← Chapters

အခန်း (၈၆၀)

Vol. 62 Ch. 860

အခန်း (၈၆၀)

Vol. 62 Ch. 860

သခင်ကြီးလုံနှင့် အခြားသူများမှာ လောထျန်း၏စကားကို နားမလည်ကြသေးပါချေ။

စိတ်မကောင်းပါဘူး တဲ့လား..

ဘယ်သူ့ကို စိတ်မကောင်းဘူးဟု ပြောနေတာပါလဲ..

ယခုလိုအချိန်မျိုးတွင် ဘာကြောင့် ထိုစကား ပြောရပါသလဲ..

သို့သော်.. ထိုစဥ်မှာပင် ကောင်းကင်ဘုံကိုးဆင့် လျှို့ဝှက်ဒေသကြီး တစ်ခုလုံးက ပြင်းထန်စွာ တုန်ခါလာခဲ့ပါသည်။

" ဟင်.. ဘာတွေ ဖြစ်နေတာလဲ "

ထိုတခဏ၌ အားလုံး မှင်သက်ကုန်ကြ၏။

ရုတ်တရက်... ထျန်းယွမ်သခင်ကြီးက ပထမဆုံး အသိဝင်လာကာ အံ့သြတကြီး ရေရွတ်သည်။

" ကောင်းကင်ဘုံကိုးဆင့် လျှို့ဝှက်ဒေသကြီး ... ပြို

ကျနေပြီ... "

" ဘယ်လို... "

သူ့စကားကြောင့် အားလုံး မျက်နှာထားများ ပြောင်းကုန်ကြ၏။

ကောင်းကင်ဘုံကိုးဆင့် လျှို့ဝှက်ဒေသမှာ သာမာန် လျှို့ဝှက်ဒေသများနှင့် မတူပါချေ။

ဤနေရာကို အစွမ်းထက်ကျင့်ကြံသူ များစွာက ပြုလုပ်ခဲ့ခြင်း ဖြစ်သဖြင့် ဖျက်ဆီး၍ မရနိုင်သလောက်နီးပါးပင် တည်မြဲပါ၏။

သို့မဟုတ်လျှင်လည်း ပြန်အသက်သွင်းခြင်း သခင်ကြီး၏ မှော်လက်နက်ကို ချုပ်နှောင်ရန် မလွယ်ဘူး မဟုတ်ပါလား...

သို့သော် ထိုသို့သော နေရာတစ်ခုက.. စပြီး ပြိုကျနေပြီတဲ့လား..

မလွန်လွန်းဘူးလား ...

သို့သော် လက်ရှိတွင် ထိုကိစ္စကို စဥ်းစားနေရမည့် အချိန်မဟုတ်ပါ ။

ဝီ...

ထိုစဥ်မှာပင် လျှို့ဝှက်ဒေသတွင်း မရေမတွက်နိုင်သော ထွင်းစာများ ပေါ်လာပြီး တစ်ခုနှင့်တစ်ခု ရောယှက်လာကြသည်ကို အားလုံး မြင်လိုက်ကြရသည်။

" အဲ့ဒါ.. အချုပ်အနှောင် .... "

ထျန်းယွမ်သခင်ကြီး စကားစလိုက်၏။

ထိုစဥ်မှာပင်..

ဝုန်း... ဝုန်း... ဝုန်း...

ထွင်းစာက ပြိုကွဲသွားတော့သည်။

ထို့နောက် ချက်ချင်းဆိုသလို လေထုတစ်ခုလုံးလည်း ပြိုကွဲလာပါ၏။

အစောပိုင်းတွင် အူကြောင်ကြောင် ဖြစ်နေခဲ့ကြသူ အချို့မှာလည်း. ထျန်းယွမ်သခင်ကြီး၏ စကားက အမှန်ဖြစ်သည်ကို ထိုစဥ်မှ နားလည်လိုက်ကြသည်။

ကောင်းကင်ဘုံကိုးဆင့် လျှို့ဝှက်ဒေသကြီးက အမှန်တကယ် ပြိုကျနေလေပြီ ။

အချုပ်အနှောင် ပျက်စီးသွားသည်နှင့် တစ်ပြိုင်နက် ဖိနှိပ်ခံထားရသော ကျင့်ကြံခြင်းအဆင့်များလည်း နဂိုအတိုင်း ပြန်ဖြစ်သွားကြ၏။

