ဟင်းဖြစ်သွားသော မီးတောက်ယူနီကွန်း
Vol. 31 Ch. 427
ပွဲကြည့်စင်တလျှောက် လောထျန်းစကားကို ကြားကြားချင်း ပြန်ကန့်ကွက်လိုသူများ များစွာပင် ရှိပါသည်။
သို့သော် ထိုအချိန်မှာပင် လောထျန်းက စကားဆက်လာ၏။
" ကန့်ကွက်ချင်တဲ့သူတွေ အကုန်လုံးကို ကျုပ်က အော်ဆဲမှာနော်။ ကန့်ကွက်ချင်ရင် ထရပ်လိုက်.. ဘယ်သူလဲ ကြည့်မယ် "
အားလုံး၏ မကျေနပ်ချက်များမှာ ထိုစကားကြောင့် ပျောက်သွားကြတော့သည်။
နောက်နေသည်လား...
မီးတောက်ယူနီကွန်းသည်ပင် လောထျန်း၏ အော်ဆဲခြင်းကြောင့် သေသွားခဲ့ရသည် ဖြစ်ရာ သူတို့လို သေမျိုးများက မည်သို့ ထကန့်ကွက်ရဲပါမည်နည်း။
ကန့်ကွက်ပါလျှင်လည်း မိမိကိုယ်ကို သေကြောင်းကြံ
သကဲ့သို့ ဖြစ်သွားပေမည်။
လောထျန်းက ငြိမ်နေသည့် လူအုပ်ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက် မီးတောက်ယူနီကွန်း ပေါ်လာခဲ့သည့် ဘက်သို့ ကြည့်ကာ အေးစက်စက်အသံဖြင့် မေးလိုက်၏။
" ခင်ဗျားတို့တွေရော ကန့်ကွက်ချင်သေးလား "
အစောပိုင်းတွင် ထိုနေရာဘက်မှ မီးတောက်ယူနီကွန်းကို ကာကွယ်ပေးသည့် စကားသံ ထွက်လာခဲ့ခြင်းကြောင့် လောထျန်းက တမင်အေးစက်စက်အသံဖြင့် ပြောလိုက်ခြင်းပင်။
" ကန့်ကွက်စရာ မရှိပါဘူး "
ခေတ္တမျှ တုန့်ဆိုင်းနေပြီး နောက်တွင်မူ ထိုနေရာဘက်မှ အသံတစ်သံ ထွက်လာသည်။
လောထျန်းက ၎င်းကို ကြည့်ကာ သက်ပြင်းချပြီး ပြောလိုက်၏။
" နှမျောစရာ ကောင်းလိုက်တာ "
နှမျောစရာ ကောင်းသည်တဲ့လား..
ထိုစကား၏ အဓိပ္ပါယ်ကို အားလုံးပင် နားလည်လိုက်ကြသည်။
တဖက်မှ ကန့်ကွက်ကြောင်း ထပြောလာခဲ့ပါက လောထျန်းအနေဖြင့် ထိုလူကို ချက်ချင်း သတ်ပစ်နိုင်မည် မဟုတ်ပါလား။
" ကောင်းပြီလေ ၊ အားလုံးဘက်က ကန့်ကွက်စရာ မရှိဘူး ဆိုတော့လဲ ကောင်းကင်ဘုံနဂါး ပြိုင်ပွဲကို ဆက်လုပ်လိုက်ကြတာပေါ့။ အခု ဆက်ပြီး တိုက်ခိုက်ရမယ့် ပြိုင်ပွဲဝင်နှစ်ယောက် စင်ပေါ်တက်လာပြီး တိုက်ခိုက်ကြပါ။ ဟွမ်ယင်.. ပြီးရင် အိုးထဲ ဆီထည့်ပြီး အပူပေးလိုက်ဦးနော် ။ မီးတောက်ယူနီကွန်းရဲ့ လက်ကို ချက်စားရအောင် "
