← Chapters

ယဇ်ပူဇော်ခြင်း အစီအမံ

Vol. 16 Ch. 211

ယဇ်ပူဇော်ခြင်း အစီအမံ

Vol. 16 Ch. 211

ကံတရားမျှော်စင်ရှေ့၌ ..

" နောက်ဆုံးတော့ ရောက်လာပြီပေါ့ကွာ "

သခင်ကြီးကျိုး နှင့် သူ့ မိတ်ဆွေနှစ်ယောက် ကံတရားမျှော်စင်သို့ ရောက်လာကြသည်။ သုံးယောက်လုံးပင် ဟောဟဲဆိုက်နေကြ၏။

" ကျုပ်တို့တွေ လမ်းမှာတင် တော်တော်လေး ကြာသွားတာပဲ ။အခု မျှာ်စင်ထဲကို မြန်မြန် ဝင်ကြရအောင် "

သူတို့ထဲမှ အဘိုးအိုတစ်ယောက်က ပြောလိုက်သည်။

သခင်ကြီး ကျိုးက ခေါင်းညိတ်ကာ မျှော်စင်ထဲသို့ ခြေလှမ်းရန် ပြင်လိုက်၏။

သို့သော် .. ထိုအချိန်မှာပင် ..

ဝီ ..

သခင်ကျိုး၏ ခါးတွင် ချိတ်ထားသော အဆောင်က ရုတ်တရက် အရောင်လက်လာသည်။

" ဟင် .. ဒါ ဘယ်လိုဖြစ်လို့ .. "

သူ အံ့အားသင့်သွားကာ မျက်မှောင်ကြုံ့ပြီး အခြားသူများဘက် လှည့်ကြည့်၏။

သူ့အနီးနားတွင် ရှိနေသော အခြားသူများအားလုံး၏ အဆောင်ကဒ်များမှာလည်း သူ့နည်းတူ ဖြစ်နေကြသည်ကို တွေ့ရလိုက်သည်။

" ဟင် .. အခုမှ အစလေးပဲ ရှိသေးတာကို ဘာလို့ အဲ့လို ဖြစ်နေရလဲ ။ နောက်နေတာလားဟ "

သူ့ဘေးမှ လူတစ်ယောက်က မကျေမနပ် အော်လိုက်သည်။

" ငါ ရချင်တာကိုတောင် ရှာမတွေ့သေးဘူး &$## "

ထိုတခဏတွင် မကျေမနပ် ဆဲဆိုရေရွတ်သံများ နေရာအနှံ့မှ ထွက်ပေါ်လာတော့၏။

ထိုအဆောင်ကဒ်ပြားများမှာ ဆုမီတောင်သို့ ဝင်ခွင့်ကဒ်များ ဖြစ်ပါသည်။

ယခု အဆောင်ကဒ်များ လင်းလက်လာခြင်းက ဆုမီတောင် ပိတ်တော့မည့်ဟု အချက်ပေးနေခြင်းပင်။ ထို့နောက်တွင်မူ အားလုံးဆုမီတောင်မှ တည်နေရာရွှေ့ပြောင်းခံရတာ ထျန်းယွမ်အင်ပါယာသို့ ပြန်ရောက်သွားကြမည် ဖြစ်၏။

" ဒီနှစ် ဘာလို့ အစောကြီး ပိတ်ရတာလဲ။ စာအုပ်ထဲက စည်းမျဥ်းအတိုင်းဆိုရင် ဆုမီတောင်က အနည်းဆုံး သုံးရက် ကြာပြီးမှသာ ပိတ်ရမှာ မဟုတ်ဘူးလား "

သခင်ကြီးကျိုး ဘေးမှ အဘိုးအိုတစ်ယောက်က မခံမရပ်နိုင် ဖြစ်နေဟန်ဖြင့် ပြောလာသည်။

သခင်ကြီးကျိုးက အနည်းငယ် ရယ်ကာ ပြော၏။

" စိတ်လျှော့ပါဗျာ ၊ ကျုပ်လဲ ထွက်မသွားချင်သေးပါဘူး ။ ဒါပေမယ့် ဆုမီတောင် အဖွင့် အပိတ်က ကျုပ်တို့ ထိန်းချုပ်လို့ရတဲ့ အရာမှ မဟုတ်ပဲ ။ နောက်တစ်ခါ ထပ်ဖွင့်တာကိုပဲ စောင့်ကြတာပေါ့ဗျာ "

သူသည်လည်း ထိုကိစ္စကို မကျေနပ်သည့်တိုင် မည်သို့မှ မတတ်နိုင်ပါချေ။

ထိုအချိန်တွင် ဆုမီတောင်ပေါ်မှ လူများအားလုံးမှာ အလားတူအဖြစ်နှင့် ကြုံနေရပြီး သူတို့၏ အဆောင်ကဒ်ပြားများက အရောင်လက်နေကြသည်။

လောထျန်းမှာလည်း ထို့နည်းတူပင် ..

