← Chapters

အရှုပ်အထွေး လမ်းစဥ်

Vol. 55 Ch. 759

အရှုပ်အထွေး လမ်းစဥ်

Vol. 55 Ch. 759

အချိန်စီးကြောင်းကို ခံစားမိသော ပြန်လည်မွေးဖွားခြင်း အမှတ်အသားပိုင်ရှင်က လက်ချောင်းရိုးအရိပ်က တုန်လှုပ်စွာပြောလိုက်သည်။

" ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... မင်းက အချိန်လမ်းစဥ်ကိုလဲ မကျင့်ကြံထားပဲနဲ့ ဘယ်လိုလုပ်ပြီး အနာဂါတ်ကနေ လှုပ်ရှားနိုင်နေတာလဲ "

ပြန်လည်မွေးဖွားခြင်း အမှတ်အသားပိုင်ရှင်က တအံ့တသြ ပြောလိုက်သည်။

လက်ချောင်းရိုးအရိပ်က အပြုံးဖြင့် ပြန်ပြော၏။

" ငါက အချိန်လမ်းစဥ်ကို မကျင့်ကြံထားဘူး ဆိုပေမယ့် နောက်ပြန်လည်ခြင်း လမ်းစဥ်ကိုတော့ ကျင့်ကြံထားတယ်လေ ။ စကြဝဠာမှာရှိတဲ့ အရာအားလုံးက နောက်ပြန်လှည့်လို့ရတယ်.. အချိန်ကလဲ အဲ့ထဲမှာ အပါအဝင်ပဲ "

သူ ပြောပြီး အချိန်မြစ်ရှည်ကြီး၏ အနာဂါတ်ဘက်သို့ လှမ်းကြည့်ကာ ပြုံးလိုက်သည်။

" ငါက တကယ်လဲ မဟာတာအိုအစွမ်းကို ရသွားတာပဲ ။ အကွာအဝေးကိုကြည့်ရတာ ... ငါ ထင်ထားတာထက်တောင် စောတဲ့ပုံပဲ "

" အရူးကောင်... "

ပြန်လည်မွေးဖွားခြင်း အမှတ်အသားပိုင်ရှင် အံကြိတ်၍ ပြောလိုက်၏။

ထိုစဥ်တွင် ခပ်လှမ်းလှမ်းမှ လူသတ်အရိပ်အငွေ့များဖြင့် လွှမ်းခြုံနေသော လောထျန်းမှာလည်း အချိန်မြစ်ရှည်၏ အစွမ်းကို အာရုံခံမိကာ တိုက်ခိုက်ရန် အသင့်ပြင်လိုက်သည်။

သို့သော် ထိုစဥ် လက်ချောင်းအရိပ်က ပြောလာ၏။

" လောထျန်း ၊ ငါ မင်းကို သတိတော့ပေးလိုက်မယ်နော် ။ ဒီ အချိန်မြစ်ရှည်က အတိတ်ကိုပြန်သွားပြီး တိုက်ခိုက်ရင်.. အစွမ်းကို တိုက်စားနိုင်တယ်ဆိုပေမယ့် ... တကယ်လို့ အဲ့တိုက်ခိုက်မှုသာ ထျန်းယွမ်ကမ္ဘာကို ရောက်လာရင် ကမ္ဘာကြီးကို အပိုင်းပိုင်းကွဲသွားအောင် လုပ်နိုင်တယ်ကွ "

" တနည်းပြောရရင်တော့... မင်း ကြောက်ပြီးသာ

ပုန်းလိုက်ရင် ထျန်းယွမ်ကမ္ဘာ ဖျက်ဆီးခံရလိမ့်မယ် "

သူ့စကားကြောင့် လောထျန်း အနည်းငယ် အံ့အားသင့်သွားရသည်။

ပြန်လည်မွေးဖွားခြင်း အမှတ်အသားပိုင်ရှင်က နှုတ်ခမ်းမဲ့၍ ပြော၏။

" ရွံစရာကောင်းလိုက်တဲ့ ကောင်ကွာ "

လက်ချောင်းရိုးအရိပ်က အော်ရယ်သည်။

" ငါ ဘာမှားလို့လဲကွ ။ ငါ သူ့ကို ရွေးချယ်ဖို့ အခွင့်အရေး ပေးတယ်လေ "

ပြန်လည်မွေးဖွားခြင်း အမှတ်အသားပိုင်ရှင်မှာ ဘာပြောရမည်ပင် မသိတော့ရှာတော့ပါ ။

ထိုအချိန်မှာပင် အချိန်မြစ်ရှည်ကို ဖြတ်သန်းလာသော အစွမ်းက ရောက်လာခဲ့ပါ၏။

ဝုန်း..

