← Chapters

အခန်း (၇၆၃)

Vol. 55 Ch. 763

အခန်း (၇၆၃)

Vol. 55 Ch. 763

" ဟင်... "

အားလုံး မှင်သက်သွားကြ၏။

ညီလေးရှန် ဆိုသူ မျက်မှောင်အနည်းငယ် ကြုံ့သွားပြီး အပြုံးဖြင့်ပြောလိုက်သည်။

" ထျန်းယွမ်ကမ္ဘာကို ငကြောက်တွေနဲ့ ပြည့်နေတယ်ပဲ ငါက ထင်ခဲ့တာ ။ ခုလို သတ္တိကောင်းတဲ့သူတွေ ရှိသေးတာပဲ "

ထို့နောက် သူ့ မျက်နှာထက်တွင် ကောက်ကျစ်သော အပြုံးတစ်ခု ပေါ်လာကာ လှောင်ပြုံးဖြင့် ဆက်ပြော၏။

" သနားစရာ ကောင်းတာက... အဲ့လို သတ္တိကောင်းလဲ အသုံးမဝင်တာပဲ "

ချွှင် ...

ထိုစဥ် တဖက်မှ အကိုထျန်း ဆိုသူကလည်း ဓားဆွဲထုတ်၍ လောထျန်းအား ရွယ်လိုက်သည်။

" အဲ့ကောင်ရဲ့ ခေါင်းက ငါ့အပိုင်ကွ "

ညီလေးရှန်ဆိုသူ ဒေါသထွက်သွားဟန်တူ၏။

" မဟုတ်သေးဘူးလေ ၊ ပထမဆုံးခေါင်းကိုတော့ ကျုပ်ကို ပေးမှဖြစ်မယ် "

သူတို့နှစ်ယောက် စကားများသွားကြပြီး.. မည်သူမှ အလျှော့မပေးဘဲ ဖြစ်နေတော့သည်။

ထိုစဥ် လောထျန်းက သူတို့နှစ်ဦးကို အေးစက်စက်ကြည့်ကာ မေးလာ၏။

" မင်းတို့က ငါ့ကိုသတ်ဖို့ စီစဥ်နေကြတာလား "

ညီလေးရှန်ဆိုသူ လှောင်ပြုံးဖြင့် ပြန်ပြောသည်။

" ငါတို့က မင်းကိုတင် သတ်မှာမဟုတ်ဘူးကွ ။ ထျန်းယွမ်ကမ္ဘာသားတွေကို ဘယ်သူက များများပိုသတ်နိုင်လဲဆိုတာ ပြိုင်နေကြတာ ။ ခုလို ထျန်းယွမ်ကမ္ဘာသားတွေထဲမှာ မင်းက ပထမဆုံးသေရမယ့်သူဖြစ်တာ ဂုဏ်ယူစရာတောင် ကောင်းသေးတယ် "

" ဟုတ်တယ် ၊ မင်း ငါတို့ကိုတောင် ကျေးဇူးတင်သင့်တာကွာ "

အကိုထျန်းဆိုသူလည်း ဝင်ပြော၏။

လောထျန်း ခေါင်းအသာညိတ်လိုက်သည်။

" အဲ့လိုလား... "

တဖက်လူနှစ်ယောက်မှာ လောထျန်းက ဤမျှ တည်ငြိမ်နေမည်ဟု ထင်မထားခဲ့ကြပါချေ။

ထို့နောက်တွင်မူ သူတို့နှစ်ယောက်လုံး တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြ၏။

" အဲ့ကောင်ရဲ့ ခေါင်းက ငါ့အပိုင် "

" ပထမဆုံးတစ်ယောက်ကို ကျုပ်ပဲ သတ်မှာ "

လူနှစ်ယောက် လောထျန်းဆီသို့ လှောင်ပြုံးကိုယ်စီဖြင့် ပြေးဝင်လာကြသည်။

ထိုနှစ်ယောက် တိုက်ခိုက်လိုက်သည့် အချိန်မှာပင် ခေါင်းပေါ်၌ ထူးဆန်းသော အလင်းတန်းတစ်ခု ရှိသည့် အဘိုးအိုက ကမ္ဘာနှစ်ခုကြား တံခါးပေါက်ရှေ့တွင် ပေါ်လာပါ၏။ သူ မုတ်ဆိတ်ကို လက်ဖြင့်ကိုင်

