← Chapters

ကောင်းကင်ဘုံပျက်စီးခြင်း အပေါ်သုံးခု၏ အစွမ်း

Vol. 38 Ch. 520

ကောင်းကင်ဘုံပျက်စီးခြင်း အပေါ်သုံးခု၏ အစွမ်း

Vol. 38 Ch. 520

ချင်းရှောင်ရှန်က စိတ်ပျက်လက်ပျက် ဖြစ်နေပုံဖြင့် စကားဆက်၏။

" ဂိုဏ်းထဲက ရတနာတိုက်ကနေ ရတနာတွေ ရှာတာရယ် ၊ အဆောက်အဦး ဖျက်တာရယ် ၊ အခြေခံအုတ်မြစ်တွေ ဖျက်တာရယ် ကနေ ပစ္စည်းတွေ သယ်တာရွှေ့တာအဆုံး ဘယ်လောက်ကြာတယ် ထင်လဲအဖေ... ။ ဆယ့်သုံးစက္ကန့်လောက်ပဲ ကြာတယ်ဗျ "

" ကျုပ်တို့မှာတော့ အလုပ်ကို ဘယ်လိုခွဲဝေကြမလဲ တိုင်ပင်နေတုန်းပဲ ရှိသေးတယ် ။ လှည့်လဲ ကြည့်လိုက်ရော.. အဆောက်အဦးက မရှိတော့ဘူး ။ ကျုပ်တို့မှာ ဒီကျောက်ချပ်တွေနဲ့ အုတ်ခဲလေးတွေ ရဖို့တောင် ချက်ချင်းအသည်းအသန် ပြေးသွားခဲ့ရတာ ။ နည်းနည်းလေးသာ နောက်ကျခဲ့ရင် ဒါတွေတောင် ရမှာမဟုတ်ဘူး "

ချင်းရှောင်ရှန်မှာ ပြောနေရင်း ပိုပို၍ ဝမ်းနည်းလာသလိုပါပင် ။

သူသည် ပါရမီရှင်တစ်ယောက် ဖြစ်ပြီး ပြီးခဲ့သည့် နှစ်များအတွင်း ယခုကဲ့သို့ ခံစားချက်မျိုး တစ်ကြိမ်မှ မခံစားခဲ့ဖူးပါ။

ယခုတွင်ကား.. သူ တိုက်ပွဲတွင် တစ်ယောက်ကိုမှ အနိုင်မယူနိုင်ခဲ့ရုံမက.. မည်သည့်ပစ္စည်းမှလည်း အရမယူနိုင်ခဲ့ပေ။

ချင်းဝူချုံက သူ့သားစကားကို နားထောင်နေရင်း ရှက်နေဟန်ဖြင့် ချောင်းအနည်းငယ်ဟန့်၏။

" ထားလိုက်ပါကွာ... မရဘူးဆိုတော့လဲ မရဘူးပေါ့ "

သူ ထိုသို့သာ ပြောလိုက်ရသော်လည်း စိတ်ထဲတွင်ကား တိတ်တဆိတ်ကြိတ်ပြီး ဆုံးဖြတ်ချက် ချလိုက်ပါသည်။

သူ ဂိုဏ်းသို့ ပြန်ရောက်ပါက.. အကြီးအကဲများကို ခေါ်ပြီး အဆောက်အဦးများ ဖျက်ဆီးခြင်းနှင့် ရတနာများ လုယူခြင်းကို ဂိုဏ်း၏ အရေးကြီးလိုအပ်ချက်တစ်ခုအဖြစ် စီစဥ်ရပေမည် ။

ကိစ္စများအားလုံး ပြီးနောက်တွင်မူ အားလုံးက တည်နေရာရွေ့ပြောင်းခြင်း အစီအမံကိုသုံးပြီး ယောင်ချီသို့ ပြန်သွားကြ၏။

ယောင်ချီနန်းတော်အတွင်း၌..