လောထျန်းက ပြောပြောဆိုဆိုပင် သားရဲခြောက်ကောင် မီးတောက်နဂါးအိုး ကို ထုတ်၍ အောက်သို့ ပစ်ချပေးလိုက်သည်။
ထိုမြင်ကွင်းကြောင့် အားလုံး အံ့သြမှင်သက်သွားကြရပြန်၏။
ဘာတွေ ဖြစ်နေပါသနည်း။
လောထျန်းက ပြိုင်ပွဲ ကျင်းပနေစဥ်အတွင်း မီးတောက်ယူနီကွန်း၏ အသားကို ချက်စားရန် လုပ်နေသတဲ့လား ။
မည်မျှ မောက်မာလှသော လုပ်ရပ်ပါနည်း။
" ဝု.. "
ထိုအချိန်တွင် ရှောက်ထျန်းလုံလေးမှာကား ပျော်လွန်း၍ ပြုံးရွှင်နေပါ၏။
ထို့နောက် ၎င်းက မီးတောက်ယူနီကွန်း၏ လက်ကို ကိုင်၍ အိုးဆီသို့ အပြေးသွားလိုက်သည်။
ဟွမ်ယင်ကလည်း အားလုံး ကြည့်နေစဥ်မှာပင် အိုးထဲ ဆီထည့်၍ အသားကို စချက်လိုက်သည်။
ထိုစဥ်မှာပင် သားရဲသခင် နှစ်ယောက်က တိုက်ပွဲစင်မြင့်အနားသို့ သတိထားနေသည့် အမူအရာဖြင့်
လျှောက်လာကြသည်။
" ကျုပ်က ဝမ့်လီယွမ် ပါ.. ".
" ကျုပ်က ယန်ချန်းလုံ ပါ "
နှစ်ယောက်လုံး လောထျန်းအား ဦးညွှတ် အရိုအသေ ပေးလိုက်ကြသည်။
သို့သော် ထိုအချိန်တွင် လောထျန်းမှာ သားရဲခြောက်ကောင် မီးတောက်နဂါးအိုး နားသို့ ရောက်နေကာ အသားများကို စချက်နေပြီဖြစ်သည်။
လောထျန်းက ထိုနှစ်ယောက်အား လက်ကာပြ၍ ပြန်ပြော၏။
" ကိုယ့်ကိုကိုယ် မိတ်ဆက်နေဖို့ မလိုပါဘူး ၊ အားလုံးလဲ စည်းမျဥ်းတွေကို သိထားပြီးသား မဟုတ်လား။ အခု စပြီး တိုက်ခိုက်လို့ရပြီ။ အနိုင်ရတဲ့သူက နောက်တစ်ဆင့်ကို တက်ခွင့်ရမယ် ၊ ရှုံးတဲ့သူကတော့ ပြိုင်ပွဲက ထွက်ရမယ် "
လောထျန်း စကားဆုံးပြီး နောက်မှသာ အားလုံးဆီမှ
တီးတိုးပြောသံများ ပြန်ထွက်လာပြီး အစောက ဖြစ်နေခဲ့သည့် တင်းမာမှုများလည်း ပြန်ပြေလျော့သွားသည်။
လောထျန်း ပြောသည့်အတိုင်း ဆိုပါက ယခင်စည်းမျဥ်းအတိုင်း ပြိုင်ပွဲကို ဆက်လုပ်မည်ဖြစ်ရာ သူတို့အတွက်လည်း ပြဿနာ မရှိပါချေ။
" ကောင်းပါပြီ ၊ သွားတော့ "
" မင်း အရင်သွားလိုက် "
သားရဲသခင် နှစ်ယောက်ကလည်း ပြောပြောဆိုဆိုပင် သူတို့၏ တိုက်ပွဲဝင်သားရဲများအား တိုက်ပွဲစင်မြင့်ထက် စေလွှတ်လိုက်ကြသည်။
