← Chapters

အခန်း (၁၇၀၂-၁၇၀၄)

Vol. 114 Ch. 1702-1704

အခန်း (၁၇၀၂-၁၇၀၄)

Vol. 114 Ch. 1702-1704

အခန်း(၁၇၀၂)

"ဒီကောင်လေးက ကောင်းကင်ဥပဒေသကို လျစ်လျူရှုနိုင်တယ်လို့ မင်းပြောလိုက်တာလား"

လန်ချိုးရွှယ်၏ စကားကိုကြားလျှင် လုရှင်းယွီ၏ မျက်နှာထက်တွင် အံ့သြထိတ်လန့်သော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။

လုရှင်းယွီ သိသလောက် ရှေးခေတ်က အနှိုင်းမဲ့နတ်ခန္ဓာပိုင်ရှင်များသာ ထိုကဲ့သို့ ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းရည်မျိုးကို ပိုင်ဆိုင်ထားကြသည်။

သို့သော်လည်း ပြီးပြည့်စုံသော နတ်ဘုရားကုန်းမြေတိုက်ကြီးသည် နတ်ဘုရားနယ်မြေ ၃၀၀၀ အဖြစ် ပြောင်းလဲသွားပြီးနောက်တွင် ထိုအနှိုင်းမဲ့ နတ်ခန္ဓာကိုယ်များသည် ဒဏ္ဍာရီများသဖွယ် ဖြစ်သွားခဲ့ကြသည်။

သူ့ရှေ့မှ ကောင်လေးသည် ဒဏ္ဍာရီလာ အနှိုင်းမဲ့ နတ်ခန္ဓာကိုယ် ပိုင်ရှင် ဖြစ်နေပါသလော။

လုရှင်းယွီ မှင်တက်နေသော အချိန်မှာပင် ကောင်းကင်ယံရှိ မိုးကြိုးကပ်ဘေးသည် တစ်ခဏအတွင်း လွင့်စင်သွားခဲ့ပြီး မျက်စိဖြင့် မြင်နိုင်သော အရှိန်အဟုန်ဖြင့် အလျင်အမြန်ပင် ပျောက်ကွယ်သွားခဲ့သည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် မူလက မည်းမှောင်နေသော ကောင်းကင်သည် အလွန်တရာ တောက်ပလာခဲ့ပြီး ချက်ချင်းဆိုသလိုပင် ကြည်လင်သော ကောင်းကင် ပြန်ဖြစ်သွားခဲ့သည်။

လေထုထဲတွင် ဆုတ်ခွာသွားသည့် ကောင်းကင်နတ်ဘုရားကပ်ဘေးကို ကြည့်ရင်း လုရှင်းယွီ၏ မျက်လုံးသူငယ်အိမ်များသည် ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့သည်။

သူ့ရှေ့မှ ကောင်လေးသည် အမှန်ပင် ကောင်းကင်ဥပဒေသကို လျစ်လျူရှုနိုင်ပြီး ကောင်းကင်ကပ်ဘေးကို ဆုတ်ခွာသွားစေနိုင်သည့် ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းရည်ရှိနေခဲ့သည်။

ကျန်းချန်က ကောင်းကင်နတ်ဘုရား ကပ်ဘေးကို လျစ်လျူရှုပြီး ကောင်းကင်နတ်ဘုရား တတိယအဆင့်အဖြစ် တက်လှမ်းသွားပြီးနောက်တွင် လုရှင်းယွီကို စူးစိုက်ကြည့်လိုက်သည်။

သူ၏ အေးစက်စက်အသံသည် ကမ္ဘာတစ်ဝန်းလုံးတွင် တိုက်ရိုက် ပဲ့တင်ထပ်သွားခဲ့၏။

"လုရှင်းယွီ.. ငါမင်းကို အသက်ရှင်ဖို့ အခွင့်အရေးပေးခဲ့တယ် ဒါပေမဲ့ ကံဆိုးစွာနဲ့ မင်းက ဒီအခွင့်အရေးကို တန်ဖိုးမထားခဲ့ဘူး.. မင်းအနေနဲ့ ငါတို့ ရှေးဟောင်းနဂါးကုန်းမြေရဲ့ ကိစ္စတွေကို အတင်းအကျပ် ဝင်ရောက်စွက်ဖက် ရဲမှတော့ မင်းရဲ့အသက်ကို ရှေးဟောင်းနဂါး ကုန်းမြေမှာပဲ ထာဝရထားခဲ့ရလိမ့်မယ်"

စကားဆုံးသည်နှင့် ကျန်းချန်သည် လူသားဧကရာဇ်စည်းတံဆိပ်၏ ကောင်းကင်ဖွင့်လှစ် စည်းတံဆိပ်ကို ထုတ်ဖော်ကာ နှင်းနတ်ဘုရား နန်းတော်၏ အကာအကွယ် အစီအရင်ကို တိုက်ခိုက်လိုက်သည်။

နှင်းနတ်ဘုရားနန်းတော်၏ အကာအကွယ် အစီအရင် သာမန်ကောင်းကင်နတ်ဘုရား တတိယအဆင့် ကျင့်ကြံသူ၏ တိုက်ခိုက်မှုကိုသာ ခံနိုင်ရည် ရှိသည်။

ကောင်းကင်နတ်ဘုရား တတိယအဆင့်ကို ရောက်ရှိသွားပြီ ဖြစ်သည့် ကျန်းချန်သည် ကောင်းကင်နတ်ဘုရား ပဉ္စမအဆင့် ကျင့်ကြံသူများထက် မနိမ့်သည့် ခွန်အားကို ပိုင်ဆိုင်ထားသည်ဖြစ်ရာ နှင်းနတ်ဘုရားနန်းတော်၏ အကာအကွယ်အစီအရင်သည် မည်ကဲ့သို့ ခုခံနိုင်ပါအံ့နည်း။

"ဝုန်း.."

ကျန်းချန်၏ ကောင်းကင်ဖွင့်လှစ် စည်းတံဆိပ်အောက်တွင် နှင်းနတ်ဘုရားနန်းတော်၏ အကာအကွယ် အစီအရင်သည် လုံးဝကို ပြိုကွဲသွားခဲ့သည်။

ထို့နောက်တွင် ကျန်းချန်က ခြေတစ်လှမ်း လှမ်းလိုက်ပြီး ကြောက်မက်ဖွယ်ရာကောင်း‌သော အရှိန်အဝါဖြင့် လုရှင်းယွီကို ဖိနှိပ်လိုက်သည်။

"ဟမ့်.. မင်းရဲ့ပါရမီက အရမ်းကို ကြောက်စရာကောင်းတယ်ဆိုတာ ငါဝန်ခံတယ်.. ဒါပေမဲ့ ငါ့ရဲ့အသက်က မင်းယူချင်တိုင်းယူလို့ ရတဲ့အရာ မဟုတ်ဘူး"

ကျန်းချန်က သူ့ကို သတ်ပစ်ရန် ပြင်နေသည်ကိုမြင်လျှင် လုရှင်းယွီသည် အေးစက်စက် ရေရွတ်လိုက်ပြီး ကောင်းကင်နတ်ဘုရားကမ္ဘာကို ထုတ်ဖော်ကာ ကျန်းချန်ကို ရင်ဆိုင်လိုက်သည်။

လုရှင်းယွီ၏ ကောင်းကင်နတ်ဘုရားကမ္ဘာမှ အဆုံးမဲ့စွမ်းအင်များသည် ကျန်းချန်ဆီသို့ တစ်ခဏအတွင်း သက်ရောက်လာခဲ့သည်။

သာမန်ကောင်းကင်နတ်ဘုရားအဆင့်ကျင့်ကြံသူသာဆိုလျှင် ထိုကြောက်မက်ဖွယ်ကောင်းသောအင်အားကြောင့် မျက်စိတစ်မှိတ်အတွင်းမှာပင် အမှုန့်အဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်သည်။

လုရှင်းယွီ၏ ကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသော်လည်း ကျန်းချန်သည် အလွန်တရာ တည်ငြိမ်မှု ရှိနေခဲ့သည်။

သူက လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ မိုးကြိုးမီးလျှံများ ဝိုင်းရံနေသည့် နက်နဲသော ဓားရိပ်တစ်ခုသည် လေထုထဲကနေ ရုတ်တရက် သက်ဆင်းလာခဲ့သည်။

"ဝုန်း.."

