← Chapters

မွဲတော့ ခန့်မှန်းတာတောင် အကန့်အသတ် ရှိနေတယ်

Vol. 40 Ch. 556

မွဲတော့ ခန့်မှန်းတာတောင် အကန့်အသတ် ရှိနေတယ်

Vol. 40 Ch. 556

မိန်းမငယ်မှာ စစချင်းတွင် လောထျန်းအား မုန်းတီးစွာ ကြည့်နေသော်လည်း..

မူလအရှုပ်အထွေးမြေ ပေါ်လာသည်နှင့် တစ်ကိုယ်လုံး တုန်ပြီး မျက်လုံးပြူးသွား၏။

ထိုစဥ်တွင် လောထျန်းမှာ အခြားဘက်သို့ ခြေလှမ်းအနည်းငယ်ပင် လှမ်းပြီးနေလေပြီ ။

" ခဏနေဦး "

မိန်းမငယ် ရုတ်တရက် လှမ်းအော်လိုက်သည်။

" ဟင်... "

လောထျန်းက သူမဘက် လှည့်ကြည့်၏။

မိန်းမငယ်က လောထျန်းလက်ထဲမှ မူလအရှုပ်အထွေးမြေကို ကြည့်ရင်း ပြောသည်။

" ငါး.. ငါးပုံတစ်ပုံ ပေးမယ် "

လောထျန်း သူမကို ပြန်ကြည့်ကာ ခေါင်းယမ်းလိုက်သည်။

" မရဘူး ။ မင်းက တခြားသာမာန် သိဒ္ဓိဝင်ဆေးတွေထက် ပိုအစွမ်းထက်တယ် ဆိုပေမယ့်.. တခြား သိဒ္ဓိဝင်ဆေးတွေထက် ငါးပုံတစ်ပုံလောက်ပဲ ပိုအစွမ်းထက်တာလေ "

မိန်းမငယ်မှာ ထိုစကားကိုကြားကာ နားရှုပ်သွားဟန်တူ၏။

လောထျန်းက တည်တည်ငြိမ်ငြိမ် စကားဆက်သည်။

" မင်းက ငါ့ကို လှမ်းခေါ်လိုက်တာဆိုတော့ ငါ့လက်ထဲကဟာ ဘာဆိုတာ သိတဲ့ပုံပဲ "

" ငါ ခန့်မှန်းတာသာ မှန်မယ်ဆိုရင် ဒီမြေမှုန် တစ်မှုန်နဲ့တောင် မင်းခန္ဓာကိုယ် သုံးပုံတစ်ပုံကို အကောင်းတိုင်းဖြစ်အောင် ပြန်လုပ်ပေးဖို့ လုံလောက်ပါတယ် ။ ကျန်တဲ့ဟာတွေက မင်းအတွက် အပိုဆောင်း အခွင့်ကောင်းတွေ ဖြစ်သွားမှာ ။ တခြားစကားနဲ့ ပြောရရင်တော့ ဒီအပေးအယူမှာ ငါ့ဘက်က ရှုံးနေတာနော် "

လောထျန်းမျက်နှာထက်တွင် ပေါ်လာသော စိတ်မရှည်ဟန် အမူအရာကို ကြည့်ရင်း မိန်းမငယ် အံကြိတ်၍ ပြောလိုက်၏။

" ကောင်းပါပြီ ၊ ကျွန်မ လက်ခံတယ် ။ ရှင့်ကို ကျွန်မခန္ဓာကိုယ်ရဲ့ သုံးပုံတစ်ပုံ ပေးမယ် ။ ဒါပေမယ့် ရှင့်လက်ထဲက ဟာတွေကို ကျွန်မဆီ အရင်ပေးရမယ်နော် "

လောထျန်း နှုတ်ခမ်းတွန့်ရုံ ပြုံး၍ သူ့လက်ထဲမှ မူလအရှုပ်အထွေးမြေအား စိတ်စွမ်းအင်ဖြင့် ရစ်ပတ်ကာ မထူးခြားဟန်ဖြင့် မိန်းမငယ်လက်ထဲသို့ ပစ်ပေးလိုက်သည်။

မိန်းမငယ်မှာ ၎င်းကိုကြည့်ပြီး အံ့သြမှင်သက်သွားရှာ၏။

သူမ ဒီတိုင်းပြောလိုက်သည့်စကားကို လောထျန်းဘက်မှ လွယ်လွယ် သဘောတူလာလိမ့်မည်ဟု ထင်မထားခဲ့ပေ ။

