အခန်း (၁၀၅၉-၁၀၆၀)
Vol. 72 Ch. 1059-1060
Ch 1059
(ငါ့ကိုအသုံးချပြီး အတွေ့အကြုံ ယူနေတာလား)
“သေစမ်း” ခေါင်းကိုးလုံးသားရဲ ထိုတစ်လုံးသာ ရွတ်နိုင်တော့သည်။
ဗြိ…
လောထျန်း၏ ခြေဖဝါးကြီးက ခေါင်းကိုးလုံးသားရဲအပေါ် ရောက်လာခဲ့သည်။ သို့သော် ခေါင်းကိုးလုံးသားရဲကို သေတဲ့အထိ မဖြစ်စေခဲ့ပေ။ ခေါင်းကိုးလုံးသားရဲက မူရင်းပုံစံကို အမြန်စွန့်လွှတ်ပြီး အမဲရောင်ချီစွမ်းအင်အဖြစ် လျင်မြန်စွာ အသွင်ပြောင်းလိုက်သည့်အတွက် လွတ်မြောက်သွားခဲ့တာပင်။
“ဟမ်” လောထျန်း မျက်လုံးများ ကျဥ်းမြှောင်းလိုက်ကာ ခေါင်းကိုးလုံးသားရဲ၏ စိတ်စွမ်းအင်ပင်လယ်အတွင်းမှ အပြင် ထွက်လိုက်တော့သည်။
သူတို့နှစ်ဦး၏ တိုက်ပွဲရလဒ်က အပြင်လူများအတွက် မထင်သာခဲ့ပေ။
နမိတ်ဆိုးအသီးသီး၏ ဝင်ပူးခံထားရသော နတ်ဘုရားသားတော်များက မျက်နှာကို မော်ချီထားကြလေ၏။
“ဟဟ.. ဒီငတုံးက တကယ်ကြီး ငါတို့ခေါင်းဆောင်ကို အသိစိတ်ပင်လယ်ထဲမှာ တိုက်ခိုက်ဖို့ တွေးရဲတာပဲ”
“ ငါမပြောဘူးလား.. လူသားတွေက စောက်တုံးတွေပါဆိုနေ”
“ အဲ့လိုအမှိုက်ကောင်မျိုးသာ အသက်ရှင် နေသေးလို့ကတော့ ကောင်းကင်ကြီး ပြောင်းပြန်လှန်သွားလိမ့်မယ်”
လူတစ်ချို့၏ လှောင်ပြောင်စကားသံများကို ကြားသည်နှင့် လောရှောင်ရှောင်းက ဒေါသတကြီး ပြန်တုံ့ပြန်လိုက်သည်။
“ပါးစပ်ပိတ်ထားကြစမ်း.. ငါ့အကိုက ရှုံးစရာ အကြောင်းမရှိဘူး”
လောရှောင်ရှောင်း၏ စကားကို ကြားတော့ သူတို့တွေက အချင်းချင်း.လှည့်ကြည့်လိုက်ကြသည်။ ထို့နောက် ကျယ်လောင်စွာ ရယ်မောလေတော့၏။
“ မရှုံးဘူးဟုတ်လား.. မင်းက ဦးနှောက်မပါတာလား”
“ငါတို့ခေါင်းဆောင်.ဘယ်လောက် သန်မာလဲ မသိသေးဘူးနဲ့ တူပါတယ်.. မဟုတ်ရင် ဒါမျိုး စကားသံ ထွက်လာရဲမှာ မဟုတ်ဘူး”
လောရှောင်ရှောင်း၏ မျက်နှာက မဲမှောင်သွားပြီး အေးစက်စွာ ပြန်ပြောလိုက်သည်။
“ငါ့အကိုက အနိုင်မယူနိုင်တဲ့သူပဲ”
“အနိုင်မယူနိုင်တဲ့သူတဲ့ကွာ.. ဟားဟား”
အကုန်လုံးက ကျယ်လောင်စွာ လှောင်ပြောင် လိုက်ကြပြန်သည်။
“ အခုတော့ ခေါင်းမာနေအုံးပေါ့.. ခဏနေ မင်းရဲ့အကို ဘယ်လိုသနားစရာကောင်းအောင် သေသွားရလဲ ပြပေးမယ်”
ထိုထဲမှ တစ်ယောက်က ကောက်ကျစ်စွာ ပြုံးရင်း ပြောလိုက်သည်။
ထိုအချိန်မှာပဲ သခင်ကြီးကု၏ ခန္ဓာကိုယ်က အနည်းငယ် ပြောင်းလဲလာ၏။
အစောပိုင်းက ပြောနေသူက ချက်ချင်းပဲ မျက်လုံးများ တောက်ပသွားပြီး အမြန် ပြောလိုက်သည်။
“အိုး ဒီလောက်မြန်တယ်လား။ ဟဟ.. မင်းရဲ့အကိုက ငါတို့ထင်တာထက်ကို ပျော့တာပဲဟ”
နတ်ဘုရားသားတော်များက သခင်ကြီးကု အနီး သွားဖို့ ကြိုးစားလိုက်ကြသည်။
ထိုအချိန်မှာပဲ..
