြိမ်အောင် လုပ်လိုက်မယ် ။ အဲ့လိုလုပ်နေတဲ့အချိန်မှာ ကောင်းကင်နဲ့မြေကြီး စည်းမျဥ်းတွေက လေထုလမ်းကြောင်းကို ပြန်ပြင်ဖို့ ကြိုးစားလာလိမ့်မယ်ရှင့် ။ အဲ့ကျရင် ကျွန်မ တည်ငြိမ်အောင်လုပ်လို့ မပြီးခင်အထိ ရှင့်ဘက်ကနေပြီးတော့ အဲ့စည်းမျဥ်းအစွမ်းတွေကို ခုခံထားပေးပါ "

လောထျန်း ခေါင်းဆက်ညိတ်လိုက်သည်။

" အဲ့ဒါက ပြဿနာမရှိပါဘူး "

ကြာပွင့်နီဧကရီ ပြော၏။

" ဒါဆိုရင်.. သခင်လေးဘက်က အဆင်သင့်ဖြစ်တဲ့အခါ စကြတာပေါ့ "

သူမ ပြောပြီးသည်နှင့် လောထျန်းဘေးတွင် ရပ်၍ လေထုလမ်းကြောင်းကို တည်ငြိမ်အောင်လုပ်ရာတွင် သုံးရသော ပစ္စည်းများအားလုံးကို လက်ထဲကိုင်ထားလိုက်သည်။

လောထျန်း အသက်ပြင်းပြင်း ရှိုက်ကာ သူမပေးထားသည့် နည်းကို စတင်ကျင့်ကြံလိုက်၏။

" အစွမ်း အများကြီးကို မသုံးရဘူးဆိုတော့ ငါ့အစွမ်းရဲ့ ဆယ်ပုံတစ်ပုံပဲ သုံးလိုက်မယ်ကွာ ။ အဲ့လောက်ဆို လုံလောက်မယ် ထင်ပါတယ် "

လောထျန်း တွေးပြီး လက်ကို ရှေ့သို့ ဖြည်းဖြည်းချင်းဆန့်ထုတ်လိုက်သည်။

ဝုန်း ...

သူ့ရှေ့မှ လေထုက တမဟုတ်ချင်း ကွဲသွားပြီး ...

ကမ္ဘာသစ်တစ်ခု ပေါ်လာတော့၏။

" အင်း.. ဒါဆို အောင်မြင်တယ်လို့ ပြောလို့ရတယ်မ

လား "

လောထျန်း ရေရွတ်ကာ ကြာပွင့်နီဧကရီဘက်သို့ စိတ်လှုပ်ရှားစွာ လှည့်ကြည့်လိုက်သည်။

သို့သော် ကြာပွင့်နီဧကရီမှာကား မျက်နှာကြီး ရှုံ့မဲ့နေပါ၏။

" အဲ့လောက်အကြီးကြီး မဖွင့်ပါနဲ့လို့ ကျွန်မ ပြောခဲ့တယ်မဟုတ်ဘူးလား "

ကြာပွင့်နီဧကရီ ဒေါသတကြီး ပြောလိုက်သည်။

လောထျန်းက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်ဖြင့် ပြန်ပြောရှာ၏။

" ဒီဟာက ကြီးသွားလို့လား "

ကြာပွင့်နီဧကရီ ကူကယ်ရာမဲ့စွာသာ ပြောလိုက်ရသည်။

" ကြီးသွားလား.. ဟုတ်လား ။ သာမာန် ကောင်းကင်ဘုံစင်မြင့်ကနေ ဖွင့်ပေးတဲ့ လမ်းကြောင်းက လူသုံးယောက် ဘေးချင်းယှဥ်လျှောက်လို့ ရသလောက်ပဲ ကျယ်တာ ... "

