← Chapters

အခန်း (၉၅၃+၉၅၄)

Vol. 66 Ch. 953+954

အခန်း (၉၅၃+၉၅၄)

Vol. 66 Ch. 953+954

Chapter 953

Slaughtering All

ဝမ်လျန့်ရှီ ထိုသို့တွေးပြီး ဆုံးဖြတ်ချက်ချကာ ဒူးထောက်လိုက်သည်။

" သခင်ကြီး ၊ ကျေးဇူးပြုပြီးတော့ ကျုပ်အသက်ကို ချမ်းသာပေးပါဗျာ ။ ကျုပ် သခင်ကြီးကို သေချာအမှုထမ်းပါ့မယ် "

မသေမျိုးဧကရာဇ် အဆင့်နီးပါးရှိ ကျင့်ကြံသူတစ်ယောက်ဖြစ်နိုင်သော သူတစ်ယောက်နှင့် ရင်ဆိုင်နေရချိန်တွင် သူ့လို ဘာမဟုတ်သည့် မသေမျိုးဘုရင် တစ်ယောက်အနေဖြင့် ဒူးထောက်အညံ့ခံရခြင်းမှာ ရှက်စရာမဟုတ်ကြောင်း ဝမ်လျန့်ရှီ သဘောပေါက်ပြီးသားပင် ။

သို့သော် လောထျန်းက သူ့ကို အေးစက်စက်ကြည့်၍သာ လေသံမာမာဖြင့် ပြော၏။

" အားလုံး မင်းတို့ကြောင့်ဖြစ်ရတာ .. မျိုးမစစ်နှစ်ကောင် ... "

ဝမ်လျန့်ရှီ၏ မျက်နှာကြီး သွေးဆုတ်ဖြူရော်သွား

သည်။

လောထျန်းက အံကြိတ်ကာ ဆက်ပြော၏။

" မင်းတို့ကြောင့်သာ မဟုတ်ရင် နောက်ဆုံးကျန်တဲ့ အရှုပ်အထွေးကျောက်ရိုင်းက ထွက်ပြေးနိုင်မှာ မဟုတ်ဘူး "

" ဟင်.... "

လောထျန်း၏ ဒေါသအရင်းမြစ်က ထိုအကြောင်းရင်းကြောင့် ဖြစ်နေမည်ဟု ထင်မထားသဖြင့် ဝမ်လျန့်ရှီ အံ့အားသင့်သွားရသည်။

ထိုစဥ် လောထျန်းမှာ ဒေါသကြောင့် နဖူးကြောများပင် ထောင်နေပြီး စိတ်ဆိုးမာန်ဆိုး ပြောလာ၏။

" ဘာကို ဟင် လဲ... စွဲလမ်းမှုလွန်ကဲတဲ့ရောဂါ ဆိုတာကို မင်းကြားဖူးလား ။ ပြောရဲရင် နောက်တစ်ခွန်း ထပ်ပြောကြည့်စမ်း "

ဝုန်း...

စကားဆုံးချိန်မှာပင် လောထျန်းကိုယ်မှ ရွှေရောင်အလင်းတန်းတစ်ခု ထွက်လာကာ သေမင်းနတ်ဘုရား

တစ်ပါးအသွင် ဖြစ်သွားသည်။ သူ့ကိုယ်မှ ထွက်နေသည့် အဆုံးအစမဲ့ ဖိအားကြီးတစ်ခုကလည်း တဖက်လူအပေါ် ဖိနှိပ်လာပါ၏။

ထိုတခဏ၌ မရေမတွက်နိုင်သော ကမ္ဘာပေါင်းများစွာက သူ့ကိုယ်ပေါ် ဖိနှိပ်နေသလို ဝမ်လျန့်ရှီ ခံစားလိုက်ရသည်။

၎င်းအစွမ်းမှာ ကြောက်မက်ဖွယ် ကောင်းလွန်းလှ၍ သူ မခံနိုင်တော့ပါ...

ဝုန်း...

ထို့နောက်တွင်ကား.. သူ့တစ်ကိုယ်လုံးမှ သွေးများပန်းထွက်လာပြီး ... သူ လေထဲမှ ပြုတ်ကျသွားပါတော့၏။

ဘုတ်..

ခပ်အုပ်အုပ် အသံတစ်သံနှင့်အတူ ဖုန်လုံးတစ်လုံး လိမ့်တက်သွားသည်။

အားလုံးမှာ ထိုမြင်ကွင်းကြောင့် မှင်သက်လျက် ...

အချိန်အတန်ငယ်ကြာမှ လူတစ်ယောက်က သတ္တိမွေး၍ ရှေ့ထွက်လာပြီး အနားတွင်ရှိသော တုတ်ချောင်းတစ်ချောင်းဖြင့် ဝမ်လျန့်ရှီအား ထိုးကြည့်ကာ ဆိုသည်။

" သေသွားပြီ .... "

" ဟင်... သေသွားပြီ... ဘယ်လိုသေသွားတာလဲ "

" ဟုတ်ပါ့ကွာ.. လောထျန်းက ဘာမှတောငိ မတိုက်ခိုက်ရသေးဘဲနဲ့ ဘယ်လိုလုပ်ပြီး သေသွားတာလဲ "

အားလုံး တုန်လှုပ်ကုန်ကြသည်။

ဟဲ့စိုင်ချန်းက လောထျန်း၏လက်ချက်ဖြင့် သေရသည်ကို သူတို့ နားလည်နိုင်သေးသော်လည်း..

