← Chapters

အခန်း (၁၇၀၈-၁၇၁၀)

Vol. 114 Ch. 1708-1710

အခန်း (၁၇၀၈-၁၇၁၀)

Vol. 114 Ch. 1708-1710

အခန်း(၁၇၀၈)

"အရှင်သွေးလ.. ငါရှိနေသရွေ့ မင်း ကျန်းချန်ရဲ့ ဆံချည်တစ်မျှင်ကိုတောင် ထိခိုက်အောင် မလုပ်နိုင်စေရဘူး"

အရှင်သွေးလဆီမှ ပေါက်ကွဲထွက်လာသည့် ကြောက်မက်ဖွယ်သတ်ဖြတ်လိုစိတ်ကို နယ်‌မြေနတ်ဘုရားအဆင့် ကျင့်ကြံသူ ဖြစ်သည့် အရှင်ကုလုံသည် ကောင်းစွာ ခံစားမိခဲ့သည်။

သူက ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး အရှင်သွေးလကို အလွှတ်မပေးဘဲ စောင့်ကြည့်နေခဲ့သည်။

အရှင်သွေးလသာ ကျန်းချန်ကို တိုက်ခိုက်မည်ဆိုလျှင် သူကတွေဝေခြင်းရှိမနေဘဲ ချက်ချင်း တိုက်ခိုက်လိမ့်မည် ဖြစ်သည်။

အရှင်ကုလုံသည် အရှင်သွေးလကို စောင့်ကြည့်နေရင်သူ၏ စိတ်နှလုံးထဲတွင် ကျန်းချန်နှင့် ပတ်သက်၍ အံ့အားသင့်နေခဲ့သည်။

ဤတစ်ကြိမ်တွင်လည်း ကျန်းချန်က သူ့ကို အံ့အားသင့်အောင်လုပ်နိုင်မည်ဟု မျှော်လင့်ခဲ့သော်လည်း ကျန်းချန်က ကောင်းကင်နတ်ဘုရား တတိယအဆင့်ကို ၂နှစ် အတွင်း ထိုးဖောက်သွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

သူသိထားသလောက် ဆိုလျှင် ကျန်းချန်သည် အဂ္ဂိရတ်ပညာရပ်ကို မြှင့်တင်ရန်အတွက် အဂ္ဂိရတ်ခန်းမ အတွင်း နှစ်နှစ်ကြာ‌အောင် ရှိနေခဲ့ခြင်း ဖြစ်သည်။

ထိုသို့ရှိနေသည့်တိုင် ကျန်းချန်သည် ကောင်းကင်နတ်ဘုရား ဒုတိယအဆင့်ကနေ တတိယအဆင့်ကို ထိုးဖောက်သွားခဲ့သေး၏။

ဆိုရလျှင် အနှိုင်းမဲ့နတ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော ပါရမီရှင် တစ်ယောက်ကို သာမန်အတွေးဖြင့် ကန့်သတ်၍မရပေ။

ကျန်းချန်၏ လက်ရှိ တိုက်ခိုက်ရေးစွမ်းရည်ဖြင့် ဆိုလျှင် ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် ကျင့်ကြံသူကိုပင် တစ်ကွက်ထဲဖြင့် သတ်ဖြတ်နိုင်စွမ်း ရှိနေခဲ့သည်။

အရှင်ကုလုံက စောင့်ကြည့်နေသဖြင့် အရှင်သွေးလသည် ကျန်းချန်ကို တိုက်ခိုက်ရန် အခွင့်အရေးမယူနိုင် ဖြစ်နေခဲ့၏။

"ဟမ့်.. ကုလုံ.. မင်းသိပ်ပျော်မနေနဲ့ ငါကိုယ်တိုင် မလှုပ်ရှားရင်တောင် ဒီနေ့ ဒီကောင်လေးက မုချသေရမှာပဲ "