ထိုအစွမ်း ကျမလာခင်မှာပင်.. ကြောက်မက်ဖွယ် ဖိအားကြီးကြောင့် လျှို့ဝှက်ဒေသ တစ်ခုလုံး ပြိုကွဲသွားရတော့သည်။

ဟင်းလင်းပြင် တုန်ခါမှုများလည်း ပိုဆိုးလာကာ ကမ္ဘာငယ်၏ အကန့်အသတ်ဘောင်များလည်း ပြိုကွဲသွား၏။

ပြန်လည်မွေးဖွားခြင်း အမှတ်အသားပိုင်ရှင် နှာခေါင်းရှုံ့လိုက်ပြီး မဟာတာအို ထွင်းစာများဖြင့် သူ့ကိုယ်သူ ကာကွယ်လိုက်ရသည်။ ထို့နောက် သူ ဟင်းလင်းပြင်ထဲတွင် မလှုပ်မယှက်ရပ်၍ ရောက်လာသော အစွမ်းအား စိုက်ကြည့်နေလိုက်၏။

" ဒါ.. တကယ်လဲ မဟာတာအိုအစွမ်းပဲ ။ အချိန်မြစ်ရှည်ကြောင့် အစွမ်းရဲ့ ၉ဝ % လောက်က တိုက်စားခံထားရတာတောင် ကြောက်စရာကောင်းနေတုန်းပဲ ။ ငါ့ရဲ့ ခန္ဓာကိုယ်အစစ်က ဒီရောက်နေရင်တောင် အဲ့အစွမ်းကို တားနိုင်မယ်မထင်ဘူး ။ တကယ်လို့ လောထျန်းသာ အဲ့ဒါကို တားဖို့ကြိုးစားရင် သေသွားရမှာ သေချာတယ် "

သူ့စိတ်ထဲမှ ပြောလိုက်သည်။

ထိုအချိန်မှာပင် ...

အစွမ်းက အသံကျယ်တစ်သံပေး၍ လောထျန်းအား တိုက်ခိုက်လာ၏။

" သူက တကယ်ကြီး တားမှာလား "

ပြန်လည်မွေးဖွားခြင်း အမှတ်အသားပိုင်ရှင် တုန်လှုပ်စွာ ရေရွတ်လိုက်သည်။

ဝုန်း ....

ကြောက်မက်ဖွယ်အစွမ်းကြီး လောထျန်းဆီသို့ တိုးဝင်သွားသည်။

ဤမျှမကသေးဘဲ... ၎င်းအစွမ်းက အဆက်မပြတ် ပေါက်ကွဲထွက်နေပြီး လျှို့ဝှက်ဒေသအား ပြိုကွဲပစ်အောင် လုပ်နေပါ၏။

ထိုသို့ ပြိုကွဲသွားသည့်အတွက် ထျန်းယွမ်ကမ္ဘာ၏ အဆုံးအစမဲ့ကောင်းကင်မြို့တော်က အားလုံးမြင်ကွင်းထဲ ပေါ်လာသည်။

သို့သော် ထိုစဥ်မှာပင်...

ဘုန်း ...

ကြောက်မက်ဖွယ် အစွမ်းကြီးက လောထျန်းဆီ ရောက်သွားကာ ... အဆုံးအစမဲ့ကောင်းကင်မြို့တော် တစ်ခုလုံး ပြောင်ရှင်းသွားတော့သည်။

အချိန်အတန်ကြာသွားပြီးမှ ဖုန်မှုန့်လုံးကြီးများ ပြန်ငြိမ်ကျသွားပါ၏။

ယခင် အဆုံးအစမဲ့ကောင်းကင်မြို့တော်၏ အပျက်အစီးများလည်း မရှိတော့ပါချေ။

ထိုအစား... မိုင်ထောင်ချီ အရွယ်အစားရှိသော ဧရာမ တွင်းကြီးတစ်ခုသာ နေရာယူနေတော့သည်။

မိုင်ထောင်ချီ အကွာအဝေးအတွင်းရှိ လေထုမှာလည်း ရှုပ်ထွေးနေပြီး ကောင်းကင်နှင့်မြေကြီး စည်းမျဥ်းများသည်ပင် ပျက်စီးနေပါတော့၏။

" ဒီကောင်လေးက သူ့အသက်နဲ့ ထျန်းယွမ်ကမ္ဘာကို

လဲခဲ့တာလား "

