အမွေအနှစ်ကို လက်ခံခြင်း
Vol. 42 Ch. 575
ထိုစကားကို ကြားသောအခါ လောထျန်း မျက်မှောင်ကြုံ့သွားသည်။
" ဘာပြောလိုက်တယ်.. ကျုပ်ကို နောက်ဆုံးစကားပြော.. ဟုတ်လား "
လောထျန်းစိတ်ထဲတွင်လည်း ၎င်းမှာ ရယ်စရာကောင်းလှသည်ဟု ခံစားလိုက်ရ၏။
အကြီးအကဲက ခေါင်းညိတ်၍ ပြန်ပြောသည်။
" အမှန်ပဲ ၊ အဲ့လောင်းကြေးကို မင်းကိုယ်တိုင် လုပ်ခဲ့တာလေ ။ အခု ရှုံးသွားတော့မှ ဘာတွေ ငြင်းချင်နေတာလဲ "
သူ ထိုသို့ပြောပြီး လောထျန်းအား လှောင်ပြောင်လိုသော မျက်နှာထားဖြင့် ကြည့်လိုက်ပါသေး၏။
" ရှုံးသွားတယ် ဟုတ်လား.. ။ ကျုပ်က အခု ဘာမှတောင် မလုပ်ရသေးတာကို ရှုံးသွားပြီတဲ့လား "
လောထျန်းမှာ ဒေါသထွက်လွန်းနေ၍ အော်ပင်ရယ်မိ
သွားသည်။
အကြီးအကဲက သူ့မုတ်ဆိတ်ကို ပွတ်ရင်း ပြန်ပြော၏။
" တခြား ဘာရှိသေးလို့လဲကွာ ။ သခင်လေး ချီပန်းကျန်းက နတ်ဆိုးတစ်သောင်း သချ်ိုင်းဂူရဲ့ အကန့်အသတ် ပမာဏအထိ လုပ်နိုင်ခဲ့တာကို.. မင်းက သူ့ကိုအနိုင်ယူနိုင်မယ် ထင်နေသေးတာလား "
လောထျန်း၏ မျက်လုံးများ အေးစက်သွားကာ ပြောလိုက်သည်။
" နတ်ဆိုးတစ်သောင်း သချ်ိုင်းဂူရဲ့ အကန့်အသတ် ပမာဏ ဟုတ်လား.. ။ မြေကမ္ဘာနတ်ဆိုးအဆင့် အမွေအနှစ်သုံးခုက အကန့်အသတ် ပမာဏပေါ့ "
အကြီးအကဲက လှောင်ပြုံးဖြင့် ဆို၏။
" အင်းလေ "
လောထျန်း သက်ပြင်းချလိုက်သည်။
" ခင်ဗျားတို့ရဲ့ လိုအပ်ချက်က တော်တော်နိမ့်တာပဲ "
သူ့စကားကြောင့် အကြီးအကဲ မျက်မှောင်အနည်းငယ် ကြုံ့သွားသည်။
ထိုစဥ် ချီပန်းကျန်းက အေးဆေးပြောလာ၏။
" မင်းက လက်မခံချင်ဘူးဆိုလဲ ထားလိုက်ပါလေ ။ ငါ မင်းကို အခွင့်အရေးပေးလိုက်ပါ့မယ် ။ အခု နတ်ဆိုးတစ်သောင်း သချ်ိုင်းဂူကို သွားပြီး ကြိုးစားကြည့်ပေါ့ "
" ပြီးမှ မင်းနဲ့ ငါ့ကြားက ကွာဟချက် ဘယ်လောက်ကြီးတယ်ဆိုတာကို သေချာကြည့်လိုက် "
သူ့စကားကို ကြားပြီးနောက် နတ်ဆိုးတစ်သောင်း သချ်ိုင်းဂူမှ အကြီးအကဲကလည်း ဘေးသို့ ဖယ်လိုက်ပြီး လောထျန်းအား အပြုံးဖြင့် ပြောသည်။
" ကဲ... သွားလုပ်ကြည့်လေ "
