The prodigy wang chen
Vol. 68 Ch. 984
မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အားလုံး မှင်သက်မိကုန်ကြ၏။
ချူပန်းလင်က တကယ်ကြီး ထွက်ပြေးသွားတာလား
ထွက်ပြေးတာတောင်မှ အဲ့လိုကိုယ်ပွားပုံရိပ်တွေထုတ်ပြီး ထွက်ပြေးသွားရတာလားကွာ
ခုနကလဲ သူ့လက်တစ်ဖက် ကျိုးသွားသေးတယ်မဟုတ်လား
ဟိုလူငယ်လေးက ဘယ်သူလဲ .. အစွမ်းထက်လိုက်တာကွာ
အားလုံး၏အကြည့်က လူငယ်ထံသို့ ရောက်သွားကြသည်။
ထိုစဉ်တွင် လှံကိုင်ထားသော လူငယ်မှာ ထွက်ပြေးသွားသော ချူပန်းလင်အား ဒေါသတကြီး ကြည့်နေပါ၏။
ရွံစရာ ကောင်းလိုက်တဲ့ကောင် ၊ နောက်တစ်ခါ မင်းကိုထပ်တွေ့လို့ကတော့ အသေသတ်ပစ်မယ်
သူ ဒေါသတကြီး ဆိုသည်။
ထိုစဉ်
ဝီ ...
သူ့နောက်ရှိ မသေမျိုးကိုးပါးသစ်ပင်မှ သစ်သီးများ မှည့်သွားရာမှ မသေမျိုးစွမ်းအင် အလင်းတန်းတစ်ခု ထွက်လာသည်။
ဝီ ...
သိပ်သည်းလှသော မသေမျိုးစွမ်းအင်များက နေရာအနှံ့လွင့်ပျံ့သွားပြီး အားလုံး၏အာရုံကို ဆွဲခေါ်လိုက်နိုင်၏။
အားလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။
တဖက်မှ လူငယ်လေး ၊ လောပိုင်သည်လည်း ၎င်းကို မသိမထားမိဘဲ မနေပါချေ။
လက်ရှိတွင် သူသည် မသေမျိုးသစ်ပင်နှင့် အနီးဆုံးဖြစ်နေသဖြင့် သစ်ပင်ရှေ့သို့ ဦးစွာရောက်သွား၏။
ဟင် ...
ထိုအချိန်မှာပင် ဘေးလူများ၏အကြည့်ကို သူ သတိထားမိကာ ရုတ်တရက် တစ်ခုကို တွေးမိသွားသည်။
ဒါနဲ့ စောနတုန်းက အသီးမှည့်ရင် မျှမျှတတ ယှဉ်ပြိုင်ကြမယ်လို့ ပြောခဲ့တယ်မဟုတ်လား
သူ ပြောပြီး လက်ထဲမှလှံကိုမြှောက်၍ လူအုပ်ဘက် လှမ်းကြည့်လိုက်သည်။
ကျုပ်နဲ့ ဘယ်သူတိုက်ခိုက်ချင်လဲ
အားလုံး ၎င်းကိုမြင်ပြီး ဆွံ့အကုန်ကြ၏။
ဘယ်သူ တိုက်ခိုက်ချင်လဲ တဲ့လား ..