သူတို့၏ အေးခဲနေခဲ့သော စိတ်စွမ်းအင်များလည်း ပြန်လည်လာပတ်လာပါသည်။

" သွားကြတော့ "

ထျန်းယွမ်သခင်ကြီး ရုတ်တရက် အော်ပြောလိုက်သည်။

သခင်ကြီးလုံ အပြေးရောက်လာကာ ထျန်းယွမ်သခင်ကြီး၏ လက်ကိုကိုင်ဆွဲ၍ လေထဲ ပျံတက်လိုက်၏။

အခြားသူများလည်း အသိပြန်ဝင်ကာ လေထဲသို့ ပျံတက်လိုက်ကြသည်။

ထိုသို့ မပြေး၍လည်း မဖြစ်ပါချေ...

ယခုလို အခြေနေမျိုးတွင်သာ ဤနေရာ၌ ဆက်နေနေပါက မငြိမ်မသက်ဖြစ်နေသော လေထုကြောင့် အဝေးသို့ လွင့်သွားမည်ဖြစ်ပါ၏။

သူတို့တင်မက လျှို့ဝှက်ဒေသထဲ ရှိနေသော သားရဲကြီးများလည်း လေထဲသို့ ပျံတက်လိုက်ကြပါသည်။

" ကောင်းကင်ဘုံကိုးဆင့် လျှို့ဝှက်ဒေသကြီး ပြိုကွဲသွားပြီလား ။ ကောင်းတယ်ကွာ.. နောက်ဆုံးတော့ ဒီ ဒုက္ခပင်လယ်ထဲကနေ လွတ်မြောက်နိုင်ခဲ့ပြီ "

" ဟား ဟား.. အပြင်ထွက်ပြီး လူသားတွေကို စားမယ် ။ လူသားစားမယ် "

" သွားကြစို့ "

သားရဲအုပ်များ တစ်စုပြီးတစ်စု ဝုန်းခနဲ ပျံသန်းသွား

ကြ၏။

ထိုစဥ် ပြိုကျနေသော တောင်ကြားတစ်ခုထဲ ရောက်နေသည့် ယွဲ့လီတစ်ယောက် ကောင်းကင်ယံသို့ တအံ့တသြ မော့ကြည့်လိုက်သည်။

ထိုစဥ်မှာပင် သူမ အနောက်ဘက်တွင် သားရဲကြီးတစ်ကောင် ရုတ်ချည်းပေါ်လာ၏။

" ဟီး ဟီး.. မင်း ဒီမှာ ရောက်နေမယ်လို့ ထင်တောင်မထင်ထားဘူး "

သားရဲကြီးက ယုတ်မာကောက်ကျစ်သည့် ရယ်သံကျယ်ကြီးဖြင့် အော်ရယ်လိုက်သည်။

ထိုသားရဲကြီးမှာ မကြာသေးခင်ကပင် ယွဲ့လီကို တွေ့သွားခဲ့ကာ သူမကို စားရန် ကြိုးစားခဲ့ပါ၏။

သို့သော် ယွဲ့လီက ထွင်းစာများကိုသုံး၍ ထွက်ပြေးနေခဲ့သဖြင့် သားရဲကြီးမှာ သူမအား တစ်နေ့လုံး လိုက်ရှာနေခဲ့သည့်တိုင် ရှာမတွေ့ခဲ့ပါ ။

ယခု အူကြောင်ကြောင် ရပ်နေသော ယွဲ့လီကို တွေ့လိုက်ရချိန်တွင်မူ သားရဲကြီး ပျော်သွားပါ

တော့သည်။

" ကောင်မလေး.. သေလိုက်တော့ "

သူ အော်ရယ်ကာ ယွဲ့လီထံသို့ ပြေးဝင်သွားလိုက်သည်။

သို့သော်.. ထိုစဥ်မှာပင် ယွဲ့လီက ရုတ်တရက် နောက်လှည့်လာကာ သားရဲအား အေးစက်စက် စိုက်ကြည့်လာပါ၏။

