အစွမ်းအထက်ဆုံး လက်သီးချက်
Vol. 32 Ch. 443
" ကျုပ် ၊ လွေ့နန်က နတ်ဆိုးဧကရာဇ်ကြီးကို အရိုအသေပေးပါတယ်။ ဧကရာဇ်ကြီး ပြန်ပြီး လွတ်မြောက်သွားတဲ့အတွက်လဲ ဂုဏ်ယူပါတယ် "
လွေ့နန်က မြေကြီးပေါ်တွင် ဒူးထောက်၍ ကျယ်လောင်စွာ အော်ပြောလာသည်။
နတ်ဆိုးဧကရာဇ်ကြီးက လွေ့နန်ဘက် လှည့်ကြည့်ပြီ အပြုံးဖြင့် ပြောလိုက်၏။
" ဒီကောင်လေး.. မဆိုးဘူးပဲ "
ထို့နောက် သူ လောထျန်းဘက် ထပ်လှည့်ကာ အပြုံးဖြင့် ဆိုလိုက်သည်။
" မင်းက ပိုကောင်းတယ် "
ထို့နောက် သူ လောထျန်းရှိရာဆီသို့ လျှောက်သွားနေရင်း စကားဆက်၏။
" ကောင်လေး ၊ မင်းရဲ့ ကျေးဇူးကြောင့် ငါ အချုပ်အနှောင်ကနေ လွတ်ပြီး ပြန်ထွက်လာနိုင်တာ။ ဒါပေမယ့် ဒီနေရာကနေ ထွက်သွားဖို့ဆိုရင် နောက်ဆုံး လုပ်ရမယ့် အဆင့်တစ်ခု ကျန်နေသေး
တယ်ကွ။ အဲ့ဒါကတော့ ယဇ်ပူဇော်ပွဲ လုပ်ပြီး ငါ့ကို စီမံထားတဲ့ ကျိန်စာကို ချိုးဖျက်ပစ်ဖို့ပဲ "
" အဲ့လို ယဇ်ပူဇော်ဖို့ကလည်း လုံလောက်အောင် အစွမ်းထက်တဲ့သူ နဲ့မှ ရမှာ။ မင်းက ငါလိုအပ်နေတဲ့ လိုအပ်ချက်တွေနဲ့ ကွက်တိပဲ "
" အရင်တုန်းကလို ဆိုရင်တော့ ငါ့ရဲ့ မျိုးနွယ်စုက မဟုတ်တဲ့သူ မှန်သမျှကို သတ်ပစ်မိမှာ သေချာတယ်။ ဒါပေမယ့် မင်းက ငါ့ကို ကူညီပေးထားတာဆိုတော့ မင်းကို ငါ မျက်နှာသာတစ်ခု ပေးလိုက်မယ်ကွာ "
" မင်းသာ ဘာမှ မခုခံဘဲ ယဇ်ပူဇော်တာကို အေးအေးဆေးဆေး လက်ခံမယ်ဆိုရင် ငါ မင်းဘေးက လူတွေအားလုံးကို အသက်ချမ်းသာပေးလိုက်မယ်။ ငါ ထျန်းယွမ်ကမ္ဘာကို ပြန်ရောက်ရင်တောင်မှ မင်းရဲ့ မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေရဲ့ အသက်ကို ရန်မရှာဘဲ နေမယ်ကွာ။ ဘယ်လို သဘောရလဲ... "
နတ်ဆိုးဧကရာဇ်ကြီးက ထိုသို့ပြောကာ လောထျန်းအား ဆုလာဒ်ကြီးတစ်ခု ပေးသနားနေသည့်ဟန်ဖြင့်
ငုံ့ကြည့်လိုက်သည်။
လောထျန်းကမူ ထိုသူ၏ စကားကို ကြားသည်နှင့် မျက်မှောင်ကြီး ကြုံ့သွားသည်။
" မင်းတို့တွေအားလုံးက တုံးပဲ တုံးအလွန်းတာလား ၊ ဒီတိုင်းကို မောက်မာတာလား "
" ဟင်... "
နတ်ဆိုးဧကရာဇ်ကြီး အံ့သြမှင်သက်သွားရသည်။
လောထျန်းက ဆက်ပြော၏။
" ငါ မင်းကို ဒီလောက် အကြိမ်ပေါင်းများစွာ ပြိုကွဲအောင် လုပ်ခဲ့တာတောင် မင်းက အမှတ်မရှိဘူး "
ထိုစကားကို ကြားသည့်အချိန်တွင်မူ နတ်ဆိုးဧကရာဇ်ကြီးက အပြုံးဖြင့် ပြန်ပြောလိုက်သည်။
