← Chapters

Chapter 1037 Overall Enhancement

Vol. 71 Ch. 1037

Chapter 1037 Overall Enhancement

Vol. 71 Ch. 1037

“မင်း ဒါကို အရင်က မြင်ဖူးတယ် ဟုတ်လား”

လောထျန်း အံ့အားသင့်စွာ မေးလိုက်သည်။

မူလဝိညာဉ်ကလေးက ငိုသံပါကြီးဖြင့် ပြန်ပြော၏။

“ဟုတ်ပါတယ်... လက်စသတ်တော့ ဒီအရှုပ်အထွေး နတ်ဘုရားမြို့တော်ထဲမှာ ဒီကျောက်ပြားနဲ့ အမျိုးအစားတူတဲ့ ကျောက်ပြားတစ်ခု ရှိနေတာပဲ။ သခင်လေးဆီက ကျောက်ပြားအစစ်ထက်တော့ သေးပေမဲ့ ဒီအရှုပ်အ‌ထွေး နတ်ဘုရားမြို့တော်ရဲ့ သခင်ကြီး ချန်ထားခဲ့တဲ့ အရာတစ်ခုပေါ့။”

“ပြီးတော့ ဒီအက်ကြောင်းကို ကြည့်ရတာ ဒီအပိုင်းလေးက ကျောက်ပြားကနေ ကွဲထွက်သွားတာပဲ ဖြစ်ရမယ်။ ဒီနှစ်ခုကို ပေါင်းလိုက်မှသာ ပြည့်စုံတဲ့ ကျောက်ပြားတစ်ခု ရမယ်ထင်တယ်”

“ဒါပေမဲ့ ကျုပ် အဲ့ဒီကျောက်ပြားကို သိပ်ပြီး ဂရုမစိုက်ခဲ့မိဘူး။ ရှေးဟောင်းပစ္စည်းတစ်ခုမို့လို့ မြို့တော်သခင်ကြီးရဲ့ အရောင်အဝါတွေ စိမ့်ဝင်နေလို့ အခုထိ ရှိနေတာလို့ပဲ ထင်ခဲ့တာ”

“အဲ့ဒီနောက်မှာတော့ အရှုပ်အထွေး မသေမျိုးဧကရာဇ်က နတ်ဘုရားတောအုပ်ရဲ့ အဝင်ဝကို ချုပ်နှောင်ဖို့အတွက် အဲ့ဒီကျောက်ပြားအသေးလေးကို ယူသွားတဲ့အခါမှာလည်း ကျုပ် မတားခဲ့မိဘူး။ ဒီတိုင်း သာမန်ကျောက်ပြားတစ်ခုလို့ပဲ ထင်ခဲ့တာ!”

“ဒါပေမဲ့ အဲ့ဒီဟာက တကယ်တမ်းမှာ ‘မဟာပြောင်းလဲခြင်း ကျောက်စာတိုင်’ ဖြစ်နေလိမ့်မယ်လို့ ဘယ်သူ သိမှာလဲ!”

“ဘုရားရေ... ဒီကျောက်စာတိုင်က ကျုပ်ဘေးနားမှာတင် ရှိနေခဲ့တာပဲ။ နှစ်ပေါင်း ကုဋေကုဋာချီပြီး ကျုပ်နားမှာ ရှိနေခဲ့တာတောင် ကျုပ်က မသိခဲ့ဘူး။ ကျုပ်... ကျုပ်...”

မူလဝိညာဉ်ကလေးမှာ ပြောနေရင်း စိတ်မထိန်းနိုင်တော့ပုံဖြင့် ရှိုက်ကြီးတငင် ငိုကြွေးပါတော့သည်။

“မုန်းလိုက်တာ! အဲ့ဒီအစုတ်ပလုတ်ကောင်... သူကတော့ ဒါဟာ ‘မဟာပြောင်းလဲခြင်း ကျောက်စာတိုင်’ ဆိုတာကို သေချာပေါက် သိနေမှာပဲ။ ဒါကို ငါ့ကို တစ်ခွန်းမှ မပြောခဲ့ဘူး!”