သားရဲကြီးမှာ ၎င်းကိုမြင်ပြီး မှင်သက်မိသွားတော့သည်။

သို့သော် တခဏအကြာမှာပင် သူ့မျက်လုံးထဲ၌ လူသတ်အရိပ်အငွေ့များ အရောင်လက်လာပါ၏။

" မင်းလို ဘာမဟုတ်တဲ့ လူသားတစ်ယောက်က ငါ့ကို အဲ့ပုံစံနဲ့ ပြန်ကြည့်ရဲတယ်ပေါ့လေ ။ သေစမ်းကွာ "

သူ ပြောပြီး ယွဲ့လီ၏ခေါင်းသို့ လက်သည်းချွန်ဖြင့် ကုတ်လိုက်သည်။

သို့သော်..

" ဖီးနစ်မီးတောက်.. ပျံ့နှံစေ "

ယွဲ့လီက လက်ချောင်းတစ်ချောင်း ဆန့်ထုတ်လိုက်ရာ ၎င်းမှနေ၍ ဖီးနစ်မီးတောက်တစ်ခု ရုတ်ချည်း ထွက်လာသည်။

ဝုန်း...

ထိုမီးတောက်က သားရဲကြီးနှင့် ထိပ်တိုက်တွေ့ပြီး ၎င်း၏ ရင်ဘတ်ကို ထိုးဖောက်ဝင်သွား၏။

" ဒါ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ။ မင်း..... "

သားရဲကြီးက ယွဲ့လီအား မယုံနိုင်သည့် မျက်လုံးများဖြင့် အံ့သြတုန်လှုပ်စွာ ကြည့်လိုက်သည်။

မကြာသေးခင်လေးကပင် သူ့လက်မှ အသည်းအသန် ထွက်ပြေးနေခဲ့သော ထိုလူသားက ယခု အဘယ့်ကြောင့် ရုတ်တရက်ကြီး အစွမ်းထက်လာရပါသနည်း ။

ထိုစဥ် ယွဲ့လီက အေးစက်စက် ပြောသည်။

" အခုမှ ကောင်းကင်ဘုံတံခါးဝအဆင့်ကို ရောက်ထားတဲ့ သားရဲလေးတစ်ကောင်က အဲ့လောက်မောက်မာရဲနေတယ်ပေါ့လေ ။ ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်သာ ဖိနှိပ်မခံထားခဲ့ရဘူးဆိုရင် မင်း သေတာ ကြာလှပြီ "

" ဘယ်လို... တကယ်ကြီး.... "

သားရဲကြီး ခေတ္တမျှ မှင်သက်သွားပြီးနောက်... မျက်ဖြူလန်ကာ လဲကျသွားတော့၏။

ထိုစဥ်မှ ယွဲ့လီ သက်ပြင်းရှည်ကြီး ချလိုက်သည်။

" ငါလဲ ဒီမှာဆက်နေလို့ မဖြစ်ဘူး ၊ သွားရမယ် "

ဘာတွေ ဖြစ်နေသည်ကို သူမ မသိသော်လည်း တစ်စုံတစ်ခု လွဲနေသည်မှာ သေချာပါသည်။

သူမ ပြောပြီး လေထဲပျံတက်ကာ ကောင်းကင်ဘုံကိုးဆင့် လျှို့ဝှက်ဒေသကြီး ပြိုကျနေသည့် အက်ကြောင်းဆီသို့ ဦးတည်သွားလိုက်သည်။

ထိုသို့ ပျံသန်းနေသည့် လမ်းတလျှောက်တွင်လည်း လေထုမငြိမ်မသက်မှုများ ဖြစ်နေကာ သူမကို ဟင်းလင်းပြင်ထဲ ဆွဲခေါ်ရန် ကြိုးစားနေပါသေး၏။

ကံကောင်းစွာပင် သူမက အမြင်စူးရှသည့်အတွက် ထိုအရာများအားလုံးကို လွတ်လွတ်ကင်းကင်း ရှောင်တိမ်းနိုင်ခဲ့သည်။

သို့သော်... သူမ အက်ကွဲကြောင်းထဲမှ ထွက်နိုင်တော့မည့်ဆဲဆဲမှာပင်..

ဝုန်း..

