← Chapters

ကောင်းကင်ယံ ဓားစိတ်ဆန္ဒ

Vol. 1 Ch. 10

ကောင်းကင်ယံ ဓားစိတ်ဆန္ဒ

Vol. 1 Ch. 10

ဘုန်း ...

ငါးရောင်ခြယ်နတ်နွား မတ်တပ်ရပ်ရန် ကြိုးစားနေစဥ် တစ်ဝက်တပျက်မှာပင် ပြန်ရိုက်ချ ခံလိုက်ရသည်။

ဘာ

ငါးရောင်ခြယ်နတ်နွားကြီး အလွန်အံ့သြတုန်လှုပ်သွား၏။

ထိုရွှေရောင်လက်ဝါးကြီး သူ့ပေါ်သို့ ကျလာစဥ်တွင် တောင်ကြီးတစ်လုံးက သူ့ကျောအား ဖိနှိပ်နေသကဲ့သို့ သူ ခံစားခဲ့ရသည်။

" ဒီကောင်က သူ့အစွမ်းကို ဖုံးကွယ်ထားတာပဲ "

ယခုမှသာ တစ်စုံတစ်ခု မှားယွင်းနေသည်ကို ငါးရောင်ခြယ်နတ်နွားကြီး ခံစားမိသွားတော့သည်။

သူ့မျက်လုံးထဲတွင် ဒေါသမီးများ ပို၍ တောက်လောင်လာ၏။

"ဒီက ထွက်သွားစမ်း ၊ လူယုတ်မာလေး "

ငါးရောင်ခြယ်နတ်နွားကြီးက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။

လာစမ်း

တခဏချင်းပင် သူ၏ အကာအကွယ်ရောင်ဝါများ တစ်ဖန် ပြန်လင်းလာပြီး လောထျန်း၏ ထျန်းလက်ဝါးသိုင်းအောက်၌ ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်သည် ။

"ဟင် ..ခင်ဗျားကို ကျုပ် နေရာမရွှေ့ဖို့ ပြောထားတာကို ဘာဖြစ်လို့ ရွှေ့နေတာလဲ ၊ ပြန်ငုံ့နေစမ်း "

လောထျန်း မျက်မှောင်ကြုတ်သွားကာ သူ့ခန္ဓာကိုယ်ပေါ်တွင် ရွှေရောင်အလင်းတန်းများ လင်းလက်စေလိုက်သည်။

ဝုန်း ..

တမဟုတ်ချင်းပင် ရွှေလက်ဖဝါးကြီးက အရွယ်အစား နှစ်ဆတိုးသွား၏။

ဘုန်း ..

ငါးရောင်ခြယ်နတ်နွားကြီးထံမှ ကျိုးကျေသော အသံများထွက်ပေါ်လာပြီး ၎င်း၏ ကြီးမားသောခန္ဓာကိုယ်ကြီးက ကျယ်လောင်သော အသံတစ်သံနှင့်အတူ မြေပြင်ပေါ်သို့ လဲကျသွားပြန်သည်။

" ဟင်... ငါ့အရိုးတွေ ကျိုးသွားပြီလား "

ငါးရောင်ခြယ်နတ်နွားကြီး အလွန်တုန်လှုပ်သွားသည်။

လက်ဖဝါး တစ်ချက်တည်းဖြင့်ပင် သူ့ခန္ဓာကိုယ်မှ အရိုးပေါင်းများစွာ ကျိုးသွားခဲ့ရပေသည်။

သူ့ရှေ့မှ ဤလူသား၏ အစွမ်းက မည်မျှ ကြောက်စရာကောင်းလိုက်ပေသနည်း။

အမှန်တွင်မူ သားရဲများ၏ ခန္ဓာကိုယ်များသည် လူသားများထက် မွေးရာပါ ပို၍သန်မာကြသည်။

နတ်ဘုရားသားရဲတစ်ကောင်၏ ခန္ဓာကိုယ်အစွမ်းက နတ်ဆိုးသားရဲတစ်ကောင်ထက်ပင် အဆများစွာ ပို၍အစွမ်းထက်၏။

