← Chapters

ကွေ့ဟိုင်ဂိုဏ်း၏ အမွေအနှစ်

Vol. 18 Ch. 241

ကွေ့ဟိုင်ဂိုဏ်း၏ အမွေအနှစ်

Vol. 18 Ch. 241

" ကျုပ်က ရွှယ်မင်ဂိုဏ်းကပါ ... "

ချန်ဟဲ့ကျန်က ထပ်​ဖြေလိုက်သည်။

ရွှယ်မင်ဂိုဏ်း တဲ့လား ..

လောထျန်း ချက်ချင်း နှုတ်ခမ်းမဲ့သွားသည်။

ထိုနေရာက သု့ခရီးစဥ်၏ ဒုတိယနေရာပင် ။

ယခု သူတို့၏ လက်ထောက် ဂိုဏ်းချုပ်ကြီးက သူ မသွားရသေးခင်မှာပင် သူ့ရှေ့တည့်တည့်သို့ ရောက်နေပြီဖြစ်ရာ ..

ဘာတွေ စောင့်နေစရာ လိုပါဦးမည်မည်း။

" ခင်ဗျားကြီးက ရွှယ်မင်ဂိုဏ်းက ဆိုတော့ မသွားနဲ့ဦး ။ ဒီကလူတွေနဲ့ပဲ အတူတူ သေလိုက်တော့ "

လောထျန်းက ပြောကာ လက်ယမ်းလိုက်သည်။

ဘုန်း ..

ချန်ယဲ့ကျန်တစ်ယောက် ချက်ချင်းပင် အသက်ထွက်သွားရ၏။

လောထျန်းက သူ့အလောင်းမှ စိတ်ဝိဥာဥ် ပုလဲလုံးတစ်ခု ထုတ်ယူလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ့ဟင်းလင်းပြင်လက်စွပ်ကိုလည်းယူလိုက်၏။

လောထျန်းနောက်မှ လောမိသားစုဝင်များက တောင်တက်လမ်းအတိုင်း ဝုန်းခနဲ ပြေးတက်သွားလိုက်ကြသည်။

ထိုအချိန်တွင် ဖျောင်ရွှယ်တောင်မှ အကြီးအကဲများ အားလုံးနီးပါးမှာ အသတ်ခံလိုက်ကြပြီဖြစ်ပြီး ကျန်ရှိနေသော လူများကမူ ပျောင်ပိုင်မြို့တော်တပ်ဖွဲ့မှ တပ်သားများအတွက် မှုစရာ မဟုတ်တော့ပါချေ။

ဤသို့ဖြင့် မည်သို့မှပင် အားစိုက်ထုတ်လိုက်စရာ မလိုပါဘဲ ဖျောင်ရွှယ်တောင်အား သူတို့ အပိုင်သိမ်းကာ ပစ္စည်းများကို စတင်သယ်ယူနေကြတော့သည်။

" ဝိုး .. ဒီ ဂိုဏ်းက အဆုံးအစမဲ့အဆင့် ကျင့်ကြံသူတွေ ရှိတဲ့ ဂိုဏ်းလို့ မပြောရဘူး ၊ အဖိုးတန် ပစ္စည်းတွေကလဲ ပေါများလိုက်တာကွာ ။

ပျောင်ပိုင်မြို့မှ လူငယ်တစ်ယောက်က ဖျောင်ရွှယ်တောင်၏ ရတနာတိုက်ကို ဖွင့်ကာ တလက်လက်တောက်နေသည့် အဖိုးတန် ရတနာများအား အရောင်တောက်နေသော မျက်လုံးအစုံဖြင့် ကြည့်လိုက်သည်။

" ဟေ့ ..ဘာတွေ တွန့်ဆုတ်နေတာလဲကွ ၊ မြန်မြန်လုပ်လေ "

ထိုစကားဆုံးသည်နှင့် အားလုံး ချက်ချင်း လှုပ်ရှားသွားကြ၏။

ဝင်ပေါက် တံခါးဝ ရှေ့တံင် ရပ်နေသည့် ထျဲ့နန်ဟွေ့မှာမူ အားလုံးကို မျက်လုံးကြီး ပြူး၍ ကြည့်နေသည်။

သူ ထိုသို့ တအံ့တသြ ကြည့်နေသည့် ဆယ်စက္ကန့်မျှ အချိန်အတွင်းမှာပင် ရတနာပစ္စည်းများဖြင့် ပြည့်နေခဲ့သည့် ဖျောင်ရွှယ်တောင်၏ ရတနာတိုက်ကြီးက ပြောင်ရှင်းသွားတော့၏။