သူမ အနောက်ဘက်ရှိ လျှို့ဝှက်ဒေသကြီးက ရုတ်တရက် ပြိုကျသွားပါ၏။

ကြောက်မက်ဖွယ် လေလှိုင်းလုံးကြီးတစ်ခုလည်း သူမထံ တိုးဝင်လာသည်။

" ဘယ်လိုဖြစ်ပြီးတော့... "

ယွဲ့လီ မျက်နှာထားပြောင်းသွားကာ ချက်ချင်း အမြန်

နှုန်းအပြည့်တင်၍ ပျံသန်းလိုက်သည်။

သို့သော်.. သူမ မဆိုစလောက်လေး နှေးသွားခဲ့ပါ၏။

ဝုန်း....

လေလှိုင်းလုံးကြီး ရောက်လာကာ. သူမ ချက်ချင်း သွေးအန်သွားပြီး ပျံသန်းနေရာမှ အောက်သို့ ပြုတ်ကျသွားသည်။

ဘုန်း..

သူမ အသိပြန်ဝင်လာသည့် အချိန်တွင်ကား ကောင်းကင်ဘုံကိုးဆင့် လျှို့ဝှက်ဒေသထဲတွင် ဟုတ်မနေတော့ဘဲ နေရာသစ်တစ်ခုသို့ ရောက်နေခဲ့လေပြီ ။

" ဒါ... အန္တရာယ်ကတော့ လွတ်သွားပြီထင်တယ် "

ယွဲ့လီ ရေရွတ်ပြီး နှုတ်ခမ်းတွင်ပေနေသော သွေးများကိုသုတ်၍ ထရပ်လိုက်သည်။

" ဟား ဟား.. နောက်ဆုံးတော့ လျှို့ဝှက်ဒေသထဲက

ထွက်လာနိုင်ခဲ့ပြီပေါ့ကွာ "

ထိုစဥ်မှာပင် အသံတစ်သံက ယွဲ့လီ၏ အာရုံကိုဆွဲခေါ်လိုက်နိုင်ပါ၏။

" ဟင်... "

သူမ အသံလာရာဘက် လှည့်ကြည့်လိုက်ရာ လေထဲတွင်ရပ်၍ အားပါးတရ ရယ်မောနေသော ဧရာမ နတ်ဆိုးသားရဲကြီးတစ်ကောင်ကို တွေ့လိုက်ရသည်။

" ဒီသားရဲကြီးက... "

၎င်းကိုမြင်သည်နှင့် ယွဲ့လီ၏ မျက်နှာထား အနည်းငယ် ပြောင်းသွား၏။

ထိုသားရဲမှာ မသေမျိုးသခင်ကြီးအဆင့်တွင် ရှိထားပြီး.. အစောပိုင်းက သူမ သတ်ခဲ့သော သားရဲနှင့် လုံးဝယှဥ်မရပါ ။

" မိန်းကလေး ယွဲ့လီ ၊ အဆင်ပြေရဲ့လား.. "

ထိုစဥ်မှာပင် သူမ၏ နားထဲ သခင်ကြီး

ဟောင်၏အသံ ထွက်လာသည်။

ယွဲ့လီ အံ့အားသင့်သွားပြီး ချက်ချင်း လှည့်ကြည့်လိုက်၏။

ထိုစဥ်... မလှမ်းမကမ်းရှိ အရှုပ်အထွေး ၊ အပျက်အစီးများကြားထဲ ထိုင်နေကြသော သခင်ကြီးဟောင် ၊ ထျန်းယွမ်သခင်ကြီး ၊ သခင်ကြီးလုံနှင့် ကျန်လူများကို သူမ တွေ့လိုက်ရသည်။

ထိုလူများမှာ ယခင်တကည်းက ဒဏ်ရာအပြင်းထန် ရထားကြပုံပေါ်ကာ...

ယခု ကောင်းကင်ဘုံကိုးဆင့် လျှို့ဝှက်ဒေသ ပြိုကျမှုကြောင့် သူတို့၏ဒဏ်ရာများ အခြေအနေပိုဆိုးသွားခဲ့ဟန် ရှိပါ၏။

" သခင်ကြီးတို့.. ဘာတွေ ဖြစ်သွားခဲ့တာလဲ "

ယွဲ့လီမှာ ထိုသူများ၏ အခြေအနေကို မြင်သည်နှင့် စိုးရိမ်တကြီး မေးလိုက်သည်။

" အဆင်ပြေပါတယ်ကွာ... "

သခင်ကြီးဟောင်က ခက်ခက်ခဲခဲ ပြန်ဖြေသည်။

သို့သော် ထိုစဥ်မှာပင်..