ထိုမြင်ကွင်းကို ကြည့်နေသော ပြန်လည်မွေးဖွားခြင်း အမှတ်အသားပိုင်ရှင် တအံ့တသြ ရေရွတ်လိုက်သည်။

သို့သော်... တဖက်မှ လက်ချောင်းရိုးအရိပ်က အပြုံးဖြင့် ပြောလာပါ၏။

" မဟုတ်ဘူးကွ "

" ဟင်.. မင်း ဘာကိုဆိုလိုတာလဲ "

ပြန်လည်မွေးဖွားခြင်း အမှတ်အသားပိုင်ရှင် မျက်မှောင်ကြုံ့သွားကာ မေးလိုက်သည်။

" တကယ်တော့... ခုနကတုန်းက သူ့ရဲ့ စဥ်းစားဆင်ခြင်နိုင်စွမ်းတွေ အားလုံး ဆုံးရှုံးသွားခဲ့တာ "

လက်ချောင်းရိုးအရိပ် ပြောသည်။

တဖက်မှ ပြန်လည်မွေးဖွားခြင်း အမှတ်အသားပိုင်ရှင်က သူ့စကားကို လက်ခံဟန်မတူသည့်အတွက် သူ ဆက်ရှင်းပြ၏။

" ဘာလို့လဲဆိုတော့... စစချင်းထဲက ငါ နှစ်ခုကို ကြိုတွေးပြီး ပြင်ဆင်ထားခဲ့ပြီးသား ။ ငါက အနဂါတ်က

အစွမ်းကို ခဏငှားပြီး သုံးချင်ရုံတင် မကဘူး ၊ လောထျန်းရဲ့ စိတ်ကို ဖျက်ဆီးပစ်ဖို့လဲ လျှို့ဝှက်စီစဥ်နေခဲ့တာကွ "

" ဒါပေမယ့် အဲ့ကောင်ရဲ့ စိတ်ဝိဥာဥ်အစွမ်းက မယုံနိုင်စရာကောင်းလောက်အောင်ကို အစွမ်းထက်တယ် ။ ဒါ့ကြောင့်မို့ ငါ ရှုံးတော့မလိုတောင် ဖြစ်ခဲ့ရတာ ။ ဒါပေမယ့် ဟို နတ်ဆိုးအရူးကောင်က သူ့ကို ဒေါသထွက်အောင် လုပ်လိုက်တော့ ငါ့အတွက် အခွင့်ကောင်းလေးနည်းနည်း ရသွားတာပေါ့ကွာ ။ အဲ့တော့ ငါက အခွင့်ကောင်းကို အမိအရ အသုံးချပြီး လောထျန်းရဲ့ လူသတ်အရိပ်အငွေ့တွေ ဟို အရူးနတ်ဆိုးကောင်ကို သတ်တာကို ဒီတိုင်းကြည့်နေခဲ့တာ "

သူ့စကားဆုံးအောင် နားထောင်ပြီးချိန်တွင်မူ ... ပြန်လည်မွေးဖွားခြင်း အမှတ်အသားပိုင်ရှင် ပါးစပ်အဟောင်းသားဖြစ်ကာ နောက်သို့ ခြေလှမ်းများစွာ ဆုတ်သွားမိလိုက်သည်။

" မင်း... မင်းက ဒီလောက်အများကြီးကို တိတ်တိတ်လေး စီစဥ်ထားနိုင်ခဲ့တာလား ။ မင်း ငါ့ကိုရော ဘာ

တွေကြံစည်ထားသေးလဲ "

သူ တုန်လှုပ်စွာ မေးလိုက်၏။

" ခန့်မှန်းကြည့်လေ "

လက်ချောင်းရိုးအရိပ်က အပြုံးဖြင့် ပြန်ပြောသည်။

ပြန်လည်မွေးဖွားခြင်း အမှတ်အသားပိုင်ရှင်က သူ့ကိုယ်သူ ပြန်လည်မွေးဖွားခြင်း အစွမ်းများဖြင့် ချက်ချင်းကာကွယ်လိုက်ပြီးနောက် သူ့ကိုယ်ကို သေချာစစ်ဆေးကြည့်လိုက်၏။

ကံကောင်းစွာပင် တခဏကြာ စစ်ဆေးပြီးသည်အထိ ပုံမှန်မဟုတ်သော ဘာကိုမှ သူ သတိမထားမိပါချေ။