မူလဝိညာဉ်ကလေး၏ မျက်နှာ၌ ဒေါသရိပ်များ ဖုံးလွှမ်းလာ၏။

၎င်းကို မြင်သောအခါ လောထျန်းက အမြန်ပင် နှစ်သိမ့်လိုက်သည် ။

“ကဲပါ... သူတို့က မင်းကောင်းဖို့အတွက် ရည်ရွယ်ခဲ့တာ နေမှာပါ”

“ဟင်... ဘာကို ဆိုလိုတာလဲ”

မူလဝိညာဉ်ကလေး ဝေခွဲမရစွာ မေးလိုက်သည်။

လောထျန်းက ပြန်ပြော၏။

“တကယ်လို့ ဒါဟာ မဟာပြောင်းလဲခြင်း ကျောက်စာတိုင်မှန်း မင်းသာ သိခဲ့ရင်၊ ပြီးတော့ ဒါကို အတင်းအဓမ္မ ထိန်းချုပ်ဖို့ ကြိုးစားခဲ့ရင်... မင်းလည်း မင်းရဲ့ ဘိုးဘေးလိုပဲ အသက်ဆုံးရှုံးသွားနိုင်တယ်လေ”

“ဒါကတော့...”

မူလဝိညာဉ်ကလေး သေချာစဉ်းစားကြည့်လိုက်သည့်အခါမှ လောထျန်းပြောသည့်စကားမှာ အဓိပ္ပာယ်ရှိသည်ကို ခံစားလိုက်ရပါသည်။ သို့သော် သူ ဒေါသထွက်နေဆဲပင်။

ထိုစဉ်မှာပင်...

ဝီ!

လောထျန်းလက်ထဲရှိ မဟာပြောင်းလဲခြင်း ကျောက်စာတိုင်က ရုတ်တရက် တုန်ခါလာသည်။

“ဟင်... အခြေအနေမဟန်တော့ဘူး! ဒီကျောက်ပြားက ထူးထူးဆန်းဆန်းတွေ ဖြစ်နေပြီ!”

မူလဝိညာဉ်ကလေးက တုန်တုန်ယင်ယင်အသံဖြင့် ဟစ်အော်လိုက်၏။

လောထျန်းက ၎င်းကို တစ်ချက်ကြည့်လိုက်ပြီး အေးဆေးစွာပင် ပြောပါသည်။

“ဩော်... ဘာမှမဖြစ်ပါဘူး”

“ဘာမှမဖြစ်ဘူး ဟုတ်လား!”

မူလစိတ်ဝိညာဉ်ကလေး ချက်ချင်း ထိတ်လန့်သွားပြီး အသည်းအသန် ပြောလေသည်။

“သခင်လေး... ဒီကျောက်စာတိုင်က မပြည့်စုံတဲ့အတွက် မတည်မငြိမ် ဖြစ်နေတာဗျ။ အဲ့ဒီထဲမှာ ကိန်းအောင်းနေတဲ့ ကောင်းကင်ဘုံလမ်းစဉ်ရဲ့ အလိုဆန္ဒတွေသာ ပေါက်ကွဲထွက်လာရင် ကမ္ဘာကြီးတစ်ခုလုံးကိုတောင် ဖျက်ဆီးပစ်နိုင်တယ်!”

“သွားပြီ! ဒါ မဟာပြောင်းလဲခြင်း ကျောက်စာတိုင်ပဲ။ ဘယ်လိုမှ ချုပ်နှောင်လို့ မရသလို ၊ ဖိနှိပ်လို့လည်း မရဘူး! ငါ ဒီနေ့ သေရတော့မှာလား။ ငါ တကယ် ကံဆိုးတာပဲ။ အခုမှ လွတ်လပ်ခွင့်ရခါစပဲ ရှိသေးတယ်၊ အခုတော့ သေရတော့မယ်!”

မူလစိတ်ဝိညာဉ်ကလေး ပြောရင်း ရုတ်တရက် အသံကုန်ဟစ်၍ ငိုယိုလိုက်တော့သည်။

လောထျန်းက သူ့အား စိတ်ပျက်လက်ပျက် ကြည့်လိုက်ပြီး ကျောက်စာတိုင်ကို ပေါ့ပေါ့ပါးပါးပင် မလိုက်၏။

ဝူး!

နောက်တစ်ခဏတွင် မဟာပြောင်းလဲခြင်း ကျောက်စာတိုင်မှာ လောထျန်း၏ အသိစိတ်ပင်လယ်ထဲသို့ တိုက်ရိုက် ဝင်ရောက်သွား‌ေတာ့သည်။

“ဟင်... သခင်လေး... ဘာလုပ်လိုက်တာလဲ! အဲ့ဒီဟာကို အမြန်ပြန်ထုတ်လိုက်ပါ။ ခန္ဓာကိုယ်ထဲ ထည့်ထားရင် သခင်လေး ခန္ဓာကိုယ် ပေါက်ကွဲသွားလိမ့်မယ်!”

