နတ်ဆိုး ဧကရာဇ် ကျရှုံးခန်း
Vol. 32 Ch. 444
လောထျန်း၏ လက်သီးချက်မှာ ကမ္ဘာမြေကြီးကိုပင် ဖျက်ဆီးတော့ မယောင်..
ထိုလက်သီးချက်က အချိန်နဲ့ နေရာကိုပါ လှည့်ပစ်နိုင်ပြီး ရှေးယခင်ခေတ်မှ နောင် အဆုံးမဲ့သော အနာဂါတ်အထိပါ ဖြတ်ကျော်သွားမည့်ပုံလည်း တူနေပါသည်။
နတ်ဆိုးဧကရာဇ်ကြီးမှာ သူ့ဆီသို့ ဦးတည်လာနေသည့် ထိုလက်သီးချက်ကို ကြည့်ကာ ထွက်ပြေးချင်သွား၏။
သို့သော်.. သူ ထွက်ပြေး၍လည်း မရပါ။
သူ မျက်လုံးပြူးပြီး လောထျန်းအား ထပ်ကြည့်လိုက်ရင်း အလွန်ဆဲရေးချင်စိတ် ပေါက်သွားတော့သည်။
ထိုကောင်လေးက ရူးနေသည်လား...
သူ့အစွမ်းက ဤမျှ ကြောက်စရာ ကောင်းနေသည်ကို အစောက ကြောက်ရွံ့နေပုံ အဘယ့်ကြောင့် ပြခဲ့ရ
ပါသနည်း။
အကယ်၍ ထိုကောင်လေးသာ ဤမျှအစွမ်းထက်ကြောင်း သူ ကြိုသိခဲ့ပါက သူ့အား အသေရိုက်သတ်လာလျှင်ပင် သူ ပြန်ပြီး တိုက်ခိုက်မိမည် မဟုတ်ပါချေ။
ထို့နောက်တွင်မူ သူ လွေ့နန်ဘက် လှည့်ကြည့်လိုက်သည်။
သူ့ရင်ထဲ၌ မုန်းတီး နာကြည်းမှုတို့ဖြင့် ပြည့်သွားပါ၏။
ထိုကောင်က သူ့အတွက် ယဇ်ပူဇော်ရမည့် သူတစ်ယောက် ခေါ်လာပေးသည်ဟု ပြောခဲ့သည် မဟုတ်ပါလား..
ယခု မည်သူက မည်သူ့ကို ယဇ်ပူဇော်တော့မည်နည်း။
သူသည် ဟိုး ရှေးယခင်ကတည်းက အလွန်အစွမ်းထက်သည့် နတ်ဆိုးဧကရာဇ်ကြီးတစ်ပါး ဖြစ်ပါသည်။
ဤထျန်းယွမ်ကမ္ဘာတွင် မဆိုထားဘိ ၊ အပေါ်အဆင့်မှ ကမ္ဘာတွင်ပင် သူ့အား အနိုင်ယူနိုင်သူ များစွာ မရှိလှပါ။
ထို့ကြောင့်လည်း သူ ချုံခို အလစ်တိုက်ခြင်းကို ခံရကာ ချုပ်နှောင်ခံခဲ့ရခြင်း ဖြစ်ပါသည်။
သူ ထိုအချုပ်အနှောင်မှ လွတ်မြောက်ဖို့ ကြိုးစားနေသည်မှာလည်း နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြာခဲ့ပြီ ဖြစ်ပြီး ယခုမှသာ လွတ်မြောက်သွားခဲ့ရခြင်းပင်။
သို့သော်.. ယခုလို ဘီလူးမျိုးနှင့် ထပ်ကြုံရပြန်လေပြီ....