ထို့နောက် သူမ အံကြိတ်ကာ ဆက်ပြော၏။

" ဒီလမ်းကြောင်းက မိုင်ပေါင်းရာချီပြီးတော့တောင် ကျယ်နေတယ် ။ အခု ရှင်က ဘာလုပ်ဖို့ကြိုးစားနေတာလဲ ။ ထျန်းယွမ်ကမ္ဘာ တစ်ခုလုံးကို အပေါ်ကမ္ဘာဆီ ရွှေ့လာဖို့များ စဥ်းစားနေတာလား "

လောထျန်း ခေါင်းကုတ်လိုက်ရသည်။

" ကျုပ် အရမ်းကြီးမကြီးအောင် သတိတော့ ထားလိုက်တာပဲ.... "

ကြာပွင့်နီဧကရီမှာ ခဏတာမျှ ဆွံ့အနေပြီးမှသာ ပြန်ပြောနိုင်ပါ၏။

" ဒီလောက်ကြီးတဲ့ လမ်းကြောင်းက ကြောက်စရာကောင်းတဲ့ တန်ပြန်အစွမ်းကို ဖြစ်စေမှာအမှန်ပဲ ။ ကျွန်မတို့ မြန်မြန်နောက်ဆုတ်နေမှဖြစ်မယ် ။ မဟုတ်လို့ကတော့ ကျွန်မတို့ ဒီမှာပဲ သေကြရမှာ ":

လောထျန်း တုန်လှုပ်သွားပုံဖြင့် ပြန်မေးလိုက်သည်။

" အဲ့ကိစ္စက တကယ်ကြီး အဲ့လောက် ကြောက်စရာကောင်းတာလား "

ကြာပွင့်နီဧကရီက ဒေါသတကြီး ပြန်ပြော၏။

" အဲ့ထက်တောင် ဆိုးဦးမယ်ရှင့် ။ ကြည့်ရတာတော့ ဒီ ကောင်းကင်ဘုံစင်မြင့်က မအောင်မြင်လောက်ဘူးနဲ့ တူပါတယ် "

ထိုစဥ်မှာပင်..

ဝုန်း ...

ချိိန်းကြိုးသံများ ရုတ်တရက်မြည်လာသည်။

ထို့နောက်... မရေမတွက်နိုင်သော စည်းမျဥ်းချိန်းကြိုးများ လေထုလမ်းကြောင်း ဘေးပတ်လည်တွင် ပေါ်လာကာ လောထျန်းဖွင့်ထားခဲ့သည့် လမ်းကြောင်းကို ပြင်ဆင်ရန် ကြိုးစားလာကြ၏။

" ဟာ.. မဖြစ်ဘူး ၊ စည်းမျဥ်းချိန်းကြိုးတွေပဲ... ။ အဲ့လောက်တောင် များတာလား ... သွားကြစို့ "

ကြာပွင့်နီဧကရီ ကိုယ်လုံးလေး တုန်သွားတော့သည်။

ဤအပေါ်ကမ္ဘာမှ စည်းမျဥ်းချိန်းကြိုးများကို အထင်သေး၍ မရကြောင်း သူမ သိထားသည်မဟုတ်ပါလား ။

သို့သော်.. ထိုစဥ် လောထျန်းမှာ သူဖွင့်ထားသည့် လမ်းကြောင်းအား နည်းနည်းချင်းစီ ပြန်ပြုပြင်နေကြသည်ကို ကြည့်ရင်း ချက်ချင်းဒေါသထွက်သွား၏။

" ငါလုပ်ထားဟာကို ထိရဲတယ်ပေါ့လေ ။ နောက်ဆုတ်ကြစမ်း "

သူ ဒေါသတကြီး အော်လိုက်၏။

Chapter 898

ကြာပွင့်နီဧကရီမှာ လောထျန်း၏စကားကို ကြားပြီး ဆွံ့အနေတော့သည်။

" ရှင် စိတ်မှကောင်းသေးရဲ့လား ။ စည်းမျဥ်းချိန်းကြိုးတွေကို တကယ်ကြီး ခြိမ်းခြောက်လိုက်တယ်ပေါ့လေ... အဲ့လိုနည်းနဲ့ အလုပ်ဖြစ်မယ် ထင်နေတာလား "

သူမ လက်နှစ်ဖက် ခါးထောက်၍ ပြောလိုက်၏။

သို့သော်..

