← Chapters

ကားလာတယ်ဗျို့ ရှောင်ကြ၊ရှားကြ… တိုက်မိရင် တာဝန်မယူဘူး

Vol. 2 Ch. 19

ကားလာတယ်ဗျို့ ရှောင်ကြ၊ရှားကြ… တိုက်မိရင် တာဝန်မယူဘူး

Vol. 2 Ch. 19

ညသန်းခေါင်ယံအချိန်၌ ကွေ့ယွမ်တောင်ခြေအနီးရှိ တောအုပ်တစ်ခုအတွင်းတွင် လူတစ်စု အနားယူနေကြသည်။

ဝုန်း ...

အသက်နှစ်ဆယ်ကျော်ခန့် လူငယ်လေးတစ်ယောက်က သစ်ကိုင်းခြောက်များကို လက်ဝါးဖြင့် ရိုက်ဖြတ်ကာ မီးဖိုတစ်ခု လုပ်လိုက်သည်။

" သခင်ကြီးဟယ် ကျုပ်ရဲ့ မီးတောက်လက်ဝါးက ဘယ်လိုနေလဲ "

ထိုလူက အပြုံးဖြင့် မေးလိုက်သည်။

ကျောကုန်းကုန်းနှင့် အဘိုးအို ဟဲ့လောင်က နှုတ်ခမ်းလှုပ်ရုံသာ ပြုံး၍ ပြောလိုက်သည်။

" မင်းက အသက် ၂၁ နှစ်မှာတင် ချီစုဆောင်းခြင်း ဒုတိယအဆင့်ကို ရောက်ထားပြီးတော့ အစွမ်းထက်တဲ့ မီးတောက်လက်ဝါးကိုတောင် သုံးနိုင်နေပြီ။ တူရှောက်ယွမ် .. မင်းက သူရဲကောင်း လူငယ်လေးတစ်ယောက်ပဲ "

သခင်ကြီးဟယ်၏ ချကျူးစကားကြောင့် တူရှောက်ယွမ် ဘဝင်မြင့်သွားသည်။

ထိုစဥ် ဟယ်လောင်က သူ့နံဘေးမှ ဝမ်းနည်းနေသည့် မျက်နှာနှင့် မိန်းမချောလေးအား လှည့်ကြည့်လိုက်သည်။

" သခင်မလေး .. စိတ်မပူပါနဲ့ ၊ ကွေ့ယွမ်ဂိုဏ်းက ညဘက်ဆို တောင်ကို ပိတ်ထားတယ်။ မနက် အရုဏ်တက်တာနဲ့ ကျုပ်တို့ တောင်ပေါ်သွားကြတာပေါ့ "

သခင်ကြီးဟယ်က ပြောလိုက်သည်။

မိန်းကလေးက ခပ်ယဲ့ယဲ့ပြုံး၍

" သခင်ကြီးဟယ် .. ကွေ့ယွမ်ဂိုဏ်းက ကျွန်မတို့ကို ကူညီမယ်လို့ ထင်လား "

ဟု မေးလိုက်သည်။

ဟယ်လောင်က ချက်ချင်း ခေါင်းညိတ်လိုက်သည်။

" ကွေ့ယွန်ဂိုဏ်းက သခင်မလေးတို့ မိသားစုနဲ့ အရင်ကတည်းက ရင်းနှီးတဲ့ ဆက်ဆံရေးရှိတယ်။ သူတို့ရဲ့ အရင်ဂိုဏ်းခေါင်းဆောင် ကတိပေးထားတဲ့ စကားလဲ ရှိသေးတာဆိုတော့ သူတို့ အဲ့ကတိကို တည်ကြမှာပါ "

မိန်းကလေးက သက်ပြင်းချကာ ပြောလိုက်သည်။

" ဒါပေမယ့် အရင်ဂိုဏ်းခေါင်းဆောင်ဟောင်းက မရှိတော့ဘူးဆိုတော့ လူတွေက သူ့စကားကိုလဲ အရေးမထားတော့ဘူးလေ "

သခင်ကြီးဟယ်က မည်သိူ့မှ ပြန်မပြောဘဲ တိတ်တဆိတ်သာ နေလိုက်သည်။

အဘယ့်ကြောင့်ဆိုသော မိန်းကလေးပြောသည့်စကားက အဓိပ္ပါယ်ရှိကာ ဖြစ်နိုင်သည်ဟု သူ ခံစားမိလိုက်သောကြောင့်ဖြစ်သည်။

ထိုစဥ်မှာပင် ....

