Chapter 1032 Reunion with the Gatekeeper
Vol. 70 Ch. 1032
ထိုအသံမှာ ဒေါသတကြီး အော်ဟစ်နေခြင်း မဟုတ်သော်လည်း လူတိုင်းကို ကြောက်ရွံ့တုန်လှုပ်သွားစေနိုင်သည့် အရှိန်အဝါမျိုး ပါဝင်နေပါ၏။
ရန်လိုသည့် အငွေ့သက်များလည်း ချက်ချင်းဆိုသလိုပင် ပျံ့နှံ့လာသည်။
ထိုအငွေ့သက်ကို အာရုံခံမိသည်နှင့် ရောက်နေသူအားလုံးမှာ နောက်ဆုတ်လ်ုကါကြ၏။
ထိုစဉ် လောထျန်းအနားရှိ မူလဝိညာဉ်ကလေးက လှမ်းပြောပါသည်။
“ကျိုးလေး... လက်မပါနဲ့ဦး!”
သူ့အသံမှာ ကလေးငယ်တစ်ဦးကဲ့သို့ ဖြစ်သော်လည်း လေသံမှာမူ လူကြီးတစ်ယောက်လို တည်ငြိမ်နေသဖြင့် အနည်းငယ် ရယ်ချင်စရာပင် ကောင်းနေသေး၏။
သူပြောလိုက်သည်နှင့် တပြိုင်နက် ထိုရန်လိုမှုများမှာ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
ဝူး!
နောက်တခဏ၌ လေထဲတွင် ကျောက်တံခါးနှစ်ချပ် ပေါ်လာပြီးနောက် ဖြည်းညင်းစွာ ပွင့်ဟလာ၏။
ကျောက်တံခါး၏ အခြားတစ်ဖက်တွင်မူ ဧရာမ ပုံရိပ်ကြီးတစ်ခုက လမ်းကို ပိတ်ရပ်ထားလေသည်။
“ဟင်... ဒါက... အရှုပ်အထွေးတံခါးရဲ့ အစောင့်အကြပ် မဟုတ်လား”
လူတစ်ယောက်က အံ့ဩတကြီး အော်လိုက်မိသည်။
လောထျန်း မော့ကြည့်လိုက်သောအခါ သူ့ရှေ့တွင် ရပ်နေသူမှာ အစောပိုင်းက အရှုပ်အထွေး နတ်ဘုရားမြို့တော်အပြင်ဘက်တွင် တွေ့ခဲ့ရသည့် တံခါးစောင့် ဖြစ်နေသည်ကို တွေ့လိုက်ရ၏။
သို့သော် ယခင်ကနှင့် မတူသည်မှာ လက်ရှိတွင် တံခါးစောင့်၏ အကြည့်များက အနည်းငယ် ဟာလာဟင်းလင်း ဖြစ်နေပြီး သူ့အရောင်အဝါမှာလည်း များစွာ အားနည်းနေခြင်းပင်။
ဘုန်း!