သူ့ဘဝက အဘယ့်ကြောင့် ဤမျှ ဆိုးရွားနေရပါသနည်း။
သူ့မျက်လုံးထဲတွင်လည်း သူ့ဘဝတစ်လျှောက် ကြုံခဲ့ရသည့် အဖြစ်အပျက်များ ပြန်မြင်ယောင်လာသည်။
သူ ပြန်အသိဝင်လာသည့် အချိန်တွင်မူ... လောထျန်း၏ လက်သီးချက်က သူ့ဆီသို့ပင် ရောက်နေခဲ့လေပြီ။
" မအေ $#@!@### "
နတ်ဆိုး ၏ကရာဇ်ကြီး ဒေါသတကြီး ဆဲရေးလိုက်သည်။
ထို့နောက်တွင်ကား...
ဘုန်း...
လက်သီးကြီးက သူ့ကိုယ်ပေါ် ကျလာကာ .. အရာအားလုံး ပျောက်ကွယ်သွားတော့သည်။
အစအနလေးပင် မကျန်ခဲ့တော့ပါ...
ဝူး....
အနီးနားတွင် ရှိနေကြသော သားရဲများမှာလည်း နတ်ဆိုးဧကရာဇ်ကြီး သေသွားသည်ကို မြင်သည်နှင့်
အသက်မဲ့နေသော မျက်လုံးများ ဖြစ်သွားကြ၏။
ထို့နောက်တွင်မူ ၎င်းတို့၏ ခန္ဓာကိုယ်များ တွန့်လိမ်ကောက်ကွေးကာ မိစ္ဆာအစွမ်းအဖြစ် ပြောင်းသွားပြီး ကောင်းကင်နှင့် မြေကြီးကြား ဝင်ရောက် ပျောက်ကွယ်သွားကြတော့သည်။
" ဘယ်လိုဖြစ်ပြီး... ဒီကောင်ကြီးတွေက... "
အားလုံးမှာလည်း ပျောက်ကွယ်သွားသည့် သားရဲများကို ကြည့်ကာ အံ့သြမှင်သက်ကုန်ကြ၏။
မည်သို့ ဖြစ်ပျက်နေသည်ကို သူတို့ နားမလည်နိုင်ကြတော့ပါ။
ထိုစဥ် လောထျန်း၏ လက်သီးချက်ကမူ နတ်ဆိုးဧကရာဇ်ကြီးကို ဖျက်ဆီးပစ်လိုက်ပြီးနောက် ကောင်းကင်ယံသို့ ဆက်တိုးဝင်သွား၏။
ထိုတခဏ၌ ကမ္ဘာကြီးတစ်ခုလုံး ပြိုကျပျက်စီးသွားတော့မလိုပါပင်။
ဤသို့ဖြင့် အချိန်အတန်ကြာသွားပြီးမှသာ အရာအားလုံး ပြန်တည်ငြိမ်သွားတော့သည်။
ထိုအချိန်မှသာ အားလုံး စိတ်သက်သာရာ ရကာ သက်ပြင်းကိုယ်စီ ချလိုက်ကြပြီး လောထျန်းအား အံ့သြ တုန်လှုပ်စွာ ကြည့်လိုက်ကြ၏။
" ဒီလူက.. သူ ဘယ်လောက်အစွမ်းထက်တယ် ဆိုတာကို ငါ သိနေပြီလို့ ထင်ခဲ့တာ။ ဒါပေမယ့် .. ငါထင်ထားတာထက် အများကြီး ပိုပြီး အစွမ်းထက်နေတာပဲ "
မှောင်ရိပ်ထဲမှ နတ်ဘုရားသားရဲက မြွေဖြူအား တုန်ယင်နေသည့် အသံဖြင့် ပြောလိုက်သည်။
မြွေဖြူကလည်း တံတွေးကို ခက်ခက်ခဲခဲ မြိုချကာ တီးတိုးပြန်ပြော၏။
" အဲ့ကောင်ရဲ့ အစွမ်းက ယွမ်လင် နတ်ဆိုးသခင်ကြီး ထက် သာတယ်။ သူက ကမ္ဘာပေါ်က မသေမျိုးတွေထက်တောင် ပိုအစွမ်းထက်တယ်ကွ "