ယောင်ချီ နတ်ဘုရားသခင်မကြီး ၊ လောထျန်း ၊ ချင်းဝူချုံ၏ ခန္ဓာကိုယ်အစစ်နှင့် တာအိုသခင်ကြီး ထျန်းလုံတို့၏ ခန္ဓာကိုယ်အစစ်တို့ စုဝေးလျက် ရှိနေကြသည်။

သခင်ကြီးထျန်းလုံက လောထျန်းဘက်လှည့်ကြည့်ကာ ပြော၏။

" သခင်လေးလောထျန်း ၊ အဖြေကို သိပြီးသားဆိုပေမယ့် ကျုပ် မေးပါရစေဗျာ။ ကောင်းကင်ဘုံပျက်စီးခြင်းကိုးခုအပေါ် သခင်လေးရဲ့ သဘောထား ဘယ်လိုရှိလဲဗျ "

သူ့စကားကြောင့် အားလုံးကလည်း လောထျန်းအား လှည့်ကြည့်လိုက်ကြသည်။

လက်ရှိအချိန်တွင် လောထျန်းမှာ သူတို့ထျန်းယွမ်ကမ္ဘာ၏ နံပါတ်တစ် အစွမ်းအထက်ဆုံးသူပင် ။

သို့ဖြစ်ရာ သူ့သဘောထား မပါဘဲ ကောင်းကင်ဘုံပျက်စီးခြင်းကိုးခုနှင့် ရင်ဆိုင်ရန် မဖြစ်နိုင်ပါချေ။

လောထျန်းက နှုတ်ခမ်းတွန့်ရုံပြုံးပြီး ပြန်ပြော၏။

" ဘာပြောရဦးမှာလဲဗျာ ။ ရန်သူတွေလာရင် ကျုပ်တို့ရဲ့ တပ်ဖွဲ့တွေနဲ့တားမယ် ... ရေလှိုင်းတွေဝင်လာရင် ကမ္ဘာမြေကြီးနဲ့ တားမယ် "

သူ့အဖြေကြောင့် သခင်ကြီးထျန်းလုံ ချက်ချင်း စိတ်သက်သာရာ ရသွားဟန် တူသည်။

" ကောင်းတယ်ဗျာ ... သခင်လေးပြောတာကို ကြားလိုက်ရတော့ ကျုပ် စိတ်သက်သာရာ ရသွားပါပြီ "

သူ အပြုံးဖြင့် ဆိုသည်။

လောထျန်းက တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိသွားဟန်ဖြင့် ပြောလာ၏။

" အားလုံးကို ကျုပ်မေးချင်တာလေး ရှိလို့.. ကောင်းကင်ဘုံပျက်စီးခြင်း အပေါ်သုံးခုက ဘယ်လောက်အစွမ်းထက်တာလဲဗျ "

သူ့အမေးကို ကြားသည်နှင့် လူများစွာပင် ရှက်နေသည့် မျက်နှာထားများ ဖြစ်သွားကြသည်။

" ဘာဖြစ်လို့လဲဗျ... "

သူတို့ကိုကြည့်ရင်း လောထျန်း စိတ်ဝင်တစား ဖြစ်သွား၏။

ဤတစ်ကြိမ်တွင် ချင့်ဝူချုံက အောင့်သက်သက်အပြုံးဖြင့် ပြန်ဖြေသည်။

" တကယ်တော့ ကောင်းကင်ဘုံပျက်စီးခြင်း အပေါ်သုံးခုက ဘယ်လောက်အစွမ်းထက်လဲဆိုတာ ကျုပ်တို့ကိုယ်တိုင်လဲ မသိဘူးဗျ "

" ကျုပ် နားမရှင်းဘူး.. "

လောထျန်း နားမလည်နိုင်စွာ ထပ်မေးလိုက်သည်။

ချင်းဝူချုံက စကားဆက်၏။

" အရင် ကောင်းကင်ဘုံပျက်စီးခြင်း အပေါ်သုံးခု ထျန်းယွမ်ကမ္ဘာကို ကျူးကျော်လာတုန်းက ၊ သူတို့ရဲ့ ဒုတိယတန်းစားနဲ့ တတိယတန်းစားအဖွဲ့တွေပဲ လာခဲ့ကြတာ။ တကယ့် အစွမ်းအထက်ဆုံးအဖွဲ့တွေ မလာခဲ့ကြဘူးဗျ။ အဲ့ကမ္ဘာသုံးခုရဲ့ အစွမ်းအထက်ဆုံးတွေဖြစ်တဲ့ ကမ္ဘာသခင်ကြီး သုံးယောက်လဲ မလာခဲ့ကြဘူး "