ရင်း အပြုံးဖြင့် ဆိုသည်။

" အဲ့နှစ်ယောက်က အပေါ်ကမ္ဘာမှာရှိတဲ့ .. ငါတို့ ဒုံလွမ်ကမ္ဘာအဖွဲ့ရဲ့ အတော်ဆုံး ပါရမီရှင် လူငယ်နှစ်ယောက်ပဲ ။ အောက်ကမ္ဘာက လူငယ်မျိုးဆက်လေးတွေ.. သေချာကြည့်ထားကြနော် "

" ဟုတ်ကဲ့ပါ သခင်ကြီး "

သူ့ဘေးရှိ ဒုံလွမ်ကမ္ဘာသခင်ကြီးက ရိုရိုသေသေ ပြန်ပြော၏။

ထိုသို့ မရိုသေ၍လည်း မဖြစ်ပါချေ။ ခေါင်းပေါ်တွင် ထူးဆန်းသောအလင်းတန်းပါသည့် အဘိုးအိုမှာ သူတို့ ဒုံလွမ်ကမ္ဘာအား ကျောထောက်နောက်ခံပေးထားသည့် အပေါ်ကမ္ဘာမှ အဖွဲ့ကြီးတစ်ခု မဟုတ်ပါလား ။

သူ့ ကျင့်ကြံခြင်းအဆင့်မှာလည်း မသေမျိုးဘုရင်အဆင့် ရှိထားပါသည်။

ဤတစ်ကြိမ်တွင် အဘိုးအိုက အပေါ်ကမ္ဘာမှ အစွမ်းထက်ကျင့်ကြံသူတစ်စုကို ခေါ်ပြီး ကောင်းကင်ဘုံစင်မြင့်မှတဆင့် ဒုံလွမ်ကမ္ဘာသို့

ဆင်းသက်လာကာ ထျန်းယွမ်ကမ္ဘာအား ကျူးကျော်ရန် အမိန့်ပေးခဲ့ပါ၏။

" သေစမ်းကွာ "

ထိုစဥ် တဖက်မှ လူငယ်နှစ်ယောက်မှာ လောထျန်းရှေ့ ရောက်သွားကြလေပြီ ။

" အဲ့ကောင်လေးကို ဘယ်သူ သတ်နိုင်မလဲ မသိဘူး "

ခေါင်းတွင် ထူးဆန်းသောအလင်းတန်း ရှိသည့် မသေမျိုးဘုရင်က အပြုံးဖြင့် တစ်ကိုယ်တည်းရေရွတ်လိုက်သည်။

ကျန်လူများလည်း စိတ်ဝင်တစား ကြည့်လိုက်ကြ၏။

သို့သော်... လောထျန်းဘေး ရောက်သွားချိန်တွင် လူငယ်နှစ်ယောက်က တစ်ပြိုင်နက်တည်း ရပ်သွားကြပါသည်။

" ဟင်.. သူတို့တွေ ဘာလို့ မလှုပ်ကြတော့တာလဲ "

" ဘယ်သူ နိုင်သွားပြီလဲ "

အားလုံးက ထိုနှစ်ယောက်ထဲမှ မည်သူ အနိုင်ရသွားသည်ကို ခန့်မှန်းပြောဆိုလိုက်ကြသည်။

အခြား ဖြစ်နိုင်ချေကိုမူ သူတို့ မစဥ်းစားမိကြပါချေ။

သို့သော် ...ထို့နောက်တွင်..

ဝုန်း ....

ဝုန်း ...

လူငယ်နှစ်ယောက်၏ ခေါင်းများက သွေးမှုန်များအဖြစ် ပေါက်ကွဲထွက်သွားပါ၏။

ဤမျှ မကသေးပါ..

အား ....

ထိုအလောင်းများမှ ထွက်လာသော စိတ်ဝိဥာဥ်အရိပ် နှစ်ခုမှာလည်း ညှင်းပမ်းနှိပ်စက် ခံနေရသည့်အလား စူးစူးဝါးဝါး အော်သံများ အော်ဟစ်လာကြသည်။

ထို့နောက်.. အားလုံး၏ အံ့သြမှင်သက်နေသော အကြည့်အောက်မှာပင် စိတ်ဝိဥာဥ်အရိပ်များ ပျောက်ကွယ်သွားတော့သည်။

" ဘယ်လိုဖြစ်ပြီး... "

အားလုံး တုန်လှုပ်ကုန်ကြသည်။

ပါရမီရှင် နှစ်ယောက် သေသွားခဲ့ရုံမက.. သူတို့၏ စိတ်ဝိဥာဥ်များသည်ပင် ဖျက်ဆီးခံလိုက်ရလေပြီ ။

ဘာတွေ ဖြစ်နေပါသလဲ ...