ထိုသူက ဤမျှအဖိုးတန်လှသော ပစ္စည်းတစ်ခုကို အဘယ့်ကြောင့် မထူးခြားဟန် ပြုမူနေရပါသနည်း ။

မိန်းမငယ်မှာ သူမလက်ထဲ ရောက်လာသည့် မူလအရှုပ်အထွေးမြေကိုကြည့်ပြီး ရင်ခုန်သံ မြန်လာတော့၏။

ရှေးယခင်ခေတ်မှ စ၍ ကမ္ဘာမြေကြီးကသာ သစ်ပင်များကို မွေးဖွားပေးခဲ့ပြီး . မူလအရှုပ်အထွေးမြေမှာ ကမ္ဘာဦးအစနှင့် အနီးစပ်ဆုံး ဖြစ်ပါသည်။

၎င်းက သူမတို့လို စိတ်စွမ်းအင်ဆေးပင်များအတွက်လည်း ကောင်းကင်နှင့်မြေကြီး၏ အဖိုးအတန်ဆုံး ရတနာတစ်ခုပင် ။

မိန်းမငယ်လေး မဆိုထားဘိ ၊ အနားတွင် ရှိနေသော ဝတ်စုံဖြူနှင့် မသေမျိုးဆေးပင် စိတ်ဝိဥာဥ်သည်ပင် မျက်လုံးထဲ၌ လိုချင်တပ်မက်မှုများ ပေါ်လာပါသည်။

ထိုအရာမှာ သူ့အတွက်လည်း အလွန်အဖိုးတန်လှသော ရတနာတစ်ခု ဖြစ်ပါ၏။

အကယ်၍ လောထျန်းကိုသာ ကြောက်နေစရာ မလိုပါက သူ ထိုအရာအား လုပြေးပြီးသည်မှာ ကြာလှလေပြီ။

ထိုစဥ် တဖက်မှ မိန်းမငယ်က မူလအရှုပ်အထွေးမြေအား သေချာသိမ်းလိုက်ပြီးနောက် သူမန္ဓာကိုယ်မှ သိဒ္ဓိဝင်ဆေး သုံးပုံတစ်ပုံကျော်ကို လက်ဝါးတစ်ချက်တည်းဖြင့် ဖြတ်ပေးလိုက်သည်။

ထိုသို့ဖြတ်လိုက်သည်နှင့် သူမ၏ အရောင်အဝါလည်း ရုတ်ချည်း အားနည်းသွား၏။

" ရော့.. ဒီမှာ "

သူမ လောထျန်းဆီသို့ သိဒ္ဓိဝင်ဆေးအား ပစ်ပေးလိုက်သည်။

" အင်း.. တကယ်လဲ သိဒ္ဓိဝင်ဆေးပဲ "

လောထျန်း၏ မျက်လုံးထဲတွင် ပျော်ရွှင်သွားသည့် အရိပ်အယောင်အချို့ ချက်ချင်း ပေါ်လာသည်။

ယခု သူလိုအပ်သည့် သိဒ္ဓိဝင်ဆေးပင်များအားလုံး စုံသွားပြီဖြစ်ရာ လက်ရှိကိစ္စများကို ဖြေရှင်းပြီးသည်နှင့် နေရာတစ်ခုရှာပြီး ကျင့်ကြံခြင်းအဆင့်တက်၍ ရလေပြီ ။

ထိုစဥ်မှာပင် မိန်းမငယ်က ရုတ်တရက် တစ်ခုကို တွေးမိသွားဟန်ဖြင့် စကားစလာ၏။

" ဟို.. ကျွန်မ တစ်ခုလောက် တောင်းဆိုစရာရှိလို့ "

" အင်း.. ဘာတောင်းဆိုချင်လို့လဲ "

လောထျန်းမှာလည်း စိတ်ကောင်းဝင်နေသဖြင့် ပြုံး၍ မေးလိုက်သည်။

" ကျွန်မကိုပါ ဒီကနေ ခေါ်သွားလို့ရမလား "

