← Chapters

အန္တရာယ်အကြီးဆုံး ကောင်းကင်ဘုံ ပျက်စီးခြင်း ၃ ခု

Vol. 21 Ch. 291

အန္တရာယ်အကြီးဆုံး ကောင်းကင်ဘုံ ပျက်စီးခြင်း ၃ ခု

Vol. 21 Ch. 291

" အဲ့လိုလား "

ထိုစကားကို ကြားသောအခါ လောထျန်း မျက်မှောင်အနည်းငယ် ကြုံ့သွားသည်။

တဖက်လူ၏ သခင်ကြီးက ပြတ်သားလှပေသည်။

ထိုသူက အန္တရာယ်ပေးနိုင်သည့် အရာကို တွေ့သည်နှင့် ချက်ချင်း ရှင်းထုတ်ပစ်ရန် ကြိုးစားနေခြင်းပင်။

ပိုင်လန်ထျန်းက လောထျန်း၏ အတွေးကို သိနေသည့်အလား ရှင်းပြ၏။

" ဒီကိစ္စနဲ့ပတ်သက်ပြီး သခင်လေးလောထျန်း နားလည်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။  နောက်ထပ် မိစ္ဆာပါရမီရှင်တစ်ယောက်သာ တိုးလာရင် ကျုပ်တို့ ထျန်းယွမ်ကမ္ဘာက လူပေါင်း မရေမတွက်နိုင်အောင် ဒုက္ခရောက်သွားနိုင်တယ် မဟုတ်လားဗျ "

သူ့စကားကို ကြားသောအခါ လောထျန်း ခေါင်းအသာညိတ်လိုက်သည်။

" လာဗျာ .. အထဲဝင်ပြီး စကားပြောကြတာပေါ့ ။ ကျုပ်လဲ ခင်ဗျားကို မေးစရာတွေ အများကြီးရှိတယ် "

သူက ပြောပြောဆိုဆို လက်တစ်ဖက် ယမ်းလိုက်ရာ အစီအမံထဲတွင် အပေါက်တစ်ခု ပေါ်လာသည်။

ပိုင်လန်ထျန်းက သူ့အား ကျေးဇူးတင်စကား ဆိုပြီးနောက် ဝမ်ဖုန်းယွိကို မြေကြီးထဲမှ ဆွဲထုတ်၏။

ထိုအချိန်တွင် ဝမ်ဖုန်းယွိမှာ သတိလစ် မေ့မျောနေတုန်းပင် ရှိသေးပါသည်။

သို့သော် ကံကောင်းထောက်မစွာပင် လောထျန်းက သနားညှာတာပေးခဲ့သဖြင့် သူ့ကိုယ်ထဲမှ အရိုးအနည်းငယ်သာ အက်သွားခဲ့ရပါ၏။

သူ့အသက် အန္တရာယ်ကိုမူ စိုးရိမ်စရာ မရှိပါ။

ပိုင်လန်ထျန်းက ဝမ်ဖုန်းယွိ၏ ပါးစပ်ထဲသို့ ဆေးတစ်လုံး ထည့်ကာ သူ့အား ကျောပေါ်တွင် ထမ်းလိုက်သည်။  ထို့နောက် လောထျန်းနောက်မှ နေ၍ ပျောင်ပိုင်မြို့ထဲ ဝင်သွား၏။

လောထျန်းနေသည့် အဆောင်သို့ ရောက်သောအချိန်တွင်မူ ပိုင်လန်ထျန်းတစ်ယောက် အလွန်အံ့သြတုန်လှုပ်သွားတော့သည်။

" ဗောဓိပင်ပါလား .. "

လောထျန်း၏ ခြံဝင်းထဲမှ ဗောဓိပင်ကို ကြည့်ကာ သူ ခေတ္တမျှ စကားမဆိုနိုင် ဖြစ်နေ၏။

" သခင်ကြီး ပိုင် ၊ လက်ရှိ ကျုပ်တို့ ထျန်းယွမ်ကမ္ဘာရဲ့ အခြေအနေကို ကျုပ် သိချင်တယ်ဗျာ "