" ဟင်... ဒီမှာ လူသားတွေ ရှိနေတာလား.. ငါ တော်တော်ကံကောင်းတာပဲကွ ။ အပြင်ရောက်ရောက်ချင်းမှာတင် အစာကို တန်းတွေ့တာပဲ "

အစောပိုင်းက သားရဲကြီးက ယွဲ့လီတို့လူအုပ်အား တွေ့သွားကာ ဖြည်းဖြည်းချင်း ပျံသန်းလာသည်။

အခြားသားရဲများလည်း သူတို့၏ လှုပ်ရှားမှုကို သတိထားမိသွားဟန်ဖြင့် တစ်ကောင်ပြီးတစ်ကောင် ပျံသန်းလာကြ၏။

" မင်းတို့တွေ ဘာလုပ်မလို့လဲ "

ယွဲ့လီ မျက်မှောင်ကြုံ့သွားကာ လေသံမာမာဖြင့် အော်လိုက်သည်။

ရှေ့မှ ဦးဆောင်လာသော နတ်ဆိုးသားရဲကြီးက လှောင်ပြုံးဖြင့် ပြန်ပြော၏။

" ဘာလုပ်မလို့လဲ.. ဟုတ်လား ၊ မင်းတို့ကို စားမလို့ပေါ့ကွ ။ မင်းတို့လူသားတွေက အစွမ်းမထက်ကြပေ

မယ့် အရသာတော့ တော်တော်ရှိတာ ။ ဒီကမ္ဘာကြီးမှာ အားနည်းတဲ့သူက အစွမ်းထက်တဲ့သူတွေရဲ့ အစာဖြစ်တာ ထုံးစံပဲ ။ အဲ့တော့ ငါ့ကို အပြစ်မတင်ဘဲ အစွမ်းနိမ့်လွန်းတဲ့ ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်ကြ "

ယွဲ့လီ မျက်မှောင်ပိုကြုံ့သွားသည်။

" လူသားမျိုးနွယ်ကို အစွမ်းနိမ့်တယ်လို့ ပြောလိုက်တာလား.. "

သားရဲကြီးက လှောင်ပြုံးဖြင့် ပြန်ပြော၏။

" ဘာလို့လဲ.. ငါပြောတာ မှားလို့လား ။ တကယ်လို့သာ ကောင်းကင်ဘုံကိုးဆင့် လျှို့ဝှက်ဒေသက ငါတို့မျိုးနွယ်စုကို ပိတ်လှောင်မထားခဲ့ရင် မင်းတို့လူသားတွေ မျိုးတုန်းနေတာ ကြာလှပြီကွ "

ကျန်သားရဲများကလည်း ထိုစကားကို ထောက်ခံဟန်ဖြင့် အော်ရယ်လိုက်ကြပါသည်။

ယွဲ့လီကမူ သူတို့ကိုကြည့်ကာ မျက်မှောင်ကြုံ့လိုက်ပါ၏။

ထိုသားရဲများက အခြေအနေအား

ရှင်းရှင်းလင်းလင်း နားလည်နိုင်ကြပုံ မပေါ်ပါ ။

သို့သော်.. သူမ ပြန်မပြောနိုင်ခင်မှာပင်..

ဝုန်း..

မလှမ်းမကမ်း၌ လေထုတစ်ခု ပြိုကွဲသွားပြီး ..

ခေါင်းပေါ်တွင် မှော်လက်နက်ကို တင်ထားသော ပြန်အသက်သွင်းခြင်းသခင်ကြီး ထွက်လာ၏။

အစွမ်းထက် ဖိအားကြီးတစ်ခုကလည်း အားလုံးကို တမဟုတ်ချင်း လွှမ်းခြုံလာသည်။

အစောပိုင်းက မောက်မာခက်ထန်နေခဲ့ကြသော သားရဲများလည်း ချက်ချင်း တိတ်သွားကြတော့၏။

All Chapters