ထိုဓားရိပ်က အတားအဆီး အားလုံးကို ထိုးဖောက်သွားခဲ့ပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် စက္ကူအလွှာ တစ်ထပ်ကို ထိုးဖောက်လိုက်သကဲ့သို့ လုရှင်းယွီ၏ ကောင်းကင်နတ်ဘုရားကမ္ဘာကို တိုက်ရိုက်ပင် ဖောက်ဝင်သွားခဲ့သည်။

ယင်းနောက်တွင်မူ ကြောက်မက်ဖွယ်ရာ အစွမ်းထက်သည့် လုရှင်းယွီ၏ ကောင်းကင်နတ်ဘုရားကမ္ဘာသည် စက္ကူစုတ်ကဲ့သို့ နှစ်ပိုင်း ပြတ်ထွက်သွားခဲ့သည်။

"ဒါ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

လုရှင်းယွီ၏ ခန္ဓာကိုယ်က တုန်ယင်သွားခဲ့ပြီး မျက်ဝန်းထဲတွင် ထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

သူက ကျီယွင်ဂိုဏ်း၏ အထွတ်အထိပ်ပါရမီရှင် တစ်‌ယောက်ဖြစ်၍ အဆင့်မြင့် နည်းစနစ်များကို ကျင့်ကြံထားခဲ့သည်။

ထို့အပြင် သူ၏ ကောင်းကင်နတ်ဘုရားကမ္ဘာကို ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် ကျင့်ကြံသူ ဖြစ်နေလျှင်ပင် အလွယ်တကူ ဖျက်ဆီးပစ်နိုင်မည် မဟုတ်ပေ။

သို့‌သော်လည်း သူ၏ ရှေ့မှကောင်လေးကမူ စက္ကူစုတ်ကဲ့သို့ပင် အလွယ်တကူ ဖျက်ပစ်လိုက်သည်။

"အရမ်းကိုသန်မာလွန်းတာပဲ"

ထိုမြင်ကွင်းကို ကြည့်ရင်း ရွှယ်ထျန်းဟန်သည် စိတ်ထဲကနေ ရေရွတ်လိုက်သည်။

ကောင်းကင်နတ်ဘုရား တတိယအဆင့်ကို ထိုးဖောက်သွားသည့် ကျန်းချန်သည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ရာကောင်းလောက်သည် အထိ သန်မာလွန်းနေခဲ့သည်။

ကျီလင်နယ်မြေမှ ကောင်းကင်နတ်ဘုရား တတိယအဆင့် ပါရမီရှင်ပင်လျှင် ကျန်းချန်၏ တိုက်ကွက်ကို လုံးဝ မတားဆီးနိုင်ခဲ့ပေ။

အဆင့်တူအတွင်း ပြိုင်ဘက်ကင်းသည် ဆိုသည်မှာ ဤကဲ့သို့ အရာမျိုးကို ခေါ်ဆိုခြင်း ဖြစ်လောက်သည်။

"နေလေမိုးကြိုးဓား"

ကျန်းချန်က သူ၏ ကောင်းကင်နတ်ဘုရား ကမ္ဘာကို နှစ်ပိုင်းဖြတ်ပစ်လိုက်သည်ကို မြင်လျှင် လုရှင်းယွီသည် ဒေါသတကြီး ကြုံးဝါးလိုက်သည်။

ချက်ချင်းဆိုသလိုပင် နှစ်ပိုင်းပြတ်ထွက်သွားသည့် ကောင်းကင်နတ်ဘုရား ကမ္ဘာသည် နေမင်းကဲ့သို့ တောက်ပနေသော ဓားရှည်တစ်လက် အဖြစ်သို့ ပြောင်းလဲကာ သူ၏ လက်ထဲသို့ ကျရောက်လာခဲ့သည်။

ထိုဓားရှည်တွင် မိုးကြိုးလျှပ်စီး အလွှာပေါင်းများစွာ လွှမ်းခြုံနေပြီး မရေမတွက်နိုင်သော ဖျက်ဆီးခြင်း လေလှိုင်းများသည်လည်း ထွက်ပေါ်နေခဲ့သည်။

လုရှင်းယွီက ကောင်းကင်နတ်ဘုရား ကမ္ဘာ၏ စွမ်းအားကို ထိန်းချုပ်ကာ ဓားရှည်ဖြင့် ကျန်းချန်ကို ခုတ်ချလိုက်သည်။

သို့သော်လည်း ကျန်းချန်က လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ဥပဒေသလမ်းစဥ် ၇မျိုး၏ မူလစွမ်းအားများဖြင့် ပေါင်းစည်းထား‌သော ၇ရောင်ခြယ် ဓားအလင်းသည် ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး လုရှင်းယွီ၏ ဓားရှည်ကို ဖျက်ဆီးပစ်လိုက်သည်။

ထို့နောက်တွင် လုရှင်းယွီ၏ ခန္ဓာကိုယ်သည်လည်း ပေထောင်ပေါင်းများစွာ အကွာအဝေးအထိ လွင့်စင်သွားခဲ့၏။

သူ၏ တစ်ကိုယ်လုံးက သွေးများ အလိမ်းလိမ်းဖြင့် ပေပွနေခဲ့ပြီး ခန္ဓာကိုယ်တွင်လည်း မျက်စိဖြင့် မြင်နိုင်သော အက်ကြောင်းများ ထွက်ပေါ်လာခဲ့သည်။

ဆိုရလျှင် ကျန်းချန်၏ ဓားချက်ကြောင့် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အပြင်းအထန် ဒဏ်ရာရရှိသွားချေပြီ။

"ဒဏ္ဍာရီထဲက အနှိုင်းမဲ့နတ်ခန္ဓာကိုယ်က တကယ်ကို ထူးခြားတာပဲ.. ဂုဏ်သတင်းနဲ့ ထိုက်တန်ပါပေတယ်"

လုရှင်းယွီက သူ၏နှုတ်ခမ်းထောင့်မှ သွေးများကို လက်ခုံဖြင့်သုတ်လိုက်ပြီး ကျန်းချန်ကို စူးရှစွာ စိုက်ကြည့်လိုက်သည်။

"ရှေးဟောင်းနဂါးကုန်းမြေလို သေးငယ်တဲ့ နယ်မြေလေးက မင်းလို ပါရမီရှင်တစ်ယောက်ကို မွေးထုတ်ပေးနိုင်လိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး"

"နှမြောစရာပဲ.. မင်းသိတာ အရမ်းနောက်ကျသွားခဲ့ပြီ"

ကျန်းချန်က မထီမဲ့မြင် အမူအရာဖြင့် ပြောလိုက်သည်။

ထို့နောက် တောက်ပသော ၇ရောင်ခြယ်ဓားအလင်းသည် သူ၏ လက်ထဲတွင် တစ်ဖန် စုစည်းလာခဲ့သည်။

"ကျန်းချန်.. မင်းက အနှိုင်းမဲ့နတ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့အတွက် အဆင့်တူအတွင်းမှာ ပြိုင်ဘက်ကင်းတာတော့ အမှန်ပဲ.. ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ဒီနေတော့ မင်း မုချ သေရလိမ့်မယ်"

သူ့ကို တစ်ဖန်တိုက်ခိုက်ရန် ပြင်ဆင်နေသည့် ကျန်းချန်ကို လုရှင်းယွီသည် ကောက်ကျစ်စွာ ပြုံးလိုက်သည်။

ထို့နောက်တွင် သူ၏ လက်တစ်ဖက်ကို လှုပ်ရှားလိုက်ရာ ကြောက်မက်ဖွယ်စွမ်းအားများ ထွက်ပေါ်နေသည့် ခရမ်းရောင် စာလိပ်တစ်လိပ်သည် သူ၏ လက်ဖဝါးထဲတွင် ထွက်ပေါ်လာခဲ့သည်။