ထိုအချိန်တွင် တံခါးစောင့်၏ ဧရာမ ခန္ဓာကိုယ်ကြီးက ကျောက်တံခါးထဲမှ ထွက်လာသည်။
သူ လူအုပ်အား ဝေ့ကြည့်လိုက်ပြီးနောက် နောက်ဆုံးတွင် လောထျန်းထံ၌ အကြည့်များ ရပ်တန့်သွား၏။
မှေးမှိန်နေသော သူ၏ မျက်လုံးများလည်း ချက်ချင်းပင် တောက်ပလာပြီး အပြုံးဖြင့် ဆိုပါသည်။
“အရှုပ်အထွေး မဟာတာအို... မင်း ရောက်လာပြီပဲ”
သို့သော် ထိုအပြုံးမှာ အတင်းအဓမ္မ ပြုံးနေရသကဲ့သို့ပင်။
“မင်း ဘာဖြစ်သွားတာလဲ”
လောထျန်းသည်လည်း သူ့ရှေ့မှ ဧရာမသတ္တဝါကြီးကို မြင်သောအခါ အနည်းငယ် အံ့အားသင့်သွားသည်။
ယခင်ကနှင့် ယှဉ်လျှင် ထိုကောင်ကြီးမှာ နှစ်ပေါင်း သန်းချီ အိုမင်းသွားသည့်ပုံမျိုး ပေါက်နေပါ၏။
သူ ထိုကောင်ကြီးကို တွေ့ခဲ့ရသည်မှာ သိပ်မကြာသေးပေ။
သို့သော် တံခါးစောင့်က သူ့အမေးကို ပြန်မဖြေပါ။
လောထျန်းက သူ့ဘေးရှိ မူလစိတ်ဝိညာဉ်ကလေးအား လှည့်ကြည့်လိုက်သည်။
မူလစိတ်ဝိညာဉ်ကလေးက အနည်းငယ် တုန်ယင်နေပြီးမှ ပြော၏။
“သူက အရှုပ်အထွေး မသေမျိုးဧကရာဇ်ရဲ့ နောက်လိုက်တစ်ယောက်ဖြစ်သလို ကျုပ်တို့ သဘာဝစိတ်ဝိညာဉ်မျိုးနွယ်စုဝင် တစ်ယောက်လည်း ဖြစ်တယ်။ အရှုပ်အထွေး မသေမျိုးဧကရာဇ်နဲ့ အစွမ်းထက်တဲ့ ရန်သူတွေ တိုက်ခိုက်တုန်းက သူ ဒဏ်ရာအပြင်းထန်ရခဲ့တာ။ အရှုပ်အထွေး မသေမျိုးဧကရာဇ် ထွက်သွားပြီးနောက်မှာတော့ ဒီ အရှုပ်အထွေး နတ်ဘုရားမြို့တော်ကို စောင့်ရှောက်ဖို့ သူ့ကို အမိန့်ပေးထားခဲ့တာပေါ့။”
“တကယ်ဆိုရင် သူက ဖြည်းဖြည်းချင်း ပြန်ကောင်းလာနိုင်ပေမဲ့ ကံဆိုးတာက... နောက်ပိုင်းမှာ နှလုံးသားမရှိတဲ့ လူယုတ်မာတစ်ယောက် ရောက်လာပြီး သူ့ကို ဖျက်ဆီးပစ်ခဲ့တာပဲ။”
မူလဝိညာဉ်ကလေး ပြောနေရင်း အမူအရာများ သိသိသာသာ အေးစက်သွားသည်။
လောထျန်းက စိတ်ဝင်တစား မေးလိုက်၏။
“အသိတရားမရှိတဲ့ လူယုတ်မာ ဟုတ်လား”
မူလဝိညာဉ်ကလေးက ခေါင်းညိတ်ကာ ..
“ဟုတ်ပါတယ်၊ အဲ့ဒီလူကလည်း သူ့ကိုယ်သူ အရှုပ်အထွေး မသေမျိုးဧကရာဇ်လို့ပဲ ခေါ်တယ်။ ဒါပေမဲ့ လူအများစုကတော့ သူ့ကို ‘ဒုတိယမြောက် အရှုပ်အထွေး မသေမျိုးဧကရာဇ်’ လို့ ခေါ်ကြတယ်လေ။”
“ဘာ... ဒုတိယမြောက် အရှုပ်အထွေး မသေမျိုးဧကရာဇ် ရှိသေးတာလား”
လူအုပ်ထဲမှ လူငယ်တစ်ဦးက အံ့ဩတကြီး မေးလိုက်သည်။
သူ့ဘေးရှိ အဘိုးအိုတစ်ဦးက အေးစက်စက် ပြော၏ ။
“ရှိတာပေါ့၊ အရှုပ်အထွေး မသေမျိုးဧကရာဇ် နှစ်ပါးလုံးက ထိပ်တန်း ပုဂ္ဂိုလ်တွေပဲ။ အထူးသဖြင့် ဒုတိယမြောက် အရှုပ်အထွေး မသေမျိုးဧကရာဇ်က သူ့ရဲ့ တစ်သက်တာလုံးကို နတ်ဘုရားတောအုပ်နဲ့ ရှေးဟောင်းနတ်ဘုရားတွေကို တိုက်ခိုက်ရင်း ကုန်ဆုံးခဲ့တာ။ သူသာ မရှိရင် ငါတို့ရဲ့ ဒေသကြီးကိုးခုဟာ လွန်ခဲ့တဲ့ အချိန်ကတည်းက ပျက်စီးသွားလောက်ပြီ။”
“ဩော်... ဒီလိုကိုး!”