သို့သော် ထိုတိုက်ပွဲအား အာရုံစိုက် ကြည့်နေသူ အလွန်ရှားပါ၏။
အားလုံး၏ အကြည့်များမှာ တိုက်ပွဲစင်မြင့်အောက်နားလေးမှ သားရဲခြောက်ကောင် မီးတောက်နဂါးအိုးကြီး ပေါ်တွင်သာ ကျနေကြသည်။
ထိုအချိန်တွင် ဟင်းအိုး စတင်ဆူပွက်လာပြီး မွှေးကြိုင်သော အသားနံ့တစ်ခု စတင်လွင့်ပျံ့လာ၏။
" မီးတောက်ယူနီကွန်းရဲ့ အသားအနံ့က မွှေးလိုက်တာကွာ... "
" ဟုတ်တယ် ။ ငါ့ဘဝတလျှောက် မီးတောက်ယူနီကွန်း တစ်ကောင်ရဲ့ အသားနံ့ကို ခံဖူးမယ်လို့ ထင်တောင် မထင်ထားမိဘူး "
" မသေမျိုးအဆင့်ရှိတဲ့ နတ်ဘုရားသားရဲ တစ်ကောင်ရဲ့ အသားဆိုတော့ တော်တော်လေး အစွမ်းထက်မှာကွ။ ငါလဲ စားချင်လိုက်တာကွာ "
" ဟမ့်.. မင်းကလဲ စိတ်ကူးယဥ်နေပြန်ပြီ။ အဲ့လို အခွင့်ကောင်းမျိုး မင်း ဘယ်လိုလုပ် ရနိုင်မှာလဲ "
အားလုံးက ထင်ရာကို တစ်ယောက်တစ်ပေါက် ပြောလိုက်ကြသည်။
ထိုအချိန်တွင် တိုက်ပွဲစင်မြင့်ထက်မှ သားရဲနှစ်
ကောင်၏ ပြိုင်ပွဲမှာ အနိုင်ရသူပင် ထွက်ပေါ်နေပြီဖြစ်၏။
ထိုပွဲ၌ ယန်ချန်းလုံ၏ သားရဲက အနည်းငယ် ပိုသာနေသဖြင့် ပြိုင်ဘက်အား အနိုင်ရသွားခဲ့သည်။
သို့သော် ထိုရလဒ်အား ဂရုစိုက်သူ သိပ်မရှိလှပေ။
အဘယ့်ကြောင့်ဆိုသော် ထိုအချိန်၌ မီးတောက်ယူနီကွန်း၏ အသားက ကျက်သွားဟန် တူသောကြောင့်ပင်။
" ဝု "
ထိုအချိန်တွင် ရှောက်ထျန်းလုံလေးမှာလည်း ဟင်းအိုးကို ကြည့်ရင်း တံတွေးများပင် တတောက်တောက် ကျနေပါ၏။ ထို့နောက် သူက အိုးထဲမှ အသားတုံးတစ်ခုကို ယူကာ ပါးစပ်ထဲ ထည့်လိုက်တော့သည်။
ဝီ...
မီးတောက်ယူနီကွန်း၏ အသား ပါးစပ်ထဲ ရောက်
သွားသည်နှင့် ရှောက်ထျန်းလုံလေး ကိုယ်မှ အလင်းတန်းတစ်ခု ရုတ်ချည်း လင်းလက်လာ၏။
ထို့နောက် ချက်ချင်း ဆိုသလိုပင် သူ့ကိုယ်မှ မီးတောက်များလည်း ထွက်လာကြသည်။
ဝုန်း..
ထိုမီးတောက်များမှာ ကြောက်မက်ဖွယ် ကောင်းလှပြီး ကောင်းကင်နှင့် မြေကြီးပင် ချက်ချင်း အရောင်ပြောင်းသွား၏။
" ဟင် "
၎င်းကို မြင်လိုက်သော လောထျန်းက ချက်ချင်း လက်ယမ်း၍ သူ့စိတ်ဝိဥာဥ်အစွမ်းကို သုံးကာ မီးတောက်အား ဖိနှိပ်ထားလိုက်သည်။
ဝီ..
