← Chapters

အခန်း (၈၆၆)

Vol. 62 Ch. 866

အခန်း (၈၆၆)

Vol. 62 Ch. 866

ယဲ့ဖူရှောက်၏ အစွမ်းကိုကြည့်ပြီး အံ့အားသင့်နေခဲ့ကြသူများမှာ ဘာပြောရမည်ပင် မသိကြတော့ချေ။

အဆင့်ကိုးအစီအမံ တစ်ခုကို စက္ကန့်ပိုင်းလေးအတွင်း လုပ်နိုင်ခဲ့သည်ကပင် ထူးခြားလှသော ပါရမီဟု သတ်မှတ်၍ရနေလေပြီ ။

ယခုလို တစ်စက္ကန့်လောက်လေးအတွင်း အစီအမံပေါင်း ရာချီ လုပ်နိုင်သည်ဆိုလျှင် ...

ထိုစဥ် လောထျန်းက ယဲ့ဖူရှောက်ကိုကြည့်ကာ ပြောလာသည်။

" မင်းရဲ့ အစီအမံလေးလောက်ကို ဂုဏ်ယူစရာ သိပ်ကောင်းတယ်လို့ ထင်နေတယ်ပေါ့ ။ ငါက အဲ့အဆင့်ကို မရောက်နိုင်ဘူး.. ဟုတ်လား ။ အခု ငါက အဲ့လိုအစီအမံမျိုး အများကြီး လုပ်လိုက်န်ုင်တာ မဟုတ်ဘူးလား "

လောထျန်း ပြောပြီးချိန်တွင် သူ့စိတ်ဝိဥာဥ်အစွမ်း

လည်း အသက်ဝင်လာပြန်သည်။

ဝီ ... ဝီ.... ဝီ... ဝီ....

ချက်ချင်းဆိုသလိုပင် လောထျန်းနှင့် ယဲ့ဖူရှောက်ကို ဗဟိုပြု၍ ထောင်ပေါင်းများစွာသော အစီအမံများ ပေါ်လာ၏။

" ပြီးတော့ မင်းရဲ့ အစီအမံလုပ်တဲ့နည်းကလဲ လိုအပ်ချက်တွေအများကြီးပဲ ။ ဒါနဲ့များတောင် အဲ့ဒါကို ရတနာတစ်ခုအဖြစ် သတ်မှတ်နေသေးတာလား "

လောထျန်း ပြောပြီး လက်တစ်ချက်ယမ်းလိုက်သည်။

ဝုန်း.. ဝုန်း ... ဝုန်း ...

ဘေးတွင် ရှိနေသော အစီအမံများ တစ်ခုပြီးတစ်ခု ပြန်ပျောက်ကွယ်သွား၏။

" ဟင်... "

ယဲ့ဖူရှောက် အံ့သြမှင်သက်သွားကာ သူ့အစီအမံများလည်း လောထျန်း၏ လက်ချက်ဖြင့် ပျောက်ကွယ်

သွားကြောင်း သိလိုက်ရသည်။

" မင်း .... "

သူ လောထျန်းကိုကြည့်ရင်း ဘာပြောရမည်ပင် မသိတော့ပါချေ။

လောထျန်း၏ အစီအမံပညာရပ်က အစွမ်းထက်သည်ကို သူ သိထားပြီးသည့်တိုင် ယခုလောက် အစွမ်းထက်နေမည်ဟုမူ ထင်မထားခဲ့ပါ ။

၎င်းမှာ ကမ္ဘာပေါ်တွင် အစွမ်းအထက်ဆုံးဟုပင် ပြောရမလို...

အမှန်တွင်မူ.. သူသည်သာမက ထျန်းယွမ်သခင်ကြီးလည်း ထိုမြင်ကွင်းကိုကြည့်ကာ တုန်လှုပ်နေပါ၏။

" ဒီလောက်များတဲ့ အစီအမံတွေကို စက္ကန့်ပိုင်းလေးအတွင်း လုပ်လိုက်နိုင်တာကို ကြည့်ရင်တောင် သူ့ စိတ်ဝိဥာဥ်အစွမ်းက ဘယ်လောက်ကြောက်စရာကောင်းလဲ သိသာနေပြီ ။ အရင်တုန်းက ငါတို့ မူလအဆင့် မသေမျိုးအစီအမံပညာရှင်တွေရဲ့ စိတ်ဝိဥာဥ်အစွမ်းတွေ အားလုံးကို ပေါင်းလိုက်ရင်တောင် သူ့

