← Chapters

ထျန်းယွမ်ကမ္ဘာသို့ ပြန်ခြင်း

Vol. 54 Ch. 752

ထျန်းယွမ်ကမ္ဘာသို့ ပြန်ခြင်း

Vol. 54 Ch. 752

တဖက် ထျန်းယွမ်ကမ္ဘာ၌...

ကမ္ဘာနှစ်ခုကြား တံခါးပေါက်ရှေ့တွင် မြင့်မြတ်နယ်မြေ ဂိုဏ်းကြီးသုံးခုမှ လူများအားလုံး တံခါးပေါက်ကို စိုးရိမ်တကြီး ကြည့်နေကြ၏။

လောထျန်းနှင့် လူစု ထျန်းမင်ကမ္ဘာသို့ ဝင်သွားပြီးနောက်ပိုင်း ဘာလှုပ်ရှားမှုမှ ထပ်မရှိခဲ့ပါချေ။

ထို့ကြောင့် တဖက်ခြမ်းမှ တိုက်ပွဲအခြေအနေက မည်သို့ရှိနေမှန်း သူတို့ မသိပါ။

လူအချို့မှာ ကမ္ဘာနှစ်ခုကြား တံခါးပေါက်ကိုဖြတ်ပြီး တဖက်သို့ သွားကြည့်ချင်ကြသော်လည်း... ထိုသို့လုပ်ရန် သတ္တိ မရှိကြပေ ။

အဘယ့်ကြောင့်ဆိုသော် တဖက်ကမ္ဘာမှာ ကောင်းကင်ဘုံပျက်စီးခြင်း အပေါ်သုံးခုထဲမှ အင်အားအကြီးဆုံး တစ်ခုဖြစ်ပြီး ..

သူတို့ ထျန်းယွမ်ကမ္ဘာကို ဖိနှိပ်နေခဲ့သည်မှာလည်း နှစ်ပေါင်းများစွာ ကြာသွားခဲ့လေပြီ။

ထိုသို့ အားလုံးက စိုးရိမ်တကြီး စောင့်နေကြစဥ်မှာပင်...

ဝီ ...

ကမ္ဘာနှစ်ခုကြား တံခါးပေါက်တွင် စွမ်းအင်များ မငြိမ်မသက် ဖြစ်လာ၏။

" တစ်ခုခု ထူးပြီးဟေ့ "

အားလုံး ရင်ထဲ စိုးရိမ်စိတ်တို့ ပိုတိုးသွားကြသည်။

အကယ်၍ ပျောင်ပိုင်မြို့သာ ရှုံးနိမ့်သွားခဲ့လျှင်... ထျန်းယွမ်ကမ္ဘာကို စောင့်ကြိုနေမည့် တစ်ခုတည်းသော အရာမှာ ပျက်စီးခြင်းသာ ဖြစ်ပေလိမ့်မည်။

ထိုစဥ်မှာပင် ...

ကမ္ဘာနှစ်ခုကြား တံခါးပေါက်မှ လောထျန်း ဦးစွာ ထွက်လာသည်။

" ဟင်... လောထျန်းပဲဟေ့ ၊ လောထျန်း ပြန်လာပြီ "

လောထျန်းနောက်မှလည်း ပျောင်ပိုင်မြို့သားများ တစ်ယောက်ပြီးတစ်ယောက် ပျံသန်းထွက်လာကြ၏။

သို့သော် လောထျန်းတစ်ယောက်မှလွဲ၍ အားလုံး၏ မျက်နှာများက အလွန်ပင်ပန်းနွမ်းနယ်နေဟန် ပေါက်နေကြပါသည်။

လူအချို့ဆိုလျှင် တုန်တုန်ယင်ယင်ပင် ဖြစ်နေကြ၏။

" သူတို့တွေ ဒီလောက်ကြီး ပင်ပန်းသွားကြတာဆိုတော့ ထျန်းမင်ကမ္ဘာထဲက တိုက်ပွဲက တော်တော်ကြမ်းတယ်တဲ့တူတယ်.. "

