အခန်း (၉၆၇+၉၆၈)
Vol. 67 Ch. 967+968
Chapter 967
Bad luck. All thanks to Strength
" အပေါင်းသင်း ခုနစ်ဖော်.. ဟုတ်လား "
လောထျန်း မျက်မှောင်ကြုံ့ကာ မေးလိုက်သည်။
ရှီလုံက ချက်ချင်းပြန်ပြော၏။
" အဲ့နာမည်ကို ငါပေးထားတာကွ။ သူတို့က ဒီမှာရှိတဲ့ သားရဲတွေထဲမှာ အကြမ်းဆုံးနဲ့ ကြောက်စရာအကောင်းဆုံး ခုနစ်ကောင်ပေါ့ ။ သူတို့တစ်ကောင်ချင်းစီက မသေမျိုးဧကရာဇ် တစ်ပါးနဲ့တောင် ယှဥ်နိုင်ကြတယ် "
" ပြီးရင် အခုလာတဲ့တစ်ကောင်က အန္တရယ်အများဆုံး ခုနစ်ကောင်ထဲမှာမှ တော်တော်ပြဿနာရှာတဲ့ကောင် ။ သူက ခန္ဓာကိုယ်အစွမ်းမှာ အစွမ်းထက်ဆုံးလဲ ဖြစ်တဲ့အတွက် သူ့ကို ခန္ဓာကိုယ်အစွမ်းချည်းသက်သက်နဲ့ အနိုင်ယူဖို့ မဖြစ်နိုင်ဘူး "
" အဲ့တော့ .. သူ့ကို အရင်ဆုံး အဆင့်သုံးဆယ့်နှစ် အသွင်ပြောင်းအသက်မီးတောက်ကို သုံးပြီး သူ့ကို ထိန်းထားလိုက် ။ ပြီးရင် ဒီကထွက်ပြေးကြမယ် "
ထိုစကားကြောင့် လောထျန်း၏မျက်လုံးများ အရောင်လက်သွားသည်။
" ဒီကောင်က မသေမျိုးဧကရာဇ်တစ်ယောက်ကိုတောင် တိုက်ခိုက်နိုင်တယ်.. ဟုတ်လား "
သူ မေးလိုက်၏။.
ရှီလုံ ခေတ္တမျှ ငြိမ်သွားပြီးမှ ပြန်ပြောသည်။
" ခဏနေဦး.. မင်း ဘာလုပ်မလို့လဲ ။ မင်းတွေးနေတာကို ရပ်လိုက်ဖို့ ငါ အကြံပေးမယ်နော် ။ အခုက အဆင်ခြင်မဲ့တဲ့အပြုမှုမျိုး လုပ်ရမယ့်အချိန် မဟုတ်ဘူး ။ မင်း ခုနလေးကမှ မသေမျိုးဧကရာဇ်တွေရဲ့ အမွေအနှစ်ကို ရခဲ့တာ ။ နောက် မင်းပိုပြီး အစွမ်းထက်လာမှ ပြန်လာလဲ နောက်မကျသေးပါဘူးကွာ "
သို့သော် လောထျန်းကမူ သူ့ကို လျစ်လျူရှုထားပြီး ရှေ့မှ သားရဲကြီးထံတွင်သာ အကြည့်ရောက်နေပါ၏။
ဝေါင်း...
တဖက်မှ သားရဲကြီး၊ လွေ့ထျန်းရ မှာလည်း လူသားတစ်ယောက်က သူ့အပေါ် ထိုသို့မလေးမခန့် လုပ်လာမည်ဟု ထင်မထားသဖြင့် ဒေါသထွက်သွားပုံရကာ အော်လိုက်ပါသည်။
ထိုစဥ်မှာပင် လောထျန်း လှုပ်ရှားသွား၏။
" ကောင်းကင်ဘုံလက်သီး "
လောထျန်း အော်ကာ ကောင်းကင်ဘုံလက်သီးကို အသက်သွင်းလိုက်သည်။
ထိုလက်သီးချက်ထဲ၌ သူ့အစွမ်းကို ချန်လှပ်မထားခဲ့ပါချေ။
တဖက်မှသားရဲသည် မသေမျိုးဧကရာဇ်တစ်ယောက်ကိုပင် တိုက်ခိုက်နိုင်အောင် အားပြင်းလှသည်မဟုတ်ပါလား။
သို့ဖြစ်ရာ သူ့စိတ်ထဲ နည်းနည်းလေးပင် ပေါ့ပေါ့တန်တန် မတွေးပါချေ။
" မလုပ်နဲ့.. "
၎င်းကိုမြင်သော ရှိလုံက အထိတ်တလန့်အော်ပြီး လောထျန်းကိုတားရန် ကြိုးစားသည်။
သို့သော် နောက်ကျသွားခဲ့လေပြီ ။
ဝှစ်..