ဖြူး..
သခင်ကြီးကု၏ ခန္ဓာကိုယ်မှ အနက်ရောင်စွမ်းအင်များ စတင် ထွက်ပေါ် လာခဲ့သည်။
ထိုမြင်ကွင်းကြောင့် သူတို့တွေ အံ့သြသွားတော့သည်။
“ဟမ်.. ဒါဘာအခြေအနေလဲ”
“ဘာလို့.. အခုထိ စွမ်းအင်အငွေ့တွေ ထွက်နေရသေးတာလဲ”
သူတို့တွေ လေသံနိမ့်ဖြင့် ဆွေးနွေးလိုက်ကြသည်။
“ဟိုကောင်တွေ.. ဘာရပ်လုပ်နေကြတာလဲ။ ငါ့ကို မြန်မြန်လာကူကြစမ်း”
အနက်ရောင်စွမ်းအင်ကြားမှ အက်ရှသော အသံတစ်ခု ထွက်ပေါ်လာသည်။
“ဟမ်.. ခေါင်းကိုးလုံးနမိတ်ဆိုးလား”
“သခင်ခေါင်းကိုးလုံးနမိတ်ဆိုးလားဗျ”
ထိုအသံကို အတည်ပြုနိုင်သည်နှင့် သူတို့အားလုံး အပြေးသွားလိုက်ကြသည်။
“ဒါက.. သခင်ခေါင်းကိုးလုံးနမိတ်ဆိုးရဲ့ ဝိညာဥ်က တကယ်ကြီး ပြိုကွဲသွားခဲ့တာလား”
“ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ငါတို့ရဲ သခင်က ရှုံးသွားတာများလား”
“ဟုတ်တယ်.. မဟုတ်ရင် ဘယ်လိုလုပ် ဒီအခြေအနေ ရောက်နေမှာလဲ”
အနက်ရောင်စွမ်းအင်ကို သေချာစစ်ဆေးပြီးနောက်တွင် သူတို့တွေ ရှုတ်ထွေးသွားကြသည်။
ထိုအချိန်မှာပဲ ခေါင်းကိုးလုံးသားရဲက အေးစက်စက် ပြောလိုက်သည်။
“ရပ်ကြည့်နေတာရပ်ပြီး ငါ့ကို မြန်မြန် လာကူစမ်းပါ”
“ဟုတ်ကဲ့”
ချက်ချင်းပဲ သူတို့အားလုံး ပူးပေါင်းပြီး အစီအမံတစ်ခုကို အသက်သွင်းလိုက်သည်။
သူတို့အားလုံး၏ ခန္ဓာကိုယ်မှ နတ်ဘုရားတောအုပ်၏ သန့်စင်သောစွမ်းအင်များ ဆက်တိုက် ထွက်လာကာ အနက်ရောင်စွမ်းအင်ကို သက်သာလာစေရန် ပံ့ပိုးလိုက်ကြသည်။
ဝူး
ထိုအချိန်မှာ လောထျန်းလဲ အသိစိတ်ပင်လယ် အပြင်ကို ရောက်လာပြီးလေရာ.. ထိုမြင်ကွင်းကို ကြည့်နေရင်း လောထျန်း၏ မျက်လုံးထဲ အအေးဓာတ်တစ်ချို့ ဖြတ်ပြေး သွားသည်။
သူ၏ အကြည့်ကျရောက်သွားသည်နှင့် ထိုတစ်ဖွဲ့လုံး ကျောချမ်းသွားကြကာ မသိလိုက်ပဲ ခြေတစ်လှမ်းစီ အနောက်ဆုတ်လိုက်ကြသည်။ သူတို့၏ မျက်နှာက မထိန်းနိုင်စွာ ကြောက်လန့်လာတော့သည်။
ခေါင်းကိုးလုံးနမိတ်ဆိုးက ဘယ်လောက်တောင် သန်မာတဲ့ သတ္တဝါကြီးလဲ။
ထိုသို့သန်မာတဲ့ ခေါင်းကိုးလုံးသားရဲ၏ အသိစိတ်ပင်လယ်ထဲမှာ တိုက်ခိုက်ခဲ့ကြပြီး ခေါင်းကိုးလုံးသားရဲကပဲ ဝိညာဥ်ဖျက်ဆီးခံရပြီး သေမလို ဖြစ်သွားခဲ့ရသည်မလား..
သူတို့တွေ တိုက်ခိုက်လိုက်ကြရင် သူတို့ကော ဇာတ်သိမ်းကောင်းပါအုံးမလား..