မူလစိတ်ဝိညာဉ်ကလေးက စိုးရိမ်တကြီး အော်လိုက်၏။

သို့သော် လောထျန်းကမူ လုံးဝ ဂရုမစိုက်ပါ။

တစ်ချိန်တည်းမှာပင် လောထျန်း၏ အသိစိတ်ပင်လယ်အတွင်း၌ .... မဟာပြောင်းလဲခြင်း ကျောက်စာတိုင်မှာ သောင်းကျန်းရန် ပြင်လိုက်စဉ်...

ဝီ!

ရုတ်တရက် လောထျန်း၏ အသိစိတ်ပင်လယ် အထက်တွင်ရှိသော ‘ကောင်းကင်ဘုံသိုင်းကျမ်း’ ကိုးအုပ်မှာ အရောင်လက်လာပြီး အလင်းတန်းများ ကျလာသည်။

ဝူး!

မဟာပြောင်းလဲခြင်း ကျောက်စာတိုင်၏ အရှိန်အဝါမှာ ချက်ချင်းပင် တိမ်မြုပ်သွားတော့၏။

အစောပိုင်းက သောင်းကျန်းချင်နေသော ကျောက်စာတိုင်မှာလည်း ယခု လုံးဝ တိတ်ဆိတ်ငြိမ်သက်နေကာ အသက်ရှင်မှန်း မသိရတော့လောက်အောင် ဖြစ်သွားသည်။

“ကဲ... ဖိနှိပ်လို့ ပြီးသွားပြီ”

လောထျန်းက အေးဆေးပင် ပြော၏။

“ဒါ... ဒါက...”

ထိုမြင်ကွင်းကို မြင်လိုက်ရသော မူလဝိညာဉ်ကလေး၏ မျက်နှာထား ရုတ်ချည်းပြောင်းသွားတော့သည်။

“သခင်လေး ဒါကို ဘယ်လိုလုပ်လိုက်တာလဲ”

သူ လောထျန်းအား မေးလိုက်၏။

လောထျန်းက မဟာပြောင်းလဲခြင်း ကျောက်စာတိုင်အား ဤမျှ အလွယ်တကူ ဖိနှိပ်လိုက်သတဲ့လား။ ဒ

၎င်းမှာ လူသားတစ်ယောက် လုပ်နိုင်သည့် အရာပါလား။

အကယ်၍ သူတို့ ဘိုးဘေးသာ ထိုအစွမ်းကို တတ်မြောက်ခဲ့လျှင် သေဆုံးရမည် မဟုတ်ပါချေ ။

ထိုစဥ် လောထျန်းက လက်ယမ်း၍ အေးဆေးပင် ပြောပါ၏။

“ဘာရယ်မဟုတ်ပါဘူး ၊ ဒီတိုင်း ရိုးရိုးလေးပဲ ဖိနှိပ်လိုက်တာပါ”

‘ကောင်းကင်ဘုံသိုင်းကျမ်း ကိုးအုပ်’ အကြောင်း လူသိရှင်ကြား ဖြစ်သွားမည်ကို သူ မလိုလားပါ‌ချေ ။

မူလစိတ်ဝိညာဉ်ကလေးက တစ်ကိုယ်လုံး တုန်တုန်ရီရီဖြင့် ပြောသည်။

“မဟာပြောင်းလဲခြင်း ကျောက်စာတိုင်ကို တကယ်ကြီး နှိမ်နင်းနိုင်တယ် ဟုတ်လား... ဒါ ဘယ်လို အစွမ်းမျိုးလဲ”

တစ်ဖက်မှ လောထျန်းကမူ သူ့ကို လျစ်လျူရှုကာ အတွေးတစ်ချက်ဖြင့် လက်ကွက်တစ်ခု ပုံဖော်လိုက်၏။

ဝူး!

နောက်တစ်ခဏတွင် ထျန်းယွမ်ကမ္ဘာမှ လူအားလုံး လောထျန်းရှေ့၌ ပေါ်လာကြသည်။

“ဟင်... ဒါ ဘယ်နေရာလဲ”

“သခင်လေး လောထျန်း?”

“သခင်လေး!”

“အစ်ကို ထျန်း!”

လောထျန်းကို မြင်လိုက်ရသည်နှင့် လူတိုင်း ဝမ်းသာအားရ ဖြစ်သွားကြ၏။

လောထျန်းက အားလုံးကို ကြည့်ကာ ပြောလိုက်သည်။

“အားလုံး... ဒါဟာ အရှုပ်အထွေး နတ်ဘုရားမြို့တော်အစစ်ပဲ!”

သူ ပြောပြီး လက်ကို ဝှေ့ယမ်းလိုက်၏။

ဝူး!