အိမ်ထဲမှ စာပွဲဝိုင်းတွင် ထိုင်ကြပြီးနောက် လောထျန်းက စကားစလိုက်သည်။

ပိုင်လန်ထျန်းက ချက်ချင်း ပြန်ဖြေ၏။

" လက်ရှိ ကျုပ်တို့ ထျန်းယွမ်ကမ္ဘာမှာ လူရှေ့ထွက်နေတဲ့ မသေမျိုး ၉ ယောက် ရှိတယ်ဗျ "

" လူရှေ့ထွက်နေတာ .. "

သူ့စကားထဲမှ ထိုအသေးစိတ်အချက်ကို လောထျန်း သတိထားမိသွားသည်။

ပိုင်လန်ထျန်းက ခေါင်းညိတ်ပြသည်။

" ဟုတ်တယ်ဗျ ..  လောလောဆယ် သူတွေ အသိများတဲ့ မသေမျိုးက အားလုံး ၉ ယောက်ပဲရှိတာ ။ ဒါပေမယ့် တကယ်တမ်းမှာတော့ နောက်ထပ် အနည်းဆုံး လေး ၊ ငါး ယောက် ထပ်ရှိနေနိုင်သေးတယ်။ ဒါပေမယ့် အဲ့လူတွေက လုံးဝ သတင်းအစအန ဖျောက်ပြီး လူရှေ့မထွက်တာ နှစ်တွေ တော်တော်ကြာသွားခဲ့ပြီဗျ "

" အဲ့ဒီ ကမ္ဘာပေါ်က မသေမျိုးတွေတင် မကသေးဘူး ၊ သာမာန်အဆင့် မသေမျိုးတွေလဲ နောက်ထပ် ဆယ်ယောက်ကျော် ထပ်ရှိသေးတယ် "

ပိုင်လန်ထျန်းက စကားဆက်သည်။

သူ့စကားကြောင့် လောထျန်း အံ့သြမှင်သက်သွား၏။

ပိုင်လန်ထျန်းက ချက်ချင်း ရှင်းပြသည်။

" အဲ့ဒီ သာမာန် မသေမျိုးတွေက မိုးကြိုးဘုရင်လို အဖြစ်နဲ့ ခပ်ဆင်ဆင်ပဲဗျ ။ သူတို့တွေက မသေမျိုးအစွမ်း ပါဝင်တဲ့ ပစ္စည်းတွေကို မတော်တဆ ရှာတွေ့ခဲ့ပြီးတော့ အဲ့ဒီ မသေမျိုးအစွမ်းကို သူတို့ကိုယ်ထဲ စုပ်ယူပြီး မသေမျိုးတွေ ဖြစ်လာခဲ့ကြတာပဲ "

" ပြီးတော့ .. အဲ့ဒီ မသေမျိုးတွေရဲ့ အတင်း ဖိအားပေးတာကို ခံရပြီး အဆင့်တက်သွားကြရတဲ့ သူတွေလဲ ရှိသေးတယ်။ အဲ့မသေမျိုးတွေက သူတို့ရဲ့ အစွမ်းကို သုံးပြီးတော့  အဲ့လူတွေရဲ့ ခန္ဓာကိုယ်ကို သူတို့ရဲ့မသေမျိုးအစွမ်းနဲ့ အတင်း ပေါင်းစပ်ခိုင်းခဲ့တာ "

" အဲ့လို လုပ်လို့ ရတယ်လား "

လောထျန်း အံ့အားသင့်သွားရသည်။

ပိုင်လန်ထျန်းက ခေါင်းညိတ်ပြ၏။

" ဟုတ်တယ်ဗျ ။ ဒါပေမယ့် အဲ့လို လုပ်ဖို့က မသေမျိုးအစွမ်းတွေ အရမ်းသုံးရလို့ အဲ့နည်းကိုတော့ သိပ်မသုံးကြဘူး "

လောထျန်းက ခေါင်းညိတ်ကာ ပြောသည်။

" ဒါဆို .. ကမ္ဘာပေါ်က မသေမျိုးတွေကရော ကောင်းကင်ဘုံ ပျက်စီးခြင်း ၉ ခု အပေါ် ဘယ်လိုသဘောထား ရှိကြလဲ "