တိုက်ခိုက်၍ရော ဘာထူးပါမည်နည်း။
ချူပန်းလင်ပင် ထွက်ပြေးသွားရချိန်၌ မည်သူက ကိုယ့်အသက်ကို မနှမျောဘဲ တိုက်ခိုက်ချင်ပါမည်လဲ။
လူငယ်လေး ၊ မသေမျိုးသစ်သီးကို မင်းပဲ ယူလိုက်ပါ
အဘိုးအိုတစ်ယောက်က တွန့်ဆုတ်ဆုတ် ဆိုသည်။
ဟုတ်တယ်၊ သစ်သီးတွေ ကြိုက်သလောက်သာယူပါ မိတ်ဆွေလေး ၊ ကျုပ်တို့က မသေမျိုးသစ်ရွက်လေး နည်းနည်းပဲယူမှာပါ
ဟုတ်ပါတယ်
အားလုံး ပြောလိုက်ကြသည်။
လောပိုင် ခေါင်းညိတ်လိုက်၏။
အဲ့လိုဆိုရင် ကျုပ် အားမနာတော့ဘူးနော်
သူ ပြောပြီး အားလုံး၏ မနာလိုအားကျ အကြည့်အောက်မှာပင် မသေမျိုးသစ်သီးကို ခူးယူကာ ဟင်းလင်းပြင်လက်စွပ်ထဲ ထည့်လိုက်သည်။
ကဲ ., ကျန်တာတွေကိုတော့ အားလုံး စိတ်ကြိုက်သာလုပ်ကြဗျာ။ ကျုပ် ဟိုကောင့်ကို လိုက်ရှာဦးမယ်
ထို့နောက်တွင် လောပိုင်တစ်ယောက် လေထဲပျံပြီး ထွက်ခွာသွား၏။
ဘေးပတ်ဝန်းကျင်မှ လူအုပ်ကြီး အသံတိတ်သွားကြပြန်သည်။
ထိုလူငယ်က ချူပန်းလင်ကို လိုက်ရှာမယ်တဲ့လား ...
၎င်းမှာ ကောင်းကင်ဘုံကို ဆန့်ကျင်သည့်လုပ်ရပ်နှင့် မတူပေဘူးလား ...
လောပိုင်တစ်ယောက် လုံးဝ ပျောက်သွားပြီးချိန်မှ လူအုပ်ကြားရှိ တစ်ယောက်က ရုတ်တရက် ထခုန်၏။
ဒီ မသေမျိုးသစ်ပင်က ငါ့အပိုင်
အိမ်မက် မက်နေတာလား
လာလေ တိုက်ခိုက်မယ်
ထိုတခဏတွင် အားလုံး အစောကကဲ့သို့ သင့်သင့်မြတ်မြတ် မဟုတ်ကြတော့ဘဲ တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်လိုက်ကြပါတော့သည်။
ထိုစဉ် ... အခြားတစ်ဖက် ရှေးဟောင်းသစ်ပင်အို တစ်ပင်အောက်၌ ..
ဝှစ်
ချူပန်းလင် ပေါ်လာ၏။
လက်ရှိတွင် သူ မသေမျိုးစွမ်းအင်များစွာ သုံးထားရသဖြင့် လဲကျမလို ယိုင်တိုင်တိုင် ဖြစ်နေပါသည်။
သူ ချက်ချင်း တင်ပျင်ခွေထိုင်ချပြီး ဟင်းလင်းပြင်လက်စွပ်ထဲမှ ဆေးရည်များနှင့် မသေမျိုးသစ်သီး ပေါင်းစုံကို ထုတ်ကာ ပါးစပ်ထဲ လောင်းထည့်၍ မသေမျိုးစွမ်းအင် ပြန်ရအေညင် လုပ်လိုက်ရပါ၏။
သူ ပြန်ကောင်းလာအောင်လည်း အချိန်အတန်ကြာပင် ယူလိုက်ရပါသည်။
တောက် .. နည်းတဲ့ ဆုံးရှုံးမှုမဟုတ်ဘူး ။ ဒါတွေအားလုံး ဟိုကောင်နျဲ့လင်ကြောင့်ပဲ
သုံးလိုက်ရသည့် သဘာဝအရင်းအမြစ် ပစ္စည်းများကိုကြည့်ရင်း ချူပန်းလင် ဒေါသတကြီး ရေရွတ်လိုက်သည်။