တဖက်မှ လွေ့ထျန်းရကလည်း ဧရာမလက်ကြီးတစ်ဖက်ကို မြှောက်ကာ လောထျန်းအား တိုက်ခိုက်လိုက်၏။
ရှီလုံတစ်ယောက် ကူကယ်ရာမဲ့ ခံစားလိုက်ရတော့သည်။
သူ နှစ်ပေါင်းများစွာကြာ စောင့်ခဲ့ပြီးမှ အရှုပ်အထွေးမသေမျိုးဧကရာဇ် ကြိုတင်ဟောကိန်းထုတ်ထားခဲ့သည့် သူကို တွေ့ခဲ့ရခြင်းပင် ။
သို့သော်... ထိုလူက ကောင်းကောင်းမွန်မွန် အစွမ်းမထက်လာသေးခင်မှာပင် ပြိုင်ဘက်နှင့် ရင်ဆိုင်နေရလေပြီ ။
ထို့ထက်ပိုဆိုးသည်မှာ ယခု ယဥ်ဆိုင်နေရသည့် ပြိုင်ဘက်က ကြောက်စရာအကောင်းဆုံး သားရဲခုနစ်ကောင်ထဲ၌ ခန္ဓာကိုယ်အစွမ်း အားအပြင်းဆုံးသူပင် ။
ထိုအခြေအနေမျိုးတွင် ရလဒ်က ကောင်းနိုင်ပါမည်လား..
သူ ထိုသို့ ကူကယ်ရာမဲ့ ဖြစ်နေစဥ်မှာပင် လောထျန်း၏ ကောင်းကင်ဘုံလက်သီးနှင့် လွေ့ထျန်းရ၏ လက်သည်းချွန်တို့ ထိပ်တိုက်တွေ့သွားကြ၏။
လောထျန်းတစ်ယောက် နောက်သို့ လွင့်ထွက်သွားလိမ့်မည်ဟုသာ ရှီလုံ ထင်လိုက်သည်။
သို့သော်... လွေ့ထျန်းရ၏ မပျက်စီးနိုင်သော လက်ချောင်းများက လောထျန်း၏လက်သီးနှင့်တွေ့ကာ ပုံပျက်သွားပါ၏။
ထို့နောက်..
ဝုန်း...
လောထျန်း၏ ကြောက်စရာလက်သီးချက်ကြောင့် လွေ့ထျန်းရ၏ လက်ချောင်းများသာမက ၊ သူ၏ ကြီးမားလှသည့် ခန္ဓာကိုယ်ကြီးပါ သွေးမှုန်များအဖြစ် ဖိခြေခံလိုက်ရပါတော့သည်။
လောထျန်းကိုယ်တိုင်မှာလည်း အစွမ်းအများကြီး ထုတ်သုံးမိခဲ့သဖြင့် သူ့ကိုယ်သူ ပြန်မထိန်းနိုင်ဘဲ လေထဲ ဆယ်ပတ်ကျော်ခန့် လည်သွားပြီးမှ ရပ်သွား၏။
မြင်နေရသည့် မြင်ကွင်းကြောင့် ရှီလုံတစ်ယောက် အံ့သြမှင်သက်သွားရှာသည်။
လောထျန်းသည်လည်း အံ့အားသင့်နေပါ၏။.
အကယ်၍ လွေ့ထျန်းရ၏ စိတ်ဝိဥာဥ်သာ ကျန်နေသေးပါက ၎င်းသည်လည်း မယုံကြည်နိုင် ဖြစ်နေမည်မလွဲပါချေ။
ဘာတွေဖြစ်သွားပါသလဲ...
ကြောက်စရာသားရဲ ခုနစ်ကောင်ထဲမှ ခန္ဓာကိုယ်
အစွမ်း အကောင်းဆုံးသော လွေ့ထျန်းရက လက်သီးတစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရပါသလား ။
ထိုစဥ် လောထျန်းက သူ့ကိုယ်သူ ပြန်ငြိမ်သွားအောင် ထိန်းလိုက်နိုင်ပါသည်။
သူ ရှေ့မှသွေးမှုန်ကိုတစ်လှည့် ၊ ရှီလုံဘက်သို့ တစ်လှည့်ကြည့်ရင်း မျက်မှောင်ကြုံ့၍မေး၏။
" ဟို.. သခင်ကြီး၊ ဒါကို အပေါင်းသင်းခုနစ်ဖော်လို့ ခေါ်တာလား "
ရှီလုံက အိုးတို့အမ်းတမ်း ပြန်ပြောသည်။
" ဟုတ်တယ် "
" ဒီကောင်က မသေမျိုးဧကရာဇ်နဲ့ ယှဥ်ပြီး တိုက်နိုင်တယ်.. ဟုတ်လား "
လောထျန်း ထပ်မေးသည်။
" အင်း .. ဟုတ်.. ဟုတ်တယ် "
ရှီလုံ ပြန်ဖြေသည်။
လောထျန်း သူ့လက်သီးသူ ပြန်ငုံ့ကြည့်ကာ ပြော
ပါ၏။.
" မသေမျိုးဧကရာဇ်က အဲ့လောက်တောင် အစွမ်းနိမ့်တာလား "
ရှီလုံတစ်ယောက် လုံးဝ ဆွံ့အသွားရပါတော့သည်။
မသေမျိုးဧကရာဇ်ကို အစွမ်းနိမ့်တယ် တဲ့လား..
သူ ထိုသို့ တစ်ကြိမ်လေးပင် မတွေးမိခဲ့ဖူးပါချေ။
မသေမျိုးဧကရာဇ် ဆိုသည်မှာ အပေါ်ကမ္ဘာတွင် ကျင့်ကြံခြင်းအဆင့် အမြင့်ဆုံးသောသူများ မဟုတ်ပါလား။
သို့သော် လောထျန်းကမူ လက်သီးတစ်ချက်တည်းဖြင့် ပြိုင်ဘက်အား သတ်နိုင်ခဲ့ပါသည်။
လောထျန်းနှင့် ယှဥ်လိုက်ပါက.. မသေမျိုးဧကရာဇ်များမှာ ...