ယခု.. ဝမ်လျန့်ရှီက မည်သို့ သေသွားခဲ့ရပါသနည်း။

ထိုစဥ်မှာပင် အဘိုးအိုတစ်ယောက်က သတ္တိမွေးကာ

ရှေ့ထွက်လာပါ၏။ အချိန်အတန်ငယ်ကြာ စစ်ဆေးကြည့်ပြီး နောက်တွင်ကား သူ့မျက်နှာထား ရုတ်ချည်းပြောင်းသွားပြီး ပြောသည်။

" သူ.. သူက ဖိနှိပ်အစွမ်းကြောင့် သေသွားရတာ "

" ဘယ်လို... "

သူ့စကားကြောင့် လူအုပ်ကြီး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။

ဖိနှိပ်အစွမ်းကြောင့် သေခဲ့ရသတဲ့လား..

မည်သို့ ဖြစ်နိုင်ပါမည်လဲ...

ဝမ်လျန့်ရှီမှာ မသေမျိုးဘုရင်တစ်ယောက် ဖြစ်ပါသည်။

လက်ရှိကမ္ဘာတွင် မသေမျိုးဧကရာဇ် မရှိသလို မသေမျိုးဧကရာဇ်အဆင့်နီးပါး ကျင့်ကြံသူလည်း မရှိသေးရာ ... မသေမျိုးဘုရင်များကသာ အစွမ်းအထက်ဆုံး ဖြစ်ပါသည်။

ဆယ်ဘွဲ့ရ မသေမျိုးဘုရင် တစ်ယောက်သည်ပင် အခြားမသေမျိုးဘုရင်တစ်ယောက်အား ဖိနှိပ်အစွမ်း တစ်ခုတည်းဖြင့် မသတ်နိုင်ပါချေ။

သို့သော်.. ယခု သူတို့ရှေ့မှ ဝမ်လျန့်ရှီက အမှန်တကယ်ပင် သေနေလေပြီ ။

သို့ဆိုလျှင် ...

ထိုတခဏ၌ အားလုံး၏ လောထျန်းအပေါ်ကြည့်သော အကြည့်များ ရုတ်ချည်းပြောင်းသွားတော့သည်။

ထိုစဥ်တွင် လောထျန်းမှာမူ သေသွားပြီဖြစ်သည့် လူနှစ်ယောက်ကို ကြည့်နေပြီး.. အချိန်အတန်ငယ်ကြာမှ သူ့ကိုယ်မှ ထွက်နေသော လူသတ်အရိပ်အငွေ့က တဖြည်းဖြည်း ပျောက်ကွယ်သွားပါ၏။

ထို့နောက် သူ လူကြီးနှစ်ယောက်၏ အလောင်းများဆီသို့ လျှောက်သွားကာ သူတို့၏ ဟင်းလင်းပြင်လက်စွပ်များကို ယူလိုက်သည်။

" ဟမ့်... ငါ့ကိစ္စကို နှောင့်နှေးအောင် လုပ်တဲ့

အတွက် လျော်ကြေးပေးရတယ်လို့ သဘောထားလိုက် "

လောထျန်း အေးစက်စက် ပြောသည်။

အားလုံး တိတ်ဆိတ်သွားကြပြန်၏။

မသေမျိုးဘုရင် နှစ်ယောက်၏ ဟင်းလင်းပြင်လက်စွပ်များထဲ၌ မည်သို့သော ရှားပါး အဖိုးတန်ရတနာများ ပါနေမည်နည်း ။

အဖိုးဖြတ်နိုင်မည်ပင် မဟုတ်ပါချေ...

ထိုစဥ် လောထျန်းက ယင်ရှီမင်ဘက် ရုတ်တရက်လှည့်၍ ပြော၏။

" ကဲ... အခု လောင်းကြေးထပ်ထားတဲ့ အချိန်ပြည့်ပြီ မဟုတ်လား "

ယင်ရှီမင် တစ်ကိုယ်လုံးတုန်သွားပြီး ပါးစပ်အဟောင်းသားဖြင့် ဘာစကားမှ မဆိုနိုင်ဘဲ ရှိနေပါသည်။

လောထျန်းက ယင်ရှီမင် လက်ထဲတွင်ရှိနေသော

အရှုပ်အထွေးကျောက်ရိုင်း အနည်းငယ်ကို ကြည့်လိုက်ပြီးမှ မလှမ်းမကမ်း၌ သူ ပုံထားသည့် အရှုပ်အထွေးကျောက်ရိုင်းပုံကြီးကို ကြည့်ကာ ပြောသည်။

" ကြည့်ရတာတော့ ငါ နိုင်သွားပြီထင်တယ် .. ဟုတ်တယ်မလား "

အားလုံးမှာ ဆွံ့အလျက်...

ထိုစကားကို ပြောနေစရာပင် လိုပါသေးရဲ့လား...

