← Chapters

အခန်း (၇၆၆)

Vol. 55 Ch. 766

အခန်း (၇၆၆)

Vol. 55 Ch. 766

ဝီ ...

သစ်ပင်အိုက အန္တရာယ်ကို အာရုံခံမိသွားဟန်တူကာ သစ်ကိုင်းများ ချက်ချင်းလှုပ်ရှားလာပြီး ... ထွင်းစာများ စုစည်း၍ ရွှေရောင်လက်ဝါးကြီးကို ခုခံရန် ကြိုးစားလာ၏။

သို့သော် ...

ရွှေရောင်လက်ဝါးကြီးက ထွင်းစာများကို လျစ်လျူရှု၍ သစ်ပင်အိုအား ဖမ်းဆုပ်ကာ သစ်ကိုင်း လက်တစ်ဆုပ်စာကို ဆွဲဖြုတ်လိုက်သည်။

ဝီ ...

သစ်ပင်အိုမှာ ထိခိုက်မှုကြီးကြီး ဖြစ်သွားဟန်ဖြင့် တုန်သွားပြီး.. မူလနေရာမှ လှစ်ခနဲ ပျောက်ကွယ်သွား၏။

" ဟင်.. ထွက်ပြေးသွားတာလား "

၎င်းကိုမြင်သော လောထျန်းတစ်ယောက် အနည်းငယ် အံ့သြသွားရသည်။

သို့သော် သေချာတွေးကြည့်လိုက်ပြန်လျှင်လည်း ကိုယ်တိုင်ကျင့်ကြံနိုင်သော သစ်ပင်တစ်ပင်က ထွက်ပြေးနိုင်သည်မှာ သဘာဝကျပါသည်။

ထို့နောက် သူ ဆွဲဖြုတ်ထားသော သစ်ကိုင်းများအား သေချာစစ်ဆေးကြည့်လိုက်ရာ ချက်ချင်းပင် မျက်မှောင်ကြုံ့သွားရသည်။

" ဘာအသီးမှလဲ မရှိပါလား ။ ဒါဆို.. အမွှေးနံ့က ဘယ်ကထွက်တာလဲ "

လောထျန်း သစ်ကိုင်းများအား ခဏကြာ ဆက်ကြည့်နေလိုက်ပြီးမှ ရုတ်တရက် အသိဝင်သွား၏။

" အနံ့က သစ်ရွက်တွေကနေ ထွက်နေတာပဲ ။ ဒီဟာက... လက်ဖက်ပင် စိတ်ဝိဥာဥ်ပေါ့... "

သူ့မျက်နှာပေါ်၌ စိတ်ပျက်သွားသည့် အရိပ်အယောင် အထင်းသားပေါ်လာသည်။

သူ ဗိုက်ဆာနေချိန်တွင် လက်ဖက်ပင် အကိုင်းနည်းနည်းကိုသာ ဖမ်းဆုပ်လိုက်မိသတဲ့လား ။ သူ ထိုအကိုင်းများကို ဘာလုပ်ရပါမည်နည်း..

လက်ရှိတွင် သူ့ဗိုက်ကို ရေသောက်၍ ဖြည့်ရန်သာ ရှိပါတော့သည်။

" ဟူး... ဘယ်တတ်နိုင်မလဲလေ ။ ရေပဲ အဝသောက်ရုံပေါ့ "

လောထျန်း စိတ်ပျက်လက်ပျက် ခေါင်းယမ်းလိုက်ပြီးနောက် သစ်ကိုင်းများကို ကိုင်၍ သူ့ခြံဝင်းဆီသို့သာ ပြန်သွားလိုက်သည်။ ထို့နောက် လက်ဖက်ရွက်များကို ခတ်၍ ရေနွေးသောက်ရန်အတွက် ရေနွေးအိုး စတည်လိုက်၏။

ဤသို့ဖြင့် အနည်းငယ် အလုပ်ရှုပ်သွားပြီးနောက်တွင်.. လောထျန်း ရေနွမ်းကြမ်းတစ်ခွက် စသောက်လိုက်ရတော့သည်။

မွေးကြိုင်လန်းဆန်းသော ရနံ့တစ်ခုက လောထျန်း၏ အရိုးများနှင့် အသားများထဲ ချက်ချင်း စီးဆင်းသွား၏။

