← Chapters

အခန်း (၈၃၀)

Vol. 60 Ch. 830

အခန်း (၈၃၀)

Vol. 60 Ch. 830

" လာပြန်ပြီလား အဲ့စကား "

အမျိုးသမီး အကြီးအကဲတစ်ဦးမှာ ထိုစကားကိုကြားပြီး စိတ်အနှောင့်အယှက် ဖြစ်သွားဟန်တူသည်။

" အကြီးအကဲဟောင်... ကျွန်မတို့အားလုံးက ရှင် လောထျန်းကို ကူညီပေးပြီး လိမ်ခဲ့တာကို လျစ်လျူရှုထားပေးခဲ့တဲ့ အကြောင်းရင်းက ပြီးခဲ့တဲ့ နှစ်တွေမှာ ရှင်အလုပ်ကြိုးစားပြီး အများကြီးလုပ်ပေးခဲ့တာကြောင့်မို့ပဲ ။ ဒါပေမယ့် ရှင်က အခုလိုပဲ လွန်လွန်ကျူးကျူးတွေ ဆက်လုပ်လာမယ်ဆိုရင်တော့.... "

အမျိုးသမီးက ခေါင်းယမ်းရင်း ဆိုသည်။

သခင်ကြီးဟောင် နှာခေါင်းရှုံ့လိုက်၏။

" ကျုပ် ခင်ဗျားတို့တွေကို ကြိမ်ဖန်များစွာ ပြောပြီးသွားပြီ ။ လောထျန်းက လုံးဝ မလိမ်ခဲ့... "

သို့သော် သူ့စကား မဆုံးခင်မှာပင် အဘိုးအိုတစ်

ယောက်က ရုတ်တရက်ထရပ်၍ ဆိုသည်။

" မလိမ်ဘူး.. ဟုတ်လား ။ အဲ့စမ်းသပ်ပွဲမှာ အစီအမံသုံးခုကို တစ်ဆက်တည်း ချိုးဖျက်ရမှာလေ... အားလုံးကလဲ အဆင့်၇ မသေမျိုးအစီအမံတွေချည်းပဲ ။ အဲ့ဒါတွေကို အင်အားသုံးမဖျက်ဆီးဘဲ ထွင်းစာတွေကိုပဲ စိတ်ဝိဥာဥ်အစွမ်းနဲ့ ဖျက်ဆီးဖို့ဆိုရင် ကျုပ်တို့ဝင်လုပ်ရင်တောင် အနည်းဆုံး နှစ်နာရီကျော်တော့ကြာတယ် "

" ဒါနဲ့များ လောထျန်းက ဆယ့်ငါးမိနစ်နဲ့ လုပ်နိုင်ခဲ့တယ်.. ဟုတ်လား ။ သူ့ကို မူလအဆင့် မသေမျိုးအစီအမံပညာရှင် တစ်ယောက်လို့များ ထင်နေတာလား။ ရယ်စရာကောင်းလိုက်တာကွာ... ချင်းယွမ်ဒေသမှာ မူလအဆင့် မသေမျိုးအစီအမံပညာရှင် တစ်ယောက် ဘယ်တုန်းကများ ပေါ်လာခဲ့တာလဲ ။ အဲ့လိုပေါ်လာတယ်ဆိုရင် ကျုပ်တို့က ဘာလို့မသိရတာလဲ "

စကားဆုံးသည်နှင့် အားလုံးထံမှ ရယ်သံကျယ်ကြီး ထွက်လာသည်။

ထိုစဥ် တစ်ယောက်က ရုတ်တရက်ပြောလာ၏။

" ဆက်ပြီး ငြင်းမနေကြပါနဲ့တော့ဗျာ ။ ပြိုင်ပွဲ ပထမအဆင့်က သိပ်မကြာခင် ပြီးတော့မှာပဲလေ ။ အဲ့ကျရင် သခင်ကြီးဟောင် ပြောတာ မှန်လား ၊ မမှန်ဘူးလားဆိုတာ သိရမှာပဲပေါ့ "

ထိုသို့ပြောပြီးနောက် ထိုလူက သခင်ကြီးဟောင်ဆီ လျှောက်လာသည်။.