" ဝူး .. "

မိန်းမပျို၏ ဘေးတွင်ရှိနေသော အဖြူရောင် မြေခွေးတစ်ကောင်က လှဲနေရာမှ ထရပ်ကာ ထူထပ်သော တောအုပ်ဘက်လှည့်၍ အော်ဟစ်မာန်မဲလိုက်သည်။

" ဟင် .. ရှောက်ဝူယွဲ့ .... ဘာဖြစ်လို့လဲ "

မိန်းမပျို အံ့သြထိတ်လန့်သွားသည်။

ဟယ်လောင်မှာလဲ မျက်နှာထား ချက်ချင်းမာသွားကာ အော်လိုက်သည်။

" အသင့်ပြင်ထားကြ "

ချက်ချင်းပင် မီးပုံဘေးတွင် ရှိနေကြသော နောက်လိုက်တစ်ဆယ်ကျော်က လက်နက်များ ကောက်ယူ၍ မိန်းမပျိူအား ဝန်းရံထားလိုက်ကြသည်။

" သခင်ကြီး ဟယ် "

မိန်းမပျိုမှာ ဖြစ်ပျက်နေသည်များကို နားမလည်နိုင်ဘဲ အံ့သြမှင်သက်နေ၏ ။

သခင်ကြီးဟယ်က အသံတိုးတိုးဖြင့်  ရှင်းပြလိုက်သည်။

" သခင်မလေး .. ရှောက်ဝူယွဲ့က ကြယ်မျက်လုံးရှင် မြေခွေးဖြူပဲ ၊ အနံ့ခံတာနဲ့ လူစိမ်း ကို အာရုံခံတဲ့နေရာမှာ အတော်ဆုံး သားရဲအမျိုးအစားလို့ ပြောလို့ရတယ်။ သူ ဒီလောက်တောင် လှုပ်လှုပ်ရှားရှား ဖြစ်သွားတာဆိုတော့ အနီးနားမှာ အစွမ်းထက်တဲ့ ရန်သူတစ်ယောက် ရှိနေလို့ပဲ ဖြစ်ရမယ် "

ထို့နောက်သူက ထူထပ်သော တောအုပ်ဘက်လှည့်၍ အသံကျယ်ကျယ် အော်လိုက်သည်။

" သခင်ကြီး ..ပုန်းနေဖို့ မလိုပါဘူးဗျာ ၊ ကျုပ်ကို ထွက်တွေ့ပါ "

အားလုံးလည်း တောအုပ်ဘက်သို့ လှည့်ကြည့်လိုက်ကြသည်။

" ဟ ဟ .. သားရဲတစ်ကောင်က ကျုပ် သွားလာနေတာကို အနံ့ခံမိသွားလိမ့်မယ်လို့ ထင်မထားခဲ့မိဘူး ၊ ကြည့်ရတာ ကျုပ်ရဲ့ ကျင့်စဥ်တွေက မလုံလောက်သေးဘူးနဲ့ တူပါတယ် "

ထိုစကားသံနှင့်အတူ အရပ်ရှည်ရှည် ၊ ဆံပင်အနီရောင်ရှိသော လူတစ်ယောက် တောအုပ်ထဲမှ ဖြည်းညင်းစွာ လျှောက်လာသည်။

" မင်းက ဘယ်သူလဲ "

သခင်ကြီးဟယ်က ထိုလူကိုကြည့်ကာ လေသံမာမာဖြင့် မေးလိုက်သည်။

ဆံပင်အနီရောင်နှင့်လူက သူ့အမေးကို မဖြေဘဲ ကျန်လူများကို ဝေ့ဝဲကြည့်လိုက်ပြီး မိန်းမပျိုဆီသို့ အကြည့်ရောက်သွားသည်။

