အခန်း (၇၆၉)
Vol. 55 Ch. 769
မသေမျိုးဘုရင် အဘိုးအို သက်ပြင်းချလိုက်၏။
" ဟိုး ရှေးခေတ်ကတည်းက သက်ရှိတွေအတွက် တားမြစ်နယ်မြေ ဆယ်ခုကို ယှဥ်နိုင်တဲ့သူမျိုး ဘယ်သူရှိခဲ့လို့လဲကွာ ။ ထျန်းကျီတောင်ကို နှစ်တွေအများကြီး ဖိနှိပ်နိုင်ခဲ့တဲ့ မသေမျိုးဘုရင်ကြီး ဒါလော ကတောင် တော်တော်ကြောက်စရာ ကောင်းနေပြီ "
သက်လတ်ပိုင်းအရွယ်လူကြီး၏ မျက်နှာထား အနည်းငယ်ပြောင်းသွားသည်။
" ဒါဆို.. ကျုပ်တို့ အခုဘာဆက်လုပ်ကြမလဲ ဘိုးဘေး ။ လူလွှတ်ပြီးတော့ အခြေအနေ သွားကြည့်ခိုင်းလိုက်ရမလား "
မသေမျိုးဘုရင်အဘိုးအိုက သူ့အား မျက်စောင်းဖြင့် ပြန်ကြည့်၏။
" ဘာလို့လွှတ်မှာလဲကွ... သူတို့ကို သွားသေခိုင်းမလို့လား ။ ပြီးတော့.. မင်း အရှုပ်အထွေးနတ်ဘုရားနိုင်ငံ နဲ့ကိစ္စကိုရော ကိုင်တွယ်လို့ ပြီးပြီလား "
အရှုပ်အထွေးနတ်ဘုရားနိုင်ငံ ဆိုသည့်အမည်ကို ကြားသည်နှင့် သက်လတ်ပိုင်းအရွယ်လူကြီး အနည်းငယ် တုန်သွားသည်။ ထို့နောက် သူ ရှက်နေသော မျက်နှာထားဖြင့် ပြော၏။
" ကျုပ်ရဲ့ မျိုးဆက်တွေက အသုံးမကျကြတာမို့.... "
မသေမျိုးဘုရင်အဘိုးအို နှာခေါင်းရှုံ့လိုက်သည်။
" ဒါဆိုရင် အရှုပ်အထွေးနတ်ဘုရားနိုင်ငံ ကိစ္စကိုပဲ အာရုံစိုက်ထား ။ ထျန်းကျီတောင်ကိစ္စက... အဲ့ကောင်ကြီးမှာ ရန်သူတွေ အများကြီးရှိတာဆိုတော့ သူသာ လှုပ်လှုပ်ရှားရှား လုပ်လာရင် တစ်ယောက်ယောက်က သူ့ကို လာဖိနှိပ်မှာပဲ "
" ဟုတ်ကဲ့ ၊ သဘောပေါက်ပါပြီ ဘိုးဘေး "
သက်လတ်ပိုင်းအရွယ်လူကြီး ဦးညွှတ်အရိုအသေပေးပြီးနောက် ခေါင်းမော့ကြည့်လိုက်ရာ မသေမျိုးဘုရင်အဘိုးအို ပြန်ပျောက်ကွယ်သွားခဲ့ပြီကို တွေ့လိုက်ရသည်။
ထိုနေ့တွင် ဒါယွိနိုင်ငံထဲမှ အဖွဲ့များအားလုံးမှာ ထျန်းကျီတောင်မှ လှုပ်ရှားမှုကို ခံစားမိခဲ့ကြပြီး ထင်ရာကို ခန့်မှန်းပြောဆိုနေကြတော့၏။
ထိုစဥ် မိုင်ထောင်ချီ ရှည်လျားသော ထျန်းကျီတောင် တစ်နေရာ၌ ...