ဝုန်း ....

သူမ စကားမဆုံးခင်မှာပင် စည်းမျဥ်းချိန်းကြိုးများက အသည်းအသန် နောက်ဆုတ်သွားကြပြီး ..

တခဏလေးအတွင်း အစအနမကျန် ပျောက်ကွယ်

သွားကုန်၏။

လောထျန်းက သူမဘက်လှည့်၍ ပြောလာသည်။

" ကြည့်လေ.. တော်တော်အလုပ်ဖြစ်တယ် မလား "

" ဒါ... "

ကြာပွင့်နီဧကရီတစ်ယောက် နဖူးတွင်ရွှဲနေသော ချွေးစက်များကို သုတ်လိုက်သည်။ ယနေ့အဖြစ်ပျက်များမှာ လုံးဝ ယုံနိုင်စရာ ရှိမနေပါ ။

ဤကမ္ဘာကြီးတွင် စည်းမျဥ်းချိန်းကြိုးများအား စကားလေးတစ်ခွန်းဖြင့် နောက်ဆုတ်သွားအောင် လုပ်နိုင်သူ တကယ်ကြီး ရှိနေသတဲ့လား... ။

" ရှင် ဘယ်လိုလုပ်လိုက်တာလဲ "

ကြာပွင့်နီဧကရီ လောထျန်းကို ကြည့်ကာ မေးလိုက်သည်။

လောထျန်းက အေးဆေးပင် ပြန်ဖြေ၏။

" ကျုပ်လဲ မသိဘူး ။ ဖြစ်နိုင်တာတော့... ကျုပ် စည်းမျဥ်းချိန်းကြိုးကို သန့်စင်ထားခဲ့လို့ သူတို့ကို အတိုင်းတာတစ်ခုထိ ထိန်းချုပ်နိုင်တာများလား.. "

လောထျန်း ပြောပြောဆိုဆိုပင် လက်တစ်ချက်ယမ်းလိုက်သည်။

ဝုန်း ..

သူ့လက်ချောင်းကြားမှ စည်းမျဥ်းချိန်းကြိုးများ ထွက်လာကြ၏။

" ဘုရားရေ .... "

ကြာပွင့်နီဧကရီ တုန်လှုပ်သွားရပြန်တော့သည်။

စည်းမျဥ်းချိန်းကြိုးအား သန့်စင်နိုင်သူတစ်ယောက်ကို ယခုမှ သူမဘဝ၏ ပထမဆုံးအကြိမ် တွေ့ဖူးခြင်းပါပင် ..

သမိုင်းတလျှောက်တွင်လည်း ထိုသို့လုပ်နိုင်သူ ရှိသည်ဆိုသည့် မှတ်တမ်းမျိုး မတွေ့ခဲ့ဖူးပါချေ။

၎င်းက လူသားတစ်ယောက် လုပ်နိုင်သည့် ပမာဏရော ဟုတ်ပါသေးရဲ့လား ။

ထိုစဥ် လောထျန်းက သူမကိုကြည့်ရင်း ထပ်ပြောလာသည်။

" ဒါဆို... ကောင်းကင်ဘုံစင်မြင့်ကို ဆက်သန့်စင်လို့ ရပြီလား "

ကြာပွင့်နီဧကရီ နှုတ်ခမ်းမဲ့သွားတော့၏။

ယခုမှတော့ ထိုမေးခွန်းကို မေးနေစရာ လိုပါသေးရဲ့လား...