“ဟမ်”
လောထျန်း ထိုအချိန်မှသာ အနက်ရောင်စွမ်းအင်ကို သတိထားမိပြီး မျက်မှောင်ကြုတ်လိုက်သည်။ ခေါင်းကိုးလုံးသားရဲက အခုထိ မသေသေးသည့်အတွက် သူအနည်းငယ်ပင် အံ့သြသွား၏။
ထိုအချိန်မှာပဲ ဒါလောင်မသေမျိုးဘုရင်က ရုတ်တရက် ရှင်းပြလာသည်။
“သခင်လေး လောထျန်း၊ ဒီနမိတ်ဆိုးက သတ်လို့မရဘူး။ သူ့ရဲ့ ဝိညာဥ်ပြိုကွဲသွားရင်တောင်မှ အသိစိတ် ကျန်နေသေးတယ်။ အချိန်တစ်ခုရောက်တာနဲ့ ဖြည်းဖြည်းချင်း ပြန်ကောင်းလာတာမလို့ အရင်က မသေမျိုးဧကရာဇ်သုံးပါးက သူ့ကို ပိတ်လှောင်ခဲ့ရတာ”
ထိုအချိန်မှ လောထျန်း သဘောပေါက်သွားသည်။
ဒီနတ်ဘုရားသစ်တော၏ နမိတ်ဆိုးက ဝှက်ဖဲတစ်ချို့ ရှိနေသေးတာပဲ။
ခေါင်းကိုးလုံးသားရဲ၏ ပြိုကွဲနေသော ဝိညာဥ်အသိစိတ်က ထိုအချိန်မှသာ အေးစက်စက် ရယ်မောရင်း ရန်စလာသည်။
“မင်းကငါ့ထက် ပိုသန်မာတာကော ဘာဖြစ်သလဲ။ ငါ့ဝိညာဥ်က ဘယ်လိုမှ ဖျက်ဆီးလို့မရနိုင်တဲ့ သဘာဝ ဝိညာဥ်ပဲ… မင်းငါ့ကို.ဘယ်လိုမှ မသတ်နိုင်ပါဘူးကွာ”
ခေါင်းကိုးလုံးသားရဲက လုံးဝကို ယုံကြည်ချက်များ ပြန်ရှိလာပြီဖြစ်သည်။
သို့သော် လောထျန်းက အဖက်မလုပ်စွာ ပြန်ပြောလိုက်ပါ၏။
“အဲ့တော့ ဘာဖြစ်သလဲ”
ပြောပြီးသည်နှင့် သူ၏လက်တစ်ဖက်ကို ဖြည်းဖြည်းချင်း အပေါ်မြှောက်လိုက်သည်။
ဝူး
လက်တစ်ဖက် အယမ်းမှာ ရောက်လာသော လေပြင်းတစ်ချက်က ခေါင်းကိုးလုံးသားရဲ၏ လက်ကျန်ဝိညာဥ်ကို ရိုက်ခတ်လိုက်သည်။
“ဟဟ.. အသုံးမဝင်ပါဘူးလို့ ငါပြော…”
ဖြန်း
ရိုက်ချက်အပြီးမှာပဲ ခေါင်းကိုးလုံးသားရဲ၏ လက်ကျန်ဝိညာဥ် အမဲရောင်စွမ်းအင်လုံးကြီးထဲက ကြီးမားသော အစိတ်အပိုင်းတစ်ခု လုံးဝ ပျောက်ကွယ်သွားသည်။
“ဘာ..ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ခေါင်းကိုးလုံးသားရဲ ထိတ်လန့်လာပြီပင်။
သူ၏.ဝိညာဥ်တစ်စိတ်တစ်ပိုင်း ဖျက်ဆီးခံလိုက်ရမှန်း သူခံစားလို့ရနေသည်။
လုံးဝကို အပြီးတိုင် ပျောက်ကွယ်သွားတာပင်…
ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
သူ့ကို ထိခိုက်စေနိုင်သည့် အစွမ်းမျိုး ဒီလောကမှာ တကယ်ကြီး ရှိနေနိုင်တာလား။
တစ်ဖက်က လောထျန်းက တွေးဆဆ ပြောလိုက်ပါ၏။
“မင်းက မသေနိုင်တာ မဟုတ်ပါဘူး.. ကြည့်ရတာ မဟာတာအိုမူလဖျက်ဆီးခြင်း အစွမ်းနဲ့ဆိုရင် မင်းကို ဖျက်ဆီးနိုင်တာပဲ”
“မင်းကို ဘယ်သူသင်ပေးတာလဲ။ ဘယ်လိုလုပ် ဒီလိုအစွမ်းမျိုး ရှိနေတာလဲ” ခေါင်းကိုးလုံးသားရဲ ထိတ်လန့်တကြား ပြောလိုက်သည်။
လောထျန်းက အဖြေမပေးပါချေ။ ထိုအစား ရင်ဘက်ပေါ် လက်ဖဝါးတစ်ဖက်တင်ပြီး အာရုံစိုက်ကာ ထွင်းစွာများ စတင်ရေးလိုက်သည်။
“ဟမ် မင်းဘာလုပ်နေတာလဲ”
လောထျန်း ဘာကြောင့် အခုမှ ထွင်းစာရေးနေလဲ နားမလည်ပေမဲ့ ခေါင်းကိုးလုံးသားရဲ ပိုမိုထိတ်လန့်လာတော့သည်။
ထိုအချိန်မှာပဲ
ဘိ
နတ်ဘုရားအလင်းတန်း တစ်ခုက သူ့အပေါ်တည့်တည့် ကျရောက်လာသည်။
နောက်တစ်စက္ကန့်မှာပဲ သူ၏ ဝိညာဥ်ကို တစ်နေရာထဲမှာ အတင်းအကျပ် စုဝေးစေလိုက်သည်။
ဒါက…ဘာဆက်လုပ်တော့မှာလဲ..