ထို့နောက် .. မိနစ်အနည်ငယ် အတွင်းမှာပင် ရတနာတိုက်ကြီး တစ်ခုလုံးလည်း တစ်စစီ အဖြုတ်ခံရကာ ဟင်းလင်းပြင် လက်စွပ်များထဲသိူ့ ရောက်သွားတော့သည်။

အားလုံးအလုပ်လုပ်နေပုံမှာလည်း အလွန် စနစ်ကျလှပါသေးသည်။ အချို့က ကြမ်းပြင်များ ခွာခြင်းကို တာဝန်ယူသည့် အချိန်တွင် အချို့က တိုင်လုံးများကိုခွာကာ ၊ အချို့က နံရံများကို ဖြုတ်ယူကြ၏။ ထို့အပြင် အဆောက်အဦး၏ အောက်မှ အခြေခံ အုတ်မြစ်များကိုပင် တစ်စစီ လုပ်နေသည့် အဖွဲ့လည်း ရှိသေးသည်။

ထို လုပ်ငန်းစဥ်ကြီး တစ်ခုလုံးမှာ မည်သို့သော နှောင့်နှေးကြန့်ကြာမှုမျိုးမှ မရှိဘဲ အဆင်ပြေပြေ ချောချောမွေ့မွေ့ပင် ပြီးသွားခဲ့၏။

သူတို့၏ အသွင်မှာ ယခင်က အကြိမ်ရေ မရေမတွက်နိုင်အောင် အတွေ့အကြုံ ရှိထားကြသည့် ဟန်ပင် ပေါက်နေသည်။

ထျဲ့နန်ဟွေ့ အသိပြန်ဝင်လာသည့် အချိန်တွင်မူ ဖျောင်ရွှယ်တောင်၏ ခမ်းနားလှသည့် ရတနာတိုက်ကြီးက မြေကျင်းကြီး တစ်ခုအဖြစ်သာ ပြောင်းသွားခဲ့လေပြီ ။

သူတို့ လုပ်သွားသည့် ပုံစံမီာ သေသပ်လွန်းလှသဖြင့် ထျဲ့နန်ဟွေ့ တစ်ယောက် အလွန် အံ့သြမှင်သက်ကာ ခဏတာမျှ ပါးစပ်အဟောင်းသား ဖြစ်နေသည်။ထို့နောက် သူ အံ့သြတကြီး ရေရွတ်၏။

" ဒီလူတွေရဲ့ နောက်ကြောင်းဇာတ်လမ်းက ဘယ်လို ရှိတာပါလိမ့် "

သူ ကြက်သေသေကာ ငူငူကြီး ရပ်နေစဥ်မှာပင် ..

" သခင်ကြီး ထျဲ့ ၊ အဲ့မှာ ဘာရပ်လုပ်နေတာလဲဗျ ။ ကျုပ်တို့က နောက်တစ်နေရာကို သွားဖျက်ကြတော့မလို့ "

သူ့ အနီးနားတွင် ရှိနေသည့် လူငယ်တစ်ယောက်က အော်ပြောလာသည်။

" သြော် .. အေး အေး "

ထျဲ့နန်ဟွေ့က ထိုသို့ ပြန်ပြောကာ စက်ရုပ်တစ်ရုပ်အလား အခြားသူများ နောက်မှ ပါသွား၏။

ဤသို့ဖြင့် နာရီအနည်းငယ် ကြာသွားပြီးနောက်တွင်မူ ပျောင်ပိုင်မြို့မှ လူများ တောင်အောက်သို့ ပြန်ဆင်းလာခဲ့ကြသည်။

ယခင်က ခမ်းနားလှသော အဆောက်အဦးများဖြင့် ပြည့်နေခဲ့သည့် ဖျောင်ရွှယ်တောင်မှာလည်း ပြောင်ရှင်းနေသည့် တောင်ကတုံးတစ်ခု ဖြစ်သွားခဲ့လေပြီ ။

" အကိုထျန်း ၊ ကျုပ်တို့တွေ ဖျက်လို့ရသမျှ အကုန်တော့ ဖျက်လာခဲ့တယ်ဗျ ။ ဒါပေမယ့် .. "

