← Chapters

လုံယီရွှယ်

Vol. 46 Ch. 635

လုံယီရွှယ်

Vol. 46 Ch. 635

ရှောက်ထျန်းလုံလေး ခေါင်းညိတ်ကာ အတွင်းအမြုတေများအား တစ်လုံးပြီးတစ်လုံး သန့်စင်လိုက်သည်။

သူမ ၎င်းကို တစ်ခါသန့်စင်ပြီးတိုင်း သူမ၏အစွမ်းလည်း သိသိသာသာပင် တိုးလာပါ၏။

နောက်ဆုံး နတ်ဆိုးသူတော်စင် အဆင့် အမြုတေလုံးအား သန့်စင်ပြီးချိန်တွင်မူ ရှောက်ထျန်းလုံလေး၏ ကျင့်ကြံခြင်းက ကောင်းကင်ဘုံတံခါးဝ အဆင့်ကိုး ထိပ်ဆုံးသို့ပင် ရောက်နေခဲ့လေပြီ ။

သို့သော် မသေမျိုးတစ်ယောက် ဖြစ်လာရန်မူ ခြေတစ်လှမ်းစာ လိုနေသေးပါသည်။

သူမ၏ ခန္ဓာကိုယ်မှာကား ကိုးပေကျော် ထပ်ရှည်လာကာ ကောင်းကင်ဘုံနဂါးကြီး တစ်ကောင်အသွင် ဖြစ်နေတော့၏။

" ဝိုး... နတ်ဆိုးသူတော်စင် ရှစ်ယောက်ရဲ့ အမြုတေတွေကို မြိုပြီးတာတောင် မသေမျိုးဖြစ်လာဖို့ မလုံလောက်သေးဘူးပဲ "

လောထျန်း အနည်းငယ် အံ့အားသင့်သွားရသည်။

ထျန်းယွမ်ကမ္ဘာမှ လူများ၏ အပြောအရဆိုလျှင် ထို နတ်ဆိုးသူတော်စင်များမှာ ထျန်းယွမ်ကမ္ဘာ၏ ကမ္ဘာပေါ်မှ မသေမျိုးများကို သာပါ၏။

သို့တိုင်.. ရှောက်ထျန်းလုံလေးအတွက် မလုံလောက်ခဲ့ပါချေ။

၎င်းက သူမ၏ ပါရမီနဲ့ နောက်ခံဇစ်မြစ်ကို ပြသနေသယောင်..

" ဒီတိုင်းဆို ငါတို့ နတ်ဆိုးနတ်ဘုရားကြီးကို ဖမ်းဖို့ကလွဲပြီး တခြားရွေးစရာ မရှိတော့ဘူး "

လောထျန်း ပြောလိုက်သည်။

" အဲ့အကြံ ကောင်းတယ် "

ရှောက်ထျန်းလုံလေးမှာလည်း သူ့စကားကြောင့် စိတ်လှုပ်ရှားသွားဟန် တူပါ၏။

လောထျန်း ခေါင်းညိတ်ကာ ဘေးဘီသို့ တစ်ချက်ကြည့်လိုက်သည်။

" အရင်ဆုံးတော့ ဒီသားရဲကောင်တွေကို အတွင်းကမ္ဘာငယ်ထဲ ထည့်ကြတာပေါ့ "

သူ ပြောပြောဆိုဆိုပင် အတွင်းကမ္ဘာငယ်အား ဖွင့်လိုက်သည်။

သို့သော် သူ ယခင်လည်း အတွေ့အကြုံ ရှိထားပြီးဖြစ်သဖြင့် ဤတစ်ကြိမ်၌ တစ်လောင်းချင်းစီ လိုက်ကောက်မနေတော့ဘဲ ကောင်းကင်ဘုံလက်ဝါးကို သုံး၍ မြေပြင်တစ်ခုလုံးကို တူးကာ အတွင်းကမ္ဘာထဲ ပစ်ထည့်လိုက်ပါ၏။

အားလုံး ပြီးသွားပြီးနောက်မှ လောထျန်း ခေါင်းညိတ်၍ ဆိုသည်။

" ဒီတိုင်းဆို ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာရဲ့ တပ်ဖွဲ့တွေ အားလုံးနီးပါး ရှင်းသွားပြီနဲ့ တူတယ် ။ လောလောဆယ် ထျန်းယွမ်ကမ္ဘာအတွက် အန္တရာယ်သိပ်မရှိနိုင်တော့ဘူး ။ ဟို နတ်ဆိုးနတ်ဘုရားကြီးကို သွားရှာကြစို့ "