ခေါင်းကိုးလုံးသားရဲ အလွန်ကြောက်လန့် လာတော့သည်။
လောထျန်းသာ တကယ်ကြီး နတ်ဘုရားအလင်းတန်းကို အသုံးပြုခဲ့လျှင် သူ၏ ဝိညာဥ်ထဲက တစ်စိတ်တစ်ပိုင်း သေချာပေါက် ပျောက်ဆုံးသွားလိမ့်မည်။
သို့သော် ထိုအချိန်မှာပဲ လောထျန်းက ထွင်းစာရေးနေတာ ရပ်လိုက်လေ၏။
“ဟမ်.. ပြန်လည်မွေးဖွားခြင်းမန္တာန်ကလဲ မင်းအပေါ် အကျိုးသက်ရောက်သားပဲ” လောထျန်း တွေးဆဆ ပြောလိုက်ပြန်သည်။
ပြောပြီးနောက်မှာ လောထျန်းက အသက်ပြင်းပြင်းတစ်ချက် ရှုလိုက်သည်။
ဘိ
ခေါင်းကိုးလုံးသားရဲကို ဖမ်းချုပ်ထားသော နတ်ဘုရားအလင်းတန်း ပျောက်ကွယ်သွားလေသည်။
“ဟမ်..ဒါက” နတ်ဘုရားအလင်းတန်း ပျောက်ကွယ်သွားတာ မြင်သော်လည်း ခေါင်းကိုးလုံးသားရဲ စိတ်မအေးနိုင်ပဲ နောက်တစ်မျိုး ကျောချမ်းလာသလို ခံစားလိုက်ရသည်။
ဘိ..
ထိုအချိန်မှာပဲ လောထျန်း လက်ဖျောက်တစ်ချက် တီးလိုက်သည့်အတွက် အရှုတ်အထွေးနတ်ဘုရားအလင်းတန်း တစ်ခု ပေါ်လာပြီး ခေါင်းကိုးလုံးသားရဲ၏ လက်ကျန် ဝိညာဥ်ကို ဖောက်ထွက်လိုက်သည်။
အွတ်
ခေါင်းကိုးလုံးသားရဲ၏ ဝိညာဥ်က သိသာစွာ အားနည်းသွားသည်။
“အား”
ခဏကြာပြီးနောက်မှာ ခေါင်းကိုးလုံးသားရဲ၏ အလွန်စိတ်ပျက်နာကြည်းနေသော ငိုသံကြီး ထွက်ပေါ်လာတော့သည်။
“အရှုတ်အထွေးနတ်ဘုရားအလင်းတန်းကလဲ မင်းကို ထိခိုက်စေနိုင်တာပဲ” လောထျန်း နားလည်သွားဟန်ဖြင့် ခပ်တိုးတိုး ပြောလိုက်ပြန်သည်။
ထို့နောက်မှာ..
ဘုန်း
လောထျန်း၏ ခန္ဓာကိုယ်ကနေ အရှုတ်အထွေးနတ်ဘုရားအလင်းများ ထွက်ပေါ်လာကာ ဦးခေါင်းထိပ်မှာ စုဝေးသွားသည်။
အရှုတ်အထွေးမဟာတာအို အတွင်းမှာ အရှုတ်အထွေးလက်နက်ခြောက်ခုက ဝဲပျံနေရင်း ကြောက်မက်ဖွယ်အစွမ်းများ ထုတ်လွှတ်နေသည်။
လောထျန်း ပုံမှန်လို အကြည့်တစ်ချက် ပေးလိုက်ပြီး အိုးအကြီးကြီးကို ယူလိုက်ကာ ခေါင်းကိုးလုံးသားရဲဆီကို ပစ်လိုက်သည်။
ဒုန်း
ခေါင်းကိုးလုံးသားရဲ၏ လက်ကျန်ဝိညာဥ်က ထိုရိုက်ခတ်မှုမှာ အများကြီးထိခိုက်သွားသည်။
“မင်း..မင်းငါ့ကို စမ်းသပ်စရာအနေနဲ့ အသုံးပြုနေတာလား”
ခေါင်းကိုးလုံးသားရဲ ဒေါသတကြီး အော်ဟစ်လိုက်ပါတော့၏။
…….