ချက်ချင်းမှာပင် မီးတောက်များ ပြန်ပျောက်ကွယ်သွား၏။
သို့သော် ထိုမြင်ကွင်းက လူများ၏ အာရုံကို ဖမ်းစားလိုက်နိုင်ပါသည်။
" မင်းတို့ မြင်လိုက်ကြလား ။ ခုနက မီးတောက်က မီးတောက်ယူနီကွန်းရဲ့ မီးတောက်တွေနဲ့ တော်တော်တူတယ်နော် "
" ဟုတ်တယ်ကွ ၊ မီးတောက်ယူနီကွန်းရဲ့ အသားကို စားလိုက်ရင် ငါရော အဲ့လိုမီးတောက်မျိုး ရနိုင်လား မသိဘူး "
" ယူနီကွန်း မျိုးနွယ်စုမှာ အဲ့လို လျှို့ဝှက်ချက်မျိုး ရှိထားမယ်လို့ ထင်တောင် မထင်မိဘူးကွာ "
" ယူနီကွန်းရဲ့ မီးတောက်အစစ်ကိုသာ ရလိုက်ရင် ငါ့ ကျင့်ကြံခြင်းအတွက် အများကြီး အကျိုးရှိသွားမှာပဲ "
" ဒါဆို ဟို ဟင်းအိုးကို သွားလုလိုက်လေကွာ။ ဘာကို စောင့်နေသေးတာလဲ "
" အဲ့လို လုနိုင်တဲ့ အစွမ်းတော့ ငါ့မှာ ဘယ်ရှိပါ့မလဲ
ကွ။ ဒါပေမယ့်.. မီးတောက်ယူနီကွန်းရဲ့ အလောင်းက ဟိုနားလေးမှာပဲ ရှိသေးတယ် မဟုတ်လား "
ထိုတခဏ၌ လူများစွာပင် မီးတောက်ယူနီကွန်း၏ အလောင်းဆီသို့ အကြည့်ရောက်သွားကြသည်။
သို့သော်.. ရှောက်ထျန်းလုံလေးက ယူနီကွန်း၏ မီးတောက်အစစ်အား ရသွားသည့် အကြောင်းရင်းမှာ ယူနီကွန်းမျိုးနွယ်၏ အသားတွင် ထိုသို့သော အစွမ်းမျိုး ရှိခြင်းကြောင့် မဟုတ်သည်ကိုမူ သူတို့ မသိကြပါချေ။
အမှန်မှာ ရှောက်ထျန်းလုံထံတွင် ထူးခြားသော ခန္ဓာကိုယ်အစွမ်းမျိုး ရှိထားသောကြောင့်သာ ဖြစ်ပါ၏။
သူ့ ခန္ဓာကိုယ်သည် သူ စားသောက်လိုက်သော အရာ၏ အစွမ်းကို ရယူနိုင်စွမ်း ရှိသောကြောင့်ပင်။
" သခင်လေး ၊ ကျုပ် နိုင်သွားပါပြီ "
ထိုစဥ် ယန်ချန်းလုံက လောထျန်းရှေ့ လျှောက်လာကာ သတိထား ပြောလိုက်သည်။
" ကောင်းပြီလေ ၊ နိုင်သွားပြီဆို အောက်ဆင်းပြီးတော့ နောက်တစ်ဖွဲ့ကို တက်လာခိုင်းလိုက်။ မျောက်ရေ ၊ ဒီ မီးတောက်ယူနီကွန်းရဲ့ အသားက အဟာရတွေ အပြည့်ပါတယ်ကွ ..မြန်မြန်လာစားလိုက် ။ မင်းရဲ့ ဒဏ်ရာတွေအတွက်လဲ ကောင်းနိုင်တယ် "
လောထျန်းက ပြောပြောဆိုဆိုပင် မျောက်ဘက်လှည့်၍ အသားကို မြန်မြန်စားရန် ပြောလိုက်သည်။
မျောက်ကလည်း ထိုစကားကို ကြားသည်နှင့် ချက်ချင်း ခေါင်းညိတ်ပြီး မီးတောက်ယူနီကွန်း၏ အသားတုံး ခပ်ကြီးကြီး တစ်ခုကို ယူကာ အားရပါးရ ကိုက်လိုက်သည်။
ထိုသို့ စားလိုက်သည်နှင့် သူ့ခန္ဓာကိုယ်အတွင်း၌ အစွမ်းထက်သော စွမ်းအင်တစ်ခု စီးဆင်းသွားသည်ကိုလည်း သူ ခံစားလိုက်ရပါ၏။
သူ အသားကို ဆက်စားနေစဥ်မှာပင် သူ ရထားသည့် ဒဏ်ရာများကလည်း အလွန်လျင်မြန်စွာ သက်သာပျောက်ကင်းလာကြသည်။
ထိုမျှမကသေးဘဲ.. ထို အစွမ်းက သူ့ကိုယ်ထဲမှ အရိုး
များ ၊ အသားများနှင့် သူ့ နတ်ဘုရားသွေး အစွမ်းကိုပါ တိုးတက်လာစေခဲ့သေးသည်။
တခဏမျှ ကြာပြီးနောက်တွင်မူ..