" ကောင်လေး ၊ မင်းက ခုထိ အခြေအနေကို နားမလည်သေးပါလားကွ။ မင်း ခုနက ချိုးဖျက်ခဲ့တဲ့ အရာတွေက ငါ့ကို ချုပ်နှောင်ထားတဲ့ အချုပ်အနှောင်တွေလို့ ငါ အစောတည်းက ပြောခဲ့တယ်လေ။ ပြီးတော့ အဲ့အချုပ်အနှောင်တွေက ငါ့အရောင်အဝါရဲ့ ဒဏ်ကိုလဲ ခံထားရသေးတယ် "
" ငါ့ရဲ့ အစွမ်း အစစ်အမှန်က မင်း အရင် မြင်ခဲ့တာထက် အဆပေါင်းများစွာ ပိုအစွမ်းထက်တယ်ကွ "
" ကောင်လေး ၊ ဟိုး အရင်ခေတ်မှာတောင် မင်းလို ဘီလူးအဆင့်ရှိတဲ့ လူသားတစ်ယောက်ကို တွေ့ဖို့ အင်မတန်ရှားတယ် ဆိုတာတော့ ငါ ဝန်ခံပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ မင်းတို့အားလုံးက လူသားတွေ ပါပဲကွာ "
သူ ထိုသို့ပြောကာ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။
ဝုန်း..
ချက်ချင်းမှာပင် ကြောက်မက်ဖွယ် နတ်ဆိုးအစွမ်းတစ်ခု လေထဲ လွင့်တက်လာ၏။
ထို ကြောက်မက်ဖွယ် လေလှိုင်းလုံးကြီးကြောင့် မရေမတွက်နိုင်သော လူများစွာပင် သွေးများ အန်ကာ မေ့လဲကျသူကျ ဖြစ်ကုန်ကြသည်။
" ဒီ အရောင်အဝါက.... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ "
လူတစ်ယောက်က အံ့သြတကြီး ဆိုသည်။
" ဒါ.. ဘယ်လိုသားရဲမျိုးလဲ။ အရောင်အဝါက ကြောက်စရာ ကောင်းလိုက်တာ "
" ဒီအစွမ်းက ကမ္ဘာပေါ်က မသေမျိုးတွေထက်တောင် ပိုသာမယ် ထင်တယ်နော် "
အားလုံး၏ ရင်ထဲမှ အံ့သြတုန်လှုပ်မှုတို့မှာ ထိပ်ဆုံးသို့ ရောက်နေပြီဟုပင် ပြော၍ ရပါသည်။
ထိုအချိန်တွင် နတ်ဆိုးဧကရာဇ်ကြီးက သူ့အရောင်အဝါကို ပြန်သိမ်းကာ လောထျန်းအား လှောင်ပြုံးဖြင့် ပြောလာ၏။
" ဘယ်လိုလဲ.. ခံစားမိလိုက်တယ်မလား ။ မင်းက အစွမ်းထက်တယ်ဆိုတာ ငါ ဝန်ခံပါတယ်။ ဒါပေမယ့် ငါ့အစွမ်းက မင်းထက် ဆယ်ဆ ၊ မဟုတ်သေးဘူး.. အဆ ၃၊၄ ဆယ်လောက်တောင် ပိုများတယ်ကွ "
" ဝု... "
ထိုစကားကို ကြားသောအခါ လောထျန်း ပုခုံးပေါ်တွင် ရှိနေသော ရှောက်ထျန်းလုံလေး ကြောက်ရွံ့နေဟန် ပေါက်သွားသည်။
နတ်ဆိုးဧကရာဇ်ကြီး၏ အရောင်အဝါက အမှန်တကယ်လည်း ကြောက်စရာကောင်းလှသည် မဟုတ်ပါလား။
အားလုံးရင်ထဲ လေးလံသွားကြတော့သည်။
လောထျန်း တစ်ယောက်တည်းကသာ ကြောက်ရွံနေသော လူအုပ်ဘက် အံ့သြတကြီး လှည့်ကြည့်၍ ပြောလာပါ၏။
" ခင်ဗျားတို့တွေက.. ဘာဖြစ်နေကြတာလဲ "
ပန်းလင်က အသံတုန်တုန်ဖြင့် ပြန်ပြောလိုက်သည်။
" သခင်လေး လောထျန်း ၊ အဲ့ကောင်ကြီးက... အစွမ်းထက်လွန်းတယ် "
" အစွမ်းထက်လွန်းတယ်.. ဟုတ်လား "
လောထျန်း အံ့သြသွားဟန် တူကာ နတ်ဆိုးဧကရာဇ်ကြီးဘက် လှည့်ကြည့်လိုက်သည်။