လောထျန်းက သူတို့ကို ကြည့်ကာ စိတ်ပျက်လက်ပျက် ခေါင်းယမ်းလိုက်ပြီးမှ နတ်ဆိုးတစ်သောင်း သချ်ိုင်းဂူဆီသို့ လျှောက်သွားလိုက်၏။
" ဟားဟား.. ဒီကောင်က တကယ်ကြီး သွားရဲတာပဲ ။ ငါသာ သူ့နေရာမှာဆို ဒီတိုင်းသေဖို့ပဲ ရွေးလိုက်မှာ
။ မသေခင်မှာ ကိုယ့်ကိုကိုယ် ဘာလို့ အရှက်ခွဲနေဦးမှာလဲ "
ချီပန်းရွှမ်က လှောင်ပြုံးဖြင့် လှမ်းပြော၏။
ချီပန်းကျန်းကလည်း မထူးခြားဟန် မျက်နှာပေးဖြင့် ပြန်ပြောသည်။
" တချို့လူတွေက သူတို့ကိုယ်သူတို့ ဉာဏ်ရည်မဲ့မှန်း လက်မခံနိုင်ကြဘူးကွ "
ထိုအချိန်တွင် လောထျန်းမှာ နတ်ဆိုးတစ်သောင်း သချ်ိုင်းဂူရှေ့သို့ ရောက်သွားခဲ့လေပြီ။
သူ ဘေးဘီသို့ တစ်ချက်ဝေ့ကြည့်ပြီးနောက် တည်ငြိမ်စွာ ပြောလိုက်၏။
" ကျုပ်က အမွေအနှစ်တွေယူဖို့ လာခဲ့တာ ။ ခင်ဗျားတို့မှာ ရှိရင် မြန်မြန်ထုတ်ပေးကြပါ "
သူ့စကားကြောင့် ခပ်လှမ်းလှမ်းတွင် ရှိနေသူများအားလုံး မှင်သက်ကုန်ကြတော့သည်။
၎င်းက အမွေအနှစ်ကို တောင်းခံသည့် စကားတဲ့လား..
ဤရှေးဟောင်းနတ်ဆိုးကမ္ဘာမှ မည်သူမဆို နတ်ဆိုးတစ်သောင်း သချ်ိုင်းဂူဆီသို့ လာတိုင်း အမွေအနှစ်ကို ရိုရိုသေသေ တောင်းခံကြသည်ချည်းသာ ဖြစ်ပါသည်။
အချို့လူများဆိုလျှင် ဒူးများပင် ထောက်ကြပါသေး၏။
ချီပန်းကျန်းသည်ပင် ရိုရိုသေသေ လေးလေးစားစား တောင်းခံခဲ့သည် မဟုတ်ပါလား.. ။
သို့သော် ယခု လောထျန်းကမူ..
အမွေအနှစ်ကို လေသံမာမာဖြင့် တောင်းနေပါ၏။
သူ့အသွင်မှာလည်း အမွေအနှစ် တောင်းနေသည်နှင့် မတူဘဲ အမှိုက်များစုနေသလိုပါပင်...
" အဲ့ကောင်က ... ဒီတိုင်း အရှုံးပေးလိုက်ချင်လို့များလား.. "
" ငါ့မှာတော့ သူ့ကို အနည်းဆုံး မြေကမ္ဘာနတ်ဆိုးအဆင့် အမွေအနှစ် တစ်ခုလောက်တော့ ရမယ်ထင်နေတာ ။ အခုက.. ဘာကြီးလဲကွာ "
" ဟားဟား.. အဲ့လိုပုံမျိုးနဲ့ အမွေအနှစ် ရသွားရင် ငါ အားလုံးရှေ့မှာ ဒီ အုတ်ဂူကိုတောင် စားပြလိုက်ဦးမယ် "
အားလုံး တစ်ယောက်တစ်ပေါက် ပြောလိုက်ကြသည်။
ချီပန်းကျန်းသည်ပင် ထိုစဥ် မျက်မှောင်ကြုံ့နေပါ၏။
ထိုသို့သော လူတစ်ယောက်နှင့် လောင်းကြေး လုပ်ထားခဲ့သည့်အတွက် ရှက်သလိုလည်း သူ ခံစားလိုက်ရသည်။
သို့သော် ထိုစဥ်မှာပင်...