" ဟင် .. တည်နေရာရွှေ့ပြောင်းတာလား .. "

လောထု၏ အစွမ်းက ပြောင်းလဲလာသည်ကို လောထျန်း သတိထားမိကာ အံ့အားသင့်သွားရသည်။

ထို့နောက်တွင်မူ လေထုက ပြောင်းလဲလာပြီး သူ့အမြင်များ မှုန်ဝါးသွားကာ နေရာစိမ်းတစ်ခုသို့ ရောက်သွား၏။

သူ့ဘေးပတ်ပတ်လည်တွင်လည်း မရေမတွက်နိုင်သော လူများစွာက ပြည့်ကျပ်သိပ်လျက် ရပ်နေကြသည်။

" ဟင် .. ဘာတွေ ဖြစ်နေတာလဲ ။ ငါက ဘယ်လိုလုပ်ပြီး ဒီကို တည်နေရာရွှေ့ပြောင်းခံလိုက်ရတာလဲ "

" ဆုမီတောင်က ပိတ်သွားပြီလား ။ အခုမှ စိတ်စွမ်းအင်ဆေးပင် နည်းနည်းလေးပဲ ရသေးတယ်လေ ။ ငါ့မှာတော့ ပိုက်ဆံတွေ အများကြီး အကုန်ခံပြီး ဒီ ဝင်ခွင့်ကဒ်ကို ဝယ်ခဲ့ရတာ ။ အရှုံးကြီး ရှုံးတာပဲကွာ "

" မင်းကမှ ဆေးပင်တွေ ရခဲ့လို့ တော်ပါသေးတယ်။ ငါက ဘာမှကို ရှာမတွေ့ခဲ့တာကွ "

" ဆက်ပြောမနေစမ်းပါနဲ့ကွာ ။ ဆေးပင် မရခဲ့တော့ရော ဘာအရေးလဲ ၊ ငါ့လောက်ပဲ အဖြစ်ဆိုးဦးမလား ။ ငါ့မှာတော့ ဆုမီတောင်ကို တက်ဖို့ လုပ်နေတဲ့အချိန် ကျောက်တုံးရုပ်ထုနဲ့ တွေ့လို့ လက်လျှောပြီး ပြန်ဆင်းလာရုံပဲ ရှိသေးတယ်။ အဲ့ချိန် ဘယ်မကောင်းဆိုးဝါးက ကျောက်တုံးရုပ်ထုကို ဆုမီတောင်ပေါ်ကနေ ပစ်ချလိုက်လဲ မသိပါဘူးကွာ။ အဲ့ကျောက်တုံးရုပ်ကြီးက ငါ့နောက် ပြေးလိုက်နေလို့ ငါ့မှာ မိုင်တွေ ထောင်ချီပြီး အသည်းအသန် ပြေးလိုက်ရတာ ။ ငါလဲ ဘယ်သူ့ကိုမှ မစော်ကားမိပဲနဲ့ "

ထိုစဥ် အခြားဘက်ရှိ လူငယ်တစ်စုစီမှ တအံ့တသြ အသံများ ထွက်လာ၏။

" ဟေ့ ..ဟိူလူကို ကြည့်လိုက်ဦး ၊ အဲ့ဒါ .. ချူစန်းယန် မဟုတ်လား "

' ချူစန်းယန် .. လျှို့ဝှက် နဂါးစာရင်းမှာ အဆင့် ၁ ရထားတဲ့ ချူစန်းယန်လား .. ၊ သူ့အရောင်အဝါက အစွမ်းထက်လိုက်တာ "

ထိုစကားသံများကို ကြားသွားသော ချူစန်းယန်၏ မျက်နှာထက်တွင် စိတ်ပျက်နေသည့်အရိပ်အယောင် တစွန်းတစ ပေါ်လာသည်။

" ဘာမှ သုံးစားမရတဲ့ အမှိုက်တွေပဲ "

သူ တွေးလိုက်သည်။

ထိုစဥ် ရုတ်တရက် ..