မရေမတွက်နိုင်သော အရှုပ်အထွေးသတ္တုရိုင်းများ လူတိုင်း၏ရှေ့တွင် ပေါ်လာပါသည်။

“ဟင်... ဒါတွေက ဘာလဲ”

လူအုပ်ထဲမှ တစ်ယောက်က မေးလိုက်၏။

“အရှုပ်အထွေးအစွမ်း .. ငါ အရှုပ်အထွေးအစွမ်းတွေကို အာရုံခံမိနေတယ်!”

တစ်ယောက်ကလည်း အော်ပြောသည်။

လောထျန်းက ခေါင်းညိတ်ကာ

“မှန်တယ်၊ ဒီထဲမှာ အရှုပ်အထွေးအစွမ်းတွေ ပါဝင်နေတယ်!”

ဟု ပြောပြီး လက်ကို ထပ်ယမ်းလိုက်ပြန်သည်။

ချွင်... ချွင်... ချွင်...

ချက်ချင်းမှာပင် မရေမတွက်နိုင်သော ဓားသံများ ဟိန်းထွက်လာပြီး အရှုပ်အထွေး ဓားစိတ်ဆန္ဒများ လှိုင်းလုံးများသဖွယ် လွင့်မျောလာ၏။

“ဒါကတော့ အရှုပ်အထွေး ဓားစိတ်ဆန္ဒပဲ!”

လောထျန်း ပြောကာ ထပ်မံ လှုပ်ရှားလိုက်ပြန်သည်။

ဝီ!

ဤတစ်ကြိမ်တွင်မူ အရှုပ်အထွေးအစွမ်းများ ကိန်းအောင်းနေသည့် မသေမျိုးသစ်သီးများ အမြောက်အမြား ပေါ်လာပါ၏။

“အားလုံး... ဒီမြို့တော်ရဲ့ သယံဇာတအားလုံး ဒီမှာ ရှိနေပြီ။ မင်းတို့ စိတ်ကြိုက် သန့်စင်ကျင့်ကြံလို့ ရတယ်။ ကျုပ်မှာ တောင်းဆိုချက် တစ်ခုပဲ ရှိတယ်၊ အဲ့ဒါကတော့ မင်းတို့အားလုံး ‘အရှုပ်အထွေးခန္ဓာကိုယ်’ ကို ရအောင် ကျင့်ကြံဖို့ပဲ”

လောထျန်းက အလေးနက် ပြောလိုက်သည်။

ဤတိုက်ပွဲအပြီးတွင် သူ့မိသားစုဝင်များ၏ အစွမ်းမှာ မလုံလောက်သေးကြောင်း လောထျန်းတစ်ယောက် သဘောပေါက်သွားခဲ့ရပါသည်။

သို့ဖြစ်ရာ အားလုံး၏ အစွမ်းကို အမြန်ဆုံး မြှင့်တင်ပေးရန် လိုအပ်ပါ၏။

အရှုပ်အထွေးခန္ဓာမှာ ထိုသို့လုပ်ရန် အမြန်ဆုံး နည်းလမ်းပင်။

“ဟုတ်ကဲ့ပါ!”

“ကျုပ်တို့ သခင်လေးရဲ့ အမိန့်ကို နာခံပါ့မယ်!”

လူတိုင်း သံကုန်ဟစ်၍ ပြန်ပြောလိုက်ကြသည်။

“ဟင်... သခင်လေး ဘာလုပ်ဖို့ ကြံနေတာလဲ”

ဘေးတွင် ရပ်နေသော မူလစိတ်ဝိညာဉ်ကလေးမှာမူ အူကြောင်ကြောင်ဖြစ်လျက် ..,

ဤမျှလောက် လူအများကြီးက အရှုပ်အထွေးခန္ဓာကိုယ်ကို ရအောင် မည်သို့လုပ်မှာပါလဲ။

ဒီကမ္ဘာတွင် မည်သူမှ ဒီလောက်အထိ ရူးသွပ်တဲ့ အကြံမျိုး မရှိခဲ့ဖူးပါချေ။

ထိုစဉ် လောထျန်းက ထပ်ပြောပါသည် ။

“အားလုံး... မင်းတို့ရဲ့ မသေမျိုးလက်နက်တွေကို ထုတ်လိုက်ကြ!”

အားလုံးကလည်း ဘာမှပြန်မမေးဘဲ သူတို့၏ လက်နက်များကို အသီးသီး ထုတ်လိုက်ကြ၏။

ထိုလူများအထဲတွင် လောရုံမှာ အမြန်ဆုံး ဖြစ်ပြီး ဓားကို ကိုင်ကာ လောထျန်းအနားသို့ ချဉ်းကပ်လာသည်။

“အစ်ကိုထျန်း...”