အရှင်သွေးလက မဲ့ပြုံးပြုံးကာ ပြောလိုက်သည်။

ထို့နောက်တွင် သူ၏ အေးစက်စက်အသံသည် ပတ်၀န်းကျင်တစ်ခွင် တိုက်ရိုက် ပျံ့နှံ့သွားခဲ့သည်။

"သွေးလမင်းကုန်းမြေက ကောင်းကင်နတ်ဘုရားတွေ အားလုံး ငါ့ရဲ့အမိန့်ကို နာခံပြီး ကျန်းချန်ကို ဘယ်လိုနည်းနဲ့မ‌ဆို သတ်ဖြတ်ပစ်ရမယ်.. ကျန်းချန်ကို သတ်ဖြတ်နိုင်ရင် ဘယ်လိုတောင်းဆိုမှုကိုမဆို ငါက ဖြည့်ဆည်းပေးမယ်"

အရှင်သွေးလထံမှ အမိန့်ကို ရသည်နှင့် သွေးလမင်းကုန်းမြေမှ ကောင်းကင်နတ်ဘုရားများ၏ အကြည့်အားလုံးသည် ကျန်းချန်ဆီသို့ ဦးတည်သွားခဲ့သည်။

"အားလုံးပဲ ဒီကောင်ကို ဝိုင်းပြီး တိုက်ခိုက်ကြရအောင်"

ခဏအကြာမှာပင် တစ်စုံတစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

သွေးလမင်းကုန်းမြေမှ ကောင်းကင်နတ်ဘုရား တတိယအဆင့် အကြီးအကဲတစ်ဦးသည် ကောင်းကင်နတ်ဘုရားပထမအဆင့် ဆယ်ယောက်ကျော်ကို ဦးဆောင်ကာ ကျန်းချန်ကို တိုက်ခိုက်ရန် ပြေး၀င်လာခဲ့သည်။

"ပုရွက်ဆိတ်လို တည်ရှိမှုလေးတွေကများ ငါ့ကို တိုက်ခိုက်ရဲတယ်လား"

ကျန်ချန်၏အမူအရာက အေးဆေးတည်ငြိမ်နေခဲ့သည်။

သူက လက်တစ်ဖက်ကို ဆန့်ထုတ်ကာ ပေါ့ပါးစွာ လှုပ်ရှားလိုက်သည်နှင့် ပေ၁၀၀ အကွာတွင်ရှိသည့် ကောင်းကင်နတ်ဘုရား ဆယ်ယောက်ကျော်၏ ပုံရိပ်များသည် ရုတ်တရက် တောင့်တင်းသွားခဲ့သည်။

နောက်ထပ် တစ်ခဏတွင် ကျန်းချန်သည် သူ၏လက်ညှိုးကို လေထဲတွင် ဆယ်ကြိမ်ခန့် လှုပ်ရှားလိုက်သည်။

တစ်ချိန်ထဲမှာပင် မမြင်နိုင်သော ဓားစွမ်းအင်များသည် အချိန်နှင့် နေရာလွတ်ကို ဖြတ်ကျော်ကာ ကောင်းကင်နတ်ဘုရား ဆယ်ယောက်ကျော်၏ ရှေ့တွင် ပေါ်လာခဲ့ပြီး ၎င်းတို့၏ နဖူးအလယ်ကို ဖောက်၀င်သွားခဲ့၏။

"ဝုန်း.. ဝုန်း.. ဝုန်း.."

ကျယ်လောင်သော ပေါက်ကွယ်သံများ ဆက်တိုက်ဆိုသလိုထွက်ပေါ်လာခဲ့ပြီး ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူ ဆယ်ယောက်ကျော်၏ ဦးခေါင်းများသည် ချက်ချင်းဆိုသလိုပင် ပေါက်ကွဲထွက်သွားခဲ့သည်။

ဤသို့ဖြင့် ကောင်းကင်နတ်ဘုရား ဆယ်ယောက်ကျော်သည် ခေါင်းပြတ်အလောင်းများ အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ၎င်းတို့၏ ဝိညာဉ်လျှင်ပင် ဓားစွမ်းအင်ကြောင့် လုံး၀ ပျက်သုဥ်းသွားခဲ့သည်။

