← Chapters

အခန်း (၈၆၇)

Vol. 62 Ch. 867

အခန်း (၈၆၇)

Vol. 62 Ch. 867

အားလုံး စကားမဆိုနိုင်ဘဲ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

ယခုလိုအရာမျိုးကို မြင်ဖူးသည်မှာ သူတို့အတွက် ပထမဆုံးပါပင် ။

တစ်စုံတစ်ယောက်က ထိုသို့ ကျင့်ကြံခြင်းအဆင့်တက်သည်ကို သူတို့ ကြားပင် မကြားဖူးခဲ့ပါ ။

" ဟင်.. ဘာတွေ ဖြစ်နေတာလဲ ။ ငါ့ကိုယ်ထဲက အစွမ်းတွေ အထိန်းချုပ်မဲ့လာသလိုပဲ "

အကြီးအကဲတစ်ယောက်က အသံတုန်တုန်ဖြင့် ပြောလာသည်။

သူ့စကားကို ကြားမှ ကျန်လူများလည်း အလန့်တကြား ဖြစ်ကုန်ကြ၏။

" ငါ့ရဲ့ အရောင်အဝါတွေလဲ ထွက်နေတယ်.. "

" ဘာတွေ ဖြစ်နေတာလဲ.... "

ထိုစဥ် ထျန်းယွမ်သခင်ကြီးက မျက်မှောင်ကြုံ့၍ ပြောလာသည်။

" အဲ့ဒါ.... လောထျန်းကြောင့်ပဲ ။ သူ့နည်းက ဘေးပတ်ဝန်းကျင်က စိတ်စွမ်းအင်တွေနဲ့ မသေမျိုးစွမ်းအင်တွေကို စုပ်ယူနေတော့ မင်းတို့ကိုယ်ထဲက အစွမ်းတွေကလဲ ဆွဲယူခံနေရတာ "

" ဘယ်လို... "

သူ့စကားကြောင့် အားလုံး မျက်နှာထားများ ပြောင်းသွားကြပြန်သည်။

ထိုစဥ်မှလည်း လောထျန်းက အဘယ့်ကြောင့် အန္တရာယ်ရှိသည်ဟု ပြောခဲ့ရသည်ကို သူတို့ နားလည်သွားပါ၏။

လက်ရှိ မိုင်တစ်ရာကျော် အကွာအဝေးတွင်ပင် သူတို့၏ အရောင်အဝါများက မတည်မငြိမ် ဖြစ်နေလေပြီ ။

သူတို့သာ လောထျန်းနှင့် ခပ်နီးနီးတွင် ရှိနေခဲ့ပါက သူ

တို့ကိုယ်ထဲမှ စွမ်းအင်များအားလုံး တခဏလေးအတွင်း စုပ်ယူခံရနိုင်ပါ၏။

ထိုစဥ်မှာပင်...

ဝီ ...

သူတို့၏ အရောင်အဝါများ စီးထွက်နေသည့်နှုန်းက ပိုတိုးလာသည်ကို အားလုံး ခံစားလိုက်ရသည်။

" မဖြစ်ဘူး.. ဝေးဝေးကို ပြေးကြဟေ့ "

အားလုံး မျက်နှာဆိုးရွားစွာ ပျက်သွားတော့၏။

ဝှစ်...

သူတို့အားလုံး အော်ဟစ်ကာ ခပ်ဝေးဝေးသို့ ပြေးလိုက်ကြသည်။

" ငါ့ရဲ့ စိတ်စွမ်းအင်တွေ မြန်မြန်ကြီး စုပ်ယူခံနေရတယ် ။ ကယ်ပါဦးကွာ "

" ကံကောင်းပါစေကွာ... "

