← Chapters

လူကောင်း ၊ သခင်ကြီးယွမ်

Vol. 51 Ch. 708

လူကောင်း ၊ သခင်ကြီးယွမ်

Vol. 51 Ch. 708

အားလုံး မှင်သက်ကုန်ကြ၏။

အိုးကြီးက အထဲမှ တွန်းဖွင့်ခံလိုက်ရသတဲ့လား ။

အိုးကြီးထဲတွင် ယဇ်ပူဇော်နေသည် မဟုတ်ဘူးလား..

လောထျန်းမှာလည်း စိတ်ဝိဥာဥ်မျိုးစေ့အဖြစ် ပြောင်းသွားတော့မည် မဟုတ်ဘူးလား ..

ယခု စိတ်ဝိဥာဥ်မျိုးစေ့က သူ့အလိုလို ​အပြင်ထွက်လာနိုင်ပါသလား..

ထိုစဥ်မှာပင် အိုးကြီးထဲမှ လူတစ်ယောက် ပျံထွက်လာသည်။

ထိုသူမှာ လောထျန်းပင် ...

" မင်း... ဘယ်လိုဖြစ်ပြီး... "

သခင်ကြီးယွမ် လုံးဝ အံ့သြမှင်သက်သွား

တော့သည်။

လောထျန်းက မည်သို့ ထွက်လာနိုင်ပါသနည်း ။

သူ ယဇ်ပူဇော်ခံရပြီး သေသွားသင့်ပြီ မဟုတ်ဘူးလား ...

သို့သော် လောထျန်းကမူ ဘာထိခိုက်ဒဏ်ရာမျိုးမှ ရထားပုံမပေါ်ဘဲ ယခင်အတိုင်း မပြောင်းမလဲ..

သူ့အသွင်က ပိုပျော်နေဟန်ပင် တူပါသေး၏။

သူ့မျက်နှာလည်း ပန်းရောင်သန်းကာ အရောင်လက်နေသယောင် ။

ထိုသူမှာ ယဇ်ပူဇော်ခြင်း ခံထားရသူတဲ့လား...

တဖက်မှ ပန်းလင်မှာ လောထျန်းအား ဘေးကင်းကင်း ပြန်တွေ့လိုက်ရသဖြင့် အလွန်ဝမ်းသာသွားပြီး မေးသည်။

" သခင်လေးလောထျန်း... အသက်ရှင်နေသေးတယ်ပေါ့ "

လောထျန်း သူမဘက် လှည့်ကြည့်လိုက်သည်။

" ခင်ဗျားလဲ တွေ့နေတာပဲဗျာ "

ပန်းလင် ခေတ္တမျှ အံ့အားသင့်သွားပြီးမှ အေယ်ရယ်လိုက်၏။

" ကောင်းလိုက်တာ... ကျွန်မက သခင်လေး တစ်ခုခုဖြစ်သွားပြီလို့ ထင်နေတာ ။ ဒါနဲ့ ခုနက သခင်လေး ဘာဖြစ်သွားတာလဲ "

လောထျန်းက အေးဆေးပြန်ဖြေသည်။

" ဘာရယ်မဟုတ်ပါဘူးဗျာ ၊ ကျုပ် အထဲမှာ ကျင့်ကြံခြင်း အဆင့်တက်သွားတာ "

" ကျင့်ကြံခြင်း.. အဆင့်တက်သွားတာ ... "

ပန်းလင် အံ့သြမှင်သက်သွားရသည်။

အစောက သူမ စိတ်ပျက်လက်ပျက် ငိုကြွေးနေစဥ်တွင် လောထျန်း​က ကျင့်ကြံခြင်း အဆင့်တက်နေသတဲ့လား ...

လောထျန်း ခေါင်းညိတ်၍ ပြန်ပြော၏။

" ဟုတ််တယ်ဗျ ၊ ကျုပ် တုကျဲ့အဆင့်ကို ရောက်သွားပြီ "

ထို့နောက် သူ ကောင်းကင်ယံသို့ ရုတ်တရက် မော့ကြည့်ကာ ဆက်ပြောသည်။

" ထူးတော့ ထူးဆန်းတယ်ဗျ ။ တကယ်ဆို တုကျဲ့အဆင့်ကိုရောက်ရင် ကောင်းကင်ဘုံပျက်စီးခြင်းနဲ့ ကြုံရမှာ မဟုတ်ဘူးလား ။ ကျုပ် စောနက ကောင်းကင်ဘုံပျက်စီးခြင်းရဲ့ အရောင်အဝါကို အာရုံခံမိလိုက်သလိုတော့ ရှိတယ် ။ ဒါပေမယ့် အဲ့တုန်းက စိတ်စွမ်းအင်တွေကို စုပ်ယူနေတာနဲ့ အပြင်မထွက်လာဖြစ်လိုက်ဘူး ။ ဒါပေမယ့် အခု ထွက်လဲထွက်လာရော ကောင်းကင်ဘုံပျက်စီးခြင်းက မရှိတော့ဘူး ။ ကျုပ် အဆင့်တက်တဲ့အချိန် ကောင်းကင်ဘုံပျက်စီးခြင်း မရှိတာများလား "