ပထမဆုံး ရောက်လာသည့် မသေမျိုးစွမ်းအင်သွေးကြောမှာ တောင်ကြောဆီသို့ ရောက်သည်နှင့် အနည်းငယ် တွန့်ဆုတ်သွားသည်။
၎င်း အသွင်ပြောင်း မသေမျိုးစွမ်းအင်သွေးကြောမှာ ထျန်းကျီတောင်အား အလွန်စိတ်ရှုပ်ထွေးနေသော မျက်လုံးများဖြင့် ခပ်လှမ်းလှမ်းမှ ကြည့်နေ၏။
သူ အမိန့်နာခံကာ ထိုနေရာသို့ သွားလိုက်ချင်သော်လည်း ...
ထျန်းကျီတောင်မှ ထူးဆန်းသော အရောင်အဝါတစ်ခုက သူ့အား ရှေ့ဆက်မတိုးနိုင်အောင် တားထားပါသည်။
ခဏတာမျှ တွန့်ဆုတ်နေပြီး နောက်တွင်မူ... ၎င်းက နောက်ပြန်ဆုတ်ရန်သာ ဆုံးဖြတ်လိုက်၏။
အမှန်တွင်မူ.. သူတစ်ယောက်တည်းတင်မက... ထိုနေရာသို့ ရောက်လာခဲ့ကြသော စိတ်စွမ်းအင်သွေးကြောများနှင့် မသေမျိုးစွမ်းအင်သွေးကြောများ အားလုံးပင် ထျန်းကျီတောင်နား ချဥ်းကပ်လာပြီးသည်နှင့် အားလုံးရပ်ကာ နောက်ပြန်ဆုတ်သွားကြသည်။
ထို စိတ်စွမ်းအင်သွေးကြောများနှင့် မသေမျိုးစွမ်းအင်သွေးကြောများအတွက် ထျန်းကျီတောင်မှာ အန္တရာယ်ဆိုသည့် အဓိပ္ပါယ်ပင် မဟုတ်ပါလား ..
" ဟင် ... "
တဖက်.. ထျန်းကျီတောင်ပေါ် ရှိနေသော လောထျန်း မျက်မှောင်ကြုံ့သွား၏။
ပုံမှန်ဆိုလျှင် ... သူ အချိန်အတန်ကြာ ကျင့်ကြံနေစဥ်အတွင်း အနည်းဆုံး စိတ်စွမ်းအင်သွေးကြော တစ်ခု ၊ နှစ်ခုလောက်ကို ဆွဲခေါ်နိုင်သင့်ပါသည်။
သူသည် စိတ်ဝိဥာဥ်အသွင်ပြောင်းအဆင့်၌ ရှိသေးစဥ်မှာပင် ထိပ်တန်းအဆင့် စိတ်စွမ်းအင်သွေးကြော
ကို ခေါ်ယူနိုင်ခဲ့ပါ၏။
ယခု တုကျဲ့အဆင့်ကို ရောက်ပြီးမှ... ဘာမှ မရခဲ့ဘူးတဲ့လား..
ဘာတွေ ဖြစ်နေပါသလဲ ..
" ထျန်းယွမ်ကမ္ဘာမှာ စိတ်စွမ်းအင်သွေးကြောကို ခေါ်တဲ့နည်းက အပေါ်ကမ္ဘာမှာ အလုပ်မဖြစ်တာများလား "
လောထျန်း ဖြစ်နိုင်ချေတစ်ခုကို တွေးမိလိုက်သည်။
" အဲ့လိုပဲ ဖြစ်ရမယ် "
လောထျန်း တွေးနေရင်း ၎င်းကသာ ဖြစ်နိုင်ချေအရှိဆုံးဟု ထင်သွား၏။
" ဒါက အပေါ်ကမ္ဘာဆိုတော့ ကောင်းကင်နဲ့မြေကြီးရဲ့ စည်းမျဥ်းတွေကလဲ ပြောင်းလဲသွားပြီပဲလေ ။ အဲ့လိုဆိုရင်တော့ ငါ နည်းအသစ်ရှာမှဖြစ်မယ် "
" အင်း... အရင်ဆုံး မသေမျိုးအဆင့် အစီအမံ နည်းနည်းလောက်ကို အရင်လေ့လာလိုက်မယ် ။ ငါတို့ ထျ
န်းယွမ်ကမ္ဘာမှာက မသေမျိုးအဆင့် အစီအမံတွေ အများကြီး သိပ်မရှိဘူး "
" ဟုတ်တယ် ၊ အဲ့လိုပဲ လုပ်လိုက်မယ် "
လောထျန်း ဆုံးဖြတ်ချက်ချကာ စိတ်စွမ်းအင်သွေးကြောကို ခေါ်ယူခြင်းအား ရပ်လိုက်ပြီးနောက်.. သူ့အခန်းသို့ ပြန်၍သာ နားနေလိုက်သည်။
ဤသို့ဖြင့်... နောက်တစ်နေ့မနက်ခင်းတွင် လောထျန်းတစ်ယောက် အသံတစ်သံကြောင့် နိုးလာသည်။
" သခင်ကြီး... ရှိလားဗျ "
ထိုအသံပိုင်ရှင်မှာ ယခင်နေ့က အဘိုးအိုပင် ..