အားလုံး အသက်ဘေးမှ လွတ်ရန်အတွက် အသည်းအသန် ပြေးသွားလိုက်ကြပြီးနောက်.... မိုင်ထောင်ချီ အကွာအဝေးအထိ ရောက်မှသာ သူတို့ကိုယ်မှ စိတ်စွမ်းအင်များ စီးထွက်မှုက ပမာဏနည်းလာခဲ့ကြောင်း သိလိုက်ရသည်။

ထိုစဥ်မှသာလည်း သူတို့ နောက်လှည့်ကြည့်ရဲပါတော့သည်။

ထို့နောက်တွင် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူတို့ မှင်သက်သွားကြပါ၏။

တဖက် မိုင်ထောင်ချီ အကွာအဝေးတွင်ကား... ကောင်းကင်ယံမှ မြေကြီးထိ ကျနေသော လေဆင်နှာမောင်းကြီးတစ်ခု ရှိနေပါသည်။

ထို လေဆင်နှာမောင်းထဲတွင် စိတ်စွမ်းအင် ၊ မသေမျိုးစွမ်းအင် သာမက ကောင်းကင်နှင့်မြေကြီး စည်းမျဥ်းများ နှင့် တာအိုထွင်းစာများပါ ရောယှက်ပါဝင်နေပြီး အားလုံးပေါင်းစည်း၍ တစ်နေရာတည်းသို့ တိုးဝင်နေသည်ကို အားလုံး မြင်နေရပါသည်။

ဂလု ...

သခင်ကြီးလုံ တံတွေးကို ခက်ခက်ခဲခဲမြိုချလိုက်ပြီးနောက် အသံတုန်တုန်ဖြင့် ပြော၏။

" ဒါ.. တကယ်ကြီး ကျင့်ကြံခြင်းအဆင့်တက်တာလား ..။ အဲ့ လေဆင်နှာမောင်းကြီးက ပုံမှန်နဲ့ လုံးဝမတူဘူး "

အားလုံး ခေါင်းညိတ်လိုက်ကြသည်။

ထိုစဥ်မှာပင်..

ဝီ ....

ကောင်းကင်ယံ၌ နေတစ်စင်းလို တောက်ပသော မသေမျိုးအလင်းတန်းတစ်ခု ရုတ်တရက် ပေါ်လာ၏။

" ဟင်... အဲ့ဒါ.. ချင်းယွမ်တာအိုယွမ် ပဲ "

လူတစ်ယောက်က မျက်လုံးအပြူးသားဖြင့် တုန်လှုပ်စွာ အော်ပြောသည်။

" ချင်း.. ချင်းယွမ်တာအိုယွမ် ဟုတ်လား.. ။ ချင်းယွမ်ဒေသရဲ့ထိပ်ဆုံး အခွင့်ကောင်းကြီးဖြစ်တဲ့ ချင်းယွမ်တာအိုယွမ် က တကယ်ကြီး ပေါ်လာခဲ့တာလား "

သခင်ကြီးလုံ မျက်လုံးပြူးသွားသည်။

အနီးနားမှ တစ်ယောက်က နားမလည်နိုင်ဟန်ဖြင့် ဝင်မေး၏။

"ချင်းယွမ်တာအိုယွမ် ဆိုတာ ဘာလဲဗျ "

ထျန်းယွမ်သခင်ကြီးက ထိုလူကိုကြည့်ကာ ရှင်းပြ၏။

" အောက်ကမ္ဘာတွေမှာ ကမ္ဘာသစ်သီးလို့ ခေါ်တဲ့အရာကို မင်း ကြားဖူးလား "

အဘိုးအို ခေတ္တမျှ အံ့သြသွားဟန် တူပြီးမှ ခေါင်းညိတ်လိုက်သည်။

" ကြားဖူးတာပေါ့ဗျ ။ တစ်ခါတလေ အောက်ကမ္ဘာကနေ တက်လာတဲ့သူတွေက လက်ဆောင်ပစ္စည်းတွေ ယူလာတတ်ကြတယ်လေ။ အဲ့ကမ္ဘာသစ်သီးဆိုတာက အောက်ကမ္ဘာက ဆိုပေမယ့် ထိပ်တန်းအဆင့် ရတနာတစ်ခုအဖြစ် သတ်မှတ်လို့ရတယ် "