" ကမ္ဘာပေါ်က မသေမျိုးတွေထက် သာတာ ဆိုတော့... အပေါ်ကမ္ဘာကများ လာခဲ့တာလား... "
မှောင်ရိပ်ထဲမှ သားရဲက ပြန်မေးလိုက်သည်။
မြွေဖြူက ခေါင်းယမ်း၍ ပြော၏။
" အဲ့ဒါတော့ ငါလဲ မသိဘူး။ ဒါပေမယ့် သူက မြောက်ပိုင်းဒေသကလို့ ပြောတယ်။ ပြီးတော့.. သူ စောနက ပြောသွားတဲ့ စကားတွေအရ ဆိုရင်လဲ.. သူက တကယ်ကို ငါတို့ ထျန်းယွမ်ကမ္ဘာကပဲ "
" ထျန်းယွမ်ကမ္ဘာမှာ အဲ့လောက် အစွမ်းထက်တဲ့သူ ရှိတယ်လား "
မှောင်ရိပ်ထဲမှ သားရဲကြီးက တအံ့တသြ ပြောလိုက်သည်။
မြွေဖြူ မျက်မှောင်အနည်းငယ် ကြုံ့၍ ပြန်ပြော၏။
" ငါတို့ မျိုးနွယ်စုထဲမှာ နာမည်ကြီးနေတဲ့ ကောလဟာလတစ်ခု ရှိတယ်ကွ။ သူတို့ ပြောတာတော့ ဟိုးအရင်တုန်းက ထျန်းယွမ်ကမ္ဘာရဲ့ အစွမ်းက အပေါ်အဆင့်က ကမ္ဘာထက် အစွမ်းမနိမ့်ဘူးတဲ့။ ဒါပေမယ့် ကမ္ဘာပျက်ကိန်း တစ်ခုနဲ့ ကြုံပြီးတဲ့ နောက်မှာတော့ အစွမ်းထက်တဲ့ အင်အားကြီး မိသားစုတွေနဲ့ ပြိုင်ဘက်ကင်း ကျင့်ကြံသူ သခင်ကြီးတချို့ ပျောက်သွားကြတယ်လို့ ပြောတယ်။ ဒီ လောထျန်းက အဲ့ပျောက်သွားတဲ့ထဲက ပြိုင်ဘက်ကင်း ကျင့်ကြံသူ
တစ်ယောက်ယောက်ရဲ့ မျိုးဆက် ဖြစ်နိုင်လား.. "
" ဘယ်လို.. အဲ့လို အဖြစ်မျိုးတွေ ရှိခဲ့ဖူးတယ်လား။ ဒီကိစ္စက သမိုင်းစာအုပ်တွေထဲမှာတောင် မှတ်တမ်း မရှိထားဘူးလေ။ မင်းပြောတဲ့ သတင်းက ယုံရလို့လားကွာ "
မှောင်ရိပ်ထဲမှ သားရဲက ပြောလိုက်သည်။
မြွေဖြူက ခေါင်း ညိတ်ပြ၏။
" ဒီအဖြစ်က သမိုင်းစာအုပ်တွေ ထဲမှာတောင် ဘာမှတ်တမ်းမှ မရှိတာ မှန်တယ် ။ ဒါပေမယ့် ငါပြောတဲ့ သတင်းက တကယ် ယုံကြည်ရတဲ့ သတင်းပဲ "
" ဘာလို့ အဲ့လောက် ယုံကြည်မှုအပြည့် ဖြစ်နေရတာလဲ "
အရိပ်မည်းသားရဲကြီးက အံ့အားသင့်နေဟန်ဖြင့် ပြန်မေးလာသည်။
မြွေဖြူက ပြန်ပြော၏။
" ဘာလို့လဲဆိုတော့ ဒီကိစ္စကို ငါတို့မျိုးနွယ်စုမှာ ဘိုးဘေးစဥ်ဆက် လက်ဆင့်ကမ်းလာတဲ့ အမွေအနှစ် မှတ်ဉာဏ်တွေကနေ တစ်ဆင့် သိခဲ့ရတာမို့ပဲ။ ဒီကိစ္စ ဖြစ်သွားခဲ့တာ အင်မတန်ကြာနေပြီး အသေးစိတ် အချက်အလက်တွေလဲ သိပ်မရှိဘူး ဆိုပေမယ့် တကယ်ကြီးတော့ ဖြစ်သွားခဲ့တာ "
