← Chapters

Chapter 1038 The Commonplace Chaotic Body

Vol. 71 Ch. 1038

Chapter 1038 The Commonplace Chaotic Body

Vol. 71 Ch. 1038

ဘေးနားတွင် ရပ်နေသော မူလစိတ်ဝိညာဉ်ကလေးမှာ လုံးဝ ထိတ်လန့်တုန်လှုပ်သွားရပါသည်။

"အပြည့်အဝ... အားလုံး ပြန်ကောင်းသွားပြီ ဟုတ်လား။ ဒါနောက်နေတာပဲ ဖြစ်ရမယ်"

သူ လောထျန်းအား အံ့ဩတကြီး ကြည့်လိုက်မိ၏။

နတ်ဘုရားထွင်းစာများစွာကို တစ်ထိုင်တည်း ရေးရန်အတွက် လောထျန်း အသုံးပြုခဲ့ရသည့် စိတ်ဝိညာဉ်အစွမ်း ပမာဏက အလွန်ကြီးမားမည်မှာ သံသယဝင်ဖွယ် မရှိပေ။

ထို့အပြင် စိတ်ဝိညာဉ်အစွမ်းကို ပြန်လည်ဖြည့်တင်းရန်မှာလည်း အလွန်ခက်ခဲလှပါသည်။

ယခု လောထျန်းက ဘယ်လိုလုပ်ပြီး ဒီလောက်အထိ မြန်မြန်ဆန်ဆန် ပြန်ကောင်းသွားရပါသလဲ။

ထိုစဉ်မှာပင်...

ဝီ

လောထျန်းက ထိုနေရာ၌ပင် နတ်ဘုရားထွင်းစာများကို နောက်တစ်ကြိမ် စတင်ရေးသားနေပြန်၏။

ထို့အပြင် သူ ထွင်းစာများ ရေးသည့်အရှိန်မှာလည်း ယခင်ထက်ပင် မြန်ဆန်လာပုံရပါသည်။

"ဒါက..."

ဤတစ်ကြိမ်တွင်ကား မူလစိတ်ဝိညာဉ်ကလေးမှာ မယုံ၍ မရတော့ပါချေ။

ဤသို့ဖြင့် တခဏအကြာမှာပင် လောထျန်းတစ်ယောက် အရှုပ်အထွေး နတ်ဘုရားထွင်းစာ ရာပေါင်းများစွာကို ရေးပြီးသွားပြန်ပါသည်။

နတ်ဘုရားထွင်းစာများ များလာသည်နှင့်အမျှ မူလမသေမျိုးလက်နက်များ၏ အစွမ်းမှာလည်း သိသိသာသာပင် တိုးလာခဲ့၏။

"အင်း... မဆိုးဘူးပဲ"

လောထျန်း အသာအယာ ပြုံးရင်း ပြောလိုက်သည်။

ထိုအချိန်တွင် အရှုပ်အထွေး ဓားစိတ်ဆန္ဒကို သန့်စင်နေသော လောရုံတစ်ယောက် လောထျန်းအနားသို့ ရောက်လာပြီး ပြော၏။

"အစ်ကိုထျန်း... ဒီလက်နက်တွေက ဘယ်လိုဖြစ်တာလဲ။ သူတို့ရဲ့ အစွမ်းတွေ ထပ်ပြီး တိုးလာသလို ကျုပ် ခံစားနေရတယ်"

လောထျန်းက သူ့ကိုကြည့်ပြီး အပြုံးဖြင့် ပြန်ပြောပါသည်။

"စမ်းကြည့်လိုက်ပါလား"

လောရုံက ချက်ချင်းပင် ခေါင်းညိတ်ပြကာ သူ့ မသေမျိုးလက်နက်ကို ဆုပ်ကိုင်လိုက်၏။

ထိုအချိန်မှာပင် ...

ဝီ

လောရုံ၏ လက်ထဲရှိ အရှုပ်အထွေး ဓားစိတ်ဆန္ဒများမှာ အလွန်မြန်ဆန်သော အရှိန်ဖြင့် သန့်စင်ခြင်း ခံလိုက်ရကာ ခဏအတွင်းမှာပင် ထိုအရာများအားလုံး လုံးဝ ပျောက်ကွယ်သွားတော့၏။

တစ်ချိန်တည်းမှာပင်...