ထိုလူ၏ မျက်လုံးများတွင် အလင်းတန်းတစ်ခု ဖျတ်ခနဲ လင်းသွား၏ ။

" ဟား ဟား .. မိန်းကလေးက သိပ်လှတာပဲ ၊ ဒီမဟူရာလေပြင်း နိုင်ငံငယ်လေးမှာ အဲ့လောက်လှတဲ့ မိန်းမပျိုတစ်ယောက် ရှိနေလိမ့်မယ်လို့ လုံးဝ မထင်ထားမိခဲ့ဘူး ။ အင်း .  ခနနေ ကျုပ် မင်းနဲ့ ကစားတဲ့အချိန်ကျရင်တော့ မင်းဘက်က သတိထားမှ ရမယ်နော် ၊ ကျုပ် မင်းလို မိန်းမလှလေးတစ်ယောက်ကို သတ်ပစ်ရမှာ နှမျောလို့ပါ "

သူက ထိုသို့ပြောကာ ကျယ်လောင်စွာ ဟားတိုက်ရယ်မောလိုက်သည်။

ထိုစကားကို ကြားသောအခါ မိန်းမပျို၏ မျက်နှာတွင် ရှက်စိတ်နှင့် ဒေါသစိတ်များ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာသည်။ သို့သော် သူမ မည်သို့မှ ပြန်မပြောရဲပါချေ။

" မင်းက သေချင်နေတာပဲ "

သူမဘေးတွင် ရှိနေသည့် တူရှောက်ယွမ်က ထိုစကားကို ကြားသောအခါ ဒေါသထွက်သွားပြီး တိုက်ခိုက်ရန် အသင့်ပြင်လိုက်သည်။

" နေဦး "

သို့သော် သခင်ကြီးဟယ်က တူရှောက်ယွမ်အား လှမ်းတားလိုက်သည်။

" သခင်ကြီး ဟယ် ၊ ဘာလို့ ကျုပ်ကို တားနေတာလဲ ။ ဒီ ပါးစပ်ပုပ်နဲ့ကောင်ကို ကျုပ် တစ်စစီ ဆွဲဖြဲပစ်မယ် "

တူရှောက်ယွမ်က ဒေါသတကြီး ပြောလိုက်သည်။

သို့သော် ဟယ်လောင်က ခေါင်းယမ်း၍

" မင်းက သူ့ပြိုင်ဘက် မဟုတ်ဘူးကွ ၊ သူ့ကျင့်ကြံခြင်းအဆင့်က ငါ့ထက်တောင် ပိုမြင့်တယ် "

ဟု ပြောလိုက်သည်။

" ဘယ်လို "

တူရှောက်ယွမ် တစ်ကိုယ်လုံး တောင့်တင်းသွားသည်။

သူတို့၏ သခင်ကြီးဟယ်သည် ကောင်းကင်ထိန်းချုပ် အဆင့်ကိုးသို့ ရောက်ထားပြီးဖြစ်သည်ကို သူသိထား၏ ။

သူ့ထက်ပိုမြင့်သည်ဆိုပါက ထိုအနီရောင်ဆံပင်နှင့်လူသည် အနည်းဆုံး ထုံရွှယ်အဆင့်၌ ရှိပေလိမ့်မည်။

ထုံရွှယ်အဆင့် ကျင့်ကြံခြင်း ရှိသောသူအား ယဲ့ဖုန်းနိုင်ငံတော်တွင် ဘိုးဘေးများဟု ခေါ်စမှတ် ပြုလေ့ရှိကြသည်။

သူတို့ရှေ့တွင် ရှိနေသည့် ထိုလူက ဘိုးဘေးများထဲမှ တစ်ယောက်ပေလား ။

" သခင်ကြီး .. ကျုပ်တို့က ကွေ့ယွမ်ဂိုဏ်းကပါ ၊ ကွေ့ယွမ်ဂိုဏ်းရဲ့ မျက်နှာကိုငဲ့ပြီး ကျုပ်တို့ကို ဒုက္ခရောက်အောင် မလုပ်ဖို့ အကူအညီတောင်းပါတယ် "