ထို့နောက် သူ ဆက်သွယ်ရေး အဆောင်ကျောက်ပြားကို ထုတ်ကာ အချိန်အတန်ငယ်ကြာ စဉ်းစားပြီးမှ သတင်းပို့လိုက်၏။
ငါ လောထျန်းနဲ့ တွေ့ခဲ့တယ်
သူ့သတင်းကို ရသည်နှင့် နျဲ့လင်တို့သုံးယောက် ချက်ချင်းပြန်ပြောကြပါသည်။
ဟင် .. မင်း သူနဲ့ တိုက်ခိုက်ခဲ့သေးလား
ဝမ်ချန်းက ဦးဆံုးမေးသည်။
ချူပန်းလင် ခေါင်းညိတ်လိုက်၏။
တိုက်ခိုက်ခဲ့တယ်
ဘယ်လိုလဲ .. သူ့အခြေအနေကို မင်း ဘယ်လိုထင်လဲ
နျဲ့လင် မေးသည်။
ချူပန်းလင် တစ်ခုခုပြန်ပြောရန် ပြင်လိုက်ပြီးမှ ရုတ်တရက် မျက်လုံးများ အရောင်လက်သွားကာ ပြောလိုက်၏။
ဒီ လောထျန်းဆိုတဲ့ကောင်က တကယ်လဲ အစွမ်းထက်တာပဲ။ မူလမသေမျိုးလက်နက် တစ်ခုတည်းသုံးပြီးတော့တောင် ငါနဲ့တန်းတူ တိုက်ခိုက်နိုင်တယ်
သူ့စကားကို ကြားသည်နှင့် နျဲ့လင်က ပြန်ပြောသည်။
ငါ ပြောသားပဲ ၊ အဲ့ကောင်က မလွယ်ပါဘူးဆို
ဝမ်ချန်းက တအံ့တဩ ပြော၏။
အဲ့လောက်တောင် အစွမ်းထက်တာလား
ထိုစဉ် ဝူကျန့်တစ်ယောက်မှာ ဘာမှပြန်မပြောဘဲ တိတ်နေသော်လည်း အရောင်လက်နေသည့် ဆက်သွယ်ရေးအဆောင်ကျောက်ပြားကို ကြည့်ခြင်းအားဖြင့် သူ့စကားကို တဖက်လူကြားကြောင်း ချူပန်းလင် သဘောပေါက်လိုက်ပါသည်။
ကဲ . အားလုံး မြန်မြန်လူစုကြဟေ့ ။ လူစုံသွားတာနဲ့ အဲ့လောထျန်းဆိုတဲ့ကောင်ကို သတ်ကြမယ်
နျဲ့လင် ထပ်ပြောလာသည်။
ချူပန်းလင် စိတ်ထဲမှ လှောင်ပြုံးကြိတ်ပြုံးကာ ပြန်ပြောလိုက်၏။
ကောင်းပြီ ၊ကျုပ် အခုလာခဲ့မယ်
ထိုစဉ် ဝမ်ချန်းက ရုတ်တရက်ပြောသည်။
ဟင် .. ခဏနေကြဦး ၊ ဟို သေမျိုးအမှိုက်ကောင်တွေနဲ့ ထပ်တွေ့လိုက်တယ်
နျဲ့လင်က မရွှင်မပျ ပြန်ပြော၏။
အဲ့ကောင်တွေက ထားလိုက်ပါကွာ ၊ ဒီကိုပဲ မြန်မြန်လာခဲ့
ဝမ်ချန်း ရယ်လိုက်သည်။
စိတ်မပူပါနဲ့ကွာ ။ အဲ့ကောင်တွေကို သတ်ရတာ မကြာပါဘူး ။ ငါ မြန်မြန်လာခဲ့မယ်
သူ ပြောပြီး ဆက်သွယ်ရေးအဆောင်ကျောက်ပြားအား ပိတ်လိုက်သည်။
နျဲ့လင် ၎င်းကိုကြည့်ပြီး သက်ပြင်းချလိုက်၏။
ရှုပ်လိုက်တာကွာ ... ထားပါလေ ၊ မင်းတို့နှစ်ယောက်တော့ မြန်နိုင်သမျှအမြန်ဆုံး လာခဲ့ကြနော်
ကောင်းပါပြီ
ချူပန်းလင် ပြန်ပြောလိုက်သည်။
အင်း
ဝူကျန့်က တစ်ခွန်းတည်း ပြန်ပြော၏။
ထို့နောက်တွင် ဆက်သွယ်ရေးအဆောင်ကျောက်ပြားများအားလုံး ပိတ်သွားကြပါသည်။
ထိုစဉ် မသေမျိုး တောင်တစ်တောင်ရှေ့၌ ..