ဝုန်း

အားပြင်းလှသော အရှုပ်အထွေးအစွမ်းတစ်ခု လောရုံ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည်။

"ဟင်? အရှုပ်အထွေးခန္ဓာကိုယ် ... မင်းက အရှုပ်အထွေးခန္ဓာကိုယ်အဆင့်ကို ရောက်သွားတာလား"

"မဖြစ်နိုင်တာ! ဘယ်လိုလုပ်ပြီး ဒီလောက်မြန်မြန် သန့်စင်လိုက်တာလဲ။ ငါ့မှာတော့ အရှုပ်အထွေး ဓားစိတ်ဆန္ဒရဲ့ အစအနလေးတောင် မသန့်စင်ရသေးဘူး"

အားလုံးက လောရုံအား အံ့ဩတကြီး စိုက်ကြည့်လိုက်ကြသည်။

ထိုစဉ် လောရုံကိုယ်တိုင်မှာလည်း လုံးဝ နားမလည်နိုင်ဘဲ အူကြောင်ကြောင် ဖြစ်နေရှာ၏။

သူ ဗလာဖြစ်နေသော သူ့လက်သူ ပြန်ကြည့်ကာ အံ့ဩတကြီး ပြောလိုက်သည်။

"ကျုပ်လည်း မသိဘူး။ ကျုပ် တွက်ထားတဲ့အတိုင်းဆိုရင် ဒီဓားစိတ်ဆန္ဒကို အပြည့်အဝ သန့်စင်ဖို့ အနည်းဆုံး နှစ်အနည်းငယ် ကြာရမှာ။ ဒါပေမဲ့ ဘာလို့..."

သူကိုယ်တိုင်လည်း အခြေအနေကို နားမလည်နိုင်ပါချေ။

သို့သော် ထိုအချိန်တွင် မူလဝိညာဉ်ကလေးက ချောင်းဟန့်လိုက်ပြီး ပြောလာ၏။

"မင်း ဒီလောက်မြန်မြန် သန့်စင်နိုင်တာက အရှုပ်အထွေး နတ်ဘုရားထွင်းစာကြောင့်ပဲ"

"ဟင်?"

ထိုစကားကို ကြားရသည်နှင့် အားလုံးက သူ့ဘက် လှည့်ကြည့်လိုက်ကြသည်။

မူလဝိညာဉ်ကလေးက ဆက်ပြော၏။

"အရှုပ်အထွေး နတ်ဘုရားထွင်းစာရဲ့ ထူးခြားချက်တစ်ခုက အရှုပ်အထွေးအစွမ်း သန့်စင်မှုကို မြန်ဆန်စေပြီးတော့ အရှုပ်အထွေးခန္ဓာကိုယ်အဖြစ် ရောက်နိုင်မယ့် အောင်မြင်မှုနှုန်းကို အများကြီး တိုးတက်စေတာပဲ"

၎င်းကို ကြားသောအခါ လောထျန်းက အံ့ဩတကြီး ရေရွတ်ပါသည်။

"တကယ်ကြီး အဲ့ဒီလို အစွမ်းမျိုး ရှိတာလား"

သူက ပြောပြောဆိုဆိုပင် လူအုပ်ကြီးဘက် တစ်ဆက်တည်း လှမ်းပြောလိုက်၏။

"လာကြ၊ လက်နက်တွေကို ပြန်ယူပြီး အရှုပ်အထွေးအစွမ်းတွေကို သန့်စင်ကြတော့"

"ကောင်းပါပြီ!"

"ဟုတ်ကဲ့ပါ!"

အားလုံးက သူတို့၏ မသေမျိုးလက်နက်များကို ပြန်ယူလိုက်ကြပြီး အရှုပ်အထွေးသတ္တုရိုင်းနှင့် အရှုပ်အထွေး ဓားစိတ်ဆန္ဒများအား စတင်သန့်စင်လိုက်ကြပါတော့သည်။

ခဏအကြာတွင်မူ...

ဝီ! ဝီ! ဝီ! ဝီ...