" ဒါဆို.... "

လောထျန်း အံ့အားသင့်သွားကာ ဆက်မေးသည်။

" သူတို့ရဲ့ အစွမ်းအထက်ဆုံး အဖွဲ့တွေက ဘယ်လောက်အစွမ်းထက်နိုင်လဲဗျ "

သခင်ကြီးထျန်းလုံက ခေတ္တမျှ တွန့်ဆုတ်နေပြီးမှ ပြန်ပြော၏။

" အဲ့ကမ္ဘာတွေက ကမ္ဘာသခင်ကြီး သုံးယောက်ကတော့ တစ်ကြိမ်မှ ကိုယ်တိုင်ထွက်ပြီး မတိုက်ခိုက်ဖူးသေးဘူးဗျ ။ ဒါပေမယ့် ရှေးဟောင်းမှတ်တမ်းတွေအရဆိုရင်တော့.. ကျုပ်တို့ ထျန်းယွမ်ကမ္ဘာရဲ့ အစွမ်းအထက်ဆုံး သခင်ကြီးဖြစ်ခဲ့တဲ့ နဂါးကြီးထျန်းလုံက ကမ္ဘာပေါ်က မသေမျိုးတွေထက် အများကြီး ပိုအစွမ်းထက်တာတောင်.. ထျန်းမင်ကမ္ဘာနဲ့ ယှဥ်လိုက်တော့နဂါးကြီးထျန်းလုံထက်ပိုအစွမ်းထက်တဲ့သူ အနည်းဆုံး အယောက် နှစ်ရာကျော် ၊ သုံးရာလောက် ရှိတယ်တဲ့ "

ထို့နောက် သူ လောထျန်းအား တစ်ချက်လှမ်းကြည့်ကာ စကားဆက်၏။

" ကျုပ် တွက်ထားတဲ့အတိုင်းဆိုရင် သခင်လေးလောထျန်းရဲ့ လက်ရှိအစွမ်းက နဂါးကြီးထျန်းလုံထက် သာနေပါပြီ ။ ဒါပေမယ့် သခင်လေးရဲ့အစွမ်းနဲ့ ကောင်းကင်ဘုံပျက်စီးခြင်း တတိယအဆင့်ကို ရောက်ထားတဲ့ ကမ္ဘာသခင်ကြီးနဲ့ ယှဥ်နိုင်ပါ့မလားဆိုတာတော့ ကျုပ် မသေချာဘူး ။ ဒါ့ကြောင့်မို့ ကျုပ်က သခင်လေးအနေနဲ့ ထျန်းယွမ်ဓားကို မြန်နိုင်သမျှမြန်မြန် ရှာစေချင်တာပါ "

" အဲ့ မသေမျိုးဓားကို လက်ထဲရထားမှလဲ ထျန်းယွမ်ကမ္ဘာကို ကာကွယ်နိုင်မယ်ဆိုတာ ကျုပ်တို့ သေချာပေါက် ပြောနိုင်တာလေ.. "

ထိုစကားကို ကြားပြီးနောက်တွင်မူ.. သူ့ရင်ထဲ ဖိအားကြီးတစ်ခု ရောက်လာသကဲ့သို့ လောထျန်း ခံစားလိုက်ရသည်။

" အဲ့လောက်တောင် အစွမ်းထက်တာလား ။ အင်း.. ဒီတိုင်းဆို ငါ ရန်သူကို လျှော့တွက်ထားမိပြီနဲ့တူတယ်.. ။ မဖြစ်သေးဘူး.. ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့် အမြန်ဆုံးတက်အောင် လုပ်မှရတော့မယ်။ ပြီးရင် ပျောင်ပိုင်မြို့ကိုလဲ ပိုအင်အားတောင့်လာအောင် လုပ်ရမယ် "

