အခန်း (၇၇၀)
Vol. 55 Ch. 770
လီချင်းယွမ်တစ်ယောက် ထိုစကားကိုပြောရန် ကြောက်နေရခြင်းမှာ... မသေမျိုးဘုရင် ဒါလောနှင့် ထျန်းကျီတောင်တို့က ရန်ဘက်များဖြစ်ကြောင်း သိထားသောကြောင့်ပါပင် ။
ကြားထားသော သတင်းများအရဆိုလျှင် ထျန်းကျီတောင် သခင်ကြီးမှာ မသေမျိုးဘုရင်ဒါလော ၏လက်ချက်ဖြင့် အသတ်ခံရလုနီး ဖြစ်ခဲ့ရသည် ဆိုပါ၏။
ထို့ကြောင့်လည်း သူ သတိကြီးစွာ ထားနေရခြင်းပါပင် ။
သို့သော် မျှော်လင့်မထားစွာပင်.. လောထျန်းက သူ့စကားကို ကြားပြီးသည့်တိုင် ဘာမှထူးခြားပုံ မပြပါချေ။
" အိုး.. ဒါလော ဓားဂိုဏ်း... ဟုတ်လား ၊ မှတ်ထားလိုက်မယ် "
လောထျန်းက အေးဆေးပင် ပြန်ပြောသည်။
" ဒါ... "
လီချင်းယွမ် အနည်းငယ် စိတ်ရှုပ်သွားရပါ၏။
" ကျုပ် ရှာခိုင်းထားတဲ့ ပစ္စည်းနှစ်ခုကရော.. "
ထိုစဥ် လောထျန်းက ထပ်မေးလာသည်။
လီချင်းယွမ်တစ်ယောက် ရှက်နေသည့်မျက်နှာထား ဖြစ်သွားကာ ပြန်ပြော၏။
" ကျုပ် အဲ့ကိစ္စကို စုံစမ်းဖို့ လူလွှတ်ထားပါတယ် သခင်ကြီး ။ ဒါပေမယ့်.. အဲ့ပစ္စည်းနှစ်ခုက အင်မတန်ရှားတာမို့ အချိန်တော့ နည်းနည်းယူရပါလိမ့်မယ် "
ထိုစကားကို ကြားသောအခါ လောထျန်း သက်ပြင်းချလိုက်သည်။
" ကောင်းပါပြီ ၊ အဲ့ကိစ္စကို မြန်နိုင်သမျှမြန်မြန် ပြီးအောင်လုပ်ပေးပါ "
အမှန်တွင်မူ ထိုသတင်းအား ဤမျှမြန်မြန်ကြီး မရနိုင်ဟု သူ ခန့်မှန်းမိပြီးသားဖြစ်ရာ စိတ်ကိုလည်း
ပြင်ဆင်ထားပြီး ဖြစ်ပါသည် ။
" ဟုတ်ကဲ့ပါ သခင်ကြီး ၊ ကျုပ် အကောင်းဆုံးကြိုးစားပါ့မယ် "
လောထျန်း သက်ပြင်းချသည်ကို မြင်လိုက်ရသော လီချင်းယွမ်မှာ သေမတတ်ပင် ကြောက်ရွံ့သွားတော့၏။
လောထျန်း စိတ်မကျေနပ်လျှင် သူ့အသက်ကို ရန်ရှာနိုင်သည် မဟုတ်ပါလား ...
လက်ရှိတွင်မူ လောထျန်းက သူ့အား ထွက်ခွာခွင့်ပြုထားပုံ ပေါ်သဖြင့် သူ ချက်ချင်းပင် နောက်လှည့်ထွက်ရန် ပြင်လိုက်သည်။
သို့သော် ထိုစဥ်တွင်..