သူက ကျန်းချန်ကို အထက်စီးဆန်စွာ ကြည့်၍ ပြောလိုက်သည်။

"ကျန်းချန်.. ငါ့ဆရာ ပေးအပ်ထားတဲ့ နယ်မြေနတ်ဘုရားအမိန့်ပြန်တမ်းကို အသုံးပြုဖို့ ဖိအားပေးနိုင်တဲ့ အတွက် မင်းကိုယ်မင်း ဂုဏ်ယူစွာနဲ့ သေလို့ရပြီ"

"လုရှင်းယွီက နယ်မြေနတ်ဘုရား အမိန့်ပြန်တမ်းကိုတောင် ပိုင်ဆိုင်ထားတယ်လား"

လုရှင်းယွီ၏ လက်ထဲမှ ကြောက်မက်ဖွယ်ရာ စွမ်းအားများ ထွက်ပေါ်နေသည့် ခရမ်းရောင်စာလိပ်ကို မြင်လျှင် ရွှယ်ထျန်းဟန်၏ မျက်နှာသည် ချက်ချင်းဆိုသလိုပင် ဖြူဖျော့သွားခဲ့သည်။

ကျန်းချန်က ကောင်းကင်နတ်ဘုရား တတိယအဆင့်ကို ထိုး‌ဖောက်ပြီးနောက်တွင် ကျီလင်နယ်မြေမှ ပါရမီရှင်ကို အလွယ်တကူ ဖိနှိပ်ကာ မြောက်ပိုင်းဒေသ၏ အခြေအနေကို ထိန်းချုပ်နိုင်တော့မည်ဟု သူတွေးထားခဲ့သည်။

သို့သော်လည်း ကျီလင်နယ်မြေမှ ပါရမီရှင်သည် နယ်မြေနတ်ဘုရား အမိန့်ပြန်တမ်းတစ်ခုကို ပိုင်ဆိုင်ထားမည်ဟု သူမထင်ထားခဲ့ပေ။

နယ်မြေနတ်ဘုရား အမိန့်ပြန်တမ်း ဆိုသည်မှာ နယ်မြေနတ်ဘုရား၏ စွမ်းအားများ ကိန်းအောင်းနေသော မှော်ရတနာဖြစ်သည်။

ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူပင်လျှင် နယ်မြေနတ်ဘုရား အမိန့်ပြန်တမ်း၏ရှေ့တွင် ပုရွက်ဆိတ်နှင့် မခြားပေ။

"နယ်မြေနတ်ဘုရား အမိန့်ပြန်တမ်းပါလား"

လုရှင်းယွီ၏ လက်ထဲမှ ခရမ်းရောင်စာလိပ်ကို စိုက်ကြည့်ရင်း ကျန်းချန်၏ မျက်ဝန်းများသည် ကျဥ်းမြောင်းသွားခဲ့သည်။

"အရှင်ကုလုံက ဒီလိုတွေ ဖြစ်လာနိုင်တာကို ကြိုတင်ခန့်မှန်းမိပြီး နယ်မြေနတ်ဘုရားအမိန့်ပြန်တမ်းကို ပေးအပ်ထားလို့တော်သေးတယ် မဟုတ်ရင် ဒီနေ့ ငါတကယ်ကျဆုံးသွားနိုင်ခြေရှိတယ်"

ကျန်းချန်က တစ်ကိုယ်တည်းတီးတိုးရေရွတ်လိုက်ပြီး အရှင်ကုလုံ သူ့ကို ပေးအပ်ထားသည့် နယ်မြေနတ်ဘုရားအမိန့်ပြန်တမ်းကို ထုတ်ယူလိုက်ရာ ရွှေရောင်စာလိပ် တစ်လိပ်သည် သူ၏လက်ဖဝါးတွင် ပေါ်လာခဲ့သည်။

ထို့‌နောက်တွင် သူ၏ အေးစက်စက်အသံသည် ချက်ချင်းဆိုသလို ပဲ့တင်ထပ်သွားခဲ့၏။

"လုရှင်းယွီ နယ်မြေနတ်ဘုရား အမိန့်ပြန်တမ်းကို မင်းတစ်ယောက်တည်း ပိုင်ဆိုင်ထားတယ်လို့များ ထင်နေလား.. စိတ်မကောင်းပါဘူး.. ငါ့မှာလည်း နယ်မြေနတ်ဘုရားအမိန့်ပြန်တမ်း ရှိတယ်"

အခန်း(၁၇၀၂) ပြီး၏

အခန်း(၁၇၀၃)

"ဒီကောင့်မှာလည်း နယ်မြေနတ်ဘုရား အမိန့်ပြန်တမ်း ရှိနေတယ်လား"

ကျန်းချန်၏ လက်ထဲတွင် ရှိနေသည့် ရွှေရောင်စာလိပ်ကို မြင်လျှင် လုရှင်းယွီသည် ချက်ချင်းဆိုသလိုပင် ထိတ်လန့်သွားခဲ့သည်။

ဤတစ်ကြိမ် ရှေးဟောင်းနဂါးကုန်းမြေသို့ လာရာတွင် နယ်မြေနတ်ဘုရား အမိန့်ပြန်တမ်းသည် သူ့အတွက် အကြီးမားဆုံးဝှက်ဖဲတစ်ခု ဖြစ်သည်။

နယ်မြေနတ်ဘုရား အမိန့်ပြန်တမ်းဖြင့်သာ ဆိုလျှင် အရှင်ကုလုံကိုယ်တိုင် ရောက်မလာသ‌ရွေ့ ရှေးဟောင်းနဂါးကုန်းမြေတွင် မည်သူ့ကိုမဆို အလွယ်တကူ သတ်ဖြတ်နိုင်လိမ့်မည်ဟု လုရှင်းယွီ မူလက ထင်ထားခဲ့သည်။

သို့‌သော် ကျန်းချန်ထံတွင်လည်း အရှင်ကုလုံ ပေးအပ်ထားသည့် နယ်မြေနတ်ဘုရား အမိန့်ပြန်တမ်း ရှိနေလိမ့်မည်ဟု သူတစ်ခါမှ မတွေးမိခဲ့ပေ။

"အကြီးအကဲကျန်းက အရှင်ကုလုံရဲ့ နယ်မြေနတ်ဘုရားအမိန့်ပြန်တမ်းကို ယူလာခဲ့တာကိုး"

ကျန်းချန်၏ အနောက်တွင်ရှိနေသည့် ရွှယ်ထျန်းဟန်က သက်ပြင်းတစ်ချက် ချလိုက်သည်။

ကျန်းချန်က နှင်းနတ်ဘုရားနန်းတော်ကို တစ်ယောက်တည်း လာရဲသည်မှာ အံ့သြစရာ မရှိတော့ပေ။

နယ်မြေနတ်ဘုရား အမိန့်ပြန်တမ်းရှိနေသောကြောင့် နှင်းနတ်ဘုရားနန်းတော်တွင် မည်သူက သူ့ကို အနိုင်ယူနိုင်ပါမည်နည်း။

"လုရှင်းယွီ မင်းက ကျီလင်နယ်မြေက လူတစ်ယောက် ဖြစ်ပြီး ကျီလင်နယ်မြေမှာ မနေဘဲ ရှေးဟောင်းနဂါးကုန်းမြေကို ဒုက္ခပေးဖို့ ကြံစည်ခဲ့တယ်.. ဒီနေ့တော့ မင်းရဲ့ အပြစ်အတွက် မင်းရဲ့အသက်ကို ပေးဆပ်ရလိမ့်မယ်"

ကျန်းချန်က အေးစက်စက် ရေရွတ်ပြီးနောက်တွင် သူ၏ လက်ထဲမှ ရွှေရောင်စာလိပ်ကို အသက်သွင်းလိုက်သည်။

"ဝုန်း.."