အဘိုးအိုတစ်ယောက်က မျက်ရည်များပြည့်နေသော မျက်လုံးအစုံဖြင့် ထိုသူများကိုကြည့်ရင်း ဆိုသည်။

ကျန်လူများလည်း ခေါင်းညိတ်လိုက်ကြ၏။

သူတို့မသိသည်မှာ ... ထိုလူအများစုသည် လောထျန်း ကျင့်ကြံနေစဥ်၌ စိတ်စွမ်းအင်များကို စုပ်ယူလိုက်သောကြောင့် မတော်တဆ ဒဏ်ရာရသွားခဲ့ရခြင်းသာ ဖြစ်သည်ဆိုသည့်အချက်ပင် ။

ဝီ ..

ထိုစဥ်မှာပင် အလင်းတန်းတစ်ခု လက်သွားပြီး ကမ္ဘာနှစ်ခုကြား တံခါးပေါက်ရှေ့၌ လူတစ်ယောက် ပေါ်လာသည်။

ထိုသူမှာ ထျန်းယွမ်ကမ္ဘာသခင်ကြီး ... .

ထိုစဥ် ထျန်းယွမ်ကမ္ဘာသခင်ကြီး၏ စိတ်ဝိဥာဥ်အရိပ်မှာ အလွန်မှိန်ဖျော့နေလေပြီ ။ ပြီးခဲ့သည့် လအနည်းငယ်အတွင်း သူ့အစွမ်းဖြင့် ထျန်းမင်ကမ္ဘာ အရောက်နောက်ကျအောင် လုပ်ထားခဲ့သဖြင့် သူ့စွမ်းအင်များစွာပင် ကုန်ခမ်းခဲ့ရကြောင်း သိသာပါ၏။

" လောထျန်း ၊ တိုက်ပွဲအခြေအနေ ဘယ်လိုလဲ... "

သူ အားနည်းနေသည့်ပုံဖြင့် လောထျန်းအား မေးလိုက်သည်။

ကျန်လူများအားလုံးလည်း လောထျန်းအား စိုးရိမ်တကြီး ကြည့်လိုက်ကြ၏။

လောထျန်းက လည်ချောင်းရှင်း၍ ပြောသည်။

" အားလုံး ဖြေရှင်းပြီးသွားပြီ "

" ဖြေရှင်းပြီးသွားပြီ.. ဟုတ်လား "

အားလုံး နားမလည်နိုင် ဖြစ်သွားကြပါသည်။

ကမ္ဘာနှစ်ခုကြား တံခါးပေါက်က ပွင့်နေဆဲဖြစ်သည်ကို ဖြေရှင်းပြီးသွားပြီတဲ့လား ။

ထိုစဥ် ပျောင်ပိုင်မြို့သား တစ်ယောက်က ရှေ့ထွက်လာပြီး ရှင်းပြ၏။

" သခင်ကြီးတို့ .... ထျန်းမင်ကမ္ဘာသခင်ကြီးရော ၊ ထျန်းမင်သခင်ကြီး ၇ ယောက်ရော ၊ ပြီးတော့ ထျန်း

မင်ကမ္ဘာရဲ့ အစွမ်းထက်သခင်ကြီးတွေ အားလုံးရောက ကျုပ်တို့လက်ချက်နဲ့ သေကုန်ကြပြီဗျ "

" ဘယ်လို... "

အားလုံး အုန်းအုန်းကြက်ကြက် ဖြစ်သွားကြတော့သည်။

ဤပွဲတွင် ထျန်းယွမ်ကမ္ဘာဘက်မှ နိုင်ချေရှိသည်ကို လူအချို့ တွေးမိထားကြသော်လည်း ယခုလို အောင်ပွဲမျိုး ရမည်ဟုမူ မည်သူမှ စိတ်မကူးရဲခဲ့ကြပါချေ။