ပိုင်လန်ထျန်းက သက်ပြင်းချ၍ ပြောသည်။

" ကျုပ်တို့ ထျန်းယွမ်ကမ္ဘာကို ကာကွယ်ဖို့ ဆုံးဖြတ်ထားတဲ့သူကတော့ ၃ ယောက် ရှိတယ်ဗျ ။ ပြီးတော့ သစ္စာဖောက်သွားတဲ့သူလဲ ၃ ယောက် ရှိတယ်။ ကျန်တဲ့ လူရှေ့ထွက်နေတဲ့ ၃ ရောက်ရော ၊ ဇာတ်မြုပ်ပြီး နေတဲ့ သူတွေရောကတော့ ဘာမှ ရှင်းရှင်းလင်းလင်း မပြောဘဲ ခြံစည်းရိုးပေါ် ခွထိုင်နေကြတဲ့ သူတွေပဲ "

" ဒါပေမယ့် .. "

ထိုအချိန်တွင် ပိုင်လန်ထျန်း၏ မျက်နှာထားက သိသိသာသာပင် တည်နေ၏။

" အခု ကောင်းကင်ဘုံ ပျက်စီးခြင်း ၉ ခုက ဖြစ်လာဖို့ နီးနေပြီဆိုတော့ ဒီ လူတွေကလဲ စပြီး ယိုင်စပြုလာပြီ ။ ကျုပ် ခန့်မှန်းထားတဲ့အတိုင်းဆိုရင်တော့ ..  တကယ့် ကောင်းကင်ဘုံပျက်စီးခြင်း ၉ ခု ဖြစ်လာရင် အားလုံးက သစ္စာဖောက်ကြမယ့် ပုံပဲ "

ထိုစကားကို ကြားသောအခါ လောထျန်း မျက်မှောင်အနည်းငယ် ကြုံ့သွားသည်။

ဤထျန်းယွမ်ကမ္ဘာတွင် မသေမျိုး ဆယ်ယောက်ကျော် ရှိသည့်အထဲမှ ဆုံးဖြတ်ချက် ပြတ်သားသူ ၃ ယောက်မှလွဲ၍ ကျန်လူများအားလုံးက သစ္စာဖောက်များ တဲ့လား။

ထိုအတိုင်းဆိုပါက ... ဤထျန်းယွမ်ကမ္ဘာကြီး ပျက်စီးမည့်ကိန်းပင်။

" အခု ထျန်းယွမ်ကမ္ဘာကို ကာကွယ်ပေးနေကြတဲ့ မသေမျိုး သုံးယောက်က ဘယ်သူတွေလဲဗျ "

လောထျန်း မေးလိုက်သည်။

သစ္စာဖောက် ၃ ယောက်ကိုမူ သူ သိထားပြီးဖြစ်ရာ သူ့ မဟာမိတ်များကို သိချင်ပါ၏။

ပိုင်လန်ထျန်းက ပြောပြသည်။

" ထျန်းယွမ်ဘုရားကျောင်းက ဂိုဏ်းချုပ်ကြီး၊ ထျန်းလုံကျန်းယန်ရယ် ၊  ဝူလျန်နန်းတော်ရဲ့ ဂိုဏ်းချုပ်ကြီး ၊ ချင်းဝူကျုံး ရယ် ၊ကျုပ်တို့ ကမ္ဘာက နံပါတ် ၁ ဓားသမား ၊ သွမ့်ချမ်ချိုး တို့ရယ် ပါ သခင်လေး။ ဒီ မသေမျိုးသုံးယောက်က ကျုပ်တို့ ထျန်းယွမ်ကမ္ဘာကို အဆုံးထိ ကာကွယ်ပေးကြမယ့် သူတွေပေါ့ဗျာ။ ကျုပ်ရဲ့ သခင်ကြီးကတော့ ထျန်းယွမ်ဘုရားကျောင်းရဲ့ ဂိုဏ်းချုပ်ကြီး ၊ ထျန်းလုံကျန်းယန် ပဲဗျ "

လောထျန်း ခေါင်းအသာ ညိတ်လိုက်သည်။

" ခင်ဗျား ခုနက ပြောသွာတာ .. ကောင်းကင်ဘုံ ပျက်စီးခြင်း ၉ ခု ဖြစ်လာတော့မှာဆို .. ဟုတ်လား "