" ခဏနေပါဦး "
" ဟင်... "
လီချင်းယွမ် တစ်ကိုယ်လုံး တုန်သွားပြီး နောက်သို့ ကြောက်ကြောက်လန့်လန့် ပြန်လှည့်၍ ဦးညွှတ်ပြီး
သာ စောင့်နေလိုက်၏။
" အစီအမံပညာရပ်တွေကို ဘယ်မှာဝယ်လို့ရလဲ ခင်ဗျားသိလား "
လောထျန်း မေးလာသည် ။
သူ အပေါ်ကမ္ဘာမှ မသေမျိုးအစီအမံများအကြောင်းကို လေ့လာလိုပါ၏။
လီချင်းယွမ် တုန့်ဆိုင်းမနေဘဲ ချက်ချင်းပြန်ဖြေသည်။
" သခင်ကြီးလိုချင်တာကို ကျုပ် ဝယ်ပေးပါ့မယ် "
လောထျန်း လက်ကာပြ၍ ပြော၏။
" မလိုပါဘူးဗျာ ၊ ကျုပ်ကို သတင်းရှာပေးရင်ပဲ ရပါပြီ "
လီချင်းယွမ် မြန်မြန်ပင် ခေါင်းပြန်ငုံ့သွားသည်။
" ဟုတ်ကဲ့ ၊ သဘောပေါက်ပါပြီ သခင်ကြီး "
ထို့နောက် သူ မြေပုံတစ်နေရာသို့ လက်ညိုးညွှန်၍ ဆက်ပြော၏။
" အစီအမံပုံကြမ်းတွေ ဝယ်ချင်ရင် ဒီ ဟန်ယန်မြို့ကို သွားလို့ရပါတယ် သခင်ကြီး "
လောထျန်း မှတ်လိုက်ပြီးနောက် ခေါင်းညိတ်၍ ဆိုသည်။
" ကောင်းပါပြီ ။ ခင်ဗျား အခုသွားချင်ရင် သွားလို့ရပြီနော် ။ သတင်းတစ်ခုခု ထူးတာနဲ့ ကျုပ်ကို အချိန်မရွေး ဆက်သွယ်လိုက်ပါ "
လောထျန်း ပြောကာ ဆက်သွယ်ရေးအဆောင်တစ်ခု ပစ်ပေးလိုက်၏။
" ကျေးဇူးတင်ပါတယ် သခင်ကြီး "
လီချင်းယွမ် တုန်လှုပ်သွားရပြန်တော့သည်။
လောထျန်းလို အဆင့်မျိုးရှိသည့် သက်ရှိတစ်ယောက်က သူ့အား ဆက်သွယ်ရေးအဆောင်ကို ယခုလို ပေးလာမည်ဟု လုံးဝထင်မထားခဲ့ပါချေ။
ဤသို့ဖြင့် လီချင်းယွမ် ထွက်ခွာသွားပြီးနောက်တွင် လောထျန်း မြေပုံကို ထပ်ကြည့်လိုက်၏။
" ဟန်ယန်မြို့က... ဒီကနေ မိုင် သုံးသောင်း ဆိုတော့.. အဲ့လောက်မဝေးဘူးပဲ "
သူ ပြောပြီး မြေပုံကိုပြန်သိမ်းကာ နေရာမှ ပျောက်ကွယ်သွားသည်။
နာရီဝက်ကြာပြီးနောက်... ဟန်ယန်မြို့ရှေ့တွင်...
" ချီး ... လမ်းပျောက်နေတာနဲ့ အချိန်တွေ ကုန်သွားတယ်ကွာ "
လောထျန်း မျက်နှာကြီး မဲ့နေပြီးနောက် ဟန်ယန်မြို့ထဲသို့ တည်နေရာရွှေ့ပြောင်းသွား၏။
သူ့အတွက် အပေါ်ကမ္ဘာမှ မြို့တစ်မြို့သို့ ရောက်ဖူးသည်မှာ ယခုက ပထမဆုံး ဖြစ်ပါသည်။ သို့သော် မြို့ထဲရောက်ပြီးချိန်တွင်မူ ဤနေရာက ထျန်းယွမ်ကမ္ဘာနှင့် မကွာလှကြောင်း သိလိုက်ရပါ၏။
တစ်ခုတည်းသော ကွာခြားချက်မှာ မြို့ထဲရှိ ဖြတ်သွားဖြတ်လာများက ထျန်းယွမ်ကမ္ဘာထက် များစွာ ပိုအစွမ်းထက်ခြင်းပါပင် ။
လမ်းတစ်ခုတည်းတွင်ပင် ကမ္ဘာပေါ်မှမသေမျိုး
ခြောက်ယောက်ကို လောထျန်း မြင်ခဲ့ရပါသည်။
လောထျန်း ခေါင်းညိတ်ပြီး ဘေးမှ ဖြတ်သွားဖြတ်လာတစ်ယောက်ကို မေးလိုက်၏။