အရိပ်မည်း သားရဲကြီးမှာ အံ့အားသင့်ကာ မယုံနိုင် ဖြစ်သွားရပါသည်။
မြွေဖြူ မျိုးနွယ်စု၏ အမွေအနှစ် မှတ်ဉာဏ်သည် ထူးခြားသော အမွေအနှစ်တစ်ခု ဖြစ်သည်ကို သူ သိထားပြီး ဖြစ်ပါ၏။
ထိုသို့ မျိုးရိုးစဥ်ဆက် လက်ဆင့်ကမ်းလာသည့် သတင်းမှာ ပါးစပ်ပြောသတင်း တစ်ခုသက်သက် မဟုတ်သည့်အတွက် အမှန်ဆုံးလည်း ဖြစ်ပါသည်။
" အဲ့လို ဆိုရင်တော့... ကောင်းကင်ဘုံ ပျက်စီးခြင်း ၉ ခုက ငါတို့ ထျန်းယွမ်ကမ္ဘာအတွက် အဆုံးသတ် မဟုတ်သေးဘူးနဲ့ တူတယ် "
အရိပ်မည်း သားရဲကြီးက ပြောလိုက်သည်။
မြွေဖြူကလည်း ခေါင်းညိတ်၍ ပြန်ပြော၏။
" အမှန်ပဲကွ.. "
" ဒါဆို.. ငါတို့ ယွမ်လင်နတ်ဆိုးသခင်ကြီးရဲ့ နောက်လိုက် လုပ်ဖို့ လိုပါဦးမလား "
အရိပ်မည်း သားရဲကြီးက ဆက်မေးလိုက်သည်။
မြွေဖြူက ခေတ္တမျှ စဥ်းစားနေပြီးမှ သက်ပြင်းချ၏။
" နောက်ဆုံး.. ဘယ်လိုမှ မတတ်နိုင်တော့တဲ့ အချိန်ကလွဲလို့ ကိုယ့်ရဲ့ မွေးရပ်မြေကို ဘယ်သူမှ ပြန်သစ္စာမဖောက်ချင်ပါဘူးကွာ။ အရင်တုန်းကတော့ ကောင်းကင်ဘုံ ပျက်စီးခြင်း ၉ ခုကို အာခံတာနဲ့ သေချာပေါက် သေရမယ်ဆိုတာ သိလို့ ၊ ငါ ယွမ်လင်နတ်ဆိုးသခင်ကြီးနောက်ကို စိတ်မပါဘဲ လိုက်ခဲ့တာ။ ဒါပေမယ့်.. အခုတော့... ငါ သူ့ရဲ့ နောက်လိုက် မလုပ်ချင်တော့ဘူး "
အရိပ်မည်း သားရဲကြီးကလည်း မျက်မှောင်အနည်းငယ် ကြုံ့ရင်း ပြန်ပြောသည်။
" ငါလဲ အတွေး တူတူပဲကွ။ ဒီတစ်ခေါက် ပြန်ရောက်တာနဲ့ ငါ့ရဲ့ မျိုးဆက်တွေကို တောင်ပိုင်းဒေသကနေ ခေါ်ထုတ်ပြီးတော့ လောထျန်းရဲ့ အဖွဲ့ထဲပဲ ဝင်တော့မယ် "မြွေဖြူ ခေါင်းညိတ်လိုက်သည်။
" ကောင်းတယ် ၊ ဒါဆို မင်းနဲ့ငါ အတူတူ သွားကြတာပေါ့ကွာ "
သူတို့ နှစ်ဦး ထိုသို့ ပြောနေရင်းပင် ဆုံးဖြတ်ချက် ချလိုက်ကြပါ၏။
ထိုစဥ် တဖက်မှ လောထျန်းမှာ.. လက်သီးဖြင့် ထိုးပြီးနောက် စိုးရိမ်မကင်းဟန်ဖြင့် ဘေးဘီသို့ ဝေ့ဝဲကြည့်လိုက်သည်။
" နတ်ဆိုးဧကရာဇ်ကြီး ၊ ဘာလုပ်နေတာလဲ ။ ထွက်လာခဲ့လေ "
သူ လေသံမာမာဖြင့် အော်လိုက်သည်။
သို့သော် မည်သည့် တုန့်ပြန်သံမှ ပြန်မကြားရပါ...