သူ ပြောပြီး ပန်းလင်နှင့် နတ်ဆိုးဧကရာဇ်တို့ဘက် လှည့်ကြည့်လိုက်သည်။

" ဘာတွေဖြစ်သွားလဲဆိုတာ ခင်ဗျားတို့ သိလား "

ပန်းလင်က ထူးဆန်းသော အသံဖြင့် ပြန်ပြော၏။

" တကယ်တော့... ကောင်းကင်ဘုံပျက်စီးခြင်း ဖြစ်သွားခဲ့တယ် "

" အင်... ဒါဆို အခု ဘာလို့ပျောက်သွားတာလဲ "

လောထျန်း နားမလည်နိုင် ဖြစ်သွားရသည်။

ပန်းလင်က သခင်ကြီးယွမ်ဘက် လက်ညိုးထိုး၍ ပြော၏။

" သူက သခင်လေးအတွက် ကောင်းကင်ဘုံပျက်စီးခြင်းကို တားပေးခဲ့တာ "

" ဘယ်လို ... "

လောထျန်း လွန်စွာပင် အံ့သြသွားရသည်။

သူ သခင်ကြီးယွမ်အား မယုံနိုင်စွာ ကြည့်လိုက်၏။

ထိုအချိန်တွင် သခင်ကြီးယွမ်မှာ ယခင်ထက် များစွာအခြေအနေဆိုးနေပြီး... ပိန်လှီအိုမင်းကာ လေတိုက်လျှင်ပင် လဲကျသွားတော့မလို ဖြစ်နေလေပြီ ။

ထို့အပြင် သူ့လက်တစ်ဖက်မှာလည်း ပြတ်နေပြီး

ဒဏ်ရာမှ သွေးများပင် ထွက်နေပါသေး၏။

" ခင်ဗျားကြီးက ကျုပ်အတွက် ကောင်းကင်ဘုံပျက်စီးခြင်းကို ကာကွယ်ပေးဖို့ အဲ့အခြေအနေထိတောင် အရောက်ခံခဲ့တာလား ။ ကျုပ် ခင်ဗျားကို နားလည်မှုလွဲသွားတာများလား .... ခင်ဗျားက လူကောင်းတစ်ယောက်ပဲ "

လောထျန်း တဖက်လူကို ကြည့်ရင်း အနည်းငယ်လည်း စိတ်မကောင်းဖြစ်သွားရသည်။

ထိုသူမှာ လူကောင်းတစ်ယောက် ဆိုသည်ထက်ပင် ပိုပါသေး၏။

ကမ္ဘာပေါ်တွင် အကောင်းဆုံးလူဟုပင် ပြောရပေမည် ။

သခင်ကြီးယွမ်မှာကား... လောထျန်း၏စကားကို ကြားပြီး ဒေါသူပုန်ထသွားတော့၏။

အွတ် ...

ထို့နောက်.. သူ သွေးအန်ကာ လဲကျသွားသည်။

ထိုစဥ် ပန်းလင်က မြန်မြန်ဝင်ပြော၏။

" သခင်လေးလောထျန်း ၊ အဲ့လို မဟုတ်ဘူး "

သူမ တလက်စတည်း မည်သို့ဖြစ်ပျက်ခဲ့သည်များကို သေချာပြန်ပြောပြလိုက်သည်။

စကားဆုံးအောင် နားထောင်ပြီးနောက်တွင်မူ လောထျန်း ခေါင်းအသာညိတ်၍ ဆိုသည်။

" အဲ့လိုကိုး ... သူက ကျုပ်ရဲ့ ကောင်းကင်ဘုံပျက်စီးခြင်းကို စိတ်ဝိဥာဥ်မျိုးစေ့ရဲ့ ကောင်းကင်ဘုံပျက်စီးခြင်းလို့ ထင်သွားတာပဲ ။ ဒါ့ကြောင့်မို့.. အဲ့လို မျိုးမစစ်အဘိုးကြီးက ဘယ်လိုလုပ်ပြီး လူကောင်းတစ်ယောက် ဟုတ်မှာလဲလို့ ကျုပ်တွေးနေတာ "