"တစ်ကွက်ထဲနဲ့ ကောင်းကင်နတ်ဘုရား ဆယ်ပါးကို သတ်ဖြတ်ခဲ့တယ်လား"

ထိုမြင်ကွင်းကိုကြည့်ကာ ကျန်းချန်ကို တိုက်ခိုက်ရန် အသင့်ပြင်နေကြသော သွေးလမင်းကုန်းမြေမှ ကောင်းကင်နတ်ဘုရား အများအပြားသည် ထိတ်လန့်သွားခဲ့ကြပြီး ကျန်းချန်အနားသို့ မချဉ်းကပ်ဝံ့ကြတော့ပေ။

သူတို့၏ ရှေ့တွင် ရှိနေသည့် ကောင်​လေး၏ တိုက်ခိုက်ရေးစွမ်းရည်သည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းနေခဲ့၏။

ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် ကျင့်ကြံသူပင်လျှင် ထိုကောင်လေး၏ အရှေ့တွင် ပုရွက်ဆိတ်နှင့် ခြားနားနေမည် မဟုတ်ပေ။

"ကောင်လေး.. မင်းက ဘယ်ဆိုးလို့လဲ "

အားလုံးက သူတို့ရှေ့မှ မြင်ကွင်းကြောင့် ထိတ်လန့်နေ‌သော အချိန်မှာပင် ခပ်ထေ့ထေ့ ရေရွတ်လိုက်သော အသံတစ်သံသည် ရုတ်တရက် ပဲ့တင်ထပ်လာခဲ့သည်။

မကြာမီမှာပင် ခရမ်းရောင်၀တ်စုံကို ၀တ်ဆင်ထားသော ပိန်ပါးပါး အဘိုးအိုတစ်ဦး သည် ကျန်းချန်အရှေ့ရှိ လေထုထဲတွင် ပေါ်လာခဲ့ပြီး ကျန်းချန်ကို အရှိန်အဝါဖြင့် ဖိနှိပ်လိုက်သည်။

ကျန်းချန်က မျက်မှောင်ကြုတ်သွားခဲ့ပြီး ချက်ချင်းဆိုသလိုပင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ အရှိန်အဝါများကို အဆုံးစွန်ထိ မြှင့်တင်ကာ အဘိုးအို၏ အရှိန်အဝါနှင့် ရင်ဆိုင်လိုက်၏။

"ဝုန်း…"

ကြေက်မက်ဖွယ်ရာကောင်းသော ဖျတ်‌ဆီးခြင်း စွမ်းအင် လှိုင်းလုံးများသည် သူတို့နှစ်ဦးကို ဗဟိုပြုကာ ကောင်းကင်ယံတွင် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။

ထိုကြောက်မက်ဖွယ်ရာ ကောင်းသော အဖျက်စွမ်းအင်‌​လေ လှိုင်း၏ ထ်ိုးနှက်မှုအောက်တွင် ကျန်းချန်၏ ခန္ဓာကိုယ်သည် အနည်းငယ် တုန်ယင်သွားခဲ့ပြီး လေထဲတွင် ခြေဆယ်လှမ်းကျော်ခန့် နောက်ဆုတ်လိုက်ရ၏။

ဤအချိန်တွင် ပိန်ပိန်ပါးပါး အဘိုးအိုကို ကြည့်နေသည့် သူ၏ မျက်၀န်းထဲတွင် လေးနက်သော အမူအရာ ရှိနေခဲ့သည်။

သူရှေ့မှ အဘိုးအိုသည် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူဖြစ်ပြီး နယ်မြေနတ်ဘုရားအဆင့်ကို ခြေလှမ်းတစ်လှမ်း လှမ်းထားသူဖြစ်သည့် ခြေလှမ်းတစ်၀က် နယ်မြေနတ်ဘုရား ဖြစ်သည်မှာ ထင်ရှားနေခဲ့သည်။

