← Chapters

ကြောက်စရာ ဓားမြှောင်

Vol. 22 Ch. 302

ကြောက်စရာ ဓားမြှောင်

Vol. 22 Ch. 302

သူ့စကားကို ကြားသည်နှင့် ပညာရှိစိတ်ဝိဥာဥ်ယိုင်သွားပြီး နောက်သို့ ခြေလှမ်းနှစ်လှမ်း ဆုတ်သွားသည်။ ထို့နောက် သူ တုန်ယင်နေသည့် အသံဖြင့် ပြော၏။

" အဲ့ကောင်ကြီးက ထွက်ပြေးသွားပြီလား ။ ဒါဆို ..ငါတို့က ဒီနှစ်တွေမှာ ဘာအတွက် ဒီမျှော်စင်ကို စောင့်ကြပ်နေကြသေးတာလဲ "

" ငါတို့ သခင်ကြီးရဲ့ စတေးမှုကရော ဘာအတွက်လဲ .. "

ကျန် မျှော်စင်စိတ်ဝိဥာဥ် များလည်း မျက်နှာကိုယ်စီ ပျက်သွားကြလေပြီ။

ပြီးခဲ့သော နှစ်များတွင် သူတို့သည် အချုပ်အနှောင်ကို စောင့်ကြပ်နေသည်ဟုသာ တွေးပြီး တာဝန်ဝတ်တရားများကို ကျေပြွန်စွာ ထမ်းဆောင်လျက် နေလာခဲ့ကြ၏။

သို့သော် အမှန်တကယ် ချုပ်နှောင်ထားသည့် အရာကြီးက လွတ်မြောက်နေခဲ့ပြီတဲ့လား ။

သူတို့ ထိုအဖြစ်ပျက်ကို မည်သို့ လက်ခံရပါမည်နည်း။

ထိုအချနန်တွင် လောထျန်းက လက်ဆန့်ကာ ခေါင်းတလားအတွင်းမှ ဓားမြှောင်အား ထုတ်ယူလိုက်သည်။

ထိုဓားပေါ်တွင် နတ်ဘုရား အကွက်များ ပုံဖော်ရေးဆွဲထားပြီး ကြီးမြတ်သော တာအိုအစွမ်း စီးဆင်းနေသည်ကို သူ သတိထားမိလိုက်၏။ ၎င်းက အစွမ်းထက်သော အရာတစ်ခု၏ ကောင်းချီးပေးခြင်း ခံထားရသည်မှာ သိသာပါသည်။

သူ သတိမထားမိဘဲ ဓားကို လက်ဖြင့် ပွတ်ကြည့်မိလိုက်သည်။

ရွှပ် ...

ရုတ်တရက် .. ဓားချွန်တစ်ဖက်က ဦးမော့လာပြီး သူ့လက်ဖဝါးအား ထိုးလာ၏။ ချက်ချင်းမှာပင် .. သူ့လက်မှ ရွှေရောင်သွေးတစ်စက် ထွက်ကျလာသည်။

" ဟင် ..ဘယ်လိုဖြစ်လို့ .. "

ဤတစ်ကြိမ်တွင် လောထျန်း အမှန်တကယ်ပင် အံ့အားသင့်သွားရ၏။

သူ့ခန္ဓာကိုယ်က မည်မျှ အစွမ်းထက်သည်ကို သူ ကောင်းကောင်းကြီး သိထားပါသည်။

မသေမျိုးတစ်ယောက်၏ တိုက်ခိုက်မှုများကပင် သူ့ကို ဘာမှ မလုပ်နိုင်ချိန်၌ ...

ထို ပိုင်ရှင်မဲ့သော ဓားတစ်လက်၏ သာမာန် ထိုးသွင်းချက်တစ်ခုက သူ့ အကာအကွယ်စိတ်စွမ်းအင်ကို ထိုးဖောက်နိုင်ခဲ့ရုံမက သူ့ကို သွေးထွက်အောင်ပင် လုပ်နိုင်ခဲ့သတဲ့လား။

ထိုဓားက မည်မျှ ချွန်ထက်နေပါသနည်း။

ထိုအချိန်မှာပင် ...

ဝုန်း ..