" ကောင်းပါပြီ "

ရှောက်ထျန်းလုံလေးက ကျလာသည့် တံတွေးကိုသုတ်ရင်း ပြောလိုက်သည်။

ထို့နောက်တွင် သူတို့နှစ်ယောက်သား လေထဲပျံတက်ပြီး ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာ အတွင်းပိုင်းသို့ ဦးတည်ပျံသန်းသွားလိုက်ကြ၏။

" လောထျန်း... "

သူတို့ ပျံသန်းနေရင်း ရှောက်ထျန်းလုံလေးက ရုတ်တရက် စကားစသည်။

" ဘာလို့လဲ.. ပြောလေ "

လောထျန်း သူမဘက် လှည့်ကြည့်လိုက်၏။

" ကျွန်မ နာမည်က ဘာလဲ "

ရှောက်ထျန်းလုံလေးက အချိန်အတန်ငယ်ကြာ တိတ်နေပြီးမှ မေးလာသည်။

" ဟင်.. အဲ့ဒါက.. "

လောထျန်းတစ်ယောက် ခဏတာမျှ ဆွံ့အသွားရတော့သည်။

ယခင်က သူမအား ရှောက်ထျန်းလုံလေး ၊ သို့မဟုတ် ကောင်လေးဟုသာ လောထျန်း ခေါ်ခဲ့ပါသည်။

ထိုစဥ်ကမူ ကောင်လေးက သခင်ကြီးထျန်းလုံ၏ မျိုးဆက်တစ်ယောက် ဖြစ်သလို ၊ အထီးဟုလည်း သူ ထင်ခဲ့သောကြောင့် ဘာမှ ကိစ္စမရှိခဲ့ပါ ။

သို့သော်.. ယခု သူမ အသွင်ပြောင်းပြီးနောက်တွင်ကား... ထိုနာမည်နှင့် လိုက်ဖက်ဟန် မတူတော့ပါချေ။

သူ.. သူမကို မည်သည့်နာမည် ပေးရပါမည်နည်း ။

နဂါးကြီး ထျန်းလုံကလည်း မသေခင် နာမည်ကို ပြောမသွားခဲ့ပါ ။

လောထျန်း ခဏတာမျှ ခေါင်းရှုပ်သွားရသည်။

" ဟုတ်သားပဲ... နာမည်ကို မင်းကိုယ်တိုင် ရွေး

လိုက်ပါလား... "

လောထျန်း ပြောလိုက်သည်။

ရှောက်ထျန်းလုံလေးက ခေါင်းညိတ်၏။

" အင်း.. ဒါဆို ကျွန်မဘာသာပဲ ရွေးလိုက်မယ် "

သူမ ထိုသို့ပြောပြီး ပျံသန်းနေရင်း နာမည်ပေါင်းစုံ စဥ်းစားနေလိုက်သည်။

" ကျွန်မက ကောင်းကင်ဘုံနဂါးတစ်ကောင် ဆိုတော့.. မျိုးရိုးနာမည်ကို လုံ ပဲ ယူလိုက်မယ် "

သူမ တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။

ဘေးမှ နားထောင်နေသော လောထျန်းက ခေါင်းညိတ်၏။

အမှန်တကယ်လည်း ထိုသို့သာ ဖြစ်သင့်ပါသည်။

ရှောက်ထျန်းလုံလေး စကားဆက်၏။

" ကျွန်မ အမွေရခဲ့တဲ့ မှတ်ဉာဏ်ထဲကအတိုင်း ဆိုရင်တော့ ကောင်းကင်ဘုံနဂါး မျိုးနွယ်က ဂုဏ်အမောက်ဆုံး မျိုးနွယ်စုပဲတဲ့ "

လောထျန်း ခေါင်းဆက်ညိတ်လိုက်သည်။

အမှန်တွင်လည်း နဂါးမျိုးနွယ်စုက အခြားမှော်သားရဲ မျိုးနွယ်စုများနှင့် ယှဥ်လျှင် ပို၍ ဂုဏ်မြင့်ပြီး...