ရွှေရောင်စာလိပ်ထံမှ အလွန်တောက်ပသော ရွှေရောင်အလင်းသည် ကောင်းကင်ပေါ်သို့ မြင့်တက်သွားခဲ့ပြီး လေထုထဲတွင် ပေထောင်ပေါင်းများစွာ မြင့်မားသည့် ရွှေရောင်ပုံရိပ် တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ထိုရွှေရောင်ပုံရိပ်သည် ရှေးဟောင်းနဂါး မျိုးနွယ်စု၏ ခေါင်းဆောင်ဖြစ်သည့် အရှင်ကုလုံ၏ ပုံရိပ်ပင် ဖြစ်သည်။

"သေစမ်း"

အရှင်ကုလုံက လုရှင်းယွီကို စူးစိုက်ကြည့်၍ ရေရွတ်လိုက်ရာ အဆုံးမဲ့ ရွှေရောင်အလင်းများ တောက်ပနေသော "သေ"ဟူသောစကားလုံးသည် ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားကို သယ်‌ဆောင်ကာ လုရှင်းယွီဆီသို့ ဦးတည်သွားခဲ့သည်။

ကျန်းချန်က နယ်မြေနတ်ဘုရား အမိန့်ပြန်တမ်းကို အသုံးပြုလိုက်သည်အားမြင်လျှင် လုရှင်းယွီသည်လည်း တုံ့ဆိုင်းမနေတော့ဘဲ သူ၏ လက်ထဲတွင်ရှိသည့် ခရမ်းရောင်စာလိပ်ကို အသက်သွင်းလိုက်သည်။

"ဝုန်း.."

မျက်စိကျိန်းစပ်လောက်သော ခရမ်းရောင်အလင်းသည် လေထုထဲတွင် ကြီးမားသော ခရမ်းရောင်ပုံရိပ် အဖြစ်သို့ စုစည်းသွားခဲ့သည်။

"သေစမ်း"

ခရမ်းရောင်ပုံရိပ်က အေးစက်စက် ရေရွတ်လိုက်သည်နှင့် ခရမ်းရောင်အလင်းများဖြင့် စုဖွဲ့ထားသော "သေ"ဟူသောစကားလုံးသည် ကြောက်မက်ဖွယ်စွမ်းအားကို သယ်ဆောင်ကာ ရွှေရောင်အလင်းများဖြင့် ဖွဲ့စည်းထားသော "သေ"ဟူသော စကားလုံးနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။

တစ်ခဏအတွင်းမှာပင် မိုင်ပေါင်းများစွာ ကျယ်ဝန်းသော ကမ္ဘာကြီးသည် ဖောက်လွှဲဖောက်ပြန် ဖြစ်သွားသကဲ့သို့ အဆုံးမဲ့ မှောင်မိုက်သွားခဲ့သည်။

ထိုမှောင်မိုက်နေသော ကမ္ဘာထဲတွင် ရွှေရောင်အလင်းများဖြင့် စုဖွဲ့ထားသော "သေ"ဟူသော စကားလုံးနှင့် ခရမ်းရောင်အလင်းများဖြင့် စုဖွဲ့ထားသော "သေ"ဟူသော စကားလုံးသည် အဆက်မပြတ် တိုက်ခိုက်နေခဲ့သည်။

"ဝုန်း..ဝုန်း..ဝုန်း.."

လေထုက ပေါက်ကွဲထွက်သွားခဲ့ပြီး ကြောက်မက်ဖွယ်ရာကောင်းသော အဖျက်စွမ်းအင်သည် အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားခဲ့သည်။

ကျန်းချန်သည်ပင် ထိုကြောက်မက်ဖွယ်ကောင်းသော စွမ်းအား၏ သက်ရောက်မှုအောက်တွင် ပေထောင်ပေါင်းများစွာ အကွာအဝေးအထိ နောက်ဆုတ်လိုက်ရသည်။

တစ်ဖက်မှ အပြင်းအထန် ထိခိုက်ဒဏ်ရာရထားသည့် လုရှင်းယွီကမူ ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ် နှင်းနတ်ဘုရားနန်းတော် ဆီသို့ ပြုတ်ကျလာခဲ့သည်။

"ဝုန်း.."

ကျယ်လောင်သော အသံနှင့်အတူ လုရှင်းယွီသည် နှင်းနတ်ဘုရားနန်းတော်၏ မီတာ၁၀၀ မြင့်မားသည့် ခန်းမဆောင်တစ်ခုကို ဝင်ဆောင့်မိသွားခဲ့ရာ ခန်းမဆောင်သည်ပင် ပြိုကျသွားခဲ့သည်။

ထိုကြောက်မက်ဖွယ်ရာ ကောင်းသော စွမ်းအားသည် နှင်းနတ်ဘုရားနန်းတော်၏ တပည့်များကိုပင် ထိခိုက်စေခဲ့ပြီး ၎င်းတို့၏ ဝိညာဥ်များကိုပင် ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွားစေခဲ့သည်။

"ဝေ့ါ.."

လုရှင်းယွီက သွေးများကို အန်ထုတ်လိုက်ပြီးနောက်တွင် ချက်ချင်းဆိုသလိုပင် ခရမ်းရောင် အလင်းတန်းတစ်ခု အဖြစ်သို့ ပြောင်းလဲကာ ထိတ်လန့်တကြား ထွက်ပြေးရန် ပြင်လိုက်သည်။

"မင်းက ထွက်ပြေးချင်သေးတယ်လား.. ရှေးဟောင်းနဂါးကုန်းမြေကို ရောက်လာပြီ ဆိုမှတော့ မင်းရဲ့ အသက်ကို ဒီနေရာမှာ ထာဝရ ထားခဲ့ရလိမ့်မယ်"

ကျန်းချန်က အေးစက်စက် ကြုံးဝါးလိုက်သည်။

ကျန်းချန်က ချက်ချင်းဆိုသလိုပင် ကောင်းကင်နတ်ဘုရားကမ္ဘာကို ထုတ်ဖော်လိုက်ပြီး မိုင်၁၀၀ အကွာအဝေးတွင် ရှိသည့် လုရှင်းယွီကို ဖိနှိပ်လိုက်သည်။

"ဝုန်း.."

ထိတ်လန့်တကြား ထွက်ပြေးနေသည့် လုရှင်းယွီသည် လုံးဝခုခံနိုင်ခြင်း မရှိခဲ့ဘဲ ကျန်းချန်၏ ကောင်းကင်နတ်ဘုရားကမ္ဘာအောက်တွင် ခန္ဓာကိုယ် တစ်ခုလုံး ပေါက်ကွဲသွားခဲ့သည်။

လုရှင်းယွီ၏ မရေမတွက်နိုင်သော ကောင်းကင်နတ်ဘုရား သွေးစက်များသည် လေထုထဲကနေ ကျဆင်းလာခဲ့၏။

"အား.."

နာကျင်စွာ အော်ဟစ်လိုက်သော အသံနက်ကြီးသည် ကမ္ဘာတစ်ဝန်းလုံးတွင် ပဲ့တင်ထပ်သွားခဲ့သည်။

လုရှင်းယွီ၏ ဝိညာဥ်က လွတ်မြောက်သွားခဲ့ပြီး ရှေးဟောင်းနဂါးကုန်းမြေ၏ မြောက်ဘက်အရပ် ဆီသို့ လျင်မြန်စွာ ပျံသန်းသွားခဲ့သည်။

ထိုမြင်ကွင်းကိုမြင်လျှင် ကျန်းချန်က သူ၏လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ အသည်းအသန် ထွက်ပြေးနေသော လုရှင်းယွီ၏ ဝိညာဥ်သည် ‌လေထုထဲတွင် ချက်ချင်းဆိုသလို ရပ်တန့်သွားခဲ့၏။

ယင်းမှာ ကျန်းချန်က နေရာလွတ်စွမ်းအားကို အသုံးပြုကာ လုရှင်းယွီ၏ ဝိညာဥ်ကို ထိန်းချုပ်လိုက်ခြင်းပင်။

ထို့နောက်တွင် သူက ခြေတစ်လှမ်း လှမ်းလိုက်ရာ လုရှင်းယွီ ဝိညာဥ်၏ ဦးခေါင်းထက်တွင် ပေါ်လာခဲ့ပြီး ဝိညာဥ်ကို ခြေထောက်ဖြင့် ဆောင့်နင်းချလိုက်သည်။

"ဝုန်း.."