အမှန်တကယ် အစွမ်းနိမ့်ပုံ ရပါ၏။
ထိုစဥ် လောထျန်းက မျက်မှောင်ကြုံ့၍ စကားဆက်သည်။
" ဘယ်လိုဖြစ်ဖြစ်ပါလေ ၊ ခုလို ကိစ္စတစ်ခုတည်းနဲ့တော့ ဘာကိုမှ သေချာပေါက်ကြီး ပြောမရပါဘူး ။ သေချာသွားအောင် ထပ်ပြီးစမ်းသပ်ကြည့်တာကောင်းတယ် "
သူပြောပြီး ရှီလုံဘက်လှည့်ကာ မေးသည်။
" သခင်ကြီးပြောတာ အပေါင်းသင်းခုနစ်ဖော် ဆိုတော့ ကျန်တဲ့ခြောက်ယောက်က ဘယ်မှာလဲ "
ထိုစကားကိုကြားမှ ရှီလုံ အသိပြန်ဝင်လာ၏။
" အဲ့ သားရဲခုနစ်ကောင်ထဲမှာ လွေ့ထျန်းရကို ဖယ်လိုက်ရင် ၊ အရိပ်မဲ့ခွေးကြီး ရှိသေးတယ် ။ အဲ့ကောင်လေးကျတော့ တော်တော်သေးတယ်ကွ ။ လက်တစ်ဝါးစာလောက်ပဲရှိမှာ ။ ဒါပေမယ့် သူ့ရဲ့အမြန်နှုန်းကတော့ ကျန်တဲ့ကောင်တွေထက် ခုနစ်ဆလောက် ပိုသာတယ် "
" ပြီးတော့ အဲ့ကောင်ဆီမှာ မူလမသေမျိုးလက်နက်လို ချွန်တဲ့ လက်နှစ်ချောင်းလဲ ရှိသေးတယ် ။ အဲ့ဒါနဲ့သာ တိုက်ခိုက်ခံရရင် မသေမျိုးဧကရာဇ်တွေတောင်
ဒဏ်ရာအပြင်းထန် ရကြတယ် "
လောထျန်း ခေါင်းအသာညိတ်လိုက်သည်။
သူ နားထောင်နေရင်း တစ်ခုကိုလည်း သတိထားမိသွားပါ၏။
" ခင်ဗျားပြောတဲ့ပုံကို ကျုပ် ရင်းနှီးနေသလိုပဲ... "
သူ ခေါင်းကုတ်ကာ ပြောလိုက်သည်။
ရှီလုံ အံ့သြသွားပြီးမှ ရယ်လိုက်၏။
" မင်း အဲ့ကောင်နဲ့ တွေ့စရာအကြောင်း ဘယ်လိုလုပ်ရှိမှာလဲကွာ ။ ဒီကောင်ရဲ့ ဖျက်ဆီးအစွမ်းက အင်မတန်ကြောက်စရာကောင်းတယ်ကွ ။ အဲ့တော့ မင်းသူနဲ့ တွေ့ခဲ့တယ်ဆိုရင်တောင် ဘေးမသီရန်မခဘဲ ပြန်ထွက်လာနိုင်မှာ မဟုတ်ဘူး "
ထိုစဥ်မှာပင် လောထျန်းက လောထျန်း၏လက်က ဟင်းလင်းပြင်လက်စွပ်ဆီ ရွေ့လျှားသွားကာ ပစ္စည်းအချို့ ထုတ်၍ မေးပါသည်။
" သခင်ကြီးပြောတဲ့ လက်နှစ်ချောင်းဆိုတာ ဒီဟာတွေလား "
ရှီလုံ၏ စိတ်ဝိဥာဥ် တုန်သွား၏။
" ဘယ်လိုဖြစ်ပြီးတော့.. "
သူ တအံ့တသြ ရေရွတ်လိုက်သည်။
အချိန်အတန်ကြာမှ သူ တုန်တုန်ယင်ယင် ပြောပါ၏။.