" ဟေ့ .. တစ်ခုခုတော့ လွဲနေပြီကွ ။ ငါတို့တွေ လျှို့ဝှက်ဒေသ အပြင်ဘက်ကို မရောက်သေးဘူး "

" ဟင် .. ရှေ့မှာ ဆုမီတောင်ပါလား ၊ ဒါဆို ဒီနေရာက ထျန်းယွမ် အင်ပါယာ မဟုတ်ဘူးပေါ့ "

" ဒီအရောင်အဝါက ... ဒါ နတ်ဆိုးတစ်သောင်း လွင်ပြင် ပဲကွ "

" ဟင်..နတ်ဆိုးတစ်သောင်းလွင်ပြင် .. ၊ ငါတို့က ဘာလို့ ဒီကို ရောက်လာရတာလဲ ။ ဆုမီတောင် ပိတ်သွားရင် ငါတို့အားလုံး ထျန်းယွမ်အင်ပါယာကိုပဲ တည်နေရာရွှေ့ပြောင်း ခံရမှာ မဟုတ်ဘူးလား "

လူအုပ်ကြီး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။

ထိုအချိန်တွင် ..

" အားလုံးကို နတ်ဆိုးတစ်သောင်းလွင်ပြင်က ကြိုဆိုပါတယ် "

အသံတစ်သံ ထွက်လာ၏။

အသံနှင့် မရှေးမနှောင်းမှာပင် အဖြူရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက်က လေထဲသို့ ပျံတက်လိုက်သည်။

သူ့အနောက်တွင်မူ သူ့ကို ကာကွယ်ပေးနေကြသည့် အစွမ်းထက် ကျင့်ကြံသူ လူကြီးများ များစွာရှိနေကြ၏။

" ဟင် .. ကြိုဆိုပါတယ် ဟုတ်လား ၊ ဒါ ဘာအဓိပ္ပါယ်လဲ ။ မင်းက ဘယ်သူလဲ "

အဖြူရောင်ဝတ်စုံနှင့် လူငယ်က အပြုံးဖြင့် ပြန်ပြောသည်။

" အဓိပ္ပါယ်ကတော့ ပြောသွားတဲ့အတိုင်းပဲလေ။ ကျုပ်ရဲ့ ဆရာက အားလုံးကို ဒီနေရာဆီ အထူးဖိတ်ကြားထားတာ "

ထိုစကားကို ကြားသောအခါ အဘိုးအိုတစ်ယောက်က လှောင်သံဖြင့် ပြော၏။

" ဒါဆိုလဲ မင်းဆရာကို ထွက်လာပြီး လာပြောခိုင်းလေကွာ ။မင်းက ကိုယ့်ကိုကိုယ် ဘာထင်နေတာလဲ ။ ငါ့ရှေ့မှာ လာပြီးတော့တောင် မောက်မောက်မာမာ လုပ်ပြနေတာ ။ ရှေ့က ဖယ်စမ်းကွာ "

သူက ပြောပြောဆိုဆိုပင် ထိုလူငယ်အား လေထဲမှ ပြုတ်ကျစေရန် ရည်ရွယ်၍ လက်နောက်ပြန် ရိုက်လိုက်သည်။

သို့သော် ..

ဂလောက် ..

ရုတ်တရက် .. အဘိုးအို၏ ခြေထောက်တွင် မရေမတွက်နိုင်သော သံကြိုးများ ထွက်ပေါ်လာပြီး သူ့အား ချုပ်နှောင်ကာ မြေကြီးပေါ်သို့ ဆွဲချလိုက်၏။

အု ..

အဘိုးအိုမှ ပါးစပ်မှ သွေးများ ချက်ချင်း ထွက်လာသည်။ သူ့အသွင်မှာလည်း လုံးဝ မယုံကြည်နိုင်ဟန် ဖြစ်နေ၏။

" ဒါ ..ဘာလဲ "

သူ အံ့သြတကြီး မေးလိုက်သည်။

လေထဲမှ လူငယ်က ရယ်သွမ်းသွေးကာ ပြန်ပြောသည်။

" အားလုံး .. အခု ခင်ဗျားတို့က ကျုပ်ဆရာကိုယ်တိုင် လုပ်ထားတဲ့ အစီအမံထဲမှာ ရောက်နေကြတာ။ ကျေးဇူးပြုပြီး မလှုပ်ကြပါနဲ့ ။ မဟုတ်လို့ကတော့ ခင်ဗျားတို့လဲ သူ့လိုပဲ ဖြစ်သွားကြလိမ့်မယ်"

" ဟင် .. ဘာပြောလိုက်တယ် "

" အစီအမံ ဟုတ်လား ၊ မင်းက အားလုံးကို ကြိုတင်ကြံစည်ထားတာပေါ့ "

အားလုံး အံ့သြတုန်လှုပ်သွားကြ၏။

ထိုအချိန်၌ လူများစွာပင် တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိထားမိကာ ထွက်ပြေးရန် ကြိုးစားလိုက်ကြသည်။

သို့သော် .. သူတို့ ခြေလှမ်း နှစ်လှမ်းပင် မသွားလိုက်ရပါချေ။

ဝုန်း ..