ထျန်းယွမ်သခင်ကြီး အသက်ပြင်းပြင်း ရှိုက်လိုက်ပြီးမှ ဆက်ပြော၏။

" အခု ချင်းယွမ်တာအိုယွမ် ဆိုတာကလဲ အဲ့ တာအိုကမ္ဘာသစ်သီးနဲ့ သဘောတရားချင်း အတူတူပဲ ။ အဲ့နှစ်ခုလုံးက ကမ္ဘာကြီးရဲ့ ကံတရားကနေ စုစည်းဖြစ်တည်လာတာကွ ။ အရင်ကတော့ ငါတို့အပေါ်ကမ္ဘာမှာ တာအိုယွမ် အမျိုးအစား ဆယ့်သုံးခုရှိခဲ့တယ် ။ တကယ်တော့ အဲ့ ချင်းယွမ်တာအိုယွမ် ကြောင့်မို့လဲ ဒီဒေသကို ချင်းယွမ်ဒေသဆိုပြီး နာမည်ပေးခဲ့တာ "

တဖက်လူ အံ့အားသင့်သွားပါသည်။

" ဒါဆို.... ပြီးခဲ့တဲ့နှစ်တွေမှာ ကျုပ် အဲ့ဒါကို ဘာလို့တစ်ခါမှ မမြင်ခဲ့ရတာလဲ "

ထျန်းယွမ်သခင်ကြီးက မျက်မှောင်ကြုံ့ရင်း ပြန်ပြော၏။

" မင်းမပြောနဲ့ ၊ ငါ့ဘဝ တလျှောက်လုံးမှာတောင် အဲ့ ချင်းယွမ်တာအိုယွမ်ကို ခုတစ်ကြိမ်နဲ့ပေါင်းမှ.. အားလုံး သုံးကြိမ်ပဲ မြင်ဖူးခဲ့တာ "

" ဘယ်လို.. သခင်ကြီးတောင်မှ အဲ့လိုလား "

အားလုံး တုန်လှုပ်သွားကြပြန်သည်။

သခင်ကြီးဟောင် မေးလာ၏။

" ဘိုးဘေး ၊ ပထမနှစ်ကြိမ် တွေ့ခဲ့တဲ့သူတွေက ဘယ်သူတွေလဲဗျ "

ထျန်းယွမ်သခင်ကြီး ခေတ္တမျှ အတွေးနက်နေဟန်တူပြီးမှ အသက်ပြင်းပြင်းရှိုက်၍ ပြောသည်။

" ပထမတစ်ယောက်ကတော့ မသေမျိုးဧကရာဇ် ဝူရှန့် ပဲ ။ နောက်တစ်ယောက်ကတော့ မသေမျိုးဧကရာဇ် ဝမ့်လျန် "

ထိုနာမည်နှစ်ခုကြောင့် အားလုံး အံ့သြတုန်လှုပ်သွားကြပြန်ပါသည်။

ထိုနှစ်ယောက်လုံးမှာ ဒဏ္ဍာရီကျော် လူများပါပင် ။

တစ်ယောက်က တီးတိုးရေရွတ်၏။

" ချင်းယွမ်တာအိုယွမ် ဆိုတာ ချင်းယွမ်ဒေသရဲ့ မူလဇစ်မြစ်နဲ့ ဆက်နွယ်နေပြီးတော့ ပါရမီရှင်အစစ်တွေကိုပဲ အသိအမှတ်ပြုတဲ့ အရာတစ်ခုပဲ ။ ဒါဆိုရင်... လောထျန်းက မသေမျိုးဧကရာဇ် ဖြစ်လာနိုင်ချေရှိ

တယ်ဆိုတဲ့ သဘောပေါ့ "

သူ့စကားကို ကြားပြီးနောက် အားလုံး လောထျန်းအား ထပ်ကြည့်လိုက်ကြသည်။

တစ်ချိန်တည်းမှာပင်... ချင်းယွမ်ဒေသ ၊ အရှုပ်အထွေးနတ်ဘုရားနိုင်ငံ ၊ တော်ဝင်နန်းတော်၌...