" ဟုတ်တယ်ကွ ၊ အဲ့ဟာတွေပဲ ။ အဲ့နှစ်ခုကြောင့် မသေမျိုးဧကရာဇ်တွေ အများကြီး ဒုက္ခရောက်သွားခဲ့ကြရတာ.. ငါ ဘယ်တော့မှာ မမေ့ဘူး "
ထို့နောက် သူ တုန်လှုပ်စွာ မေးသည်။
" မင်း.. အဲ့ဒါတွေကို ဘယ်ကရခဲ့တာလဲ "
လောထျန်းက အိုးတို့အမ်းတမ်း ပြန်ပြောသည်။
" ဒီကောင်က ကျုပ်ကို အလစ်တိုက်ခိုက်ဖို့ ကြိုးစားခဲ့သေးတယ်ဗျ ။ ကျုပ်ကလဲ သူ့ကို ပုဇွန်လို့ပဲထင်ပြီး လက်နှစ်ချောင်းကို ဆွဲဖြုတ်ခဲ့တာ ။ နောက်ကျ အပေါ်ပြန်ရောက်ရင် ကင်စားလို့ရအောင်... "
" မင်း... "
ရှီလုံ ဆွံ့အသွားရပြန်တော့သည်။
မရေမတွက်နိုင်သော မသေမျိုးဧကရာဇ်များကို သတ်ခဲ့သည့် ကြောက်စရာသားရဲ ခုနစ်ကောင်ထဲမှ တစ်ကောင်က လောထျန်း၏ ကင်စားခြင်းကိုပင် ခံရလုနီး ဖြစ်ခဲ့သတဲ့ ။
" ဒါဆို.. သူ အလစ်တိုက်တုန်းက မင်း ဘာဒဏ်ရာမှ မရခဲ့ဘူးပေါ့ "
ရှီလုံ မေးလိုက်သည်။
လောထျန်းက ခေါင်းယမ်းပြီး ပြန်ဖြေ၏။
" မရခဲ့ဘူးဗျ ၊ ဒါပေမယ့်.. ကျုပ်ရဲ့ အကျ်ီတော့ ပြဲသွားခဲ့တယ် "
ရှီလုံ ဘာဆက်ပြောရမည်ပင် မသိတော့ချေ။
လောထျန်းက စကားဆက်သည်။
" အဲ့ သားရဲခုနစ်ကောင်ထဲက ကျန်တဲ့ကောင်တွေကရော "
ရှီလုံမှာလည်း စကားလမ်းကြောင်း ပြောင်းချင်နေသဖြင့် ဝမ်းသာအားရပင် ပြောလိုက်သည်။
" ဒီနေရာမှာ နောက်ထပ် ပင်လယ်သားရဲတစ်ကောင် ရှိသေးတယ် ။ အဲ့ကောင်မှာက ငါးအမြီးရှိပြီးတော့ တီကောင်ခေါင်းနဲ့... သူ့ဆီမှာ သုံးခွခက်ရင်း လက်နက်လဲရှိ .. "
သို့သော် သူ့စကား မဆုံးခင်မှာပင် လောထျန်း မျက်လုံးပြုးသွားကာ မေးပါသည်။
" အဲ့ကောင်လား... "
" ဟင်.. မင်း သူ့ကိုရော မြင်ဖူးတာလား "
ရှီလုံ မေးလိုက်၏။
လောထျန်း ခေါင်းညိတ်ပြသည်။
" မြင်ဖူးတယ်ဗျ ။ ကျုပ်က သူ့ကို ရေသူမလို့တောင် ထင်ခဲ့သေးတာ .... "
" အဲ့နောက်တော့ရော.. "
ရှီလုံ စကားထောက်လိုက်သည်။
" နောက်တော့လား... ကျုပ် ဒီကောင့်ကို လက်သီးနဲ့ ခပ်ပြင်းပြင်းထိုးလိုက်လို့ ဒီကောင်အဝေးကို လွင့်သွားတာပဲ ။ သူ အသက်တောင် မရှိလောက်တော့
ဘူး ထင်တယ် "
လောထျန်း ပြော၏။
ရှီလုံတစ်ယောက် မှင်သက်မိသွားပြန်တော့သည်။
အစပိုင်းတွင်... လောထျန်းတစ်ယောက် ဤနေရာသို့ ရောက်လာနိုင်ခြင်းမှာ သူ့ အရှုပ်အထွေးခန္ဓာကိုယ်က မသေမျိုးပြောင်းလဲရေကန်၏ ဖိအားကို ခံနိုင်သောကြောင့်ဟုသာ သူ ထင်ခဲ့ပြီး သားရဲခုနစ်ကောင်နှင့် မတွေ့ခဲ့သည်မှာ ကံကောင်းလွန်းသည်ဟု ထင်ခဲ့ပါ၏။
သို့သော် .. ထိုသို့ ဟုတ်မနေခဲ့ပါ ။
လောထျန်းမှာ ဤနေရာသို့ လာခဲ့ဖူးကြသူများထဲ၌ ကံအဆိုးဆုံးပင် ဖြစ်နိုင်ပါသေးသည်။
သူ အရိုးတံခါးနားလေးသို့ပင် မကပ်ရသေးဘဲ ကြောက်စရာအကောင်းဆုံး သားရဲခုနစ်ကောင်ထဲမှ သုံးကောင်နှင့် ရင်ဆိုင်တွေ့ခဲ့ရသည် မဟုတ်ပါလား ။
ထိုကောင်လေးက သူ့ကိုယ်ပိုင် အစွမ်းကြောင့်သာ
ဤနေရာသို့ ရောက်လာနိုင်ခဲ့ခြင်းပါပင် ။
" သခင်ကြီး ၊ ကျန်တဲ့ သားရဲလေးကောင်ရော .. "
ထိုစဥ် လောထျန်းက မေးလာသည်။
ရှီလုံ ခေတ္တမျှ စဥ်းစားပြီးမှ ပြန်ပြောလိုက်၏။
" ကျန်တဲ့ သားရဲလေးကောင်ကတော့ အရိုးတံခါးနားမှာပဲ နေကြတာများတယ်ကွ "
လောထျန်း ခေါင်းညိတ်လိုက်သည်။
" ကောင်းပြီဗျာ ၊ ဒါဆို အရိုးတံခါးကို သွားကြစို့လေ "
" ဟင်.. ဘာလုပ်မယ်လို့ ပြောလိုက်တာ "
ရှီလုံ တုန်လှုပ်စွာ မေးလိုက်၏။.