လောထျန်း ပြောပြီး သခင်ကြီးယွမ်ဆီ လျှောက်သွားလိုက်သည်။

သခင်ကြီးယွမ်က ခေါင်းမော့၍ လောထျန်းအား စူးစူးရဲရဲစိုက်ကြည့်ကာ ပြော၏။

" မင်းက တော်တော်ရွံစရာ​ကောင်းတဲ့ ကောင်ပဲ ။ မင်း... ငါ နှစ်တွေအများကြီး ကြိုးစားစုဆောင်းထားရတာတွေကို ခိုးသွားတယ် "

လောထျန်း သူ့အား ငုံ့ကြည့်၍ အေးစက်စက် ပြန်ပြောသည်။

" ခိုးတယ်.. ဟုတ်လား ၊ ကျုပ်ကို ယဇ်ပူဇော်ပါလို့ ခင်ဗျားကြီးကို တောင်းဆိုခဲ့ဖူးလို့လား ။ ခင်ဗျားကသာ သိုင်းလောက ကျင့်ဝတ်တွေကို ဘာမှဂရုမစိုက်ဘဲ ကျုပ်ကို အလစ်တိုက်ခိုက်ပြီးတော့ ရှုပ်ထွေးတဲ့ စွမ်းအင်တွေအများကြီးနဲ့ ပေါင်းထည့်ထားခဲ့တာလေ ။ အခု ကျုပ်အပြစ် ဖြစ်သွားရတာလား "

သခင်ကြီးယွမ် မျက်နှာကြီး ရှုံ့မဲ့သွားသည်။

" ငါလုပ်ခဲ့တာတွေ အားလုံးက ထျန်းယွမ်ကမ္ဘာ အတွက်ပဲ ။ မင်းက ဘာလို့ ငါ့ကို တားဖို့ကြိုးစားခဲ့တာလဲကွ "

ကြားလိုက်ရသည့် စကားကြောင့် လောထျန်း ပိုပို၍ စိတ်မရှည်ဖြစ်လာတော့၏။

သူ နှာခေါင်းနှိုက်ရင်း ပြောလိုက်သည်။

" ကျုပ်က ခင်ဗျား မဟုတ်ပေမယ့်.. ခင်ဗျားကြီး ကြုံနေရတဲ့ စိတ်ပျက်စရာအခြေနေကိုတော့ နားလာ်နိုင်ပါတယ် ။ ဒါ့ကြောင့်မို့လဲ အစောပိုင်းက ခင်ဗျား

ထျန်းယွမ်ကမ္ဘာကို ကယ်တင်ဖို့အတွက် သက်ရှိတွေအားလုံးနီးပါးကို စတေးပြီး စိတ်ဝိဥာဥ်ပေါင်းစည်းမယ်လို့ ပြောခဲ့တုန်းက ခင်ဗျားလုပ်ရပ် မှန်လား ၊ မှားလားဆိုတာကို ကျုပ် မပြောနိုင်ခဲ့တာ "

" ဒါပေမယ့် ဘယ်လိုဖြစ်ဖြစ်ပါ.. ဒီနေ့တော့ ခင်ဗျားကြီးကို သတ်ရလိမ့်မယ် ။ ဘာလို့လဲဆိုတော့... ခင်ဗျားကြီးက ကျုပ်ကို စတေးပြီးယဇ်ပူဇော်ဖို့ တကယ်လုပ်ခဲ့လို့ပဲ "

" ဒီနေ့ ကျုပ်က တရားမျှတမှုတွေ ဘာတွေအတွက် တိုက်ခိုက်မှာ မဟုတ်ဘူး ။ ခင်ဗျားနဲ့ကျုပ်ကြားက ရန်ငြိုးအတွက်နဲ့ တိုက်ခိုက်မှာ ။ ခင်ဗျားက ကျုပ်ကို ယဇ်ပူဇော်ချင်ခဲ့တာဆိုတော့.. ကျုပ်ဘက်ကလဲ ခင်ဗျားကို ပြန်သတ်ရလိမ့်မယ် "

" အဘိုးကြီး ၊ လာတိုက်ခိုက်တော့ "