မိန်းမငယ် ပြောလိုက်၏။

သူ့စကားကြောင့် လောထျန်းတစ်ယောက် အံ့သြမှင်သက်သွားရတော့သည်။

မိန်းမငယ်က တစ်လုံးချင်း ဆက်ရှင်းပြ၏။

" ကျွန်မ ဒီ ဆေးပင်ဥယျာဥ်ထဲမှာပဲ ဆက်နေရင် ဒီရတနာတွေကို ဆက်ထိန်းထားနိုင်မှာ မဟုတ်ဘူး ။ ပြီးတော့ ဒီ ဆေးပင်ဥယျာဥ်ထဲက ဆေးပင်တွေကလဲ တစ်ခါတလေ အပြင်ကို သယ်ထုတ်သွားတာ ခံရတယ် ။ အဲ့တော့ ကျွန်မ ဒီမှာကြာကြာဆက်ပြီး အသက်ရှင်နိုင်မယ် မထင်ဘူး ။ ဒီတော့.. ကျွန်မကို ခေါ်သွားနိုင်မလား... "

ထိုသို့ ပြောနေရင်းလည်း သူမအသံက ပိုပို၍ တိမ်ဝင်လာပြီး မကြားရသလောက်နီးပါးပင် ဖြစ်သွား၏။

သို့သော် သူမ၏ မျက်လုံးများကမူ လောထျန်းအား မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်လျက်..

လောထျန်း နှုတ်ခမ်းတွန့်ရုံပြုံးလိုက်သည်။

" ကောင်းပြီလေ "

" တကယ်ကြီးလား... "

မိန်းမငယ် အလွန်ဝမ်းသာပျော်ရွှင်သွားတော့သည်။

ထိုစဥ် ဘေးမှ အဝတ်ဖြူ မသေမျိုးဆေးပင် စိတ်ဝိဥာဥ်မှာ မျက်နှာထားအနည်းငယ် ပြောင်းသွားပြီး ပြောလာ၏။

" သခင်လေး ၊ သူက နတ်ဆိုးသခင်ကြီးရဲ့ အပိုင်ပါ "

လောထျန်းက ထိုစကားကို ကြားသည်နှင့် သူ့အား

အေးစက်စက်လှည့်ကြည့်လိုက်၏။ အဝတ်ဖြူ စိတ်ဝိဥာဥ်မှာ လောထျန်းအကြည့်ကြောင့် အလွန်ကြောက်ရွံ့ တုန်လှုပ်သွားကာ မည်သည့်စကားမှ ထပ်မဟရဲတော့ချေ။

တဖက်မှ လောထျန်းက မိန်းမငယ်ဘေးသို့ လျှောက်သွားပြီး လက်တစ်ချက်ယမ်း၍ သူ့အတွင်းကမ္ဘာငယ်ကို ဖွင့်လိုက်သည်။

" လောလောဆယ်တော့ ဒီမှာပဲ ခဏနေလိုက်ဦး ။ ငါ လုပ်စရာလေးတွေ ပြီးသွားရင်တော့ မင်းအတွက် သင့်တော်မယ့်နေရာတစ်ခု စီစဥ်ပေးမယ် "

" ကျေးဇူးတင်ပါတယ် "

မိန်းမငယ်လေး၏ မျက်လုံးများ ပျော်ရွှင်မှုကြောင့် အရောင်လက်သွားတော့၏။ ထို့နောက် သူမက ဝတ်စုံဖြူ စိတ်ဝိဥာဥ်ကြီးအား မျက်စောင်းဖြင့် တစ်ချက်ကြည့်လိုက်ပြီး လောထျန်း၏ အတွင်းကမ္ဘာငယ်ထဲသို့ ဝင်သွားလိုက်သည်။

ဝတ်စုံဖြူ စိတ်ဝိဥာဥ်မှာ ထိုမြင်ကွင်းကို ကြည့်ရင်း မျက်နှာကြီး ရှုံ့မဲ့သွားတော့၏။

သို့သော် ထိုအချိန်မှာပင် ထျန်းယွမ်ကမ္ဘာသခင်ကြီးက ရုတ်တရက် ပြောလာသည်။

" လောထျန်း ၊ ဒီကို ရောက်လက်စနဲ့ ဘာလို့ တစ်ခုပဲ ယူသွားမှာလဲ "

ထိုစကားက လောထျန်းအား သတိပေးလိုက်သလိုပါပင် ။

" ဟုတ်သားပဲ ၊ ဒီ ဆေးပင်ဥယျာဥ်က ကျုပ်တို့ ပျောင်ပိုင်မြို့ကဟာထက် အများကြီး ပိုကြီးတယ် "

လောထျန်း ထိုသို့ပြောပြီး လက်နှစ်ဖက်ကို စုလိုက်သည်။

ဝုန်း..