ကျုပ်တို့ အကိုလောဟွေ့အပေါ် ကျေးဇူးကြွေးတွေ အများကြီး တင်နေပါပြီဗျာ ။ အကို့ကြောင့်သာ မဟုတ်ရင် ကျုပ်တို့ ဟိုလူတွေလက်ချက်နံ့ သေရတော့မှာ
ထျန်းယွမ်ကျောင်းတော်မှ ဂိုဏ်းသားတစ်ယောက်က စိတ်အေးသွာစပုံဖြင့် ဆိုပါသည်။
သူ့ရှေ့တွင် ရှိနေသော လောဟွေ့ဆိုသည့် လူငယ်က နှုတ်ခမ်းတွန့်ရုံပြုံးကာ ပြော၏။
အားလုံး အဲ့လိုမပြောကြပါနဲ့ဗျာ ။ကျုပ်တို့အားလုံးက ထျန်းယွမ်ကမ္ဘာသားတွေပဲ ၊ တစ်ယောက်ကိုတစ်ယောက် ကြည့်ရှုစောင့်ရှောက်ကြရမှာပေါ့ ။ အခု သူတို့တွေ ခင်ဗျားတို့ကို တိုက်ခိုက်တာကလဲ ကျုပ်တို့သခင်လေး လောထျန်းနဲ့ ပတ်သက်နေတယ်။ အဲ့တော့ ကျုပ်ဘက်ကလဲ ဝင်ပါရမှာပေါ့ဗျာ
အစောပိုင်းလေးကတင် သူတို့ ထျန်းယွမ်ကမ္ဘာမှ လူအုပ်မှာ ကောင်းကင်ဘုံသားတော်၏ နောက်လိုက်များနှင့် ရင်ဆိုင်ခဲ့ရပါသည်။
တဖက်လူများက သူတို့၏ အရောင်အဝါကို အာရံုခံမိသည်နှင့် သူတို့ ထျန်းယွမ်ကမ္ဘာမှဖြစ်ကြောင်း ချက်ချင်း သိသွားခဲ့ကြပါသည်။
ဤသို့ဖြင့် သူတို့လူအုပ် နှစ်ဖက်ကြားတွင် တိုက်ပွဲတစ်ခု ဖြစ်သွားခဲ့ပါ၏။
ကောင်းကင်ဘုံသားတော်၏ နောက်လိုက်လူအုပ်မှာ အရေအတွက် ပိုနည်းသော်လည်း ကျင့်ကြံခြင်းအဆင့်က များစွာသာနေသဖြင့် နောက်ဆုံးတွင် ထျန်းယွမ်ကမ္ဘာသားများ အချိန်တိုလေးအတွင်း ဆုံးရှုံးမှု ကြီးခဲ့ပါသည်။
သို့သော် ထိုစဉ်တွင် လောဟွေ့နှင့်ကြုံကာ လောဟွေ့က ကြောက်မက်ဖွယ်အစွမ်းမျိုးဖြင့် သူတို့အားလုံးကို ရန်သူ့လက်မှ ကယ်တင်ပေးခဲ့ပါသည်။
အကိုလောက တကယ်ကို စိတ်သဘောထားကောင်းတာပဲဗျာ
ထျန်းယွမ်ကမ္ဘာသားများ ရယ်ရင်းဆိုသည်။
လောဟွေ့ ခေါင်းတစ်ချက်ညိတ်လိုက်၏။
ကဲ .. ဒီနေရာက အန္တရာယ်များလွန်းတယ်ဗျ ။ အားလုံး ဒီကနေ မြန်မြန်ထွက်သွားကြတာ ကောင်းလိမ့်မယ်