လူငယ်က အံ့ဩတကြီး ရေရွတ်လိုက်သည်။
ထိုစကားကို ကြားသောအခါ လောထျန်း မျက်မှောင်ကြုံ့လိုက်မိ၏။
ဒုတိယမြောက် အရှုပ်အထွေး မသေမျိုးဧကရာဇ်က နတ်ဘုရားတောအုပ်ကို တိုက်ခိုက်ခဲ့တယ်တဲ့လား။
နောက်နေပါသလား။
သူ စကားပြောရန် ပြင်လိုက်စဉ်မှာပင် တစ်စုံတစ်ယောက်က ဦးစွာ ကန့်ကွက်လိုက်သည်။
“ဟက်... ဒုတိယမြောက် အရှုပ်အထွေး မသေမျိုးဧကရာဇ်က နတ်ဘုရားတောအုပ်ကို တိုက်ခိုက်ခဲ့တယ်ဟုတ်လား။ ရယ်ချင်စရာပဲ!”
အစောက အဘိုးအိုမှာ ထိုစကားကို ကြားသည်နှင့် အံ့အားသင့်သွားပုံရပြီး ခေါင်းကို ဆတ်ခနဲ လှည့်ကာ မျက်မှောင်ကြုံ့လျက် မေးလိုက်သည်။
“ဘာလဲ... ငါ ပြောတာ မှားသွားလို့လား”
သူ့ဘေးရှိ အဘွားအိုတစ်ဦးကလည်း မျက်မှောင်ကြုံ့ကာ ဆို၏။
“မှန်တယ်လေ၊ ဒုတိယမြောက် အရှုပ်အထွေး မသေမျိုးဧကရာဇ်က နတ်ဘုရားတောအုပ်ကို တိုက်ခိုက်ပြီး လူတွေကို ကယ်တင်ခဲ့တယ်ဆိုတာ အင်အားကြီး မင်းဆက်တွေရဲ့ သမိုင်းမှတ်တမ်းတွေမှာ အတိအလင်း ရေးထားတာပဲ။ ဒါ ဘာပြဿနာရှိလို့လဲ”
ရောက်နေသူ အများအပြားကလည်း ထိုစကားကို ထောက်ခံလိုက်ကြပါသည်။
အစောက ကန့်ကွက်ခဲ့သူက အေးစက်စက် ပြန်ပြော၏။
“ပြဿနာရှိတာပေါ့၊ ရှိမှ အကြီးကြီးပဲ!”
သူ ပြောပြီး ရှေ့သို့ တစ်လှမ်းတိုးကာ စိတ်လှုပ်ရှားစွာ စကားဆက်သည်။
“နတ်ဘုရားတောအုပ်ကို တိုက်ခိုက်ခဲ့တဲ့ အရှုပ်အထွေး မသေမျိုးဧကရာဇ်ဆိုတာ တစ်ယောက်တည်းပဲ ရှိခဲ့တာ။ အဲ့ဒီ ဒုတိယမြောက် အရှုပ်အထွေး မသေမျိုးဧကရာဇ် ဆိုတဲ့လူက ငါတို့ကို နတ်ဘုရားတောအုပ်ဆီ ရောင်းမစားခဲ့တာကိုပဲ ကျေးဇူးတင်ရမှာ”
“မင်း ဘာပြောလိုက်တာလဲ”
လူတိုင်း အံ့ဩတကြီး ဖြစ်ကုန်ကြသည်။
အစောပိုင်းက အဘွားအိုက မကျေမနပ်ဖြင့် ဆို၏။
“မေမိသားစုရဲ့ ရှစ်ယောက်မြောက်သားတော်... သူတော်စင်တစ်ဦးရဲ့ နာမည်ကို မင်း စိတ်တိုင်းကျ စော်ကားလို့မရဘူးနော်!”