ပေါက်ကွဲသံများ အစီအရီ ထွက်ပေါ်လာကာ သူတို့ထံမှ အရှုပ်အထွေး နတ်ဘုရားအလင်းတန်းများ ဖြာထွက်လာ၏။

တစ်ခဏအတွင်းမှာပင် အရှုပ်အထွေး နတ်ဘုရားမြို့တော်တစ်ခုလုံးလည်း မီးရှူးမီးပန်းများ လွှတ်တင်ထားသကဲ့သို့ တောက်ပသွားတော့သည်။

"ဝါး! ငါ အရှုပ်အထွေးခန္ဓာကိုယ်အဆင့်ကို ရောက်သွားပြီ!"

"အရှုပ်အထွေးခန္ဓာကိုယ် ၊ ငါလည်း အရှုပ်အထွေးခန္ဓာကိုယ် ဖြစ်သွားပြီပဲ..."

"ဒါ အခြေခံခန္ဓာကိုယ် သုံးမျိုးထဲက တစ်ခုဖြစ်တဲ့ အရှုပ်အထွေးခန္ဓာကိုယ်ပေါ့၊ တကယ့်ကို အစွမ်းထက်တဲ့ ခန္ဓာကိုယ်ပဲ!"

အားလုံးက အံ့ဩတကြီး ရေရွတ်လိုက်ကြသည်။

မျက်စိတစ်မှိတ်ခန့် အချိန်အတွင်း အရှုပ်အထွေးခန္ဓာကိုယ် ပိုင်ဆိုင်သူ အရေအတွက်မှာ တစ်ထောင်နီးပါးအထိပင် ရှိလာခဲ့ပြီ ဖြစ်ပါ၏။

မူလစိတ်ဝိညာဉ်ကလေးမှာ ထိုမြင်ကွင်းကို ကြည့်ရင်း သူ့မျက်လုံးများသူပင် မယုံကြည်နိုင် ဖြစ်နေပါတော့သည်။

"ဒါ... အရှုပ်အထွေးခန္ဓာကိုယ်က... အခုတော့ သာမန်အရာတစ်ခုလို ဖြစ်သွားပြီလား"

သူ တီးတိုး ရေရွတ်မိလိုက်သည်။

အခြားတစ်ဖက်မှ လောထျန်းမှာကား သူ့ရှေ့ရှိ အရှုပ်အထွေးခန္ဓာကိုယ် ပိုင်ရှင်များကို ကြည့်ကာ ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။

"ဟုတ်ပြီ၊ ဒီတစ်ခေါက်က တကယ်ကို ကျေနပ်စရာကောင်းတာပဲ။"

သူ အပြုံးဖြင့် ဆိုလိုက်သည်။

ထိုအချိန်တွင် လောထျန်း၏ နောက်ကွယ်ရှိ အရှုပ်အထွေးမြို့တော် တံခါးစောင့်က ရုတ်တရက် ခေါင်းကို စောင်းလိုက်ပြီး ပြုံးလျက် ဆိုသည်။

"အရှုပ်အထွေးခန္ဓာကိုယ်တွေ... အများကြီးပဲ"

ထိုသို့ ပြောလိုက်သည်နှင့် သူ့ အရောင်အဝါမှာလည်း တစ်ဖန် ပြန်ကျသွား‌ပါသည်။

"ဟင်? ကျိုးလေး?"

မူလစိတ်ဝိညာဉ်ကလေး ထိုမြင်ကွင်းကို မြင်သောအခါ အနည်းငယ် မျက်နှာပျက်သွား၏။

လောထျန်းက တံခါးစောင့်ဘက် လှည့်ကြည့်ပြီး မျက်မှောင်ကြုံ့၍ မေးလိုက်သည်။

"ဘာဖြစ်တာလဲ"

မူလစိတ်ဝိညာဉ်ကလေးက စိတ်မကောင်းဖြစ်နေသည့် မျက်နှာထားဖြင့် ပြန်ပြောရှာ၏။

"သူ့ရဲ့ အသက်အစွမ်းက ပျက်စီးသွားခဲ့တာ ကြာပါပြီဗျာ။ စိတ်ဓာတ်မာလွန်းလို့သာ သူ ဒီလောက်ထိ သည်းခံနေနိုင်ခဲ့တာ။ အခု အရှုပ်အထွေးခန္ဓာကိုယ်တွေ အများကြီး ပေါ်လာတာကို မြင်လိုက်ရတော့ သူ ဖြစ်ချင်တဲ့ ဆန္ဒ ပြည့်သွားပြီလေ..."