ဝုန်း ...

ကြောက်မက်ဖွယ် လှိုင်းလုံးကြီးတစ်ခု ကောင်းကင်ယံသို့ ထိုးတက်လာသည်။

တော်ဝင်မြို့တော် တစ်ခုလုံးကိုလည်း မသေမျိုးဘုရင် ဖိအားက တမဟုတ်ချင်း လွှမ်းခြုံလာ၏။

နန်းတော်ရှေ့တွင်ကား အရှုပ်အထွေးနတ်ဘုရားနိုင်ငံ၏ မင်းသား၊ လျန်ချန်းက အရောင်လက်နေသော မျက်လုံးများဖြင့် ရပ်နေကာ အရောင်အဝါထွက်လာသည့် နန်းတော်အတွင်းပိုင်းဘက်သို့ ချက်ချင်းဝင်သွားသည်။

သူ့ရှေ့တွင်လည်း ထောင်ပေါင်းများစွာသော လူများ ဒူးထောက်လျက် ရှိနေကြပါသည်။

လျန်ချန်းမှာ ထိုမြင်ကွင်းကို ထူးဆန်းသည်ဟု မထင်ဘဲ သူပါ ချက်ချင်းဒူးထောက်၍ ပြော၏။

" မသေမျိုးဘုရင် အဆင့်ကို တက်သွားတဲ့အတွက် ဂုဏ်ယူပါတယ် သခင်ကြီး ထျန်းရှန့်ကျီ "

" မသေမျိုးဘုရင်အဆင့်ကို ရောက်သွားနိုင်တဲ့အတွက် ဂုဏ်ယူပါတယ် သခင်ကြီး "

အနားမှ ထောင်ပေါင်းများစွာသော လူများကလည်း သံပြိုင် အော်ဟစ်လိုက်ကြသည်။

ဝုန်း...

ထိုစဥ်တွင် ရှေ့မှ တံခါးချပ် ပွင့်သွားကာ ခေါင်းထက်တွင် ရွှေသရဖူတစ်ခု ဆောင်းထားသော သူတို့၏ နတ်ဘုရားသားတော်က ဂုဏ်ယူနေသည့် မျက်နှာထားဖြင့် တစ်လှမ်းချင်းလျှောက်လာ၏။

သူ့ဘေးတွင်လည်း အလွန်တရာ ချောမောလှပသည့်

အမျိုးသမီးနှစ်ယောက် ပါလာသည်။

လျန်ချန်းက တံတွေးမြိုချကာ အပြုံးဖြင့် ဆို၏။

"သခင်ကြီးက အရှုပ်အထွေးခန္ဓာကိုယ် ရှိထားတဲ့အပြင်... အခု မသေမျိုးဘုရင် အဆင့်ကိုပါ ရောက်သွားပြီဆိုတော့ အစွမ်းက နောက်တစ်ဆင့်ကို ရောက်သွားပြီဗျ ။ ခုလောက်ဆို ဆယ်ဘွဲ့ရ မသေမျိုးဘုရင်တွေတောင် သခင်ကြီးရဲ့လမ်းမှာ ဝင်ရပ်ရဲတော့မှာ မဟုတ်ဘူး "

ထျန်းရှန့်ကျီက သူ့အား တစ်ချက်ကြည့်ကာ အေးစက်စက် နှာခေါင်းရှုံ့သည်။

" မင်းက ငါ့ကို ဆယ်ဘွဲ့ရမသေမျိုးဘုရင် အဆင့်လောက်ပဲရှိတယ်လို့ ပြောချင်တာလား "

စကားဆုံးချိန်မှာပင် ဖိနှိပ်အစွမ်းတစ်ခုက လျန်ချန်းအား ရုတ်တရက် လွှမ်းခြုံလာသည်။

ဝုန်း ...

