← Chapters

အခန်း (၈၄၅)

Vol. 61 Ch. 845

အခန်း (၈၄၅)

Vol. 61 Ch. 845

" ဒုတိယတန်းစား ရတနာပဲလား "

လောထျန်း မျက်နှာမသာမယာ ဖြစ်သွားပါသည်။

ပိုင်ရှောက်မှာ ၎င်းကိုမြင်သည်နှင့် တုန်သွား၏။

" သခင်ကြီး... တကယ်တော့ ဒီ လျှို့ဝှက်ဒေသထဲက ဒုတိယတန်းစား ရတနာတွေကတောင် ထိပ်တန်းအဆင့် စိတ်စွမ်းအင်ရတနာတွေပဲဗျ ။ မသေမျိုးဘုရင်အဆင့် အစွမ်းထက်ကျင့်ကြံသူတွေကိုတောင် အများကြီး အကျိုးဖြစ်စေတယ် "

" ဟို ပထမတန်းစား ရတနာတွေကိုတော့ ကျုပ် ကြားပဲကြားဖူးတာပါ ။ တစ်ခါမှ မတွေ့ဖူးသေးဘူး "

သူ့စကားကြောင့် လောထျန်း မျက်နှာဝင်းသွားသည်။

" ဒါဆို မင်းစောင့်ကြပ်တဲ့ ရတနာတွေဆီကို ခေါ်သွားစမ်း "

" ဟုတ်ကဲ့ "

ပိုင်ရှောက် မငြင်းဆန်ရဲဘဲ သူ့ မူလအသွင်သို့ ပြောင်း၍ လောထျန်းအား ကျောပေါ်တင်ကာ အသိုက်ဆီ ပျံသန်းသွားလိုက်ရသည်။

လမ်းတလျှောက်တွင်လည်း သူ့ရင်ထဲ ကြောက်စိတ်သာ ကြီးစိုးနေ၏။

သူ့ကျောပေါ်တွင် ကောင်းကင်ဘုံကိုပင် ဆန့်ကျင်နိုင်သော ဘီလူးကြီးတစ်ယောက်ကို တင်ထားရသည်ဖြစ်ရာ ကြောက်စိတ်မဝင်ဘဲ မည်သို့ နေပါမည်နည်း ။

ထို့ထက်ပိုဆိုးသည်မှာ ထိုဘီလူး၏ ကျောပေါ်၌ တောင်တစ်လုံးလိုဖြစ်နေသော မသေမျိုးအစီအမံပုံကြမ်းများ သယ်ထားသေးခြင်းပင် ။

ထိုအစီအမံပုံကြမ်းများထဲမှ တစ်ခုသာ သူ့ပေါ် ကျလာပါက သူ့ခန္ဓာကိုယ်ရော ၊ စိတ်ဝိဥာဥ်ပါ ဖျက်ဆီးခံရပေလိမ့်မည်။

သို့သော် ကံကောင်းစွာပင် လောထျန်းက လမ်း

တလျှောက်လုံး တိုက်ခိုက်လိုဟန် မပြခဲ့ပါ ။

ဤသို့ဖြင့် သူတို့နှစ်ဦး မသေမျိုးတောင်တစ်လုံးဆီ ရောက်လာခဲ့ကြသည်။

" သခင်ကြီး ၊ ဒါ ကျုပ်ရဲ့ အသိုက်ပါ ။ ကျုပ် စောင့်ကြပ်နေတဲ့ သဘာဝရတနာတွေလဲ ဒီမှာပဲ ရှိပါတယ် "

ပိုင်ရှောက်က တုန်ယင်နေသော အသံဖြင့် ပြောလိုက်သည်။

လောထျန်း ခေါင်းညိတ်လိုက်၏။

" မင်းစောင့်ကြပ်နေတဲ့ ရတနာက ဘာလဲ "

ပိုင်ရှောက် မြန်မြန်ပင် ပြန်ဖြေသည်။

" ထျန်းကန် မသေမျိုးရေစင် ပါ "

" အဲ့ဒါကို ဘာအတွက်သုံးတာလဲ "

လောထျန်း ထပ်မေးလိုက်သည်။

ပိုင်ရှောက် ခပ်သွက်သွက်ပင် ပြန်ဖြေပါ၏။

" ဒီ ထျန်းကန်မသေမျိုးရေစင် ကို သော်လိုက်ရင်

ခန္ဓာကိုယ်ရဲ့ အကာအကွယ်အစွမ်းကို တိုးစေတယ်ဗျ "

သူ ပြောပြောဆိုဆိုပင် သူ့ကိုယ်ပိုင် အကာအကွယ်အစွမ်းကို ထုတ်ပြလိုက်သည်။

ဝီ....