လောထျန်း ဆုံးဖြတ်လိုက်သည်။

" ကျုပ် သဘောပေါက်ပါပြီ ။ ဒါဆို.. နောက်တစ်လနေရင် ကျုပ် ထျန်းယွမ်စမ်းသပ်ပွဲမှာ ဝင်ပါမယ်ဗျာ "

လောထျန်း ပြောပြောဆိုဆိုပင် ထရပ်လိုက်သည်။

လက်ရှိတွင်ကား သူ ပျောင်ပိုင်မြို့သို့ မြန်နိုင်သမျှ အမြန်ဆုံး ပြန်ချင်နေလေပြီ ။

" ကောင်းပါပြီ သခင်လေး ။ ဒါဆို သခင်လေးကို ထျန်းယွမ်စမ်းသပ်ပွဲမှာ စောင့်နေပါ့မယ် "

သခင်ကြီးထျန်းလုံက ပြန်ပြော၏။.

လောထျန်း ခေါင်းညိတ်ပြလိုက်ပြီး.. ရုတ်တရက် ပြောလိုက်သည်။

" ဒါနဲ့.. ကျုပ် သခင်ကြီးတို့ကို နည်းနည်း အကူညီတောင်းစရာလေးတော့ ရှိတယ်ဗျ "

" ကျေးဇူးပြုပြီး ပြောပါသခင်လေး "

အားလုံး သံပြိုင်နီးပါး ပြန်ပြောလိုက်ကြသည်။

လောထျန်းက အေးအေးဆေးဆေး စကားဆက်၏။

" အရင်ဆုံး ကျုပ်ကို သိဒ္ဓိဝင်ဆေးတွေ ရှာပေးကြပါလား ။ မြန်နိုင်သမျှ မြန်ရင် အကောင်းဆုံးပဲဗျာ။ နောက်တစ်ခုကတော့ သခင်ကြီးတို့အနေနဲ့ ဝမ်ဟွန်းကွေ့ယီဂိုဏ်းနဲ့ စိတ်ဝိဥာဥ်သခင်ကြီးများအဖွဲ့ကို စုံစမ်းစစ်ဆေးစေချင်တယ် "

သခင်ကြီးထျန်းလုံ ချက်ချင်း မျက်မှောင်ကြုံ့သွားသည်။

" သခင်လေးလောထျန်းအနေနဲ့ ဝမ်ဟွန်းကွေ့ယီဂိုဏ်းကို စုံစမ်းစစ်ဆေးချင်တာကို ကျုပ် နားလည်ပါတယ်။ ဒါပေမယ့်.. စိတ်ဝိဥာဥ်သခင်ကြီးများအဖွဲ့ကိုက.. ဘာဖြစ်လို့လဲဗျ.. "

လောထျန်း လက်ကာပြကာ ပြန်ပြော၏။

" ဝမ်ဟွန်းကွေ့ယီဂိုဏ်းနဲ့ စိတ်ဝိဥာဥ်သခင်ကြီးများ အဖွဲ့က ပူးပေါင်းကြံစည်နေတယ်လို့ ကျုပ် သံသယဝင်တယ်ဗျ "

" မဖြစ်နိုင်တာ.... "

လူများစွာက သံပြိုင်နီးပါး ပြန်ပြောလိုက်ကြသည်။

" သခင်လေးလောထျန်း ၊ စိတ်ဝိဥာဥ်သခင်ကြီးများအဖွဲ့က သခင်ကြီးယွမ်က ဂုဏ်သိက္ခာရှိတဲ့ အမှန်တရားဘက်တော်သားတစ်ယောက်ပဲဗျ ။ သူ့လိုလူမျိုးက ဒီလောက်နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဝမ်ဟွန်းကွေ့ယီဂိုဏ်းနဲ့ ပူးပေါင်းကြံစည်တယ်ဆိုတာ.. မဖြစ်နိုင်ပါဘူးဗျာ "