" ဟင်.. အနံ့က တော်တော်ကောင်းတာပါလား "

လောထျန်း ရုတ်တရက် ထရပ်လိုက်ပြီး သူ့လက်ထဲမှ ရေနွေးကြမ်းခွက်ကိုတစ်လှည့် ၊ ကျန်နေသေးသော လက်ဖက်ပင်ကိုင်းများကို တစ်လှည့် ကြည့်နေရင်း မျက်လုံးပြူးသွားသည်။

ယခု သူသောက်လိုက်ရသည့် ရေနွေးကြမ်း အရသာမျိုးကို သူ့ဘဝတလျှောက် တစ်ခါမှ မရခဲ့ဖူးပါချေ။

သူ ဤရေနွေးကြမ်းခွက်အား ဝက်လက်ပေါင်းနှင့်ပင် မလဲနိုင်ပါ ။

" ရတနာပဲကွ... တကယ့် ရတနာပဲ "

လောထျန်း ရေရွတ်ပြီး အရွက် ဆယ်ရွက်ကျော်ခန့်သာ ကျန်တော့သော လက်ဖက်ကိုင်းကို ကြည့်ရင်း စိတ်ထဲ နောင်တအနည်းငယ် ရသွားသည်။

" ချီး.. ခုနတုန်းက ငါ ဘာလို့ အဲ့လောက် စိတ်ထားနူးညံ့နေခဲ့ရတာလဲကွာ ။ တကယ်ဆို သစ်ပင်တစ်ပင်လုံးကို နှုတ်လာပြီးတော့ ငါ့ခြံထဲမှာ ပြန်စိုက်ထား

လိုက်သင့်တာ ။ အခု ဟိုကောင်က ထွက်ပြေးသွားပြီဆိုတော့ နောက်ကျရင်တောင် သူ့ကို ဘယ်နားသွားရှာရမလဲ မသိ​တော့ဘူး "

သူ ပြောပြောဆိုဆိုပင် စိတ်ဝိဥာဥ်အစွမ်းကို ထုတ်လွှတ်၍ ဘေးပတ်ဝန်းကျင်တစ်ဝိုက် ရှာဖွေကြည့်လိုက်သည် ။ သို့သော် လက်ဖက်ပင်အနံ့မှာကား အစအနလေးပင် မကျန်ဘဲ ပျောက်သွားခဲ့လေပြီ ။

" ဟင်... အဲ့ဒါက ... "

သို့သော်... သူ လက်ဖက်ပင်အား ရှာမတွေ့သည့်တိုင်... လူနှစ်ယောက်က တောင်စောင်းတလျှောက်မှနေ၍ သူရှိရာဘက်သို့ လာနေသည်ကို ရုတ်တရက် တွေ့လိုက်ရပါ၏။

" ကွက်တိပဲကွာ... အဲ့လူနှစ်ယောက်ဆီကနေ အပေါ်ကမ္ဘာနဲ့ ပတ်သက်တဲ့သတင်းတွေ မေးရမယ် "

လောထျန်း စိတ်ထဲမှ ကြိတ်တွေးလိုက်သည်။

ထိုစဥ်တွင် တောအုပ်အတွင်း၌ အဘိုးအိုတစ်ယောက်နှင့် မိန်းမငယ်တစ်ယောက်တို့မှာ စိုးရိမ်မကင်း

မျက်နှာများဖြင့် တဖြည်းဖြည်း လျှောက်လာနေကြပါ၏။

" အဘိုး... တကယ်ကြီးကို မဖြစ်မနေ သွားရမှာလား ။ ထျန်းကျီတောင်က သက်ရှိတွေအတွက် တားမြစ်နယ်မြေ တစ်ခုလေ "

အဖြူရောင် အဝတ်စားများနှင့် မိန်းမငယ်လေးက မျက်ရည်ရွှဲနေသော မျက်လုံးအစုံဖြင့် ပြောရှာသည်။

အဘိုးအိုက မိန်းမငယ်အား တစ်ချက်လှမ်းကြည့်ပြီးနောက် သက်ပြင်းချ၏။

" ချင်းလေး... အဘိုးရဲ့သက်တမ်းက အဆုံးသတ်ခါနီး ရောက်နေပြီကွ ။ အဘိုးမှာ အသက်ရှင်ဖို့အချိန် အလွန်ဆုံး တစ်လလောက်ပဲ ကျန်တော့တာ "