"ကျန်းချန် သတိထား.. ဒီအဘိုးအိုက သွေးလမင်းကုန်းမြေရဲ့ အကြီးအကဲချုပ် နှစ်ဦးထဲက တစ်ဦးဖြစ်တဲ့ သွေးအဆိပ်အဘိုးအိုပဲ.. သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က ကောင်းကင်နတ်ဘုရားဆဋ္ဌမအဆင့်ကို ရောက်ရှိနေပြီး ကောင်းကင်နတ်ဘုရားဆဋ္ဌမ အဆင့် ကျင့်ကြံသူ အများစုထက် ပိုအစွမ်းထက်တယ်"

ထိုအချိန်မှာပင် လုံကျန့်ရှင်း၏ စိုးရိမ်ပူပန်သော အသံသည် ထွက်ပေါ်လာခဲ့သည်။

သွေးအဆိပ်အဘိုးအိုသည် ခုလေးတင် သူနှင့် တိုက်ခိုက်နေသော ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူ နှစ်ယောက်ထဲမှ တစ်ယောက် ဖြစ်၏။

လက်ရှိတွင် သူသည်လည်း ကျန်ရှိသည့် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူနှင့် ရင်ဆိုင်နေရသဖြင့် သွေးအဆိပ် အဘိုးအိုက ကျန်းချန်အား တိုက်ခိုက်လိုက်သည်ကို သူ့အနေဖြင့် တားဆီးနိုင်စွမ်း ရှိမနေခဲ့ပေ။

ယခုအခါတွင် အရာအားလုံးသည် ကျန်းချန်၏ အပေါ်တွင် မူတည်နေခဲ့ပြီ ဖြစ်သည်။

ကျန်းချန်သာ သွေးအဆိပ် အဘိုးအိုကို တားဆီးနိုင်လျှင် စစ်ပွဲ၏ အခြေအနေကို တည်ငြိမ်အောင် လုပ်ဆောင်နိုင်မည်ဖြစ်ပြီး ဖန်းလုံခံတပ်ကို အသုံးပြုကာ သွေးလမင်းကုန်းမြေ၏ တိုက်ခိုက်မှုကို ပိတ်ဆို့နိုင်မည် ဖြစ်သည်။

ကျန်းချန် ရှုံးနိမ့်သွားလျှင်မူ ဤတစ်ကြိမ် စစ်ပွဲတွင် သူတို့ဘက်မှ အရေးနိမ့်မည်မှာ သေချာသလောက်ပင်။

"ကျန်းချန်.. မင်းကို အရှင်သွေးလက သွေးလမင်းကုန်းမြေရဲ့ ကြောက်စရာ အကောင်းဆုံးရန်သူ ဖြစ်လာလိမ့်မယ်လို့ ပြောခဲ့တုန်းက ငါမယုံကြည်ခဲ့ဘူး.. ဒါပေမဲ့ အခုတော့ ငါယုံကြည်ရတော့မယ်.. ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့ သေဆုံးဖို့အတွက် မင်းမှာကံကြမ္မာ ပါနေခဲ့ပြီ "

သွေးအဆိပ်အဘိုးအိုက ကျန်းချန်ကို လူသေတစ်ယောက်အား ကြည့်နေသလို အေးစက်စက် ကြည့်နေခဲ့သည်။

"မင်းက ကောင်းကင်နတ်ဘုရား တတိယအဆင့်လောက်နဲ့ ငါ့လို အကြီးကဲချုပ်ကို ကိုယ်တိုင် ဖြေရှင်းဖို့ ဖိအားပေးနိုင်ခဲ့တယ်‌ဆိုတော့ မင်းကိုယ်မင်း ဂုဏ်ယူစွာနဲ့ သေလို့ရပြီ "