လျန်ချန်းတစ်ယောက် မြေပြင်သို့ ချက်ချင်းလဲကျသွားကာ သူ့နှာခေါင်းနှင့် ပါးစပ်တို့မှ သွေးများ ထွက်ကျလာ၏။

" သခင်ကြီး.. ကျေးဇူးပြုပြီးတော့ ကျုပ်အသက်ကို ချမ်းသာပေးပါဗျာ.. "

သူ အသံတုန်တုန်ဖြင့် ပြောလိုက်သည်။

လျန်ချန်းတစ်ယောက် ဒဏ်ရာပြင်းထန်စွာ ရသွားသည်ကိုမြင်မှ ထျန်းရှန့်ကျီ အေးစက်စက် နှာခေါင်းရှုံ့၍ ဖိအားကို ပြန်ရုတ်သိမ်းလိုက်၏။

" မင်းက အရှုပ်အထွေးနတ်ဘုရားနိုင်ငံကို သစ္စာရှိခဲ့တာကို ထောက်တဲ့အနေနဲ့ ဒီတစ်ကြိမ်တော့ မင်းကို ချမ်းသာပေးလိုက်မယ် "

ထျန်းရှန့်ကျီ ပြောသည်။

" ဟုတ်ကဲ့ပါ ... "

လျန်ချန်းမှာ အသက်ဘေးမှ လွတ်သွားသဖြင့် စိတ်သက်သာရာရပြီး ခက်ခက်ခဲခဲ ထရပ်လိုက်၏။

ထိုစဥ် နတ်ဘုရားသားတော်က ရုတ်တရက် ပြောလာသည်။

" ငါ့ရဲ့ ကျင့်ကြံခြင်းက ပြီးပြည့်စုံသွားပြီဆိုတော့ အခုက ငါ့ရဲ့ နတ်ဘုရားခန္ဓာကိုယ်ကို နောက်တစ်ဆင့်

တက်အောင် လုပ်ရမယ့်အချိန်ပဲ ။ ဒေသကြီးကိုးခုလုံးကို အရှုပ်အထွေး နတ်ဘုရားမြို့တော်က နောက်လမှာ ဖွင့်မယ်ဆိုတဲ့အကြောင်း ကြေငြာလိုက်ပါ ။ ငါက အဲ့ကျရင် ဒေသကြီးကိုးခုလုံးကို ပြန်စုစည်းမယ်လို့ပါ ပြောလိုက် "

" ဟုတ်ကဲ့ "

လျန်ချန်း ခေါင်းငုံ့၍ ပြန်ပြောရှာ၏။

ထိုစဥ်မှာပင်..

ဝီ ..

မြည်သံတစ်ခု ရုတ်တရက် ထွက်လာသည်။

" ဟင်... "

ထိုအသံကြောင့် နတ်ဘုရားသားတော် အံ့အားသင့်သွားကာ ခေါင်းမော့ကြည့်လိုက်၏။

" ဒါ.. ချင်းယွမ်တာအိုယွမ် မဟုတ်လား "