Ch 1060
(အစီအမံဖျက်ဆီးခြင်း)
လောထျန်းသာ ဆန္ဒရှိလျှင် တိုက်ခိုက်မှုတစ်ခုတည်းနှင့် သူ၏ လက်ကျန်ဝိညာဥ်ကို.အပြီးတိုင် ရှင်းလင်းနိုင်မှန်း ခေါင်းကိုးလုံးသားရဲ သဘောပေါက်သွားပြီပင်။
သို့သော် လောထျန်းက အမြဲတမ်း တိုက်ခိုက်နေရင်း တစ်ဝက်မှာ ရပ်တန့်ခဲ့သည်။
သူ၏ ဝိညာဥ်တစ်စိတ်တစ်ပိုင်းကိုပဲ ဖျက်ဆီးချင်၍လား..
ဘာကြောင့်ရယ်မသိ၊ သေစေနိုင်သော တိုက်ကွက်မျိုး မထုတ်သုံးခဲ့ပေ။
လောထျန်းက မျက်တောင်တဖြတ်ဖြတ် ခတ်ရင်း မေးလိုက်သည်။
“ အော်.. မင်းက ရှုတ်နေတာလား။ ဘယ်လိုပဲဆိုဆို မင်းက နတ်ဘုရားတောအုပ်ရဲ့ နမိတ်ဆိုးပဲလေ၊ မင်းကိုစမ်းသပ်ပြီး နားလည်အောင်လုပ်ထားတာ မကောင်းဘူးလား”
ခေါင်းကိုးလုံးသားရဲတစ်ယောက် ပြောစရာ ပျောက်ဆုံးသွားလေ၏။
“ငါမင်းကိုစမ်းသပ်ခွင့် မပေးနိုင်ဘူးကွ” ခေါင်းကိုးလုံးသားရဲက အကျယ်ကြီး ကြိမ်းဝါးပြီးသည်နှင့် သူ၏ ဝိညာဥ်ကို.အဘက်ဘက် ပျံ့ကျဲစေလိုက်ပြီး ထွက်ပြေးဖို့ ကြိုးစားလိုက်သည်။
လောထျန်း မျက်မှောင်ကြုတ်သွားလေကာ
“မင်းကို ဘယ်သူက သွားခွင့်ပေးလို့လဲ”
ပြောပြီးသည်နှင့် လက်တစ်ဖက် ယမ်းလိုက်သည်။
ဖြန်း
လေဟာနယ်မှ ချိန်းကြိုးကြီးများ ထွက်လာကာ ခေါင်းကိုးလုံးသားရဲဆီ ရောက်လာလေသည်။
“ငတုံး.. ငါ့ရဲ့ဝိညာဥ်ကိုမင်းတို့ လူသားတွေနဲ့ တူမယ်ထင်နေလား။ မင်းတို့ရဲ့ချိန်းကြိုးလောက်နဲ့ ငါ့ဝိညာဥ်ကို…”
သို့သော် သူ၏ စကားမဆုံးခင်မှာပဲ
ဂျွတ်
အသံတစ်ချက်ထွက်ပေါ်လာပြီး ဝိညာဥ်အပိုင်း အားလုံး ထိန်းချုပ်ခံလိုက်ရသည်။
“ဘာ..ဒါက စည်းမျဥ်းချိန်းကြိုးလား။ မင်းက စည်းမျဥ်းချိန်းကြိုးကို အသုံးပြုနိုင်တယ်လား” ခေါင်းကိုးလုံးသားရဲက အထိတ်တလန့် ကြည့်လာခဲ့သည်။
စည်းမျဥ်းချိန်းကြိုးသည် လောက၏ နိယာမနှင့်အတူ မွေးဖွားလာသည်။
ဘယ်သူကမှ အသုံးမပြုနိုင်ခဲ့ကြပေ….