ပိုင်လန်ထျန်းက ချက်ချင်း ပြန်ဖြေ၏။

" ဟုတ်တယ်ဗျ ။ ကျုပ်တို့ သခင်ကြီးကိုယ်တိုင်က ခန့်မှန်းထားတာ။ နောက် နှစ်အနည်းငယ်အတွင်းမှာတင် ဒီ ကောင်းကင်ဘုံ ပျက်စီးခြင်း ၉ ခု ရောက်လာတော့မှာတဲ့ ။ အဲ့ထဲမှာ အန္တရာယ်အကြီးဆုံး အထက်အဆင့် ကောင်းကင်ဘုံ ပျက်စီးခြင်းကြီး ၃ ခုလဲ ပါတာပေါ့ဗျာ "

" အထက်အဆင့် ကောင်းကင်ဘုံ ပျက်စီးခြင်း ၃ ခု ... အဲ့ဒါ ဘာအဓိပ္ပါယ်လဲဗျ "

လောထျန်း မေးလိုက်သည်။

သူ ကောင်းကင်ဘုံ ပျက်စီူခြင်း ၉ ခုအကြောင်းအား အနည်းငယ်မျှသာ သိပါသည်။

ပိုင်လန်ထျန်းက စိတ်မရှည်ဟန် လုံးဝ မရှိဘဲ သေချာ ရှင်းပြ၏။

" ဒီ ကောင်းကင်ဘုံ ပျက်စီးခြင်း ၉ မှာ အစွမ်းထက်တာရော ၊ အစွမ်းနိမ့်တာရော ရှိတယ်ဗျ ။ အဲ့ထဲက အစွမ်းအနိမ့်ဆုံး ကမ္ဘာ ၃ ခုကတော့ ထိပ်တိုက်တွေ့ကြရင် အလွန်ဆုံးမှ မြင့်မြတ်နယ်မြေ တစ်ခု ပျက်စီးတဲ့အဆင့်လောက်ပဲ ဖြစ်မှာ "

"  ပြီးရင်တော့ အဲ့ထက်နည်းနည်း ပိုအစွမ်းထက်တဲ့ ကမ္ဘာသုံးခု ရှိပြီးတော့ အဲ့ဒီ ကမ္ဘာတွေနဲ့ တွေ့ရင်  မြင့်မြတ်နယ်မြေ ၃ ခုစာ ပျက်စီးတဲ့အဆင့်ထိ ဖြစ်နိုင်တယ် "

" နောက်ဆုံး ..အထက်အဆင့် ကောင်းကင်ဘုံပျက်စီးခြင်း ၃ ခုကတော့  ... အနည်းဆုံး ဆိုရင်တောင် ဒေသတစ်ခုစာလောက် ပျက်စီးတဲ့အထိ ဖြစ်သွားနိုင်တယ်ဗျ။ သမိုင်းကို ပြန်ကြည့်ရင်လဲ အရင်က .. ကျုပ်တို့ကမ္ဘာရဲ့ အရှေ့ပိုင်းဒေသဟာ အဓိက မြင့်မြတ်နယ်မြေကြီး သုံးခုနဲ့ အင်မတန် ကြီးကျယ်ခမ်းနားတဲ့ နေရာတစ်ခု ဖြစ်ခဲ့တာပေါ့ဗျာ။ ဒါပေမယ့် အထက်အဆင့် ကောင်းကင်ဘုံ ပျက်စီးခြင်းကြီး ၃ ခုနဲ့ ကြုံရပြီးတဲ့ နောက်မှာတော့ အဲ့ဒေသ တစ်ခုလုံးနီးပါး ဖျက်ဆီးခံခဲ့ရပြီးတော့ အဓိက မြင့်မြတ်နယ်မြေ ၃ ခုကလဲ အဖျက်ဆီး ခံခဲ့ရတယ်။ လူ့အသက်တွေလဲ ကုဋေပေါင်းများစွာ အသတ်ခံခဲ့ရတာပေါ့ "

ထိုအကြောင်းကို ယခုမှသာ ပထမဆုံး ကြားဖူးခြင်း ဖြစ်သည့်အတွက် လောထျန်း အံ့အားသင့်သွားရသည်။