လက်ဝါးတစ်ချက်တည်းဖြင့် သူ့အရိုးများကို ချိုးလိုက်နိုင်သည့် သူ့ရှေ့မှ လူက လူသားတစ်ယောက်ပင် ဟုတ်ပါရဲ့လား။

သူက မည်သည့်ရည်ရွယ်ချက်ဖြင့် ဤနေရာသို့ လာခဲ့ရသနည်း။

ထိုအချိန်တွင် ငါးရောင်ခြယ်နတ်နွားကြီးမှာ မလှုပ်ဝံ့ဘဲ မြေကြီးပေါ်၌ ငြိမ်သက်စွာ ဝပ်တွား၍ နေနေသည်။

တစ်ချိန်တည်းမှာပင် လောထျန်းက နတ်ဘီလူး ၏ငါး​ရောင်ခြယ် သွေးများကို ပုလင်းအပြည့် ဖြည့်ကာ ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်သည်။

" ဒီ နတ်ဘုရားသွေးအတွက် ကျေးဇူးတင်ပါတယ် "

လောထျန်းက စကားဆုံးသည်နှင့် ချက်ချင်းပင် တစ်ဖက်လှည့်ကာ ထွက်သွားလိုက်သည်။

" ဟင် .. အခု ပြန်တော့မှာလား "

ငါးရောင်ခြယ်နတ်နွားကြီး အံ့အားသင့်သွားသည် ။

လောထျန်းက ဤနေရာသို့ လာရခြင်းမှာ တခြားသော ရည်ရွယ်ချက်များ ရှိလိမ့်မည်ဟု သူထင်ထားခဲ့သည် မဟုတ်ပါလား။

ယခုကဲ့သို့ နတ်ဘုရားသွေးတစ်မျိုးတည်းကို ယူကာ ထွက်သွားလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။

" နေဦး "

ငါးရောင်ခြယ်နတ်နွားက လောထျန်း၏ နောက်ကျောကိုကြည့်ကာ အော်ပြောလိုက်သည်။

" ဟင် .. ဘာဖြစ်လို့လဲ "

လောထျန်းက နောက်ပြန်လှည့်ကြည့်ကာ မေးလိုက်သည်။

ငါးရောင်ခြယ်နတ်နွားကြီူက လောထျန်းအား သတိဖြင့် စိုက်ကြည့်ကာ

" မင်း .. ဘယ်သူလဲ ၊ မင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ ၊ ငါ့ကို ပွင့်ပွင့်လင်းလင်းပဲ ပြောစမ်းပါ ၊ စနောက်မနေနဲ့ ၊ တကယ်လို့ ငါ သေသွားခဲ့ရရင်တောင် အကြောင်းပြချက်ကို သေချာသိပြီးမှပဲ သေချင်တယ် "

ဟု ဆိုသည်။

" ဘာ .. သေမယ် ..  သေရမယ်လို့ ပြောလိုက်တာလား "

" အမလေးဗျာ .. ခုနလေးတင်ပဲ ခင်များကိုယ်ကြီးကနေ စွမ်းအင်တွေကို ဖြန့်ကျက်လိုက်တာ မဟုတ်ဘူးလား၊ အဲ့ဒါကို ဘယ်လိုပြီး သေနိုင်မှာလဲဗျာ ၊ ကျုပ်တို့ သခင်ကြီးက ထုံရွှယ်အဆင့်က နတ်ဘုရားသားရဲတစ်ကောင်လေ "

" လူသားကောင်လေး .. မင်းက ကွေ့ရှအဆင့်ကလား "