" သခင်ကြီးဟောင်... ခင်ဗျားက လောထျန်းအပေါ်ကို အဲ့လောက်ယုံကြည်မှု ရှိနေတာဆိုတော့.. ခဏနေ အစီအမံတွေကို စစ်ဆေးတဲ့အခါကျရင် ကျုပ်ကိုယ်တိုင် သူ့ရဲ့ အစီအမံကို စမ်းသပ်ပေးမယ် "

ထိုစကားကို ကြားသည်နှင့် ဘေးလူများအားလုံး၏ မျက်နှာထက်တွင် လှောင်ပြုံးကိုယ်စီ ပေါ်လာကြသည်။

သခင်ကြီးဟောင် မျက်နှာထားအနည်းငယ် ပြောင်းသွားကာ ပြန်မေးလိုက်၏။

" ခင်ဗျားက ထန်ထိုက် လား.. "

သခင်ကြီးဟောင် ထိုလူအား မှတ်မိပါသည်။ ထိုလူမှာ ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံက

ချီးကျူးထောပနာပြုထားသူ ဖြစ်ကာ မသေမျိုးသခင်ကြီးအဆင့်သို့ ရောက်ထားသူပင် ။

သို့သော်... သူသည် ရိုးရိုးသာမာန် မသေမျိုးသခင်ကြီးတစ်ယောက် မဟုတ်ဘဲ.. မသေမျိုးဧကရာဇ် ခန္ဓာကိုယ်ကို ကျင့်ကြံထားသည့်အတွက် အံ့မခန်း ခန္ဓာကိုယ်အစွမ်းကို ပိုင်ဆိုင်ထားပါသည်။

တစ်ချိိန်တည်းမှာပင်.. သူက အစွမ်းထက် စိတ်ဝိဥာဥ်အစွမ်း ကျင့်ကြံသူတစ်ယောက်လည်း ဖြစ်ပါသေး၏။

ထို့သို့ စိတ်ဝိဥာဥ်အစွမ်းရော ၊ ခန္ဓာကိုယ်အစွမ်းကိုပါ ကျင့်ကြံသည့်အတွက် သူ့ အစွမ်းအစစ်ဖြင့်ဆိုလျှင် သာမာန် မသေမျိုးဘုရင်များနှင့်ပင် ယှဥ်နိုင်ပါသည်။

သို့ဖြစ်ရာ သူက စမ်းသပ်ပွဲအတွက် အဆင့် ၇ မသေမျိုးအစီအမံအား ဖျိုးဖျက်ရန် ကြိုးစားမည်ဟု ပြောနေခြင်းမှာ တဖက်လူအား စမ်းသပ်ပွဲကို အောင်စေလို၍ လုံးဝ မဟုတ်ပေ ။

" ထန်ထိုက် ၊ မင်း အဲ့လိုတော့ လုပ်လို့မရဘူးလေ "

သခင်ကြီးဟောင် ထိတ်လန့်သွားရတော့သည်။

လောထျန်း၏ အစီအမံကို သူ ယုံကြည်ချက်ရှိသော်လည်း... တဖက်လူက ထန်ထိုက် ဖြစ်နေလျှင်မူ... အခြေအနေက ပြောင်းသွားလေပြီ ။

မသေမျိုးဘုရင် တစ်ယောက်နှင့်ပင် ယှဥ်၍ရသော သူကို အဆင့် ၇ မသေမျိုးအစီအမံက မည်သို့ တားနိုင်ပါမည်လဲ ။

" ဟမ့်.. ဘာလို့ မရမှာလဲ ။ ထန်ထိုက်က မသေမျိုးသခင်ကြီးအဆင့်မှာ ရှိတာပဲလေ ။ သူ ဝင်ပါတာက စည်းကမ်းချက်တွေနဲ့ ကိုက်ညီနေတာပဲ "

" အမှန်ပဲ ၊ ခင်ဗျားက လောထျန်းကို အဲ့လောက် ချီးမွမ်းခန်းဖွင့်နေမှတော့.. သခင်ကြီးထန်ထိုက်ကိုယ်တိုင် ဝင်စမ်းသပ်လိုက်တာ ကောင်းတယ်မဟုတ်ဘူးလား "

အားလုံး ပြောဆိုကာ လှောင်ရယ်လိုက်ကြသည်။

" မင်းတို့တွေ... "

သခင်ကြီးဟောင် မျက်နှာမဲ့သွား၏။ သို့သော် သူ့အတွက် ပြန်ငြင်းစရာ စကားလည်း ရှိမနေပါ ။

ထိုစဥ် ပထမ အကြီးအကဲက ပြောလာသည်။

" ကောင်းပြီ... ဒါဆိုရင် အဲ့ကိစ္စက ပြေလည်သွားပြီ ။ ထန်ထိုက်... လောထျန်းရဲ့ အစီအမံက မင်းလက်ထဲ ရောက်သွားပြီနော် "

အကြီးအကဲက ထိုသို့ပြောကာ ထန်ထိုက်အား အဓိပ္ပါယ်ပါသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။