" ဒီ နတ်ဆိုးဧကရာဇ်ကြီးရဲ့ ပုန်းတဲ့အစွမ်းက အဲ့လောက်ကောင်းတာလား "
လောထျန်း အံ့အားသင့်သွားရပြန်၏။
သို့သော် နတ်ဆိုးဧကရာဇ်ကြီးထံမှ မည်သို့သော လှုပ်ရှားမှုမျိုးမှ ထပ်ပေါ်မလာပါ...
ထိုစဥ်တွင် လူတစ်ယောက်က လက်မြှောက်ပြီး အော်ပြောလာသည်။
" သခင်လေး လောထျန်း... "
" ဟင်.. "
လောထျန်း အသံလာရာဘက် လှမ်းကြည့်လိုက်ရာ လျှို့ဝှက်ဂိုဏ်းတစ်ခုမှ အကြီးအကဲ တစ်ယောက်က သူ့အား ပြောနေသည်ကို တွေ့လိုက်ရသည်။
" ဘာဖြစ်လို့လဲဗျ ၊ နတ်ဆိုးဧကရာဇ်ကြီးရဲ့ အရောင်အဝါကို ခံစားမိလိုက်လို့လား "
လောထျန်း စိုးရိမ်တကြီး မေးလိုက်သည်။
အကြီးအကဲက ရှက်သွားဟန်ဖြင့် ပြန်ပြော၏။
" မဟုတ်ပါဘူးဗျာ ။ ဟို.. နတ်ဆိုးဧကရာဇ် ဆိုတဲ့ ကောင်ကြီးက သခင်လေးရဲ့ လက်ချက်နဲ့ သေသွားတဲ့ပုံပဲ လို့ ပြောမလို့ပါ "
သူ ပြောနေရင်း အသံက ပိုပို တိမ်ဝင်သွားပြီး.. နောက်ဆုံးနားလေး၌ မကြားရသလောက် နီးပါးပင်
ဖြစ်သွား၏။
လောထျန်း မျက်လုံးပြူးသွားရသည်။
" ခင်ဗျား.. ဘာတွေ ပြောနေတာလဲ "
သူ တအံ့တသြ ပြန်မေးလိုက်၏။
အလွန်အစွမ်းထက်သော နတ်ဆိုးဧကရာဇ်ကြီးက သူ့ကြောင့် သေသွားခဲ့ရသတဲ့လား။
" အမှန်ပဲဗျ.. ကျုပ်လဲ တွေ့လိုက်တယ်။ နတ်ဆိုးဧကရာဇ်ကြီးက သခင်လေးရဲ့ လက်သီးကြောင့် ပုံပြောင်းသွားခဲ့တာ.. "
အခြားတစ်ယောက်ကလည်း ဝင်ပြောလာသည်။
" ဟင်.. "
လောထျန်း ပို၍ အံ့အားသင့်သွားရပါ၏။
ထို့နောက် ပန်းလင်ဘက် ဖြည်းဖြည်းချင်း လှည့်ကြည့်၍ ပြောလိုက်သည်။
" ပန်းလင် ၊ ခင်ဗျားပြောတော့ နတ်ဆိုးဧကရာဇ်ကြီးက အင်မတန် အစွမ်းထက်တာဆို "
ထိုအချိန်တွင် ပန်းလင်မှာလည်း နားမလည်နိုင်သည့် မျက်နှာဖြင့် ဖြစ်နေပါ၏။