အနားတွင် ရှိနေကြသည့် နတ်ဆိုးငှက်များစွာပင် လောထျန်းအား အထိတ်တလန့် ကြည့်နေကြသည်။

ငါးရောင်ခြယ်နတ်နွားကြီး၏ စကားကိုကြားသောအခါ လောထျန်းက မှုန်ကုပ်ကုပ်ပြုံး၍

" ကျုပ်နာမည် က လောထျန်းလို့ခေါ်တယ် ။ ကျုပ် အစောကပြောခဲ့သလို ခင်ဗျားဆီက နတ်သွေးနည်းနည်းပဲ ချေးချင်တာ။ ကျန်တာတွေ စိတ်မဝင်စားဘူး "

ငါးရောင်ခြယ်နတ်နွားကြီးသည် လောထျန်း၏ ဟန်ဆောင်ခြင်းမရှိသော အမူအရာကိုမြင်လိုက်မှသာ စိတ်သက်သာရာ ရသွားသည်။

သို့သော် တခဏအကြာတွင်မူ သူ့ခန္ဓာကိုယ်မှ ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသဖြင့် ဒေါသထွက်သွားပြန်၏။

" ချေးတယ် ဟုတ်လား .. သွေးကို ဘယ်တုန်းက ခုလို ချေးလို့ရဖူးလို့လဲကွာ .. ၊ မင်းက အရင်ဆုံး ငါ့ရဲ့ စွမ်းအင်တွေကို ဖျက်ဆီးတယ်၊ ပြီးတော့ ငါ့အရိုးတွေကိုလဲ ချိုးလိုက်သေးတယ် ..."

သူက အံကြိတ်ကာ ပြောလိုက်သည်။

လောထျန်းက ပခုံးသာ တွန့်ပြလိုက်ပြီး ပြော၏။

" ခင်ဗျားကို နေရာမရွှေ့ဖို့ ကျုပ်ပြောခဲ့သားပဲ ၊ ဒါပေမယ့် ခင်ဗျားက ဆက်ရွှေ့နေခဲ့တာလေ ။ ကျုပ်ကို အပြစ်မတင်ပါနဲ့ "

"မင်း……"

ငါးရောင်ခြယ်နတ်နွားကြီးမှာ ခဏတာ ဆွံ့အသွားသည်။

လောထျန်းက ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် ဆက်ပြောလိုက်သည်။

" အဲ့ဒါတွေ ထားလိုက်ပါ၊ ခင်ဗျားရဲ့ နတ်သွေးကို အတင်းအကြပ်ယူမိတဲ့အတွက် ကျုပ်မှားတယ် ။ ကျုပ် ခင်ဗျားအပေါ် အကြွေးတစ်ခုတင်သွားပြီ။ အဲ့တော့ ခင်ဗျား ပြဿနာတစ်ခုခုရှိရင် ပျောင်ပိုင်မြို့က လော မိသားစုအိမ်တော်မှာ ကျုပ်ကို လာရှာလို့တယ်။ ကျုပ် ခင်ဗျားကို တစ်ကြိမ် ကူညီပေးမယ် "

ငါးရောင်ခြယ် နတ်နွားကြီးအား တစ်ကြိမ် အကူညီပေးမည်တဲ့လား ...

အကယ်၍ အခြားသူတစ်ယောက်သာ ထိုစကားမျိုး ပြောလာပါက ငါးရောင်ခြယ်နတ်နွားကြီးက ထိုသူအား အမှုန့်ချေပစ်မည်မှာ သေချာလှသည်။

သူ့လက်ရှိအစွမ်းဖြင့်ဆိုလျှင် အခြားသူများ၏ အကူညီကို လိုအပ်နိုင်ပါမည်လား ။

သို့သော် လောထျန်း၏ စကားကြောင့် ငါးရောင်ခြယ်နတ်နွားကြီး၏ မျက်လုံးများ အရောင်လက်သွားသည်။

" မင်း ကိုယ့်စကားကိုယ် တည်မှာလား "

သူက မေးလိုက်သည်။

" ဒါပေါ့ "

လောထျန်း ခေါင်းညိတ်ပြလိုက်သည်။

" ကောင်းပြီ ၊ ဒါဆိုရင် အခု ကူညီပေးပါ "

ငါးရောင်ခြယ်နတ်နွားက ဆိုလိုက်သည်။

" ဟင် .. "

လောထျန်း အံ့အားသင့်သွား၏။

မြန်လှချည်လား ...