သခင်ကြီးထျန်းလုံက ဆိုသည်။

" ဟုတ်တယ်ဗျ ။ ဒီကမ္ဘာထဲမှာ ကျုပ် ယုံတဲ့သူ နည်းနည်းပဲ ရှိတဲ့ထဲမှာမှ သခင်ကြီးယွမ်က တစ်ယောက်အပါအဝင်ပဲ ။ သူ့ရဲ့ အကျင့်စရိုက်မျိုးနဲ့ ဝမ်ဟွန်းကွေ့ယီဂိုဏ်းနဲ့ ပူးပေါင်းဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး... "

တဖက်မှ ကျန်နှစ်ယောက်မှာ မည်သို့မှ မပြောကြသော်လည်း သခင်ကြီးထျန်းလုံနှင့် သဘောထား တူတူပင်ဖြစ်ကြောင်း သိသာပါသည်။

လောထျန်းက ၎င်းကိုကြည့်ကာ အပြုံးဖြင့် ပြော၏။

" ကျုပ်က သူတို့ရဲ့ ဂိုဏ်းချုပ် သခင်ကြီးယွမ်ကို ဆိုလိုချင်တာမဟုတ်ဘဲ သူတို့ရဲ့ စိတ်ဝိဥာဥ်သခင်ကြီးများအဖွဲ့ကို ဆိုလိုတာပါ။ ကျုပ် သိသလောက်ဆို သခင်ကြီးယွမ် လူရှေ့မထွက်တာ နှစ်တွေကြာလှပြီ မဟုတ်လားဗျ။ အဲ့တော့ တကယ်လို့ သူက မလုပ်ဘူးဆိုရင်တောင် သူ့လက်အောက်ငယ်သားတွေတော့ လုပ်နိုင်တယ်လေ .. "

လောထျန်းဆက်ပြောသည့် စကားကိုကြားမှသာ ကျန်လူများ၏ မျက်နှာထား အနည်းငယ်ပြေလျော့သွားကြသည်။

သခင်ကြီးထျန်းလုံက ခေါင်းညိတ်၍ ဆို၏။

" ကျုပ် သဘောပေါက်ပါပြီ ။ စိတ်မပူပါနဲ့ သခင်လေးလောထျန်း ၊ ဒီကိစ္စကို ကျုပ် စုံစမ်းကြည့်လိုက်ပါမယ် "

လောထျန်း ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။

" ကောင်းပါပြီဗျာ... ဒါဆို ကျုပ်ကို သွားခွင့်ပြုကြပါဦး "

သူ ဆန္ဒစောစွာဖြင့် အိမ်ပြန်ရန် ပြင်လိုက်သည်။

ကောင်းကင်ဘုံပျက်စီးခြင်းကိုးခုက မကြာခင်လာတော့မည်ဖြစ်ရာ ပျောင်ပိုင်မြို့အား မြန်နိုင်သမျှမြန်မြန် အစွမ်းထက်အောင် လုပ်ရမည်မဟုတ်ပါလား။

သခင်ကြီးထျန်းလုံ အပါအဝင် ကျန်လူများက လောထျန်းအား ခန်းမရှေ့အထိ လိုက်ပို့နှုတ်ဆက်ကြ၏။

အပြင်တွင်ကား ပျောင်ပိုင်မြို့မှ လူများအားလုံးက ပြန်ရန်အသင့်စောင့်နေကြလေပြီ ။

ထိုစဥ်.. ရုတ်တရက်.. သွမ့်ချန်ချိုး က လူအုပ်ထဲတွင် ရှိနေသည့် နျိုထျဲ့ချူအား မြင်သွားသည်။

" မင်းပါလား... "

သူ တအံ့တသြ မေးလိုက်၏။

နျိုထျဲ့ချူက ဒေါသတကြီး ပြန်ပြောသည်။

" ဟုတ်တယ်.. ငါပဲ ၊ ငါ မသေသေးဘူး.. ။ တအား အံ့သြသွားလား "