ဤတစ်ကြိမ်တွင် လုရှင်းယွီ၏ ဝိညာဥ်သည် အော်ဟစ်ဖို့ပင်အချိန်မရလိုက်ဘဲ ကျန်းချန်၏ ခြေထောက်အောက်တွင် ဘာမှ မကျန်ရှိတော့သည် အထိ ပေါက်ကွဲသွားခဲ့၏။

လုရှင်းယွီ သေဆုံးသွားသည်နှင့် ပတ်ဝန်းကျင် တစ်ခုလုံးသည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

မရေမတွက်နိုင်သော နှင်းနတ်ဘုရားနန်းတော်မှ တပည့်များသည် ကောင်းကင်ယံတွင် ဝင့်ကြွားစွာ ရပ်နေသည့် လူငယ်လေးကို ကြည့်ကာ မျက်နှာများ ဖြူဖျော့သွားခဲ့ကြ၏။

"သွားပြီ.. ငါ့ရဲ့ နှင်းနတ်ဘုရားနန်းတော်တော့ အဆုံးသတ်သွားပြီ"

နန်းတော်သခင် ဖြစ်သည့် လန်ချိုးရွှယ်၏ မျက်နှာသည် လူသေကောင် ကဲ့သို့ ဖြူဖျော့သွားခဲ့သည်။

သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည်လည်း စိတ်ဓာတ်ကျကာ အိုမင်းသလိုပင် ဖြစ်သွားခဲ့သည်။

ကျီလင်နယ်မြေနှင့် သွေးလမင်းကုန်းမြေတို့ ပူးပေါင်းပြီး ရှေးဟောင်းနဂါးကုန်းမြေကို ရင်ဆိုင်ခြင်းသည် သူတို့ နှင်းနတ်ဘုရားနန်းတော် အတွက် အခွင့်အရေးဟု မူလက သူထင်ခဲ့သည်။

ရှေးဟောင်းနဂါးကုန်းမြေကို သစ္စာဖောက်ရန် ရွေးချယ်သည့်အခါတွင် လန်ချိုးရွှယ်သည် ထပ်ခါတလဲလဲ ချိန်ဆခဲ့သည်။

သို့သော်လည်း လက်တွေ့တွင်မူ ရှေးဟောင်းနဂါး မျိုးနွယ်စုသည် ကျန်းချန်ဟူသော ကောင်လေးတစ်ယောက်တည်းကို စေလွှတ်ကာ သူ၏ နှင်းနတ်ဘုရားနန်းတော်ကို အလွယ်တကူနှိမ်နင်းနိုင်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

ကျီလင်နယ်မြေမှ ပါရမီရှင် ဖြစ်သည့် လုရှင်းယွီပင်လျှင် ကျန်းချန်၏ လက်ချက်ဖြင့် အသတ်ခံလိုက်ရပြီ ဖြစ်သည်။

"ကျန်းချန်.. ကျီလင်နယ်မြေနဲ့ ပူးပေါင်းဖို့ ဆုံးဖြတ်ခဲ့တာက ငါတစ်ယောက်တည်းရဲ့ ဆုံးဖြတ်ချက်ပဲ.. ဒီကိစ္စက နှင်းနတ်ဘုရားနန်းတော်က တပည့်တွေနဲ့ မပတ်သက်ဘူး.. မင်းအနေနဲ့ ကရုဏာထားပြီး နှင်းနတ်ဘုရားနန်းတော်ရဲ့ တပည့်တွေအသက်ကို ချမ်းသာပေးမယ်လို့ မျှော်လင့်ပါတယ်.. ငါ့ရဲ့ အပြစ် အတွက် ငါသေခြင်းတရားနဲ့ ပေးဆပ်ပါ့မယ်"

လန်ချိုးရွှယ်က စိတ်ဓာတ်ကျသော အမူအရာဖြင့် ပြောလိုက်သည်။

သူက သေခြင်းတရားကနေ လုံးဝ မလွတ်မြောက်နိုင်တော့မှန်း ကောင်းစွာ သိထားခဲ့သည်။

ထို့ကြောင့် သူ၏ အသက်ကို အသုံးချကာ နှင်းနတ်ဘုရားနန်းတော်မှ တပည့်များကို ကျန်းချန်က အလွှတ်ပေးမည်ဟု သူမျှော်လင့်ခဲ့၏။

"ကောင်းပြီ.. ဒီနေ့ပြီးတာနဲ့ နှင်းနတ်ဘုရားနန်းတော် ဆိုတာ ရှေးဟောင်းနဂါးကုန်းမြေမှာ ရှိတော့မှာ မဟုတ်ဘူး.. နှင်းနတ်ဘုရားနန်းတော်ရဲ့ တပည့်လို့ ကိုယ့်ကိုယ်ကိုယ် ကြွေးကြော်ရဲတဲ့သူရှိရင် လုံးဝ ညှာတာနေမှာ မဟုတ်ဘူး"

လန်ချိုးရွှယ် သေဆုံးသွားသည်နှင့် နှင်းနတ်ဘုရားနန်းတော်မှ ကောင်းကင်နတ်ဘုရား ၅ယောက်လုံး သေဆုံးသွားပြီဟု ပြောရပေတော့မည်။

ဦးဆောင်မှု ကင်းမဲ့သွားပြီ ဖြစ်ရာ နှင်းနတ်ဘုရားနန်းတော်မှ တပည့်များသည် ရှေးဟောင်းနဂါးကုန်းမြေကို မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်ရဲတော့မည် မဟုတ်ပေ။

ကျန်းချန်က သွေးဆာနေသူတစ်ဦး မဟုတ်၍ နှင်းနတ်ဘုရားနန်းတော်မှ တပည့်များစွာကို သတ်ပစ်ဖို့အထိ မစဥ်းစားခဲ့ဖူးချေ။

"ကျေးဇူးတင်ပါတယ်"

လန်ချိုးရွှယ်က ကျန်းချန်ကို ကျေးဇူးတင်စကား ပြောလိုက်ပြီး ချက်ချင်းဆိုသလို သူ၏ သွေးများကို ပြောင်းပြန်စီးဆင်းစေခဲ့သည်။

ထို့နောက်တွင် သူ၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ရာကောင်းသော အအေးဓာတ်သည် ပေါက်ကွဲထွက်လာခဲ့၏။

အဆုံးသတ်တွင် လန်ချိုးရွှယ်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ရေခဲရုပ်ထု အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး လေထုထဲမှာပင် တိုက်ရိုက် ပေါက်ကွဲထွက်သွားခဲ့သည်။

"နန်းတော်သခင်.."

လန်ချိုးရွှယ်၏ သစ္စာရှိ လူယုံများသည် လန်ချိုးရွှယ် ပေါက်ကွဲသွားသည်ကို မြင်လျှင် ဒေါသထွက်ကာ ကျန်းချန်ဆီသို့ အရူးအမူး ပြေးဝင်လာကြသည်။

ကျန်းချန်က လက်တစ်ဖက် ဝှေ့ယမ်းလိုက်ရာ နှင်းနတ်ဘုရားနန်းတော်မှ အကြီးအကဲများ၏ ခန္ဓာကိုယ်များသည် လေထုထဲတွင် သွေးမှုန်များ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

"အားလုံး နားထောင်.. မင်းတို့ကို အသက်ရှင်ခွင့်ပေးဖို့ လန်ချိုးရွှယ်ကို ငါကတိပေးခဲ့ပြီးပြီ.. မင်းတို့အခု ထွက်သွားမယ်ဆိုရင် နောက်မကျသေးဘူး.. ဒီလိုမှ မဟုတ်ရင်တော့ ငါ့ကို ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့"