ထိုစဥ် ခေါင်းပေါ်၌ ထူးဆန်းသောအလင်းတန်းရှိသည့် မသေမျိုးဘုရင်သည်ပင် အံ့သြနေရှာပါသည်။

သူ့လူများက မည်သို့ သေသွားခဲ့ရသည်ကိုပင် သူ သေချာ မမြင်လိုက်ရပါ..

ထိုအချိန်တွင် လောထျန်းက လူအုပ်ဆီသို့ တစ်လှမ်းချင်း လျှောက်လာ၏။

" မင်းတို့တွေက ငါတို့ ထျန်းယွမ်ကမ္ဘာကို ကျူးကျော်ချင်တယ်ပေါ့လေ "

သူ အေးစက်စက်အသံဖြင့် မေးလိုက်သည်။

တဖက်ရှိ ဒုံလွမ်ကမ္ဘာမှ လူများအားလုံး နောက်သို့ ​​ခြေတစ်လှမ်းစီ ဆုတ်လိုက်ကြ၏။

" လူတွေဘယ်လောက်များများ သတ်နိုင်လဲဆိုတာတောင် ပြိုင်နေကြသေးတယ်ပေါ့.. ဟုတ်လား "

လောထျန်း ပြောပြီး ရှေ့သို့ ထပ်တိုးလာသည်နှင့် ဒုံလွမ်ကမ္ဘာမှ လူများ နောက်ဆုတ်လိုက်ကြပြန်သည်။

အားလုံး၏ ရင်ထဲတွင်လည်း ကြောက်ရွံ့မှုတို့ အပြည့်...

သူတို့ရှေ့မှ လူက ထူးဆန်းလှပေသည်။

" မင်းတို့တွေ သေချင်နေကြတာလား "

ထိုစဥ် လောထျန်းက လေသံမာမာဖြင့် အော်လိုက်ပြန်၏။

သူ့ရင်ထဲ စုနေခဲ့သော ဒေါသနှင့် လူသတ်အရိပ်အငွေ့များလည်း ဝုန်းခနဲ ပေါက်ထွက်လာကြသည်။

ထိုခဏ၌ မြေပြင်တွင် ရှိနေကြသူများအားလုံး အသက်ရှူများပင် ကျပ်လာသလို ခံစားလိုက်ကြရတော့၏။

" ဒါ... သခင်ကြီး... "

ဒုံလွမ်ကမ္ဘာသခင်ကြီး ထိတ်လန့်တုန်လှုပ်နေကာ ခေါင်းထက်တွင် ထူးဆန်းသောအလင်းတန်းရှိသည့် မသေမျိုးဘုရင်အား လှမ်းကြည့်လိုက်သည်။

ထိုစဥ်တွင် မသေမျိုးဘုရင်မှာလည်း တုန်လှုပ်နေဟန် တူသည်ကို သူ မြင်လိုက်ရပါ၏။

သို့သော် တခဏအကြာမှာပင် မသေမျိုးဘုရင်က အသိပြန်ဝင်လာကာ စိတ်လှုပ်ရှားစွာ ပြောသည်။

" ဒီအစွမ်းက .... မမှားနိုင်ဘူး ။ ငါကြားထားတဲ့သတင်းက မှန်နေတာပဲကွ ။ ဒီ ထျန်းယွမ်ကမ္ဘာမှာ ပြိုင်ဘက်ကင်းတဲ့ ရတနာမျိုး တကယ်ကြီး ရှိနေတာပဲကွ ။ အဲ့လိုမဟုတ်ရင် ဒီလိုအစွမ်းမျိုး ရမှာမဟုတ်ဘူး "

ထို့နောက် သူ လောထျန်းဘက်လှည့်ကြည့်ကာ အသံကျယ်ဖြင့် အော်ရယ်လိုက်သည်။

" ကောင်လေး ၊ ငါ မင်းကို အခွင့်ရေးတစ်ခု ပေးလိုက်မယ် ။ အခုချက်ချင်း ရတနာကို ထုတ်ပေးပါ.. မဟုတ်လို့ကတော့... "

သို့သော်.. သူ့စကား မဆုံးခင်မှာပင် လောထျန်းက သူ့ရှေ့သို့ တည်နေရာရွှေ့ပြောင်း ရောက်လာပါ၏။

သူ့လက်တစ်ဖက်ကလည်း မသေမျိုးဘုရင်၏ ခေါင်းဆီသို့ လှမ်းလာသည်။

" မြန်လိုက်တာ "

မသေမျိုးဘုရင် အံ့အားသင့်သွားကာ လောထျန်းအား ပြန်တိုက်ခိုက်ရန် ကြိုးစားလိုက်သည်။

သို့သော်..