လောက် အစွမ်းထက်မှာမဟုတ်ဘူး ။ နည်းနည်းလေးသာ ထပ်ပြီး ပြုစုပျိုးထောင်လိုက်နိုင်ရင် ဒီလူငယ်လေးက တကယ့်ထိပ်တန်း မူလအဆင့် မသေမျိုးအစီအမံပညာရှင်တစ်ယောက် ဖြစ်လာမှာသေချာတယ် "

ထျန်းယွမ်သခင်ကြီး၏ မျက်လုံးများ အရောင်လက်သွားသည်။

သူ့မျက်နှာထားကို ဘေးမှကြည့်နေသော သခင်ကြီးလုံမှာလည်း ထျန်းယွမ်သခင်ကြီးက ဘာတွေးနေမည်ကို မြန်မြန်ပင် သဘောပေါက်လိုက်၏။

" သခင်ကြီး.. ပါရမီရှင်တွေ့ပြီလို့ တွေးနေတာလား "

သူ မေးလိုက်သည်။

ထျန်းယွမ်သခင်ကြီးက ခေါင်းညိတ်၍ ပြန်ပြော၏။

" ဟုတ်တယ်ကွ ။ ငါ့ရဲ့ အစီအမံပညာရပ် အမွေအနှစ်တွေကို သူ့ကို ပေးလိုက်ချင်တယ် "

သခင်ကြီးလုံက အပြုံးဖြင့် ပြောသည်။

" ဒါဆိုရင် သခင်လေးလောထျန်းကတော့ ကျားကို

တောင်ပံတပ်ပေးလိုက်သလို ဖြစ်သွားမှာ "

သူတို့နှစ်ယောက် ထိုသို့ ပြောနေကြစဥ်မှာပင် လောထျန်းက ယဲ့ဖူရှောက်ကိုကြည့်ကာ ဆက်ပြော၏။

" ခုနတုန်းက.. ငါ ဘယ်တော့မှမရောက်နိုင်မယ့် အဆင့်ရှိတယ်လို့ မင်း ပြောခဲ့တယ်မလား ။ ဒီနေ့တော့ ငါ့ရဲ့ ထိပ်ဆုံးအစွမ်းက ဘယ်လိုရှိတယ်ဆိုတာ မင်းကို ပြမယ် "

စကားဆုံးချိန်မှာပင် သူ့ စိတ်ဝိဥာဥ်အစွမ်းက အစိုင်အခဲအဖြစ် ပြောင်းတော့မလို ဖြစ်သွားပြီး ..

သူ အစီအမံများကို စရေးလိုက်သည်။

ဝီ ....

တစ်ချိန်တည်းတွင် လောထျန်းကြောင့် အဝေးလွင့်သွားခဲ့သော တာအိုထွင်းစာများက လောထျန်းအား ထပ်ပြီး ဖိနှိပ်လာကြပြန်၏။

၎င်းတို့မှာ ကောင်းကင်နှင့်မြေကြီး၏ စည်းမျဥ်းများကို အာခံခဲ့သော လူကို အပြောင်ရှင်းရန် ကြိုးစားနေ

ကြခြင်းပင် ။

သို့သော် ထိုစဥ်မှာပင် ...

ဝီ... ဝီ... ဝီ ...

လောထျန်းက ထွင်းစာများအား ရေးပြီးသွားကာ ဘေးပတ်လည်၌ အစီအမံများ ပေါ်လာပြန်သည်။

ထိုအစီအမံမှ ထွက်နေသော ဖိအားကလည်း ကောင်းကင်ယံသို့ ထိုးတက်သွားပြီး အပေါ်ကမ္ဘာ၏ တာအိုထွင်းစာများကို တွန်းထုတ်လိုက်၏။

ဝုန်း ....

ထိုဖိအားကြောင့် ယဲ့ဖူရှောက် ဦးဆောင်သော ဟွမ်ရှင်းဂိုဏ်းမှ လူများအားလုံး မြေပြင်တွင် ဒူးထောက်ကျသွားကြသည်။

" ဒါ.... "

ယဲ့ဖူရှောက် ခေါင်းကို ခက်ခက်ခဲခဲမော့ကာ ဘေးပတ်လည်မှ အစီအမံများအား မယုံနိုင်သည့်

မျက်လုံးများဖြင့် ကြည့်လိုက်သည်။

တဖက်မှ ထျန်းယွမ်သခင်ကြီးမှာလည်း ပါးစပ်အဟောင်းသား ...