" ပန်းလင်က သူ့ကို အစွမ်းထက်လွန်းတယ်တဲ့။ ပန်းလင်က သဘာဝ စိတ်ဝိဥာဥ်တစ်ယောက် ဆိုတော့ သူ့အမြင်က ဘယ်လိုမှ မှားမှာ မဟုတ်ဘူး။ ဒါပေမယ့်.. ငါကတော့ သူ့ကို အစွမ်းထက်တယ်လို့လဲ မခံစားမိပါဘူး။ သူက တကယ်ကြီး အဲ့လောက်ကြောက်စရာ ကောင်းနေတာများ ဖြစ်မလား "
လောထျန်း ထိုသို့ တွေးမိကာ ကြောက်မက်ဖွယ် ရန်သူကြီးတစ်ယောက်နှင့် ရင်ဆိုင်နေရသည့်အလား မျက်နှာကြီး တည်သွားသည်။
လောထျန်း ဖြစ်သွားသည့် ပုံကို မြင်သော နတ်ဆိုးဧကရာဇ်ကြီးက အသံကျယ်ဖြင့် ထရယ်လိုက်၏။
" ဘာဖြစ်လို့လဲ ၊ အခုတော့ ကြောက်နေပြီလား ။ ငါ ပြောတဲ့ ကိစ္စကိုရော လက်ခံမှာလား "
သူ ပြောသည့် ကိစ္စတဲ့လား...
မိမိကိုယ်ကို မခုခံဘဲ အသာတကြည် ယဇ်ပူဇော်ခံရမည်တဲ့လား...
မည်မျှ ရယ်စရာ ကောင်းလိုက်ပါသနည်း။
လောထျန်းက အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။
" သွားပြီး အိမ်မက် မက်နေလိုက်စမ်းကွာ "
နတ်ဆိုးဧကရာဇ်ကြီး မျက်မှောင်အနည်းငယ် ကြုံ့သွား၏။
" တကယ် ပြောနေတာလား ... သနားစရာပဲကွာ.. ။ အေးလေ ၊ အဲ့လိုဆိုမှတော့လဲ မင်းကို ငါကိုယ်တိုင် သတ်ရုံပဲ ရှိတော့တာပေါ့။ ဒါပေမယ့်.. ငါ စောနက ပြောခဲ့သလို မင်းက ငါ့ကို အချုပ်အနှောင်ကနေ လွတ်အောင် ကူညီခဲ့တာ ဖြစ်တဲ့အတွက် မင်းကိုငါ အခွင့်ရေးတစ်ခုတော့ ပေးလိုက်မယ် ။ မင်း ငါ့ကို တိုက်ခိုက်ချင်ရင် အခု တိုက်ခိုက်ပါ "
သူက ပြောပြောဆိုဆိုပင် လောထျန်းအား အနားလာရန် လက်ဖြင့် အချက်ပြလိုက်သည်။
၎င်းကို မြင်သောအခါ လောထျန်းစိတ်ထဲ ပို၍ ကြောက်လန့်သွားရပါ၏။
" ကြည့်ရတာ ဒီကောင်ကြီးက တကယ်ကို ကြောက်စရာကောင်းတဲ့ ပုံပဲ။ ဒီဘဝ ငါတွေ့ဖူးသမျှတွေထဲမှာ
အစွမ်းအထက်ဆုံး ပြိုင်ဘက်တောင် ဖြစ်မယ်နဲ့တူတယ်။ ငါ သတိလျော့လို့ မဖြစ်ဘူး "
ထိုသို့တွေးကာ လောထျန်း အသက်ပြင်းပြင်း တစ်ချက် ရှိုက်လိုက်သည်။
" ကောင်းပြီလေ ၊ အသင့် ဖြစ်ပြီလား "
ထိုစဥ်တွင် လွေ့နန်မှာ တစ်စုံတစ်ခု မှားယွင်းနေသည်ကို အာရုံခံမိသွားပြီး နတ်ဆိုးဧကရာဇ်ကြီးအား လှမ်းအော်လိုက်သည်။
" နတ်ဆိုးဧကရာဇ်ကြီး ၊ သတိလွတ်လို့ မဖြစ်ဘူးဗျ။ အဲ့ကောင်လေးရဲ့ ကျင့်ကြံခြင်းအဆင့်က ထူးဆန်းတယ်။ သူ့ကို ဒီတိုင်း တန်းပြီး သတ်လိုက်တာက ပိုကောင်းတယ်ဗျ "
သူ့စကားကို ကြားသောအခါ နတ်ဆိုးဧကရာဇ်ကြီး မျက်မှောင်ကြုံ့သွားပြီး လွေ့နန်ဘက် လှည့်၍ ဒေါသတကြီး အော်လိုက်သည်။
" မင်း ပါးစပ် ပိတ်ထားစမ်း "
ခွမ်း..