ဓားမှ အားကြီးသော အစွမ်းတစ်ခု ထွက်လာပြီး လောထျန်းအား တိုက်ရိုက် ဖိနှိပ်လာပြန်၏။

" ဟင် .. "

လောထျန်း အံ့အားသင့်သွားကာ ရှိသမျှ အစွမ်းကုန် ထုတ်၍ ကာကွယ်လိုက်သည်။

သို့သော် ..ကြောက်မက်ဖွယ် ဖိနှိပ်စွမ်းအားကြီးက လောထျန်းအပါ်သို့ ကမ္ဘာကြီး ပြိုကျလာသည့်သဖွယ် ကျလာ၏။ လောထျန်းသည်ပင် ၎င်းကို ခက်ခက်ခဲခဲ ခုခံနေရသည်။

ထိုစဥ် .. မှုန်ဝါးဝါး အရိပ်ကြီးတစ်ခုက သူ့ခေါင်းပေါ်သို့ ဖိနှိပ်လာနေသလို လောထျန်း မြင်လိုက်ရ၏။

သူ ချက်ချင်းပင် လှုပ်ရှားကာ ကံတရားမျှော်စင် အပြင်ဘက်သို့ တည်နေရာရွှေ့ပြောင်းသွားလိုက်သည်။

သူ အပြင်သို့ ရောက်သွားချိန်တွင်မူ ဖိနှိပ်စွမ်းအားကလည်း တဖြည်းဖြည်း လျော့ကျသွားသည်ကို ခံစားလိုက်ရသည်။

" အဲ့ဒါ .. ဘာကြီးလဲ "

ထိုအချိန်တွင် လောထျန်း၏ မျက်နှာထား အနည်းငယ် ပြောင်းသွားခဲ့လေပြီ။

အစောပိုင်းက သူ တစ်ခါမှ မခံစားခဲ့ဖူးသည့် ကြောက်ရွံ့မှုကိုပင် အနည်းငယ် ခံစားခဲ့ရပါ၏။

သူ စတင်ကျင့်ကြံလာသည့် အချိန်မှစ၍ အန္တရာယ်ဟု ခံစားမိသည်မှာ ယခုက ပထမဆုံး ဖြစ်ပါသည်။

သူ တည်နေရာရွှေ့ပြောင်းနိုင်ရသည့် အဓိကအကြောင်းရင်း ဖြစ်သော ကောင်းကင်ဘုံ ခန္ဓာကိုယ်ရွှေ့ကွက်ကြောင့်သာ မဟုတ်ပါက သူ ထို ဖိနှိပ်အစွမ်းကြောင့် အမှန်တကယ်ပင် သေဆုံးသွားရနိုင်သည် ဟုလည်းယုံပါ၏။

ထို့နောက်တွင်မူ သူ ကံတရား မျှော်စင်ထဲသို့ ထပ်ဝင်လိုက်သည်။

ထိုအချိန်တွင် အစောက ဓားမြှောင်မှာ ခေါင်းတလားထဲသို့ ပြန်ရောက်နေပြီး အစောက ဘာမှ မဖြစ်ခဲ့သလိုပင် ငြိမ်သက်စွာ ရှိနေ၏။

" အဲ့ဒါ ဘာကြီးလဲ .. "

သူ အံ့သြတုန်လှုပ်စွာ ရေရွတ်လိုက်သည်။

" သခင်လေး ၊ ခုနက ဘာဖြစ်သွားတာလဲ "

မျှော်စင်စိတ်ဝိဥာဥ်များကလည်း သူ့ကိုကြည့်ကာ တအံ့တသြ မေးလာ၏။

လောထျန်း မျက်မှောင်ကြုံ့ကာ ပြန်မေးလိုက်သည်။

" ခုနက ခင်ဗျားတို့ ဘာမှ မခံစားလိုက်ရဘူးလား "

မျှော်စင်စိတ်ဝိဥာဥ်များက တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ နားမလည်နိုင်စွာ ပြန်ပြောသည်။

" ကျုပ်တို့က သခင်လေး ဓားကို ကောက်ကိုင်လိုက်ပြီးတော့ လက်ကို ထိမိပြီး သွေးထွက်သွားတာ  မြင်လိုက်တယ်။ ပြီးတော့ သခင်လေး ပျောက်သွားတာပဲလေ "

" ဘယ်လို .. "

လောထျန်း အံ့အားသင့်သွားရပြန်သည်။

သူ အစောက ခံစားခဲ့ရသည့် ဖိနှိပ်အစွမ်း အပြည့်ပါသော လေထုကြီးကို ထိုသူများက လုံးဝပင် သတိမထားမိခဲ့ကြဘူးတဲ့လား။

" ဒီဓားက တစ်ခုခုတော့ ထူးဆန်းနေတယ် "

လောထျန်းက မျက်မှောင်ကြုံ့ပြီး ဓားမြှောင်အား စိုက်ကြည့်လိုက်သည်။

" ဒီဓားရဲ့အကြောင်းကို ခင်ဗျားတို့ သိကြလား "