" ကျုပ် အထဲမှာရှိတယ် ၊ လာပြီ "
လောထျန်း အကြောဆန့်၍ တံခါးဖွင့်လိုက်သည်။
အဘိုးအိုမှာကား မြေပြင်တွင် ဒူးတစ်ဖက်ထောက်၍ စောင့်နေပြီး သူ့အား တလေးတစားအကြည့်ဖြင့် ကြည့်နေပါ၏။
ထိုသို့ မလေးစားပဲလဲ မည်သို့ နေနိုင်ပါမည်နည်း ။
ယမန်နေ့က.. လောထျန်းမှာ စိတ်စွမ်းအင်သွေးကြောကို မခေါ်ယူနိုင်ခဲ့ဟုသာ ထင်ပြီး ဘာမှမခံစားမိခဲ့သော်လည်း ...
ထိုအချိန်တွင် အပြင်ကမ္ဘာ၌မူ အရာအားလုံး ရှုပ်ထွေးနေခဲ့ပါသည်။
လောထျန်း၏ လုပ်ရပ်မှာ ကြောက်စရာကောင်းလှသည် မဟုတ်ပါလား ..
အခြားသူများက ထိုလုပ်ရပ်အား မည်သူလုပ်ခဲ့သည်ကို မသိကြသည့်တိုင် အဘိုးအိုမှာ ကောင်းကောင်းကြီး သိပါသည်။
၎င်းမှာ လောထျန်းကလွဲ၍ မည်သူ ရှိပါမည်နည်း ။
လောထျန်း၏ အစွမ်းက သူထင်ထားသည်ထက်ပင် ပိုကြောက်စရာကောင်းနေပါသေးတော့၏။
ထို့ကြောင့်... သူ လောထျန်း၏ အမိန့်ကို မလွန်ဆန်ရဲဘဲ... ယမန်နေ့က ဂိုဏ်းသို့ပြန်ရောက်သည်နှင့်
လူအားလုံးကို စုကာ လောထျန်းသိလိုသော သတင်းများကို စုံစမ်းစေခဲ့သည်။
သူ့လူများထံမှ မကြာခင်မှာပင် သတင်းစုံ ပြန်ရခဲ့ပါ၏။
" သခင်ကြီးမေးတဲ့ မြေပုံ ပါလာပါပြီ ။ ဒီမြေပုံက ကျုပ်တို့ ဒါယွိနိုင်ငံမှာ ရှိသမျှမြေပုံတွေထဲ အပြည့်စုံဆုံးပဲဗျ "
အဘိုးအို ပြောပြီး စာရွက်လိပ်တစ်ခုကို လက်နှစ်ဖက်ဖြင့် တရိုတသေ ပေးလိုက်သည်။
" ဒါယွိနိုင်ငံ ... ဟုတ်လား "
လောထျန်းက စာရွက်လိပ်ကို လှမ်းယူရင်း မေး၏။
အဘိုးအို အံ့သြမှင်သက်သွားကာ လောထျန်း၏ အဘယ့်ကြောင့် ဒါယွိနိုင်ငံအကြောင်း မသိရသည်ကို နားမလည်နိုင် ဖြစ်သွားသည်။
သို့သော် တခဏအကြာမှာပင် သူ အသိပြန်ဝင်လာပါ၏။