" အဘိုးသာ အသက်ရှိနေသေးရင် ၊ သွေးနီဂိုဏ်းက အဘိုးတို့ရဲ့ ထျန်းလင်ဂိုဏ်းကို နည်းနည်းရှိန်နေဦးမှာ ။ ဒါပေမယ့်.. အဘိုးသေသွားပြီဆိုတာနဲ့ သွေးနီဂိုဏ်းရဲ့ ဂိုဏချုပ်ကြီးကို ခုခံနိုင်တဲ့သူ ဘယ်သူမှ ရှိတော့မှာမဟုတ်ဘူး ။ အဲ့ကျရင် အဘိုးတို့ဂိုဏ်းထဲက လူတွေအားလုံး သေကြရလိမ့်မယ် "

" အဲ့တော့ လက်ရှိမှာ... ဒီ ထျန်းကျီတောင်က အဘိုးအတွက်ရော ၊ အဘိုးတို့ ထျန်းလင်ဂိုဏ်းအတွက်ရော ဆက်ပြီးရှင်သန်ဖို့ တစ်ခုတည်းသော မျှော်လင့်ချက်ပဲ "

" အခု အဘိုးရဲ့သက်တမ်းကို ဆက်ပြီးဆွဲဆန့်နိုင်တဲ့အရာက မသေမျိုးဆေးရည်ပဲ ရှိတာလေ ။ ပြီးတော့ အဲ့ မသေမျိုးဆေးရည်ကလဲ မဟာအစွမ်းပိုင်ရှင်တွေနဲ့ တားမြစ်နယ်မြေတွေမှာပဲ ရှိတာ "

" ဒါပေမယ့်... အဲ့ဒီ မဟာအစွမ်းပိုင်ရှင်တွေက အဘိုးကို အဲ့လောက်အဖိုးတန်တဲ့ ရတနာမျိုး ဘယ်လိုကြောင့်မှ ပေးမှာမဟုတ်ဘူး ။ တခြား တားမြစ်နယ်မြေတွေကလဲ ဝေးလွန်းတာနဲ့ ၊ အဘိုးသွားဖို့အတွက် အန္တရာယ်များလွန်းတာနဲ့ဆိုတော့ အဆင်မပြေပြန်ဘူး "

" ဒီ ထျန့်ကျီတောင်မှာတော့.. ထျန့်ကျီတောင်သခင်ကြီး သေသွားပြီဆိုတဲ့ ကောလဟလတွေ ထွက်နေတယ်လေ ။ တကယ်လို့ အဲ့သတင်းသာ အမှန်ဆိုရင် မသေမျိုးဆေးရည်က ရှိနေနိုင်သေးတယ် "

" ဒါ့ကြောင့်မို့လဲ ဒီထျန့်ကျီတောင်က အဘိုးနဲ့ အဘိုးတို့ဂိုဏ်းအတွက် တစ်ခုတည်းသော ရှင်သန်နိုင်မယ့် အခွင့်အရေး ဖြစ်နေတာ ။ အဲ့တော့ ဘယ်လိုပဲဖြစ်ဖြစ် အဘိုး ဒီမှာပဲ သေရမယ်ဆိုရင်တောင် ၊ ကျင့်ကြံခြင်းအဆင့်တက်အောင် လုပ်မှဖြစ်မယ် ။ ကဲ... ဒီထိ လိုက်ပို့ရင် တော်ပါပြီကွာ... အခု တောင်အောက်ဆင်းပြီးတော့ အဘိုးအို စောင့်နေလိုက် ။ နောက်လဝက်အတွင်းမှာ အဘိုးအောင်မြင်သွားခဲ့ရင် အောက်ကို ဆင်းလာပြီး မင်းကိုလာရှာမယ် ။ ဒါပေမယ့် လဝက်နေလို့မှ မဆင်းလာရင်တော့ မင်း ဒီကနေ ချက်ချင်းထွက်သွားရမယ်နော် ။ နောက်လဲ ဒီကို ဘယ်တော့မှ ပြန်မလာနဲ့ ။ လက်တုန့်ပြန်ဖို့ကိုလဲ စိတ်တောင် မကူးနဲ့နော် "