ဝီ...
မလှမ်းမကမ်းရှိ နတ်ဆိုးအုတ်ဂူ တစ်ခုပေါ်မှ နတ်ဆိုး
အလင်းတန်း တစ်ခု ကောင်းကင်ယံသို့ ထိုးတက်သွားသည်။
" အင်.... သခင်ကြီးတစ်ယောက်ယောက်က တကယ် တုန့်ပြန်လာတာလား "
" ဒီတိုင်း အတုများလား... "
အားလုံး အံ့အားသင့်ကုန်ကြတော့သည်။
ချီပန်းရွှမ်က ၎င်းကိုကြည့်ကာ လှောင်ပြုံးဖြင့် ဆို၏။
" အမွေအနှစ်တစ်ခု ရတော့ရော ဘာဖြစ်သေးလဲ ။ ဒီတိုင်း နတ်ဆိုးစိတ်ဝိဥာဥ်အဆင့် အမွေအနှစ်ပဲဟာကို... "
ချီပန်းကျန်းက လောင်းကြေးကို နိုင်တော့မည့်ဟန် တူသဖြင့် သူ အလွန်လည်း ပျော်ရွှင်သွားသည်။
သို့သော် ထိုအချိန်တွင်..
ဝီ..
အခြား နတ်ဆိုးအလင်းတန်းတစ်ခု ကောင်းကင်ယံသို့ ထိုးတက်သွားပြန်၏။
" ဒုတိယ အမွေအနှစ် ပါလား.. ဒီဟာက နတ်ဆိုးအဆင့်လား... "
" အဆင့်နှစ်ခုက အမွေအနှစ်ပဲ ။ သခင်ကြီး ချီပန်းကျန်းကသာ မြေကမ္ဘာနတ်ဆိုးအဆင့် အမွေအနှစ် သုံးခုကို ရမထားရင် ဒီရလဒ်ကို တော်တော်ကောင်းတယ်လို့ ပြောရမှာ ။ ခုတော့.. သနားစာရာပဲ "
တစ်ယောက်က သက်ပြင်းချ၍ ဆိုလိုက်သည်။
သို့သော်.. သူ့စကား မဆုံးခင်မှာပင်..
ဝီ ..
ခပ်လှမ်းလှမ်း တောင်ထိပ်ပေါ်ရှိ အုတ်ဂူတစ်ခုမှ မြေကမ္ဘာနတ်ဆိုးအဆင့် နတ်ဆိုးအလင်းတန်းတစ်ခု ကောင်းကင်ယံသို့ တက်သွားပြန်၏။
" ဟင်.. မြေကမ္ဘာနတ်ဆိုးအဆင့် အမွေအနှစ်ပဲ...
သူက မြေကမ္ဘာနတ်ဆိုးအဆင့် အမွေအနှစ်ကို တကယ်ကြီး ရခဲ့တာပေါ့... "
အားလုံးမှာ ၎င်းကိုကြည့်ရင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပြန်တော့သည်။
ယနေ့တွင် မြေကမ္ဘာနတ်ဆိုးအဆင့် အမွေအနှစ်ကို ရသွားသူ သုံးယောက် ရှိသွားလေပြီ ။
နတ်ဆိုးတစ်သောင်း သချ်ိုင်းဂူက ဘာတွေ ဖြစ်နေပါသနည်း ။
သို့သော်.. ပိုအံ့သြတုန်လှုပ်စရာ အရာများ ဆက်ဖြစ်လာပါသည်။
ဝီ... ဝီ.... ဝီ...