သခင်ကြီးဟယ်က ပြောလိုက်သည်။

သူသည် တစ်ဖက်လူ ဒေါသထွက်သွားမည်ကို စိုးသဖြင့် အေးအေးဆေးဆေးပင် ​တောင်းဆိုလိုက်သည်။

တစ်ချိန်တည်းမှာလည်း ထိုလူ စိတ်ထင်ရာ မလုပ်စေရန် ကွေ့ယွမ်ဂိုဏ်း၏နာမည်ကို ထည့်ပြောလိုက်ခြင်းဖြစ်သည်။

ကွေ့ယွမ်ဂိုဏ်းသည် ယဲ့ဖုန်းနိုင်ငံတွင် ပထမတန်းစား ဂိုဏ်းတစ်ခုဖြစ်ပြီး ဂိုဏ်းအတွင်း ထုံရွှယ်အဆင့် ကျင့်ကြံသူ သခင်ကြီးသုံးဦးလည်း ရှိကြသည်။

ထို့ကြောင့်လည်း ပုံမှန်ဆိုလျှင် ယဲ့ဖုန်းနိုင်ငံရှိ လူတိုင်းနီးပါးက ကွေ့ယွမ်ဂိုဏ်းအား မျက်နှာသာပေးကြခြင်းဖြစ်သည်။

သို့သော် ဆံပင်အနီရောင်နှင့် လူကမူ ကွေ့ယွမ်ဂိုဏ်း ဟူသော စကားကိုကြားသည်နှင့် သူ့မျက်နှာပေါ်မှ အပြုံး ချက်ချင်းပင် ပျောက်ကွယ်သွားပြီး ထီမထင်ဟန်သာ အစားထိုးသွားသည်။

" မင်းတို့က တကယ် ကွေ့ယွမ်ဂိုဏ်းက တပည့်တွေလား၊၊ ဟာ ဟား .. သိပ်ကောင်းတယ် ။ ကျုပ်က ကွေ့ယွမ်ဂိုဏ်းထဲ သွားချင်တာကို သူတို့က ညဘက်မှာ ဝင်ပေါက်ကို ပိတ်ထားတော့ သွားလို့မရ ဖြစ်ပြီး ပျင်းနေတာ ။အခုတော့ လုပ်စရာ ရှိသွားပြီ။ မင်းတို့တွေ တစ်ယောက်ချင်းကို သေတဲ့အထိ နှိပ်စက်ရမယ် ။ မင်းတို့အားလုံးကို သတ်ပြီးရင်တော့ ကွေ့ယွမ်ဂိုဏ်းက တံခါးကို ဖွင့်ကောင်းပါရဲ့ "

သူက စကားဆုံးသည်နှင့် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။

ချက်ချင်းပင် သူ့ခန္ဓာကိုယ်မှ အေးစက်သော မနှစ်မြို့ဖွယ် စွမ်းအင်တစ်ခု ထိုးထွက်လာ၏။

သခင်ကြီးဟယ် အပါအဝင် ထိုနေရာတွင် ရှိနေကြသည့် လူတိုင်း နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ကြရသည်။

အနီရောင် ဆံပင်နှင့် လူထံမှ ထွက်ပေါ်လာသည့် ဖိနှိပ်စွမ်းအင်က အစွမ်းထက်လှပေသည်။

အသိပညာ ကြွယ်ဝသည့် သခင်ကြီးဟယ်သည်ပင် ရင်ထဲမှ အားငယ်စိတ်ပျက်မှုကို ခံစားလိုက်ရသည်။

သူ့ရှေ့တွင် ရှိနေသည့်လူက အစွမ်းထက်လှပေသည်။

သို့သော် ထိုအချိန်တွင်  ....

" ဒီနားမှာ ဖြစ်မယ်ထင်တယ် ၊ ဒီရှေ့နား .. အိုး .. ကားလာတယ်ဗျို့ ဘေးဖယ်ပေးပါဦး… တီ တီ တီ"

ထူထပ်လှသော တောအုပ်အခြားတစ်ဖက်ခြမ်းမှ လူရိပ်တစ်ခုက တစ္ဆေတကောင်လို ရိပ်ခနဲ ရိပ်ခနဲ တနေရာမှ နောက်တနေရာသို့ တည်နေရာရွှေ့ပြောင်းကာ ရုတ်တရက် ထွက်ပေါ်လာသည်။

" ဟင် "

ဆံပင်အနီနဲ့လူက လှည့်ကြည့်ရန် ပြင်လိုက်စဥ်မှာပင် လူရိပ်က ရုတ်တရက် ခန္ဓာကိုယ်ရွှေ့ပြောင်းလာပြီး သူရပ်နေရာသို့ ရောက်လာ၏။

သူ မည်သိူ့မှ မပြောနိုင်ခင်မှာပင် ကြီးမားသော စွမ်းအင်ကြီးတစ်ခုက သူ့အား ရိုက်ခတ်လိုက်သည်။

ဂျွတ် .. ဂျွတ် ...