ဝီ..
မျောက်၏ ကိုယ်မှ စိတ်စွမ်းအင် အလင်းတန်းတစ်ခု ရုတ်တရက် ထွက်လာတော့၏။
သူ ကျင့်ကြံခြင်းအဆင့် တက်သွားခဲ့လေပြီ။
အားလုံးမှာ ၎င်းကိုကြည့်ရင်း ဆွံ့အနေကြတော့သည်။
သို့သော် သေချာ ပြန်တွေးကြည့်လိုက်ပြန်လျှင်လည်း သဘာဝ ကျသည်ဟု ဆိုရပါမည်။ ၎င်းမှာ မသေမျိုးအဆင့်ရှိ နတ်ဘုရားသားရဲတစ်ကောင်၏ အသား မဟုတ်ပါလား။
သို့ဖြစ်ရာ ထိုအသားကို စားပြီး ကျင့်ကြံခြင်းအဆင့် တက်သွားခြင်းက မထူးဆန်းပါချေ။
ယန်ချန်းလုံ မျက်နှာအနည်းငယ် ပျက်သွားပြီး နောက်ဆုတ်လိုက်သည်။
နောက်တက်လာသည့် ပြိုင်ပွဲဝင်များမှာမူ လောထျန်းတို့နှင့် သိထားပြီးသား ဖြစ်သော အာရှနဂါးမျိုးနွယ်စုမှ ညီအကို သုံးယောက် ဖြစ်ပါ၏။
ထိုသုံးယောက်ထဲတွင် တတိယ တစ်ယောက်ကသာ တိုက်ခိုက်ခဲ့ပြီး ပြိုင်ဘက် သားရဲ သုံးကောင်အား အလွယ်တကူ အနိုင်ရသွားခဲ့သည်။ ထို့နောက်တွင် သူတို့အားလုံး လောထျန်းဆီသို့ လျှောက်လာကြ၏။
" အရိုအသေ ပေးပါတယ် သခင်လေး "
အကြီးဆုံးတစ်ယောက်က ခေါင်းငုံ့လိုက်ပြီး ရှောက်ထျန်းလုံလေးအား တစ်ချက် ခိုးကြည့်ကာ လောထျန်းကို အရိုအသေ ပေးလိုက်သည်။
ကျန်နှစ်ကောင်မှာလည်း အလွန် ရိုကျိုးဟန် ပေါက်နေကြပါ၏။
ထိုမတိုင်ခင်က ရှောက်ထျန်းလုံလေးအား လောထျန်း
လက်မှ ခိုးယူကာ သူတို့ မျိုးနွယ်စုသို့ ပြန်ခေါ်သွားပြီး တရိုတသေ ထားရန် သူတို့ ကြိတ်စီစဥ်ခဲ့ကြသေးပါသည်။
သို့သော် လောထျန်း၏ အစွမ်းကို မြင်တွေ့ပြီး နောက်တွင်ကား ထိုအတွေးများ ကြက်ပျောက် ငှက်ပျောက် ဖြစ်သွားခဲ့ရသည်။
လောထျန်း၏ အစွမ်းက သူတို့ ခန့်မှန်းထားသည်ထက် အဆများစွာ ပိုကောင်းနေခဲ့သည် မဟုတ်ပါလား။
ထိုလူမှာ ဤထျန်းယွမ်ကမ္ဘာတွင် အစွမ်းအထက်ဆုံး ဖြစ်သော ကမ္ဘာပေါ်မှ မသေမျိုးတစ်ယောက်လိုပါပင်။
ထိုသို့သော လူမျိုးကို သူတို့ မည်သို့ တားနိုင်ပါမည်နည်း။
" ဘာတွေ ကြည့်နေကြတာလဲ။ ကိုယ်စားမယ့် ခွက်ကိုရော ယူလာခဲ့ကြရဲ့လား ။ ထိုင်ပြီး အတူတူ စားကြလေ "