တံခါးစောင့်က မူလစိတ်ဝိညာဉ်ကလေးကို လှည့်ကြည့်ကာ အားတင်း၍ ပြုံးပြပြီး ဆိုသည်။

"ငါ... ငါ့တာဝန် ပြီးပြီ၊ အခုတော့ သူ့ဆီကို ငါ သွားလို့ရပြီ..."

ထိုသို့ ပြောပြီးသည်နှင့် သူ့ခန္ဓာကိုယ်က မရေမတွက်နိုင်သော အလင်းစက်ကလေးများအဖြစ် ပြောင်းလဲသွားကာ နေရာမှ ပျောက်ကွယ်သွားပါတော့သည်။

မူလစိတ်ဝိညာဉ်ကလေးမှာ ထိုအလင်းစက်လေးများ တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားသည်ကို ငေးကြည့်နေပြီး ...

နောက်ဆုံး အလင်းစက်ကလေး ပျောက်ကွယ်သွားချိန်မှ အကြည့်လွှဲကာ အောင့်သက်သက်ပြုံးပါသည်။

"တကယ့် ငတုံးပဲကွာ"

တစ်ချိန်တည်းမှာပင် လောထျန်းကလည်း တံခါးစောင့် ပျောက်ကွယ်သွားသည့် ဘက်သို့ မျက်လုံးများကို ကျဉ်းမြောင်းကာ ကြည့်ရင်း ပြောလိုက်၏။

"အေးအေးချမ်းချမ်း သွားပါတော့၊ ငါ မင်းအတွက် လက်စားချေပေးပါ့မယ်"

သူ့စကားကို ကြားချိန်တွင်မူ ဘေးတွင် ရပ်နေသည့် မူလစိတ်ဝိညာဉ်ကလေးမှာ လောထျန်းဘက်သို့ လှည့်မကြည့်ဘဲ မနေနိုင်တော့ပါချေ။

သူ အတော်ကြာအောင် တိတ်ဆိတ်နေပြီးမှ နောက်ဆုံး စကားစလာပါသည်။

"သခင်လေး ... ကျုပ်... သခင်လေး နောက်ကို လိုက်လို့ရမလား"

လောထျန်း အနည်းငယ် အံ့ဩသွားသော်လည်း ခေါင်းညိတ်ပြကာ

"မင်း သဘောပဲလေ"

ဟု ပြောလိုက်ပါ၏။

မူလစိတ်ဝိညာဉ်ကလေး၏ မျက်လုံးများ ဝင်းခနဲ ဖြစ်သွားကာ လောထျန်းရှေ့တွင် ဒူးတစ်ဖက်ထောက်၍ ဦးညွှတ်လိုက်သည်။

"ကျုပ် ယွဲ့ဝူဖုန်း၊ မူလရင်းမြစ်ဝိညာဉ်နယ်မြေရဲ့ မူလစိတ်ဝိညာဉ်က သခင်ကြီးလောထျန်းကို ဂါရဝပြုပါတယ်!"

တစ်ဖက်လူ၏ အမည်မှာ ယွဲ့ဝူဖုန်း ဖြစ်ကြောင်းကို လောထျန်း ယခုမှပင် သိလိုက်ရတော့၏။

"ထပါ"

လောထျန်း တည်ငြိမ်စွာ ပြောလိုက်သည်။

ယွဲ့ဝူဖုန်း ထရပ်လိုက်ပြီး လောထျန်းကို ကြည့်ကာ မေး၏။

"သခင်ကြီး... နောက်ထပ် ဘာတွေ လုပ်ဖို့ အစီအစဉ် ရှိပါသလဲ"

လောထျန်းက အေးဆေးစွာပင် ပြန်ပြောသည်။

"ငါ ပြီးရင်တော့ ပြန်ဖို့ စဉ်းစားထားတယ်။ ဒီ အရှုပ်အထွေး နတ်ဘုရားမြို့တော်ကိုရော ငါနဲ့အတူ ယူသွားလို့ ရမလား"

