← Chapters

ထျန်းယွမ်စမ်းသပ်ပွဲ စပြီ

Vol. 44 Ch. 606

ထျန်းယွမ်စမ်းသပ်ပွဲ စပြီ

Vol. 44 Ch. 606

ထျန်းကူဟုန်မိသားစုမှာ ယခင်ကတည်းက ထျန်းယွမ်ကမ္ဘာအား သစ္စာဖောက်သွားခဲ့သည့် မြင့်မြတ်နယ်မြေတစ်ခု ဖြစ်ပါသည်။

ပြီးခဲ့သော နှစ်များတွင်လည်း သူတို့နှင့် ထျန်းယွမ်ကျောင်းတော်က ကမ္ဘာ့ရန်ဘက်များ ဖြစ်လာခဲ့ကြပြီး တိုက်ပွဲပေါင်း မရေမတွက်နိုင်အောင်ပင် တိုက်ခိုက်ခဲ့ကြ၏။

သို့သော်... ယနေ့တွင် ထျန်းကူဟုန်မိသားစုက ဟင်းလင်းပြင်လမ်းကြောင်းကို သုံးပြီး ထျန်းယွမ်ကျောင်းတော် ပိုင်နက်ထဲသို့ အမှန်တကယ် ခြေလာချရဲသတဲ့လား...

ထို့ထက်ပိုအရေးကြီးသည်မှာ ထျန်းကူဟုန်မိသားစု၏ ဘိုးဘေးဖြစ်သူ ၊ ကမ္ဘာပေါ်မှ မသေမျိုးက သူ့လူအုပ်ကိုခေါ်၍ လူကိုယ်တိုင် လာခဲ့ခြင်းပင်။

သခင်ကြီးထျန်းလုံ၏ မျက်လုံးထဲတွင် အေးစက်စက်

အလင်းတန်းများ ဖျတ်ခနဲ လက်သွားတော့သည်။

" အဘိုးကြီးဟုန် ၊ မင်း သေချင်နေပြီနဲ့ တူတယ် "

သူ ဒေါသတကြီးအော်ကာ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။

ဝုန်း..

ထို ခြေတစ်လှမ်းဖြင့်ပင် တောင်တန်းများနှင့် မြစ်များ အရောင်ပြောင်းသွားပြီး... သခင်ကြီးထျန်းလုံဆီမှ ပေတစ်သောင်းရှည်လျားသည့် နဂါးအရိပ်ကြီးတစ်ခု ထွက်လာကာ ထျန်းကူဟုန်မိသားစုအား ဖိနှိပ်လိုက်သည်။

တဖက်မှ ထျန်းကူဟုန်မိသားစု၏ ဘိုးဘေး မျက်မှောင်ကြုံ့သွားကာ လှောင်ပြုံး ပြုံးလိုက်၏။

ဝုန်း..

ချက်ချင်းမှာပင် နတ်ဆိုးအစွမ်းများ ထွက်လာပြီး သူ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

ဘုန်း..

အစွမ်းနှစ်ခု တိုက်မိသွားကာ.. တောင်များနှင့် မြစ်များ တမဟုတ်ချင်း ပြောင်းပြန်လှန်သွားပြီး လေလှိုင်းလုံးကြီးများ လိမ့်တက်လာ၏။

ထိုတခဏ၌ အားလုံးမှာလည်း ၎င်းအစွမ်းကို ခံစားလိုက်ရပြီး နာကျင်စွာ အော်ဟစ်သံများ ညံစီသွားတော့သည်။

" ဒါ... "