အဆောက်အဦးများ ဖျက်ဆီးရာတွင် ခေါင်းနေရာ တာဝန်ယူထားသည့် လောရုံက ခေါင်းကုတ်ကာ အနည်းငယ် ရှက်နေဟန်ဖြင့် ပြောလာသည်။

" ဘာဖြစ်လို့လဲကွ "

လောထျန်းက မေး၏။

လောရုံက အိုးတို့အမ်းတမ်း ပြန်ဖြေသည်။

" ဒီ တောင်ထိပ်ပေါ်က အပူချိန်က နည်းလွန်းတော့ မစင်တွင်းက ခဲနေတာဗျ။ အဲ့ဒါကြောင့်မို့ မစင်တွင်းကို ဘာမှ မလုပ်ခဲ့ရဘူး "

လောထျန်းမှာ ခေတ္တမျှ စကားမဆိုနိုင် ဖြစ်သွားရသည်။

သူ့လူများက မိလ္လာတွင်းကို အဘယ့်ကြောင့် ဤမျှ စွဲလမ်းနေရပါသနည်း။

" အဲ့ဒါကို ထားလိုက်ပါကွာ၊ အခု အားလုံးလဲ ရှင်းပြီးသွားပြီဆိုတော့ ရွှယ်မင်ဂိုဏ်းကို ဆက်သွားကြမယ် "

လောထျန်း ပြောသည်နှင့် ယဲ့ထုံလင်းက တည်နေရာရွှေ့ပြောင်းခြင် အစီအမံအား အသင့်ပြင်လိုက်သည်။

အားလုံး အစီအမံထဲသို့ ဝင်သွားကြသည်ကို ကြည့်ကာ ထျဲ့နန်ဟွေ့တစ်ယောက် ရွှယ်မင်ဂိုဏ်းအတွက် စိတ်မကောင်း ဖြစ်သွားရ၏။

တခဏ အကြာတွင်မူ .. ရွှယ်မင်ဂိုဏ်းရှေ့၌ ..

" မင်း .. မင်းတို့တွေ လွန်နေပြီနော် "

ရွှယ်မင်ဂိုဏ်း၏ အကြီးအကဲတစ်ယောက်က အားလုံးကို မျက်နှာသုန်မှုန်စွာ ကြည့်၍ ပြောလိုက်သည်။

" ငါတို့ ရွှယ်မင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကြီး ၊ ဒါမှ မဟုတ် လက်ထောက်ဂိုဏ်းချုပ်ကြီး တို့ နှစ်ယောက်ထဲက တစ်ယောက်သာ ရှိရင်တောင် မင်းတို့တွေ ခုလို လုပ်ရဲကြမှာ မဟုတ်ဘူး"

အခြား အကြီးအကဲတစ်ယောက်ကလည်း ပြော၏။

လောထျန်းက သူတို့ ပြောသည့်စကားများကို နားထောင်ပြီးနောက် သူ့အင်္ကျီလက်ထဲမှ ဟင်းလင်းပြင် လက်စွပ်နှစ်ကွင်းကို ထုတ်လိုက်သည်။

" ခင်ဗျာတို့က ဒီ လက်စွပ်နှစ်ကွင်းရဲ့ ပိုင်ရှင်တွေကို ပြောနေတာလား "

လောထျန်းက မေး၏။

" ဟင် ... ဒါ .. ဂိုဏ်းချုပ်ကြီးနဲ့ လက်ထောက်ဂိုဏ်းချုပ်ကြီးတို့ရဲ့ ဟင်းလင်းပြင်လက်စွပ်တွေ မဟုတ်လား "

လက်စွပ်နှစ်ကွင်းကို မြင်ပြီးသည်နှင့် ရွှယ်မင်ဂိုဏ်းမှ လူများအားလုံးပင် တစ်ကိုယ်လုံး တုန်ယင်သွားကြသည်။

ဟင်းလင်းပြင်လက်စွပ် ဆိုသည်မှာ ကျင့်ကြံသူတစ်ယောက်အဖို့ အရေးအကြီးဆုံး ပစ္စည်းတစ်ခုဖြစ်ပြီး ကိုယ်နှင့်မကွာ ထားလေ့ရှိသည့် ပစ္စည်းတစ်ခုပင်။

ယခု .. ထိုလက်စွပ်များက လောထျန်း၏ လက်တွင် ရှိနေလေရာ ...