" ဒီကိုတောင် ရောက်နေမှတော့ဗျာ.. အရိုးတံခါးကိစ္စကို တစ်ခါတည်းရှင်းလိုက်တာ မကောင်းဘူးလား "
Chapted 968
The black soul cage
" တစ်ခါတည်းရှင်းမယ်.. ဟုတ်လား ။ အဲ့ပြဿနာကို လွယ်လွယ်လေးနဲ့ ရှင်းလို့ရတယ်ပေါ့ "
ရှီလုံ တအံ့တသြ မေးလိုက်သည်။
သူ ထိုသို့သာ မေးလိုက်သည့်တိုင် လောထျန်း၏ အလေးအနက် မျက်နှာထားနှင့် လောထျန်း၏အစွမ်းအား ပြန်စဥ်းစားမိချိန်တွင် ရှီလုံစိတ်ထဲ ထိုစကားကို သဘောတူမိသွားပါ၏။
" ကောင်းပြီဗျာ ။ ဒါဆို သွားကြစို့ ။ ငါတို့ မအောင်မြင်ခဲ့ရင်တောင် အနည်းဆုံးတော့ ကျန်တဲ့သားရဲကောင်တွေကို ရှင်းနိုင်တာပဲ ။ ပြီးရင် နတ်ဘုရားလမ်းစဥ်ကိုတွေ့ပြီး ဉာဏ်အလင်းပွင့်တာမျိုးလဲ ဖြစ်သွားနိုင်တယ် "
ရှီလုံ ထိုသို့ပြောကာ လောထျန်းကိုဦးဆောင်၍ ရှေ့ဆက်သွားလိုက်သည်။
" ဒါနဲ့.. မင်း ကြားထားသလောက် ဟိုမျိုးမစစ်
ကောင် ဘယ်လိုဇာတ်သိမ်းသွားတယ်တဲ့လဲ "
သူ သွားနေရင်း လောထျန်းအားမေး၏။
လောထျန်း စစချင်း အံ့သြသွားပြီးမှ တဖက်လူက ဒုတိယ အရှုပ်အထွေး မသေမျိုးဧကရာဇ်အကြောင်းကို မေးချင်နေမှန်း ရိပ်မိလိုက်သည်။
သူ ခေတ္တမျှ စဥ်းစားကာ ပြန်ဖြေလိုက်၏။
" ကျုပ်ကြားတာတော့ သူ သေသွားပြီတဲ့ "
" သေသွားပြီ.. ဟုတ်လား "
ရှီလုံ အနည်းငယ် အံ့သြသွားဟန် တူပြီးမှ လှောင်ပြုံး ပြုံးပါသည်။
" အဲ့လောက် သူ့အသက်သူ တန်ဖိုးထားတဲ့ ဒီကောင််လိုငကြောက်က ဘယ်လိုလုပ်ပြီး သေမှာတဲ့လဲ "
လောထျန်း တအံ့တသြ ပြန်မေးလိုက်သည် ။
" သခင်ကြီးဆိုလိုတာက.. သူ ခုထိ အသက်ရှင်နေနိုင်သေးတယ် ဆိုတဲ့သဘောပေါ့ "
ရှီလုံ အချိန်အတန်ကြာ တိတ်သွားပြီးမှ ပြန်ပြော၏။.
" အဲ့ဒါတော့ ငါလဲမသိဘူး ။ ဒါပေမယ့် ဒီကောင်က
ဟိုးအရင်တည်းက မကောင်းတဲ့ကိစ္စပေါင်းစုံကို လုပ်လာတဲ့သူ ။ အရိုးတံခါးက ရှေးဟောင်းနတ်ဘုရားတွေနဲ့ အပေးအယူ လုပ်ခဲ့တာကိုသာ ကြည့်လေ ။ သူ့လိုလူတစ်ယောက်က လွယ်လွယ်နဲ့သေမယ်လို့တော့ ငါ မထင်ဘူး "
" သူ အကြံကြီးတစ်ခု ကြံနေတာလဲ ဖြစ်နိုင်တာပဲ ။ ဘယ်သိနိုင်မလဲ.. "
လောထျန်း အနည်းငယ်စဥ်းစားကာ ခေါင်းညိတ်လိုက်သည်။
" အဲ့လိုလဲ ဖြစ်နိုင်တာပဲ "
ထျန်းမင်ဧကရာဇ်သည်ပင် ပြန်အသက်သွင်းရန် စောင့်ဆိုင်းနေသေးသည် မဟုတ်ပါလား..
ထို ဒုတိယ အရှုပ်အထွေးမသေမျိုးဧကရာဇ်သည်လည်း ထိုသို့မလုပ်စရာ အကြောင်းမရှိပေ ။
သူတို့နှစ်ယောက် ထိုသို့ ပြောဆိုနေကြစဥ်မှာပင်..
ဝုန်း...