သူ မေးလိုက်သည်။

ပညာရှိ စိတ်ဝိဥာဥ်က မြန်မြန် ပြန်ဖြေ၏။

" ကျုပ်တို့ အရင်သခင်ကြီး ချန်ထားခဲ့တဲ့ စာတစ်စောင် ထဲမှာတော့ ဒီဓားအကြောင်း ပါတယ်။ ဒီဓားက ကြောက်စရာ အရာကြီးကို ချုပ်နှောင်တဲ့နေရာမှာ အဓိက အကျဆုံး အသက်ပဲတဲ့ "

" ဒီဓားကို ဘယ်က ဘယ်လို ရခဲ့တယ်ဆိုတာကိုရော သိလားဗျ "

လောထျန်း ထပ်မေးလိုက်သည်။

သူ့အသက်ကို အန္တရာယ်ပြုနိုင်သည့် ထိုဓားအကြောင်းကို သူ သေသေချာချာ သိချင်ပါ၏။

" အဲ့ဒါတော့ .. ကျုပ်လဲ မသိဘူးဗျ ။ အရင်သခင်ကြီး ချန်ထားခဲ့တဲ့ စာထဲမှာလဲ ဒီဓားရဲ့ ဇစ်မြစ်အကြောင်းကို ဘာမှ မပြောထားဘူး။ ကြည့်ရတာ .. တစ်ခုခု ဖြစ်သွားပြီးမှ ရုတ်တရက် ပေါ်လာတာနဲ့တူတယ် "

ပညာရှိစိတ်ဝိဥာဥ်က အနည်းငယ် ရှက်နေဟန်ဖြင့် ပြန်ဖြေသည်။

လောထျန်း ပို၍ပင် မျက်မှောင်ကြုံ့သွား၏။

ရုတ်တရက် ပေါ်လာသည့် ဓားက ဤမျှ အစွမ်းထက်နေသတဲ့လား။

ထို့အပြင် ၎င်းက ထိပ်သီးအဆင့် အစွမ်းထက်သူတစ်ယောက်ကို ချုပ်နှောင်သည့် အရာပင် ဖြစ်လာခဲ့ပါသေးသည်။

မည်သို့ပင် ကြည့်ကြည့် ၊ ထိုအဖြစ်က သာမာန် ဟုတ်မနေပါ။

ထိုအချိန် .. လောထျန်း၏ အကြည့်က ခေါင်းတလားဆီသို့ ပြန်ရောက်သွားပြီး .. ရုတ်တရက် သူ တအံ့တသြ ရေရွတ်လိုက်သည်။

" အဲ့ဒါ ဘာတွေလဲ "

မျှော်စင်စိတ်ဝိဥာဥ်များကလည်း သူ့စကားကြောင့် ခေါင်းတလားထဲသို့ ချက်ချင်း ပြန်ကြည့်လိုက်ကြ၏။

ခေါင်းတလားအတွင်းမူကား .. ထူထပ်သိပ်သည်းစွာ ရေးထားသည့် စာကြောင်းများ များစွာပင် ရှိနေပြီး .. အချိန်အလွန်ကြာသွားခဲ့သည့်တိုင် လုံးဝ မှိန်ဖျော့သွားခြင်းမရှိဘဲ ရှင်းရှင်းလင်းလင်း ရှိနေကြသည်။

ပညာရှိစိတ်ဝိဥာဥ်သည် ထိုစာများအား အချိန်အတန်ကြာသည်အထိ ဖတ်နေပြီးမှသာ ရုတ်တရက် တစ်ကိုယ်လုံး တုန်သွားပြီး ပြော၏။

" အဲ့လိုကိုး ... အဲ့လိုကြောင့်ကိုး .. "

" ဟင် .. အကိုကြီးက အဲ့စာတွေကို နားလည်တယ်လား ။ ကျုပ်တို့ကို ပြောပြပါဦး "

အလင်းလုံးက တအံ့တသြ မေးလာသည်။

လောထျန်းအပါအဝင် ကျန် မျှော်စင်စိတ်ဝိဥာဥ်များကလည်း သူ့အား ကြည့်လာကြ၏။

ပညာရှိစိတ်ဝိဥာဥ်က အသက်ပြင်းပြင်း တစ်ချက် ရှိုက်လိုက်ပြီးမှ ပြောသည်။

" ငါ စာတွေအားလုံးကိုတော့ နားမလည်ပေမယ့် .. တချို့ကိုတော့ နားလည်တာမို့ ဇာတ်လမ်းရဲ့ အကြမ်းဖျင်းကို နားလည်သလို ရှိတယ် "