ထိုစဥ်မှာပင် လက်ချောင်းရိုးအရိပ်က အပြုံးဖြင့် ပြောလာသည်။

" စိတ်မပူပါနဲ့ကွာ ... ငါက အခု အဲ့လောက်အစွမ်းမထက်သေးပါဘူး ။ တစ်ချိန်တည်းမှာ မင်းတို့အားလုံးကို အကွက်မချနိုင်သေးဘူးကွ "

ထို့နောက် အောက်ဘက်ရှိ တွင်းနက်ကြီးအား သူ

မျက်မှောင်ကြုံ့ ကြည့်လိုက်၏။

" ဒါယွမ်ကျောက်ပြား... မင်းက လောထျန်းလို ကောင်းကင်ဘုံကို အာခံနိုင်တဲ့ ကောင်တစ်ကောင်ကို ဖန်တီးနိုင်တာပဲ ။ ငါ ထင်ထားတဲ့အတိုင်းပဲ... ။ ဒါပေမယ့် သနားစရာကောင်းတာက အခု အားလုံး မရှိတော့ဘူး ။ လောထျန်းက သေသွားပြီဆိုတော့ ငါက မင်းရဲ့ သခင်အသစ် ဖြစ်လာတော့မှာ "

သူ့ခေါင်းထဲတွင်မူ လောထျန်း၏ အစွမ်းများအားလုံးက ဒါယွမ်ကျောက်ပြားကြောင့်ဟုသာ ယုံထားပါသည်။

သူ ပြောပြီး ရှေ့သို့ ခြေတစ်လှမ်းတိုး၍ တွင်းနက်အလယ်မှ ဒါယွမ်ကျောက်ပြားကို ဆွဲထုတ်ရန် ပြင်လိုက်သည်။

သို့သော် ထိုစဥ်တွင်...

ဝုန်း ...

​တွင်းနက်ထဲမှ ကြောက်မက်ဖွယ် ဖိအားကြီးတစ်ခု ရုတ်တရက် ပေါက်ထွက်လာပါ၏။

" ဟင်... "

လက်ချောင်းရိုးအရိပ် ခဏတာမျှ အံ့သြမှင်သက်သွားရသည်။

ထိုဖိအားက ဘာပါနည်း ။

ထိုစဥ်မှာပင် ...

" ကောငင်းကင်ဘုံလက်သီး ပထမအကွက် ၊ နဂါးလက်သီး "

မြေအောက်ဘက်ထဲမှ အသံတစ်သံ ထွက်လာ၏။

ထို့နောက် ...

ဝေါင်း ...

နဂါးအသွင်ရှိသော လက်သီးအစွမ်းတစ်ခုက မြေအောက်ထဲမှနေ၍ ကောင်းကင်ယံသို့ တိုးထွက်လာသည်။

" ဟင် ... "

လက်ချောင်းရိုးအရိပ် ထိတ်လန့်တုန်လှုပ်သွားကာ ခပ်မြန်မြန် နောက်ဆုတ်လိုက်ရသည်။

ဝုန်း ...

ထို ကြောက်မက်ဖွယ် လက်သီးအစွမ်းက ကောင်းကင်ယံသို့ တိုက်ရိုက်ထိုးတက်သွားပြီးနောက်... လေထုအကာအရံအား ထိုးဖောက်ထွက်သွား၏။

" ဒါ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ။ ဒီကောင်က အသက်ရှင်နေသေးတာလား "

လက်ချောင်းရိုးအရိပ် မှင်သက်သွားရတော့သည်။

လောထျန်းက အနာဂါတ်မှလာသော သူ့အစွမ်းနှင့် ထိပ်တိုက်တွေ့သွားခဲ့သည့်တိုင် အသက်ရှင်နေသေးတယ်တဲ့လား...

၎င်းက မည်သို့ ဖြစ်နိုင်ပါသနည်း ။

ထိုစဥ်မှာပင် .... လူရိပ်တစ်ခုက တွင်းနက်ကြီးထဲမှ

တဖြည်းဖြည်း ပျံသန်းထွက်လာပါ၏။

ထိုသူမှာ လောထျန်းမှလွဲ၍ အခြားမရှိပါချေ ...