သူတို့နှစ်ယောက်ကြားမှ ကွာဟချက်မှာ နှိုင်းယှဥ်၍ပင် မရပါချေ။

တဖက်မှ ယင်ရှီမင်မှာလည်း အတန်ငယ်ကြာ စကားမဆိုနိုင် ဖြစ်နေပြီးမှ အံကြိတ်၍ ပြော၏။

" ငါ ရှုံးသွားပြီ "

အမှန်တိုင်းပြောရပါက သူ ယခုအခြေအနေကို လက်ခံရန် အလွန်ခက်ခဲနေပါသည်။

သူတို့ မဟူရာနဂါးခုံရုံးသည် အခြေအနေဆိုးများကို

နှစ်ပေါင်းများစွာကြာ သည်းခံလာခဲ့ရပြီး ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံအား အနိုင်ရရန် မျှော်လင့်ချက်ဖြင့် ရှိသမျှ အရင်းအမြစ်များကို သူ့အပေါ်သို့ ပုံအောပေးခဲ့ပါ၏။

သို့သော် ... သူ ကံဆိုးစွာဖြင့် ဘီလူးလိုလူတစ်ယောက်နှင့် ကြုံခဲ့ရပါသည်။

ထိုစဥ် လောထျန်း၏အကြည့်က ချီလျန့်ယွမ်တို့လူအုပ်ထံ ရောက်သွားပြီး အံ့သြသွားဟန်တူပါ၏။

လက်ရှိတွင် ချီလျန့်ယွမ်တို့လူအုပ်မှာ မသေမျိုးအစီအမံပုံကြမ်းကြောင့် သီးသန့်အခွဲခံထားရသည့်တိုင် စိတ်လှုပ်ရှားသော မျက်နှာများဖြင့် ဖြစ်နေကြသည်။

လောထျန်း မျက်မှောင်ကြုံ့ရက်သားဖြင့် လက်ဖျောက်တီးလိုက်၏။

ဝှစ်...

မသေမျိုးအစီအမံပုံကြမ်းပေါ်သို့ အလင်းတန်းတစ်ခု

ကျသွားသည်။

ဝုန်း...

ခပ်အုပ်အုပ် အသံတစ်သံနှင့်အတူ အစီအမံ ပြိုကွဲသွားကာ ချီလျန့်ယွမ်တို့လူစု ပြန်လွတ်လပ်သွား၏။

" အနိုင်ရတဲ့အတွက် ဂုဏ်ယူပါတယ် သခင်လေးလောထျန်း "

ချီလျန့်ယွမ်က ချက်ချင်း အပြုံးဖြင့်ဆိုသည်။

အခြားသူများလည်း သံယောင်လိုက်၍ ဝင်ပြောကြ၏။

လောထျန်း ခေါင်းတစ်ချက်ညိတ်လိုက်ပြီးမှ မျက်မှောင်ကြုံ့ရင်း မေးသည်။

" ခင်ဗျားတို့ကို အဲ့လိုချုပ်ထားတာ ဘယ်သူလဲ "

ထိုအမေးကို ကြားသည်နှင့် ချီလျန့်ယွမ်က မဟူရာနဂါးခုံရုံးမှ ဂိုဏ်းသားတစ်ယောက်ထံ ချက်ချင်းလှမ်းကြည့်သည်။

ထိုလူ၏ မျက်နှာထား ရုတ်ချည်းပြောင်းသွားပြီး အံကြိတ်၍ဆို၏။

" သခင်လေးလောထျန်း ၊ စည်းမျဥ်းတွေအရဆိုရင် သခင်လေးအနေနဲ့ ကျုပ်တို့ မဟူရာနဂါးခုံရုံးကို လက်နဲ့တောင် ထိလို့မရ.... "

သို့သော်..

ဝုန်း...

သူစကားဆုံးအောင် မပြောနိုင်ခင်မှာပင် လောထျန်းက လက်ဝါးဖြင့် ရိုက်ချလိုက်သဖြင့် သူ အသားပြားအဖြစ် ပြောင်းသွားရပါတော့သည်။

" ဟင်.... "

မဟူရာနဂါးခုံရုံးမှ ဂိုဏ်းသားများအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြ၏။

လောထျန်းက သုန်မှုန်နေသော မျက်နှာဖြင့် ပြောလာပါသည်။

" ငါက စည်းမျဥ်းတွေအတိုင်း လုပ်ရတာကို သဘောကျတဲ့သူပဲ ။ မင်းတို့တွေ စည်းမျဥ်းထဲမှာ

လွတ်နေတဲ့အချက်ကို ရှာပြီး ဟိုလိမ်ဒီလှည့် လုပ်နေခဲ့တာတောင် ငါ စိတ်ထဲမထားခဲ့ဘူး "

" ဒါပေမယ့်... မင်းတို့ဘက်ကနေ အရင်ဆုံး စည်းမျဥ်းကိုစပြီးချိုးဖောက်ခဲ့တာဆိုတော့ ... ငါ့အတွက်လဲ အဲ့စည်းမျဥ်းတွေက ချီးပေါက်သလောက်တောင် အရေးမကြီးတော့ဘူး ။ ဒီနေ့တော့ မင်းတို့အားလုံးကို သတ်ပစ်မယ် ။ တကယ်လို့ မင်းတို့ မဟူရာနဂါးခုံရုံးက မကျေနပ်ဘူးဆိုရင်လဲ မင်းတို့ဂိုဏ်း တစ်ခုလုံးကိုပါ ဖျက်ဆီးပစ်မယ်ကွာ "

ဝုန်း...

လောထျန်း၏ စကားဆုံးချိန်မှာပင် သူ့နောက်၌ ရာပေါင်းများစွာသော ရွှေရောင်လက်ကြီးများ ထပ်ပေါ်လာသည်။

ယခင်တစ်ကြိမ် သူ ထိုလက်များစွာကို ထုတ်ခဲ့စဥ်က ကျောက်ရိုင်းတူးရန် ဖြစ်သော်လည်း.. ဤတစ်ကြိမ်တွင်ကား သူ့ပစ်မှတ်မှာ မဟူရာနဂါးခုံရုံးပင် ...