သူက ထိုသို့ပြောပြီး ခေါင်းတလား အတွငးဘက်နံရံပေါ်မှ စာများကို ညွှန်ပြကာ စကားဆက်သည်။

" အဲ့စာတွေက အတိုက်အခိုက် အစီအမံတွေပဲ ၊ အင်မတန်ကို အစွမ်းထက်တယ် "

" စာရဲ့ အတိအကျကို နားမလည်ပေမယ့် .. ငါထင်တာတော့ .. ဒါတွေဟာ ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်တွေကို ဖုံးကွယ်တဲ့နေရာမှာ သုံးတယ်  "

" ဒီ ထွင်းစာတွေကတော့ . စိတ်ဝိဥာဥ်ကို လှုပ်နှိုးစေတဲ့ စာတွေပဲ။စိတ်ဝိဥာဥ်တွေရဲ့ စိတ်စွမ်းအင် အသိဉာဏ်တွေကို လှုပ်နှိုးတဲ့နေရာမှာ သုံးတဲ့ဟာပေါ့။ ဥပမာ ပြောရရင် ငါတို့တွေရဲ့ စိတ်စွမ်းအင် အသိဉာဏ်ကိုလဲ ငါတို့သခင်ကြီးက ဒီနည်းကိုပဲ သုံးပြီး ဖွင့်ပေးခဲ့တာ။ ဒါပေမယ့် .. ဒီ ခေါင်းတလားထဲက ထွင်းစာတွေကတော့ ပိုဆန်းကြယ်ပြီး၊ ပိုလဲ အစွမ်းထက်တယ် "

" ကျန်တဲ့ဟာ အနည်းစုကတော့ ငါ နားမလည်နိုင်ဆုံး ဟာတွေပဲ ။ စာအကုန်လုံးကိုတောင် ငါ သိပ်နားမလည်ဘူး။ဒါပေမယ့် .. ငါ အရိပ်အမြွတ်လောက် သိတဲ့ တစ်ခုတော့ ရှိတယ် "

ထို့နောက် သူ ထွင်းစာတစ်ခုကို လက်ညိုးညွှန်ပြကာ ဆက်ပြော၏။

" ဒီ ထွင်းစာက အသက်ပြန်သွင်းတာနဲ့ သက်ဆိုင်နေတယ် ထင်တယ် "

" အသက်ပြန်သွင်းတာ .. "

အားလုံးက သူ့အား ကြည့်လိုက်ကြသည်။

ပညာရှိစိတ်ဝိဥာဥ်က သက်ပြင်းတစ်ချက်ချကာ ပြော၏

" ဒီ သဲလွန်စတွေက အများကြီး မဟုတ်ဘူး ဆိုပေမယ့် .. ဖြစ်နိုင်ချေ တစ်ခုကို ခန့်မှန်းဖို့တော့ လုံလောက်တယ် "

အားလုံးမှာ အသက်ပင် ကျယ်ကျယ် မရှူရဲကြဘဲ သူ့သုံးသပ်ချက်ကို စောင့်မျှော်နေကြသည်။

ပညာရှိစိတ်ဝိဥာဥ်က ဖြည်းဖြည်းချင်း စကားဆက်သည်။

" အရင်သခင်ကြီးနဲ့ သူ့ လူတွေက ကြောက်စရာကောင်းတဲ့ အရာကြီးကို နည်းမျိုးစုံ သုံးပြီးချုပ်နှောင်ဖို့ ကြိုးစားခဲ့ကြပြီးတော့ နောက်ဆုံး အောင်မြင်ခဲ့ကြတယ်။ အဲ့အရာကြီးကို ဒီခေါင်းတလားထဲမှာပဲ ချုပ်နှောင်ထားတာလဲ မှန်တယ်။ ဒီ အချုပ်အနှောင်တွေကနေ သာမာန်နည်းလမ်းကို သုံးပြီး ထွက်ပြေးဖို့ ဆိုတာလဲ မဖြစ်နိုင်ဘူး "

" ဒါပေမယ့် အဲ့အရာကြီးက အင်မတန်ကို အစွမ်းထက်ပြီး သူ့ကိုယ်သူလဲ ရက်စက်ရဲတယ်။ သူက သာမာန်နည်းတွေနဲ့ အချုပ်အနှောင်က ထွက်မပြေးနိုင်တာကို သိတော့ လုံးဝ သာမာန်မဟုတ်တဲ့ အဆိုးဆုံးနည်းကို သုံးခဲ့တာ "