၎င်းကို မြင်မှသာ သခင်ကြီးထျန်းလုံ လန့်သွားပြီး ချက်ချင်းရပ်လိုက်၏။

ထိုစဥ်တွင် ဟုန်မိသားစု ဘိုးဘေးက အပြုံးဖြင့် ပြောလာသည်။

" အဘိုးကြီး ထျန်းလုံ ၊ ငါ ဒီနေ့ မင်းနဲ့တိုက်ခိုက်ဖို့အတွက် ဒီကိုလာခဲ့တာ မဟုတ်ဘူး ။ ဒါပေမယ့် မင်းက တိုက်ခိုက်ချင်ရင်လဲ ကိစ္စမရှိဘူးနော်။ ဒါပေမယ့် ငါတို့ရဲ့ ကျင့်ကြံခြင်းအဆင့်တွေနဲ့ဆိုရင်.. ဒီမှာသာ အစွမ်းကုန်သုံးပြီး တိုက်ခိုက်လို့ကတော့ အားလုံး

သေကြရမှာ အမှန်ပဲ "

သခင်ကြီးထျန်းလုံ အံကြိတ်လိုက်ရသည်။

တဖက်လူ ပြောသွားသည်မှာ အမှန်ဖြစ်ကြောင်း သူ သိပါ၏။

သူတို့သာ ဤနေရာတွင် တိုက်ခိုက်ပါက ဖြစ်သွားမည့်အကျိုးဆက်ကို တွေးပင်မတွေးရဲပါ..

" မင်း ဘာလိုချင်တာလဲ "

သခင်ကြီးထျန်းလုံက သုန်မှုန်နေသော မျက်နှာဖြင့် အေးစက်စက်မေးလိုက်သည်။

" ဘာမှ မဟုတ်ပါဘူးကွာ ။ မင်းတို့ ထျန်းယွမ်စမ်းသပ်ပွဲက ဒီနေ့စမှာ မဟုတ်လား ။ ငါက ငါတို့ ထျန်းကူဟုန်မိသားစုရဲ့ တပည့်တချို့ကို စမ်းသပ်ပွဲမှာ ဝင်ပါစေချင်လို့ပါ "

ဟုန်မိသားစု ဘိုးဘေးက အပြုံးဖြင့် ပြန်ပြော၏။

" မင်း.. ဘာပြောလိုက်တယ် ။ မင်းတို့ ဟုန်မိသားစုမှာ ထျန်းယွမ်စမ်းသပ်ပွဲကို ဝင်ပါရအောင် ဘာ

အရည်အချင်းရှိလို့လဲ "

သခင်ကြီးထျန်းလုံ ပြန်မပြောနိုင်ခင်မှာပင် ထျန်းယွမ်ကျောင်းတော်မှ လူတစ်ယောက်က ဒေါသတကြီး အော်ပြောလိုက်သည်။

ဟုန်မိသားစုဘိုးဘေးက သူ့မုတ်ဆိတ်မွေးကို ကိုင်ကာ ပြန်ပြော၏။

" ငါတို့ ဟုန်မိသားစုကလဲ ထျန်းယွမ်ကမ္ဘာက အဖွဲ့တစ်ခုပဲလေ ။ ငါတို့က ထျန်းယွမ်စမ်းသပ်ပွဲမှာ ဘာလို့ ဝင်ပါလို့ မရမှာလဲ "

ထိုစကားကြောင့် အားလုံး မျက်မှောင်ကြုံ့သွားကြသည်။

ဟုန်မိသားစုက ထျန်းယွမ်ကမ္ဘာရဲ့ အဖွဲ့တစ်ခုတဲ့လား..

ထိုသို့သော စကားမျိုးကို ပြောရဲနေပါသေးလား..

သူတို့အုပ်စု ထျန်းယွမ်ကမ္ဘာကို သစ္စာဖောက်သွားခဲ့သည် အသိသာကြီး မဟုတ်လား..