" $@@#$ ငါတို့ကရော ဒီတိုင်းပဲ သေဖို့ထိုင်စောင့်

နေမယ် ထင်လို့လား ။ မသေမျိုးအစီအမံပုံကြမ်း ... သတ်ကွာ "

" ဓားချက်တစ်ချက်... "

" မဟူရာနဂါး ဓားသိုင်း ... "

မဟူရာနဂါးခုံရုံးမှ ဂိုဏ်းသားများအားလုံးကလည်း အစွမ်းကုန်ထုတ်သုံး၍ ခုခံလိုက်ကြ၏။

သို့သော်... သူတို့၏ အားထုတ်မှုမှာ ပုရွက်ဆိတ်လေးများက သစ်ပင်ကြီးတစ်ပင်ကို ကိုင်လှုပ်ရန် ကြိုးစားနေသည်နှင့် မခြားလှပါ ။

ဝုန်း... ဝုန်း... ဝုန်း . ..

လောထျန်း၏ သိုင်းကွက်များ ပြီးသွားပြီးနောက်တွင်.. သူတို့အားလုံး အသားပြားများအဖြစ် ပြောင်းကာ သေကုန်ကြပါတော့၏။

သူတို့ မဟူရာနဂါးခုံရုံး ဂိုဏ်းသားများထဲ၌ ယင်ရှီမင်တစ်ယောက်သာ အသက်ရှင်လျက် ကျန်ပါ

တော့သည်။

လောထျန်း၏ အကြည့်ကလည်း သူ့ဆီသို့ ရောက်သွားသည်။

ယင်ရှီမင်မှာ အလွန်ကြောက်ရွံ့ တုန်လှုပ်နေဟန်ဖြင့် နောက်သို့ တစ်ချက်ယိုင်သွားကာ လောထျန်းအား အသံတုန်တုန်ဖြင့် ပြောသည်။

" လောထျန်း... မင်း ငါ့ကို သတ်လို့မရဘူးနော် "

လောထျန်းက အေးစက်စက် နှာခေါင်းရှုံ့၏ ။

" ဘာလို့ သတ်မရတာလဲ ပြောစမ်းပါဦး "

ယင်ရှီမင် တံတွေးကို ခက်ခက်ခဲခဲ မြိုချလိုက်သည်။

" ငါ.. ငါက သခင်ကြီးထျန်းရှန့်ကျီကို သစ္စာခံထားပြီးသား ။ ငါက သခင်ကြီးထျန်းရှန့်ကျီရဲ့ လူပဲ... မင်း ငါ့ကိုသတ်လိုက်ရင် သခင်ကြီးထျန်းရှန့်ကျီနဲ့ ပြဿနာတက်သွားမှာ မကြောက်ဘူးလား "

" ဘယ်လို.. မဟူရာနဂါးခုံရုံးရဲ့ နတ်ဘုရားသားတော်က ကောင်းကင်ဘုံသားတော်ဆီမှာ သစ္စာခံထားပြီးသားတဲ့ .. "

တစ်ယောက်က တအံ့တသြ ရေရွတ်သည်။

လောထျန်း နှုတ်ခမ်းမဲ့လိုက်၏။

ထို့နောက် သူ လက်တစ်ဖက်ကို ဖြည်းဖြည်းချင်းမြှောက်၍ ပြောသည်။

" အဲ့လိုအမှိုက်ကောင်နဲ့ သွားပေါင်းတာ မင်း ကံဆိုးတာပဲ "

" မဖြစ်ဘူး... "

ယင်ရှီမင်၏ မျက်လုံးထဲ၌ ကြောက်စိတ်များ အထင်းသားပေါ်လာကာ ထွက်ပြေးရန် ပြင်လိုက်သည်။

သို့သော် လောထျန်း၏ လက်ဝါးကြီးကလည်း ကျလာနေလေပြီ ။

ဝုန်း...

ထို့နောက်တွင်ကား ယင်ရှီမင်၏ ခန္ဓာကိုယ်က သွေးမှုန်များအဖြစ် ပြောင်းသွားတော့၏။

သို့သော်... ယင်ရှီမင်သည် မဟူရာနဂါးခုံရုံး၏ နတ်ဘုရားသားတော်တစ်ယောက် ဖြစ်သဖြင့် သူ့ခန္ဓာကိုယ် ဖျက်ဆီးခံလိုက်ရသည့်တိုင် သူ့ စိတ်ဝိဥာဥ်ကမူ ကျန်နေဆဲပါပင် ။

သူ့ စိတ်ဝိဥာဥ်က လောထျန်းအား မုန်းတီးစွာ ကြည့်ပါ၏။

" လောထျန်း .. မင်းက ငါ့ကို သတ်ရဲတယ်ပေါ့လေ ။ ကောင်းကင်ဘုံသားတော်က မင်းကို ဒီတိုင်းအလွတ်ပေးမှာ မဟုတ်ဘူး "

ယင်ရှီမင်၏ စိတ်ဝိဥာဥ် ပြောကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။

ခွမ်း..

ကျောက်စိမ်းပြားတစ်ခု ရုတ်ချည်း ကွဲသွား၏။

" ဟား ဟား.. လောထျန်း ၊ မင်းငါ့ကို သတ်ဖို့ ကြိုးစားခဲ့တယ်ဆိုတာကို ငါ သတင်းပို့လိုက်ပြီကွ။ ကောင်းကင်ဘုံသားတော်က မင်းနောက်ကို လိုက်လာ

တော့မယ် "

ယင်ရှီမင် အော်ပြောသည်။

Chapter 954

Powerful Spiritual Body

လောထျန်းကမူ သူ့ကို လှည့်ပင်မကြည့်ဘဲ လက်နောက်ပြန် ရိုက်လိုက်ပါ၏။

ဝုန်း...