ကောင်းကင်ဘုံစင်မြင့်ကို သန့်စင်ရာ၌.. ယခုအဆင့်ကို အခက်ဆုံးဟုပြောရသည့်အကြောင်းမှာ စည်းမျဥ်းချိန်းကြိုးများက လေထုလမ်းကြောင်းအား အလျင်အမြန် ပြုပြင်လာလေ့ ရှိသောကြောင့်ဖြစ်သည်။ ထို့ကြောင့်လည်း လေထုလမ်းကြောင်း လုံးဝပိတ်မသွားခင် ၎င်းကို တည်ငြိမ်အောင်လုပ်ရန် သူမအတွက် အချိန်အလွန်နည်းပါ၏။

ယခုတွင်ကား ထိုသို့ အလောတကြီး လုပ်နေစရာမလိုတော့ပေရာ သူမ ကြိုက်သလောက်အချိန်ယူ၍ ရသွားလေပြီ ။ အကယ်၍ သူမ အမှားလုပ်မိလျှင်ပင် အသစ်မှ ပြန်စ၍ ရပါသေးသည်။

သို့ဖြစ်ရာ.. မအောင်မြင်စရာအကြောင်း မရှိတော့ပါချေ။

" ခဏလေး... "

ကြာပွင့်နီဧကရီ ပြောပြီး နဖူးမှချွေးများကို ထပ်သုတ်၍ ဖြည်းဖြည်းချင်း အလုပ်စလိုက်သည်။

ထိုသို့လုပ်နေရင်း သူမစိတ်ထဲ အပြစ်မကင်းသလိုလည်း ခံစားလာရပါ၏။

သူမ ယနေ့ရခဲ့သော အခကြေးငွေမှာလည်း မတန်သလိုပါပင်..

သူမ ဘာကိုမှ ခက်ခက်ခဲခဲ မလုပ်ခဲ့ရဘဲ အခက်ဆုံးကိစ္စများကို လောထျန်းကိုယ်တိုင် ကိုင်တွယ်သွားခဲ့သည် မဟုတ်ပါလား ။

ထိုသို့တွေးရင်း သူမ လောထျန်းဘက် ထပ်ကြည့်လိုက်မိသည်။

" ဟင်... ဘာပြဿနာရှိလို့လဲ "

၎င်းကိုမြင်သော လောထျန်းက စိုးရိမ်တကြီး မေးလာ၏။

" ဟင်... ဘာပြဿနာမှ မရှိပါဘူးရှင် "

ကြာပွင့်နီဧကရီ တဖက်သို့ ချက်ချင်းခေါင်းပြန်လှည့်သွားပြီး လုပ်စရာရှိသည်ကိုသာ အလေးနက်လုပ်နေလိုက်တော့သည်။

" အင်း.. သူများပေးတဲ့ အဖိုးအခကိုလဲ ယူထားပြီးပြီဆိုတော့ သေချာလုပ်မှဖြစ်မယ် ။ ဒီလို လေထုလမ်းကြောင်းမျိုးကို ကောင်းကောင်းအသုံးမချနိုင်ရင် နှမျောစရာကြီး "

ထိုသို့တွေးကာ သူမ သေချာအာရုံစိုက်လိုက်ပါသည်။

တစ်နာရီ ... နှစ်နာရီ ...

နောက်ဆုံး ခြောက်နာရီတိတိ ကြာသွားပြီးမှ ကြာပွင့်နီဧကရီ ရပ်လိုက်၏။

" ဟူး.... လေထုလမ်းကြောင်းတစ်ခုလုံးကို တစ်လက်မလေးတောင်မကျန်အောင် အသုံးချပြီးသွားပြီ

။ ဒီလိုအဆင့်နဲ့ ကောင်းကင်ဘုံစင်မြင့်မျိုး ရှေးခေတ်တည်းကနေ အခုထိ ဘယ်မှာမှ ရှိမှာမဟုတ်ဘူး "

သူမ ဂုဏ်ယူစွာ ဆိုသည်။

ယခုမှလည်း အပြင်ရှိသလိုခံစားရနေရသော စိတ်က ပျောက်သွားသလိုပင် ။

" မင်း အဆင်ပြေရဲ့လား "

လောထျန်းက မေးလာသည်။

ကြာပွင့်နီဧကရီ ခေါင်းညိတ်ပြလိုက်၏။

" ဟုတ်ကဲ့.. ပြေပါတယ် "

လောထျန်း : " နောက်လာမယ့်အဆင့်တွေမှာရော ခက်ခဲတာမျိုး ရှိသေးလား "