ထန်ထိုက်ကလည်း ၎င်းအကြည့်ကို ချက်ချင်းသဘောပေါက်ပါ၏။

အကြီးအကဲက လောထျန်းအား ပြိုင်ပွဲမှ ထုတ်ပယ်နိုင်ရန် သူ့ကို ခိုင်းနေခြင်းပါပင် ။

လိမ်ညာလှည့်စားပြီးမှ ပြိုင်ပွဲထဲသို့ ဝင်လာသည်ဟု သံသယရှိသူတစ်ယောက်ကို ပြိုင်ပွဲတွင် ဆက်ပြိုင်ခွင့် ပေးနေခြင်းမှာ မသင့်လျော်ဘူး မဟုတ်ပါလား.. ။

" ကျုပ် အကြီးအကဲရဲ့ ညွှန်ကြားချက်ကို နာခံပါ့မယ်

"

ထန်ထိုက် နှုတ်ခမ်းတွန့်ရုံ ပြုံးကာ ဦးညွှတ်လိုက်သည်။

" မင်းတို့... "

သခင်ကြီးဟောင်၏ မျက်နှာထား လုံးဝပြောင်းသွားပါတော့သည်။

ဤသို့ဖြင့်.. နာရီများ တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့ပြီး..

ခေါင်းလောင်းသံ တစ်သံနှင့်အတူ စမ်းသပ်ပွဲ ပြီးသွားတော့သည်။

" ကျုပ်ကို အချိိန်နည်းနည်းလောက် ထပ်ပေးပါဦးဗျာ ။ ကျုပ်.. ပြီးခါနီးနေပါပြီ... "

" မဟုတ်သေးဘူး.. ကျုပ် ထပ်လုပ်နိုင်သေးတယ်... "

အစီအမံကို ပြီးဆုံးအောင် မလုပ်လိုက်နိုင်သူများမှာ ခန်းမထဲမှ အထုတ်ခံလိုက်ကြရတော့၏။

" ကဲ... ကျန်တဲ့သူတွေရဲ့ အစီအမံတွေကို စာရင်းအတိုင်း စစ်ဆေးကြည့်ကြ "

ပထမအကြီးအကဲက အော်ပြောလိုက်သည်။

" ဟုတ်ကဲ့ "

စင်မြင့်အောက်နားလေးမှ အစွမ်းထက် မသေမျိုးသခင်ကြီးများ ဦးညွှတ်၍ ပြန်ပြောလိုက်ကြ၏။

" သခင်ကြီးဟောင် ၊ ကျုပ်က ဘာကိုမှ ညှာတာပေးနေမှာ မဟုတ်ဘူးနော် "

ထန်ထိုင်က အပြုံးဖြင့်ပြောကာ လောထျန်းရှိရာသို့ ပျံသန်းသွားလိုက်သည်။

ထိုတခဏ၌ အားလုံးက သခင်ကြီးဟောင်အား လှောင်ပြုံးဖြင့် ကြည့်ပြီး သူ့ကိုယ်သူ မည်သို့ အရူးလုပ်မည်ကို စောင့်နေလိုက်ကြ၏။

ထိုအချိန်မှာပင် အစွမ်းထက် မသေမျိုးသခင်ကြီးများကလည်း သူတို့ စမ်းသပ်ရမည့် ပြိုင်ပွဲဝင်များရှေ့သို့ ရောက်သွားကြလေပြီ ။

" စည်းမျဥ်းတွေအတိုင်းဆိုရင် စက္ကန့်သုံးဆယ်ကို ခံနိုင်တာနဲ့ ဒီအဆင့်ကိုအောင်ပြီ ။ တကယ်လို့ အစီအမံက စက္ကန့်သုံးဆယ်တောင် မခံဘူးဆိုရင်တော့ ပြိုင်ပွဲကနေ အထုတ်ခံရမယ် ။ ကဲ.. စလိုက်ကြရအောင် "

အကြီးအကဲ အော်ပြောလိုက်သည်။

သူ့စကားဆုံးသည်နှင့် မသေမျိုးသခင်ကြီးများအားလုံး ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ကြ၏။

သခင်ကြီးဟောင် အပါအဝင် အကြီးအကဲများအားလုံးလည်း စမ်းသပ်မှု လုပ်နေသောနေရာသို့ စိုးရိမ်တကြီး ကြည့်နေကြသည်။