သူ့မျက်လုံးများ အရောင်လက်သွားသည်။

" ဟား ဟား.. အဘိုးကြီးဟွမ် ပြောခဲ့တာတော့ ငါ့ဘက်က အနည်းဆုံး အရှုပ်အထွေးနတ်ဘုရားနိုင်ငံ အစီစဥ်ကို ပြီးဆုံးသွားအောင် လုပ်နိုင်မှပဲ ချင်းယွမ်တာအိုယွမ်ကို ဆွဲဆောင်နိုင်မယ့် အခွင့်အရေး အပုံတစ်ထောင်ပုံ ၊ တစ်ပုံလောက် ရနိုင်မှာတဲ့ ။ အခုတော့ မသေမျိုးဘုရင်အဆင့်ကို ရောက်သွားရုံနဲ့ ရသွားတာပါလားကွ ။ ကြည့်ရတာ ချင်းယွမ်တာအိုယွမ်ကတောင် ငါ့ရဲ့ ပါရမီကို မခုခံနိုင်ဘူးနဲ့တူပါတယ် "

သူ ပြောပြောဆိုဆိုပင် လေထဲပျံတက်၍ ကောင်းကင်ယံအထက်မှ ချင်းယွမ်တာအိုယွမ် အပိုင်းအစလေးကို ကြည့်ကာ ပြောလိုက်သည်။

" ချင်းယွမ်တာအိုယွမ် .. လာခဲ့တော့ ။ မင်းရဲ့ သခင်ကြီးက ဒီမှာ "

လျန်ချန်းမှာလည်း ကောင်းကင်ယံသို့ မော့ကြည့်ရင်း အံ့သြတုန်လှုပ်နေပါ၏။

" ချင်းယွမ်တာအိုယွမ်တောင် ထွက်လာခဲ့တာလား..

။ ကြည့်ရတာ ဒီခေတ်ထဲမှာ မသေမျိုးဧကရာဇ်တစ်ယောက် ပေါ်လာမယ်ဆိုတဲ့ စကားက အမှန်ပဲနဲ့တူတယ် ။ နတ်ဘုရားသားတော်က ဒုတိယမြောက် အရှုပ်အထွေး မသေမျိုးဧကရာဇ် ဖြစ်လာတော့မယ့်ပုံပဲ "

သူ တွေးလိုက်သည်။

သို့သော် ထိုစဥ်တွင်..

ဝှစ်...

ကောင်းကင်ယံထက်မှ အပြာရောင် တိမ်တိုက်များ၏ အရောင်အဝါက ရုတ်ချည်း ပျောက်ကွယ်သွားပါ၏။

ပျောက်သွားသည်မှာလည်း လေဆင်နှာမောင်းတစ်ခုက ဆွဲယူခံလိုက်ရသလို အလွန်မြန်ကာ အစအနမကျန် ပျောက်သွားခြင်းဖြစ်သည်။

" ဟင်... "

၎င်းကိုမြင်သော အားလုံး အံ့အားသင့်သွားကြရ

ပြန်၏။

နတ်ဘုရားသားတော်မှာလည်း သူတို့နည်းတူပင်..

သို့သော် တခဏအကြာတွင်မူ သူ စိတ်ပြန်အေးသွားဟန် တူပါသည်။

" အင်း.. သခင်ကြီးဟွမ် ပြောခဲ့သလိုပဲ.. အချိိန်မကျသေးလို့ ဖြစ်မှာပါ ။ ချင်းယွမ်တာအိုယွမ်က ငါ့ကို ကြည့်ချင်လို့ ခဏလောက်ထွက်လာတာပဲ ဖြစ်ရမယ် ။ အခု အရှုပ်အထွေးနတ်ဘုရားမြို့တော် မဖွင့်ခင်မှာတောင် ချင်းယွမ်တာအိုယွမ်ကို ထွက်လာအောင် လုပ်နိုင်ခဲ့တာဆိုတော့... အရှုပ်အထွေးနတ်ဘုရားမြို့တော် ဖွင့်ပြီးသွားရင် ငါ မဟာတာအိုပညာရှင်တစ်ယောက် ဖြစ်လာမှာ သေချာပေါက်ပဲ "

နတ်ဘုရားသားတော်က ဂုဏ်ယူစွာ ပြောလိုက်သည်။

All Chapters