ထိုစဥ် ပျောင်ပိုင်မြို့မှ လူငယ်နောက်တစ်ယောက်က ဝင်ပြော၏။

" ဒါတင်မကသေးဘူး ၊ အပေါ်ကမ္ဘာကနေ ထျန်းမင်ကမ္ဘာကို ဆင်းလာတဲ့ အစွမ်းထက်ကျင့်ကြံသူ သုံးယောက်လဲ ရှိသေးတယ် ။ အဲ့ထဲက တစ်ယောက်က မသေမျိုးဘုရင်အဆင့် ရှိပြီးတော့ ကျန်တဲ့နှစ်ယောက်က မသေမျိုးဘုရင် အဆင့်နီးပါး ရှိကြတယ် ။ သူတို့သုံးယောက်လုံးကို သခင်လေးလောထျန်း နဲ့ ကျူးကဲ့ကျန့်တို့ သတ်ခဲ့ကြတာ "

ဝုန်း...

လူအုပ်ကြီး ဝုန်းဒိုင်းကြဲသွားကြပြန်တော့သည်။

အပေါ်ကမ္ဘာမှ မသေမျိုးဘုရင် ကို.. လောထျန်းတို့ သတ်ခဲ့တယ်တဲ့လား ....

အားလုံး အံ့သြတုန်လှုပ်နေကြစဥ်မှာပင် နောက်တစ်ယောက် ဝင်ပြောလာပြန်သည်။

" ဒါတင်ဘယ်ကဦးမလဲ ... ထျန်းမင်ကမ္ဘာမှာ ထူးဆန်းပြီးတော့ အစွမ်းထက်တဲ့ ကျင့်ကြံသူတစ်ယောက်လဲ ရှိသေးတယ် ။ အဲ့လူက ထျန်းမင်ကမ္ဘာ တစ်ခုလုံးရဲ့ စိတ်စွမ်းအင်တွေကို သုံးပြီးတော့မှ ကြောက်စရာတိုက်ခိုက်မှုကြီး လုပ်မလို့.. ။ ဒါပေမယ့် ကျုပ်တို့သခင်လေးက အဲ့တိုက်ခိုက်မှုကို အေးဆေးပဲ ဖြေရှင်းနိုင်ခဲ့တယ် ။ အခုဆို ထျန်းမင်ကမ္ဘာက စိတ်စွမ်းအင်တွေအားလုံး ကုန်သွားပြီမို့ ကမ္ဘာပျက်သလိုတောင် ဖြစ်နေပြီ "

သူ့စကားဆုံးချိန်တွင်မူ အားလုံး ဆွံ့အကုန်ကြတော့၏။

လူအချို့မှာကား ထိုစကားကို ယုံပင်မယုံကြပါချေ။

၎င်းက အမှန်တကယ်လည်း လွန်လွန်းလှသည် မဟုတ်ပါလား ။

ထျန်းမင်ကမ္ဘာ၏ ဖိနှိပ်ခြင်းကို နှစ်ပေါင်းကြာရှည်စွာ ခံလာခဲ့ရသည့် ထျန်းယွမ်ကမ္ဘာသားများမှာ ထိုဖြစ်ရပ်မျိုးကို အိမ်မက်ထဲတွင်ပင် ထည့်မမက်ရဲခဲ့ကြပါ ။

စူးစမ်းလိုသော လူတစ်စုဆိုလျှင် ကမ္ဘာနှစ်ခုကြား တံခါးပေါက်ကိုဖြတ်၍ ထျန်းမင်ကမ္ဘာထဲသို့ ဝင်သွားကြည့်လိုက်ကြသည်။