" မူ.. မူလအဆင့် မသေမျိုးအစီအမံတွေပါလား ။ အဲ့လိုအစီအမံပေါင်း ရာကျော်ကို စက္ကန့်ပိုင်းလေးအတွင်း လုပ်လိုက်နိုင်တာလား "

သူ တုန်လှုပ်စွာ ရေရွတ်လိုက်သည်။

အကယ်၍ သူ့ကိုယ်ပေါ်မှ ဒဏ်ရာများသာ မနာနေဘူးဆိုပါက သူ ယခုအဖြစ်ပျက်ကြီးကို အိမ်မက်တစ်ခုဟု ထင်မိမည်မလွဲပါ ။

သူ အစွမ်းအထက်ဆုံး ဖြစ်နေချိန်တွင်ပင် မူလအဆင့်မသေမျိုးအစီအမံလေး တစ်ခုကို လုပ်ဖို့ မလွယ်ခဲ့ပါချေ။

ယခု လောထျန်းက အစီအမံ ရာပေါင်းများစွာကို တစ်စက္ကန့်လောက်လေးအတွင်း လုပ်ခဲ့သတဲ့လား..

ထိုအစွမ်းမှာ သူ့ထက် အဆများစွာ ပိုသာပါသည်။

သူက ၎င်းကိုမသိဘဲ လောထျန်းကို လေ့ကျင့်ပေးရန်ပင် တွေးမိခဲ့ပါသေး၏။

ဘုတ်...

ထိုစဥ် ယဲ့ဖူရှောက်မှာလည်း အသက်မဲ့နေသော မျက်လုံးများဖြင့် မြေပြင်သို့ ဒူးထောက်ကျသွားသည်။

၎င်းကို မြင်သည်နှင့် ယဲ့ဖူရှောက်တစ်ယောက် အသည်းကွဲသွားကာ သူ့ဘဝတလျှောက်လုံး ဘာတိုးတက်မှုမျိုးကိုမှ ရတော့မည်မဟုတ်ကြောင်း အားလုံး သိလိုက်ကြ၏။

" သခင်လေးလောထျန်း ၊ သူ့ကို အရင်မသတ်သေးဘဲနဲ့... သူ့စိတ်ဝိဥာဥ်ကို အရင်စစ်ဆေးကြည့်လိုက်ရအောင်လေ "

ထိုစဥ် သခင်ကြီးလုံက အော်ပြောလိုက်သည်။

ကျန်လူများလည်း အသိပြန်ဝင်လာကာ လောထျန်းအား လှည့်ကြည့်လိုက်ကြ၏။

လောထျန်းက ခေါင်းအသာညိတ်ပြသည်။

ထို့နောက် သူ လက်တစ်ဖက်ယမ်းလိုက်ရာ ကောင်းကင်ယံမှ အစီအမံများ ပြန်ပျောက်ကွယ်သွားပါ၏။

သူ လုပ်သွားပုံကို ကြည့်ရင်း အားလုံး အံ့သြတုန်လှုပ်သွားရပြန်ပါသည်။

လောထျန်းက အစီအမံများကို သိုင်းကွက်များ လုပ်သလို အလွယ်တကူ လုပ်နေပြီး အလွယ်တကူလည်း ပြန်ဖျက်ဆီးနေနိုင်သည် မဟုတ်ပါလား...

ပုံမှန်ဆိုလျှင် မသေမျိုးအစီအမံပညာရှင် တစ်ယောက်၏ အကြီးမားဆုံး အားနည်းချက်မှာ အစီအမံများ ပြုလုပ်ရာ၌ အချိန်များစွာ ယူရခြင်းဖြစ်ပြီး.. ထို့ကြောင့်လည်း တိုက်ပွဲအတွင်းတွင် ရန်သူကို တိုက်ခိုက်ရန် မလွယ်ပါချေ။