သွမ့်ချန်ချိုး ခေတ္တမျှ ဆွံ့အသွားသော်လည်း ဒေါသမထွက်ဘဲ အပြုံးဖြင့် ပြန်ပြော၏။

" အဲ့တုန်းက မင်းကို ထျန်းကူဟုန်မျိုးနွယ်ကရော ၊ နတ်ဆိုးသခင်ကြီးယွဲ့လင်ရောက အသည်းအသန်လိုက်ရှာနေကြတာလေ။ ငါက မင်းတို့မျိုးနွယ်ထဲက အကြီးအကဲတစ်ယောက်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိထားလို့ မင်းကိုကာကွယ်ပေးဖို့ ကြိုးစားခဲ့တာပါကွာ။ ဒါပေမယ့် ငါက တပည့်အသစ်တွေထပ်လက်မခံဖို့ ဆုံးဖြတ်ထားပြီးသား ဖြစ်နေတာမို့ မင်းကို စီးတော်ယာဥ်အဖြစ်နဲ့ပဲ ခေါ်ပြီး ငါ့ဘေးနားမှာထားပြီးတော့ သိုင်းပညာသင်ပေးဖို့ စဥ်းစားခဲ့တာ "

" ဒါပေမယ့် မင်းက လက်မခံခဲ့ဘူးလေ။ ငါကလဲ မင်းကို အမြဲတမ်းကြီး မစောင့်ရှောက်ပေးနိုင်တော့.. မင်းကို ဟိုအဖွဲ့နှစ်ခု ရှာမတွေ့အောင် ချုပ်နှောင်ထားခဲ့ရတာပဲ။ ငါက ကိစ္စတွေအားလုံး ပြန်ငြိမ်သွားမှ မင်းကို လာလွတ်ပေးဖို့ စဥ်းစားထားခဲ့တာ "

မျှော်လင့်မထားသော စကားကို ကြားလိုက်ရသည့်အတွက် နျိုထျဲ့ချူ အံ့သြမှင်သက်သွားရတော့သည်။

ယခုမှသာလည်း အကြောင်းရင်းကို သိလိုက်ရသဖြင့် သူမ သွမ့်ချန်ချိုးအား တအံ့တသြ လှမ်းကြည့်လိုက်၏။

" ဒါဆိုလဲ နှစ် သုံး၊လေးဆယ်လောက်ပဲ ချုပ်နှောင်ထားပြီး ပြန်လွတ်ပေးလို့ ရရဲ့သားနဲ့ ဘာလို့ အကြာကြီး ချုပ်နှောင်ထားရတာလဲ ။ ကျွန်မမှာ အဲ့အချုပ်အနှောင်ထဲမှာတင် သေရတော့မလို ဖြစ်သွားခဲ့ရတာ ရှင် မသိဘူးလား "

နျိုထျဲ့ချူ မျက်မှောင်ကြုံ့၍ ထပ်မေးလိုက်သည်။

သွမ့်ချန်ချိုးက ခေါင်းညိတ်၍ ပြန်ပြော၏။

" အစကတော့ .. ငါ မင်းကို နှစ် သုံး၊လေး ဆယ်လောက်ပဲ ချုပ်နှောင်ပြီး ပြန်လွတ်ပေးမလို့ပါပဲကွာ "

" ဒါဆို ဘာလို့ ပြန်မလွတ်ပေးခဲ့တာလဲ "

နျိုထျဲ့ချူ ပြောနေရင်း ဒေါသထွက်လာသည်။

သွမ့်ချန်ချိုးက ခေါင်းကုတ်ရင်း အားနာနေသည့် မျက်နှာဖြင့် ပြန်ပြော၏။

" ငါ မူးပြီးတော့ မင်းအကြောင်း မေ့သွားတာကွ။ မင်းရဲ့ အချုပ်အနှောင် ကျိုးပြီးသွားတော့မှပဲ ငါ မင်းကို သတိရသွားတာ "

" ရှင်.... "

နျိုထျဲ့ချူရင်ထဲ ရှိနေခဲ့သော ခံစားချက်များ ချက်ချင်း ပျောက်သွားပါတော့သည်။

All Chapters