လှိုင်းလုံးကြီးတစ်ခု ရုတ်တရက်ပေါ်လာသည်။
ထို့နောက် ကြောက်မက်ဖွယ် ရယ်သံကြီးတစ်ခု ရုတ်တရက်ပေါ်လာ၏။
ထိုရယ်သံကို ကြားသည်နှင့် ရှီလုံတစ်ယောက် သတိအနေအထား ဖြစ်သွားကာ ပြောသည်။
" ကောင်လေး ၊ သတိထားနော် ။ ပြဿနာများတဲ့တစ်ကောင် ရောက်လာပြီ "
လောထျန်း အံ့သြသွားရသည်။
ရှီလုံက ရှင်းပြ၏။
" ဒီကောင့်နာမည်က ရွှယ်ချန်းလို့ ခေါ်တယ်ကွ ။ ဟို သားရဲခုနစ်ကောင်ထဲက တစ်ကောင်ပေါ့ကွာ ။ ပြီးတော့ ဒီကောင်က စိတ်ဝိဥာဥ်ပညာရပ်မှာ ကျွမ်းကျင်တယ် "
သူ့စကား ဆုံးချိန်မှာပင် မှောင်ရိပ်ထဲမှ အသံတစ်သံ ထွက်လာပါသည်။
" အိုး.. ကောင်းကင်ဘုံနဂါးအရိုးပါလား ။ ဒီလောက်
နှစ်တွေအကြာကြီး ပုန်းနေပြီးမှ အခု ကိုယ်ထင်ပြရဲပြီပေါ့ ။ ဘာလဲ.. ငကြောက်မလုပ်တော့ဘူးလား "
ရှီလုံ နှာခေါင်းရှုံ့လိုက်သည်။
" သားရဲကောင် ... မင်းကများ ငါ့ကို ဘယ်မျက်နှာနဲ့ အဲ့စကားပြောရဲနေတာလဲ ။ ကောင်းကင်ဘုံနဂါးနဲ့ ရင်ဆိုင်တုန်းကဆို မင်းကလဲ ငကြောက်ကြီးလုပ်ပြီး တခြားသူတွေရဲ့အစွမ်းကို အားကိုးခဲ့တာပဲ မဟုတ်ဘူးလား "
သူ ထိုစကားကို ပြောလိုက်စဥ်တွင် အမှောင်ထုထဲမှ ကျောချမ်းဖွယ် အရောင်အဝါတစ်ခု ထွက်လာ၏။
" အဘိုးကြီး ၊ မင်း သေချင်နေတာပဲ "
ရွှယ်ချန်း၏အသံ ထွက်လာသည်။
ရှီလုံ၏ စကားများက သူ့ဒေါသကို ဆွပေးလိုက်သည်မှာ သိသာပါ၏။
ထို့နောက်တွင် မည်းမှောင်နေသည့် စိတ်ဝိဥာဥ်အစွမ်းတစ်ခု ထွက်လာကာ လောထျန်းဆီ တိုးဝင်လာသည်။
" ကောင်လေး ၊ မြန်မြန် နောက်ဆုတ်လိုက် "
ရှီလုံ သတိပေးလိုက်၏။
သို့သော် တဖက်လူ၏ စိတ်ဝိဥာဥ်အစွမ်းက အံ့မခန်း လျင်မြန်လှပြီး..
ဝီ..
ထိုတခဏမှာပင် လောထျန်းရော ရှီလုံကိုပါ လွှမ်းခြုံလာသည်။
" ဟား... နောက်ဆုတ်ချင်တယ်ပေါ့လေ ။ အဘိုးကြီး ၊ မင်း ငါ့လက်က ထွက်ပြေးနေခဲ့တာ နှစ်တွေအများကြီး ကြာသွားခဲ့ပြီ ။ ဒီကြားထဲမှာ ငါ မင်းကိုဘယ်လိုကိုင်တွယ်ရမလဲဆိုတာကို စဥ်းစားနေခဲ့တာ ။ ငါ နှစ်တွေအများကြီး လေ့ကျင့်ခဲ့တဲ့ ဒီသိုင်းကွက်ကလဲ ဒီနေ့တော့ အသုံးဝင်လာခဲ့ပြီပေါ့ကွာ ။ မင်း ငါ့လက်က မလွတ်နိုင်တော့ပါဘူး "
ရွှယ်ချန်းက လှောင်သံဖြင့် ဆိုသည်။
" ဘာ... "
ရှီလုံ တအံ့တသြ ရေရွတ်လိုက်၏။
သူသည်လည်း စိတ်ဝိဥာဥ်တစ်ယောက်ဖြစ်ကာ မသေမျိုးပြောင်းလဲရေကန်အောက်တွင် နေထိုင်ခဲ့သည့် နှစ်များစွာအတွင်း ထိုသားရဲကောင်များ၏ လက်မှ အလွယ်တကူ လွတ်နိုင်ခဲ့သည်ချည်း ဖြစ်ပါသည်။
စိတ်ဝိဥာဥ်အစွမ်းတွင် ကျွမ်းကျင်လှသည့် ရွှယ်ချန်းတစ်ယောက်တည်းကသာ သူ့ရန်သူ ဖြစ်ခဲ့ပါ၏။
သို့သော် ယခင်ကဆိုလျှင် သူ ရွှယ်ချန်းနှင့် မယှဥ်နိုင်သည့်တိုင် ထိုကောင့်လက်မှ အလွယ်တကူ လွတ်နိုင်ခဲ့သည်ချည်းပင် ။
ယခုတွင်ကား.. ထိုကောင်တွင် သိုင်းကွက်အသစ် ရှိနေသတဲ့..
တဖက်မှ ရွှယ်ချန်းကလည်း ပြိုင်ဘက်များအား ချုပ်နှောင်ပြီးသွားသည်ကိုကြည့်ရင်း အသံကျယ်ဖြင့် အော်ရယ်သည်။
" အဘိုးကြီး ၊ ဘာလို့ ထွက်ပြေးဖို့ မကြိုးစားတာလဲ ။ မင်းထွက်ပြေးနိုင်မလား ကြည့်ချင်လို့ပါကွာ "
ရှီလုံက အချိန်အတန်ကြာ စဥ်းစားနေပြီးမှ လောထျန်းအား ရုတ်တရက်ပြော၏။
" ကောင်လေး ၊ ငါပြောတာကို သေချာနားထောင် "
" ဟင်... "
လောထျန်း အံ့အားသင့်သွားကာ ရှီလုံထံ လှမ်းကြည့်လိုက်သည်။
ရှီလုံ စကားဆက်၏။.