သူတို့၏ ခေါင်းဆောင်ကြီးများက အန္တရာယ်နှင့် ကြုံတွေ့ခဲ့ရပြီဆိုသည့် အဓိပ္ပါယ်ပင် ။

လောထျန်းက ဟင်းလင်းပြင်လက်စွပ်ကို ပြန်သိမ်းကာ ပြောလိုက်သည်။

" ကျုပ်တို့က ပျောင်ပိုင်မြို့ကပဲ။ ခင်ဗျာတို့ရဲ့ ဂိုဏ်းချုပ်ကြီးက သူ့လူတွေခေါ်ပြီး ပျောင်ပိုင်မြို့ကို လာတိုက်ခိုက်ကတည်းက ဖြစ်လာနိုင်တဲ့ အကျိုးဆက်ကို တွေးထားခဲ့သင့်တာ ။ တကယ်လို့ ကျုပ်တို့ ပျောင်ပိုင်မြို့ကသာ လုံလောက်တဲ့အစွမ်း မရှိထားခဲ့ဘူးဆိုရင် ခုချိန်ဆို တစ်မြို့လုံး အဖျက်ဆီး ခံနေရလောက်ပြီလေ "

" အခု ကျုပ်ဘက်က ပြောစရာရှိတာတွေလဲ ပြောပြီးသွားပြီဆိုတော့ ခင်ဗျားတို့ အနေနဲ့ နောက်ဆုံးစကားအဖြစ် ဘာပြောချင်သေးလဲ "

လောထျန်းက ရွှယ်မင်ဂိုဏ်းမှ အကြီးအကဲများကို ကြည့်ကာ မေးလိုက်သည်။

" &%$#%$& "

ရွှယ်မင်ဂိုဏ်း၏ အကြီးအကဲတစ်ယောက်က လေထဲသိူ့ ခေါင်းမော့ကြည့်ကာ ဒေါသတကြီး အော်ဆဲ၏။

ထို့နောက်တွင်မူ ဓားအလင်းတန်းတစ်ခု ဖျတ်ခနဲ လင်းလာပြီး ရွှယ်မင်ဂိုဏ်းမှ အကြီးအကဲများအားလုံး အသက်ဆုံးသွားကြရတော့ သည်။

" မြန်မြန်သွားပြီး ဖျက်စရာရှိတာ ဖျက်ကြ။ ပြီးရင် နောက်တစ်နေရာကို သွားကြရအောင် "

လောထျန်းက ​အားလုံးကို ဆော်သြလိုက်သည်။

" ဟုတ်ကဲ့ပါ သခင်လေး "

အားလုံးမှာ ကျိုင်ကောင်များအလား ရွှယ်မင်ဂိုဏ်းဆီသို့ ပြေးဝင်သွားကြ၏။

ထျဲ့နန်ဟွေ့မှာလည်း ယခင် တစ်ကြိမ် အတွေ့အကြုံ ရှိထားပြီ ဖြစ်သဖြင့် အများနည်းတူ အနည်းငယ် လိုက်လုပ်နိုင်လာလေပြီ ။

" အင်း .. ငါက အစောကမှ ပျောင်ပိုင်မြို့တော် တပ်ဖွဲ့ဝင်တစ်ယောက် ဖြစ်လာတာဆိုတော့ အမြဲတမ်း သူများနောက်မှာချည်းပဲ ကျန်နေခဲ့လို့ မဖြစ်ဘူး "

ထျဲ့နန်ဟွေ့က ထိုသို့ ဆုံးဖြတ်ချက်ချကာ ဖျက်ဆီးရေး အဖွဲ့နှင့်အတူ လိုက်သွားလိုက်သည်။

နာရီအနည်းငယ် ကြာပြီးနောက်တွင်မူ .. ရွှယ်မင်ဂိုဏ်းသည်လည်း ပြောင်ရှင်းနေသည့် မြေစာပုံအဖြစ်သာ ကျန်ခဲ့တော့၏။

လောထျန်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။

" နောက်ဆုံး တစ်ခုက ဘာလဲ "

ပထမအကြီးအကဲက လူအုပ်ထဲမှ ထွက်လာကာ ပြော၏။

" သခင်လေးကို သတင်းပို့ပါတယ်၊ နောက်ထပ်သွားမယ့် နေရာ ကတော့ ကွေ့ဟိုင်ဂိုဏ်း ပါ "

ပထမအကြီးအကဲမှာ စိတ်ဝိဥာဥ် ပုလဲလုံးကို သန့်စင်ပြီးသွားပြီဖြစ်ရာ မှတ်ဉာဏ်များမှတဆင့် ကွေ့ဟိုင်ဂိုဏ်း အကြောင်း အသေးစိတ် သိနေလေပြီ ။