ယင်ရှီမင်၏ စိတ်ဝိဥာဥ် လုံးဝ ကွဲကြေသွားတော့သည်။

ထို့နောက်တွင် လောထျန်းက ချီလျန့်ယွမ်တို့လူအုပ်ဘက် လှည့်ကြည့်၍မေးသည်။

" ခင်ဗျားတို့တွေ အဆင်ပြေကြရဲ့လား "

ချီလျန့်ယွမ်တစ်ယောက် အနည်းငယ် အံ့သြမှင်သက်နေပြီးမှ တီးတိုးပြန်ပြောသည်။

" ပြေ.. ပြေပါတယ်.. "

ထို့နောက် သူ အနည်းငယ် တွန့်ဆုတ်စွာဖြင့် ပြော၏။

" ဒါပေမယ့်... သခင်လေးလောထျန်း ၊ အခု ယင်ရှီ

မင်ကို သတ်လိုက်တော့ ကောင်းကင်ဘုံသားတော်က သခင်လေးကို ပစ်မှတ်ထားတော့မှာ သေချာတယ် "

လောထျန်းက သူ့ကိုကြည့်ကာ ပြန်ပြောပါသည်။

" ကျုပ်က ဂရုစိုက်မယ် ထင်လို့လား "

သူ ထိုသို့ပြောပြီးသည်နှင့် တဖက်လူ ပြန်အပြောကိုပင် မစောင့်ဘဲ လက်တစ်ဖက်ယမ်း၍ အရှုပ်အထွေးကျောက်ရိုင်းများ အားလုံးကို သိမ်းလိုက်သည်။ ထို့နောက် ၎င်းတို့အား ဘေးနားလေးတွင် ရှိနေသော စိတ်ဝိဥာဥ်သချ်ိုင်းတောင်ကြား သခင်ကြီးထံ သွားပါ၏။

" ကဲ.. ကျန်တဲ့ဟာတွေကိုက တူးနေလဲအလကားပဲ ။ အခု အခွင့်ကောင်းတွေရှိတဲ့ နောက်တစ်နေရာကို သွားရအောင် "

လောထျန်း ပြောသည်။

" ဟုတ်.. ဟုတ်ကဲ့.. "

စိတ်ဝိဥာဥ်သချ်ိုင်းတောင်ကြား သခင်ကြီးက တုန်တုန်ယင်ယင် ပြန်ပြောရှာသည်။

ထို့နောက် သူ လောထျန်းတို့လူစုကို ဦးဆောင်ကာ ထွက်သွား၏။

လောထျန်း ထွက်သွားပြီးနောက်... ကျန်ခဲ့သော လူအုပ်ကြီး ဆူဆူညံညံ ဖြစ်သွားကြပါသည်။

" ဘုရားရေ.. ငါ ဒီနေ့ ဘာတွေမြင်ခဲ့ရတာလဲကွာ "

" ဒါကိုသာ တခြားသူဆီက ပြန်ကြားရရင် ငါ လုံးဝယုံမိမှာမဟုတ်ဘူး "

တဖက်မှ ချီလျန့်ယွမ်မှာလည်း စိုးရိမ်တကြီး မျက်နှာကြီးဖြင့် ရှိနေသည်။

" ချီလျန့်ယွမ်.. ဘာဖြစ်လို့လဲ "

တစ်ယောက်က နားမလည်နိုင်ပုံဖြင့် မေး၏။

ချီလျန့်ယွမ် အသက်ပြင်းပြင်း ရှိုက်လိုက်သည်။

" ဘာမှမဟုတ်ပါဘူးကွာ.. သခင်လေးလောထျန်းက ကောင်းကင်ဘုံသားတော်ကို တကယ်ဖိနှိပ်နိုင်ပါ့မလားဆိုတာ ငါ စိုးရိမ်လို့ပါ "

တဖက်လူက မျက်မှောင်ကြုံ့၍ ပြန်ပြောသည်။

" ဘာလို့ မရမှာလဲကွ ။ သခင်လေးလောထျန်းက မသေမျိုးဘုရင် တစ်ယောက်ကိုတောင် လွယ်လွယ်လေး သတ်နိုင်တာပဲ "

ချီလျန့်ယွမ်က စိုးရိမ်မကင်းသည့် လျော့တိလျော့ရဲအပြုံးဖြင့် ပြော၏။

" အဲ့ဒါတော့ ငါလဲ သိတာပေါ့ကွာ ။ ဒါပေမယ့်.. ကောင်းကင်ဘုံသားတော်က ဘယ်လိုလူဆိုတာ မင်းတို့လဲသိတာပဲ ။ သူ့မှာ အရှုပ်အထွေးခန္ဓာကိုယ်လဲ ရှိသေးတယ်.. ပြီးတော့ ဒီနေရာက အရှုပ်အထွေး နတ်ဘုရားမြို့တော်လေကွာ... ငါစိုးရိမ်တာက... "

သူ ပြောနေရင်း သက်ပြင်းရှည်ကြီး ချလိုက်သည်။

တဖက်လူမှာလည်း သူ့စကားကိုကြားပြီး စိတ်မသက်မသာ ဖြစ်သွားဟန်တူ၏။

လောထျန်းက မယုံနိုင်လောက်အောင် အစွမ်းထက်သည် မှန်သော်လည်း..