သို့သော် လောထျန်းက ထိုလိုအပ်ချက်ကို အပိုမလိုမရှိ ဖြည့်တင်းထားနိုင်ပါ၏။

ယခုအတိုင်းဆိုလျှင် ဤ ဒေသကိုးခုထဲ၌ သူ့ကို ယှဥ်နိုင်မည့်သူ ရှိမည်မထင်ပါ ။

တဖက်တွင်ကား... လောထျန်းသည် ဟွမ်ရှင်းဂိုဏ်းမှ လူများအားလုံးကို သခင်ကြီးလုံတို့ လက်ထဲ ထည့်ပေးပြီးနောက်.. သူ ကြိုပြင်ဆင်ထားခဲ့သော ပစ္စည်းများနှင့် ဖီးနစ်မီးတောက်ကိုးသွယ် စိတ်ဝိဥာဥ်သစ်ပင်အား ထုတ်လိုက်သည်။

" အမ်... ကျုပ် ကျင့်ကြံခြင်းအဆင့် တက်တော့မှာမို့ နည်းနည်း အန္တရာယ်များနိုင်တယ်ဗျ ။ ဒီတော့.. အားလုံး ခပ်ဝေးဝေးမှာ သွားနေကြရင် ကောင်းမယ် "

လောထျန်းက အားလုံးကို ကြည့်ကာ ဆိုသည်။

အားလုံးမှာလည်း သူ့စကားကြောင့် အံ့အားသင့်သွားပြီး တစ်ယောက်ကိုတစ်ယောက် လှည့်ကြည့်လိုက်ကြ၏။

ဤနေရာသည် စိတ်စွမ်းအင်များ ပေါများသလို မသေမျိုးစွမ်းအင်များလည်း ကြွယ်ဝပေရာ ကျင့်ကြံ

ခြင်း အဆင့်တက်ရန်အတွက် နေရာကောင်းတစ်ခုဖြစ်သည်မှာ မှန်ပါသည်။

သို့သော် .... ကျင့်ကြံခြင်း အဆင့်တက်ခြင်းက အဘယ့်ကြောင့် အန္တရာယ်များရပါသနည်း ။ အဘယ့်ကြောင့် အားလုံးကို ဝေးဝေးသွားခိုင်းနေရပါသနည်း ။

ထိုတခဏတွင် သခင်ကြီးလုံ တစ်ခုကို စဥ်းစားမိကာ အားလုံးကိုပြောလိုက်၏။

" အဲ့ ကျင့်ကြံခြင်း အဆင့်တက်တာက သခင်လေးလောထျန်းရဲ့ အစွမ်းလျှို့ဝှက်ချက်နဲ့ ပတ်သက်နေတယ်နဲ့တူတယ် ။ အဲ့ဒါကြောင့် သူ ကျုပ်တို့တွေကို မမြင်စေချင်တာဖြစ်မှာ "

အားလုံးလည်း သဘောပေါက်ဟန်ဖြင့် ခေါင်းညိတ်လိုက်ကြသည်။

" ကောင်းပါပြီ ။ ဒါဆိုရင် ကျုပ်တို့တွေ နောက်ဆုတ်ပြီးနေပါ့မယ် ။ သခင်လေးလောထျန်းက ကျင့်ကြံခြင်းအဆင့်တက်ဖို့ကိုသာ အာရုံစိုက်ပါဗျာ "

" သခင်လေးလောထျန်း အောင်အောင်မြင်မြင်နဲ့ ကျ

င့်ကြံခြင်းအဆင့်တက်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ် "

သူတို့ ပြောပြီးနောက် ဟွမ်ရှင်းဂိုဏ်းသားများကို ခေါ်ကာ ခပ်လှမ်းလှမ်းသို့ ထွက်သွားကြသည်။

" မင်းတို့နှစ်ယောက်လဲ သွားကြ "

လောထျန်းက ယွမ်ယင်နှင့် ပိုင်ရှောက်တို့ဘက် လှည့်ကြည့်ကာ ပြော၏။

ထိုနှစ်ယောက် ခေါင်းညိတ်ပြပြီး လူအုပ်နောက်မှ လိုက်သွားကြသည်။

အားလုံး ထွက်သွားပြီးနောက်တွင်မူ လောထျန်းက သူ စုဆောင်းထားသော ပစ္စည်းများအား ရှေ့တွင်တန်းစီ၍ ချလိုက်၏။

သူ အလွန်လည်း စိတ်လှုပ်ရှားနေပါသည်။

သူ ထိုပစ္စည်းများကို အချိန်များစွာပေး၍ ပြင်ဆင်ခဲ့ရပြီး .. ယခု ကျင့်ကြံခြင်းအဆင့် တက်နိုင်ပါတော့မည်။

ထို့နောက်.. သူ ပစ္စည်းများအားလုံးကို ဖိခြေကာ သူ့ခန္ဓာကိုယ်ထဲသို့ စုပ်ယူလိုက်၏။

" ကောင်းကင်ဘုံ အသက်ရှူကျင့်စဥ်... ရှူသွင်း... "

လောထျန်း တစ်လုံးချင်း ရေရွတ်လိုက်သည်။

ဝုန်း ...