အလင်းတန်းလိုက်ကာ ပြိုကွဲသွားပြန်၏။
သို့သော် တခဏအကြာမှာပင် အလင်းတန်းလိုက်ကာ နောက်တစ်ခု ပြန်ပေါ်လာကာ လွေ့နန်၏ ပုံရိပ် ပေါ်လာပြန်သည်။
သို့သော် ထိုအချိန်တွင် လွေ့နန်၏ နှုတ်ခမ်းထောင့်စွန်း၌ သွေးစအချို့ ရှိနေပါ၏။
ထိုအော်သံကြောင့် သူ ဒဏ်ရာရသွားခဲ့ပုံပင်..
၎င်းကို ကြည့်ကာ အားလုံး တုန်လှုပ်သွားကြရပြန်သည်။
နတ်ဆိုးဧကရာဇ်ကြီးက အော်သံဖြင့်ပင် အလင်းတန်း လိုက်ကာထဲမှ တဖက်လူကို ဒဏ်ရာရအောင် လုပ်နိုင်ခဲ့သတဲ့လား။
၎င်းက မည်သို့သော အစွမ်းမျိုးပါနည်း။
လောထျန်းမှာလည်း ၎င်းကို သေချာမြင်လိုက်ရကာ စိတ်ပိုလေးသွားသည်။
" လာလေ.. လာတိုက်ခိုက် "
ထိုစဥ် နတ်ဆိုးဧကရာဇ်ကြီးက အပြုံးဖြင့် ပြောလာ၏။
" ဝု... "
ရှောက်ထျန်းလုံလေးမှာ စိုးရိမ်နေသည့် မျက်နှာဖြင့် လောထျန်း၏ ဆံပင်အား ဆွဲထားသည်။
" ကောင်လေး ၊ ပန်းလင်နဲ့ သွားနေလိုက် "
လောထျန်း ပြောလိုက်သည်။
ရှောက်ထျန်းလုံလေးမှာလည်း လောထျန်းက အစွမ်းအပြည့် သုံးပြီး တိုက်ခိုက်တော့မည်ကို သိသဖြင့် လောထျန်းအား နောက်ဆံမတင်းစေချင်သောကြောင့် အမိန့် နာခံကာ ပန်းလင်ဆီသို့ သွားလိုက်သည်။
ထိုအချိန်တွင် လောထျန်းမှာ စိုးရိမ်နေဟန် အလျဥ်းမရှိဘဲ မျက်နှာကြီး အလွန်တည်နေပါ၏။
" ကဲ.. ဒါဆိုလဲ လုပ်ကြည့်ကြတာပေါ့။ အောင်မြင်မလား.. မအောင်မြင်ဘူးလား ဆိုတာတော့ ပြီးမှ သိရမှာပဲ "
လောထျန်း ထိုသို့ ပြောကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
ဝုန်း...
ချက်ချင်းမှာပင် သူ့ အရှုပ်အထွေး ခန္ဓာကိုယ်က အသက်ဝင်လာ၏။
ဝီ..
သူ့ကိုယ် ပတ်ပတ်လည်တွင်လည်း အရှုပ်အထွေး စိတ်စွမ်းအင် အလင်းတန်းများ လင်းလက်လာပြီး သူ့အရောင်အဝါပါ အစွမ်းပိုတိုးလာသည်။
၎င်းကို မြင်သောအခါ လွန်ခဲ့သော စက္ကန့်ပိုင်းလေးကပင် သူ နိုင်ပြီ ဟု တွေးပြီး လှောင်ပြုံး ပြုံးနေခဲ့သော နတ်ဆိုးဧကရာဇ်ကြီး ရုတ်တရက် ကြက်သေ သေသွားပါ၏။
" ဟင်... ဒီကောင်လေးရဲ့ အရောင်အဝါက တိုးလာတာပါလား။ ဒီအစွမ်းက... ဘာတွေ ဖြစ်နေတာလဲ "
နတ်ဆိုး ဧကရာဇ်ကြီး အံ့သြမှင်သက်သွားရသည်။
အစောပိုင်းတွင် သူ့အား တိုက်ခိုက်ခဲ့စဥ်ကတည်းက လောထျန်းတစ်ယောက် အစွမ်းပြည့် သုံးခဲ့သည်ဟုသာ သူ ထင်ထားခဲ့ပါသည်။
ထိုသို့ ဟုတ်မနေကြောင်းကို သူ ယခုမှသာ သိလိုက်ရခြင်းပင်...