သို့သော်. .. ဟုန်မိသားစုဘိုးဘေးကမူ အားလုံးကို ဂရုစိုက်ဟန်မတူဘဲ သခင်ကြီးထျန်းလုံကိုသာ စိုက်ကြည့်၍ ဆက်ပြော၏။

" မင်းသဘောမတူရင်လဲ ငါ ဂရုမစိုက်ဘူးနော် ။ မင်းနဲ့ငါနဲ့ ဒီနေ့ ဒီနေရာမှာ တိုက်ပွဲဖြစ်ကြရုံပေါ့ "

သခင်ကြီးထျန်းလုံ မျက်မှောင်ပိုကြုံ့သွားသည်။

ဤနေရာတွင်သာ တိုက်ပွဲဖြစ်ပါက ရှုံးသည်ဖြစ်စေ ၊ နိုင်သည်ဖြစ်စေ.. သူတို့ ထျန်းယွမ်ကျောင်းတော်ဘက်မှ အရှုံးပါပင်..

" အဘိုးကြီးဟုန် ၊ မင်းတို့ ထျန်းကူဟုန်မိသားစုကို ထျန်းယွမ်စမ်းသပ်ပွဲမှာ ဝင်ပါခွင့်ပေးမယ်ဆိုရင် ဒီနေ့ လုံးဝမတိုက်ခိုက်ဘူးလို့ ကတိပေးနိုင်လား "

သခင်ကြီးထျန်းလုံ အေးစက်စက် မေးလိုက်သည်။

" ကိစ္စမရှိဘူး.. ပေးတယ် "

ဟုန်မိသားစုဘိုးဘေးက အပြုံးဖြင့် ပြန်ပြော၏။

သခင်ကြီးထျန်းလုံ အံကြိတ်၍ ပြောလိုက်ရသည်။

" ကောင်းပြီ ၊ ဒါဆို ဝင်ပါခွင့်ပေးမယ် "

" သခင်ကြီး... "

သူ့နောက်တွင် ရှိနေကြသော ထျန်းယွမ်ကျောင်းတော် ဂိုဏ်းသားများဆီမှ အလန့်တကြား အော်သံများ ထွက်လာကြသည်။

သခင်ကြီးထျန်းလုံက လက်ကာပြ၍ အားလုံးဆီသို့ တိတ်တဆိတ် အသံလွှင့်နည်းဖြင့် ပြောလိုက်၏။

" လောလောဆယ် ဘာမှ မတတ်နိုင်ဘူး ။ ထျန်းယွမ်စမ်းသပ်ပွဲကို နောက်ဆုတ်လို့မရသလို.. ဒီမှာ တိုက်ပွဲဖြစ်သွားလို့လဲ မရဘူး ။ ပြီးတော့ သူတို့ ထျန်းကူဟုန်မိသားစုမှာ ထျန်းယွမ်စမ်းသပ်ပွဲကို အောင်နိုင်တဲ့သူ ပါမယ်လို့ ပြောလို့မရဘူးလေ ။ သူတို့က လုပ်နိုင်ခဲ့တယ်ဆိုရင်တောင် ကိစ္စမရှိဘူး။ လောလောဆယ်မှာ သူတို့တောင်းဆိုတာကို သဘောတူလိုက်တာက အကောင်းဆုံးပဲကွ "

" ပြီးတော့ .. မင်းတို့အားလုံး အစီအမံတွေ ချက်ချင်းလုပ်ပြီး ဝူလျန်နန်းတော်ဆီ သတင်းပို့လိုက်ကြ ။ ဒီအဘိုးကြီးသာ ဦးနှောက်မဲ့တဲ့ အပြုမူမျိုး လုပ်လာရင် သူ့ကို ဒီမှာပဲ တစ်ခါတည်း ရှင်းပစ်ကြမယ် "

ထိုစကားကို ကြားပြီးနောက်တွင်မူ အားလုံး ခေါင်းညိတ်ကာ တိတ်တဆိတ် ထွက်သွားလိုက်ကြသည်။

သို့သော် ထိုစဥ်မှာပင်..

ဝုန်း...