သန့်စင်သော အဖြူရောင် အကာအကွယ်အစွမ်းတစ်ခု ရုတ်ချည်းပေါ်လာ၏။

ပိုင်ရှောက်က ဂုဏ်ယူနေသော မျက်နှာထားဖြင့် ဆက်ပြောသည်။

" ကျုပ်ရဲ့ အကာအကွယ်အစွမ်းက အဆင့်တူ ကျင့်ကြံသူတွေထဲမှာတော့ ပြိုင်ဘက်ကင်းလို့ ပြောလို့ရတယ် ။ ဒီအစွမ်းကြောင့်လဲ ကျုပ် ကောင်းကင်ဘုံကိုးဆင့် လျှို့ဝှက်ဒေသထဲမှာရှိတဲ့ တခြားသားရဲတွေကို ခြောက်လှန့်နိုင်တာ "

ထိုစကားကို ကြားသောအခါ လောထျန်း ခေါင်းအသာညိတ်ပြီး ပိုင်ရှောင်၏ ပုခုံးကို အသာပုတ်လိုက်၏။

ဝုန်း ..

ပိုင်ရှောက်၏ အကာအကွယ်အစွမ်း ချက်ချင်းပြိုကွဲသွားကာ သူ့ခန္ဓာကိုယ်လည်း နောက်လွင့်ထွက်ပြီး သွေးအန်သွားပါသည်။

ထိုမျှမကသေးပါ...

ဖြောင်း...

လောထျန်း လက်ဖြင့်ပုတ်လိုက်သည့်နေရာမှ ကျွတ်ဆတ်ဆတ် အသံတစ်သံလည်း ထွက်လာ၏။

သူ အရိုးကျိုးသွားခြင်းပင် ....

" ဒါ... ကောင်းလဲ မကောင်းဘူး "

လောထျန်း ၎င်းကိုကြည့်ပြီး မျက်မှောင်ကြုံ့သွားသည်။

" ကျုပ်... "

ပိုင်ရှောက်မှာ ငိုချလိုက်တော့မလို ...

သူသည် တဖက်လူအား အဖိုးတန်ရတနာ၏အစွမ်းကို ပြပေးခဲ့သော်လည်း နောက်ဆုံးတွင် ဒဏ်ရာပြင်းထန်စွာ ရခဲ့သတဲ့လား ..

ထိုတခဏ၌ သူ တစ်ခုကိုလည်း နားလည်လိုက်ပါသည်။

လက်ရှိတွင် လောထျန်း၏ ကိုယ်ထဲမှ စိတ်စွမ်းအင်များမှာ လျှို့ဝှက်ဒေသ၏ ဖိနှိပ်မှုကြောင့် သုံး၍မရသော်လည်း...

ခန္ဓာကိုယ်အစွမ်းချည်း သက်သက်ဖြင့်ပင် သူ့အား သတ်နိုင်ပါ၏။

သို့ဆိုလျှင်.. သူ့ အပြုအမူကို ပိုသတိထားရန်သာ ရှိပါတော့သည်။

" သခင်ကြီး... ကျုပ်ရဲ့အကာအကွယ်အစွမ်း မကောင်းရတဲ့အကြောင်းရင်းက... ကျုပ်ရဲ့ ခန္ဓာကိုယ်က လုံလောက်အောင် မကောင်းတာမို့ ထျန်းကန်မသေမျိုးရေစင် ရဲ့ အစွမ်းကို မခံနိုင်လို့ပါ ။ သခင်ကြီးသာဆိုရင်တော့ အကောင်းဆုံး အကာအကွယ်အစွမ်း

ကို ရမှာသေချာပါတယ် "

ပိုင်ရှောက် လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

လောထျန်း ခေါင်းအသာညိတ်လိုက်၏။

" ငါ့ကို အဲ့ဆီခေါ်သွား "