ချက်ချင်းမှာပင် ဆေးပင်ဥယျာဥ် တစ်ခုလုံး ဗြောင်းဆန်သွားကာ အဆင့်နိမ့် စိတ်စွမ်းအင်ဆေးပင်များ လေထဲ ပျံတက်လာကြ၏။

၎င်းတို့မှာ အသိဉာဏ် မနှိုးထသေးသည့် စိတ်စွမ်းအင်ဆေးပင်များသာ ဖြစ်ရာ လောထျန်းအနေဖြင့် ၎င်းတို့ကို အလွယ်တကူ ချုပ်နှောင်ပြီး နေရာရွှေ့၍ ရပါသည်။

သို့သော်... များစွာသော အဆင့်မြင့် စိတ်စွမ်းအင်ဆေးပင်များ ၊ သိဒ္ဓိဝင် ဆေးပင်များ၊ မှော်ဆေးပင်များနှင့် မသေမျိုးဆေးပင်များကမူ နေရာတွင်သာ ရှိနေကြဆဲပင် ။

၎င်းတို့က လောထျန်းနောက်သို့ မလိုက်ချင်ကြသည်မှာ သိသာပါ၏။

" ဒီကောင်တွေက စိတ်စွမ်းအင်အသိဉာဏ် နှိုးထပြီးသားဆိုတော့ မင်းဘက်က ခပ်ကြီးကြီးတစ်ခု ထုတ်မပြမချင်း မင်းနောက်ကို လိုက်ချင်ကြမှာ မဟုတ်ဘူးကွ "

ထျန်းယွမ်ကမ္ဘာသခင်ကြီးက ပြောလိုက်သည်။

လောထျန်းကလည်း ချက်ချင်း သဘောပေါက်သွားကာ ဆေးပင်များကိုကြည့်၍ ပြောလိုက်၏။

" ငါ့နောက်သာ လိုက်မယ်ဆိုရင် စိတ်စွမ်းအင်အသိဉာဏ် နှိုးထပြီးတဲ့ ဆေးပင်တိုင်းကို မူလအရှုပ်အထွေးမြေမှုန် ဆယ်မှုန်စီပေးမယ် "

ထိုစကားကို ကြားသည်နှင့် ယခင်မလှုပ်မယှက် ​ရှိနေခဲ့သော စိတ်စွမ်းအင်ဆေးပင်များ ချက်ချင်း လှုပ်လှုပ်ရှားရှား ဖြစ်လာကြတေ့ာသည်။

သို့သော် ထိုအချိန်မှာပင်..

မှော်ဆေးပင်တစ်ပင်ဆီမှ အဘိုးအိုတစ်ယောက် ရုတ်တရက် ပေါ်လာ၏။

" အားလုံး.. သူ့ အလိမ်အညာတွေ နားမထောင်ကြနဲ့ ။ မူလအရှုပ်အထွေးမြေက တစ်မှုန်လေးတောင် အဲ့လောက်အဖိုးတန်တာကို ။ သူက ဆေးပင်တစ်ပင်ကို ဆယ်မှုန်တောင် ပေးဦးမတဲ့ ။ ဒီတိုင်း လေထဲက ကတိတွေကို မင်းတို့ ယုံကြတော့မလို့လား ။ ငါကတော့ အားလုံး ဒီဆေးပင်ဥယျာဥ်ထဲမှာပဲ နေပြီး မြေသြဇာတွေကို စုပ်ယူတာ ပိုကောင်းတယ်လို့ ယူဆတယ် "

အဘိုးအိုက ပြောလိုက်သည်။

ထင်ထားသလိုပင်.. သူ့စကားကြောင့် အစောက လှုပ်ရှားရန် ပြင်နေကြသည့် စိတ်စွမ်းအင်ဆေးပင်များ ချက်ချင်း ပြန်ငြိမ်ကျသွားပါ၏။

၎င်းကိုကြည့်ကာ လောထျန်း မျက်မှောင်ကြုံ့လိုက်သည်။

ထိုစိတ်စွမ်းအင် ဆေးပင်များက အသိဉာဏ်ရှိထားပြီးသည့်တိုင် ၎င်းတို့ကို အားသုံးပြီး အပိုင်သိမ်းရန်မှာ ဤမျှ မခက်လှကြောင်း သူ သိပါသည်။

သို့သော်.. ထိုသို့လုပ်လိုက်လျှင်လည်း ၎င်းတို့၏ ဆေးဂုဏ်သတ္တိများ ထိခိုက်ပျက်စီးသွားနိုင်ကာ ဆေးပင်များ သေပင် သေသွားနိုင်ပါသည်။