ဒါပေမဲ့ လောထျန်းက လိုသလို ထိန်းချုပ်နိုင်သည်တဲ့လား။
လောထျန်းက ဘာကောင်ကြီးလဲ။
ထိုအချိန်မှာပဲ ချုပ်နှောင်ခံထားရသော ခေါင်းကိုးလုံးသားရဲအနားကို လောထျန်း တစ်လှမ်းချင်း လျှောက်သွားကာ ပြောလိုက်သည်။
“မလောပါနဲ့.. ငါ့မှာ တစ်ခြားစမ်းစရာတွေ ကျန်သေးတယ်”
ပြောပြီးသည်နှင့် လောထျန်း ထပ်မံတိုက်ခိုက်လိုက်သည်။
“စိတ်ဝိညာဥ်ဖိနှိပ်လက်သည်း”
“အား”
“စိတ်ဝိညာဥ်ပိတ်လှောင်ရေးဗုံ”
“အား”
“ကောင်းကင်ဘုံတာအိုဓားသိုင်း”
“အား”
“ကောင်းကင်ဘုံတာအိုလက်ဝါး”
“အား”
လောထျန်း၏ တိုက်ချက်တစ်ခုအပြီးတိုင်မှာ ခေါင်းကိုးလုံးသားရဲ၏ ဝိညာဥ်တစ်စိတ်တစ်ပိုင်း ပျက်ဆီးမှုနှင့်အတူ ကပ်ပါလာသော အော်သံကျယ်ကြီးကို ကြားရပေမည်။
အနားရှိ ကျန်သော နမိတ်ဆိုးများ တုတ်တုတ်ပင် မလှုပ်ရဲတော့ပဲ နေရာမှာတင် တုန်ယင်နေကြလေ၏။
လောထျန်း၏ တိုက်ကွက် ဆယ့်နှစ်ခုကျော်မှာ ခေါင်းကိုးလုံးသားရဲ၏.ဝိညာဥ်သည်လည်း အကန့်အသတ်ကို ရောက်လာခဲ့သည်။
လောထျန်း.လက်ပိုက်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
“မင်းက အဲ့လောက်လဲ မဟုတ်ပါလား၊ ပြောတော့ မသေနိုင်ဘူးဆို.. ငါ့ရဲ့ ဘယ်တိုက်ကွက်က မင်းကို မထိခိုက်စေလို့လဲ”
လောထျန်း အထင်သေးစွာ ကြည့်လိုက်သည်။
ခေါင်းကိုးလုံးသားရဲ ခဗျာ ဒေါသနှင့် အရှက်ရမှုကို သည်းမခံနိုင်တော့သည့်အဆုံး တကယ် သေဆုံးချင်လာတော့သည်။
သူ၏ တစ်ဘဝလုံး အခုလိုအရှက်ခွဲ မခံရဖူးဘူး။
လွန်ခဲ့သော အတိတ်က မသေမျိုးဧကရာဇ်ငါးပါး သူ့ကိုပူးပေါင်း တိုက်ခိုက်ခဲ့ကြပြီး သူ၏ဝိညာဥ်ကို ပိတ်လှောင်ခံလိုက်ရသည့်တိုင်အောင် မသေမျိုးဧကရာဇ်နှစ်ယောက်ကိုပါ အပါဆွဲခေါ်နိုင်ခဲ့သည်။
ထို့ကြောင့် သူ့ဘက်က အနိုင်ခဲ့ရသည်ဟူ၍ပင် ဆိုနိုင်ပါ၏။
သို့ပေမဲ့ ယနေ့မှာ လောထျန်း၏ လက်ထဲ ရှုံးနိမ့်ခံရရုံသာမက၊ အမျိုးမျိုးစမ်းသပ်ခံနေရသည်။
သူ ဘယ်လိုလုပ် စိတ်မပျက်ဘဲ နေမည်နည်း။.
သူ ဘယ်လိုလုပ် တောင့်ခံရမည်နည်း။
“မင်း.. မင်းက ငါ့ရဲ့မပြည့်စုံတဲ့ အခြေအနေကို အခွင့်ကောင်းယူပြီး အနိုင်ကျင့်ခဲ့တာပဲ။ ငါ့ရဲ့ ပင်မခန္ဓာကိုယ်သာ ရောက်လာလို့ကတော့ ငါမင်းကို အေးဆေး.သတ်ပစ်လို့ရတယ်”
ခေါင်းကိုးလုံးသားရဲက ကြမ်းတမ်းစွာ ဆိုလိုက်သည်။
လောထျန်း မျက်မှောင်ကြုတ်သွားလေကာ
“အဲ့လိုလား.. ကောင်းပြီလေ”
လောထျန်း ချက်ချင်းပဲ ဒါလောင်မသေမျိုးဘုရင်ကြီးရှိရာ လမ်းလျှောက်သွားလိုက်သည်။
“သခင်လေးလောထျန်း၊ ဘာ..ဘာလုပ်မလို့ပါလဲ”
အဝေးမှ ဒါလောင်မသေမျိုးဘုရင်ကြီး တစ်ယောက် လောထျန်း၏ မျက်နှာကိုကြည့်ပြီး လန့်လာပြီပင်။
လောထျန်းက အနောက်က ကျောက်စာတိုင်ကြီးသုံးခုကို လှည့်ကြည့်လိုက်သည်။
“ အစီအမံကို ချိုးဖျက်မယ်”
“မဖြစ်ဘူး” ဒါလောင်မသေမျိုးဘုရင်ကြီး သေလောက်အောင် ကြောက်သွားဟန်ပင်။
လောထျန်းက လှည့်ကြည့်ပြီး မေးလိုက်သည်။
“ဘာလို့လဲ”
ဒါလောင်မသေမျိုးဘုရင်ကြီးက ကတုန်ကယင် ပြောလာသည်။
“ သခင်လေးလောထျန်း၊ အစီအမံကို ဖျက်လိုက်ရင် အဲ့ကောင်ကြီး လွတ်လာလိမ့်မယ်”
လောထျန်းက မျက်တောင်တဖြတ်ဖြတ် ခတ်လိုက်ပါသည်။
“အဲ့တော့ ဘာဖြစ်သလဲ”
“အာ…”
ဒါလောင်မသေမျိုးဘုရင်ကြီး အနည်းငယ် ပြောစရာ ပျောက်သွားသည်။
ထို့နောက်မှာ လောထျန်းလက်ချက်ကြောင့် အမှုန့်ဖြစ်လုနီးပါး ဖြစ်နေသော ခေါင်းကိုးလုံးသားရဲကို လှည်ကြည့်လိုက်သည်။ ပြီး ခေါင်းကိုသာ တဗြင်းဗြင်း ကုတ်လိုက်တော့၏။
အဲ့ဒီကောင်ကြီး ရောက်လာရင်ကော ဘာဆက်ဖြစ်မှာလဲ..