" ကွေ့ဟိုင်ဂိုဏ်းဟုတ်လား ၊ သုတို့ကရော အစွမ်းထက်တဲ့ အဖွဲ့ပဲလား "

လောထျန်းက မေးလိုက်သည်။

ပထမအကြီးအကဲက ခေါင်းယမ်းကာ ပြန်ဖြေ၏။

" အဲ့ဒီဂိုဏ်းက အရင်ကတော့  အင်မတန် အင်အားကြီးတဲ့ ဂိုဏ်းတစ်ခုပဲဗျ ။ သူတို့ဂိုဏ်းကနေ ကောင်းကင်ဘုံတံခါးဝ အဆင့်ရှိတဲ့ ကျင့်ကြံသူတစ်ယောက်တောင် ထွက်လာခဲ့ဖူးသေးတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်တစ်ထောင်လောက်က ကွေ့ဟွမ်ဂိုဏ်းထဲမှာ အတွင်းရေး ပြဿနာလေးတချို့ ဖြစ်ပြီးတော့ အစွမ်းထက် ကျင့်ကြံသူတွေ တော်တော်များများ သေသွားခဲ့ကြတယ်။ ဂိုဏ်းရဲ့ အမွေအနှစ် ပစ္စည်းတွေလဲ ပျောက်သွားခဲ့တယ်ဗျ။ အခုတော့ သူတို့ ဂိုဏ်းထဲမှာ အစွမ်းအထက်ဆုံး ကျင့်ကြံသူကတောင် ကောင်းကင်ဘုံအဆင့်မှာပဲ ရှိတော့တာ "

" သူတို့က အဖိုးတန် ပစ္စည်းတွေနဲ့ သူတို့ရဲ့ဂိုဏ်းကို တိုးက်လာအောင် လုပ်ဖို့အတွက် ကျုပ်တို့ ပျောင်ပိုင်မြို့ကို လာခဲ့ကြတာဗျ "

လောထျန်းက စကားဆုံးအောင် နားထောင်ပြီးနောက် ခေါင်းညိတ်လိုက်သည်။

" ကျုပ် သဘောပေါက်ပြီ ၊ ဒါဆို .. သူတို့ဆီ မြန်မြန်သွားပြီး ဖျက်ဆီးရေး စလိုက်ကြတာပေါ့ဗျာ "

" ဟုတ်ကဲ့ပါ သခင်လေး "

ထို့နောက်တွင်မူ ယဲ့ထုံလင်းက တည်နေရာရွှေ့ပြောင်းခြင်း အစီအမံကို အသက်သွင်းကာ သူတို့အားလုံး ကွေ့ဟိုင်ဂိုဏ်းသို့ ရောက်သွားကြ၏။

ပထမ အကြီးအကဲက ရှေ့မှ မြင်ကွင်းကို ကြည့်ကာ ပြောလိုက်သည်။

" ကွေ့ဟိုင်ဂိုဏ်းက အရင်ဂိုဏ်းနှစ်ခုထက်   အများကြီး ပိုပြီး အစွမ်းနိမ့်တာပဲ "

လောထျန်းမှာ ဤတစ်ကြိမ်တွင် များစွာပင် လုပ်နေစရာ မလိုဘဲ အများစုကို မောင်းထုတ်၍ ကျန်နေခဲ့သော လူအချို့ကိုမူ သတ်လိုက်သည်။

ထို့နောက်တွင်မူ ပထမအကြီးအကဲ၏ ဦးဆောင်မှုအောက်မှနေ၍ အဆောက်အဦးများကို ခပ်မြန်မြန်ပင် တစ်စစိဖြုတ်ကာ ရှင်းလိုက်ကြတော့၏။

ဤသို့ဖြင့် တစ်နာရီပင် မကြာလိုက်ဘဲ အားလုံး တောင်ခြေသို့ ပြန်ရောက်လာကြသည်။

" အကိုထျန်းရေ ပွပြီဗျ ၊ အချီကြီးပွပြီ "

လောရုံက ခပ်လှမ်းလှမ်းမှ နေ၍ စိတ်လှုပ်ရှားစွာ အော်ပြောလာသည်။

" ဟင် .. ဘာဖြစ်လို့လဲ "