အစီအမံ တစ်ခုခု ကျိုးပျက်သွားခဲ့လျှင်လည်း သူတို့ကြည့်နေသည့်ဘက်မှ သေချာမြင်ရပါ၏။

ထိုစဥ် လောထျန်းနေရာသို့ ရောက်နေသော ထန်ထိုက်က အပြုံးဖြင့် ပြောသည်။

" လောထျန်း.. ဟုတ်တယ်မလား ။ ငါ့နာမည်က ထန်ထိုက်လို့ ခေါ်တယ်.. မင်းရဲ့ အစီအမံကို ချိုးဖျက်မယ့်သူပဲ "

ထိုစဥ် လောထျန်းက သန်းဝေရင်း ပြန်ပြော၏။

" အစီအမံကို ချိုးဖျက်မှာ.. ဟုတ်လား "

သို့သော်.. သူ စကားဆုံးအောင် မပြောရသေးခင်မှာပင် စာမေးပွဲစစ်သူက ဖြတ်ပြောလာပါသည်။

" သခင်ကြီးထန်ထိုက် ၊ သခင်ကြီး လာတာ အလကားဖြစ်သွားပြီဗျ "

" ဟင်.. အဲ့ဒါ ဘာအဓိပ္ပါယ်လဲ "

သူ့စကားကြောင့် ထန်ထိုက် အံ့အားသင့်သွားသည်။

စာမေးပွဲစစ်သူက ခေါင်းယမ်းရင်း ပြော၏။

" ဒီလောထျန်းက စမ်းသပ်ပွဲ အစတည်းက အိပ်ပျော်သွားတာ ။ အဲ့တော့ ဖျက်ဆီးစရာ အစီအမံလဲ မရှိဘူးပေါ့ဗျာ "

" ဘယ်လို... "

ထန်ထိုက် မျက်မှောင်ကြုံ့သွားသည်။

ထို့နောက် သူ လောထျန်းဘက်လှည့်၍ ပြောလိုက်သည်။

" ငါ မင်းကို အထင်ကြီးလွန်းသွားခဲ့တာပဲကွ ။ ကောင်းပြီလေ.. အဲ့လိုဆိုတော့လဲ ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံကနေ ထွက်သွားတော့ "

သူ ပြောပြီး ပြန်ထွက်ရန် ပြင်လိုက်၏။

သို့သော် ထိုစဥ် လောထျန်းက မျက်မှောင်ကြုံ့၍ ပြောလာပါသည်။

" ကျုပ်က ဘာဖြစ်လို့ အစီအမံညီလာခံကနေ ထွက်ရမှာလဲ "

ထန်ထိုက်၏ မျက်လုံးများ အေးစက်သွားကာ ပြော၏။

" ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံရဲ့ စည်းမျဥ်းတွေကို မင်း မသိဘူးလား ။ မင်းက အခုထိတောင် ဘာအစီအမံမှ မလုပ်ရသေးတာကို ဘာအတွက် ပြိုင်ပွဲဆက်ဝင်မှာလဲကွ "

လောထျန်း မျက်ခုံးပင့်သွားသည်။

" ကျုပ် အစီအမံ မလုပ်ထားဘူးလို့ ဘယ်သူပြောလဲ "

ထန်ထိုက် အံ့အားသင့်သွားကာ စာမေးပွဲစစ်သူဘက်

လှမ်းကြည့်လိုက်သည်။

စာမေးပွဲစစ်သူက ဒေါသထွက်လာဟန်ဖြင့် လောထျန်းအား ပြော၏။

" မင်းက ခန်းမထဲ ဝင်လာပြီးကတည်းက အိပ်သွားတာလေကွာ ။ မင်း အစီအမံကို လုပ်နေတာလဲ ငါ မမြင်လိုက်ပါဘူး ။ ကောင်းပြီ.. မင်း လုပ်ထားတယ်ဆိုရင် အဲ့အစီအမံက ဘယ်မှာလဲ.. ပြော "

ထန်ထိုက်ကလည်း လောထျန်းအား ကြည့်လိုက်သည်။

လောထျန်း မျက်မှောင်ကြုံ့သွားကာ ခပ်လှမ်းလှမ်းထောင့်တစ်ခုသို့ ညွှန်ပြ၏။

" အဲ့နားမှာလေ "

" ဟင်.. "

တဖက်လူနှစ်ယောက် သူညွှန်ပြသည့်ဘက်သို့ လှည့်ကြည့်လိုက်ကြသည်။

ပြီးနောက်.. သူတို့နှစ်ယောက်လုံး မှင်သက်သွားကုန်

ကြ၏။

လောထျန်း ညွှန်ပြသည့်နေရာ၌ အမှန်တကယ်လည်း အစီအမံတစ်ခု ရှိနေပါသည်။

သို့သော်... ထိုအစီအမံမှာ အချင်း သုံးပေခန့်သာ ရှိသည့်အတွက် သေချာကြည့်မှသာ မြင်ရပါ၏။