ထိုအချိန်မှာ လောထျန်းက ပြောလိုက်သည်။
“ သခင်ကြီးကု ကို မကယ်ချင်ဘူးလား”
“ဟမ်” ဒါလောင်မသေမျိုးဘုရင်ကြီး ချက်ချင်း မော့ကြည့်လာခဲ့သည်။
လောထျန်း ခြေတစ်လှမ်းတိုးလိုက်ကာ ပြောလိုက်သည်။
“သခင်ကြီးကုရဲ့ ဝိညာဥ်က ကျောက်စာတိုင်ထဲ ပိတ်မိနေတာလေ၊ အစီအမံကို မဖျက်ဆီးရင် သူ့ကို ဘယ်လိုလွှတ်ပေးမှာလဲ”
ဒါလောင်မသေမျိုးဘုရင်ကြီး နောက်ဆုံးတော့ အနည်းငယ်.နားဝင်လာလေပြီ..
သို့သော် မျက်မှောင်ကြုတ်ဖြင့် ပြောလိုက်၏။
“ဒါပေမဲ့ အစီအမံကို ကွယ်လွန်သွားတဲ့ မသေမျိုးဧကရာဇ်ကြီးသုံးပါး ဖန်တီးခဲ့တာပဲ၊ အခုအားနည်းနေရင်တောင်မှ ချိုးဖောက်ဖို့ လွယ်မှာမဟုတ်ဘူး”
သို့သော် သူ၏ စကားမဆုံးခင်မှာပဲ လောထျန်း လက်တစ်ဖက်မြှောက်ပြီး ကောင်းကင်ဘုံတာအိုလက်ဝါးကို အသက်သွင်းတာ.မြင်လိုက်ရသည်။
ဘုန်း
ဘုန်း
ရွှေရောင်လက်ဝါးကြီး နှစ်ဖက်က ကျောက်တုံးကို နှစ်ဖက်ညှပ်ကိုင်လိုက်ပြီး အနည်းငယ် လှုပ်ယမ်းလိုက်သည်။
ဝူး..ဝူး
ချက်ချင်းပဲ မြေကြီးမှ ဆွဲနှုတ်ခံလိုက်ရသော.ကျောက်တုံးကြီးကို ဟိုးအဝေးတစ်နေရာအထိ လွှင့်ပစ်လိုက်လေ၏။
“ဘာ” ဒါလောင်မသေမျိုးဘုရင်ကြီးနှင့် ခေါင်းကိုးလုံးသားရဲဆီမှ တအံ့တသြ ရေရွတ်သံများ တပြိုင်နက်ထဲ ထွက်ပေါ်လာခဲ့သည်။
အစီအမံကို ဖျက်ဆီးရတာ ဒီလောက်လွယ်တယ်လား။
လောထျန်း နောက်တစ်ကြိမ် ထပ်တိုက်ခိုက်လိုက်သည်။
ဘုန်း
ကျယ်လောင်သော ရိုက်ချက်ဖြင့် တင်းကျပ်စွာ ပိတ်ထားသော.မဟာအုတ်ဂူအဖုံးက ပွင့်သွားခဲ့သည်။
ဘုန်း
မဟာအုတ်ဂူအောက်ကနေ သန့်စင်သော.ချီစွမ်းအင် အလုံးလိုက်ကြီး.ချက်ချင်းပဲ ထိုးတက်လာ၏။
ချီစွမ်းအင်အလုံးလိုက်ကြီးက တဖြည်းဖြည်းနှင့် ခေါင်းကိုးလုံးသားရဲ၏.အသွင်အဖြစ် စုဝေးသွားသည်။
လောထျန်း ဖိနှိပ်ထားသော လက်ကျန်ဝိညာဥ်၏ သေးငယ်သော.အပိုင်းစ လေးကလည်း ထိုပုံရိပ်မှာ ပေါင်းစည်းလိုက်သည်။
“တကယ်ကြီး လွတ်လာပြီပဲ” ဒါလောင်မသေမျိုးဘုရင်ကြီး တုန်ယင်စွာ ပြောလိုက်လေသည်။
လောထျန်းကို အတူခေါ်လာမိတာ..မှန်လား၊ မှားလား သူ မသိတော့ပါချေ။
“ သခင်ခေါင်းကိုးလုံးနမိတ်ဆိုး”
ထိုမြင်ကွင်းကိုမြင်သည်နှင့် ကျန်နမိတ်ဆိုးများက ချက်ချင်း ဒူးထောက် အရိုအသေပြုကြသည်။