ခပ်လှမ်းလှမ်းရှိ မြေကမ္ဘာနတ်ဆိုးအဆင့် အုတ်ဂူသုံးခုမှ နတ်ဆိုးအလင်းတန်းများက တစ်ပြိုင်နက်တည်းလိုပင် ကောင်းကင်ယံသို့ ထိုးတက်သွားပြန်၏။
အစောက တစ်ခုနှင့် ပေါင်းလိုက်ပါက မြေကမ္ဘာ
နတ်ဆိုးအဆင့် အမွေအနှစ် လေးခု ဖြစ်သွားလေပြီ..
ထိုလူက မြေကမ္ဘာနတ်ဆိုးအဆင့် အမွေအနှစ်ကြီး လေးခုကို အမှန်တကယ် ရခဲ့ပါသလား..
သူက ချီပန်းကျန်းကိုပင် ကျော်သွားခဲ့လေပြီ ။
ထို့သော်.... ၎င်းက အစသာ ရှိပါသေး၏။
ထို့နောက်.... ငါးခုမြှောက် ၊ ခြောက်ခုမြှောက် ၊ ခုနစ်ခုမြှောက်...
မျက်စိတစ်မှိတ်ခန့် အချိန်လေးအတွင်းမှာပင် မြေကမ္ဘာနတ်ဆိုးအဆင့် အလင်းတန်း ဆယ့်ငါးခု အရောင်လက်သွားတော့သည်။
ထိုတခဏ၌ နတ်ဆိုးတစ်သောင်း သချ်ိုင်းဂူတစ်လုံး အပ်ကျသံပင် ကြားရမတတ် တိတ်ဆိတ်လျက်...
အထူးသဖြင့် နတ်ဆိုးတစ်သောင်း သချ်ိုင်းဂူမှ အကြီးအကဲမှာ အံ့သြမှင်သက်လွန်း၍ ပါးစပ်အဟောင်းသား ဖြစ်နေရှာတော့သည်။
အစွမ်းနိမ့်ပုံရသော လောထျန်းက မြေကမ္ဘာနတ်ဆိုးအဆင့် အမွေအနှစ် ဆယ့်ငါးခုကို ရသွားလိမ့်မည်ဟု သူ စိတ်ကူးပင် မယဥ်ခဲ့ဖူးပါချေ။
၎င်းမှာ ချီပန်းကျန်းထက် ငါးဆ ပိုများနေလေပြီ...
ထိုသို့တွေးရင်း.. သူ လောထျန်းအား သတ်ရန်လုပ်ခဲ့သည်ကို ပြန်သတိရကာ နောင်တကြီးစွာ ရသွားတော့၏။
ချီပန်းကျန်းအား မျက်နှာသာပေးရန် အကြောင်းတစ်ခုတည်းအတွက် ထိုသို့သော လူတစ်ယောက်ကို သူ အဘယ့်ကြောင့် ရန်စစော်ကားခဲ့မိပါသနည်း ။
" မြေကမ္ဘာနတ်ဆိုးအဆင့်အမွေအနှစ် ဆယ့်ငါးခုတောင်.... ၊ ဒီလူက တကယ်ကို အံ့မခန်းပဲ "
တစ်ယောက်က လောထျန်းအား တုန်လှုပ်စွာကြည့်ရင်း ဆိုလိုက်သည်။
သို့သော် ထိုအချိန်တွင် လောထျန်းမှာ မျက်မှောင်ကြီးကြုံ့လျက်...