" ခဏနေကျရင် ငါ့ရဲ့ စိတ်ဝိဥာဥ်ကို ဖျက်ဆီးပစ်ပြီးတော့ မင်းအတွက် ဒီ စိတ်ဝိဥာဥ်အချုပ်အနှောင်ကို ဖွင့်ပေးမယ် ။ အဲ့အချိန်မှာ မင်းက အခွင့်အရေးကို အမိအရယူပြီးတော့ ပြေးသာပြေး ၊ လုံးဝ နောက်လှည့်မကြည့်နဲ့ ။ နောက်ကို မင်း လုံလောက်အောင်အစွမ်းထက်လာမှသာ ငါ့အတွက် လက်တုန့်ပြန်ပေးပါ "
သူ့စကားကြောင့် လောထျန်းတစ်ယောက် အံ့သြသွားရပါသည်။
" သခင်ကြီး ၊ အဲ့လောက် အခြေနေမဆိုးနိုင်... "
ရှီလုံ နှာခေါင်းရှုံ့၏ ။.
" ငါပြောတာကိုသာ နားထောင်ပါကွာ ။ မင်းက အပေါ်ကမ္ဘာရဲ့ မျှော်လင့်ချက်ပဲ ။ ငါ မင်းကို ဒီနေရာမှာ အသေမခံနိုင်ဘူး "
လောထျန်း အိုးတို့အမ်းတမ်း ပြောလိုက်ပါသည်။
" ကျုပ်ဆိုလိုတာက.. ဒီတိုင်း အချုပ်အနှောင်လေး တစ်ခုအတွက်နဲ့ သခင်ကြီးရဲ့အသက်ကို စတေးဖို့မလိုပါဘူးလို့ ပြောချင်တာပါ ... "
သူ့စကားဆုံးချိန် ၊ ရှီလုံ ဘာမှပြန်မပြောနိုင်ခင်တွင် ရွှယ်ချန်းက လှောင်သံဖြင့် ပြောလာ၏။
" မင်းတို့နှစ်ယောက် အဲ့လောက် အော်ကျယ်အော်ကျယ် ပြောနေကြတာ ငါ့ကို နားကန်းနေတယ်များ ထင်နေကြသလားကွ ။ အဘိုးကြီး ၊ မင်းက ကိုယ့်ကိုကိုယ် ဖောက်ခွဲပြီးတော့ ကောင်လေးကို ထွက်ပြေးခိုင်းမလို့ပေါ့လေ ။ အိမ်မက်တောင် မမက်စမ်းပါနဲ့ကွာ ။ ငါ့ရဲ့ မဟူရာစိတ်ဝိဥာဥ် အချုပ်အနှောင်က ကမ္ဘာပေါ်မှာ အကောင်းဆုံး အချုပ်အနှောင်ပဲကွ ။ အဲ့ဒါနဲ့သာ ချုပ်နှောင်ခံရရင် မင်းမပြောနဲ့ ၊ ဟို ကောင်းကင်ဘုံနဂါးကြီး အသက်ရှင်နေသေးရင်တောင် နည်းနည်းလေးမှ ဖျက်ဆီးနိုင်မှာ မဟုတ်ဘူး "
ရှီလုံက ပြန်ရန်တွေ့သည်။
" မကြိုးစားကြည့်ဘဲ ဘယ်သိနိုင်မလဲကွ "
သူ ပြောပြီး စိတ်ဝိဥာဥ်မီးတောက်ကို အသက်သွင်းကာ သူ့ကိုယ်သူ ဖျက်ဆီးရန်ပြင်လိုက်၏။
၎င်းကိုမြင်သော လောထျန်းက ချက်ချင်းဝင်ပြောသည်။
" သခင်ကြီး ၊ အဲ့လောက်ကြီး လုပ်စရာမလိုပါဘူးဗျာ "
" လောထျန်း ၊ ငါ့ကို နှစ်သိမ့်မနေနဲ့တော့ ။ ဒါက ငါတို့အတွက် တစ်ခုတည်းသော အခွင့်ရေးဆိုတာ မင်းရော ငါရော သိနေတာပဲ "
ရှီလုံက ခပ်မာမာပြန်ပြော၏။
လောထျန်း အိုးတို့အမ်းတမ်း ပြောလိုက်ရသည်။
" သခင်ကြီး ၊ တကယ်ကို အဲ့လိုလုပ်စရာ မလိုတာပါ... "
" ကောင်းပြီ ၊ အဲ့လိုမှ မလုပ်ဘူးဆိုရင် မင်းဆီမှာ ဒီက
နေလွတ်နိုင်မယ့် ပိုကောင်းတဲ့နည်းရှိလား "
ရှီလုံ ပြန်မေး၏။
လောထျန်း ခေါင်းညိတ်ပြလိုက်သည်။
" ရှိတယ်ဗျ "
သူတို့စကားကို နားထောင်နေသော ရွှယ်ချန်းက ရယ်ပါသည်။
" မင်းမှာ နည်းလမ်းရှိတယ်.. ဟုတ်လား ။ ဟား ဟား.. ကောင်လေး ၊ မင်း ရူးများသွားပြီလား ။ လုပ်စမ်းပါဦးကွာ.. ငါ့ရဲ့ အချုပ်အနှောင်ကနေ လွတ်နိုင်မယ့် မင်းရဲ့နည်းကို ပြစမ်းပါဦး "
လောထျန်းက တဖက်လူအား တစ်ချက်သာကြည့်၍ သူ့ ကောင်းကင်ဘုံ ခန္ဓာကိုယ်ရွှေ့ကွက်ကို အသက်သွင်းလိုက်သည်။
ဝီ..