ပိုင်လန်ထျန်းက စိုးရိမ်တကြီး ဆက်ပြော၏။

" အဲ့ အထက်အဆင့် ကောင်းကင်ဘုံ ပျက်စီးခြင်း ၃ ခုကို ဖြစ်စေတဲ့ ကမ္ဘာ ၃ ခု ကြားမှာလဲ အစွမ်းတွေ ကွာဟကြသေးတယ်ဗျ ။ အဲ့ထဲက အစွမ်းအထက်ဆုံး ကမ္ဘာကတော့ ထျန်းမင် ကမ္ဘာပဲ။ ပြီးခဲ့တဲ့ တစ်ခေါက် ထျန်းမင်ကမ္ဘာနဲ့ ကျုပ်တို့ ထျန်းယွမ်ကမ္ဘာ တွေ့ကြတုန်းကဆိုရင် ဆယ့်ငါးမိနစ်စာလောက်ပဲ ကြာတာဗျာ။ ဒါပေမယ့် .. အဲ့လောက် အချိန်တိုလေးအတွင်းမှာတောင် ကျုပ်တို့ကမ္ဘာက လူသားမသေမျိုး ၃ ယောက် အသတ်ခံခဲ့ရတယ် "

" အဲ့လောက်တောင် အစွမ်းထက်တာလား  "

လောထျန်း အံ့အားသင့်သွားသည်။

ပိုင်လန်ထျန်းက သက်ပြင်းချပြီး ပြန်ပြောသည်။

" အစွမ်းထက်တာပေါ့ဗျာ ။ အဲ့လိုအစွမ်းထက်လို့လဲ ကျုပ်တို့ ထျန်းယွမ်ကမ္ဘာက မသေမျိုးတွေက သစ္စာဖောက် ဖြစ်သွားကြတာပေါ့။ ကျုပ် ကြားဖူးတဲ့ သတင်းတစ်ခု ဆိုရင် .. အဲ့ဒီ ထျန်းမင်ကမ္ဘာက သခင်ကြီးက အစွမ်းထက်လွန်းလို့ ပိုမြင့်တဲ့အဆင့်က ကမ္ဘာကိုတောင် ကျူးကျော်အနိုင်ယူနိုင်တယ်တဲ့။ လူသားမသေမျိုးတွေဆိုရင် သူ့ရှေ့မှာ သိုင်းကွက် ၃ ကွက်တောင် မခံနိုင်ကြဘူးလို့ ပြောတယ် "

" အဲ့လိုလား .. "

လောထျန်းမှာ ကြားနေရသည့် အသစ်အဆန်း သတင်းများကြောင့် အံ့သြပြီးရင်း အံ့သြနေရ၏။

မိုးကြိုးဘုရင်သည် နတ်ဘုရားမြို့တော်မှ ဘိုးဘေး၏ အကြွင်းအကျန် စိတ်ဝိဥာဥ်နှင့် ရင်ဆိုင်ရစဥ်တွင် လုံးဝ ရှုံးနိမ့်ခဲ့ရသည်ကို သူ ကြုံခဲ့သဖြင့် ကမ္ဘာပေါ်မှ လူသားမသေမျိုးတစ်ယောက်က မည်မျှ အစွမ်းထက်ကြောင်း သူ သိခဲ့ရပြီး ဖြစ်ပါသည်။

အကယ်၍ နတ်ဘုရားမြို့တော်မှ ဘိုးဘေးသာ အသက်ရှင်နေသေးပါက မိုးကြိုးဘုရင်ကို တခဏအတွင်း သတ်ပစ်နိုင်မည် မလွဲပေ။

သို့သော် .. ဤမျှအစွမ်းထက်သည့် ကျင့်ကြံသူတစ်ယောက်ကပင် တဖက်လူ၏ သိုင်းကွက် ၃ ကွက်ကို မခံနိုင်ဘူးတဲ့လား ။

ထိုကမ္ဘာမှ သခင်ကြီးဆိုသူက မည်မျှ အစွမ်းထက်ပါသနည်း ။

သူ ထိုလူအား တားနိုင်ပါမည်လား ..