လောထျန်းက ထိုသုံးကောင်ကို ကြည့်ကာ ပြောလိုက်၏။
ထို သားရဲသုံးကောင်က ရှောက်ထျန်းလုံလေးအပေါ် သစ္စာစောင့်သိမည်ဟု ပြောထားပြီး ဖြစ်ရာ သူ့ သစ္စာခံအဖြစ် ရောက်သွားသည်နှင့် မခြားပေ။
လောထျန်းသည် သူ့လူများအပေါ် အလွန်ကြင်နာကာ ရက်ရောတတ်သူတစ်ယောက်ပင်။
" ဒါ.. ကျုပ်တို့ကို ပြောနေတာလားဗျ "
သို့သော် သားရဲ သုံးကောင်မှာ လောထျန်းစကားကို ကြားပြီးသည့်တိုင် အနည်းငယ် ကြောက်ရွံ့နေသေးဟန် တူကာ ရှောက်ထျန်းလုံလေးအား ခိုးကြည့်လိုက်ကြသည်။
ထိုအချိန်တွင် ရှောက်ထျန်းလုံလေးမှာကား မျက်မှောင်ကြုံ့နေပါ၏။
မီးတောက်ယူနီကွန်း၏ လက်သည် မသေးလှသည့်တိုင် သူ အလွန်ဗိုက်ဆာနေပါသည်။
အကယ်၍ ထိုသုံးယောက်သာ ဝင်စားလိုက်ကြပါက သူ့အတွက် လုံလုံလောက်လောက် ကျန်တော့မည် မဟုတ်ပါ။
သို့သော် လောထျန်းကိုယ်တိုင်က ထိုသုံးယောက်အား အတူတူစားကြရန် ခေါ်နေခြင်း ဖြစ်သဖြင့် သူ့ဘက်မှ ကန့်ကွက်ရန်လည်း မလွယ်ပါချေ။
ထို့ကြောင့် သူ သက်ပြင်းသာ ချလိုက်ပြီး အိုးထဲမှ အရိုး သုံးတုံးကို ယူကာ သားရဲသုံးကောင်ဆီသို့ လှမ်းပေးလိုက်သည်။
" ကောင်လေး ၊ အဲ့လို လုပ်တာတော့ မကောင်းဘူးလေ "
၎င်းကို မြင်သောအခါ ဟွမ်ယင်က စိုးရိမ်မကင်းဟန်ဖြင့် ဝင်ပြော၏။
ထို သားရဲသုံးကောင်သည် အလွန်အစွမ်းထက်ကြသူများ ဖြစ်ရာ ရှောက်ထျန်းလုံလေး၏ အပြုအမူကြောင့် ပြဿနာ တစ်စုံတရာ တက်သွားမည်ကို သူမ စိုးရိမ်နေခြင်း ဖြစ်သည်။
သို့သော် မျှော်လင့်မထားစွာပင်.. တဖက်မှ သားရဲသုံး
ကောင်က ရှောက်ထျန်းလုံ ပေးလာသော အရိုးကို တွေ့သည်နှင့် ချက်ချင်း မျက်လုံးများ နီသွားကြ၏။
" ခုလို ချီးမြင့်တဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်လေး "
သူတို့ သုံးကောင်လုံးပင် မြေပြင်သို့ ဒူးထောက်ချပြီး ငိုကြွေးလိုက်ကြတော့သည်။
" အာ... "
ဟွမ်ယင် တစ်ယောက် စိတ်ရှုပ်သွား၏။