" ဟုတ်သားပဲ... ဒီသခင်ကြီးက ဟိုးရှေးခေတ်တည်းက အိပ်နေပြီးတော့ မကြာခင်လေးကမှ ပြန်နိုးလာတာဖြစ်မှာ ။ အဲ့အချိန်တုန်းက ဒါယွိနိုင်ငံ မရှိသေးဘူးနဲ့တူတယ် "
သူ ထိုသို့တွေးပြီး ချက်ချင်းပင် ရှင်းပြလိုက်သည်။
" ဟုတ်ပါတယ် သခင်ကြီး ။ ဒီနေရာက ဒေသကြီးကိုးခုထဲက ချင်းယွမ်ဒေသပါ ။ ဒါယွိနိုင်ငံကတော့ ချင်းယွမ်ဒေသထဲမှာ ရှိတဲ့ နိုင်ငံပေါင်း ၃၀၀ ထဲက တစ်ခုပါဗျ "
" အဲ့လိုလား ... "
လောထျန်း ခေါင်းအသာညိတ်လိုက်၏။ သူ လက်ရှိရောက်နေသည့် နေရာအကြောင်းကိုလဲ နည်းနည်းနားလည်သွားလေပြီ ။
ထို့နောက် သူ မြန်မြန်ပင် မြေပုံကို ဖွင့်ကြည့်လိုက်ရာ ဒါယွိနိုင်ငံအား တွေ့သွားပါသည်။
" ကျုပ် မေးဖို့မေ့သွားလို့ ၊ ခင်ဗျားနာမည် ဘယ်လိုခေါ်လဲ "
လောထျန်း မြေပုံကိုကြည့်နေရင်း မေးလိုက်သည်။
အဘိုးအိုက ခပ်သွက်သွက်ပြန်ဖြေ၏။
" ကျုပ်နာမည်က လီချင်းယွမ် ပါ သခင်ကြီး "
လောထျန်း ခေါင်းညိတ်လိုက်သည်။
" လီချင်းယွမ် ၊ ခင်ဗျား ထျန်းမင်နန်းတော် ဆိုတာကို ကြားဖူးလား "
ထျန်းမင်နန်းတော်သည် ထျန်းမင်ကမ္ဘာ၏ ဘိုးဘေးများက အပေါ်ကမ္ဘာ၌ တည်ထောင်ထားသော အဖွဲ့တစ်ခု ဖြစ်ပါသည်။
လီချင်းယွမ်က ချက်ချင်း ပြန်ဖြေရှာ၏။
" ထျန်းမင်နန်းတော်လား.. ကြားဖူးတာပေါ့ဗျာ ။ သူတို့က ဒီ ချင်းယွမ်ဒေသနဲ့ အဝေးဆုံးမှာရှိတဲ့ တိုင်ယင်ဒေသမှာ ရှိတာ ။ သခင်ကြီး အဲ့ကိုသွားချင်တယ်ဆို နည်းနည်းတော့ခက်မှာဗျ ။ ကျုပ်တို့ ချင်းယွမ်ဒေသထဲမှာ တိုင်ယင်ဒေသကို တိုက်ရိုက် တည်နေရာရွှေ့ပြောင်းနိုင်တဲ့ အစီအမံက နှစ်ခုတည်းပဲ ရှိတာ... "
ထိုသို့ပြောနေရင်း တစ်ခုခု လွဲနေသလို လီချင်းယွမ်
ခံစားလိုက်ရပါသည်။ လောထျန်းက သာမာန်လူတစ်ယောက် မဟုတ်ပေရာ ...