ကောင်းကင်ဘုံသားတော်က သူနှင့်အတူတူလောက်

ပင် ကြောက်စရာကောင်းပါသည်။

" ကောင်းကင်ဘုံသားတော်က အခု ဘာလုပ်နေမလဲ မသိဘူး "

ချီလျန့်ယွမ် ပြောပြီး ကောင်းကင်ယံသို့ ခေါင်းမော့ကြည့်လိုက်သည်။

ထိုစဥ် အရှုပ်အထွေး နတ်ဘုရားမြို့တော်တစ်နေရာ ၊ အပျက်အစီးများဖြင့် ပြည့်နေသည့်နေရာ၌...

မရေမတွက်နိုင်သော စိတ်ဝိဥာဥ်များ လူးလွန့်သွားလာနေကြ၏။

၎င်းစိတ်ဝိဥာဥ် တစ်ယောက်ချင်းစီမှ ကြောက်မက်ဖွယ် အရောင်အဝါများ ထုတ်လွှတ်နေပြီး သူတို့၏ ခန္ဓာကိုယ်များကလည်း ဒဏ်ရာပေါင်းစုံဖြင့် ပြည့်နေကာ ကြောက်မက်ဖွယ်အသွင် ရှိနေပါသည်။

ဝီ...

လူသားတစ်ပိုင်း စိတ်ဝိဥာဥ်တစ်ယောက်က ပျက်စီးနေသော အဆောက်အဦးတစ်ခုပေါ်မှ ဖြတ်ပျံသွားပြီး

ချိန်တွင်... ယွဲ့လီက ကြောက်ကြောက်လန့်လန့်ဖြင့် ခေါင်းလေးပြူ၍ ကြည့်သည်။

ဘေးပတ်ဝန်းကျင် အနေအထားကို မြင်ပြီးချိန်၌ သူမ၏ မျက်နှာလေး သွေးဆုတ်ဖြူရော်သွား၏။

" ငါ ဘာလို့အဲ့လောက် ကံဆိုးရတာလဲ ။ အရှုပ်အထွေး နတ်ဘုရားမြို့တော်က ကျပန်း နေရာရွှေ့ပြောင်းပေးတာကိုတောင်မှ ငါက ဒီလိုနေရာမျိုးကို ရောက်လာရသတဲ့လား "

သူမ တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။

" ဟမ့်... နင်က ဘာတွေကြောက်နေတာလဲ ။ ငါသာဆို ချက်ချင်းရှေ့ထွက်ပြီးတောဘ အဲ့ကောင်တွေအားလုံးကို သတ်ပစ်မှာ "

ထိုစဥ် ယွဲ့လီနောက်မှ လုံယီရွှယ်၏အသံ ထွက်လာသည်။

သူတို့ အရှုပ်အထွေး နတ်ဘုရားမြို့တော်ထဲသို့ ဝင်စဥ်တွင် လုံယီရွှယ်မှာလည်း ယွဲ့လီနှင့်အတူ တည်နေရာရွှေ့ပြောင်းခံခဲ့ရပါ၏။

ထိုစကားကို ကြားပြီးနောက် ယွဲ့လီ၏ မျက်နှာထား

ချက်ချင်းပြောင်းသွားသည်။

" မိန်းကလေးလုံ ၊ ကျေးဇူးပြုပြီးတော့ ဘာကိုမှ စိတ်ထင်ရာမလုပ်ပါနဲ့။ အဲ့ စိတ်ဝိဥာဥ်တွေက သာမာန်လိုမဟုတ်ဘူး ။ ကျွန်မ သူတို့အကြောင်းကို စာအုပ်တွေထဲမှာ ဖတ်ဖူးတယ် ။ အဲ့ စိတ်ဝိဥာဥ် တစ်ယောက်ချင်းစီရဲ့ တိုက်ခိုက်စွမ်းရည်က မသေမျိုးဘုရင်တစ်ယောက်နဲ့ ညီမျှတဲ့အပြင်.. သူတို့က မသေမျိုးတွေ။ ဆယ်ဘွဲ့ရ မသေမျိုးဘုရင်တစ်ယောက်တောင် သူတို့ကို စိတ်ရှိတိုင်း ရန်မပြုရဲဘူး "

ဆယ်ဘွဲ့ရမသေမျိုးဘုရင် ဆိုသည့်စကားကို ကြားချိန်တွင်မူ လုံယီရွှယ် ငြိမ်သွားပါသည်။ ထို့နောက်.. မကြာသေးခင်ကမှ ကြုံခဲ့ရသော ကျိန်စာစိတ်ဝိဥာဥ် မသေမျိုးဘုရင်နှင့် တိုက်ပွဲအား ပြန်တွေးမိကာ ငြိမ်ကျသွားပါ၏။

" ဒါဆို ဘာဆက်လုပ်ကြမလဲ ။ ဒီမှာပဲ ဆက်ပုန်းနေရမှာလား "