ထို့နောက် သူ တည်နေရာရွှေ့ပြောင်းပြီး အချုပ်အနှောင် အပြင်ဘက်သို့ ရောက်သွား၏။
" အင်.... "
ရှီလုံရော ရွှယ်ချန်းပါ အံ့သြမှင်သက်ကုန်ကြပါသည်။
" မင်း... ဘယ်လိုလုပ်လိုက်တာလဲ "
ရှီလုံ တုန်လှုပ်စွာ မေးလိုက်၏။
လောထျန်းက သူတစ်ယောက်တည်း အချုပ်အနှောင် အပြင်ဘက်သို့ ရောက်သွားခြင်းမဟုတ်ဘဲ သူ့ကိုပါ အတူခေါ်ထုတ်လာခဲ့ပါသည်။
ဒါ.. ဘယ်လိုအဖြစ်ပါလဲ...
တဖက်မှ ရွှယ်ချန်းမှာလည်း မယုံကြည်နိုင် ဖြစ်နေကာ ပြော၏။.
" မဖြစ်နိုင်တာ.. တစ်ခုခု မှားနေတာပဲ ဖြစ်ရမယ် ။ ငါ့ရဲ့ အချုပ်အနှောင်က လုံးဝ ဖျက်ဆီးလို့မရဘူးလေ "
သူ့စကားကိုကြားသော လောထျန်းက မျက်မှောင်ကြုံ့၍ ဆိုပါသည်။
" မဖျက်ဆီးနိုင်ဘူး.. ဟုတ်လား ။ ဘာအပိုတွေ ပြော
နေတာလဲ ။ ခုခဏလေးနဲ့တောင် အဲ့လိုအမှိုက်မျိုးကို ဖျက်ဆီးနိုင်တဲ့နည်းတွေ အများကြီး ငါ စဥ်းစားမိတယ် "
" နည်းတွေအများကြီး.. ဟုတ်လား ၊ ဘာအဓိပ္ပါယ်မရှိတဲ့စကားတွေ ပြောနေတာလဲ "
ရွှယ်ချန်း ဒေါသတကြီး အော်လိုက်သည်။
လောထျန်းက မျက်မှောင်ကြုံ့ရင်း ပြန်ပြော၏။
" ငါပြောတာ မယုံရင် မင်းကို သက်သေပြမယ် "
သူ ပြောပြီး အချုပ်အနှောင်ထဲသို့ လှစ်ခနဲ ပြန်၍ တည်နေရာရွှေ့ပြောင်းသွားလိုက်သည်။
" ဟင်.. လောထျန်း.. မင်း... "
ရှီလုံတစ်ယောက် တုန်လှုပ်သွား၏။
ဘာတွေဖြစ်နေပါသလဲ...
အချုပ်အနှောင်ထဲမှ ထွက်ပြေးလာနိုင်ပြီးမှ လောထျန်းတစ်ယောက်က အထဲသို့ လိုလိုလားလား ပြန်ဝင်သွားသတဲ့လား..
ထိုစဥ် ရွှယ်ချန်းက အေးစက်စက် ရယ်ပါသည်။
" ကောင်လေး ၊ မင်း ခုနက ဘယ်လိုနည်းတွေသုံးပြီးတော့ ထွက်ပြေးခဲ့လဲဆိုတာ ငါမသိဘူး ။ ဒါပေမယ့် ငါ အဲ့တုန်းက သတိလတ်လွတ် ဖြစ်သွားခဲ့တာ ။ အခုတော့ မင်း ဘယ်လိုထွက်ပြေးနိုင်ဦးမလဲ ကြည့်ကြတာပေါ့ "
ဝုန်း...
သူ ပြောပြီးချိန်မှာပင် စိတ်ဝိဥာဥ်အချုပ်အနှောင်၏ အစွမ်းက အဆများစွာ တိုးသွားခဲ့ပါသည်။
လောထျန်း ၎င်းကိုကြည့်ကာ ခေါင်းတစ်ချက်ညိတ်လိုက်၏။
" ကောင်းပြီလေ.. ဒါဆိုလဲ ကြည့်ထားပေါ့ ။ ပထမနည်းက တိုက်ရိုက် တည်နေရာရွှေ့ပြောင်းတာ ။ ခုနကလဲ လုပ်ပြသွားခဲ့ပြီးပြီ... ခုလဲ ထပ်လုပ်ပြမယ် "
ရွှယ်ချန်း လှောင်ပြုံး ပြုံးလိုက်သည်။
" ကောင်းပြီလေ ၊ ဒီတစ်ခေါက်တော့ မင်း လုံးဝကို...
"
ဝှစ်...
သို့သော်.. သူ့စကား မဆုံးခင်မှာပင် လောထျန်းက သူ့ရှေ့သို့ တည်နေရာရွှေ့ပြောင်းကာ ရောက်လာခဲ့ပါသည်။