သူ့ကိုယ်တွင်းမှ မရေမတွက်နိုင်သော အရိုးများ ကျိုးသွားပြီး သူ့တစ်ကိုယ်လုံးလည်း တွန့်လိမ်သွားတော့သည်။

ဝုန်း ..

ထို့နောက် ချက်ချင်းဆိုသလိုပင် လူရိပ်က မြေပေါ်သို့ ဆင်းသက်လိုက်သည်။

ထိုအချိန်တွင် အနီရောင်ဆံပင်နှင့်လူ၏ ခန္ဓာကိုယ်တစ်ဝက်မှာ ကျိုးကြေသွားခဲ့လေပြီ။

သွေး ၊ အသားစများနှင့် ကျိုးကြေနေသော အရိုးများ မြေပြင်၌ နေရာအနှံ့ ပြန့်ကျဲနေကြသည်။

ဘုတ် ..

ဆံပင်အနီရောင်နှင့်လူ၏ ကျန်ခန္ဓာကိုယ်တစ်ဝက် မြေပြင်သို့ ကျသွားကာ ငြိမ်သက်သွားတော့သည်။

" ဒါ .. "

ရုတ်တရက် ဖြစ်ပျက်သွားသည့် အပြောင်းအလဲကြောင့် ထိုနေရာတွင် ရှိနေကြသည့် လူများအားလုံး အံ့သြမှင်သက်သွားကြသည်။

ဘာတွေ ဖြစ်ပျက်နေသနည်း ။

လွန်ခဲ့သော စက္ကန့်ပိုင်းကပင် အလွန်မောက်မာကာ အားလုံးကို သတ်ချင်နေခဲ့သည့် အလွန်အစွမ်းထက်သော ကျင့်ကြံသူတစ်ယောက်က ယခု စက္ကန့်အနည်းငယ် အကြာမှာပင် အသတ်ခံလိုက်ရသည်လား .. ။

ထို့အပြင် သူက ဆိုးရွားလှသော သေဆုံးခြင်းမျိုးဖြင့် ကြုံတွေ့သွားခဲ့ရ၏။

ထို့နောက် အားလုံးပင် ခန္ဓာကိုယ် နေရာရွှေ့လာသူဆီသို့ တစ်ပြိုင်နက်တည်း အကြည့်ရောက်သွားကြသည်။

ထိုသူမှာ လောထျန်းပင် .. ။

လောထျန်းသည် ထိုအချိန်တွင် အနည်းငယ်စိတ်ရှုပ်ထွေးနေ၏။

သူသည် တစ်နေ့လုံးနီးပါး လမ်းပျောက်နေခဲ့သဖြင့် စိတ်မကြည်မလင်ဖြစ်နေသည်ဟု ဆိုလျှင်လည်း မမှားပေ။

ထို့ကြောင့် သူသည် ကောင်းကင်ခန္ဓာကိုယ်ကျင့်စဥ်ကို သုံးကာ နေရာရွှေ့လိုက်စဥ်က အနည်းငယ် အာရုံမစိုက်နိုင်ဘဲ ဖြစ်သွားခဲ့သည်။

သူ့ရှေ့၌ လူတစ်ယောက်ကို ရုတ်တရက် တွေ့လိုက်ချိန်တွင်မူ နေရာရွှေ့ရန် နောက်ကျသွားခဲ့လေပြီ။

ထို့နောက် လောထျန်းက မြေကြီးပေါ် လဲကျနေသည့် ခန္ဓာကိုယ်တစ်ဝက်ကိုကြည့်ကာ သူ့လက်ဖြင့် အသက်ရှူ မရှူ စမ်းကြည့်လိုက်သည်။