သူ့အတွက် တိုင်ယင်ဒေသမှာ ဝေးကွာလှသော်လည်း လောထျန်းအတွက်မူ ထိုသို့ မဟုတ်နိုင်ပါချေ။
သူ့စကားကို ကြားသောအခါ လောထျန်း မျက်မှောင်ကြုံ့သွားပြီး မြေပုံပေါ်ရှိ တိုင်ယင်ဒေသကို ရှာလိုက်၏။
သေချာ ကြည့်လိုက်ပြီးနောက်တွင်မူ... အကွာအဝေးက အမှန်တကယ်လည်း ဝေးကွာလှကြောင်း သူ တွေ့လိုက်ရသည်။
မြေပုံပေါ်ရှိ အမှတ်အသားများအရ ဆိုလျှင်လည်း ကြားတွင် ဖြတ်သွား၍မရသည့် ဒေသများ များစွာပင် ရှိပါ၏။
" ထားပါလေ... ဒီကောင်တွေ ကံကောင်းသွားတာပေါ့ ။ မင်းတို့ကို ငါ နောက်ထပ်ရက်နည်းနည်းလောက် အသက်ဆက်ရှင်ခွင့် ပေးလိုက်မယ် "
လောထျန်း စိတ်ထဲမှ တွေးလိုက်သည်။
" သခင်ကြီး ... သခင်ကြီးမေးထားတဲ့ ကောင်းကင်ဘုံစင်မြင့် အကြောင်းကို ကျုပ် သိခဲ့ရပါပြီ "
ထိုစဥ် လီချင်းယွမ်က သတိထားပြောလာ၏။
" အိုး.. ဘယ်လိုလုပ်ရလဲဆိုတာ သိခဲ့ပြီလား "
လောထျန်း သူ့ကိုကြည့်ကာ မေးလိုက်သည်။
လီချင်းယွမ် ခေါင်းကို မြန်မြန်ယမ်းပြသည်။
" ကျုပ်က အဲ့လောက် အရည်အချင်းမရှိတာမို့ အဲ့ဒါကို သန့်စင်တဲ့နည်းကိုတော့ မရခဲ့ဘူးဗျ ။ ဒါပေမယ့် အဲ့ဒါကို ဘယ်မှာရှာလို့ရလဲ ဆိုတာကိုတော့ သိခဲ့ပါတယ် "
လောထျန်း မျက်မှောင်အနည်းငယ် ကြုံ့သွားသည်။
" ပြောပါဦး "
လီချင်းယွမ် ခပ်သွက်သွက် ပြန်ဖြေ၏။
" ချင်းယွမ်ဒေသမှာ ... ကောင်းကင်ဘုံစင်မြင့် သန့်စင်နည်းကို ပိုင်တဲ့ အဖွဲ့ကြီး သုံးခုရှိတယ်ဗျ "
" ဘယ်အဖွဲ့တွေလဲ "
လောထျန်း ဆက်မေးလိုက်သည်။
လီချင်းယွမ် ပြော၏။
" ပထမတစ်ခုကတော့ ယဲ့လန်ဂိုဏ်းပဲဗျ ။ အဲ့အဖွဲ့ကို အောက်ကမ္ဘာက တက်လာတဲ့ ဘိုးဘေးတစ်ယောက် ဖွဲ့ထားခဲ့တာ ။ သူတို့အဖွဲ့က လိုင်ယွမ်နိုင်ငံမှာ ရှိတယ် ။ ဒါပေမယ့် သူတို့ဂိုဏ်းက လူမသိ သူမသိဘဲ နေပြီးတော့ အပြင်လူတွေနဲ့လဲ သိပ်ပြီး ပတ်သက်လေ့မရှိဘူး "
" နောက်တစ်ခုကတော့ ယွဲ့ယန်ဂိုဏ်း လို့ခေါ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ လပိုင်းလောက်က သူတို့တွေ အစွမ်းထက်ရန်သူတစ်ယောက်ရဲ့ ကျူးကျော်တာကို ခံရပြီးတော့ ဖျက်ဆီးခံရမလို ဖြစ်သွားခဲ့တယ်ဗျ ။ အသက်ရှင်ကျန်ခဲ့တဲ့ သူတွေအားလုံးလဲ လူမြင်ကွင်းကနေ ပျောက်ပြီး ပုန်းနေကြပြီ "
" တတိယတစ်ခုကတော့ .... "
ထိုသို့ ပြောနေရင်း အဘိုးအို၏ မျက်နှာက အနည်းငယ် စိတ်ရှုပ်သွားဟန် တူပါ၏။
" ဘာဖြစ်လို့လဲ "
လောထျန်း မေးလိုက်သည်။
တဖက်လူက တံတွေးကို ခက်ခက်ခဲခဲမြိုချကာ ကြောက်ကြောက်လန့်လန့် ဆက်ပြောသည်။
" တတိယတစ်ခုကတော့ မသေမျိုးဘုရင် ဒါလော ရဲ့ ဂိုဏ်းဖြစ်တဲ့ ၊ ဒါလော ဓားဂိုဏ်း ပါ "