တခဏအကြာတွင်မူ ထိုလူစုက တုန်လှုပ်နေသော မျက်နှာကိုယ်စီဖြင့် ပြန်ရောက်လာကြ၏။

" ဒါ... တကယ်ကြီး မှန်နေတာပဲ ။ ထျန်းမင်ကမ္ဘာမှာ စိတ်စွမ်းအင်တွေ လုံးဝ မရှိတော့ဘူး "

" ဘယ်လို "

ကျန်လူများမှာလည်း ကိုယ့်နားကိုယ်ပင် မယုံနိုင် ဖြစ်

ကုန်ကြပါသည်။

ထို့ကြောင့် လူများစွာပင် ထျန်းမင်ကမ္ဘာသို့ အပြေးသွားကြည့်လိုက်ကြ၏။

ထျန်းမင်ကမ္ဘာတွင် စိတ်စွမ်းအင်များ အမှန်တကယ် မရှိတော့ကြောင်းကို သူတို့ကိုယ်တိုင် မြင်လိုက်ရမှလည်း ပျောင်ပိုင်မြို့သားများ၏ စကားကို ယုံသွားတော့သည်။

အားလုံး ပိုပို၍ တုန်လှုပ်သွားကြ၏။

ပျောင်ပိုင်မြို့က အံ့သြစရာ ကောင်းလှပါတကား ...

သူတို့က ထျန်းမင်ကမ္ဘာသို့ သွားပြီး ကမ္ဘာတစ်ခုလုံးကို ဖျက်ဆီးနိုင်ခဲ့ပေသည်။

ထျန်းယွမ်ကမ္ဘာသခင်ကြီးပင် မနေနိုင်ဘဲ ထျန်းမင်ကမ္ဘာသို့ သွားကြည့်လိုက်ရသည်။

သူ ပြန်လာပြီးနောက်တွင်မူ လောထျန်းအား ထူးဆန်းသည့်မျက်နှာထားဖြင့် ကြည့်၍ မေး၏။

" မင်းပြောတော့ ထျန်းမင်ကမ္ဘာက ယုံနိုင်စရာ မကောင်းလောက်အောင်ကို အစွမ်းထက်တာဆို ။ ဒါပေမယ့်... အခု ဘာတွေဖြစ်သွားတာလဲ "

သူ လှည့်စားခံလိုက်ရသလိုလည်း ခံစားရနေရပါသည်။

လောထျန်းတို့အတွက် ပြင်ဆင်ချိန်ပိုရရန် ပြီးခဲ့သောတစ်လအတွင်း သူ သေမလိုပင် ဖြစ်ခဲ့ရပါသည်။

ယခုတွင်မူ.. ရန်သူက အလွယ်တကူ ဖျက်ဆီးခံလိုက်ရပြီတဲ့လား ...

ထိုစကားကို ကြားသောအခါ လောထျန်းက အိုးတို့အမ်းတမ်း ပြုံး၍ ချက်ချင်းစကားလမ်းလွှဲသည်။

" အဲ... အဲ့မေးခွန်းက ဖြေရမှာနည်းနည်းရှုပ်တယ်ဗျ ။ နောက်မှ အေးဆေးရှင်းပြတော့မယ်ဗျာ ။ အခု ဗိုက်ဆာပြီလား.. ကျုပ် ထျန်းမင်ကမ္ဘာကနေ အရသာရှိတာတွေ အများကြီး ပြန်ယူလာတယ် "

ထိုစဥ်မှာပင်..

ဝုန်း ...