" အဆိုးဆုံး .. ဘယ်လိုဆိုးတာလဲ "

မိန်းကလေး စိတ်ဝိဥာဥ်က တအံ့တသြ မေးသည်။

" အရင်ဆုံး .. သူက ဒီကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်ကို ဖုံးကွယ်တဲ့ ထွင်းစာတွေနဲ့ သူ့ရဲ့ အရောင်အဝါကို ဖုံးကွယ်ခဲ့တယ်။ ဒါမှလဲ အပြင်လူတွေအနေနဲ့ သူ့ကို ဘယ်လိုစစ်ဆေးတာမျိုးမှ လုပ်လို့ မရမှာလေ "

ထို့နောက် ပညာရှိစိတ်ဝိဥာဥ်က အတိုက်အခိုက် ထွင်းစာများကို ညွှန်ပြကာ စကားဆက်၏။

" ငါတို့  အရင်သခင်ကြီးရဲ့ စကားအရဆိုရင် .. အဲ့ဒီဓားမြှောင်မှာ ဖိနှိပ်အစွမ်းတွေ ပါဝင်နေတယ်။ အဲ့ဒီဓားက သူ့ကိုယ်ထဲမှာ ရှိနေသရွေ့ သူ ဘယ်ကိုမှ ထွက်လို့ မရဘူး။ ဒါ့ကြောင့်မို့ သူက ဒီ တိုက်ခိုက်ရေး ထွင်းစာတွေကို သုံးပြီး သူ့ကိုယ်သူ အပိုင်းပိုင်းဖြစ်အောင် ဖြတ်ပစ်ခဲ့တာ "

" ဘယ်လို ... "

သူ့စကားကြောင့် အားလုံး အံ့သြတုန်လှုပ်သွားကုန်ကြသည်။

မိမိကိုယ်ကို အပိုင်းပိုင်းဖြစ်အောင် ဖြတ်ပစ်ခဲ့သည်တဲ့လား။

မည်မျှ ရက်စက်လိုက်သော သူပေနည်း။

ပညာရှိစိတ်ဝိဥာဥ်က ခေါင်းညိတ်ကာ ပြန်ပြော၏။

" အမှန်ပဲ ၊ ဒီမှာ အပိုင်းပိုင်း ဖြစ်နေဆဲ့ အဝတ်စတွေကို ကြည့်လေ ။ ဒါတွေက သက်သေတွေပေါ့ "

ထိုစကားကို ကြားသောအခါ အားလုံးက ခေါင်းတလားထဲမှ အပိုင်းပိုင်းဖြစ်နေသည့် အဝတ်စများကို ကြည့်လိုက်ကြပြီး ပညာရှိစိတ်ဝိဥာဥ်ကြီး ပြောသွားခဲ့သည်မှာ အဓိပ္ပါယ်ရှိကြောင်း လက်ခံလိုက်ကြသည်။

အမှန်တကယ်လည်း ထိုအဝတ်စများကို အပြင်မှ ကြည့်ပါက ခန္ဓာကိုယ် အပိုင်းပိုင်း ဖြစ်သွားရာမှ ကျန်နေသည့် အကြွင်းအကျန်များနှင့် တူနေပါသည်။

ပညာရှိစိတ်ဝိဥာဥ်က စကားဆက်၏။

" အဲ့နောက်တော့ သူက သူ့သွေးကို ပြန်သုံးပြီး ယဇ်ပူဇော်ပွဲတစ်ခု လုပ်ပြီးတော့ ..  စိတ်ဝိဥာဥ် အသိဉာဏ် နှိုးထပြီးသား စိတ်ဝိဥာဥ်ခန္ဓာကိုယ် ၉ ခုအဖြစ် အသွင်ပြောင်းစေခဲ့တယ်။ ပြီးတော့ အဲ့ စိတ်ဝိဥာဥ်ခန္ဓာကိုယ် ၉ ခုကို အဝါရောင် ရေပူစမ်း ပင်လယ်အောက်ထဲမှာ ချုပ်နှောင်ထားခဲ့တာပဲ "

" အဲ့ဒီ စိတ်ဝိဥာဥ်တွေက သူ့သွေးကို ယဇ်ပူဇော်ပြီးမှ ဖြစ်လာတာမို့ သူ့ရဲ့ အရောင်အဝါတွေ စွန်းထင်းနေကြတယ်။ ဒါ့ကြောင့်မို့လဲ အပြင်ကနေ ကြည့်ရင် သူက အမြဲတမ်း ချုပ်နှောင်ခံထားရသလို ထင်ရတာပဲ "

All Chapters