ကျန်းချန်က နှင်းနတ်ဘုရားနန်းတော်မှ တပည့်များကို ငုံ့ကြည့်လိုက်သည်။

သူ၏ အေးစက်စက် ရေရွတ်လိုက်သော အသံသည် ချက်ချင်းဆိုသလိုပင် ပဲ့တင်ထပ်သွားခဲ့၏။

ကျန်းချန်၏ စကားကိုကြားသည်နှင့် နှင်းနတ်ဘုရားနန်းတော်မှ တပည့်များစွာသည် နှင်းနတ်ဘုရားနန်းတော်ထဲကနေ ထိတ်လန့်တကြား အလျင်အမြန်ပင် ထွက်ပြေးသွားခဲ့ကြသည်။

တစ်ခဏအတွင်းမှာပင် နှင်းနတ်ဘုရားနန်းတော်မှ တပည့်ထောင်ပေါင်းများစွာသည် ခြေရာလက်ရာပင် မကျန်ရှိတော့ဘဲ ပျောက်ကွယ်သွားခဲ့၏။

"ရှေးဟောင်းနဂါးကုန်းမြေရဲ့ မြောက်ပိုင်းဒေသကို စိုးမိုးထားတဲ့ နှင်းနတ်ဘုရားနန်း‌တော်က ဒီလိုပဲ ပျောက်ကွယ်သွားပြီလား"

မျက်စိတစ်မှိတ်အတွင်း ပြောင်းလဲသွားသည့် အခြေအနေများကို ကြည့်ကာ ရွှယ်ထျန်းဟန်သည် အချိန်အတော်ကြာ မှင်တက်နေခဲ့သည်။

ရှေးဟောင်းနဂါး မျိုးနွယ်စုသည် ရွှေနဂါးအဆင့် အကြီးအကဲတစ်ဦးကို စေလွှတ်ကာ မိုးကြိုးကဲ့သို့ အရှိန်အဟုန်ဖြင့် နှင်းနတ်ဘုရား နန်းတော်ကို ဖျက်ဆီးပြီး မြောက်ပိုင်းဒေသကို တည်ငြိမ်အောင် လုပ်ဆောင်ခဲ့သည်။

ဆိုရလျှင် သူ့ရှေ့မှ ကောင်လေးသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ရာ ကောင်းသည့် ကျင့်ကြံသူ တစ်ယောက်ဖြစ်သည်။

အခန်း(၁၇၀၃)ပြီး၏။

အခန်း(၁၇၀၄)

ရှေးဟောင်းနဂါးကုန်းမြေ၏ မြောက်ဘက်အရပ်တွင် ကျီလင်နယ်မြေတည်ရှိသည်။

တစ်နှစ်ပတ်လုံး ခရမ်းရောင်တိမ်တိုက်များ ဖုံးလွှမ်းနေသည့် လျှို့ဝှက်ဆန်းကြယ်သော ‌တောင်တန်းတစ်ခုတွင် ကြီးမားသော နန်းတော်ကြီးတစ်ခုသည် ထီးထီးကြီး ရှိနေခဲ့၏။

ထိုနန်းတော်ကြီးသည် ကျီလင်နယ်မြေ၏ နယ်မြေနတ်ဘုရားအင်အားစု နှစ်ခုထဲမှ တစ်ခုဖြစ်သည့် ကျီယွင်ဂိုဏ်း၏ ဌာနချုပ် ဖြစ်သည်။

ကျီယွင်ဂိုဏ်း၏ အလယ်ဗဟိုတွင် ခမ်းနားထည်ဝါသော ဧရာမခန်းမတစ်ခု ရှိသည်။

ခရမ်းရောင်တိမ်တိုက် ဝတ်ရုံကို ဝတ်ဆင်ထားသည့် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူတစ်ယောက်သည် ခန်းမ၏ ပလ္လင်ထက်တွင် ထိုင်နေခဲ့သည်။

ထိုလူလတ်ပိုင်းအရွယ် ကျင့်ကြံသူသည် တခြားသူ မဟုတ်ပေ။ကျီယွင်ဂိုဏ်း၏ ခေါင်းဆောင်ဖြစ်သည့် အရှင်ကျီယွင်ပင် ဖြစ်သည်။

"သိပ်မကြာခင်က ငါ့ရဲ့တပည့် ဖြစ်တဲ့ လုရှင်းယွီရဲ့ ဝိညာဥ် ကဗ္ဗျည်းတိုင် ပျက်စီးသွားခဲ့တယ်"

အရှင်ကျီယွင်က ခန်းမထဲမှ လူများကို ဝေ့ကြည့်လိုက်၏။

သူ၏ မတိုးမကျယ် ရေရွတ်လိုက်သော လေသံသည် ခန်းမဆောင်ထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။

သူ၏ စကားသံသည် မကျယ်သော်လည်း ကြီးမားသော ဖိအားများ ပါဝင်နေခဲ့၏။

အင်အားကြီးမားသော ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူဖြစ်နေလျှင်ပင် သူ၏ အသံကို လွယ်လွယ်နှင့် လျစ်လျူရှုရဲမည် မဟုတ်ပေ။

အရှင်ကျီယွင်၏ စကားကိုကြားလျှင် ခန်းမထဲရှိ အကြီးအကဲ ၅ယောက်၏ အမူအရာသည် အနည်းငယ်ပြောင်းလဲသွားခဲ့သည်။

ဝိညာဥ်ကဗ္ဗျည်းတိုင်က မည်သည့်အရာကို ဆိုလိုမှန်း သူတို့ရှင်းလင်းစွာ သိထားကြသည်။

ကျီယွင်ဂိုဏ်းတွင် အကြီးအကဲများနှင့် အဓိကတပည့်များသည် ၎င်းတို့၏ ဝိညာဥ်ကဗ္ဗျည်းတိုင်ကို ဌာနချုပ်တွင် အပ်ထားလေ့ ရှိကြသည်။

ထိုဝိညာဥ်ကဗ္ဗျည်းတိုင် အတွင်း၌ ၎င်းတို့၏ ဝိညာဥ်အပိုင်းအစကို စည်းတံဆိပ်ခတ်၍ သိမ်းထားခဲ့သည်။

တစ်နေ့နေ့တွင် ကံဆိုးစွာဖြင့် သူတို့ ကျဆုံးသွားမည်ဆိုလျှင် ဝိညာဥ်က​ဗ္ဗျည်းတိုင် အတွင်းရှိ ဝိညာဥ် တစ်စိတ်တစ်ပိုင်းသည်လည်း ပျောက်ကွယ်သွားမည် ဖြစ်ကာ ဝိညာဥ်ကမ္မည်းတိုင်က ပျက်စီးသွားမည် ဖြစ်၏။

ယခု လုရှင်းယွီ၏ ဝိညာဥ်က​ဗ္ဗျည်းတိုင်က ပျက်စီးသွားပြီဖြစ်ရာ လုရှင်းယွီသည် ရှေးဟောင်းနဂါးကုန်းမြေတွင် ကျဆုံးသွားပြီ ဟူသော အဓိပ္ပါယ်ပင် မဟုတ်ပါလား။

"ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.. လုရှင်းယွီဆီမှာ အရှင်ကိုယ်တိုင် ပေးအပ်ထားတဲ့ နယ်မြေနတ်ဘုရား အမိန့်ပြန်တမ်းရှိနေတာပဲ.. လုရှင်းယွီကို ရှေးဟောင်းနဂါးကုန်းမြေရဲ့ ခေါင်းဆောင် အရှင်ကုလုံ ကိုယ်တိုင် သတ်ဖြတ်လိုက်တာများလား"

ခရမ်းရောင် မျက်ခုံးမွေးနှင့် အကြီးအကဲတစ်ဦးသည် မယုံကြည်နိုင်စွာဖြင့် ရေရွတ်လိုက်သည်။

"အရှင်ကုလုံက အရှင်သွေးလကို စောင့်ကြည့်နေရတာ ဆိုတော့ လုရှင်းယွီကို တိုက်ခိုက်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး.. လုရှင်းယွီကို သတ်လိုက်တဲ့သူက နယ်မြေနတ်ဘုရားအမိန့်ပြန်တမ်းကို ကိုင်ဆောင်ထားတဲ့ ရှေးဟောင်းနဂါးမျိုးနွယ်စုက အင်အားကြီးမားတဲ့ အကြီးအကဲ တစ်ယောက်ယောက် ဖြစ်နိုင်တယ်"