“ဟုတ်တယ်၊ ဒုတိယမြောက် အရှုပ်အထွေး မသေမျိုးဧကရာဇ်က ဒေသကြီးကိုးခုအတွက် အများကြီး လုပ်ပေးခဲ့တာ။ မင်း အခုလို ပြောတာ မတရားဘူးလို့ မထင်ဘူးလား”
မေမိသားစု၏ အဋ္ဌမမြောက်သားက နှာခေါင်းရှုံ့ရင်း ဆိုပါသည်။
“သနားစရာကောင်းတာက ခင်ဗျားတို့ရဲ့ ဒုတိယမြောက် အရှုပ်အထွေး မသေမျိုးဧကရာဇ်ဟာ တစ်သက်လုံး အစွမ်းထက်ဖို့ကိုပဲ လုပ်နေခဲ့တာပဲ။ သူက နတ်ဘုရားတောအုပ်နဲ့ အပေးအယူလုပ်ပြီး အဲ့က အရင်းမြစ်တွေနဲ့ လဲဖို့အတွက် သက်ရှိ သန်းပေါင်းများစွာရဲ့အသက်ကိုတောင် ရင်းခဲ့တာ။ ဒါတင်မကသေးဘူး၊ နတ်ဘုရားတောအုပ်ကို ခုခံတိုက်ခိုက်ခဲ့တဲ့ သူရဲကောင်းတွေနဲ့ သူတို့ရဲ့ မျိုးဆက်တွေကိုပါ အကုန်သတ်ဖြတ်ခဲ့တာလေ!”
“နောက်ဆုံးကျမှ သူက ဒေသကြီးကိုးခုကို ကာကွယ်ပေးတဲ့လူဆိုတဲ့ ဂုဏ်သတင်းကို လိမ်ညာပြီးယူခဲ့တာ။ ဒါ တကယ့်ကို ရယ်စရာပဲ!”
“မင်း ဘာတွေ လျှောက်ပြောနေတာလဲ”
လူအချို့က ချက်ချင်း တုံ့ပြန်လိုက်ကြသည်။
လူအများကလည်း သူ့အား မဖော်ရွေသော အကြည့်များဖြင့် ကြည့်နေကြ၏။
ထိုအချိန်တွင် မေမိသားစု၏ အဋ္ဌမမြောက်သားက အေးစက်စက် ဆက်ပြောသည်။
“ငါ အမှန်တရားကို ပြောနေတာ! မင်းတို့ မယုံရင် ငါ မေးမယ်။ မင်းတို့ မြင်ခဲ့ဖူးတဲ့ သမိုင်းမှတ်တမ်းတွေအရ မသေမျိုးဧကရာဇ်တွေ လက်ထက်မှာ သက်ရှိတားမြစ်နယ်မြေတွေကို အောင်နိုင်ခဲ့တာမျိုး မရှိဘူးလား။”
“ဒါပေမဲ့ သမိုင်းမှတ်တမ်းတွေအရ ဒုတိယမြောက် အရှုပ်အထွေး မသေမျိုးဧကရာဇ် လက်ထက်မှာတော့ ဘယ်တားမြစ်နယ်မြေကိုမှ အောင်နိုင်တာမျိုး မရှိခဲ့ဘူး!”
“တကယ်တော့ အဲ့ဒီခေတ်က သက်ရှိတွေအတွက် အန္တရာယ်အရှိဆုံး အချိန်ပဲ! ဝမ်းနည်းစရာ ဖြစ်ရပ်တွေ အများကြီး ဖြစ်ခဲ့တာ!”