သူ့ကို ကြည့်ကာ လောထျန်း အံ့အားသင့်သွား၏။

" အကိုထျန်း ၊ ပထမ အကြီးအကဲ ပြောတာတော့ ကွေ့ဟိုင် ဂိုဏ်းရဲ့ အမွေအနှစ်က ပျောက်ကွယ်သွားပြီလို့ ပြောခဲ့တာ မဟုတ်လား "

လောရုံက မေးလိုက်သည်။

လောထျန်းက ခေါင်းညိတ်ပြကာ ပြန်ပြော၏။

" ဟုတ်တယ်လေ "

လောရုံက စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။

" ကျုပ်တို့ တွေ့ခဲ့ပြီဗျ "

သူ့စကားကြောင့် လောထျန်းသည်ပင် အံ့အားသင့်သွားရ၏။

ကွေ့ဟိုင်ဂိုဏ်းက နှစ်တစ်ထောင်ကျော်ခန့် ရှာမတွေ့ခဲ့သည့် အမွေအနှစ်ကို လောရုံက ရှာတွေ့ခဲ့သည်တဲ့လား ။

" ဘယ်မှာ ရှာတွေ့ခဲ့တာလဲ "

လောထျန်းက မေးလိုက်သည်။

" မိလ္လာတွင်းထဲမှာဗျ ။ ကျုပ်တို့တွေ မိလ္လာတွင်းကို မွှေနှောက်ရှာနေတုန်းမှာ ဒါကြီး ထွက်လာတာပဲ။ ကြည့်ရတာ အဲ့အချိန်က ရန်ပွဲအတွင်းမှာ လူတစ်ယောက်က ဒီဟာကို ဖွက်ထားပြီး နောက်မှ ပြန်ထုတ်ဖို့ တွေးခဲ့တယ်နဲ့တူတယ်ဗျ ။ ဒါပေမယ့် အဲ့လူက တိုက်ပွဲထဲမှာပဲ သေခဲ့ရတယ်နဲ့တူတယ် ။ အားလုံးကလဲ  မိလ္လာတွင်းလို ညစ်ပတ်တဲ့ နေရာကို ရှာဖို့ မစဥ်းစားကြတော့ ခုလို ဘယ်သူမှ မတွေ့ဘဲ ဖြစ်နေခဲ့ကြတာ နေမှာပဲ။ အကိုထျန်း ကြည့်ပါဦး "

လောရုံက ထိုသိူ့ ပြောပြီးနောက် ကျောက်စိမ်းပြားတစ်ခုကို ထုတ်ကာ လောထျန်းမျက်နှာရှေ့တွင် ကိုင်ကာပြလိုက်သည်။

" အဲ့ဒါကြီးကို ငါနဲ့ ဝေးဝေးထားမ်းပါကွာ "

လောထျန်းက အလွန်ရွံရှာဟန်ဖြင့် ပြန်ပြော၏။

ထိုအချိန်မှသာ လောရုံက ကျောက်စိမ်းပြားအား  လောထျန်း၏ မျက်နှာနားမှ ဖယ်လိုက်သည်။

" အကိုထျန်း ၊ ဒါ ကောင်းတဲ့ ကိစ္စပဲဗျ ။ ဒါက ကွေ့ဟိုင်ဂိုဏ်းရဲ့ အမွေအနှစ် တစ်ခုပဲလေ "

လောရုံက တီးတိုးဆက်ပြောသည်။

" မင်း ကြိုက်တယ်ဆို အဲ့ဒါ မင်းအပိုင် ဖြစ်သွားပြီ "

လောထျန်းက ပြန်ပြောလိုက်သည်။

လောရုံ၏ မျက်လုံးများ ချက်ချင်း အရောင်လက်သွား၏။

" ကျေးဇူးတင်ပါတယ် အကိုထျန်း "

ထို့နောက်  လောရုံက ကျောက်စိမ်းပြားကို ပြန်သိမ်းကာ တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။

" အခု တွေ့ပြီလား ၊ ဒါကိုတောင် တချို့က မိလ္လာကျင်း မွှေတာကို အသုံးမဝင်ဘူးဆိုပြီး ပြောနေကြသေးတာ။ အခု အသုံးဝင်လား ၊ မဝင်လား ပြောပါဦး ။ ခု ချိန်က စပြီးတော့ ဘယ်ဂိုဏ်းကိုပဲ သွားသွား အိမ်သာကျင်းကို လုံးဝ ချန်လို့ မဖြစ်တော့ဘူး "

All Chapters