အရှင်ကျီယွင်က ခေါင်းခါရမ်းလိုက်ပြီး လေးနက်စွာ မေးလိုက်သည်။

"ရှေးဟောင်းနဂါးကုန်းမြေကို ဘယ်သူသွားမလဲ"

အရှင်ကျီယွင်၏ စကားကိုကြားလျှင် ခန်းမထဲရှိ အကြီးအကဲ ၅ယောက်သည် တွေဝေသွားခဲ့သည်။

နယ်မြေနတ်ဘုရား အမိန့်ပြန်တမ်းကို ဘေးဖယ်ထားလျှင်ပင် လုရှင်းယွီသည် ကောင်းကင်နတ်ဘုရား တတိယအဆင့်ကျင့်ကြံသူ ဖြစ်ပြီး တိုက်ခိုက်ရေးစွမ်းအားသည် ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် ကျင့်ကြံသူများထက် မနိမ့်ပေ။

ဆိုရလျှင် ပဉ္စမအဆင့် ကောင်းကင်နတ်ဘုရား ဖြစ်နေလျှင်ပင် လုရှင်းယွီကို အလွယ်တကူ သတ်ဖြတ်နိုင်မည်မဟုတ်ပေ။

လုရှင်းယွီက ရှေးဟောင်းနဂါး ကုန်းမြေတွင် ကျဆုံးသွားခဲ့သည်ဖြစ်ရာ ရှေးဟောင်းနဂါး မျိုးနွယ်စုမှ စေလွှတ်လိုက်သောလူသည် ဆဋ္ဌမအဆင့် ကောင်းကင်နတ်ဘုရား ဖြစ်ရန် သေချာသလောက် ဖြစ်၏။

ထို့ကြောင့် သူတို့ ကျီယွင်ဂိုဏ်း အနေဖြင့် မည်သူ့ကို စေလွှတ်ပါစေ၊ ဤကဲ့သို့သော အစွမ်းထက် ကျင့်ကြံသူကို ဖြေရှင်းနိုင်မည် မဟုတ်ပေ။

"အရှင်.. ချီလင်ဂိုဏ်းနဲ့ယှဥ်ရင် ကျွန်တော်တို့ ကျီယွင်ဂိုဏ်းက အတော်လေး အားနည်းနေပြီ.. အခုအချိန်မှာ ကျွန်တော်တို့က ကျီယွင်ဂိုဏ်းရဲ့ အင်အားကြီးမားတဲ့ ကျင့်ကြံသူကို ရှေးဟောင်းနဂါး ကုန်းမြေဆီ စေလွှတ်လိုက်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ အခြေအနေက ပိုမို ဆိုးရွားသွားလိမ့်မယ်"

ခရမ်းရောင်မျက်ခုံးမွေးနှင့် အကြီးအကဲက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

ယခုအခါတွင် လုရှင်းယွီသည် အရှင်ကုလုံ စေလွှတ်လိုက်သည့် အစွမ်းထက် ကျင့်ကြံသူ၏လက်ထဲတွင် ကျဆုံးသွားပြီဖြစ်သည်။

သို့ဖြစ်ရာ အရှင်ကုလုံ စေလွှတ်လိုက်သည့် ကျင့်ကြံသူနှင့် ရင်ဆိုင်နိုင်ရန်အတွက် သူတို့ ကျီယွင်ဂိုဏ်းက လူလွှတ်မည်ဆိုလျှင် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့်ကို စေလွှတ်ရလိမ့်မည် ဖြစ်၏။

လွန်ခဲ့သော တစ်လအကြာကပင် ကျီယွင်ဂိုဏ်းသည် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူတစ်ယောက်ကို ဆုံးရှုံးထားခဲ့သည်။

ယခု ဆဋ္ဌမအဆင့် ကောင်းကင်နတ်ဘုရား နောက်တစ်ယောက်ကို ရှေးဟောင်းနဂါးကုန်းမြေဆီ စေလွှတ်လိုက်မည် ဆိုလျှင် ချီလင်ဂိုဏ်းက သတိထားမိသည်နှင့် အကျိုးဆက်များသည် အလွန်တရာ ဆိုးရွားသွားနိုင်၏။

"ချီလင်ဂိုဏ်းက လွန်ခဲ့တဲ့နှစ်၁၀၀၀က စပြီး အရမ်းကို မြန်မြန်ဆန်ဆန် ကြီးထွားလာခဲ့တယ်.. ဒီအခြေအနေ အတိုင်းသာဆိုရင် သိပ်မကြာခင် ကျီလင်နယ်မြေမှာ ကျီယွင်ဂိုဏ်းအတွက် နေရာရှိတော့မှာ မဟုတ်ဘူး.. လက်ရှိအချိန်မှာ ပြင်ပအင်အားစုရဲ့ အကူအညီကို ရမှာသာ ငါတို့အနေနဲ့ ချီလင်ဂိုဏ်းကို ယှဥ်ပြိုင်နိုင်လိမ့်မယ်"

အရှင်ကျီယွင်၏ မျက်ဝန်းများတွင် ခရမ်းရောင် အလင်းများ ဖျတ်ခနဲ လက်သွားခဲ့သည်။

"အရှင်.. ကျွန်တော့်အမြင်အရ ဆိုရင် သွေးလမင်းကုန်းမြေက ရှေးဟောင်းနဂါး ကုန်းမြေကို ရှုံးနိမ့်သွားရင် ကျွန်တော်တို့ ပိုတောင် အကျိုးရှိနိုင်တယ်"

ထိုအချိန်မှာပင် အနက်ရောင်ဝတ်စုံဝတ် အကြီးအကဲတစ်ယောက်က ရုတ်တရက် ပြောလိုက်သည်။

ထိုစကားကိုကြားလျှင် အရှင်ကျီယွင်က တအံ့တသြ ဖြစ်ကာ အနက်ရောင်ဝတ်စုံဝတ် အကြီးအကဲကို မေးလိုက်သည်။

"ဒီစကားက ဘာအဓိပ္ပါယ်လဲ"

"သွေးလမင်းကုန်းမြေက ရှေးဟောင်းနဂါးကုန်းမြေကို ရှုံးနိမ့်သွားရင် ဒါမှမဟုတ် ရှေးဟောင်းနဂါးကုန်းမြေရဲ့သိမ်းပိုက်ခံရရင် အရှင်သွေးလက အရှင့်ဆီမှာ အကူအညီတောင်းခံမှာ အသေအချာပဲ.. အဲဒီအချိန်ကျရင် အရှင်က အရှင်သွေးလကို ကူညီပေးမယ်လို့ ကတိပေးပြီး ချီလင်ဂိုဏ်းကို တိုက်ခိုက်ရာမှာ အရှင်သွေးလရဲ့ အင်အားကို အသုံးပြုနိုင်တယ်.. ဒါက သွေးလမင်းကုန်းမြေကို ကျွန်တော်တို့ဘက်က အရင်ကူညီပေးနေတာထက်တော့ ပိုကောင်းမယ်လို့ ထင်တယ်"

အနက်ရောင်ဝတ်စုံဝတ် အကြီးအကဲက ပြုံးကာ ပြောလိုက်သည်။

ထိုစကားကိုကြားလျှင် အရှင်ကျီယွင်က အနည်းငယ်မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

"ဒါပေမဲ့ ရှေးဟောင်းနဂါးကုန်းမြေရဲ့ အင်အားနဲ့ဆိုရင် သွေးလမင်းကုန်းမြေကို အနိုင်ယူဖို့ မဖြစ်နိုင်ဘူး ထင်တယ်"

သူသိသလောက် သွေးလမင်းကုန်းမြေနှင့် ရှေးဟောင်းနဂါးကုန်းမြေ၏ အခြေအနေသည် ကျီယွင်ဂိုဏ်းနှင့် ချီလင်ဂိုဏ်း၏ အခြေအနေနှင့် အတူတူပင် ဖြစ်သည်။