လောထျန်း သခင်ကြီးယွမ်အ လက်ညိုးထိုး၍ ပြောလိုက်သည်။

သခင်ကြီးယွမ်မှာ လောထျန်းကိုကြည့်ရင်း

မျက်နှာကြီး ရှုံ့မဲ့သွား၏။

" မင်း... အရှက်မရှိတဲ့ကောင် ... မင်းက လူတစ်ယောက်ရဲ့ ကံဆိုးတာကို တကယ်ကြီး အခွင့်ကောင်းယူနေတာပဲ ။ မင်းကို မေးပါဦးမယ်... ငါ့ဒဏ်ရာတွေ ပြန်သက်သာဖို့အတွက် မင်း အချိန်ပေးနိုင်မလား "

သခင်ကြီးယွမ် မေးသည်။

" သခင်လေးလောထျန်း ၊ သူ့ကို ဘာအခွင့်ရေးမှ မပေးနဲ့နော် ။ ဒီတိုင်း သတ်ပစ်လိုက် "

ခပ်လှမ်းလှမ်းမှ ပန်းလင်က လှမ်းအော်ပြော၏။

သခင်ကြီးယွမ် မျက်နှာထားပြောင်းသွားကာ လောထျန်းကိုကြည့်၍ ထပ်ပြောသည်။

" ကောင်လေး ၊ ငါက မင်းအတွက် ကောင်းကင်ဘုံပျက်စီးခြင်းကို တားပေးခဲ့တာတောင် မင်းက ငါ့ကို သတ်ချင်နေသေးတယ်ပေါ့ ။ မင်းရဲ့ တာအိုနှလုံးသား မတည်မငြိမ် ဖြစ်သွားမှာ မကြောက်ဘူးလား "

လောထျန်း ခေါင်းယမ်းပြ၏။

" မကြောက်ပါဘူး "

သခင်ကြီးယွမ် တခဏမျှ ဆွံ့အသွားရသည်။

သို့သော် ထိုစဥ် လောထျန်းက စကားဆက်ပါသည်။

" ဒါပေမယ့်... ကျုပ် ခင်ဗျားကြီးကို အခွင့်ရေးတစ်ခုတော့ ပေးလိုက်မယ် ။ ခင်ဗျား ဒဏ်ရာတွေကနေ ပြန်ကောင်းလာတာနဲ့ ကျုပ် ခင်ဗျားကြီးကို လာသတ်မယ် "

" ဘယ်လို ... "

သူ့စကားကြောင့် သခင်ကြီးယွမ် အံ့အားသင့်သွားရပြန်၏။

လောထျန်းက လက်သီးဆုပ်၍ ဆက်ပြောသည်။

" ကျုပ်ရဲ့ ကောင်းကင်ဘုံပျက်စီးခြင်းကို ခုခံနိုင်ခဲ့တာကို ကြည့်ရင်တောင်.. ခင်ဗျားကြီးက ကျုပ်နဲ့ အစွမ်းတူတူလောက်ပဲဆိုတာ သိသာတယ် ။ ကျုပ်က ကောင်းကင်ဘုံပျက်စီးခြင်းကို လုံးဝပြီး အောင်ချင်ခဲ့တာဆိုတော့ ခင်ဗျားကြီးကို ကျုပ်ရဲ့ ကောင်းကင်ဘုံပျက်စီးခြင်းအဖြစ်နဲ့ သုံးရတော့မှာပေါ့ "

သခင်ကြီးယွမ် ဆွံ့အသွားရပြန်၏။

ထိုကောင်လေး၏ အကြောင်းပြချက်က ဒါတဲ့လား...

" ကောင်းပြီလေ ၊ ပြီးမှ နောင်တမရနဲ့နော် "

သူ လောထျန်းအား စူးစူးရဲရဲ ကြည့်လိုက်သည်။

" ဒါပေါ့.. ရစရာလဲ မရှိပါဘူး "

လောထျန်း ခေါင်းညိတ်လိုက်သည်။

သခင်ကြီးယွမ် စိတ်ထဲမှ ကြိတ်ပျော်သွားကာ ဒယိမ်းဒယိုင် ထရပ်လိုက်၏။

" ငါ့မှာ နောက်အစီစဥ် တစ်ခု ရှိထားတာ တော်သေးတာပေါ့ ။ လောလောဆယ် ငါ စိတ်ဝိဥာဥ်ပေါင်းစည်းခြင်း အခြေအနေကို ယာယီပြန်သွားနိုင်သေးတယ် ။ ဒီကောင်လေးကို အနိုင်ယူနိုင်ပြီဆိုတာနဲ့ ယဇ်ပူဇော်ပွဲ ထပ်လုပ်ပြီးတော့ သူ့ကို စိတ်ဝိဥာဥ်မျိုးစေ့အဖြစ် ထပ်ပြီး သန့်စင်လိုက်ရုံပဲ ။ အဲ့ကျရင် အခြေနေတွေလဲ ပြောင်းပြန်ပြန်ဖြစ်သွားမှာ "

သူ တွေးကာ အိုးကြီးဆီသို့ လက်ညိုးညွှန်လိုက်

သည်။

ဝီ...