ခေါင်းကိုးလုံးသားရဲက နတ်ဘုရားတောအုပ်အတွင်းမှာ ဧရာမ သားရဲကြီးတစ်ကောင်ပဲ။
ပုံမှန်အချိန်မှာ ခေါင်းကိုးလုံးသားရဲသာ လွတ်လာခဲ့လျှင် ဒေသကိုးခုလုံးအပြီးတိုင် မပျက်ဆီးလျှင်တောင်မှ နှစ်ပေါင်းသိန်းချီ ကြာတဲ့အထိ နလန်ထူနိုင်တော့မှာ မဟုတ်ဘူး။
သို့သော် ခေါင်းကိုးလုံးသားရဲ၏ ယနေ့လွတ်မြောက်လာသော.ဖြစ်စဥ်က အနည်းငယ်.ကသိကအောက် ဖြစ်နေခဲ့သည်။
ခေါင်းကိုးလုံးသားရဲ ကြီးက အမြှီးနှံ့နေသော ခွေးတစ်ကောင်လို လောထျန်းကို သတိထားကြည့်နေပြီး.ဘာလုပ်ရမလဲ မသိတော့ဟန်ပဲ။
ဤလူသားက တကယ်ကို သန်မာလွန်းနေသည်
အစောပိုင်းက သူ၏ လက်ကျန်ဝိညာဥ်နှင့် ယှဥ်လိုက်လျှင် အခုစွမ်းအင်အပြည့် ပြန်ရသွားသည့် သူ၏ ပုံစံအစစ်က အများကြီး ပိုသန်မာလာတာ သိသာပါသည်။
သို့သော် လောထျန်း၏ အစီအမံကို ချိုးဖျက်လိုက်ပုံက သူ့ကို တကယ်ကြောက်ရွံ့စေခဲ့သည်။
ထိုအစီအမံက သူ အင်အားအပြည့်သုံးတာတောင်မှ မဖျက်ဆီးနိုင်ခဲ့ဘူး။
သို့သော် တစ်ဖက်လူက လက်တစ်ဖက်လှုပ်ရုံနှင့် ဖျက်ဆီးလိုက်သည်..
လောထျန်း၏ သန်မာမှုက သူတွေးထားတာထက် အများကြီး ပိုသန်မာနေတာ သိသာပါ၏။
ဒီလိုပြိုင်ဘက်ကို သူတကယ် အနိုင်မယူနိုင်ဘူး။
ဝူး
ထိုအချိန်မှာပဲ လောထျန်းက ရှေ့တစ်လှမ်း တိုးလိုက်သည်။
ဒုန်း
လောထျန်း ခြေတစ်လှမ်းတိုးတာ မြင်သည်နှင့် ခေါင်းကိုးလုံးသားရဲ ချက်ချင်းကို လန့်ဖြန့်ပြီး မီတာတစ်ရာလောက် ခုန်ပြေးလေ၏။
“မင်း.. မင်းအနားမလာနဲ့နော်၊ ငါ..ငါသူ့ကိုသတ်ပစ်မှာ” သားရဲလက်သည်းကြီး တယမ်းယမ်းဖြင့် ခေါင်းကိုးလုံးသားရဲက အော်ဟစ်နေသည်။
သူ၏.လက်အတွင်းမှာ အဖြူရောင်စွမ်းအင် ဘောလုံးတစ်ခုကို ကိုင်ထားသည်။ ထိုဘောလုံးအတွင်းမှ သခင်ကြီးကု၏.ပုံစံကို ဖျော့တော့စွာ မြင်နေရ၏။
“သခင်ကြီးကု..” ဒါလောင်မသေမျိုးဘုရင်ကြီး အံ့သြတကြီး ရေရွတ်လိုက်သည်။
တစ်ဖက်က ခေါင်းကိုးလုံးသားရဲ၏ လက်အတွင်းရှိ သခင်ကြီးကုက စူးရှစွာ အော်ဟစ်လိုက်လေ၏။
“ကျုပ်ကို စိတ်ထဲမထားနဲ့၊ သူ့ကိုမြန်မြန်သတ်”
ခေါင်းကိုးလုံးသားရဲ၏ မျက်လုံးက ချက်ချင်း စူးရဲသွားပြီး လက်နှစ်ဖက်နှင့် အဖြူရောင်စွမ်းအင်လုံးကို.ညှစ်ချလိုက်ကာ ကြောက်စရာကောင်းအောင် ပြန်အော်လိုက်သည်။
“ပါးစပ်ပိတ်ထားစမ်း”