လောထျန်း ရင်ထဲတွင် စိုးရိမ်စိတ်လည်း အနည်းငယ် ဝင်သွား၏။

လောထျန်း ဖြစ်သွားသည့် မျက်နှာကို ကြည့်ကာ ပိုင်လန်ထျန်း က ဆိုသည်။

" သခင်လေးလောထျန်း ၊ အရမ်းကြီး စိတ်ပူနေစရာ မလိုပါဘူးဗျာ။ ထျန်းမင်ကမ္ဘာက အစွမ်းထက်တာ မှန်ပေမယ့် ကျုပ်တို့ သခင်ကြီးက သူတို့ကို ကိုင်တွယ်နိုင်မယ့် နည်းလမ်း တွေ့ထားတယ်ဗျ "

" ဟုတ်လား  .. ဘာနည်းလမ်းလဲ "

လောထျန်း မေးလိုက်သည်။

" ပျက်စီးသွားတဲ့ အရှေ့ပိုင်းဒေသက နဂါးသင်္ချိုင်းမြေမှာ ဖွက်ထားတဲ့ လျှို့ဝှက် မှော်လက်နက်တစ်ခု ရှိတယ်ဗျ။ အဲ့ မှော်လက်နက်ကိုသာ ရှာနိုင်မယ်ဆိုရင် .. ထျန်းမင်ကမ္ဘာကို အနိုင်မတိုက်နိုင်ရင်တောင် သူတို့ရဲ့ ကမ္ဘာပတ်လမ်းကို ပြောင်းပြန် ပြန်လှည့်ပြီး  အန္တရာယ်အကြီးဆုံး ကောင်းကင်ဘုံပျက်စီးခြင်းနဲ့ မကြုံအောင် လုပ်နိုင်တယ်ဗျ။ အဲ့လိုသာ အောင်မြင်သွားရင် ကျုပ်တို့ထျန်းယွမ်ကမ္ဘာက နောက်ထပ် နှစ်ပေါင်း ၃ ထောင်အထိ ဘေးကင်းနေမှာ "

ပိုင်လန်ထျန်းက ပြောလိုက်သည်။

" နဂါးသင်္ချိုင်းမြေ .. ဟုတ်လား .. "

ထိုစကားကြောင့် လောထျန်း အံ့သြမှင်သက်သွား၏။

သူတို့ ပျောင်ပိုင်မြို့ထဲတွင် တာအိုသိုင်းသမား သခင်ကြီး ကျီဝေ့က နဂါးသင်္ချိုင်းမြေမှ ပြန်ယူလာခဲ့သည့် နဂါးအရိုး အစစ်တစ်ခု ရှိနေပါသည်။

သူ ကျီဝေ့လျှို့ဝှက်ဒေသက ပြန်လာသည့်အချိန်မှစ၍ ထို နဂါးသင်္ချိုင်းမြေက မည်သည့်နေရာတွင် ရှိသည်ကို မသိဘဲ ဖြစ်နေခဲ့ပါ၏။

ယခုတွင်မူ .. ၎င်းက အဖျက်ဆီးခံခဲ့ရသည့် အရှေ့ပိုင်းဒေသတွင် ရှိမှန်း သိသွားခဲ့ရလေပြီ ။

ထိုစဥ် တဖက်မှ ပိုင်လန်ထျန်းက စကားဆက်သည်။

" သခင်လေး လောထျန်း ၊ ကျုပ် ပွင့်ပွင့်လင်းလင်းပဲ ပြောပါရစေ။ သခင်လေး လောထျန်းအနေနဲ့  အဲ့ဒီ နဂါးသင်္ချိုင်းမြေကို သွားပြီး မှော်လက်နက်ကို ရှာပေးနိုင်မလားဗျာ။ အဲ့လိုဆိုရင် ကျုပ်တို့ ထျန်းယွမ်ကမ္ဘာကြီး ကမ္ဘာပျက်မယ့် ကပ်ဘေးကနေ လွတ်နိုင်မှာဗျ "

သူက ထိုသို့ ပြောပြီးသည်နှင့် ချက်ချင်း ထရပ်ကာ အလေးအနက် ဦးညွီတ်အရိုအသေပေးလိုက်သည်။

All Chapters