အိုးကြီးက ချက်ချင်းအရောင်လက်သွားကာ ကောင်းကင်ယံသို့ ပျံတက်လာ၏။

" ဒီအိုးကြီးကို စိတ်ဝိဥာဥ်အစွမ်းတွေရယ် ၊ ကောင်းကင်နဲ့မြေကြီး စည်းမျဥ်းတွေရယ်နဲ့ လုပ်ထားတာဆိုတော့ .. သူ့အစွမ်းက ဟို ထိပ်တန်းအဆင့် စိတ်ဝိဥာဥ်မျိုးစေ့ လေးခုနဲ့ ဘာမှမကွာဘူး ။ သန့်စင်မယ်ကွာ... "

ဝုန်း ...

ချက်ချင်းမှာပင် အိုးကြီး အစိတ်စိတ်အမွှာမွှာ ကွဲသွားကာ ကောင်းကင်နှင့်မြေကြီး စည်းမျဥ်းများ သခင်ကြီးယွမ်၏ ကိုယ်ထဲသို့ စီးဝင်လာကြသည်။

သေခါနီးလို ဖြစ်နေခဲ့သော သူ့ခန္ဓာကိုယ် ပြန်ကောင်းလာပါ၏။

" သခင်လေးလောထျန်း ၊ သူ အောင်မြင်သွားလို့မဖြစ်ဘူးနော် ။ သူ့ကိုသာ အချိန်ထပ်ပေးလိုက်ရင် ပိုအစွမ်းထက်လာမှာ .. "

ဘေးမှ ပန်းလင်က လောထျန်းအား သတိပေးလိုက်သည်။

သခင်ကြီးယွမ်၏ အစွမ်းကို သူမကိုယ်တိုင် မျက်လုံးဖြင့်မြင်ထားခဲ့ရရာ ... သူမ စိုးရိမ်သည်မှာ မလွန်ပါချေ ။

သို့သော် လောထျန်းက ခေါင်းယမ်း၍ ပြန်ပြော၏။

" ပိုအစွမ်းထက်မှာလား... အဲ့ကျရင် ကျုပ်လဲ ပိုအစွမ်းထက်လာရုံပေါ့ "

သူ ထိုသို့ပြောပြီးနောက် ပန်းလင်အား အာရုံမထားတော့ဘဲ မျက်လုံးများမှိတ်၍ သူ့အသိစိတ်ပင်လယ်ထဲ ဝင်လိုက်သည်။

ဝီ..

တစ်ချိန်တည်းမှာပင် သူ့ အသိစိတ်ပင်လယ်ထဲ၌ ကောင်းကင်ဘုံသိုင်းကျမ်း ကိုးအုပ် ပေါ်လာ၏။

လောထျန်း တီးတိုးရေရွတ်သည်။

" ကောင်းကင်ဘုံအသက်ရှူကျင့်စဥ်က ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို တိုးစေမှာ ဆိုပေမယ့်.. ထျန်းယွမ်ကမ္ဘာကိုလဲ အကျိုးသက်ရောက်မှာ သေချာတယ် ။ ဒီတော့ လောလောဆယ် အဲ့ဒါကို ကျင့်ကြံလို့ မဖြစ်သေးဘူး "

သူ ပြောပြောဆိုဆိုပင် ကောင်းကင်ဘုံ ခန္ဓာကိုယ်သန့်စင်ခြင်းကျင့်စဥ်ဆီသို့ အကြည့်လွှဲလိုက်၏။

" ဒီတော့.... ခန္ဓာကိုယ်ကိုပဲ အရင်ကျင့်ကြံမယ်ကွာ "

သူ့စကား ဆုံးချိန်မှာပင် ကောင်းကင်ဘုံ ခန္ဓာကိုယ်သန့်စင်ခြင်းကျင့်စဥ်စာအုပ် ပွင့်သွားကာ လောထျန်း၏ အသိစိတ်ပင်လယ်ထဲသို့ အချက်လက်များစွာ ရောက်လာသည်။

...

ထို့နောက်တွင် လောထျန်း၏ အသိစိတ်က အသိစိတ်ပင်လယ်ထဲမှ ထွက်ကာ သူ့ကိုယ်ထဲ ပြန်

ရောက်လာ၏။

" ကောင်းကင်ဘုံခန္ဓာကိုယ်သန့်စင်နည်း ... စကျင့်ကြံမယ် "

All Chapters