အဘိုးအိုက ဆုံးဖြတ်ချက် ခိုင်မာစွာ ချထားပြီးဟန်ဖြင့် ဆိုသည်။

သူ့စကားကို နားထောင်နေသော မိန်းမငယ်၏ မျက်နှာပေါ်တွင် ဝမ်းနည်းမှု အငွေ့အသက်တို့ ပေါ်လာပါ၏။

တခဏအကြာတွင်မူ သူမ စိတ်ကို ဆုံးဖြတ်လိုက်ဟန်

ဖြင့် ဆိုသည်။

" ကျွန်မလဲ အဘိုးနဲ့ အတူတူလိုက်ခဲ့မယ် "

" ချင်းလေး... မင်း... "

အဘိုးအိုက သူမကို နားချရန် ပြင်လိုက်၏။

သို့သော် ချင်းလေးက ခေါင်းယမ်း၍ ပြောသည်။

" သွေးနီဂိုဏ်းက ဘယ်လောက်ရက်စက်လဲဆိုတာ အဘိုးလဲ သိတာပဲ ။ သူတို့က ကျွန်မကို ဒီတိုင်းလွတ်ပေးမယ် ထင်လို့လား ။ အဘိုးသာ သေသွားရင် ကျွန်မလဲ သေရမှာပဲ ။ အဲ့တော့ အဘိုးနဲ့ ကျွန်မနဲ့ အတူတူ တိုက်ခိုက်ကြတာ ပိုမကောင်းဘူးလားရှင် ။ အဲ့ကျရင် ကျွန်မတို့အတွက် မျှော်လင့်ချက် ရှိနိုင်မှာပါ "

အဘိုးအို တခဏကြာ စဥ်းစားနေပြီးမှ ခေါင်းညိတ်လိုက်ရ၏။

" ကောင်းပါပြီကွာ... ဒါဆိုလဲ အတူတူသွားကြတာပေါ့ ။ ကောင်းကင်ဘုံက ငါတို့ မြေးအဘိုးကို သနားညှာတာပြီး မသေမျိုးဆေးရည်ကို အသက်ရှင်ရက် မြင်ခွင့်ပေးဖို့ပဲ ဆုတောင်းပါတယ် "

" ဟုတ်ကဲ့ ... "

မျက်ရည်များ ရွှဲနေသော ချင်းလေး ပြန်ပြောကာ... အဘိုးအိုနှင့်အတူ တောင်ပေါ်သို့ ဆက်တက်သွားလိုက်ကြသည်။

မကြာခင်မှာပင် ...

" အိုး.. ကျေးဇူးတင်လိုက်တာဗျာ "

သူတို့ရှေ့ ခပ်လှမ်းလှမ်းတွင် ရှိနေသော လောထျန်း၏အသံကို အဘိုးအို ကြားလိုက်ရ၏။

" ဟင်.... "

ထိုတခဏ၌ မြေးအဘိုးနှစ်ယောက်လုံး သေမတတ်ပင် ကြောက်ရွံ့သွားကြသည်။

ဤနေရာမှာ သက်ရှိများအတွက် တားမြစ်နယ်မြေတစ်ခုဖြစ်ပြီး ကမ္ဘာကြီးထဲရှိ လူသူအကင်းမဲ့ဆုံး နေရာများထဲမှ တစ်ခုပါပင် ။

ထိုသို့သော နေရာမျိုးတွင် လူတစ်ယောက်၏ စကားသံကို ကြားနေရသတဲ့လား..

သူတို့ ကံဆိုးလွန်း၍ ဒဏ္ဍာရီကျော် ကံဆိုးမှုကြီးနဲ့ ကြုံရခြင်းပေလား ...

ချင်းလေးက သူမ၏ အဘိုးလက်ကို လမ်းဆွဲရင်း ငို၏။

" အဘိုး.. ကျွန်မတို့ ဘာလုပ်ကြမလဲ "

အဘိုးအို တံတွေးကို ခက်ခက်ခဲခဲ မြိုချလိုက်ရသည်။

" ဘာဆက်ဖြစ်မလဲ ကြည့်ကြတာပေါ့ကွာ "

ထို့နောက် သူ တစ်ကိုယ်လုံး တုန်နေရင်း လောထျန်းအား ဦးညွှတ်၍ ပြော၏။

" တွေ့ရတာ ဝမ်းသာပါတယ် သခင်ကြီး ။ ကျုပ်ရဲ့ မြေးမလေးနဲ့ ကျုပ် အခွင့်မရှိဘဲ တောင်ပေါ်ကို တက်လာမိတဲ့အတွက် သေသင့်တာ မှန်ပါတယ် ။ ဒါပေမယ့် ကျေးဇူးပြုပြီးတော့ ကျုပ်တို့ကို ခွင့်လွတ်ပေးပါဗျာ "

လောထျန်းမှာ ကြားလိုက်ရသည့် စကားကြောင့် အံ့သြမှင်သက်သွားရှာသည်။

ဘာတွေ ဖြစ်နေပါသလဲ...