ဝုန်း ...

လောထျန်းက လက်ကို ဆုပ်လိုက်ရာ... မသေမျိုးဘုရင်၏ ခေါင်းမှာလည်း ရှေ့လူနှစ်ယောက်ကဲ့သို့ ပေါက်ကွဲသွားတော့၏။

" ဘယ်လိုဖြစ်ပြီးတော့... "

ထိုမြင်ကွင်းကြောင့် တဖက်လူများ တုန်လှုပ်သွားကြပြန်တော့သည်။

ဘာတွေ ဖြစ်နေပါသလဲ..

လူငယ်နှစ်ယောက်အား သိုင်းကွက်တစ်ကွက်တည်းဖြင့် သတ်လိုက်နိုင်သည်ကို သူတို့ လက်ခံနိုင်သေးသော်လည်း ...ခု မသေမျိုးဘုရင် တစ်ယောက်ကိုပါ တစ်ချက်တည်းဖြင့် သတ်ခဲ့သတဲ့လား.. ။

ထိုသူက လူသားတစ်ယောက်ပင် ဟုတ်ပါသေးရဲ့လား...

" နောက်ဆုတ်ကြဟေ့ "

ထိုစဥ် ဒုံလွမ်ကမ္ဘာသခင်ကြီး တွန့်ဆုတ်မနေတော့ဘဲ အော်ပြောလိုက်သည်။

အမှန်တွင်ကား.. သူ ထိုသို့ပင် ပြောစရာ မလိုပါချေ...

အားလုံးမှာ မသေမျိုးဘုရင် သေဆုံးသွားရသည်ကို တွေ့ပြီးနောက် ကမ္ဘာနှစ်ခုကြား တံခါးပေါက်ဆီသို့ အသည်းအသန် ပြန်ပြေးသွားကြတော့သည်။

" ဟင်.. ဘာတွေဖြစ်နေတာလဲ ၊ ဟိုကောင်က ငါတို့ထွက်ပြေးတာကို မတားဘူးလား မသိဘူး "

ဒုံလွမ်ကမ္ဘာသခင်ကြီးမှာ သူ့ရှေ့မှ မြင်ကွင်းကိုကြည့်ရင်း အနည်းငယ် နားမလည်နိုင် ဖြစ်နေပါ၏။

တဖက်လူက သူတို့ကို နောက်ပြန်ဆုတ်စေလိုသော ဆန္ဒသာ ရှိခြင်းပေလား ။

သူ ထိုသို့ နားမလည်နိုင် ဖြစ်နေစဥ်မှာပင်... လောထျန်းက ကမ္ဘာနှစ်ခုကြား တံခါးပေါက်ဆီသို့ တစ်လှမ်းချင်း လျှောက်သွားနေသည်ကို မြင်လိုက်ရပါသည်။

" ဟင်... သူက ငါတို့ ဒုံလွမ်ကမ္ဘာကို ပြန်တိုက်ခိုက်ချင်လို့လား ။ မဖြစ်ဘူး... သူ့ကိုသာ ငါတို့ကမ္ဘာထဲ

ပေးဝင်လိုက်ရင် ... သေပါပြီကွာ ။ လောလောဆယ် ငါ့ကိုယ်ငါ ချုပ်နှောင်ပြီးတော့ ကမ္ဘာနှစ်ခုကြားတံခါးပေါက် ပိတ်တဲ့အထိ ပုန်းနေဖို့ပဲ ရှိတော့တယ် "

သူ တွေးလိုက်၏။

ထို့နောက် သူ အရှိန်မြန်မြန်တင်ကာ ကမ္ဘာနှစ်ခုကြားတံခါးပေါက် သို့ ပြေးသွားလိုက်တော့သည်။

ထိုစဥ် လောထျန်းကမူ လုံးဝ ရပ်မသွားခဲ့ဘဲ တစ်လှမ်းချင်း ဆက်လျှောက်နေပြီး..