" ဘာလဲ .. မင်းက ပြောပြီးသားစကားကို ပြန်ရုပ်သိမ်းချင်လို့လား "

ငါးရောင်ခြယ်က နတ်နွားကြီးက ရှူးရှူးရှဲရှဲ ပြောလိုက်သည်။

လောထျန်းက ခေါင်းယမ်းကာ

" ဘယ်ဟုတ်မလဲဗျာ .. ပြော အခု ကျုပ်က ဘာလုပ်ပေးရမှာလဲ "

ဟု ဆိုလိုက်သည်။

" ငါနဲ့ လိုက်ခဲ့ "

ငါးရောင်ခြယ် နတ်နွားကြီးက ပြောပြီးသည်နှင့် တစ်ဖက်သို့ လှည့်လိုက်သည်။

မကြာမီတွင် လူသူကင်းမဲ့သော နေရာတစ်ခုသို့ လူတစ်ယောက်နှင့် နွားကြီးတစ်ကောင် ရောက်လာကြသည်။

ထိုနေရာမှာ ထျန်းတန့်တောင်ရှိ အခြားနေရာများနှင့် တူမနေချေ ။

ထျန်းတန့်တောင်၏ အခြားနေရာများတွင် စိတ်ဝိညာဉ်စွမ်းအင်များ ပေါများပြီး စိတ်စွမ်းအင်ဆေးပင်များ နေရာတိုင်းလိုလိုပင် ရှိကြသည်။

သို့သော် ဤနေရာကမူ မီးလောင်ပြင်တစ်ခုအလား ပူလောင်နေပြီး မြက်ပင်တစ်ပင်တလေပင် မရှိပေ။

" ဟိုကို ကြည့် "

ငါးရောင်ခြယ်နတ်နွားက လက်ညိုးညွှန်ပြလိုက်သည်။

လောထျန်း က သူပြသည့်နေရာသို့ ကြည့်လိုက်သောအခါ မီးလောင်ပြင်​အလယ်၌ အုတ်ဂူတစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။  ထိုအုတ်ဂူ၏ထိပ်တွင် သံချေးတက်နေသော  ရှေးဟောင်းဓားတစ်လက် ရှိနေ၏။

ငါးရောင်ခြယ်နွားကြီးသည် အသက်ပြင်းပြင်း တစ်ချက်ရှိုက်ကာ တစ်ခုတည်း ထီးထီးကြီး ဖြစ်နေသော အုတ်ဂူဆီသို့ ပြေးသွားပြီး ရှေးဟောင်းဓားကို ဦးချိုဖြင့် ထိုးလိုက်သည်။

သို့သော်……

ဘုန်း ....

မီးတောက်တစ်ခု ရုတ်တရက် ထလာပြီး ငါးရောင်ခြယ်နတ်နွားကြီး၏ ခန္ဓာကိုယ်က ပေရာနှင့်ချီ၍ လွင့်ထွက်သွားကာ ကျောက်ဆောင်များပေါ်သို့  ပြင်းထန်စွာ ကျသွားသည်။ သူ့ခန္ဓာကိုယ်၏ ရိုက်ခတ်မှုကြောင့် ကျောက်ဆောင်ပင် ကျိုးလုနီးပါး ဖြစ်သွား၏။

" ဒါ……"