ထိုစဥ်တွင် လောထျန်းမှာ စုတ်ပြဲနေသော အဝတ်စားများနှင့် ဖြစ်နေပြီး ... သူ့မျက်နှာတပြင်လုံးလည်း ဖုန်မှုန့်များ ပေကျံနေကာ သူ့လက်တစ်ဖက်ကမူ .. သူ့ အဓိကနေရာကို ကာထားရှာသည်။ သူ့ကိုယ်မှ ယခင်ထုတ်လွှတ်နေခဲ့သော လူသတ်အရိပ်အငွေ့များလည်း မရှိတော့ဘဲ ပုံမှန် စိတ်အခြေအနေ ပြန်ရောက်နေဟန် တူပါ၏။

သို့သော် .... သူ့ပုံက ထိုသို့ ပေပေရေရေ ဖြစ်နေသည့်တိုင် သေချာကြည့်လိုက်လျှင်မူ ... သူ့ကိုယ်က ဘာဒဏ်ရာမှ ကြီးကြီးမားမား မရထားသည်ကို မြင်ရမည်ဖြစ်ပါသည်။

အပေါ်ယံခြစ်ရာလေး အနည်းငယ်မျှ ရှိသော်လည်း ၎င်းတို့က တခဏအတွင်း ပြန်ကောင်းသွားပါ၏။

" ဒါ.... "

ထိုမြင်ကွင်းကို ကြည့်နေသော ပြန်လည်မွေးဖွားခြင်း

အမှတ်အသားပိုင်ရှင်သည်ပင် အံ့သြမှင်သက်သွားရသည်။

ထိုသို့အစွမ်းမျိုးရှိရန်ဆိုလျှင်... မည်သို့သော ကြောက်မက်ဖွယ် ခန္ဓာကိုယ်မျိုးကို ပိုင်ဆိုင်ထားပါသနည်း ။

ထိုစဥ် လောထျန်းက လက်ချောင်းရိုးအရိပ်ကို ကြည့်ရင်း ပြောလာ၏။

" မင်း ခုနက ငါ့ရဲ့စိတ်ကို အနှောင့်အယှက် ပေးလိုက်တာမဟုတ်လား "

လက်ချောင်းရိုးအရိပ် မျက်မှောင်အနည်းငယ် ကြုံ့သွားပြီး တည့်တိုးပင် ပြောလိုက်သည်။

" ငါ ဒုတိယတစ်ခု ကျိန်လိုက်မယ် ။ ငါ.. ဉာဏ်အလင်းပွင့်ပြီးသွားတာနဲ့ ငါ့ရဲ့ အစွမ်းအထက်ဆုံး သိုင်းကွက်ကိုသုံးပြီးတော့ ဒီအချိန်ကို ပြန်လာပြီး လောထျန်းကို သတ်မယ် "

ဝုန်း ...

သူ့စကား ဆုံးသည်နှင့် စည်းမျဥ်းများ ရွေ့လျားသွား

ကြပြန်ကာ...

အချိန်မြစ်ရှည် ထပ်ပေါ်လာပြန်သည်။

ထို့နောက်... အစောကထက် ပိုကြောက်စရာ ကောင်းသော အစွမ်းကြီးတစ်ခုက အချိန်မြစ်ရှည်ကို ဖြတ်၍ ထပ်ရောက်လာပြန်၏။

ခွပ်...

တစ်ချိန်တည်းနီးပါးမှာပင်.. လက်ချောင်းအရိုးပေါ်၌ အက်ရာတစ်ခု ပေါ်လာသည်။

အမြင်စူးရှသော ပြန်လည်မွေးဖွားခြင်း အမှတ်အသားပိုင်ရှင် က ၎င်းကို သတိထားမိသွားကာ မျက်မှောင်ကြုံ့၍ ပြော၏။

" ကြည့်ရတာ အချိန်နောက်ပြန်လှည့်တာက သူ့အပေါ် သက်ရောက်မှုကြီးတဲ့ပုံပဲ "

ထိုစဥ်မှာပင် လောထျန်းက အချိန်မြစ်ရှည်ကို ကြည့်၍ အေးစက်စက်ပြောသည်။

" ကြွက်စုတ်ကောင်... ဒါတွေအားလုံးကို မင်း ခုနက

လဲ လုပ်ခဲ့ပြီးပြီ ။ မင်းက ငါ့ကို အဲ့တိုက်ခိုက်မှုနဲ့ ထိပ်တိုက်ရင်ဆိုင်စေချင်တာ မဟုတ်လား ။ မင်း ဘာလို့ အဲ့လောက်တောင် ရွံစရာကောင်းရတာလဲ ။ ငါဆိုတဲ့ လောထျန်းက မင်းကို ကြောက်မယ်လို့ ထင်နေတာလား "

လောထျန်း ပြောပြီး လက်ဝါးနှစ်ဖက်ကို စုလိုက်သည်။

" အရှုပ်အထွေးခန္ဓာကိုယ် ပွင့်စေ... "

All Chapters