" ဘာတွေ ဖြစ်နေတာလဲ ၊ မြေကမ္ဘာနတ်ဆိုးအဆင့် အမွေအနှစ် ဆယ့်ငါးခုပဲလား... ။ နည်းလိုက်တာ "
သူတစ်ယောက်တည်း ပွစိပွစိ ရေရွတ်လိုက်သည်။
ထိုအချိန်တွင် ထျန်းယွမ်ကမ္ဘာသခင်ကြီးက ပြောလာ၏။
" ဒီအမွေအနှစ်တွေက တဖက်လူရဲ့ ကံကောင်းခြင်း အပေါ်မှာလဲ မူတည်သေးတယ်ဆိုတာ မင်း မေ့နေပြီလား ။ အဲ့တော့ မင်းရဲ့ ကံကောင်းခြင်းတွေ နည်းနည်းထုတ်ပြလိုက်လေ "
ထိုစကားကို ကြားမှသာ လောထျန်း အသိဝင်သွားသည်။
" ဟုတ်သားပဲ... မေ့တော့မလို့ဗျာ ။ ကံကောင်းခြင်းဆိုလို့.... "
လောထျန်းက ပြောပြောဆိုဆိုပင် လက်ဖြင့် အစီအမံများ ပြုလုပ်၍ သူ့ကိုယ်ပေါ်မှ အချုပ်အနှောင်တစ်ခုကို ဖြေလိုက်သည်။
ထိုအချုပ်အနှောင်အား သူ သိပ်မကြာသေးခင်ကမှ
ကိုယ်တိုင်လုပ်ထားခဲ့ခြင်းပင် ။
ထိုနေ့က.. နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းတွင် စိတ်ဝိဥာဥ်ပေါင်းများစွာကို လွတ်မြောက်အောင် လုပ်ပေးခဲ့ပြီးနောက်.. မြောက်များစွာသော စွမ်းအင်များက သူ့ကိုယ်ကို ရစ်နှောင်လာခဲ့ပါ၏။
ထိုစဥ်ကမူ.. သူ အာရုံနောက်သည်ဟု သဘောထားပြီး အခြားသူများ မမြင်စေရန်အတွက် သူ့ ကံကောင်းခြင်းများ အားလုံးကို ချုပ်နှောင်ထားခဲ့သည်။
ယခုမှ ထိုအချုပ်အနှောင်ကို သူ ချိုးဖျက်လိုက်ခြင်းပင် ။
ဝီ..
ချက်ချင်းပင် အံ့မခန်း ပမာဏရှိသည့် ကံကောင်းခြင်းများ ထွက်ပေါ်လာကာ လောထျန်းအား နေတစ်စင်းကဲ့သို့ အကာကွယ် ပေးလာ၏။
တစ်ချိန်တည်းနီးပါးမှာပင်..
ဝီ... ဝီ... ဝီ ..
ကျန်ရှိနေသေးသော မြေကမ္ဘာနတ်ဆိုးအဆင့် အုတ်ဂူများဆီမှ နတ်ဆိုးအလင်းတန်းများ ကောင်းကင်ယံသို့ ရုတ်ချည်း ထိုးတက်သွားတော့သည်။
" နှစ်ဆယ့်ခြောက်... နှစ်ဆယ့်ခွန်... နှစ်ဆယ့်ရှစ်... သူက မြေကမ္ဘာနတ်ဆိုးအဆင့် အုတ်ဂူတွေအားလုံးကို အရောင်လက်အောင် လုပ်နိုင်ခဲ့တာလား "
တစ်ယောက်က တအံ့တသြ အော်ပြောလိုက်သည်။
အမှန်တွင်မူ သူ ထိုသို့ အော်နေစရာပင် မလိုဘဲ... ထိုမြင်ကွင်းအား အားလုံး မြင်နေရပါ၏။
" အလင်းတန်း ၂၈ ခုဆိုတော့ မြေကမ္ဘာနတ်ဆိုးအဆင့် အမွေအနှစ် ၂၈ ခုဆိုတဲ့ အဓိပ္ပါယ်ပေါ့ ။ သူက အားလုံးရဲ့ အသိအမှတ်ပြုတာကို ခံခဲ့ရတာလား "
" အဲ့ထဲမှာ ဟိုးရှေးခေတ်ကတည်းကနေ ဒီနေ့ထိတောင် ဘယ်သူမှ မရခဲ့ကြသေးတဲ့ အမွေအနှစ်တွေ
ပါတယ်ကွ... ။ ဒီနေ့လိုကြီး ဖြစ်လာမယ်လို့ ငါလုံးဝ မထင်ခဲ့..... "
ထိုစဥ် လူအုပ်ထဲမှ ချီပန်းကျန်း၏ မျက်နှာမှာကား ဖြူသထက် ဖြူရော်နေလေပြီ ။
အစောကလေးတင် သူ့အား အသိအမှတ် ပြုခဲ့ကြသည့် အမွေအနှစ် သုံးခုကလည်း ယခု လောထျန်းအား ထပ်ပြီး အသိအမှတ်ပြုနေသည်ကို သူ ကူကယ်ရာမဲ့ မျက်နှာဖြင့်သာ ကြည့်နေရပါသည်။
ထို့အပြင်.. အမွေအနှစ် အလင်းတန်းများ၏ သိပ်သည်းပုံကို ကြည့်ခြင်းဖြင့်လည်း...