ဟင် .. အကိုလောကရော ကျုပ်တို့နဲ့ မလိုက်ဘူးလား
တစ်ယောက်က စပ်စပ်စုစုမေးသည်။
လောဟွေ့၏ မျက်နှာထက်၌ အေးစက်စက် အငွေ့သက်တစ်ခု ပေါ်လာပါသည်။
မလိုက်တော့ဘူး ၊ ကျုပ်က ဟို နျဲ့လင်ဆိုတဲ့ကောင်ကို သွားသတ်ရဦးမယ်
နျဲ့လင်ဟုခေါ်သည့် လူတစ်ယောက်က သူတို့အကိုကြီး လောထျန်းအား သတ်ရန်ကြိုးစားနေသည်ကို သူ သတင်းရထားပြီးသားပင် ။
သူ ၎င်းကို မည်သို့ သည်းခံရပါမည်လဲ ။
သို့သော် သူ စကားမဆုံးခင်မှာပင် ...
နျဲ့လင်ကို သတ်မယ် ဟုတ်လား ... ငါ ဒီလောက်တောင် ကံကောင်းရတာလားကွာ
လေထဲမှ အသံတစ်သံ ထွက်လာပါသည်။
ထိုအသံပိုင်ရှင်မှာ ဝမ်ချန်းပင် ။
သူ ထျန်းယွမ်ကမ္ဘာသားများ၏ အရောင်အဝါကို အာရုံခံမိပြီး အားလုံးကိုသတ်ရန်အတွက် လာခဲ့စဉ်တွင် မမျှော်လင့်ဘဲ လောဟွေ့စကားကိုကြားကာ မျက်လုံးများ အရောင်လက်သွားခဲ့ရပါ၏။
လောဟွေ့လက်ထဲမှ မူလမသေမျိုးလက်နက်၏ ဖိအားမှာလည်း လုံးဝကြီး ပျောက်မသွားသေးပါချေ။
ထို့အပြင် ထိုကောင်လေးက နျဲ့လင်အား သတ်မည်ဟုလည်း ပြောနေသေးရာ ထိုလူငယ်မှာ မကြာခင်လေးကမှ နျဲ့လင်နှင့် တိုက်ခိုက်ခဲ့သည့် လောထျန်းဆိုသူ ဖြစ်ရပေမည်။
ဟင် ..
ထိုစဉ်တွင် အားလုံးလည်း ဝမ်ချန်းကို သတိထားမိသွားကြ၏။
မင်းက ဘယ်သူလဲ
တစ်ယောက်က မေးလိုက်သည်။
ငါလား .. ငါက ကောင်းကင်ဘုံသားတော်ရဲ့ နောက်လိုက်တွေထဲက တစ်ယောက်ပဲကွ
ဝမ်ချန်း အပြုံးဖြင့် ပြန်ေဖြလိုက်သည်။
ကောင်းကင်ဘုံသားတော် ဟုတ်လား
ထျန်းယွမ်ကမ္ဘာသားများ အနည်းငယ် အံ့ဩသွားကြ၏။
လောဟွေ့၏ မျက်လုံးထဲတွင်မူ လူသတ်အရိပ်ငွေ့များ အရောင်လက်သွားပါသည်။
ကောင်းကင်ဘုံသားတော်ရဲ့ နောက်လိုက် ဟုတ်လား ၊ ဒါဆို သေလိုက်တော့
ဝုန်း
အသံကျယ်တစ်သံနှင့်အတူ လောဟွေ့ ဓားဆွဲထုတ်လိုက်၏။