ခပ်လှမ်းလှမ်းဆီမှ လူသတ်အရိပ်အငွေ့တစ်ခု ရုတ်တရက် ထွက်လာ၏။

သခင်ကြီးထျန်းလုံ ချက်ချင်း လှည့်ကြည့်လိုက်ရာ.. ပျောင်ပိုင်မြို့မှ လူများဘက်ရှိ.. နျိုထျဲ့ချူက နီရဲနေသော မျက်လုံးအစုံဖြင့် ဟုန်မိသားစုဘိုးဘေးအား စူးစူးရဲရဲ စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။

သူမဘေးပတ်လည်ရှိ လူသတ်အရိပ်အငွေ့မှာလည်း သိပ်သည်းလွန်း၍ အစိုင်အခဲအဖြစ်ပင် ပြောင်းသွားတော့မယောင်..

" ဟာ.. မဖြစ်ဘူး ၊ ငါ သူ့ကို မေ့နေတာ "

သခင်ကြီးထျန်းလုံမှာ ရင်ထဲတွင် တင်းကျပ်သွား

သလို ခံစားလိုက်ရသည်။

ထျန်းကူဟုန်မိသားစုနှင့် နျိုထျဲ့ချူတို့ကြားမှ ​ရန်ငြိုးကို သူ သိထားပြီးဖြစ်ပါသည်။

အကယ်၍ နျိုထျဲ့ချူသာ သူမကိုယ်သူမ မထိန်းနိုင်ဘဲ ဤနေရာတွင် တိုက်ခိုက်လိုက်ပါက အခြေအနေ ဆိုးကုန်ပေလိမ့်မည်။

" အိုး... ငါးရောင်ခြယ်နတ်နွား မျိုးနွယ်စုရဲ့ အကြွင်းအကျန်လေးပါလား ။ ဘာလဲ... မင်းလူတွေအတွက် လက်တုန့်ပြန်ချင်လို့လား "

ဟုန်မိသားစုဘိုးဘေးက အပြုံးဖြင့် ပြောလိုက်၏။

သူ့အသံတွင်ကား ရန်စစိန်ခေါ်နေဟန်အပြည့်...

" မိန်းကလေး ထျဲ့ချူ... "

သခင်ကြီးထျန်းလုံက နျိုထျဲ့ချူရှေ့သို့ တန်းလျှောက်သွားကာ စကားစလိုက်သည်။

နျိုထျဲ့ချူက သခင်ကြီးထျန်းလုံကိုကြည့်ကာ အသက်ပြင်းပြင်းရှိုက်ပြီးမှ သူမ၏ လူသတ်

အရိပ်အငွေ့ကို ပြန်ချုပ်တည်းလိုက်၏။

" အခုက တိုက်ခိုက်ဖို့ အချိန်ကောင်းမဟုတ်ဘူးဆိုတာ ကျွန်မ သိပါတယ် "

သူမ ကြိတ်မနိုင်ခဲမရ အသံဖြင့် ပြောလိုက်သည်။

သခင်ကြီးထျန်းလုံမှာလည်း ၎င်းကိုမြင်မှသာ စိတ်သက်သာရာရပြီး သက်ပြင်းချနိုင်သွား၏။

သို့သော်.. နျိုထျဲ့ချူက လူသတ်အရိပ်အငွေ့အား ပြန်ရုတ်သိမ်းလိုက်သည့်တိုင် တဖက်မှ ဟုန်မိသားစုဘိုးဘေးကို ကြည့်၍ ပြောလိုက်သည်။

" အဘိုးကြီး ၊ ခဏပဲ စောင့်နေလိုက်ပါ ။ သိပ်မကြာခင်မှာ မင်းအသက်က ငါ့လက်ထဲ ရောက်တော့မှာ "

ဟုန်မိသားစုဘိုးဘေးမှာ ထိုစကားကို ကြားပြီး အံ့အားသင့်သွားဟန် တူပြီးနောက် ရုတ်တရက်ထရယ်လိုက်၏။

" မင်းမှာ အဲ့လိုအစွမ်းမျိုး ရှိရင်တော့ ရတယ်လေ "