ကြာပွင့်နီဧကရီ အပြုံးဖြင့် ပြန်ပြောသည်။

" မရှိတော့ဘူးရှင့် "

အမှန်တွင်မူ ပြီးပြည့်စုံသော ကောင်းကင်ဘုံစင်မြင့် တစ်ခုရရန်အတွက် အခက်အခဲများစွာ ကျန်နေဆဲပင် ။

သို့သော် လောထျန်းသည် စည်းမျဥ်းချိန်းကြိုးကိုပင် စကားတစ်ခွန်းတည်းဖြင့် မောင်းထုတ်နိုင်ခဲ့သူဖြစ်ရာ .. ထိုအခက်ခဲများက ဘာမှမပြောပလောက်တော့ပေ။

" နောက်အဆင့်က ထျန်းယွမ်ကမ္ဘာထဲ သွားပြီး ကောင်းကင်ဘုံစင်မြင့်ကို နေရာချဖို့ပဲ ။ အဲ့ကျရင် ပြီးသွားပြီ "

ကြာပွင့်နီဧကရီ ဆက်ပြောလိုက်သည်။

လောထျန်း၏မျက်လုံးများ အရောင်လက်သွား၏။

" အဲ့လောက်ရိုးရှင်းတာလား... ဒါဆို သွားကြစို့လေ "

ထို့နောက်တွင် သူနှင့် ကြာပွင့်နီဧကရီတို့ နှစ်ယောက်သား လေထုလမ်းကြောင်းထဲ ဝင်လိုက်ကြသည်။

ဝီ ...

လေထုမငြိမ်မသက် ဖြစ်သွားပြီးနောက် သူတို့နှစ်ဦး လူသူကင်းမဲ့ကာ အပျက်အစီးများ ပြည့်နေသော

နေရာတစ်နေရာ၌ ပေါ်လာ၏။

လောထျန်းက ကောင်းကင်ဘုံစင်မြင့်အား ပြန်သိမ်းလိုက်ပြီးနောက် ကြာပွင့်နီဧကရီဘက် လှည့်ကြည့်၍ ပြောသည်။

" ကျုပ်နဲ့လိုက်ခဲ့ "

သူ ပြောပြောဆိုဆိုပင် သူမလက်ကို ကောက်ကိုင်ကာ နေရာမှ တည်နေရာရွှေ့ပြောင်း ပျောက်ကွယ်သွားပါသည်။

နာရီဝက်ခန့် ကြာသွားပြီးနောက် ...

" ရှင် တည်နေရာရွှေ့ပြောင်းခဲ့တဲ့ အကွာအဝေးက အနည်းဆုံး မိုင်ပေါင်း သန်းဆယ်ချီ ရှိမယ်မလား "

ကြာပွင့်နီဧကရီက လောထျန်းအား ဇဝေဇဝါ မျက်လုံးများဖြင့်ကြည့်ရင်း မေးလာသည်။

လောထျန်း မျက်နှာရဲသွားပြီး ရှက်နေပုံဖြင့် ပြန်ပြော၏။

" အင်း.. အဲ့လောက်ရှိမလား.. .. "

အမှန်တွင်မူ... သူ လမ်းထပ်ပျောက်နေသည်ဟု ပြောရန် ရှက်နေခြင်းပါပင် ..

" ဟိုနားလေးမှာ ဂိုဏ်းကြီးကြီးတစ်ခု ရှိတယ်နဲ့တူတယ် ။ သူတို့ဆီမှာတော့ တည်နေရာရွှေ့ပြောင်း အစီအမံ ရှိလောက်မှာ "

ကြာပွင့်နီဧကရီက ၎င်းကို သိသည့်တိုင် ထုတ်မပြောဘဲ စကားလမ်းလွှဲလိုက်သည်။

လောထျန်း၏ မျက်လုံးများ အရောင်လက်သွား၏။

" ကောင်းပြီဗျာ "

ထိုသို့ပြောပြီးနောက် သူတို့နှစ်ယောက်သား အဆိုပါဂိုဏ်း ရှိသည့်နေရာသို့ ပျံသန်းသွားလိုက်ကြသည်။

ထိုစဥ် ဂိုဏ်း၏ အတွင်းဘက်၌ . .