လုံယီရွှယ် မကျေမနပ် ပြောသည်။

ယွဲ့လီ ခေါင်းယမ်းပြ၏။

" အဲ့လိုတော့လဲ မဟုတ်ပါဘူး ။ နည်းနည်းလောက်ပဲ

ထပ်စောင့်ကြည့်ရအောင် ။ ကျွန်မ စာအုပ်ထဲမှာ ဖတ်ဖူးတာတော့ ဒီနေရာက အန္တရာယ်များတယ် ဆိုပေမယ့် အခွင့်ကောင်းတွေရှိတဲ့ နေရာတစ်ခုပဲတဲ့။ အဲ့တော့ ဒီကိုလာပြီး အခွင့်ကောင်းရှာကြမယ့် အစွမ်းထက် မသေမျိုးဘုရင်တွေ သိပ်မကြာခင် ရောက်လာကြမှာပဲ "

" ကျွန်မတို့က သူတို့ရောက်လာတဲ့အထိပဲ စောင့်ရမှာ ။ သူတို့ရောက်လာပြီးလို့ ရုတ်ရုတ်သဲသဲ ဖြစ်သွားရင် ကျွန်မတို့တွေ အဲ့အချိန်ကို အခွင့်ကောင်းယူပြီး ထွက်ပြေးလို့ရတယ် "

ယွဲ့လီ ပြောလိုက်သည်။

လုံယီရွှယ်က မျက်နှာစူပုတ်၍သာ ပြန်ပြော၏။

" ပြီးရော... "

ယွဲ့လီမှာလည်း လုံယီရွှယ်အား နားချ၍ ရသွားသဖြင့် အနည်းငယ်စိတ်အေးကာ သက်ပြင်းချလိုက်သည်။

သို့သော်.. ထိုစဥ်တွင်..

ဝုန်း...

ခပ်လှမ်းလှမ်း ကောင်းကင်ယံမှ အသံတစ်သံ ထွက်လာပါ၏။

" ဟင်.. ရောက်လာကြပြီလား "

ယွဲ့လီ၏ မျက်လုံးများ အရောင်လက်သွားကာ အသံလာရာဘက်သို့ ချောင်းကြည့်လိုက်သည်။

သူမ၏မျက်နှာထား ချက်ချင်းပြောင်းသွား၏။

အဘယ့်ကြောင့်ဆိုသော် ယခု ရောက်လာသူမှာ သူမ မမြင်ချင်ဆုံးသူ ဖြစ်နေ၍ပင် ။

ဝုန်း..

ခပ်အုပ်အုပ်အသံတစ်သံနှင့်အတူ ဆံပင်ကို ခပ်မြင့်မြင့်စည်းထားပြီး ရွှေသရဖူတစ်ခု ဆောင်းထားသော လူတစ်ယောက် မြေပြင်သို့ ဆင်းသက်လာ၏။

သူ့ခန္ဓာကိုယ် ပတ်လည်တွင် နတ်ဘုရားအလင်းတန်းများ လင်းလက်နေကာ မဟာတာအိုအစွမ်း စိတ်ဝိဥာ

ဥ်အစစ်ကလည်း သူ့ကို ရစ်ပတ်နေပြီး .. ထိုလူ၏ မျက်နှာထားက မောက်မာလွန်းလှပါသည်။

သူသည် ဤနေရာ၏ အန္တရာယ်များကိုလည်း နည်းနည်းလေးပင် ဂရုမစိုက်ဟန်ဖြင့် အရောင်အဝါကို ပေါ်တင်ပင် ထုတ်လွှတ်ထားပါသေး၏။

ဝီ...

သူ့နောက်မှလည်း လူခုနစ်ယောက် ကပ်လိုက်လာပါသည်။

ထိုအထဲမှ လေးယောက်ကို ယွဲ့လီ ချက်ချင်းမှတ်မိလိုက်၏။ သူတို့အားလုံးမှာ ချင်းယွမ်ဒေသ ပါရမီရှင်စာရင်းထဲမှ ထိပ်သီးပါရမီရှင်များပင်..

ကျန်သုံးယောက်ကမူ မျက်နှာဖုံးသည့် ခေါင်းဆောင်းများ ဆောင်းထားသဖြင့် မည်သူဖြစ်သည်ကို ယွဲ့လီ မသိနိုင်ဖြစ်နေပါသည်။

" ကောင်းကင်ဘုံသားတော်လေး ၊ ဒီနေရာက အရှုပ်အထွေး စိတ်ဝိဥာဥ်သချ်ိုင်းဆိုတော့.. ကျုပ်

တို့ နည်းနည်းသတိထားရင် ကောင်းမယ်ထင်တယ် "

လူတစ်ယောက်က လေသံတိုးတိုးဖြင့် မေးသည်။

မှန်ပါသည်။ ဆံပင်ကိုခပ်မြင့်မြင့်စည်းထားပြီး ရွှေသရဖူ ဆောင်းထားသူမှာ ကောင်းကင်ဘုံသားတော်ပင်...

ကောင်းကင်ဘုံသားတော်က ထိုလူ၏ အမေးအား မျက်မှောင်ကြုံ့၍ ပြန်ပြော၏။

" သတိထားရမယ်.. ဟုတ်လား ၊ အဲ့လို ဘာမဟုတ်တဲ့ စိတ်ဝိဥာဥ်တွေကို ငါလိုလူက သတိထားစရာ လိုလို့လား "

သူ ပြောပြီး တဖက်လူအား အေးစက်စက် ​ကြည့်လိုက်သည်။

တထက်လူမှာလည်း သူ့အကြည့်ကြောင့် ကြောက်သွားဟန်တူကာ ခေါင်းငုံ့သွား၏။

" မဟုတ်ပါဘူးဗျာ... ကျုပ်က.. ဒီနေရာမှာ မလိုအပ်ဘဲနဲ့ ကောင်းကင်ဘုံသားတော်လေးရဲ့ တိုက်ခိုက်အစွမ်းကို ထုတ်သုံးစရာမလိုဘူးလို့ တွေးမိ... "

သို့သော်.. သူ့စကား မဆုံးခင်မှာပင်..