" သေ သွားပြီလား .. အကိုရယ် ကျုပ် ခင်ဗျားကို သတ်ဖို့ မရည်ရွယ်ပါဘူး ။ အားလုံးက မတော်တဆ ဖြစ်သွားတာလို့ ပြောရင် ခင်ဗျား ယုံပါ့မလား။ မော်တော်ကားလာတယ်လို့ ကျုပ်အော်ပါသေးတယ်ဗျာ "

လောထျန်းက တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။

သူ ဤကမ္ဘာသို့ ရောက်လာပြီးနောက်ပိုင်း လူအချို့ကို သတ်ပစ်ခဲ့သည် ။

သူ မင်ရှင်းကို သတ်ခဲ့စဥ်က မင်ရှင်းမှာ အသတ်ခံရန် ထိုက်တန်သူတစ်ယောက် ဖြစ်သော်လည်း ယခုတွင်မူ ထိုသို့ ဟုတ်မနေပေ ။

သူသည် ထိုလူ၏ အမည်ကိုပင် သိတောင်မသိလိုက်ဘဲ မတော်တဆ ဝင်တိုက်ကာ သတ်လိုက်မိသလို ဖြစ်သွားခဲ့သည်။

ခေတ်သစ်ကမ္ဘာမှ ပညာတတ် လူငယ်တစ်ယောက်ဖြစ်သော သူ့အတွက် ယခုအဖြစ်ပျက်ကို လက်ခံရန် အလွန်ခက်ခဲနေသည်မှာ မဆန်းပေ။

" သူက ခင်ဗျားတို့နဲ့ တူတူလာတဲ့ မိတ်ဆွေလား .. ကျုပ်သူ့ကို မတော်တဆ တိုက်မိသွားတာပါဗျာ ။ ကျုပ် တကယ် သူ့ကိုသတ်ဖို့ မရည်ရွယ်ပါဘူး "

လောထျန်းက ဟယ်လောင်နှင့် အခြားသူများကို ကြည့်ကာ ပြောပြလိုက်သည်။

" ဟင် "

အားလုံး အံ့အားသင့်ကာ စကားမဆိုနိုင် ဖြစ်သွားကြသည်။

သူတို့ရှေ့တွင် ရှိနေသည့် လူငယ်ကို သူတို့ နားမလည်နိုင်တော့ချေ။

လူအုပ်ထဲမှ အသက်အကြီးဆုံးဖြစ်သည့် ဟယ်လောင်က အရင်ဆုံး သတိဝင်လာပြီး ခပ်မြန်မြန်ဖြေလိုက်သည်။

" သခင်လေး .. အပြစ်ရှိသလို ခံစားမနေပါနဲ့ ။ ဒီလူက ကျုပ်တို့ မိတ်ဆွေမဟုတ်ဘူး ။ တကယ်က ခုနကလေးတင် သူ ကျုပ်တို့ကို သတ်ဖို့ ကြိုးစားနေတာ ၊ ဒါပေမယ့် သူ ဘာမှ မလုပ်လိုက်နိုင်ခင် သခင်လေးနဲ့ တိုက်မိပြီး သေသွားရတာပဲ "

ဟယ်လောင်မှာ ထိုစကားကို ပြောနေရင်းဖြင့်ပင် အခြေနေကို စဥ်းစားမိလိုက်သည်။

ထို အနီရောင်ဆံပင်နှင့်လူမှာ ထုံရွှယ်အဆင့်မှ သခင်ကြီးတစ်ယောက်ဖြစ်သည်။

အကယ်၍သာ တစ်ယောက်ယောက်က ထိုဆံပင်အနီနဲ့လူသည် အခြားလူတစ်ယောက်နှင့် တိုက်မိပြီး သေသွားသည်ဟု ပြောလာလျှင်ပင် သူ ယုံမိမည်မဟုတ်ချေ။ ယခုတွင်မူ ထိုအဖြစ်အပျက်ကို သူ့မျက်လုံးနှစ်လုံးဖြင့် ကိုယ်တိုင် မြင်တွေ့ခဲ့ရ၏ ။

All Chapters