← Chapters

နတ်ဘုရားသားတော်

Vol. 56 Ch. 780

နတ်ဘုရားသားတော်

Vol. 56 Ch. 780

ထိုစဥ်တွင် လောထျန်းမှာ ဆွံ့အနေပါ၏။

သူသည် အိမ်တွင် အေးအေးဆေးဆေး အိပ်နေချိန်၌ အသံလွှင့်အဆောင်ကြောင့် ရုတ်တရက် နိုးလာခဲ့ပါသည်။

၎င်းကို သူ စိတ်ထဲ သိပ်မရှိလှသော်လည်း ... အသံလွှင့်အဆောင် တဖက်မှလူက စကားပြောနေစဥ်မှာပင် အခြားသူတစ်ယောက်က ရုတ်တရက်ကြီး သူ့ကို ဆဲဆိုလာပါ၏။

သူ့ကို သတ်မည်ဟု ပြောသွားရုံမက.. သူ့ တစ်မိသားစုလုံးကို သတ်မည်ဟုပင် ပြောသွားပါသေးသည်။

ထို့ကြောင့် သူ ဆွံ့အသွားရခြင်းပါပင် ..

သူ နှစ်ခြိုက်စွာ အိပ်ပျော်နေစဥ် အနှိုးခံလိုက်ရသဖြင့် စိတ်မကြည်နေချိန်၌ ... တဖက်လူက ထိုစကား

မျိုး လာပြောနေသတဲ့ ။

သူ ၎င်းကို မည်သို့ သည်းခံရပါမည်နည်း ။

ဝုန်း...

ထို့နောက်တွင်.. လောထျန်း အဝတ်အစားပင် မလဲတော့ဘဲ နေရာမှ ရုတ်ချည်းပျောက်ကွယ်သွား၏။

တဖက်... ထျန်းလင်ဂိုဏ်းရှေ့၌ ..

ဟန်ဖုန်းယန်က အသံလွှင့်အဆောင်ကို ဖျက်ဆီးပြီးသည်နှင့် လီချင်းယွမ်အား ကောက်ကျစ်သည့်အပြုံးဖြင့် ကြည့်၍ ပြောလိုက်သည်။

" အဘိုးကြီး ၊ အခုတော့ ကူကယ်ရာမဲ့နေပြီ မဟုတ်လား ။ မင်း အကူအညီ တောင်းလိုက်တဲ့သူက လာရဲမှာတောင် မဟုတ်ပါဘူးကွာ ။ တကယ်လို့ သူ လာရဲတယ်ဆိုရင်တောင် ငါက မင်းတို့ ထျန်းလင်ဂိုဏ်းရဲ့ တည်နေရာရွှေ့ပြောင်းခြင်း အစီအမံကို ဖျက်ဆီးပြီးသွားပြီ ။ အဲ့တော့.. သူက ဒီကို ဘယ်လိုလာမှာလဲ "

သူ ပြောပြီး လီချင်းယွမ်အား လှောင်ပြုံးဖြင့် ထပ်ကြ

ည့်လိုက်၏။

လီချင်းယွမ် ခေါင်းမော့၍ ဟန်ဖုန်းယန်အား မုန်းတီးစွာ ကြည့်လိုက်သည်။

" မင်း... အသေဆိုးနဲ့ သေရမှာ သေချာတယ် "

သူ ခက်ထန်စွာ ပြောလိုက်၏။

ဟန်ဖုန်းယန်က အထင်သေးသည့် မျက်နှာကြီးဖြင့် ပြန်ပြောပါသည်။

" မင်းလို ဘာမဟုတ်တဲ့ အစွမ့်နိမ့်ကောင်က အဲ့လို အဓိပ္ပါယ်မရှိတဲ့ စကားမျိုးတွေ ပြောရဲတယ်ပေါ့ "

ထိုသို့ ပြောပြီးသည်နှင့် သူ သွေးနီလမင်းဂိုဏ်းသားများဘက် လှည့်ကြည့်လိုက်သည်။

" အလုပ်စကြတော့ဟေ့ "

" ဟုတ်ကဲ့ပါ သခင်ကြီး "

သွေးနီလမင်းဂိုဏ်းသားများက လှောင်ပြုံးဖြင့် ချင်းလေးအား စတိုက်ခိုက်ရန် ပြင်လိုက်ကြတော့၏။

သို့သော် ... ထိုစဥ်မှာပင် ...

ဝုန်း...