ထို အမွေအနှစ်သုံးခုအပါအဝင် လောထျန်းရခဲ့သည့် အရာများက သူ့ထက် များစွာပိုကောင်းမှန်း ရှင်းရှင်းလင်းလင်း မြင်နေရပါ၏။
သူ ဆိုးဆိုးရွားရွား ရှုံးနိမ့်သွားခဲ့လေပြီ ။
ထိုစဥ် တဖက်မှ လောထျန်းမှာမူ အုတ်ဂူများကို ကြည့်ရင်း စိတ်ကျေနပ်ပုံ မရသေးပါချေ။
" ဘာတွေ ဖြစ်နေတာလဲ ... အဲ့လောက်ပဲလား... ။ ကျန်တဲ့ အုတ်ဂူတွေက ငါ့ကို မပေးချင်ကြဘူးပေါ့ ။ နတ်ဆိုးစိတ်ဝိဥာဥ်အဆင့် အမွေအနှစ်က မြေကမ္ဘာနတ်ဆိုးအဆင့်ထက် ပိုခက်လို့များလား "
သူ နားမလည်နိုင် ဖြစ်သွားရသည်။
ထျန်းယွမ်ကမ္ဘာသခင်ကြီးက တည်တည်ငြိမ်ငြိမ် ပြောလာ၏။
" အဲ့လောက် မခက်ဘူးကွ ။ မင်းက မြေကမ္ဘာနတ်ဆိုးအဆင့် အမွေအနှစ်ကိုတောင် ရထားပြီးပြီလေ ။ ဒီတော့ ကျန်တဲ့ အဆင့်နိမ့် အမွေအနှစ်တွေကို မင်းအထင်သေးမှာစိုးလို့ ဘာမှ မလုပ်ကြတာနဲ့တူတယ် "
ထိုအချိန်မှ လောထျန်း နားလည်သွားပြီး အခြား ကျန်နေသေးသော အုတ်ဂူများဘက် လှည့်ကြည့်၍ ပြောလိုက်သည်။
" အားလုံး... ပေးချင်တဲ့ဟာသာ ပေးကြပါ ၊ ကျုပ်က အားလုံးကို လက်ခံမှာ ။ ဘယ်အဆင့်ပဲဖြစ်ဖြစ် ၊ အမွေအနှစ် ဆိုတာနဲ့ကို ကျုပ်က အထင်သေးမှာ မဟုတ်ဘူး "
သူ့စကားကို ကြားလိုက်ရသော လူများအားလုံး ဆွံ့အသွားကြပြန်တော့၏။
ထိုစဥ်မှာပင် ...
ဝုန်း...
နတ်ဆိုးတစ်သောင်း သချ်ိုင်းဂူအတွင်းမှ ထောင်ပေါင်းများစွာသော နတ်ဆိုးအလင်းတန်းများ လေထဲသို့ ဝုန်းခနဲ ပျံတက်လာကြတော့သည်။