နျိုထျဲ့ချူ အေးစက်စက် နှာခေါင်းရှုံ့၍ မျက်လုံးများကိုသာ မှိတ်ထားလိုက်သည်။

ထိုစဥ် တဖက်မှ သခင်ကြီးထျန်းလုံက ကိစ္စပြီးသွားပြီဟု ယူဆကာ လည်ချောင်းရှင်း၍ ပြော၏။

" အားလုံး... ထျန်းယွမ်စမ်းသပ်ပွဲကို မကြာခင်စပါမယ် "

သူ ပြောပြောဆိုဆိုပင် ထျန်းယွမ်စမ်းသပ်ပွဲ ဝင်ပေါက်ရှေ့သို့ ပျံသန်းသွားလိုက်သည်။

" ဒီထျန်းယွမ်စမ်းသပ်ပွဲမှာ အဆင့်ပေါင်း တစ်ရာရှိပြီးတော့ အဆင့်တစ်ခုစီတိုင်းမှာ ထူးခြားတဲ့ စိန်ခေါ်မှုတွေနဲ့ ကြုံရလိမ့်မယ်။ အဆင့်တစ်ဆင့်ကို ကျော်နိုင်တာနဲ့ ဆုတစ်ခု ရလိမ့်မယ်။ အဆင့်များများ ကျော်ဖြတ်နိုင်လေ.. ဆုလဲ များများရလေပဲ ။ ပြီးတော့ အဲ့ဆုတွေအပြင်ကို စမ်းသပ်ပွဲအတွင်းမှာ ရနိုင်တဲ့ တခြားအခွင့်ကောင်းတွေလဲ ရှိသေးတယ် ။ ဒါပေမယ့် အများစုကတော့ ကိုယ့်ရဲ့ ကံတရားအပေါ်မှာပဲ မူတည်တယ် "

" ပြီးတော့.. ထပ်ပြောချင်တာက ဒီ ထျန်းယွမ်စမ်းသပ်ပွဲက အင်မတန်လဲ အန္တရာယ်များတယ်။ သတိမထားရင် အသက်ပါ ဆုံးရှုံးနိုင်တယ်။ အဲ့ဒါကြောင့်မို့ အားလုံး ကိုယ်လုပ်နိုင်စွမ်းရှိသလောက်ပဲ

လုပ်ကြပါ ။ တစ်ခုခုလွဲနေပြီလို့ ထင်တာနဲ့ ချက်ချင်း ထွက်ကြ "

" ဒီ ထျန်းယွမ်စမ်းသပ်ပွဲကို သုံးရက်တိတိ ဖွင့်ထားပေးမယ်။ ပြန်မပိတ်ခင် ကြားထဲမှာ ကြိုက်တဲ့အချိန် ဝင်လို့ရတယ်။ ဒါပေမယ့်.. လူတစ်ယောက်ကို အခွင့်ရေး တစ်ကြိမ်ပဲ ရမှာနော်။ အခု.... ထျန်းယွမ်စမ်းသပ်ပွဲ စပါပြီ "

သူ့စကား ဆုံးသည်နှင့် လူအုပ်ကြီး လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။

" ထျန်းယွမ်စမ်းသပ်ပွဲရေ.. ငါ လာပြီဟေ့ "

" ငါ့ကို သေချာသာ စောင့်ကြည့်ထား "

" ဒီစမ်းသပ်ပွဲကို အောင်မှဖြစ်မယ် "

အားလုံးလည်း စိတ်လှုပ်ရှားနေကြပါ၏။

ချက်ချင်းမှာပင်... ထောင်ပေါင်းများစွာသော လူများ ထျန်းယွမ်စမ်းသပ်ပွဲ ဝင်ပေါက်ဆီိသို့