လောထျန်း အံ့အားသင့်သွားရသည်။

ငါးရောင်ခြယ်နတ်နွားကြီးမှာလည်း တစ်ကိုယ်လုံး တုန်ယင်နေသည်ကို သူ တွေ့လိုက်ရသည်။

" ဒီဓားကို ချိုးတာပဲဖြစ်ဖြစ်၊ ဆွဲထုတ်တာပဲဖြစ်ဖြစ် ကူညီပေးစေချင်တယ်။ တကယ်လို့ မင်းသာ ဒါကို လုပ်ပေးနိုင်မယ်ဆို မင်းနဲ့ငါ့ကြားမှာ ဘာအကြွေးမှ မရှိတော့ဘူး "

ငါးရောင်ခြယ်နတ်နွားကြီးက ပြောသည်။

လောထျန်းက ထီးထီးကြီး ရှိနေသော အုတ်ဂူနှင့် ရှေးဟောင်းဓားကိုတစ်လှည့် ငါးရောင်ခြယ်နတ်နွားကို တစ်လှည့် ကြည့်ကာ မေးခွန်းထုတ်လိုက်သည်။

" ဒါ ဘယ်သူ့ဓားလဲ၊ အုတ်ဂူကရော ဘယ်သူ့အုတ်ဂူလဲ "

ငါးရောင်ခြယ်နတ်နွားကြီးက တရှူးရှူးဖြစ်သွားပြီး

"ဒါ မင်းနဲ့မဆိုင်ပါဘူး။ မင်း ငါ့ကို ကူညီမလား မကူညီဘူးလား ဆိုတာပဲပြောပါ "

လောထျန်း ခေတ္တမျှ စဉ်းစားကာ ခေါင်းညိတ်ပြလိုက်သည်။

" ထားလိုက်ပါ၊ ကျုပ်က ကူညီပေးမယ်လို့ သဘောတူထားတာဆိုတော့ နောက်ဆုတ်အကြောင်းမရှိပါဘူး "

သူက ပြောပြီးပြီးချင်းပင် ရှေးဟောင်းဓား ရှိရာဆီသို့ သွားလိုက်သည်။

" တစ်ချောင်းလုံး သံချေးတွေ တက်နေတာပဲ "

လောထျန်းက အချိန်အတန်ကြာ စိုက်ကြည့်လိုက်ပြီးနောက် ဓားဆီသို့ လက်လှမ်းလိုက်သည်။

သို့သော် ....

ဘုန်း ..

မီးတောက်တစ်ခု ထသွားပြီး အစွမ်းထက်သော အားတစ်ခုက လောထျန်းဆီသို့ တိုးဝင်လာ၏။

ဝုန်း ...

ချက်ချင်းပင် သူ့လက်များ နောက်ရောက်သွားပြီး သူ ခြေလှမ်းတစ်ဝက်ခန့်မျှ ဆုတ်လိုက်ရသည်။

" ဟင် ... "

ထိုအခြင်းအရာကို မြင်သောအခါ ငါးရောင်ခြယ်နတ်နွားကြီး အလွန်ထိတ်လန့်တုန်လှုပ်သွားသည်။

ထို ရှေးဟောင်းဓားက မည်မျှအစွမ်းထက်သည်ကို သူ ကောင်းကောင်းကြီး သိပေသည်။

ယခင်က သူ ထိုဓားကို ထိဖို့ကြိုးစားခဲ့သည့်အချိန်တိုင်း နောက်သို့ လွင့်စင်ထွက်သွားခဲ့ရ၏။

သို့သော် လောထျန်းကမူ နောက်သို့ ခြေလှမ်းတစ်ဝက်ခန့်မျှသာ ရောက်သွားခဲ့သည်။

ဤလူသားက မည်မျှ အစွမ်းထက်ပါသနည်း။

လူသားတစ်ယောက် ဟုတ်ပါရဲ့လား .. ။

တစ်ဖက်တွင်မူ လောထျန်း၏ မျက်လုံးများ အရောင်လက်သွားကြသည်။

" ဝိုး .. ဒါ ဓားစိတ်ဆန္ဒလား .. ၊ ထိန်းချုပ်တဲ့သူလဲ ဘယ်သူမှ မရှိပါပဲနဲ့ ဓားစိတ်ဆန္ဒက ဒီလောက်တောင် အစွမ်းထက်တာလား ။ ဓားပိုင်ရှင်သာဆိုရင် ဘယ်လောက်အစွမ်းထက်လိုက်မလဲ မသိဘူး "