လူသတ်အရိပ်အငွေ့ တစ်ခုက ထျန်းလင်ဂိုဏ်း တစ်ခုလုံးကို ရုတ်တရက် လွှမ်းခြုံလာသည်။

" ဟင်... ဒါက.... "

ဟန်ဖုန်းယန် အပါအဝင် ထိုနေရာတွင် ရှိနေကြသော သွေးနီလမင်းဂိုဏ်းသားများအားလုံး နေရာ၌ ကြက်သေသေကုန်ကြ၏။

" ဘယ်ကောင်လဲကွ... ထွက်လာခဲ့စမ်း "

ဟန်ဖုန်းယန် ဒေါသတကြီး အော်လိုက်သည်။

ထိုစဥ်မှာပင် လေထဲမှ လူတစ်ယောက် ဆင်းသက်လာပါသည်။

အားလုံး ထိုသူကိုကြည့်ကာ မှင်သက်သွားကြ၏။

ထိုသူမှာ ညအိပ်ဝတ်စုံကို ဝတ်ထားပြီး... မျက်နှာ

တွင်လည်း လူသတ်အရိပ်အငွေ့တို့ အပြည့် ..

ထိုသူမှာ လောထျန်းပါပင် ...

" သခင်ကြီး ရောက်လာပြီလား "

လီချင်းယွမ်မှာ လောထျန်းတစ်ယောက် အချိန်မီ ရောက်လာမည်ဟု ထင်မထားသဖြင့် လွန်စွာ ဝမ်းသာသွားတော့သည်။

ဟန်ဖုန်းယန်က မျက်မှောင်ကြုံ့၍ ပြော၏။

" ဟင်... ဒီကောင်က တကယ်ကြီး လာရဲတယ်ပေါ့ ။ ကောင်လေး.. မင်း ဘယ်သူလဲ ၊ ဘယ်ဂိုဏ်းကလဲ "

သို့သော် လောထျန်းကမူ သူ့အား လျစ်လျူရှုထားပြီး လီချင်းယွမ်ဘက်သို့သာ ကြည့်၍ မေးလိုက်သည်။

" ခုနက အသံလွှင့်အဆောင်ထဲမှာ ကျုပ်ကို ဆဲလိုက်တာ ဘယ်သူလဲ "

" ဟင်... "

သူ့စကားကြောင့် အားလုံး အူကြောင်ကြောင် ဖြစ်

သွားကြသည်။

ယခုလို အခြေအနေမျိုးတွင် လောထျန်း ရောက်ရောက်လာချင်း မေးသည့်စကားက အဲ့ဒါတဲ့လား ...

ထိုစဥ် လီချင်းယွမ်မှာလည်း မှင်သက်နေပြီးနောက် စကားပြန်ပြောရန် ပြင်လိုက်၏။

သို့သော် သူ့ဒဏ်ရာများ ပြန်ဆိုးလာသဖြင့် သွေးအန်လိုက်ရပြန်ပါသည်။

ထိုအချိန်တွင် ဟန်ဖုန်းယန်က လောထျန်းရှေ့ ရောက်လာကာ ပြောသည်။

" ငါ ဆဲလိုက်တာလေ ။ အဲ့တော့ မင်းက ဘာလုပ်ချင်လို့လဲ ။ ငါ မင်းကို ပြောလိုက်မယ်.. ငါက သွေးနီလမင်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကြီးပဲကွ ။ ပြီးတော့ ငါသစ္စာခံတဲ့အဖွဲ့က...... "

သူ စကားဆုံးအောင်ပင် မပြောရသေးပါ ...

ဝုန်း ...

ရွှေရောင်လက်ဝါးကြီး ရုတ်တရက် ပေါ်လာပြီး ဟန်

ဖုန်းယန်အား အမှုန့်ဖြစ်အောင် ဖိခြေလိုက်ပါတော့၏။

" ဘယ်လိုဖြစ်ပြီး... "

ထိုမြင်ကွင်းကြောင့် အားလုံး မှင်သက်ကုန်ကြသည်။

ဟန်ဖုန်းယန်မှာ အလွန်အစွမ်းထက်သူ တစ်ယောက်ပါပင်...

သို့သော် ထိုသို့သော လူတစ်ယောက်က တစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရရုံမက.. အမှုန့်ဖြစ်အောင်ပင် ဖိခြေခံလိုက်ရသတဲ့လား...