" တစ်ဆိတ်လောက်ဗျာ... ကျုပ် မသေမျိုး အစီအမံပုံကြမ်းတွေ ဝယ်ချင်လို့ ။ အဲ့ဒါ ဘယ်ကို သွားရမလဲဗျ "
တဖက်လူမှာ သူ့စကားကြောင့် အံ့သြသွားဟန်ဖြင့် လောထျန်းအား ခေါင်းစခြေဆုံး သေချာကြည့်လိုက်ပြီးမှ ပြန်ပြောသည်။
" မသေမျိုး အစီအမံပုံကြမ်းတွေ ဝယ်ချင်လို့.. ဟုတ်လား ။ အဲ့လိုဟာမျိုးတွေကို တန်ဖိုးမထားတဲ့သူ ဘယ်သူရှိမှာလဲကွ ။ သူတို့က အဲ့လိုမျိုးကို ဘယ်လိုလုပ်ရောင်းမှာလဲ "
သို့သော် ထိုသို့ပြောပြီး တခဏအကြာတွင် ထိုလူ စကားဆက်ပါသည်။
" တကယ်လို့.. မင်း မသေမျိုး အစီအမံတွေကို သင်ယူချင်တယ် ဆိုရင်တော့ ၊ တိုင်လင်စင်မြင့် အစီအမံစမ်းသပ်ပွဲကို ဝင်ပြိုင်လို့ရတယ် ။ အဲ့စမ်းသပ်ပွဲကို အောင်မြင်ရင်တော့ မင်း သူတို့ရဲ့
အစီအမံပုံကြမ်းစာအုပ်ကို ဖတ်ခွင့်ရမှာ "
လောထျန်း ဦးညွှတ်၍ ပြန်ပြောလိုက်သည် ။.
" တိုင်လင်စင်မြင့်.. ဟုတ်လား ၊ ကျေးဇူးအများကြီး တင်ပါတယ် "
ထို့နောက် သူ နောက်လှည့်ထွက်သွား၏။
တဖက်လူမှာကား ထွက်ခွာသွားသော လောထျန်း၏နောက်ကျောကို ကြည့်ရင်း မှင်သက်လျက် ...
" ဟား ဟား .... မောက်မာတဲ့ ကောင်လေးပါလားကွာ ။ အစီအမံပညာရှင် တစ်ယောက်အတွက်တောင် အဲ့စမ်းသပ်ပွဲကို အောင်ဖို့ တစ်လကျော်လောက် အချိန်ယူရတာ ။ ထားပါလေ.. သူ့ဟာသူ ရှိပါစေ "
ထိုလူ ပြောကာ သူသွားစရာရှိသည်ကိုသာ ဆက်သွားလိုက်သည်။
တဖက်မှ လောထျန်းမှာလည်း တိုင်လင်စင်မြင့်ရှေ့သို့ ခပ်မြန်မြန်ပင် ရောက်သွားပါ၏။
သူ အဆောက်အဦးထဲ ဝင်လိုက်သည်နှင့် အမျိုးသမီးတစ်ယောက်က အပြုံးဖြင့် ဆီးကြို၍ပြောသည်။
" သခင်လေး ၊ ဘယ်လို အစီအမံပုံကြမ်းတွေများ ဝယ်ချင်ပါသလဲရှင် ။ ဒါမှမဟုတ်.. ဘယ်လိုအစီအမံမျိုး လုပ်ချင်ပါသလဲ ။ ကျွန်မတို့ တိုင်လင်စင်မြင့်က ထုတ်တဲ့ အစီအမံပုံကြမ်းတွေနဲ့ အစီအမံတွေက ဒီနယ်ပယ်ထဲမှာ အစွမ်းအထက်ဆုံးနဲ့ စျေးလဲအသင့်ဆုံးပါရှင် "
တဖက်လူ၏ စျေးသည်အပြုံးတုကို ကြည့်ရင်း လောထျန်း အနည်းငယ်ပင် စိတ်မသက်မသာ ဖြစ်သွားရ၏။
" အင်း.. ကျုပ်က ဒီကို အစီအမံဝယ်ဖို့ လာခဲ့တာမဟုတ်ဘူး ။ ခင်ဗျားတို့ရဲ့ တိုင်လင်စင်မြင့် အစီအမံစမ်းသပ်ပွဲကို ဝင်ပြိုင်ဖို့ လာခဲ့တာပါ "
လောထျန်း ပြောလိုက်သည်။
" အင်... "
သူ့စကားကို ကြားသည်နှင့် အမျိုးသမီး၏ မျက်နှာထက်မှ အပြုံးတု ချက်ချင်းပျောက်ကွယ်သွားကာ
ထိုအစား... စိတ်မရှည်သည့် မျက်နှာထားက နေရာယူလာသည်။