နဂါးအများစုမှာလည်း မွေးကတည်းက ဉာဏ်ရည်နှင့်အစွမ်း မြင့်မားကြပါ၏။

ထို့ကြောင့်လည်း သူတို့ ဂုဏ်မောက်ကြခြင်းပင် ။

ထိုစဥ် ရှောက်ထျန်းလုံလေးက လောထျန်းဘက် ရုတ်တရက်လှည့်ကြည့်ကာ ပြောသည်။

" ကျွန်မရဲ့နာမည်ကို အကိုကြီးနဲ့လဲ တစ်နည်းနည်း ဆက်နွယ်နေစေချင်သေးတယ် ။ အဲ့တော့.. မျိုးရိုးနာမည်က လုံ ၊ ပြီးရင် ဂုဏ်မောက်တယ်.. လောထျန်း... သိပြီ... လုံအောင်ထျန်းလို့ ပေးလိုက်မယ် "

အွတ်...

လောထျန်း အန်မိတော့မလိုပင် ဖြစ်သွား၏။

ဘာတဲ့... လုံအောင်ထျန်း တဲ့လား..

ဒါ မိန်းကလေး နာမည်လား..

၎င်းမှာ ပုံမှန် နာမည် မဟုတ်ပါချေ...

" မခေါ်နဲ့.. ပြောင်းလိုက် "

လောထျန်း မျက်နှာမဲ့ပြီး ပြောလိုက်သည်။

" ဟင်.. ဘာဖြစ်လို့လဲ ၊ ဒီနာမည်က အဲ့လောက်ကောင်းတာကို "

ရှောက်ထျန်းလုံလေး မကျေမနပ်ဟန် ဖြစ်သွားသည်။

လောထျန်းက အံကြိတ်ကာ ပြန်ပြော၏။

" ငါက ပြောင်းလိုက်ဆို ပြောင်းလိုက်ပေါ့ဟာ "

ရှောက်ထျန်းလုံလေးကလည်း မကျေနပ်သည့် မျက်နှာဖြင့် ပြန်ရန်တွေ့သည်။

" တခြားဘာမှ စဥ်းစားလို့ မရတော့ဘူး ။ အကိုကြီးပဲ ရွေးလိုက်တော့ "

လောထျန်းမှာလည်း ထိုစကားကြောင့် ဘေးကျပ်နံကျပ် ဖြစ်သွားရ၏။

ထိုစဥ် သူ ရုတ်တရက် အောက်သို့ ငုံ့ကြည့်လိုက်ရာ တောင်တန်းနှင့် မြစ်များကို ဖြတ်၍ လေပြေညင်းတစ်ချက် တိုက်ခတ်နေသည်ကို မြင်လိုက်ရသည်။

ရုတ်တရက် သူ့ခေါင်းထဲ အတွေးတစ်ခု ဝင်လာကာ လောထျန်း ပြောလိုက်သည်။

" မင်းကို လုံယီရွှယ်လို့ ခေါ်လိုက်မယ်.. ဘယ်လိုလဲ "

ရှောက်ထျန်းလုံလေးက မျက်မှောင်ကြီးကြုံ့၍ ပြော၏။

" ကျွန်မကတော့ လုံအောင်ထျန်း က ပိုကောင်းတယ်လို့ ထင်.... "

လောထျန်း နှုတ်ခမ်းမဲ့သွားကာ သူမ စကားမဆုံးခင် ဖြတ်ပြောလိုက်သည်။

" မရဘူး.. ငါ့ စကားကို နားထောင်ပြီး လုံယီရွှယ် လို့ပဲ ခေါ်လိုက် "

သူ့စကားကြောင့် တဖက်လူ မည်သို့မှ မတတ်နိုင်ဘဲ

မျက်နှာစူပုတ်၍သာ လက်ခံလိုက်ရ၏။

" ကောင်းပါပြီ.. ၊ ဒါဆိုလဲ လုံယီရွှယ်ပဲ ခေါ်ကြတာပေါ့ "

လောထျန်း ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

ထိုစဥ်မှာပင်... လောထျန်း တစ်ခုကို အာရုံခံမိလိုက်ပါ၏။

" ဟင်.. ဟိုဘက်နားလေးကနေ အစွမ်းထက် အရောင်အဝါတစ်ခု လာနေသလိုပဲ "