လောထျန်း အံ့သြတကြီး ပြောလိုက်သည်။

" ဘယ်လိုပဲဖြစ်ဖြစ် ဒါက ဓားစိတ်ဆန္ဒဆိုတော့ ငါ အတင်းကြီးယူလို့ ရမှာမဟုတ်ဘူး ၊ ဒါဆိုရင် .. "

လောထျန်းသည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ ကောင်းကင်ဘုံဓားသိုင်းကို စတင်လေ့ကျင့်လိုက်သည်။

တစ်ခဏအတွင်းမှာပင် သူ့တစ်ကိုယ်လုံး ကိုယ်ရောင်ကိုယ်ဝါများ ပြောင်းလဲသွားသည်။

" ဟင် .. ဒီလူရဲ့ အရောင်ဝါက အရင်ကထက် အများကြီးပိုပြီး အစွမ်းထက်လာတယ်လို့ ဘာဖြစ်လို့ ခံစားနေရတာလဲ "

ငါးရောင်ခြယ်နတ်နွားကြီးသည် လောထျန်းကိုကြည့်ကာ တစထက်တစ ပို၍ ကြောက်ရွံ့လာသည်။

သူ့ရှေ့မှ လူသားသည် လျှို့ဝှက်ချက်များစွာ ရှိသူတစ်ယောက်မှန်း သူသိလိုက်ရပြီ မဟုတ်ပါလား။

ဝုန်း ..

တစ်ဖက်တွင်မူ လောထျန်းက ရှေးဟောင်းဓားပေါ်သို့ လက်တစ်ဖက်ပင် တင်ထားပြီဖြစ်သည်။

" ပြန်ပြီးတော့လဲ မတိုက်ခိုက်ပါလား "

ငါးရောင်ခြယ်နတ်နွားကြီးက စိတ်လှုပ်ရှားစွာ စိုက်ကြည့်နေ၏။

တစ်စုံတစ်ယောက်က အတိုက်ခိုက် မခံရဘဲ ရှေးဟောင်းဓားအား ထိနိုင်သည်ကို သူ ယခုမှသာ ပထမဆုံး တွေ့ဖူးခြင်းဖြစ်သည်။

" ထွက်လာခဲ့စမ်း "

လောထျန်းက အော်ဟစ်ကာ ဓားအား ခပ်ပြင်းပြင်း ဆွဲထုတ်လိုက်သည်။

ချွမ်

ချက်ချင်းပင် ရှေးဟောင်းဓားက အသံတချို့မြည်ကာ အုတ်ဂူမှ ထွက်လာတော့သည်။

ဝုန်း ..

ထိုရှေးဟောင်းဓား အုတ်ဂူမှ ထွက်လာသည်နှင့် ကြောက်မက်ဖွယ် ဓားမီးတောက်ကြီးတစ်ခု ကောင်းကင်ပေါ်သို့ ထိုးတက်သွား၏။

ချက်ချင်းဆိုသလိုပင် ကောင်းကင်ယံတစ်ခုလုံး နီရဲသွားတော့သည်။

" ဟင် .. ကောင်းကောင်းမွန်မွန်နေစမ်း "

၎င်းကို မြင်သောအခါ လောထျန်းက ဒေါသတကြီးအော်၍ ကောင်းကင်ဘုံ ဓားသိုင်းအား စသုံးလိုက်ပြန်သည်။

ဝီ ....

တမဟုတ်ချင်းပင် ကောင်းကင်ယံမှ ဓားမီးတောက်က ရှေးဟောင်းဓားထဲသို့ ပြန်ဝင်သွားသည်။

All Chapters