" အဲ့ဒါ.. အဆင့်၇ မသေမျိုးအစီအမံ ဟုတ်ရဲ့လား ၊ မင်း နောက်နေတာလားကွ "

ထန်ထိုက် ဒေါသတကြီး ပြောလိုက်သည်။

လောထျန်းက သူ့အား တအံ့တသြ ပြန်ကြည့်၏။

" ကျုပ်က ခင်ဗျားတို့ပြောထားတဲ့ လိုအပ်ချက်အတိုင်း လုပ်ထားတာလေ "

" လိုအပ်ချက်... ဘာလိုအပ်ချက်လဲ... "

စာမေးပွဲစစ်သူ အံ့အားသင့်သွားသည်။

လောထျန်းက ပစ်ချထားသော စာအုပ်ကို ကောက်ယူ၍ လှန်လှောရင်း ပြော၏။

" ဒီမှာလေ... ကောင်းကင်ဘုံပျက်စီးခြင်းကိုးသွယ်

မိုးကြိုးအစီအမံက... တစ်လက်မအတွင်းမှာ မိုးကြိုးတွေပြည့်နေတယ်တဲ့ ။ အစကတော့ ကျုပ် အစီအမံကို တစ်လက်မထိရောက်အောင် ဖိနှိပ်ကြည့်သေးတယ်.. ဒါပေမယ့် မရခဲ့ဘူး ။ အလွန်ဆုံးမှ အဲ့ သုံးပေပတ်လည်ထိပဲ ဖိနှိပ်နိုင်တာ "

စာမေးပွဲစစ်သူ နှုတ်ခမ်းမဲ့သွားသည်။

" အဲ့ဒါက ဒီတိုင်း နမူနာပုံစံ ပြထားတာကွ ။ သူပြောချင်တာက ကောင်းကင်ဘုံပျက်စီးခြင်းကိုးသွယ် မိုးကြိုးအစီအမံကို သေးအောင် ဖိနှိပ်ထားနိုင်လေလေ ၊ အစွမ်းကလဲ ပိုကောင်းလေပဲလို့ ပြောချင်တာ ။ ဒါပေမယ့် အဲ့လို တစ်လက်မလောက်အထိတော့ ဘယ်လိုလုပ် ဖိနှိပ်နိုင်မှာလဲ ။ ပြီးတော့ မင်းလုပ်ထားတဲ့ဟာကို ကြည့်ရတာ ကောင်းကင်ဘုံပျက်စီးခြင်းကိုးသွယ် မိုးကြိုးအစီအမံနဲ့လဲ မတူဘူး "

" ပြီးတော့.. ပထမအကြီးအကဲကိုယ်တိုင် အစီအမံကို လုပ်ရင်တောင် အလွန်ဆုံးမှ ဆယ်ပေအထိပဲ ဖိနှိပ်နိုင်တာ ။ အဲ့ဒါကတောင် ဒီလောက်အစွမ်းထက်နေတာ ။ အခု မင်းလုပ်ထားတဲ့ဟာက တကယ်ကြီး ကောင်းကင်ဘုံပျက်စီးခြင်းကိုးသွယ် မိုးကြိုးအစီအမံသာဆိုရင်... ဒီလောက်ဖိနှိပ်ထားတဲ့

အတိုင်းအတာနဲ့ဆို... မသေမျိုးဘုရင် တစ်ယောက်ကိုတောင် သတ်နိုင်တယ်လေ "

သူ့စကားကြောင့် လောထျန်း မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် ဖြစ်သွားသည်။

" အဲ့လိုလား... ဒါဆိုရင်.. ဒီအစီအမံက... "

ထိုစဥ် ဘေးတွင်ရပ်နေသော ထန်ထိုက်က စိတ်မရှည်နိုင်တော့ဟန်ဖြင့် အေးစက်စက်ပြော၏။

" အဲ့ဒါကို ထားလိုက်... မင်း ဘယ်လိုအစီအမံမျိုး လုပ်ထားလဲဆိုတာ ငါ စိတ်မဝင်စားဘူး ။ အခု အစီအမံက လုပ်ထားပြီးသားဆိုတော့ ငါ့ဘက်က စည်းမျဥ်းအတိုင်း လိုက်လုပ်ရုံပဲ ။ မင်းရဲ့ အစီအမံကို ငါ ချိုးဖျက်ပြမယ် "

သူ ပြောကာ အစီအမံအတွင်းဘက်သို့ ခြေလှမ်းလိုက်သည်။

All Chapters