သူ့ခန္ဓာကိုယ်အတွင်းတွင် မိုးကြိုးသံတစ်သံ ရုတ်ချည်းမြည်လာ၏။

ဘေးပတ်ဝန်းကျင်မှ စိတ်စွမ်းအင်များလည်း စုစည်းသွားကာ လောထျန်းဆီသို့ မိုးပြိုသလို တိုးဝင်လာကြသည်။

တဖက်မှ ထျန်းယွမ်သခင်ကြီးနှင့် ကျန်လူများမှာ လောထျန်းနှင့် မိုင်တစ်ရာကျော် အကွာအဝေးသို့ပင် ရောက်နေကြလေပြီ ။

" ဟူး... သခင်လေးလောထျန်း ကျင့်ကြံခြင်း အဆင့်

တက်တာကို ကြည့်ချင်လိုက်တာ.. "

အဘိုးအိုတစ်ယောက်က လောထျန်းရှိသည့်ဘက်သို့ လှမ်းကြည့်ရင်း သက်ပြင်းချကာ ပြော၏။

အခြားတစ်ယောက်က ဝင်ပြောသည်။

" ဘယ်သူမဆို တခြားသူတွေကို မသိစေချင်တဲ့ လျှို့ဝှက်ချက်မျိုး ရှိကြတာပဲလေ "

တဖက်အဘိုးအို ခြောက်ကပ်ကပ်ရယ်ရင်း ပြန်ပြော၏။

" ငါ သိပါတယ်ကွာ ။ ဒါပေမယ့် သခင်လေးလောထျန်းက လိမ်တာလဲ တော်တယ်ကွ ။ ကျင့်ကြံခြင်းအဆင့်တက်တဲ့ကိစ္စက ဘာအန္တရာယ်များလို့လဲ "

သို့သော်.. သူ့စကား ဆုံးချိန်မှာပင် ...

ဝုန်း ....

လောထျန်း ရှိနေသည့်နေရာ၌ ကောင်းကင်ကြီး ပြိုကျလာပါသည်။

" ဘယ်လိုဖြစ်ပြီး.... "

၎င်းကိုမြင်သော လူများအားလုံး နှလုံးခုန် မြန်သွားကြ၏။

" ဘာတွေဖြစ်နေတာလဲ... အခုဟာက ပြန်အသက်သွင်းခြင်း သခင်ကြီးနဲ့ တိုက်ပွဲဖြစ်တုန်းကထက်တောင် ပိုကြောက်စရာကောင်းသလိုပဲ ။ တခြား အစွမ်းထက်ရန်သူတစ်ယောက် ထပ်ရောက်လာတာလား "

" မဟုတ်ဘူးကွ ၊ ကြည့်လိုက်ဦး... စိတ်စွမ်းအင်တွေနဲ့ မသေမျိုးစွမ်းအင်တွေက တစ်နေရာတည်းကို ပြိုကျနေကြတာ ။ ဒါ... သခင်လေးလောထျန်းက ကျင့်ကြံခြင်းအဆင့်တက်ဖို့အတွက် စိတ်စွမ်းအင်တွေကို စုပ်ယူနေတာများလား "

တစ်ယောက်က ဆိုသည်။

ထိုစဥ်မှာပင်..

ဝုန်း .

လေထု ပြိုကွဲလာပါ၏။

အားလုံးမှာ ၎င်းကိုကြည့်ပြီး မှင်သက်ဆွံ့အလျက် ...

" စိတ်စွမ်းအင်တွေအားလုံး စုပ်ယူခံလိုက်ရလို့ လေထု ပြိုကွဲသွားတာလား "

တစ်ယောက်က ရေရွတ်လိုက်သည်။

All Chapters