သူမ ခေါင်းယမ်း၍ ဘေးတွင်ရှိသော ကောင်တာပေါ်မှ ပုလဲလုံးတစ်ခုကိုယူကာ လောထျန်းဆီ ပစ်ပေးလိုက်သည်။
" သုံးရက်အတွင်း ဒီပုလဲလုံးထဲကို စိတ်ဝိဥာဥ်အစွမ်းတွေ ဖြည့်လိုက်ပါ ။ တကယ်လို့ ပြည့်အောင်မဖြည့်နိုင်ခဲ့ရင်တော့ နောက်တစ်နှစ်အတွင်း စမ်းသပ်ပွဲကို ဝင်ပြိုင်ခွင့်မရှိဘူး "
လောထျန်း အံ့အားသင့်သွားပုံ ပေါ်သည်။
" အဲ့လောက်ရိုးရှင်းတာလား "
သူ့စကားကို ကြားသည်နှင့် အမျိုးသမီး၏ မျက်နှာထက်တွင် လှောင်ပြုံးတစ်ခု ရုတ်ချည်းပေါ်လာ၏။
" ရိုးရှင်းတယ်.. ဟုတ်လား ၊ ကောင်လေး.. နင် ဘာမှလဲ မသိပါလား ။ ငါ နင့်ကို ရှင်းပြမယ် ။ အဲ့ပုလဲလုံးက စိတ်ဝိဥာဥ်အစွမ်းတွေကို စုဆောင်းတဲ့ အရာတစ်ခုပဲ ။ အစီအမံနဲ့ စိတ်ဝိဥာဥ်အစွမ်းပညာရပ်မှာ ပါရမီမပါတဲ့သူတွေ ဆိုရင် အဲ့ပုလဲလုံးကိုဖြည့်ဖို့ အချိန်တစ်လလောက် ယူကြရတယ် "
" ပါရမီ နည်းနည်းပါတဲ့ သူတွေကတော့ ဆယ်ရက်လောက်ပေါ့။ ဒါကိုမှ ငါးရက်အတွင်း အပြည့်ဖြည့်နိုင်တဲ့သူ ဆိုရင် စိတ်ဝိဥာဥ်ပါရမီရှင်လို့ သတ်မှတ်လို့ရပြီ ။ ကဲ.. အခု ရိုးရှင်းတယ်လို့ ထင်သေးလား.. "
သူမ ပြောကာ လောထျန်းအား မကျေမနပ် မျက်နှာထားဖြင့် ကြည့်လိုက်သည်။
သို့သော် တဖက်မှ လောထျန်းက ပုလဲလုံးကိုယူကာ လက်ဖြင့် အသာညှစ်လိုက်ပြီးနောက်.. အမျိုးသမီးဆီ ပြန်ပေးလာပါ၏။
" ရော့.. ရပြီ "
" အိုး.. ခဏလေးနဲ့ လက်လျှော့လိုက်ပြီလား ။နင်က ကိုယ့်အကြောင်းကိုယ်တော့ သိသားပဲ "
အမျိုးသမီး ရယ်လိုက်သည်။
သို့သော် လောထျန်း ပြောလာပါ၏။
" ဘယ်သူက လက်လျှော့တယ် ပြောလို့လဲ "
အမျိုးသမီး အံ့အားသင့်သွားကာ ပြန်မေးလိုက်သည်။
" ဒါဆို ဘာဖြစ်လို့ ငါ့ကို ပြန်ပေးနေတာလဲ "
လောထျန်းက ပုလဲလုံးကို လက်ညိုးညွှန်ပြကာ ပြန်ပြော၏။.
" ကျုပ် ဖြည့်လို့ပြီးသွားပြီလေ "
" ဟင်... "
အမျိုးသမီး နားမလည်နိုင် ဖြစ်သွားရတော့သည်။
သူမ၏ မျက်နှာပေါ်တွင် ဒေါသငွေ့များလည်း ရုတ်ချည်း ပေါ်လာ၏။
" ဖြည့်ပြီးသွားပြီ.. ဟုတ်လား ၊ နောက်နေတာလားဟဲ့ ။ ဒီလောက်အချိန်တိုလေးနဲ့ .... ဟင်... တကယ်ကြီး ဖြည့်ပြီးသွားတာပဲ
အမျိုးသမီးမှာ စစချင်းတွင် လောထျန်းအား ပြောဆိုရန် ပြင်လိုက်သော်လည်း ပုလဲလုံးကို သေချာမြင်လိုက်ရပြီးနောက်... လုံးဝ အံ့သြမှင်သက်သွားတော့သည်။
ထိုစဥ်တွင် ပုလဲလုံးမှ စိတ်ဝိဥာဥ်အလင်းတန်းတစ်ခု လင်းလက်နေပါ၏။
၎င်းမှာ အထဲ၌ စိတ်ဝိဥာဥ်အစွမ်းများ ပြည့်သွားပြီဆိုသည့် လက္ခဏာပါပင် ။
ဤမျှ မကသေးပါ...