" ဟမ့်.. ဂရုစိုက်နေစရာ မလိုပါဘူး။ သူ့ရဲ့ အခု လက်ရှိအစွမ်းကတောင် ငါ့ထက် နည်းနည်းလေး ပိုအစွမ်းနိမ့်နေသေးတာပဲ။ သူ့လက်သီးကို ထိပ်တိုက် ရင်ဆိုင်ဖို့ ငါ့အတွက် ပြဿနာ မဟုတ်လောက်ဘူး "
နတ်ဆိုးဧကရာဇ်ကြီး တွေးလိုက်သည်။
သို့သော် နတ်ဆိုးဧကရာဇ်ကြီး၏ တည်ငြိမ်သော အမူအရာကို ကြည့်နေသည့် တဖက်မှ လောထျန်းမှာ ပိုအံ့အားသင့်သွားရပါ၏။
" ဒီကောင်ကြီးက တကယ်ကို အစွမ်းထက်တာပဲ။ ငါ့ရဲ့ အရှုပ်အထွေး ခန္ဓာကိုယ်နဲ့ ရင်ဆိုင်ရတာတောင် သူ့ကိုယ်သူ ယုံကြည်ချက်အပြည့် ဖြစ်နေတုန်းပဲ။ အဲ့
လိုဆိုရင်.... ဒီတစ်ခုကို စမ်းကြည့်မယ်ကွာ "
လောထျန်း ထိုသို့တွေးကာ မျက်လုံးမှေးလိုက်ပြီး သူ၏ ထူးခြားသော စိတ်စွမ်းအင်ပင်လယ်ကို အသက်သွင်းလိုက်သည်။
" ထူးခြား စိတ်စွမ်းအင်ပင်လယ်.. အသက်ဝင်စေ "
ဝုန်း..
ချက်ချင်းမှာပင် လောထျန်းနောက်မှ လေထု လှုပ်ရှားလာပြီး ကြယ်ပယ်လင်ကြီး တစ်ခု စတင်စုစည်းလာ၏။
မရေမတွက်နိုင်သော ကြယ်များ လင်းလက်နေသည့် နဂါးငွေ့တန်းတစ်ခုလည်း တဖြည်းဖြည်း စတင်လည်ပတ်လာသည်။
ထို ကြယ်အစုအဝေးကြီး ပေါ်လာသည်နှင့် အမျှ လောထျန်း၏ အရောင်အဝါကလည်း တိုးသထက် တိုးလာပါ၏။
နောက်ဆုံးတွင်မူ ၎င်းက အလွန် ကြောက်စရာကောင်းသည့် အဆင့်သို့ ရောက်သွားတော့သည်။
ဂလု..
နတ်ဆိုးဧကရာဇ်ကြီးမှာ ထိုမြင်ကွင်းကို ကြည့်ရင်း အံ့သြမှင်သက်နေ၏။
" ဒါ... ဘာကြီးလဲ "
သူ မျက်လုံးများလည်း ပြူးကျယ်သွားသည်။
ထိုသို့သော အစွမ်းမျိုးမှာ သူ နားလည်နိုင်စွမ်းထက်ပင် ပိုနေလေပြီ။
" ဘီလူးကြီး.. ဘီလူးကြီး.. "
လောထျန်းကို ကြည့်နေရင်း သူ့အတွေးထဲ၌ ထိုစကားလုံးတစ်ခုသာ ပေါ်လာပါ၏။
ထိုအချိန်တွင် လောထျန်းက လက်သီးကို မြှောက်၍ ကျယ်လောင်စွာ အော်လိုက်သည်။
" နတ်ဆိုးဧကရာဇ်ကြီး ၊ လာလေ ။ ဒါ ငါ့ရဲ့ အစွမ်း
အထက်ဆုံး လက်သီးချက်ပဲ ။ ရော့.. ခံလိုက်စမ်း "
သူ ပြောပြောဆိုဆိုပင် ရှေ့သို့ လက်သီးဖြင့် ထိုးလိုက်သည်။
နင့်မေကလွားးးး