ထိုတခဏ၌ သွေးနီလမင်းဂိုဏ်းမှ လူများအားလုံး မျက်နှာထားများ ရုတ်ချည်း ပြောင်းသွားကြတော့သည်။

ထိုစဥ် လောထျန်း လက်ယမ်းလိုက်ရာ ရွှေရောင်လက်ဝါးကြီး ပြန်ပျောက်ကွယ်သွား၏။

" မင်းက ကိုယ့်သေလမ်းကိုယ် ရှာခဲ့တာလေ "

လောထျန်းက အမှုန့်ဖြစ်နေသော ဟန်ဖုန်းယန်အား ကြည့်ကာ တံတွေးတစ်ချက်ထွေး၍ ပြောလိုက်သည်။

ထို့နောက်.. သူ သွေးနီလမင်းဂိုဏ်းမှ လူများဘက် လှည့်ကြည့်လိုက်သည်။

တဖက်မှ လူများအားလုံး နောက်ဆုတ်လိုက်ကြ၏။

သခင်ကြီးကျင့် တစ်ယောက်တည်းသာ သုန်မှုန်နေသော မျက်နှာကြီးဖြင့် မလှုပ်မယှက် ရပ်လျက်...

" မင်းက သူ့ကို သတ်ရဲတယ်ပေါ့လေ "

သခင်ကြီးကျင့် မျက်မှောင်ကြုံ့၍ ပြောလိုက်သည်။

လောထျန်းက သူ့အား လှည့်ကြည့်လာ၏။

" မင်းက ဘယ်သူလဲ "

ထိုစဥ်... လီချင်းယွမ်တစ်ယောက် အသိပြန်ဝင်လာကာ အသံတုန်တုန်ဖြင့် ပြောလိုက်သည်။

" သခင်ကြီးလောထျန်း ၊ အဲ့လူက ကျုပ်တို့ ထျန်းလင်ဂိုဏ်းကို ဖျက်ဆီးခဲ့တဲ့သူပါ ။ သူက ရွှေရောင် မ

သေမျိုးအဆင့်ကို ရောက်ထားနိုင်တာမို့... သခင်ကြီး သတိထားမှဖြစ်မယ် "

" ရွှေရောင် မသေမျိုးအဆင့်... ဟုတ်လား "

ထိုစကားကြောင့် လောထျန်း အနည်းငယ် အံ့သြသွားရသည်။

ထိုအဆင့်လောက်ကို ဘာဂရုစိုက်စရာ ရှိပါသနည်း ။

ထိုစဥ် သခင်ကြီးကျင့်က အေးစက်စက်ပြောလာ၏။

" ငါက ကောင်းကင်ဘုံသားတော်ရဲ့ လက်အောက်က လူပဲကွ ။ ဟန်ဖုန်းယန် နဲ့ သွေးနီလမင်းဂိုဏ်းကလဲ ကောင်းကင်ဘုံသားတော်ရဲ့ လက်အောက်ခံအဖြစ် အဖွဲ့ဝင်ထားပြီးသား ။ အခု မင်း သူ့ကို သတ်လိုက်တာဆိုတော့.. ဒါ အင်မတန်ကြီးလေးတဲ့ အပြစ်တစ်ခုပဲ ။ အခုချက်ချင်း ဒူးထောက်ပြီးတော့ တောင်းပန်စမ်း "

လောထျန်း မျက်မှောင်ကြုံ့သွားသည်။

တဖက်မှ လီချင်းယွမ်မှာကား တစ်ကိုယ်လုံး တုန်သွားတော့၏။

" ကောင်း.. ကောင်းကင်ဘုံသားတော်.. ၊ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ "

သူ တုန်တုန်ယင်ယင် ဆိုလိုက်သည်။

လောထျန်း သူ့ဘက် လှည့်ကြည့်လိုက်၏။

" အဲ့ ကောင်းကင်ဘုံသားတော် ဆိုတဲ့အရူးကို ခင်ဗျားသိတာလား "

သူ့စကားကို ကြားသွားသော သခင်ကြီးကျင့် ဒေါသတကြီး အော်လာသည်။

" မင်းက ကောင်းကင်ဘုံသားတော်ကို မလေးမစား လုပ်ရဲနေတယ်ပေါ့လေ ။ မင်း ... "

သူ ပြောနေစဥ်မှာပင်... လောထျန်းကိုယ်မှ ဖိအားတစ်ခု အရောင်လက်လာ၏။

ထို့နောက် .

ဝုန်း...

အသံကျယ် တစ်သံနှင့်အတူ သခင်ကြီးကျင့် မြေပြင်

သို့ ဒူးထောက်ကျသွားသည်။

အွတ်...