သူ လက်ထဲမှ ဓားအား လောထျန်းထံ ကမ်းပေးလိုက်၏။

လောထျန်းက ဓားကို ယူလိုက်ပြီး သူ့ စိတ်ဝိညာဉ်အစွမ်းကို ချက်ချင်း အသက်သွင်းလိုက်သည်။

တစ်ခဏအကြာတွင်မူ သူ အရှုပ်အထွေး နတ်ဘုရားထွင်းစာများအား ဓားအတွင်းသို့ ပေါင်းစပ်ထည့်သွင်းလိုက်တော့၏။

ဝုန်း!

တစ်ချိန်တည်းမှာပင် ဓားထံမှ အရှုပ်အထွေး နတ်ဘုရားအလင်းတန်းများ ပေါက်ကွဲထွက်လာကာ ဓား၏ ဖိအားမှာလည်း သိသိသာသာ မြင့်တက်သွားတော့သည်။

“ဒါ... ဒါက တကယ်ပဲ ပိုပြီး သန်မာလာစေတာလား”

လောရုံ တအံ့တဩ ရေရွတ်လိုက်မိသည်။

မူလမသေမျိုးလက်နက်ဆိုသည်မှာ မသေမျိုးလက်နက်များထဲတွင် အထွတ်အထိပ်ပါပင် ။

ယခု ၎င်းက ပို၍ပင် အစွမ်းထက်လာပါ၏။

ထိုအချိန်တွင် လောထျန်းမှာ လက်မနားဘဲ နောက်တစ်ယောက်၏ မသေမျိုးလက်နက်ကို ယူကာ အလားတူပင် အရှုပ်အထွေး နတ်ဘုရားထွင်းစာကို ပေါင်းစပ်ပေးလိုက်သည်။

ဤသို့ဖြင့် သူ လက်နက်များ တစ်ခုပြီးတစ်ခု အဆင့်မြှင့်တင်ပေးလိုက်ပါ၏။

ဘေးမှ ကြည့်နေသော မူလစိတ်ဝိညာဉ်ကလေးမှာ ပါးစပ်အဟောင်းသား ။

“ဒါ... ဒါ တကယ်ကြီးလား? သူက တစ်ထိုင်တည်းနဲ့ အရှုပ်အထွေး နတ်ဘုရားထွင်းစာ ရာပေါင်းများစွာကို ရေးနေတာပဲ။ သူ့ရဲ့ စိတ်ဝိညာဉ်အစွမ်းတွေ မကုန်သွားဘူးလား”

သူ တအံ့တဩ ရေရွတ်မိလိုက်သည်။

နောက်ဆုံးတွင်ကား လောထျန်းတစ်ယောက် ရပ်လိုက်ပါသည်။

“ဟင်း... ငါ့ရဲ့ စိတ်ဝိညာဉ်အစွမ်းတွေ မလောက်တော့ဘူး၊ အနားယူဖို့ လိုပြီ”

လောထျန်း ပြောကာ တင်ပျင်ခွေထိုင်၍ ကျင့်ကြံလိုက်သည်။

မူလစိတ်ဝိညာဉ်ကလေးမှာ ထိုစဉ်မှသာ သက်ပြင်းချနိုင်သွားပါ၏။

“ဒါပေါ့... သူ့ရဲ့ စိတ်ဝိညာဉ်အစွမ်းက မကုန်နိုင်မခမ်းနိုင်တော့ မဟုတ်ပါဘူး! ဘယ်လိုပဲဖြစ်ဖြစ် ဒီလောက် အစွမ်းတွေအများကြီး ကုန်သွားတာဆိုတော့ သူ ပြန်ကောင်းလာဖို့ နှစ်ပေါင်း ဘယ်လောက်ကြာအောင် အိပ်စက်ရမလဲ မသိဘူး”

သူ တွေးလိုက်သည်။

သို့သော် ထိုအချိန်မှာပင်...

ဝုန်း!

ပြင်းထန်လှသော စိတ်ဝိညာဉ်အစွမ်း လှိုင်းလုံးကြီးတစ်ခု လောထျန်း၏ကိုယ်ထဲမှ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။

“ဟုတ်ပြီ... ငါ့ရဲ့ စိတ်ဝိညာဉ်အစွမ်းတွေ အပြည့်အဝ ပြန်ရသွားပြီ!”

လောထျန်းက ပြောလိုက်လေသည်။

All Chapters