သံချိန်းကြိုးများ ထွက်ပေါ်လာကာ သူတို့အားလုံးကို မြေကြီးပေါ်သို့ ဆွဲချလိုက်၏။

ထို့အပြင် ၎င်း သံချိန်းကြိုးများက တင်းသထက် ပိုတင်းလာပြီး ထိုလူများဆီမှ နာကျင်စူးရှစွာ အော်ဟစ်သံများ ထွက်လူကြသည်။

ခဏအကြာတွင်မူ အသံများအားလုံး တိတ်သွားတော့သည်။

" ဟင် .. "

ထိုမြင်ကွင်းကို ကြည့်နေသူများ အားလုံး အံ့သြမှင်သက်သွား၏။

ပထမဆုံး တိုက်ခိုက်ရန် ကြိုးစားခဲ့သည့် အဘိုးအိုမှာ တုကျဲ့အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး ..

သူ့နောက်မှ ​လှုပ်ရှားလိုက်သူများမှာ ကွေ့ရှအဆင့် ကျင့်ကြံသူများ ဖြစ်ကြပါသည်။

ထိုသို့သော အစွမ်းထက် ကျင့်ကြံသူများသည်ပင် ယခု အစီအမံရှေ့၌ အစွမ်းမဲ့သူများ အဖြစ် ရောက်သွားခဲ့ကြရ၏။

ထိုစဥ် လူတစ်ယေုက်က တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ပြောလာသည်။

" ဒီ အရောင်အဝါက .. မင်းက ထျန်းယွမ်အင်ပါယာထဲက မြို့တွေကို အပြောင်ရှင်းပြီးတော့ လူတွေအများကြီးကို သတ်ပြီး ယဇ်ပူဇော်ခဲ့တဲ့ သူလား "

သူ့စကားဆုံးသည်နှင့် အားလုံး တုန်လှုပ်ခြောက်ခြားသွားကြတော့သည်။

ထျန်းယွမ်အင်ပါယာတွင် လွန်ခဲ့သော နှစ်များအတွင်း အစုလိုက် အပြုံလိုက် လူသတ်မှုများ မြောက်များစွာ ဖြစ်ခဲ့၏။

ထို့ကြောင့် အဖွဲ့အများစုက ထိုကိစ္စနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရန် လူများစွာပင် လွှတ်ခဲ့ကြသည်။

သို့သော် .. မည်သည့် သဲလွန်စကိုမှ ရှာမတွေ့ခဲ့ကြပေ။

ထိုကိစ္စနှင့် ပတ်သက်၍ အပြစ်တင်ရမည့် လူအချို့လည်း ရှိပါသည်။

အစုလိုက် အပြုံလိုက် အသတ်ခံရပြီး ယဇ်ပူဇော် ခံခဲ့ကြသည့် မြို့များမှာ ထိပ်တန်းအဆင့် အစွမ်းထက် ကျင့်ကြံသူ မရှိသည့် ထျန်းယွမ်အင်ပါယာ နယ်စပ်မှ မထင်မရှား မြို့ငယ်လေးများဖြစ်ကြ၏။

ထိုအချက်ကြောင့် အင်အားကြီး အဖွဲ့အများစုက ထိုဖြစ်ရပ်များ၏ နောက်ကွယ်မှ လူသည် သူတို့ကို အန္တရာယ်မပြုနိုင်ဟု ယူဆကာ အေးအေးဆေးဆေး ဘေးဖယ်နေခဲ့ကြသည်။

ယခု ထိုအကြောင်းကို တစ်ယောက်က ပြောလာမှသာ သူတို့အားလုံး သတိရသွားခဲ့ခြင်းပင်။

အဖြူရောင်ဝတ်စုံနှင့် လူငယ်က ထိုစကားကို ကြားသောအခါ အပြုံးဖြင့် ပြန်ပြော၏။

" ခင်ဗျား ခန့်မှန်းတာ မှန်သွားပြီ။ လွန်ခဲ့တဲ့ နှစ်တွေအတွင်း ထျန်းယွမ်အင်ပါယာမှာ ဖြစ်ခဲ့တဲ့ အစုလိုက်အပြုံလိုက် လူသတ်မှုတွေနဲ့ ယဇ်ပူဇော်တာတွေ အကုန်လုံးက ကျုပ်ဆရာရဲ့ လက်ချက်ဆိုတာ မှန်တယ် "