သူက ဤနေရာတွင် အဖွဲ့တစ်ခုဖွဲ့ရန် ယနေ့မှ ဆုံးဖြတ်ချက်ချခဲ့ခြင်း ဖြစ်ပါသည်။

ယခု တဖက်လူ၏ လေသံက ထိုကိစ္စအား သိနေပုံ အဘယ့်ကြောင့်ပေါက်နေရပါသနည်း ။

ထို့အပြင် ထိုလူကြီး၏ သူ့အပေါ် ဆက်ဆံပုံမှာလည်း အလွန်ယဥ်ကျေးလွန်းနေပါသည်။

" အဲ... အဲ့လောက်ကြီး ယဥ်ကျေးနေစရာ မလိုပါဘူးဗျာ ။ ကျုပ်က ဒီနေရာကို ဒီနေ့မှ သိမ်းလိုက်တာပါ "

လောထျန်း ပြောကာ ခြောက်ကပ်ကပ် ရယ်လိုက်သည်။

ဒီနေရာကို သိမ်းလိုက်တယ်တဲ့လား ...

အဘိုးအိုမှာ ထိုစကားကြောင့် စိတ်ထဲ ထူးဆန်းသလို ခံစားလိုက်ရပါ၏။ သို့သော် တဖက်လူက သူ့အား အပြစ်တင်လိုဟန် မတူသောကြောင့် စိတ်အေးသွားကာ ထိုကိစ္စကို ခဏမေ့လိုက်သည်။

ထိုစဥ် လောထျန်းက ဆက်ပြော၏။

" ခင်ဗျားတို့နှစ်ယောက်က အဝေးကြီးကနေ လာခဲ့ရတာနဲ့တူတယ်။ လာဗျာ စကားလေးဘာလေး ပြောရအောင် ကျုပ်အိမ်ထဲကို ဝင်ကြပါ "

" ဟုတ်ကဲ့ "

တဖက်လူ နှစ်ယောက်မှာ အချိန်ဆွဲမနေရဲဘဲ လောထျန်းနောက်မှ လိုက်လာကြသည်။

မကြာခင်မှာပင် လောထျန်း၏ ဆောက်ပြီးစ ခြံဝင်းထဲသို့ သူတို့ ရောက်သွားကြကာ နှစ်ယောက်လုံး မှင်သက်သွားကြသည်။

" ဘာ... ဘာတွေ ဖြစ်နေတာလဲ "

မြေးအဖိုးနှစ်ယောက် နားမလည်နိုင်သော မျက်နှာထားများဖြင့် တစ်ယောက်ကိုတစ်ယောက် လှမ်းကြည့်လိုက်ကြသည်။

ဤခြံဝင်းကို မည်သူ ဆောက်ထားပါသနည်း ။

အဘယ့်ကြောင့် ဤမျှ ပုံဆိုးပန်းဆိုး နိုင်နေရပါသနည်း ။

သူတို့ အတွေးလွန်နေခြင်းပေလား...

ချင်းလေးက တစ်ခုခုပြောရန် ပြင်လိုက်စဥ်မှာပင်... သူမ၏ အဘိုးက တစ်ကိုယ်လုံးတုန်သွားကာ နေရာ၌ ကြက်သေသေသွားသည်ကို မြင်လိုက်ရသည်။

" ဟင်... ဘာဖြစ်လို့လဲ အဘိုး "

သူမ နားမလည်စွာ မေးလိုက်၏။

အဘိုးအိုက လောထျန်း၏အိမ်ဝင်းကို ခတ်ထားသော ခြံစည်းရိုးအား ညွှန်ပြရင်း တုန်တုန်ယင်ယင် ပြောသည်။

" အဲ့ဒါ... မဟာ... ဒါလွေ မသေမျိုးသစ်ပင် "

All Chapters