“ဘာလဲ... တခြား မသေမျိုးဧကရာဇ်တွေကျ အောင်နိုင်ခဲ့ပြီးတော့ သူက အရှုပ်အထွေး မသေမျိုးဧကရာဇ် ဖြစ်နေပါလျက်နဲ့ မအောင်နိုင်ခဲ့ဘူးလား”
ထိုစကားကို ကြားသောအခါ ဒုတိယမြောက် အရှုပ်အထွေး မသေမျိုးဧကရာဇ်ကို ထောက်ခံခဲ့ကြသူများ ဆွံ့အသွားကြကာ ခေတ္တမျှ စကားမဆိုနိုင် မသိဖြစ်သွားကြ၏။
ထိုစဉ် လူအုပ်ထဲမှ အခြား အဘိုးအိုတစ်ဦးက ရှေ့သို့ တိုးလာပြီး ပြောသည်။
“အားလုံးပဲ... ကျုပ်တို့မျိုးနွယ်စုရဲ့ မှတ်တမ်းတွေအရဆိုရင်တော့ မေမိသားစုရဲ့ အဋ္ဌမမြောက်သား ပြောတာ မှန်နိုင်ပါတယ်။”
“ဟင်... ဒါက... သခင်ကြီး ယွမ်ထိုက်ယီ မဟုတ်လား”
“ယွမ်ထိုက်ယီ ၊ အဟို သက်ရှည်ဂိုဏ်းက သခင်ကြီးလား”
“သက်ရှည်ဂိုဏ်း? အဲ့ဒါ ဘယ်လိုဂိုဏ်းလဲ။ တစ်ခါမှ မကြားဖူးဘူး။”
“မင်းက ဒါတောင် မကြားဖူးဘူးလား။ သက်ရှည်ဂိုဏ်းဆိုတာ မသေမျိုးအဆင့်ကို ရောက်ဖို့ ကျင့်စဉ်တွေကို ကျင့်ကြံတဲ့ဂိုဏ်းလေ။ သူတို့ရဲ့ နည်းစနစ်တွေက သက်တမ်းရှည်ဖို့ကိုပဲ အဓိကထားတဲ့အတွက် တိုက်ခိုက်ရေးမှာတော့ မတော်ကြဘူးကွ”
“ဒီလိုဂိုဏ်းမျိုး တကယ်ရှိတာလား”
“ရှိတာပေါ့! သူတို့က တိုက်ခိုက်ရေးမှာ မတော်ပေမဲ့ အချက်နှစ်ချက်မှာတော့ ထိပ်တန်းပဲ!”
“ဘယ်အချက်တွေလဲ”
“ပထမအချက်က ကျန်းမာရေး ထိန်းသိမ်းမှုပဲ။ ကျင့်ကြံခြင်းအဆင့် တူတဲ့သူချင်း ယှဉ်ရင်တောင်မှ သူတို့ရဲ့ သက်တမ်းက တခြားဂိုဏ်းတွေထက် ၅၀ ရာခိုင်နှုန်းကျော် ပိုရှည်တယ်။”
“ဩော်... ဒါဆိုရင်တော့ သူတို့ဂိုဏ်းနာမည်နဲ့ လိုက်တာပဲ။ ဒုတိယအချက်ကကော”
“ဒုတိယအချက်က သမိုင်းပဲ! သူတို့ဂိုဏ်းက လူတွေက သာမန်ဂိုဏ်းတွေထက် အသက်ပိုရှည်ကြတော့ သမိုင်းဖြစ်ရပ်တွေကို ပိုပြီး မျက်မြင်တွေ့ခဲ့ကြရတာလေ။ ဒါကြောင့် သူတို့ရဲ့ သမိုင်းမှတ်တမ်းတွေက အစစ်အမှန်ဆုံးနဲ့ အမှန်ကန်ဆုံးပဲ!”
“ဒါဆိုရင် သခင်ကြီး ယွမ်ထိုက်ယီကပါ ဒီလို ပြောပြီဆိုမှတော့ မေမိသားစုရဲ့ အဋ္ဌမမြောက်သား လိမ်နေတာ မဟုတ်ဘူးဆိုတာ သေချာသွားပြီ!”
“ဒါ... ဒါက ဒီလိုကိုး!”
ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးမှာ တစ်ဖန် ဆူညံသွားပြန်သည်။
အထူးသဖြင့် ဒုတိယမြောက် အရှုပ်အထွေး မသေမျိုးဧကရာဇ်ဘက်မှ ကာကွယ်ပြောဆိုခဲ့သူများမှာ မျက်နှာများ ဖြူရော်ကုန်ကြ၏။
ထိုစဉ် လောထျန်းဘေးရှိ မူလစိတ်ဝိညာဉ်ကလေးက သက်ပြင်းချလိုက်ရင်း ပြောသည်။
“မှန်တယ်၊ အဲ့ဒီ ဒုတိယမြောက် အရှုပ်အထွေး မသေမျိုးဧကရာဇ်ဆိုတာ တကယ့်ကို ကျေးဇူးကန်းတဲ့ လူယုတ်မာပဲ။”