"ဟားဟား မင်းက ငါ့ကို သတ်မယ်ဟုတ်လား.. မင်းက ဆဋ္ဌမအဆင့် ကောင်းကင်နတ်ဘုရားဆိုရင်တောင် ငါ့ကို ဘာလုပ်နိုင်မှာမို့လဲ"

ယနေ့တွင် ကျန်းချန်သည် ဆဋ္ဌမအဆင့် ကောင်းကင်နတ်ဘုရား၏ စွမ်းအားကို အမှန်တကယ် မြင်တွေ့ချင်နေခဲ့သည်။

သူက ခပ်ထေ့ထေ့ ရယ်မောကာ ပြောဆိုလိုက်ပြီး နောက်တွင် နတ်ခန္ဓာပုံရိပ်ကို ထုတ်ဖော်လိုက်ရာ သူ၏ ကျောဘက်တွင် အလွန်တရာ တောက်ပသော ရွှေရောင်ဓားပုံရိပ် တစ်ခုသည် လေထုထဲတွင် ထွက်ပေါ်လာခဲ့သည်။

ထိုရွှေရောင်ဓားပုံရိပ်သည် နေနှင့်လကိုပင် ခုတ်ပိုင်းရန်လုံ‌လောက်သော စွမ်းအား ရှိပုံရ၏။

"ပိုင်းဖြတ်စမ်း "

ကျန်းချန်က ရွှေရောင်ဓားပုံရိပ်ကို ထိန်းချုပ်လိုက်ပြီး သွေးအဆိပ်အဘိုးအိုကို ခုတ်ပိုင်းလိုက်သည်။

ကျန်းချန်က ဓားဖြင့် ခုတ်ပိုင်းလိုက်သော အချိန်တွင် ဓားအလင်း ဖြတ်သန်းသွားသော နေရာရှိ လေထုသည် ပေါက်ကွဲသွားခဲ့ပြီး အဆုံးမဲ့ ရွှေရောင်ဓားစွမ်းအင်များသည် ပျံ့နှံ့သွားခဲ့သည်။

ထိုရွှေရောင်ဓားစွမ်းအင်သည် နေမင်းကိုပင် လုံး၀ လွမ်းခြုံသွားခဲ့သည်။

ကျန်းချန်၏ တိုက်ခိုက်မှုက အလွန်တရာပင် ကြောက်မက်ဖွယ်ရာကောင်းသော်လည်း သွေးအဆိပ် အဘိုးအိုသည် တည်တည်ငြိမ်ငြိမ်ပင် ရှိနေခဲ့သည်။

"မင်းရဲ့ နတ်ခန္ဓာပုံရိပ်က ဒီအဆင့်ထိတောင် ရောက်နေပြီ ဆိုတော့ ဘယ်ဆိုးလို့လဲ.. မင်းရဲ့ကျင့်ကြံမှု အဆင့်က ဒီထက်တစ်ဆင့် ဒါမှမဟုတ် နှစ်ဆင့် ပိုမြင့်မယ်ဆိုရင် ငါမင်းကို ကြောက်ရွံ့ကောင်း ကြောက်ရွံ့ရလိမ့်မယ်.. ဒါပေမဲ့ မင်းရဲ့ လက်ရှိ ကျင့်ကြံမှုအဆင့်နဲ့တော့ ငါ့ကို ထိခိုက်နိုင်‌အောင် တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး"

သွေးအရိပ်အဘိုးအိုက ကျန်းချန်၏ ဓားချက်ကို အေးစက်စက် ကြည့်ကာ မလှုပ်မယှက် ရပ်နေခဲ့သည်။

ရွှေရောင်ဓားအလင်းက သူ၏ ခန္ဓာကိုယ်နှင့် ပေ၁၀၀အောက် အကွာသို့ ရောက်လာသောအခါတွင် သူ၏ ခန္ဓာကိုယ်ကနေသွေးရောင်နှင်းမှုန်များသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