သူ ထိုသို့ပြောပြီး လုံယီရွှယ်ကို ခေါ်ကာ ထိုနေရာဘက် ပျံသန်းသွားလိုက်သည်။

တဖက်တွင်ကား... ဧရာမ နတ်ဆိုးကြီးတစ်ကောင်က မျက်လုံးများ ဖြည်းငြင်းစွာ ဖွင့်လာ၏။

" ဟား ဟား... နှစ်သုံးထောင်လောက် ကြိုးကြိုးစားစား ကျင့်ကြံပြီးနောက်မှာတော့ ငါ့ရဲ့ ကျင့်ကြံခြင်းက ပိုအဆင့်မြင့်သွားခဲ့ပြီ ။ အခုဆို ဒီကမ္ဘာကြီးမှာ ငါ့အတွက် နေရာကောင်းကောင်းကြီး ရှိသွားပြီ "

နတ်ဆိုးကြီးက ကျေနပ်ပြုံးဖြင့် ဆိုလိုက်သည်။

သို့သော်.. ထိုစဥ်မှာပင် သူ့မျက်နှာထက်မှ အပြုံးက ရုတ်ချည်း ပြန်ပျောက်ကွယ်သွားရ၏။

" ဒီအရောင်အဝါက.. ဘာတွေ ဖြစ်နေတာလဲ "

အစွမ်းထက် အရောင်အဝါနှစ်ခု သူ့ဆီ ရောက်လာသည်ကို သူ အာရုံခံမိလိုက်၏။

ထိုတဏ၌ သူ လွန်စွာ ကြောက်ရွံ့သွားကာ လှုပ်ပင် မလှုပ်ရဲတော့ပေ။

ဝုန်း...

ထိုစဥ်မှာပင် လောထျန်းနှင့် လုံယီရွှယ်တို့ နှစ်ယောက်သား သူ့ရှေ့ ရောက်လာကြသည်။

" မင်းတို့က.. ဘယ်သူတွေလဲ "

နတ်ဆိုးကြီးမှာ သူ့ရှေ့မှ နှစ်ယောက်ကိုကြည့်ရင်း နှလုံး ပေါက်ထွက်တော့မလိုပင် ခံစားလိုက်ရ၏။

ထိုနှစ်ယောက်၏ အပေါ်ယံ အသွင်ပြင်ကို ကြည့်ရ

သည်မှာ သူ့ထက် အစွမ်းပိုနိမ့်ဟန် တူသော်လည်း...

သူတို့၏ အမြန်နှုန်းကို ကြည့်ပါက ထိုနှစ်ယောက်လုံးမှာ ထိပ်တန်းအဆင့် အစွမ်းထက်ကျင့်ကြံသူများဖြစ်ကြောင်း သေချာပါသည်။

" ဟင်.. နတ်ဆိုးဘုရင်အဆင့် သားရဲပါလား ။ ငါ့မှာတော့ နတ်ဆိုးသူတော်စင်အဆင့် မှတ်လို့ "

လောထျန်းက နတ်ဆိုးသားရဲအား တစ်ချက်ကြည့်ပြီး စိတ်ပျက်လက်ပျက် ဆိုသည်။

သူ့ဘေးမှ လုံယီရွှယ်ကလည်း အထင်သေးသည့် မျက်နှာကြီး ဖြစ်နေ၏။

သူမသည် နတ်ဆိုးသူတော်စင်များ၏ အမြုတေများစွာကို ဝါးမြိုထားခဲ့သူဖြစ်ရာ နတ်ဆိုးဘုရင်အဆင့်အား အထင်သေးသည်မှာ မဆန်းလှပါ ။

ပုံမှန်ဆိုလျှင်.. နတ်ဆိုးဘုရင်ကြီးမှာ တစ်ယောက်ယောက်က သူ့အား ထိုသို့ အထင်သေးအကြည့်ဖြင့် ကြည့်လာလျှင် ဒေါသပေါက်ကွဲမိမည် မလွဲပေ ။

သို့သော်.. လက်ရှိတွင်ကား သူ့ရှေ့မှ နှစ်ယောက်၏ မျက်နှာထားကိုကြည့်ရင်း ကံကောင်းသည်ဟုသာ တွေးမိနေပါ၏။

" သခင်လေးတို့ နှစ်ယောက်က... အပေါ်ကမ္ဘာက မသေမျိုးသခင်ကြီး လွှတ်လိုက်တဲ့သူတွေလား "

သူ တွန့်ဆုတ်စွာ မေးလိုက်သည်။

ဤမျှ ကြောက်စရာကောင်းသည့် အစွမ်းမျိုးရှိသူမှာ အပေါ်ကမ္ဘာမှ လူသာ ဖြစ်နိုင်သည်ဟုလည်း သူ တွေးမိပါ၏။