" ဟင် ... အစွမ်းထက်ကျင့်ကြံသူတစ်ယောက် ကျူးကျော်နေတယ်ဟေ့ ။ အကာအကွယ်အစီအမံကို အသက်သွင်းလိုက်တော့ "

ဂိတ်ဝရှေ့တွင် ရှိနေသော အဘိုးအိုတစ်ယောက်က လောထျန်းတို့ ပျံသန်းလာသည်ကို မြင်သည်နှင့်

ကြောက်လန့်တကြား အော်လိုက်သည်။

ဝီ ...

အကာအကွယ်အစီအမံတစ်ခု အသက်ဝင်လာပြီး ဂိုဏ်းတစ်ခုလုံးကို လွှမ်းခြုံသွား၏ ။

အဘိုးအို စိတ်အေးသွားဟန်ဖြင့် သက်ပြင်းချလိုက်သည်။

" ဒီ အဆင့်ရှစ် အစီအမံနဲ့ဆိုရင် အဆုံးအစမဲ့အဆင့်က အစွမ်းထက်ကျင့်ကြံသူတောင် ဂိုဏ်းထဲခြေချနိုင်မှာ မဟုတ်ဘူး "

သူ ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။

ထိုစဥ် တဖက်မှ လောထျန်းမှာ ပျံသန်းလာရင်း ဟိုဟိုဒီဒီ ငေးကြည့်နေ၏။

" ငါ ထွက်သွားတဲ့ တစ်လလောက်အတွင်းမှာ ထျန်းယွမ်ကမ္ဘာက ဘာမှမပြောင်းလဲပါလား "

သူ အပြုံးဖြင့် ရေရွတ်လိုက်သည်။

ထိုစဥ်မှာပင် သူ့ရှေ့မှ အကာအကွယ်အစီအမံ

အသက်ဝင်လာ၏။

" သတိထား... "

၎င်းကိုမြင်သော ကြာပွင့်နီဧကရီက အလန့်တကြား အော်ပြောလိုက်သည်။

" ဟင် ... "

လောထျန်း ခေတ္တမျှ မှင်သက်သွားသည့်အတွက် မည်သို့မှ မတုန့်ပြန်လိုက်မိဘဲ .. သူ့ကိုယ်က ရှေ့မှ အစီအမံနှင့် ဝင်တိုက်မိသွားတော့သည်။

" အဲ့ကောင်က သူ့ခန္ဓာကိုယ်ကို သုံးပြီးတော့တောင် အကာအကွယ်အစီအမံကို ဝင်တိုက်နေတာပဲ ။ သေချင်နေတာလား မသိပါဘူး "

ဂိတ်တံခါးအတွင်းဘက်မှ အဘိုးအို မျက်မှောင်ကြုံ့သွားသည်။

သို့သော်.. ထိုစဥ်မှာပင်..

ဝုန်း ...

အစီအမံက အသံကျယ်တစ်သံနှင့်အတူ ပြိုကွဲသွား

တော့၏။

" ဘယ်လိုဖြစ်ပြီးတော့.... "

အဘိုးအို အလွန်ကြောက်ရွံ့ တုန်လှုပ်သွားကာ နောက်သို့ တစ်လှမ်းပြီးတစ်လှမ်း ဆုတ်လိုက်သည်။

ထိုလူက အစီအမံကို ခန္ဓာကိုယ်ဖြင့်ဝင်တိုက်ပြီး ဖြိုခွဲခဲ့သတဲ့လား ...

၎င်းက ဘယ်လိုဖြစ်နိုင်ပါသလဲ ....

ထိုကောင်က ဘယ်လောက် အစွမ်းထက်နေပါသလဲ...

ကမ္ဘာပေါ်မှ မသေမျိုးတစ်ယောက်ပေလား...

ထိုတခဏ၌ သူ့တစ်ကိုယ်လုံး အေးစက်တောင့်တင်းသွားသလိုပါပင် ..