" မင်းရဲ့ ဆရာက ဘယ်သူလဲ ၊ အခု ငါတို့ကို ဒီနေရာ ခေါ်လာရတဲ့ ရည်ရွယ်ချက်ကရော ဘာလဲ "

လူတစ်ယောက်က မေးလိုက်သည်။

လူငယ်က အပြုံးဖြင့် ပြော၏။

" ခင်ဗျားက ကျုပ်ဆရာ ဘယ်သူဆိုတာ သိဖို့ မထိုက်တန်ပါဘူး။ ဒုတိယမေးခွန်းကို ဖြေရမယ်ဆိုရင်တော့ ခင်ဗျားတို့အားလုံးကို ဒီနေရာ ခေါ်လာရတဲ့ ရည်ရွယ်ချက်က ယဇ်ပူဇော်ဖို့ပဲ ။ အခုလက်ရှိမှာ ထျန်းယွမ်အင်ပါယာက ထိပ်သီး သခင်ကြီးတွေ ၈၀ % လောက်နဲ့ လူငယ် ပါရမီရှင်တွေ အများစုက ဒီကို ရောက်နေကြတာလေ ။ ဒီလို အခွင့်ကောင်းမျိုးဆိုတာ တော်တော်ရှားတယ် "

" ဘာ ... "

လူငယ်၏ စကားကို ကြားပြီးနောက် အားလုံး ကြောက်လန့်တုန်လှုပ် သွားကြကုန်သည်။

ထိုလူက သူတို့အားလုံးကို ယဇ်ပူဇော်ချင်သည်တဲ့လား ..

မည်မျှ ရူးသွပ်လှသော အကြံပါနည်း ။

" အားလုံးပဲ .. ကျုပ်တို့တွေ အတူတူ တိုက်ခိုက်ကြရအောင် ။ သူတို့ရဲ့ အစီအမံက ကျုပ်တို့ အားလုံးပေါင်းရဲ့ အစွမ်းကိုတော့ ခံနိုင်မှာ မဟုတ်ပါဘူး "

လူအုပ်ထဲမှ တစ်ယောက်က ကျယ်လောင်စွာ အော်ပြောလိုက်သည်။

" ဟုတ်တယ် ၊ တိုက်ခိုက်ကြမယ် "

ချက်ချင်း ဆိုသလိုပင် ထိုနေရာတွင် ရှိနေကြသည့် လူများအားလုံးနီးပါး စိတ်စွမ်းအင်များကို တစ်ပြိုင်နက်တည်း ထုတ်လွှတ်လိုက်ကြသည်။

သို့သော် ...

မြေပြင်မှ မရေမတွက်နိုင်သော သံချိန်းကြိုးများ တိုးထွက်လာကာ ခုခံရန် ကြိုးစားခဲ့ကြသူများ အားလုံးကို တစ်စုတည်း တုပ်နှောင်ထားလိုက်၏။

လုံလောက်အောင် အစွမ်းထက်သူ အချို့မှာ ထိုသံချိန်းကြိုးများကို ခုခံသည်ဆိုရုံ ခုခံနိုင်ကြသေးသော်လည်း ..

အစွမ်းနိမ့်သူများမှာမူ နာကျင်လွန်း၍ အော်ဟစ်ငိုယိုနေကြရတော့သည်။

လေထဲမှ လူငယ်က လှောင်ပြုံးဖြင့် အားလုံးကို ကြည့်ကာ ပြောလိုက်သည်။

" အဓိပ္ပါယ်မရှိတဲ့ ခုခံတာမျိုးတွေ ထပ်မလုပ်ကြဖို့ အားလုံးကို ကျုပ် အကြံပေးချင်တယ် ။ ခု ခင်ဗျားတို့ ခြေထောက်အောက်က ယဇ်ပူဇော်ခြင်း အစီအမံကို ကျုပ်ဆရာက ဆယ်စုနှစ်တွေ အများကြီးကြာအောင် ပြင်ဆင်ထားခဲ့တာ ။ ပြီးတော့ ဒီ အစီအမံကိူ လူ သန်းပေါင်းများစွာရဲ့ သွေးတွေ ဝိဥာဥ် တွေနဲ့ လုပ်ထားတာဗျ ။ ခင်ဗျားတို့ ဘယ်လောက်ပဲ ကြိုးစားကြိုးစား ၊ ဒီ အမံအမံကို ချိုးဖျက်နိုင်မှာ မဟုတ်ဘူး "

All Chapters