ဤသို့ဖြင့် မကြာခင်မှာပင် ပိုင်ရှောက်၏ လမ်းပြမှုနှင့်အတူ လောထျန်းတစ်ယောက် ရတံခွန်လေး တစ်ခုဘေးသို့ ရောက်လာခဲ့သည်။

ထိုရေတံခွန်အနီး ရောက်သည်နှင့် ၎င်းမှ အစွမ်းထက် အရောင်အဝါတစ်ခု တိုးထွက်လာသည်ကို လောထျန်း ခံစားမိလိုက်၏။

" အင်း.. တကယ်ကို ကောင်းကင်နဲ့မြေကြီးရဲ့ ရတနာပဲ ။ ဒါကို ဘယ်လိုသုံးရမလဲ "

လောထျန်း ခေါင်းညိတ်ကာ မေးလိုက်သည်။

" ဒီတိုင်း သောက်လိုက်ရုံပါပဲ သခင်ကြီး "

ပိုင်ရှောက်က တီးတိုးပြန်ပြော၏။

သူမ ပြောသည်မှာ မှန်သော်လည်း ပြည့်စုံမှု မရှိပါ ။

ထျန်းကန်မသေမျိုးရေစင်အား သောက်လိုက်လျှင် ခန္ဓာကိုယ်၏ အကာအကွယ်အစွမ်းကို အမှန်တကယ် တိုးစေသော်လည်း ... ၎င်းအား တစ်လလျှင် တစ်ကြိမ်သာ သောက်၍ရပါသည်။

အများကြီး သောက်လိုက်လျှင်လည်း အနည်းဆုံးဆိုလျှင်ပင် ခန္ဓာကိုယ်အတွင်းရှိ မာရီဒျာန်များ ပျက်စီးသွားနိုင်ကာ... အဆိုးဆုံးဆိုလျှင် ခန္ဓာကိုယ်ပေါက်ကွဲပြီး နေရာ၌ သေဆုံးသွားနိုင်ပါ၏။

အမှန်တွင်မူ.. သူ လောထျန်းအား အနိုင်မယူနိုင်သဖြင့် ထျန်းကန်မသေမျိုးရေစင်ကို သုံး၍ လောထျန်းကိုသတ်ရန် ကြိုးစားခဲ့ခြင်းပင် ။

" ဟမ့်... မင်း အဲ့ဒါကို သောက်လိုက်တာနဲ့ ငါ လက်တုန့်ပြန်ခွင့် ရသွားပြီ "

သူ စိတ်ထဲမှ တွေးလိုက်သည်။

လောထျန်းကမူ ၎င်းကို သတိထားမိပုံမရဘဲ ရေတံခွန်ဘေးသို့ လျှောက်သွား၏။ ထို့နောက် သူ နောက်လှည့်၍ မေးသည်။

" မင်းဆီမှာ ရေခပ်စရာ ခွက် ရှိလား "

ထိုစကားကြောင့် ပိုင်ရှောက် အံ့အားသင့်သွားရသည်။

" ရေ... ရေခွက်... "

လောထျန်းက စိတ်မရှည်ဟန်ဖြင့် ထပ်ပြော၏။

" ဟုတ်တယ်လေ.. ရှိလား မရှိဘူးလား "

" ဟုတ်ကဲ့... ရှိပါတယ် "

ပိုင်ရှောက် မြန်မြန်ဆန်ဆန် ပြန်ဖြေလိုက်သည်။

ထို့နောက် သူ ဖျတ်ခနဲ လှည့်ထွက်သွားပြီး ရေမှုတ်တစ်ခုကို ကိုင်ကာ ပြန်ရောက်လာ၏။

" ဟား ဟား... ထျန်းကန်မသေမျိုးရေစင် တစ်စက်လောက်ကို သောက်လိုက်ရင်တောင် သေနိုင်တာကို. .. မင်းက ခွက်နဲ့ပါ သောက်မှာလား ။ မင်းသေတာကို ကြည့်ရတော့မှာပေါ့ကွာ "

ပိုင်ရှောက် စိတ်ထဲမှတွေးပြီး လောထျန်းအား မုန်းတီးစွာကြည့်ကာ လောထျန်း ပေါက်ကွဲထွက်ပြီး သေမည်ကို စောင့်နေလိုက်သည်။

သို့သော်.. လောထျန်းက ရေတစ်ခွက်လုံးကို သောက်ပြီး ခွက်ကို ပြန်ချလိုက်သည်အထိ ဘေးကင်းကင်းသာ ရှိနေပါသည်။