သို့သော်.. လောထျန်းက သူ့မေးခွန်းကို ပြန်မဖြေပါချေ။

" ငါ မင်းကို မေးဦးမယ် ။ မင်းတို့ ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာက နတ်ဆိုးသူတော်စင်တွေနဲ့ နတ်ဆိုးနတ်ဘုရားကြီးက ဘယ်မှာ နေတာလဲ "

လောထျန်း အေးစက်စက်အသံဖြင့် မေးလိုက်သည်။

" နတ်ဆိုးနတ်ဘုရားကြီး နဲ့ နတ်ဆိုးသူတော်စင်

တွေ... "

တဖက်မှ နတ်ဆိုးဘုရင်မှာ ထိုစကားကို ကြားသည်နှင့် ချက်ချင်း လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။

ထိုသူသာ အပေါ်ကမ္ဘာမှ ဆိုလျှင် နတ်ဆိုးနတ်ဘုရားကြီးနှင့် နတ်ဆိုးသူတော်စင်တို့၏ နေရာကို မသိစရာ အကြောင်းမရှိပါ ။

သို့သော်.. သူ ထိုသို့ တွန့်ဆုတ်နေသည်ကို လောထျန်းက ဘယ်လိုမှ မနေသည့်တိုင်.. ဘေးမှ လုံယီရွှယ်ကမူ စိတ်ရှည်တော့ဟန် မတူပေ ။

ဝုန်း..

သူမကိုယ်မှ လူသတ်အရိပ်အငွေ့တစ်ခု ရုတ်ချည်း ပေါက်ထွက်လာကာ နတ်ဆိုးဘုရင်အား လွှမ်းခြုံလာ၏။

ထိုအဖြစ်ကြောင့် နတ်ဆိုးဘုရင်ကြီး ပါးစပ်အဟောင်းသား ဖြစ်သွားရကာ မြန်မြန်ပြန်ပြောလိုက်သည်။

" သခင်ကြီးတို့... နတ်ဆိုးနတ်ဘုရားကြီး ဘယ်မှာနေ

တယ်ဆိုတာ ကျုပ် သိပါတယ် ။ ဒါပေမယ့်.. နတ်ဆိုးသူတော်စင်တွေက.. သခင်ကြီးတို့ ဘယ်နတ်ဆိုးသူတော်စင်ကို ရှာတာလဲ ပြောပေးလို့ရမလားဗျာ "

သူတို့ ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာတွင် နတ်ဆိုးသူတော်စင်မဖြစ် အသိမှတ်ပြု ခံထားရသည့် နတ်ဆိုးကြီး ကိုးယောက် ရှိပါသည်။

အမှန်တွင်မူ.. နတ်ဆိုးဘုရင်ကြီးမှာ လောထျန်းတို့နှစ်ယောက်အား နတ်ဆိုးသူတော်စင်များ အကြောင်းကို ဟိုဟိုဒီဒီပြောပြီး အရူးလုပ်ရန် တွေးထားပါ၏။

သို့သော်.. ထိုစဥ်.. ထင်မထားစွာပင် လုံယီရွှယ်၏ အရောင်အဝါက ရုတ်ချည်း တိုးလာသည်။

ဝီ... ဝီ... ဝီ...

သူမ၏ အနောက်ဘက်တွင် အရိပ်ကြီး ရှစ်ခု တမဟုတ်ချင်း စုစည်းလာ၏။

တဖက်မှ နတ်ဆိုးဘုရင်ကြီးမှာ ထိုအရိပ်များကို ကြ

ည့်ပြီး ကြောက်ရွံ့လွန်း၍ နောက်သို့ ခြေလှမ်းဆယ်လှမ်းကျော်ခန်​့ ဒယိမ်းဒယိုင် ဆုတ်သွားသည်။

" မဟူရာ နတ်ဆိုးသူတော်စင်... ၊ ရွှေကင်းခြေများ နတ်ဆိုးသူတော်စင် ၊ မြစိမ်း နတ်ဆိုးသူတော်စင် ..... ဒါ.. ဘယ်လိုဖြစ်နိုင်မှာလဲ "

သူ့မျက်လုံးထဲတွင်လည်း တုန်လှုပ်မှုတို့ အပြည့်...

ထို အရိပ်ကြီး ရှစ်ခုမှာ.. သူတို့ ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာမှ နတ်ဆိုးသူတော်စင်ကြီး ရှစ်ယောက်တို့၏ အရိပ်များပင်....

All Chapters