အားလုံး ကမ္ဘာနှစ်ခုကြားတံခါးပေါက်ထဲ ပြေးဝင်သွားပြီးချိန်၌ သူ တံခါးရှေ့သို့ ရောက်လာပါသည်။

" ခုလိုဖြစ်အောင် မင်းတို့ကိုယ်တိုင် လုပ်ခဲ့တာ "

လောထျန်း ပြောပြီး... ကြောက်လန့်တကြား ထွက်ပြေးသွားသော ရန်သူများ ကျကျန်နေခဲ့သည့် ဓားတစ်လက်ကို မြေပြင်မှ ကောက်ယူလိုက်သည်။

ချွှင် ...

လောထျန်း ဓားကို ဆုပ်ကိုင်လိုက်သည်နှင့် ၎င်းဓားသံမှ မြည်သံပေးလာ၏။

ထို့နောက်.. လောထျန်းက ဓားအား ဒုံလွမ်ကမ္ဘာသို့ ရွယ်လိုက်သည်။

" ကောင်းကင်ဘုံဓားသိုင်း ၊ ကိုးကွက်မြောက် ..။ ကောင်းကင်ဘုံ အပြစ်ပေးခြင်း "

ဝုန်း ...

လောထျန်းပြောပြီး ဓားယမ်းလိုက်ရာ... ဓားက မရေမတွက်နိုင်သော အမှုန့်များအဖြစ် ပြောင်းပြီး ကောင်းကင်နှင့်မြေကြီး စည်းမျဥ်းများထဲ ပျော်ဝင်သွား၏။

ဒုံလွမ်ကမ္ဘာဘက်မှ ဝေးဝေးထွက်ပြေးရန် အခွင့်အရေး မရလိုက်သူများမှာ ကြောက်မက်ဖွယ် အစွမ်းကြီးကြောင့် အမှုန့်များအဖြစ် တမဟုတ်ချင်း ပြောင်းသွားကြတော့သည်။

" ဘယ်လိုဖြစ်ပြီး ... "

ဘာတွေဖြစ်နေသည်ကို လူများ နားမလည်နိုင် ဖြစ်နေကြစဥ်မှာပင်...

လူများစွာက အမှုန့်များအဖြစ် ထပ်ပြောင်းသွားကြပြန်တော့၏။

" ဒါက..... "

ခပ်ဝေးဝေးတွင် ရှိနေသော ဒုံလွမ်ကမ္ဘာသခင်ကြီးမှာ နီရဲသော မျက်လုံးအစုံဖြင့် ရှေ့မှမြင်ကွင်းအား နားမလည်နိုင်စွာ ကြည့်နေရှာသည်။

သို့သော်... သူ ဒီတိုင်းထိုင်ကြည့်ပြီး သေရန်သာ စောင့်နေ၍ မဖြစ်ကြောင်းကိုမူ သိပါ၏။

" အရှေ့အရပ်က ထွက်တဲ့နေမင်းကြီး "

ဝီ ..

သူ့ခေါင်းပေါ်၌ နေလုံးတစ်ခု ပေါ်လာသည်။

၎င်းမှာ ဒုံလွမ်ကမ္ဘာ၏ အစောင့်အကြပ် မသေမျိုးလက်နက်ပင် ...

၎င်းကိုသုံး၍ ကမ္ဘာတစ်ခုလုံး၏ အစွမ်းအား သုံး၍ရပါ၏။

ကမ္ဘာတစ်ခုလုံး၏ အစွမ်းဖြင့်ဆိုလျှင် သူ့ကိုယ်သူ ကာကွယ်နိုင်မည်မှာ သေချာပါသည်။

သို့သော် ...

ဝုန်း...

သူ ယခုလေးတင် စုဆောင်းလိုက်သော အချုပ်အနှောင် အစွမ်းများက ချက်ချင်း ပြိုကွဲပြီး ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရပါ၏။

ဤမျှ မကသေးပါ...

ဖြောင်း ...

သူ့လက်ထဲရှိ အကာအကွယ် မသေမျိုးလက်နက်ကလည်း အက်ကွဲလာပါသည်။

" မဖြစ်ဘူး "

သူ အလန့်တကြား အော်လိုက်ပြီးနောက်.. ကောင်းကင်ဘုံတံခါးကို ဖွင့်၍ ထွက်ပြေးရန် ကြိုးစားလိုက်တော့၏။

သို့သော် သူ လှုပ်ရှားလိုက်ချိန်မှာပင် ...

ဝုန်း .

သူ့ခန္ဓာကိုယ် တစ်ဝက်က အပိုင်းပိုင်း ဖြစ်သွားရတော့သည်။

All Chapters