" ဟင်... သခင်ကြီး.. ဘယ်လိုနေလဲ "

ပိုင်ရှောက် မေးလိုက်၏။

လောထျန်း မျက်မှောင်ကြီးကြုံ့၍ ပြန်ပြောသည်။

" ဘာမှ မခံစားရဘူး ။ မင်း ငါ့ကို လိမ်နေတာလား "

ပိုင်ရှောက် လန့်သွားကာ မြန်မြန်ပြန်ဖြေရှင်းလိုက်သည်။

" မဟုတ်ပါဘူးဗျာ.. ကျုပ် တကယ်ကို မလိမ်ပါဘူး "

လောထျန်း မေ့စေ့ကိုကိုင်ရင်း ပြော၏။

" အင်း... ငါ သောက်တာ နည်းသွားလို့လား မသိဘူး ။ ထပ်သောက်ကြည့်မယ်ကွာ "

သူ ပြောကာ နောက်တစ်ခွက် ထပ်မော့သောက်လိုက်သည်။

" မရသေးဘူးလား.. ထပ်သောက်မယ်ကွာ "

ထို့နောက် နောက်တစ်ခွက်..

ပြီး... နောက်တစ်ခွက် ...

ဤသို့ဖြင့် သူ အခွက်သုံးဆယ်ကျော် သောက်ပြီးသွားချိန်တွင် ထျန်းကန်မသေမျိုးရေအိုင်မှာလည်း ကုန်သလောက်နီးနီး ဖြစ်သွားလေပြီ ။

ထိုစဥ်မှသာ ...

ဝီ ..ယ

လောထျန်းကိုယ်မှ မှိန်ဖျော့ဖျော့ အကာအကွယ်အရောင်အဝါတစ်ခု ထွက်လာ၏။

" ဟင်... ဒီဟာလေးက အားနည်းလိုက်တာ "

လောထျန်း ၎င်းကိုကြည့်ရင်း မျက်မှောင်ကြုံ့၍ ဆိုသည်။

သို့သော်... တဖက်မှ ပိုင်ရှောက်မှာမူ အံ့သြမှင်သက်

သွားရှာ၏။

" သခင်ကြီး... လျှို့ဝှက်ဒေသထဲမှာက သခင်ကြီးရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ အကာအကွယ်အစွမ်းတွေကို ဖိနှိပ်ထားတဲ့အတွက် ဘာမှ ထုတ်သုံးလို့မရဘူးဗျ ။ အခု အဲ့လိုဖိနှိပ်ခံထားရတဲ့ ကြားထဲမှာတောင် သခင်ကြီးရဲ့ အကာအကွယ်အစွမ်းကို ထုတ်သုံးလို့ရတာဆိုတော့ .... ဒါ.. သခင်ကြီးရဲ့ အကာအကွယ်အစွမ်းက ဖိနှိပ်ခံထားရတဲ့ အတိုင်းအတာထက် ကျော်လွန်သွားပြီဆိုတဲ့ အဓိပ္ပါယ်ပဲ "

ပိုင်ရှောက်က အသံတုန်တုန်ဖြင့် ပြောလိုက်သည်။

ထိုစဥ်တွင် သူ လောထျန်းကြောင့် လုံးဝ တုန်လှုပ်နေပါ၏။

လောထျန်းသည် ထျန်းကန်မသေမျိုးရေစင် များစွာကို သောက်ထားသည့်တိုင် သေမသွားခဲ့ဘဲ ထိုသို့သော အကာအကွယ်အစွမ်းကိုပင် ထုတ်သုံးနေနိုင်သည် မဟုတ်ပါလား ...

တဖက်မှ လောထျန်းမှာလည်း သူ့စကားကို ကြားမှ သဘောပေါက်သွားဟန်တူသည်။

" ငါ အဲ့ကိစ္စကို မေ့နေတာ... မင်း သတိပေးလို့ တော်သေးတာပေါ့ ။ မင်းက စိတ်ကောင်းရှိတဲ့ နတ်ဆိုးပဲကွ "

လောထျန်း ပြောလိုက်သည်။

ပိုင်ရှောက် ဆွံ့အသွားရပါ၏။

ထိုစဥ် လောထျန်းက နောက်လှည့်၍ မေးလာသည်။

" မင်းဆီမှာ ထည့်စရာ ပုလင်းတွေ မရှိဘူးလား "