စိတ်ဝိဥာဥ်အစွမ်း၏ အရောင်ကို ကြည့်ခြင်းဖြင့်လည်း ... ၎င်းစိတ်ဝိဥာဥ်အစွမ်း သိပ်သည်းမှုက ကြောက်မက်ဖွယ် ကောင်းလောက်အောင် အားကောင်းလှကြောင်း သိသာပါ၏။
သူမ တိုင်လင်စင်မြင့်သို့ စရောက်သည့် အချိန်မှစ၍ ဤမျှ သန့်စင်သော စိတ်ဝိဥာဥ်အစွမ်းကို မတွေ့ခဲ့ဖူးပါ ။
" ကျုပ် အောင်သွားပြီလား "
လောထျန်း မေးလိုက်သည်။
အမျိုးသမီးက အသက်ပြင်းပြင်းရှိုက်ကာ သူမကိုယ်သူမ တည်ငြိမ်အောင် ပြန်လုပ်လိုက်ပြီးမှ
လည်ချောင်းရှင်း၍ ပြောသည်။
" အဟင်း.. ကျွန်မ ခုနတုန်းက စကားပြောတာ နည်းနည်းကျယ်သွားတယ် ။ ဟို... သခင်လေး ထပ်လုပ်ပေးလို့ရမလား ၊ ကျွန်မ သေချာမမြင်လိုက်လို့ပါ "
သူမ ပြောပြီး ပုလဲလုံးအသစ် တစ်လုံးကို လက်နှစ်ဖက်ဖြင့် သေချာကိုင်၍ လောထျန်းဆီသို့ တရိုတသေ လှမ်းပေးလိုက်သည်။
" ကောင်းပါပြီ "
ေလာထျန်းမှာလည်း သူမနှင့် ပြိုင်ငြင်းရန် ပျင်းလွန်းနေသဖြင့် မည်သို့မှ ပြောမနေဘဲ သူမလက်ထဲသို့သာ လက်ညိုးညွှန်လိုက်၏။
ဝုန်း..
ထိုတခဏ၌ ပုလဲလုံးဆီမှ တောက်ပသော စိတ်ဝိဥာဥ် အလင်းတန်းများ ရုတ်ချည်း ထွက်လာပြန်သည်။
" ဒါ... "
အမျိုးသမီးမှာ ထိုမြင်ကွင်းကိုကြည့်ပြီး လွန်စွာ တုန်လှုပ်သွားရပြန်တော့သည်။
ဤတစ်ကြိမ်တွင်မူ ..ဖြစ်စဥ် အစအဆုံးကို သူမကိုယ်တိုင် မြင်ခဲ့ရခြင်းဖြစ်ရာ လှည့်စားရန် လုံးဝ မဖြစ်နိုင်ပါချေ။
လောထျန်းက ပုလဲလုံးအား လက်ညိုးဖြင့်ညွှန်ပြီး စိတ်ဝိဥာဥ်အစွမ်းများ ဖြည့်ခဲ့သည်မှာ အမှန်ပင် ။
ထိုသူက ဘယ်လိုပါရမီရှင်မျိုးပါလဲ ...
" ကျုပ် အောင်သွားပြီလား "
လောထျန်း သူမကိုကြည့်ကာ ထပ်မေးလိုက်သည်။
အမျိုးသမီး တံတွေးကို ခက်ခက်ခဲခဲမြိုချကာ ပြန်ပြောလိုက်ရ၏။
" ကျေးဇူးပြုပြီး ဒီမှာ ခဏထိုင်စောင့်ပါရှင် ။ ကျွန်မ ခဏနေ ပြန်လာခဲ့ပါမယ် ။ ဘယ်မှ မသွားဘဲ စောင့်နေပါနော် ။ သေချာ စောင့်နေနော် "
သူမပြောပြီး တိုင်လင်စင်မြင့် အနောက်ဘက်သို့ ပြေးသွားလိုက်သည်။ ထိုသို့ ပြေးနေရင်းလဲ အော်သွားသေး၏။
" အဘိုးကြီးတွေ ... အသက်ရှင်နေသေးတဲ့သူတွေ... ထွက်လာကြဦး "
စာစဉ်ပြီး၏