တစ်ပြိုင်နက်တည်း ပြေးဝင်သွားကြသည်။

သို့သော် လောလောဆယ် အပြင်တွင်သာနေပြီး အ​ခြေအနေကို စောင့်ကြည့်ရန် ရွေးချယ်လိုက်ကြသူများလည်း များစွာပင် ရှိပါသည်။

သူတို့တွင် အချိန်သုံးရက်သာ ရှိပေရာ.. ရှေ့လူများအား လမ်းပြများအဖြစ် သဘောထားပြီး သတင်းအချက်အလက် စုဆောင်းသင့်သည် မဟုတ်ပါလား ။

ထို့နောက်တွင်မူ.. အားလုံး၏ အကြည့်က ဝင်ပေါက်ပေါ်မှ အလင်းတန်းလိုက်ကာဆီသို့ ရောက်သွားကြသည်။

အလင်းတန်းလိုက်ကာပေါ်တွင်ကား စမ်းသပ်ပွဲထဲသို့ ဝင်သွားသူများ၏ အမည်နှင့် မည်သူက အဆင့်ဘယ်လောက် ကျော်ဖြတ်ပြီးပြီကို ပြနေပါ၏။

သို့သော်... တခဏအကြာမှာပင်... အထဲဝင်သွားသူများထဲမှ တစ်ဝက်လောက်က တည်နေရာရွှေ့ပြောင်းပြီး အပြင်သို့ ပြန်ရောက်လာကြ

တော့သည်။ သူတို့ အားလုံးနီးပါးမှာလည်း ဒဏ်ရာများ ဆိုးရွားစွာ ရထားကြပါ၏။

အလင်းတန်းလိုက်ကာပေါ်မှ ရာပေါင်းများစွာသော လူများ၏ အမည်များလည်း ခဲရောင်ပြောင်းသွားကြတော့သည်။

၎င်းမှာ.. ထိုသူများက သေသွားပြီဆိုသည့် အဓိပ္ပါယ်ပင်ဖြစ်ကြောင်း အားလုံး နားလည်လိုက်ကြသည်။

ဝင်သွားသည့် လူများစွာထဲမှ လူလေး ဆယ်ဂဏန်းစာမျှသာ ဒုတိယအဆင့်သို့ တက်သွားနိုင်ကြပါ၏။

" ဟင်.... ကျရှုံးတဲ့ ပမာဏက ကြောက်စရာကောင်းလိုက်တာကွာ "

အချို့လူများမှာ ထိုမြင်ကွင်းကိုကြည့်ပြီး ကျောရိုးထဲမှပင် ချမ်းစိမ့်သွားသလို ခံစားလိုက်ကြရသည်။

" ဟမ့်... ပြီးခဲ့တဲ့ နှစ်တွေထဲမှာ စမ်းသပ်ပွဲကို အောင်မြင်ခဲ့တဲ့သူက ဘာလို့နည်းနည်းလေးပဲ ရှိတယ် ထင်တာလဲကွ "

တစ်ယောက်က အသံသြသြဖြင့် ပြန်ပြော၏။

သခင်ကြီးထျန်းလုံကလည်း ၎င်းကိုကြည့်ကာ သက်ပြင်းချလိုက်သည်။

" အားလုံး.. ပြီးခဲ့တဲ့ နှစ်တွေမှာ ဒီထျန်းယွမ်စမ်းသပ်ပွဲကို အပြင်လူတွေ ပေးမဝင်ခဲ့တာက ကျုပ်တို့ထျန်းယွမ်ကျောင်းတော်ကပဲ အပိုင်စီးထားချင်လို့မဟုတ်ဘူး ။ တကယ့်အကြောင်းရင်းက ဒီစမ်းသပ်ပွဲက အန္တရာယ်များလွန်းလို့ပဲ။ ဒါ့ကြောင့်မို့ ကိုယ့်အစွမ်းနဲ့ ပါရမီကို ယုံကြည်မှုမရှိရင် အထဲကို လုံးဝမဝင်သင့်ဘူး "

All Chapters