" ပုလင်း... သခင်ကြီးက. .. "

ပိုင်ရှောက်တစ်ယောက် နားမလည်သည့် မျက်နှာထား ဖြစ်သွားသည်။

လောထျန်းက ထျန်းကန်မသေမျိုးရေအိုင်ကို လက်ညိုးထိုးပြကာ ပြော၏။

" အဲ့ရေတွေကို ထည့်ပြီး သယ်သွားဖို့လေ "

ပိုင်ရှောက်မှာ ရင်ထဲနာကျင်သွားရသော်လည်း.. မငြင်းဝံ့သဖြင့် ကျောက်စိမ်းပုလင်းတစ်ခုကိုသာ တွန့်ဆုတ်စွာ ထုတ်ပေးလိုက်ရသည်။ ထို့နောက် လောထျ

န်းက လက်ကျန် ထျန်းကန်မသေမျိုးရေစင်များအား ပုလင်းထဲထည့်၍ သိမ်းလိုက်သည်ကို ရင်နာနာဖြင့် ကြည့်နေရပါ၏။

" အင်း... ဒီ လျှို့ဝှက်ဒေသထဲက သဘာဝရတနာတွေက ငါထင်ထားထက် ပိုကောင်းတာပဲ ၊ ငါ့ရဲ့အစွမ်းကိုတောင် တိုးအောင်လုပ်ပေးနိုင်တာဆိုတော့.. ။ ကဲ.. ဒါဆိုရင် ကျန်တဲ့ သဘာဝရတနာတွေ ရှိတဲ့ဆီကို ခေါ်သွားစမ်းကွာ "

လောထျန်းက ပိုက်ရှောက်ကိုကြည့်ကာ ပြောလိုက်သည်။

" ဟုတ်.. ဟုတ်ကဲ့ "

ပိုင်ရှောက်မှာ ရင်ထဲမှကြိတ်ပြီး အော်လိုက်ရသည့်တိုင် မည်သို့မှ မတတ်နိုင်ဘဲ သဘောတူလိုက်ရပါသည်။

ထို့နောက်.. သူ လောထျန်းအား ကျောပေါ်တင်၍ ထွက်လာခဲ့ပြီး.. မကြာခင်မှာပင် အလွန်အေးစက်နေသော နေရာတစ်ခုသို့ ရောက်လာခဲ့ကြသည်။

" ပိုင်ရှောက် .. မင်းက လူသားတစ်ယောက်ကို တကယ်ကြီး ခေါ်လာခဲ့တာပဲကွ ။ ငါ လူသားမစားရတာ ကြာနေတာနဲ့ အတော်ပဲကွာ ။ အဲ့လူသားကို တစ်ဝက်ဖြတ်ပြီး ငါ့ကိုပေးရင်... ငါ မင်းကို အဆုံးမဲ့ ရေခဲအနှစ် နည်းနည်း ပေးမယ် "

သူတို့နှစ်ယောက် ရောက်ရောက်ချင်းမှာပင် အောက်ဘက်မှ သားရဲကြီးတစ်ကောင်က ပိုင်ရှောက်အား အော်ပြောလာသည်ကို လောထျန်း ကြားလိုက်ရသည်။

ပိုင်ရှောက်မှာ ၎င်းကိုကြားပြီး မျက်နှာကြီး ဖြူရော်သွား၏။

" သခင်ကြီး... ကျုပ်... "

လက်ရှိတွင် သူ လောထျန်းနှင့် လုံးဝ ပြဿနာမတက်ချင်ပါ ။

လောထျန်း မျက်မှောင်ကြုံ့လိုက်သည်။

" သူက.. ငါ့ကို စားချင်တာ.. ဟုတ်လား "

လောထျန်း မေး၏။

ပိုင်ရှောက် ခေါင်းညိတ်ပြလိုက်ရသည်။

လောထျန်း မျက်မှောင်ကြုံ့နေရင်းဖြင့်ပင် သူ့နောက်ကျောမှ မသေမျိုးအစီအမံပုံကြမ်း လက်တစ်ဆုပ်စာကို ယူကာ အောက်သို့ ပစ်ချလိုက်သည်။

ဝုန်း....

ရေခဲသားရဲကြီး သေသွားပါတော့၏။

All Chapters