" ဟင်... ခုနက ဘာဖြစ်သွားတာလဲ "

ထိုစဥ် လောထျန်းက ဘေးဘီသို့ ဟိုဟိုဒီဒီကြည့်ရင်း မေးလာသည် ။

သို့သော် လက်ရှိ သူ့ဘေးပတ်လည်၌ ဘာမှ ရှိမနေပါ ။

တဖက်မှ ကြာပွင့်နီဧကရီမှာလည်း ဆွံ့အမှင်သက်လျက် ....

" ဒီလူက ငါ့အတွက် တကယ်ကြီး လက်တုန့်ပြန်ပေးနိုင်ပါ့မလား ။ သူ့ကိုကြည့်ရတာ သိပ်အားကိုးလို့လဲ ရမယ့်ပုံမပေါ်ဘူး ... "

သူမ တွေးမိလိုက်သည်။

ထိုစဥ်တွင်..

ဝှစ် .. ဝှစ် ... ဝှစ် ...

ဂိုဏ်းထဲမှ အစွမ်းထက်ကျင့်ကြံသူ လေး၊ငါးဆယ်လောက် ထွက်လာကာ လောထျန်းနှင့် ကြာပွင့်နီဧကရီတို့ရှေ့မှ ပိတ်လာပါ၏။

" မင်းတို့က ဘယ်သူတွေလဲ ၊ ဘာကြောင့်မို့ ငါတို့ဂိုဏ်းရဲ့ အကာအကွယ်အစီအမံကို ဖျက်ဆီးလိုက်ရ

တာလဲ "

တောင်တံခါးဝကို စောင့်ကြပ်နေသော အဘိုးအိုက ဝမ်းနည်းမှုတစ်ဝက် ၊ ဒေါသတစ်ဝက် ရောထွေးနေသည့် မျက်နှာထားဖြင့် မေးလိုက်သည်။

ထို အကာအကွယ်အစီအမံကို လုပ်ရန် သူတို့ အကုန်အကျများစွာ ခံခဲ့ရသည် မဟုတ်ပါလား ။

သူတို့ဂိုဏ်း၏ အားကိုးအားထား အပြုရဆုံးသော အရာတစ်ခုက ယခု.. ဖျက်ဆီးခံလိုက်ရလေပြီ ။

အဘိုးအို၏စကားကို ကြားသောအခါ လောထျန်း အံ့အားသင့်သွားပြီးမှ ရှက်နေသည့် မျက်နှာထားဖြင့် ပြန်ပြော၏။

" ဟင်.. ကျုပ် ခင်ဗျားတို့ဂိုဏ်းရဲ့ အကာအကွယ်အစီအမံကို ဖျက်ဆီးလိုက်မိတာလား။ စိတ်မရှိပါနဲ့ဗျာ.. ကျုပ် တမင်ရည်ရွယ်တာ မဟုတ်ပါဘူး ။ ခင်ဗျားတို့ရဲ့ အကာအကွယ်အစီအမံက အားပျော့လွန်းနေတော့... "

တဖက်မှ အဘိုးအိုမှာ သွေးအန်တော့မလိုပင် ဖြစ်သွားသည်။

တဖက်လူက သူတို့ဂိုဏ်း၏ အစွမ်းအထက်ဆုံး အကာအကွယ်အစီအမံအား ဖျက်ဆီးမိခဲ့သည်ကိုပင် မသိဘူးတဲ့လား...

ထိုမျှမကသေးဘဲ.. သူတို့အစီအမံက အားပျော့လွန်းသည်ဟုပင် ပြောနေပါသေးသည်။

ရှက်စရာ ကောင်းလှပါတကား...

ထိုစဥ် အဘိုးအိုနောက်မှ သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးက ကြာပွင့်နီဧကရီကို လက်ညိုးထိုးရင်း တုန်တုန်ယင်ယင် ပြောလာ၏။

" ရှင်... ရှင်က ထျန်းယွမ်ကမ္ဘာက မဟုတ်ဘူး "

All Chapters