ထို့ကြောင့်လည်း တဖက်မှ စိတ်လိုလက်ရဖြင့် လိုက်လာသည်ကို သူ လိုချင်ခြင်းပင် ။

ထိုသို့တွေးပြီး သူ အဘိုးအိုဘက် လှည့်ကြည့်ကာ ပြောလိုက်၏။

" ခင်ဗျားက ကျုပ်ပြောတာကို မယုံဘူးပေါ့ ။ ခုနက ကျုပ် ဟိုသိဒ္ဓိဝင်ဆေးကို မူလအရှုပ်အထွေးမြေ ပေးလိုက်တာ မတွေ့ဘူးလား "

အဘိုးအိုက လောထျန်းအား အေးစက်စက်ကြည့်ကာ ပြန်ပြောလာသည်။

" မြင်လိုက်တာပေါ့ကွ ။ ဒါပေမယ့်.. မင်းဆီမှာ ရှိတဲ့ မူလအရှုပ်အထွေးမြေက အဲ့ဒါအကုန် မဟုတ်ဘူးဆိုတာ ဘယ်သူပြောနိုင်လို့လဲ ။ ပြီးတော့ မင်းက ငါတို့ကို ခေါ်သွားပြီးမှ လှည့်စားပြီး မင်းကတိကို ပြန်ရုတ်သိမ်းသွားနိုင်တယ်လေ ။ မူလအရှုပ်အထွေးမြေက ဘယ်လောက်အဖိုးတန်တယ် ဆိုတာ အားလုံးလဲ သိနေတာပဲ "

အဘိုးအို၏ စကားကိုကြားပြီးနောက် အနားတွင် ရှိနေကြသော စိတ်စွမ်းအင်ဆေးပင်များ တိတ်သွားကြပြန်သည်။

သူတို့၏ စိတ်ထဲတွင် အဘိုးအိုနဲ့ အတွေးတူတူပင် ။

မူလအရှုပ်အထွေးမြေက အဖိုးတန်လွန်းလှပေရာ.. လောထျန်းက သူတို့ကို တကယ်ပေးခဲ့လျှင်ပင် နောက်ပိုင်း၌ ပြန်ယူသွားနိုင်သည် မဟုတ်ပါလယး ။

လောထျန်းမှာမူ ထိုစကားကိုကြားပြီး လှောင်ပြုံး ပြုံးလိုက်၏။

" ရစရာကောင်းလိုက်တာကွာ ။ မူလအရှုပ်အထွေးမြေလေး နည်းနည်းကို ကျုပ် ပေးပြီးမှပြန်လုဖို့ လိုတယ်ထင်တယ်ပေါ့ "

" နည်းနည်းလေး.. ဟုတ်လား ။ မင်းက တော်တော်မောက်မာတာပဲကွ ။ မင်းစကားအတိုင်းဆိုရင် မင်းဆီမှာ မူလအရှုပ်အထွေးမြေတွေ အများကြီးရှိတယ်ပေါ့.. ဟုတ်လား "

အဘိုးအို အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။

လောထျန်း ခေါင်းညိတ်ပြလိုက်၏။

" ဟုတ်တယ်.. အများကြီးပဲ ၊ ခင်ဗျား ခန့်မှန်းနိုင်တာထက်တောင် ပိုများသေးတယ် "

အဘိုးအို မျက်မှောင်ကြုံ့သွားသည်။

" ဒါဆို ဘယ်လောက်များလဲ ပြောစမ်းပါဦး ။ မြေမှုန် သုံးထောင်လား.. ၊ ဒါမှမဟုတ် ငါးထောင်လား.. "

ထိုသို့ပြောပြီး သူ လှောင်ပြုံး ပြုံးလိုက်၏။

အမှန်တွင်လည်း ၎င်းက သူခန့်မှန်းနိုင်သည့် အများဆုံး ပမာဏပင် ။

သို့သော်.. တဖက်မှ လောထျန်းက စိတ်ပျက်လက်ပျက်ဟန်ဖြင့် သက်ပြင်းချပြီး ပြောလာသည်။

" စိတ်မကောင်းပါဘူးဗျာ ။ ခင်ဗျားတို့က မွဲတော့ ခန့်မှန်းတာတောင် အကန့်အသတ် ရှိနေတယ် ။ ကျုပ်ရဲ့ မူလအရှုပ်အထွေးမြေတွေကိုက အမှုန်နဲ့ တွက်လို့မရဘူး "

All Chapters