ရုတ်တရက်.. ကောင်းကင်ယံထက်မှ အသံကျယ်တစ်သံ မြည်လာသည်။

လောထျန်း ခေါင်းမော့ကြည့်လိုက်ရာ... လေထဲမှ သခင်ကြီးထျန်းလုံနှင့် အခြားမသေမျိုးများ၏ တိုက်ပွဲ မပြီးသေးသည်ကို မြင်လိုက်ရ၏။

လောထျန်း ဆွံ့အသွားရပါသည်။

သူတို့၏ ဆရာကြီးပင် အသတ်ခံလိုက်ရချိန်၌... အောက်ဆွဲလေးများက အဘယ့်ကြောင့် ဆက်ခုခံနေကြပါသနည်း ။

သူ တွေးပြီး ပျောင်ပိုင်မြို့သားများဘက် လှည့်ကြည့်၍ ပြောလိုက်သည်။

" အဲ့ကောင်တွေကို ဘယ်သူ သွားသတ်ချင်လဲ "

" ကျုပ်သွားမယ် "

" ကျုပ် ... "

ချက်ချင်းမှာပင် ရာနှင့်ချီသော လူများ တိုက်ပွဲစင်မြင့်ဆီသို့ ပြေးသွားလိုက်ကြ၏။

ဝီ ...

ထိုစဥ် သခင်ကြီးထျန်းလုံအား နောက်ဆုတ်သွားရအောင် လက်ချောင်းတစ်ချောင်းတည်းဖြင့် လုပ်နေသူ မဟာအလင်းတန်းဂိုဏ်း ဂိုဏ်းချုပ်ကြီးက အောက်သို့ ရုတ်တရက် ငုံ့ကြည့်လိုက်သည်။

ကမ္ဘာနှစ်ခုကြား တံခါးပေါက် ပွင့်နေသည်ကို သူ မြင်ထားပြီးဖြစ်သော်လည်း စစ်ကူပေးမည့် အဖွဲ့များ ရောက်မလာကြသေးသဖြင့် သူ အနည်းငယ်လည်း စိုးရိမ်နေပါ၏။

ထိုစဥ်မှာပင် ရာနှင့်ချီသော လူအုပ်က တိုက်ပွဲစင်မြင့်ဆီသို့ ပြေးလာနေကြသည်ကို မြင်လိုက်ရသဖြင့် သူ့မျက်လုံးများ အရောင်လက်သွားကြသည်။

" သခင်ကြီးထျန်းလုံ ... အားလုံး ပြီးသွားပြီကွ ။ ဒီပွဲကို ငါနိုင်သွားပြီ "

သူ ပြောပြီး အသံကျယ်ကြီးဖြင့် အော်ရယ်လိုက်

သည်။

သခင်ကြီးထျန်းလုံ နှင့် သူ့လူများ မျက်နှာထား ချက်ချင်းပြောင်းသွားကြ၏။

သူတို့ရှေ့မှ လူသုံးယောက်ကို ရင်ဆိုင်နေရသည်ကပင် ဖိအားက ကြီးလွန်းနေလေပြီ ။

အခြား စစ်ကူများသာ ထပ်ရောက်လာပါက.. သူတို့ ဒုက္ခရောက်ပေတော့မည် ။

ထိုစဥ်မှာပင် ..

ဝုန်း ...

လူတစ်ယောက်က တိုက်ပွဲစင်မြင့်ပေါ်သို့ ဦးစွာရောက်လာပါ၏။

ကြောက်မက်ဖွယ် ဓားစိတ်ဆန္ဒတစ်ခုလည်း ချက်ချင်းထွက်လာပြီး ... တိုက်ပွဲစင်မြင့် တုန်ခါသွားကာ အချိန်မရွေး ပြိုကျသွားတော့မလိုပင် ဖြစ်သွားသည်။

" အစွမ်းထက်လိုက်တာ .. "

ချင်းဝူချုံ ပါးစပ်အဟောင်းသားဖြင့် နေရာတွင် ကြက်သေ သေသွား၏။

ထိုသို့ အစွမ်းထက်လှသော လူတစ်ယောက်ကို သူတို့ နိုင်စရာအကြောင်း လုံးဝ မရှိပါ။

" ကြိုဆိုပါတယ် ထျန်းမင်ကမ္ဘာသခင်ကြီး "