သူ သွေးအန်သွားပြီး ဒဏ်ရာလည်း ဆိုးရွားစွာ ရလိုက်ပါ၏။

" မင်း... "

လောထျန်းက သူ့အား တိုက်ခိုက်လာမည်ဟု သခင်ကြီးကျင့် မျှော်လင့်ထားခဲ့ပုံ မပေါ်ပါ ။

ထို့အပြင်... လောထျန်းက ဤမျှ အစွမ်းထက်မည်ဟုလည်း သူ လုံးဝ မထင်ခဲ့ပါချေ။

ဖိအားလေးဖြင့်ပင် သူ ဒဏ်ရာပြင်းထန်စွာ ရသွားခဲ့လေပြီ ။

ထိုစဥ်တွင် လောထျန်းက သခင်ကြီးကျင့်အား အေးစက်စက်မျက်လုံးများဖြင့် လှည့်ကြည့်ကာ ပြော၏။

" မင်းကို ငါ စကားပြောခွင့် ပေးထားလို့လား ။ ပါးစပ်ပိတ်ထားစမ်း "

သခင်ကြီးကျင့် ခွန်းတုန့်ပြန်ရန် ပြင်လိုက်သေးသော်လည်း... လောထျန်း၏ အကြည့်ကြောင့် ပြောမည့်စကားကို မျိုသိပ်လိုက်ရပါသည်။

သူသာ ဆက်ပြီး ခုခံလျှင် လောထျန်းက သူ့အား အမှန်တကယ် သတ်မည့်ပုံရှိသည် မဟုတ်ပါလား ။

ထိုစဥ် လောထျန်းက လီချင်းယွမ်ကို လှည့်ကြည့်ကာ မေးလိုက်သည်။

" အဲ့ ကောင်းကင်ဘုံသားတော် ဆိုတာကို ခင်ဗျားသိလား "

လီချင်းယွမ် ခေါင်းညိတ်ပြ၏။

" ကျုပ် ကြားပဲကြားဖူးတာပါ "

" သူက ဘယ်သူလဲ "

လောထျန်း ဆက်မေးလိုက်သည်။

လီချင်းယွမ် အံကြိတ်ကာ ပြန်ပြော၏။

" သူ ဘယ်ကလာခဲ့တာလဲ ဆိုတာတော့ ကျုပ် မသိဘူးဗျ ။ ဒါပေမယ့် ဒီ ကောင်းကင်ဘုံသားတော်က ပြီးခဲ့တဲ့ နှစ်တစ်သောင်းအတွင်း ချင်းယွမ်ဒေသမှာ

အတော်ဆုံး ပါရမီရှင်အဖြစ် သတ်မှတ်ခံထားရတာ "

" ကြားဖူးတာတော့... သူ ကောင်းကင်ဘုံတံခါးဝအဆင့်မှာ ရှိနေတုန်းကတောင် စိတ်ဝိဥာဥ်မသေမျိုး သုံးယောက်ကို တစ်ယောက်တည်းအစွမ်းနဲ့ သတ်နိုင်ခဲ့တယ်တဲ့ "

" သူ မသေမျိုးတစ်ယောက် ဖြစ်လာတဲ့နေ့မှာလဲ အစွမ်းထက်တဲ့ ရန်သူကိုးယောက်က သူ့ကို တိုက်ခိုက်ခဲ့သေးတယ်လို့ ပြောတယ် ။ ဒါပေမယ့် သူက အဲ့ရန်သူကိုးယောက်လုံးကို သတ်ပြီးတော့ စိတ်ဝိဥာဥ်မသေမျိုးတစ်ယောက် အောင်အောင်မြင်မြင် ဖြစ်လာခဲ့တယ်တဲ့ "

" အဲ့နောက်ပိုင်း... သူ မသေမျိုးအစစ် ဖြစ်လာတဲ့အချိန်မှာလဲ မသေမျိုးဘုရင်တစ်ယောက်က သတ်ဖို့ကြိုးစားတာကို ခံခဲ့ရသေးတယ် "

" ဒါပေမယ့်... သူ အဲ့လို ကူကယ်ရာမဲ့ ဖြစ်ခါနီးအချိန်မှာပဲ အရှုပ်အထွေးခန္ဓာကိုယ်ကို ရခဲ့ပြီးတော့ မသေမျိုးဘုရင်ရဲ့ လက်ကနေ အောင်အောင်မြင်မြင် ထွက်ပြေးနိုင်ခဲ့တယ် "