သူမသည်လည်း လောထျန်း၏ လက်သီးချက်အစွမ်းကြောင့် အံ့သြတုန်လှုပ်နေရသည်မှာ ယုံမှားဖွယ် မရှိချေ။
လောထျန်းက မေးခွန်းထုတ်လာမှသာ သူမ အသိပြန်ဝင်လာ၏။
" ဟုတ်တယ်... နတ်ဆိုးဧကရာဇ်ကြီးက တကယ်လဲ အင်မတန်ကို အစွမ်းထက်တယ်.. "
ပန်းလင် ခေါင်းညိတ်ပြလိုက်သည်။
လောထျန်း မျက်မှောင်ကြုံ့သွားပြီး ထပ်ပြော၏။
" ဒါဆို အဲ့လောက်အစွမ်းထက်တဲ့ နတ်ဆိုးဧကရာဇ်ကြီးက သူတို့တွေ ပြောသလို လက်သီးချက် တစ်ချက်တည်းနဲ့ အသတ်ခံလိုက်ရတာလား။ အဲ့ဒါကြီးက ဖြစ်နိုင်ပါ့မလား "
ပန်းလင် နှုတ်ခမ်း မဲ့သွားသည်။
" ဒါပေါ့ ၊ ဖြစ်နိုင်တာပေါ့ "
" ဟင်.. အဲ့ဒါ ဘာအဓိပ္ပါယ်လဲဗျ ။ သူက အစွမ်းထက်တာလား.. မထက်ဘူးလား။ တကယ်လို့သာ အစွမ်းထက်တယ် ဆိုရင် အဲ့လောက်လွယ်လွယ်လေးနဲ့တော့ မသေနိုင်ဘူးလေ "
လောထျန်းက မျက်မှောင်ကြုံ့နေရင်း ထပ်မေးလိုက်သည်။
ထိုမေးခွန်းကို ကြားသောအခါ.. ပန်းလင်မှာ လောထျန်းမျက်နှာအား တံတွေးဖြင့် ထွေးချင်စိတ်ပင် ပေါက်သွားပါ၏။
သူမ စိတ်ထိန်းကာ လက်ပိုက်၍ ပြန်ပြောလိုက်သည်။
" အဲ့ဒီ နတ်ဆိုးဧကရာဇ်ကြီးက တကယ်လဲ အစွမ်းထက်တယ်။ ဒါပေမယ့် သခင်လေးက ပိုအစွမ်းထက်နေမယ်လို့ ကျွန်မ မထင်ထားခဲ့ဘူးလေ "
လောထျန်းသည် စစချင်း အံ့အားသင့်နေပြီး နောက်မှသာ အခြေအနေကို နားလည်သွားဟန် တူ၏။
သူ နားလည်မှု လွဲသွားခဲ့ဟန်ပင်...
ပန်းလင်ပြောသော အစွမ်းထက်သည် ဆိုသည့် ပမာဏနှင့် သူ ယူဆထားသည့် အစွမ်းထက်သည် ဆိုသော ပမာဏက ကွဲနေခဲ့ခြင်းပါပင် ။
" ခဏလေး နေပါဦး ၊ အဲ့ဒီ နတ်ဆိုးဧကရာဇ်ကြီးက မိစ္ဆာဝိဥာဥ်တစ်ကောင် မဟုတ်လား။ ခုနက ကျုပ် စိတ်ဝိဥာဥ်အစွမ်းကို ထုတ်မသုံးခဲ့ဘူးဆိုတော့.. သူ့ကို သတ်လို့ မရသင့်ဘူး မဟုတ်လား "
လောထျန်း မျက်မှောင်ကြုံ့၍ ထပ်မေးလိုက်သည်။