ယွဲ့ဝူဖုန်း ခဏမျှ ငြိမ်သွားပြီးမှ ခေါင်းညိတ်ပြကာ ပြောလိုက်၏။

"ရတာပေါ့! သခင်ကြီးက ဒီမြို့တော်ရဲ့ သခင် ဖြစ်နေပြီဆိုတော့ ဒါကို အေးအေးဆေးဆေး ယူသွားလို့ ရတာပေါ့။ နည်းနည်းတော့ လက်ဝင်တာပေါ့လေ"

၎င်းကို ကြားသောအခါ လောထျန်း ခေါင်းညိတ်လိုက်ပြီး လက်ကွက်တစ်ခု ပုံဖော်လိုက်ပါသည်။

ဂျိန်း

တစ်ချိန်တည်းမှာပင် အရှုပ်အထွေး နတ်ဘုရားမြို့တော်တစ်ခုလုံး ကောင်းကင်ယံသို့ ဖြည်းညှင်းစွာ မြင့်တက်လာတော့၏...

ထိုအချိန်တွင် ထျန့်ကျီတောင်ဘက်၌...

ထျန့်ကျီတောင် တားမြစ်နယ်မြေ၏ အပြင်ဘက်အစွန်းနားလေးရှိ အပြာနုရောင် အကာအကွယ် အစီအမံအတွင်းမှ ခြောက်ကပ်နေသော လက်တစ်ဖက် ရုတ်တရက် ထွက်လာပါသည်။

ထိုလက်မှာ မြေပြင်ကို အသာအယာ ဆုပ်ကိုင်လိုက်ပြီးနောက် ရှေ့သို့ စတင် တွားသွားပါတော့သည်။

သို့သော် ထိုလက်ပိုင်ရှင်မှာ ပြင်းထန်သော နာကျင်မှုကို အောင့်အည်းခံနေရပုံပေါ်ကာ သူ တွားသွားနေစဉ်တွင်လည်း တစ်ကိုယ်လုံး တုန်ယင်နေ၏။

သို့သော်ငြား သူသည် စိတ်ဓာတ်ခိုင်မာစွာဖြင့်ပင် ဆက်၍ တွားသွားနေပါသည်။

ဤသို့ဖြင့် အချိန်များ တစ်မိနစ်ပြီး တစ်မိနစ် ကုန်ဆုံးသွားခဲ့ပြီး နောက်ဆုံးတွင်မူ...

ထိုလက်ပိုင်ရှင်မှာ အစီအမံအတွင်းမှ လုံးဝ ထွက်လာနိုင်ခဲ့၏။

ဖူး

သူသည် အစီအမံအပြင်သို့ ရောက်သည်နှင့် မြေပြင်ပေါ်သို့ ခွေယိုင်လဲကျသွားကာ နာကျင်စွာ ညည်းတွားလိုက်သည်။

"ငါ ထွက်လာနိုင်ပြီ! နောက်ဆုံးတော့ ငါ အသက်ရှင်လျက်နဲ့ ထွက်လာနိုင်ပြီ!"

ထိုသို့ပြောပြီးနောက် သူ ရူးသွပ်မတတ် ငိုယိုအော်ဟစ်နေမိတော့၏။

ဤသို့ဖြင့် အချိန်အတန်ကြာအောင် ငိုပြီးနောက်တွင်မှ သူ နောက်သို့ လှည့်ကြည့်လိုက်ရာ သူ့နောက်ကွယ်ရှိ အစီအမံများ တစ်ခုပြီးတစ်ခု ထပ်နေသည်ကို မြင်လိုက်ရသည်။

သူ့နှုတ်ခမ်းများ တုန်ခါသွားကာ နာကြည်းသော မျက်နှာထားဖြင့် ပြောလိုက်၏။

"ငါ့အိမ်ထဲမှာ ဒီလောက်တောင် များပြားတဲ့ အစီအမံတွေကို ဘယ်အစုတ်ပလုတ်ကောင်က လာလုပ်ထားတာလဲ။ ဒါက သက်ရှိတွေအတွက် တားမြစ်နယ်မြေဖြစ်တဲ့ ထျန့်ကျီတောင်လေကွာ!"

All Chapters