" နောက်တော့ .. အဲ့ မသေမျိုးဘုရင်က တခြား မသေမျိုးဘုရင် သုံးယောက်ကို ခေါ်ပြီးတော့ အားလုံးစုပြီး သူ့ကိုသတ်ဖို့ ထပ်ကြိုးစားခဲ့သေးတယ် "

" ဒါပေမယ့်.. သူ အဲ့လို ရှုံးခါနီး ဖြစ်နေတဲ့အချိန်မှာ ရွှေရောင်မသေမျိုးအဆင့်ကို ရောက်သွားခဲ့တယ်ဗျ ။ ဒါတင်မကသေးဘူး.. သူ့မှာရှိတဲ့ မူလမသေမျိုးလက်နက်ကလဲ သူ့ကို သခင်အဖြစ် စပြီး အသိအမှတ်ပြုခဲ့တယ် ။ အဲ့လိုနဲ့ သူ့ရဲ့ အရှုပ်အထွေးခန္ဓာကိုယ်ရယ် ၊ မူလမသေမျိုးလက်နက် အစွမ်းရယ် ပေါင်းပြီး သူ မသေမျိုးဘုရင်တစ်ယောက်ကို သတ်နိုင်ခဲ့တယ် ။ နောက်တစ်ယောက်ကိုတော့ ဒဏ်ရာအပြင်းထန်ရအောင် လုပ်နိုင်ခဲ့ပြီးတော့.. ကျန်တဲ့တစ်ယောက်ကတော့ ဆက်မတိုက်ခိုက်ရဲတော့ဘဲ ထွက်ပြေးသွားခဲ့တယ် ။ အဲ့မသေမျိုးဘုရင်က ချင်းယွမ်ဒေသကနေပါ ထွက်ပြေးသွားခဲ့တာ "

လီချင်းယွမ် စကားခဏရပ်ကာ တံတွေးမြိုချလိုက်ပြီးမှ ဆက်ပြောသည်။

" ချင်းယွမ်ဒေသမှာ ကောလဟလ ထွက်နေတာတော့... တကယ်လို့ သူသာ ကောင်းကင်ဘုံမသေ

မျိုးအဆင့်ကို ရောက်သွားရင် သူ့အစွမ်းက ဒါလောင် မသေမျိုးဘုရင်ကို စိန်ခေါ်နိုင်တဲ့အထိ ဖြစ်သွားမှာတဲ့ "

" တကယ်လို့ သူသာ မသေမျိုးဘုရင် အဆင့်ကို ရောက်သွားရင်တော့ အပေါ်ကမ္ဘာ တစ်ခုလုံးမှာ နံပါတ်တစ် အစွမ်းအထက်ဆုံးသူ ဖြစ်လာလိမ့်မယ်လို့ ပြောကြတယ် "

သူ ထိုသို့ ပြောပြီးချိန်မှာပင် သခင်ကြီးကျင့်က အေးစက်စက် နှာခေါင်းရှုံ့၏ ။

" မင်းက ငါ့ရဲ့ သခင်ကြီးကို ကောင်းကောင်းမသိထားပါလားကွ "

ထို့နောက် သူ လှောင်ပြုံးဖြင့် ဆက်ပြောသည်။

" ငါ့ရဲ့ သခင်ကြီး ၊ ထျန်းရှန့်ကျီက ရိုးရိုး အရှုပ်အထွေးခန္ဓာကိုယ် မဟုတ်ဘူးကွ ။ အခုဆို သူက အရှုပ်အထွေးခန္ဓာကိုယ် အဆင့်သုံးကို ရောက်နေပြီ ။ ပြီးခဲ့တဲ့ နှစ်တစ်သိန်းအတွင်းမှာတောင် ချင်းယွမ်ဒေသတစ်ခုလုံး အရှုပ်အထွေးခန္ဓာကိုယ်ကို အဲ့အဆင့်ထိ ကျင့်ကြံနိုင်တဲ့သူ ဘယ်သူမှ မရှိခဲ့ဖူးဘူး "

" ပြီးတော့.. မသေမျိုးဘုရင်အဆင့်က သူ့လုပ်နိုင်စွမ်း အကုန်မဟုတ်သေးဘူးကွ ။ သခင်ကြီး ထျန်းရှန့်ကျီက ဒီခေတ်မှာ မသေမျိုးဧကရာဇ်တစ်ယောက် ဖြစ်လာမှာ သေချာတယ် ။ ဘာလို့လဲဆိုတော့.. သခင်ကြီးက ကံတရားသားတော် တစ်ယောက် မို့လို့ပဲ "

All Chapters