ထိုစဥ် မဟာအလင်းတန်းဂိုဏ်း ဂိုဏ်းချုပ်ကြီးက မျက်နှာချိုသွေးသည့် အပြုံးဖြင့် ပြောလာသည်။

သို့သော် တဖက်လူကမူ သူ့ကို ဘာမှပြန်မပြောဘဲ မျက်နှာကြီး သုန်မှုန်နေပါ၏။

မဟာအလင်းတန်းဂိုဏ်း ဂိုဏ်းချုပ်ကြီးမှာ တဖက်လူက အဘယ့်ကြောင့် ထိုသို့ဖြစ်နေရသည်ကို နားမလည်နိုင်ဘဲ အံ့အားသင့်သွားရသည်။

သို့သော်... ထိုစဥ်တွင် သူ့ဘေးရှိ ထျန်းဟွမ်တောင် နတ်ဘုရားသခင်ကြီးက နားမလည်နိုင်သော မျက်လုံး

အစုံဖြင့် ရှေ့သို့ ကြည့်နေသည်ကို မြင်လိုက်ရသည်။

" ဟင်... မင်းက ဘာဖြစ်နေတာလဲ "

မဟာအလင်းတန်းဂိုဏ်း ဂိုဏ်းချုပ်ကြီး အံ့သြသွားရ၏။

ကျန့်ဟွမ်တောင် နတ်ဘုရားသခင်ကြီး၏ နှုတ်ခမ်းများ လှုပ်ရှားသွားသော်လည်း တခဏကြာသည်အထိ ဘာအသံမှ ထွက်မလာခဲ့ပါချေ။

ထိုစဥ် တဖက်လူက ပြောလာသည်။

" နတ်ဘုရားသခင်ကြီး ၊ ခင်ဗျားကြီးက ထျန်းယွမ်ကမ္ဘာကို သစ္စာဖောက်ဖို့ ရွေးပြီးတော့ ထျန်းမင်ကမ္ဘာရဲ့ နောက်လိုက်ခွေး ဖြစ်လာမယ်လို့ ကျုပ် တကယ်ကိုမထင်ခဲ့မိဘူး "

ထိုစဥ်မှာပင် ကျန့်ဟွမ်တောင် နတ်ဘုရားသခင်ကြီး၏ တုန်ယင်နေသောအသံ ထွက်လာပါသည်။

" ကျူးကဲ့ကျန့် ... "

မှန်ပါသည် ။ တဖက်လူမှာ ကျူးကဲ့ကျန့် ပင် ...

ကျူးကဲ့ကျန့် သက်ပြင်းချလိုက်ပြီး ... ကျန့်ဟွမ်တောင် နတ်ဘုရားသခင်ကြီးကို စိတ်မကောင်းသည့် မျက်နှာဖြင့်ကြည့်ကာ ပြောလိုက်သည်။

" နောက်ဆုံးစကား ဘာပြောချင်သေးလဲ "

သူ့စကားကြောင့် ကျန့်ဟွမ်တောင် နတ်ဘုရားသခင်ကြီး ချက်ချင်းဒေါသထွက်သွား၏။

" ငါ လုပ်တာ ဘာမှားလို့လဲကွ ။ ငါက ကျန့်ဟွမ်တောင်အတွက် ပိုကောင်းတဲ့လမ်းကို ရွေးခဲ့တာ ။ ငါလုပ်တာ ဘာမှမမှားဘူး "

ကျူးကဲ့ကျန့် စိတ်ပျက်လက်ပျက် ခေါင်းယမ်း၍ ဘာစကားမှ ထပ်မပြောတော့ဘဲ... ဓားဆွဲထုတ်၍သာ တဖက်လူကို သတ်လိုက်တော့သည်။

ချွှင် ...

ဓားသံတစ်သံ မြည်လာပြီး ကျန့်ဟွမ်တောင် နတ်ဘုရားသခင်ကြီး သေဆုံးသွားတော့၏။

All Chapters