ပြင်ပအင်အားစု၏ အကူအညီကို မရသရွေ့ အနိုင်ရဖို့ လွယ်ကူမည် မဟုတ်ပေ။

"အရှင်က လုရှင်းယွီကို စေလွှတ်ခဲ့ပေမဲ့ လုရှင်းယွီ ကျဆုံးသွားတဲ့သတင်းကို အရှင်သွေးလ မသိလောက်သေးဘူး.. ဒါကြောင့် အရှင်သွေးလက သူ့ရဲ့စစ်တပ်ကို ဦးဆောင်ပြီး ရှေးဟောင်းနဂါးကုန်းမြေကို တိုက်ခိုက်မှာ အသေအချာပဲ.. အရှင်အနေနဲ့ အခြေအနေ အပြောင်းအလဲကို စောင့်ကြည့်တာ ပိုကောင်းပါလိမ့်မယ်.. အရှင်သွေးလ ရှုံးသည်ဖြစ်စေ၊ အနိုင်ရသည်ဖြစ်စေ ကျွန်တော်တို့ ကျီယွင်ဂိုဏ်းအတွက် ဘာမှ ထိခိုက်မှာ မဟုတ်ဘူး"

အနက်ရောင်ဝတ်စုံဝတ် အကြီးအကဲက ပြုံးကာ ပြောလိုက်သည်။

သူ၏မျက်ဝန်းတွင် ထက်ရှသော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့၏။

အနက်ရောင်ဝတ်စုံဝတ် အကြီးအကဲ၏ အကြံပေးစကားကိုကြားလျှင် အရှင်ကျီယွင်သည် ခေါင်းငုံ့ကာ စဥ်းစားခန်းဝင်နေခဲ့သည်။

ဤတစ်ကြိမ်တွင် သူ၏ တပည့်ဖြစ်သည့် လုရှင်းယွီကို နယ်မြေနတ်ဘုရား အမိန့်ပြန်တမ်းနှင့်အတူ ရှေးဟောင်းနဂါးကုန်းမြေဆီ စေလွှတ်ခဲ့သည်။

ထိုအကူအညီသည် အရှင်သွေးလ အတွက် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူတစ်ယောက်ကို စေလွှတ်လိုက်သည်နှင့် မခြားပေ။

ယခု နောက်ထပ် ကောင်းကင်နတ်ဘုရားဆဋ္ဌမအဆင့် ကျင့်ကြံသူတစ်ယောက်ကို ထပ်မံ စေလွှတ်မည်ဆိုလျှင် သိပ်အဓိပ္ပါယ်ရှိမည် မဟုတ်တော့ချေ။

ဆန့်ကျင်ဘက်အနေဖြင့် ကျီယွင်ဂိုဏ်း အတွက် အန္တရာယ်ပင်ဖြစ်စေနိုင်၏။

ထို့ကြောင့် သူတို့အတွက် အကောင်းဆုံးနည်းလမ်းမှာ အခြေအနေ အပြောင်းအလဲကို စောင့်ကြည့်ခြင်းပင်။

အရှင်သွေးလသာ သွေးလမင်းကုန်းမြေကို ဦးဆောင်ပြီး ရှေးဟောင်းနဂါး ကုန်းမြေကို အနိုင်ယူနိုင်ခဲ့လျှင် ချီလင်ဂိုဏ်းကို ရင်ဆိုင်ရာတွင် လွယ်ကူသွားလိမ့်မည် ဖြစ်သည်။

သို့ရာတွင် ရှေးဟောင်းနဂါးကုန်းမြေက သွေးလမင်းကုန်းမြေကို အနိုင်ယူပြီး အရှင်သွေးလကို ကျီယွင်ဂိုဏ်းအား အကူအညီပေးရန် တွန်းအားပေးနိုင်ခဲ့လျှင် ပို၍ ကောင်းမွန်သည် မဟုတ်ပါလား။

"ကောင်းပြီ.. ငါတို့ကျီယွင်ဂိုဏ်းက သွေးလမင်းကုန်းမြေနဲ့ ‌ရှေးဟောင်းနဂါးကုန်းမြေကြားမှာ ယာယီ ဝင်မစွက်ဖက်တော့ဘူး"

အရှင်ကျီယွင်၏ မျက်ဝန်းများက အနည်းငယ် တဖျပ်ဖျပ်လက်သွားခဲ့သည်။

"ရှေးဟောင်းနဂါးကုန်းမြေနဲ့ သွေးလမင်းကုန်းမြေရဲ့ လှုပ်ရှားမှုတွေကို လူလွှတ်ပြီး အနီးကပ် စောင့်ကြည့်ထားပါ.. သတင်းထူးတာနဲ့ ချက်ချင်း အစီအရင်ခံဖို့လုပ်ပါ"

တစ်ချိန်တည်းမှာပင် သွေးလမင်းကုန်းမြေ၏ အလယ်ဗဟိုတွင် သွေးလကဲ့သို့ လျှို့ဝှက်ဆန်းကြယ်သော နန်းတော်တစ်ခု တည်ရှိနေခဲ့သည်။

ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူ ၁၀၀ကျော်သည် သွေးလမင်းကုန်းမြေ၏ အပြင်ဘက်ရှိ လေထုထဲတွင် စုရုံး၍ ရှိနေကြသည်။

ကောင်ကင်နတ်ဘုရားအဆင့် ကျင့်ကြံသူများ၏ ရှေ့တွင်မူ သွေးရောင် အရှိန်အဝါများ လွှမ်းခြုံနေသည့် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူတစ်ယောက်သည် ဝင့်ကြွားစွာ ရပ်နေခဲ့၏။

ထိုသွေးရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူသည် တခြားသူ မဟုတ်ပေ။ အရှင်သွေးလပင် ဖြစ်သည်။

ကျီလင်နယ်မြေကနေ ရွှယ်ယင် ပြန်ရောက်ပြီးနောက်တွင် အရှင်သွေးလသည် ရှေးဟောင်းနဂါး ကုန်းမြေကို နောက်ထပ်နယ်မြေစစ်ပွဲတစ်ပွဲ ဆင်နွှဲရန် သွေးလမင်းကုန်းမြေမှ ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူများကို ချက်ချင်းဆိုသလို ဆင့်ခေါ်ခဲ့သည်။

အရှင်သွေးလက သူ၏လက်အောက်ခံ ကောင်းကင်နတ်ဘုရားများစွာကို ဝေ့ကြည့်လိုက်ပြီးနောက်တွင် အေးစက်စက် ပြောလိုက်သည်။

သူ၏အသံက ကမ္ဘာတစ်ဝန်းလုံးကို ပဲ့တင်ထပ်သွားခဲ့၏။

"ကျီလင်နယ်မြေက အရှင်ကျီယွင်ကို သူရဲ့နယ်မြေနတ်ဘုရားအမိန့်ပြန်တမ်းနဲ့အတူ ရှေးဟောင်းနဂါး ကုန်းမြေရဲ့ မြောက်ပိုင်းဒေသကို စေလွှတ်လိုက်ပြီ.. ဒီတစ်ကြိမ် စစ်ပွဲက ငါတို့အတွက် ရှေးဟောင်းနဂါးကုန်းမြေကို အနိုင်ယူဖို့ အကောင်းဆုံးအချိန်အခါပဲ.. အားလုံးပဲ ‌ရှေးဟောင်းနဂါးကုန်းမြေကို ဝင်ရောက်ပြီး ရှေးဟောင်းနဂါး မျိုးနွယ်စုကို သုတ်သင်ကြစို့"

သူ၏အေးစက်စက်စကားသံ အဆုံးသတ်သည်နှင့် အရှင်သွေးလသည် ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူများကို ဦးဆောင်ကာ ရှေးဟောင်းနဂါးကုန်းမြေ ဆီသို့ ချီတက်လာခဲ့သည်။

အခန်း(၁၇၀၄) ပြီး၏။

All Chapters