ဝုန်း...

ခပ်လှမ်းလှမ်းမှ ကြောက်မက်ဖွယ် အစွမ်းလှိုင်းလုံးကြီးတစ်ခု ပေါ်လာပါ၏။

မှောင်ရိပ်ထဲတွင် ပုန်းနေသော ယွဲ့လီတစ်ယောက် လန့်သွားကာ အသံလာရာဘက်သို့ ချက်ချင်းလှည့်ကြည့်လိုက်သည်။

ထိုစဥ်မှာပင် ကြောက်မက်ဖွယ် လူသားတစ်ပိုင်း စိတ်ဝိဥာဥ်တစ်ကောင်က သူတို့ဘေးနားမှ ဖြတ်၍ ကောင်းကင်ဘုံသားတော်တို့ လူအုပ်ထံ အလွန်လျင်မြန်စွာ ပြေးဝင်သွားသည်ကို မြင်လိုက်ရ၏။

" ကဲ... အခု ရှုပ်နေတုန်းကို အခွင့်ကောင်းယူပြီး ထွက်ပြေးကြစို့ "

ယွဲ့လီက လုံယီရွှယ်အား တိတ်တဆိတ် အသံလွှင့်နည်းဖြင့် ပြောလိုက်သည်။

ထိုစဥ်တွင် လူသားတစ်ပိုင်း စိတ်ဝိဥာဥ်က ကောင်းကင်ဘုံသားတော်ရှေ့ ရောက်သွားကာ သူ့

လက်ထဲမှ ဧရာမဓားတစ်လက်ကို မြှောက်၍ ကောင်းကင်ဘုံသားတော်အား ခုတ်ရန်ရွယ်လိုက်သည်။

သို့သော်.. ကောင်းကင်ဘုံသားတော်က အေးစက်စက် မျက်နှာထားဖြင့် လက်မြှောက်၍ တဖက်မှဓားကို တားလိုက်ပါ၏။

ဝုန်း...

အသံကျယ် တစ်သံနှင့်အတူ စိတ်ဝိဥာဥ်၏ ဓားကြီးက ကောင်းကင်ဘုံသားတော်၏ လက်ဖြင့် ဖမ်းဆုပ်ခံလိုက်ရကာ နည်းနည်းလေးပင် ရှေ့ဆက်မတိုးနိုင်ပါတော့ချေ။

ထိုစဥ် အနောက်တွင်ရှိနေသော ခေါင်းဆောင်းအမည်းနှင့် လူတစ်ယောက်က ပြော၏။

" ကောင်းကင်ဘုံသားတော်လေး ၊ ဒါ အခွင့်ကောင်းပဲဗျ ။ အဲ့ စိတ်ဝိဥာဥ်ကို မြန်မြန်သန့်စင်လိုက်ပါ "

ကောင်းကင်ဘုံသားတော် မျက်မှောင်ကြုံ့သွားကာ နောက်မှလူကို လှည့်ကြည့်၍ အေးစက်စက်

ပြောသည်။

" ခင်ဗျားက ကျုပ်ကို အမိန့်ပေးနေတာလား "

အမည်းရောင်ဝတ်လူ လန့်သွားပုံဖြင့် ဘာမှဆက်မပြောရဲတော့ပေ။

ထို့နောက်တွင် ကောင်းကင်ဘုံသားတော်က အေးစက်စက် နှာခေါင်းရှုံ့၍ လက်ဝါးဖြင့် ရိုက်လိုက်ပါ၏။

ဘုန်း...

အမည်းရောင်ဝတ်လူ နောက်သို့ လွင့်ထွက်သွားသည်။

အွတ်...

သူ သွေးအန်သွား၏။

ကောင်းကင်ဘုံသားတော် နောက်တွင် ရှိနေသော လူများအားလုံး ထိုမြင်ကွင်းကြောင့် လန့်သွားကြသည်။

" ငါ့ကို ဟိုဟာလုပ်ခိုင်း ၊ ဒီဟာလုပ်ခိုင်း ခိုင်းရအောင် ဘယ်သူလို့ ထင်နေတာလဲ ။ ငါ့ကို အဲ့လိုလေသံမျိုးနဲ့ ထပ်ပြောလို့ကတော့ သတ်ပစ်မယ်သာမှတ် "

ကောင်းကင်ဘုံသားတော်က အေးစက်စက် ထပ်ပြောသည်။

" ကျုပ်.. ကျုပ် မှားသွားပါတယ်ဗျာ "

အမည်းရောင်ဝတ်လူက နှုတ်ခမ်းထောင့်မှသွေးကို သုတ်ကာ ဒူးတစ်ဖက်ထောက်၍ ပြောသည်။

ထို့နောက်တွင် ကောင်းကင်ဘုံသားတော်က သူ့ရှေ့မှ စိတ်ဝိဥာဥ်ကိုကြည့်ပြီး အေးစက်စက် နှာခေါင်းရှုံ့၏ ။

" ဘာမဟုတ်တဲ့ စိတ်ဝိဥာဥ်ကများ ငါ့ကို တိုက်ခိုက်ရဲတယ်ပေါ့လေ ။ မင်းကိုငါ သတ်ပေးမယ် "

စာစဉ်ပြီး၏

All Chapters