တစ်ခဏအတွင်းမှာပင် ရွှေရောင်ဓားအလင်းသည် သွေးရောင်နှင်းမှုန်များ အောက်၌ အစအနပင်မကျန်ရှိအောင် ပျောက်ကွယ်သွားခဲ့သည်။

ထိုအဘိုးအိုကို သွေးအဆိပ် အဘိုးအိုဟု ခေါ်ဆိုကြသည်မှာ အံ့ဩစရာမရှိတော့ပေ။

အဘယ်ကြောင့်ဆိုသော် သူ၏ လမ်းစဉ်မှာ အဆိပ်လမ်းစဉ်ဖြစ်နေသောကြောင့်ပင်။

ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် ကျန်းချန်သည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။

နတ်ခန္ဓာပုံရိပ်၏ စွမ်းအား အပြည့်အ၀ဖြင့် ထုတ်ဖော်လိုက်သော ဓားချက်သည် ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် ကျင့်ကြံသူကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်သော်လည်း သူ့ရှေ့မှ အဘိုးအိုသည် အေးအေးဆေးဆေးပင် ချေဖျက်ပစ်ခဲ့သည်။

ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့်သည် နယ်မြေနတ်ဘုရားအဆင့်နှင့် နီးကပ်နေပြီ ဖြစ်၍ အမှန်တကယ်ကိုပင် ထူးခြားလှ၏။

သွေးအဆိပ် အဘိုးအိုက ကျန်းချန်၏ တိုက်ခိုက်မှုကို အလွယ်တကူ ‌ချေဖျက်လိုက်ပြီး နောက်တွင် ‌ကျန်းချန်ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။

ထို့နောက်တွင် သူ၏ ကြုံးဝါးသံသည် ကမ္ဘာတစ်ဝှမ်းလုံးတွင် ပဲ့တင်ထပ်သွားခဲ့၏။

"ပိုးဖလံလေးက မီးဘယ်လောက်ပူလဲ ဆိုတာ နားမလည်မှတော့ ဒီအကြီးအကဲက ကောင်းကင်နတ်ဘုရားကမ္ဘာကို ပြသရသေးတာပေါ့"

အခန်း(၁၇၀၈)ပြီး၏။

အခန်း(၁၇၀၉)

"ဝုန်း.."

သွေးအဆိပ်အဘိုးအို၏ အေးစက်စက်စကားသံ အဆုံးသတ်သည်နှင့် တစ်ပြိုင်နက် ပေရာပေါင်းများစွာ အချင်းဝက်အတွင်းတွင်ရှိသည့် လေထုသည် ချက်ချင်းဆိုသလိုပင် မြူခိုးများနှင့် ပြည့်နှက်နေသော သွေးရောင်ကမ္ဘာကြီး အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ကျန်းချန်က ထိုသွေးရောင် ကမ္ဘာကြီးထဲတွင် ရှိနေပြီး ထိုသွေးရောင်ကမ္ဘာကြီး တစ်ခုလုံးသည် အလွန်တရာ ကြောက်စရာကောင်းသော အဆိပ်ငွေ့များဖြင့် လွှမ်းခြုံထားသည်ကို ခံစားမိလိုက်သည်။

ဤအဆိပ်ငွေ့များသည် အလွန်တရာပင် အားကောင်းသော တိုက်စားနိုင်စွမ်း ရှိ၏။

ကျန်းချန်၏ လက်ရှိစွမ်းရည်ဖြင့်ပင် ထိုအဆိပ်ငွေ့၏ စွမ်းအားကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

သူသာ ဤကမ္ဘာထဲတွင် အချိန်ကြာကြာ ရှိနေမည်ဆိုလျှင် သွေးအဆိပ်အဘိုးအိုသည် သူ့ကို တိုက်ခိုက်စရာပင် မလိုအပ်ဘဲ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် တစ်ခါတည်း သွေးအရည်အဖြစ်သို့ ပြောင်းလဲသွားလိမ့်မည် ဖြစ်သည်။

ကျန်းချန်၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းတစ်ခု လင်းလက်လာခဲ့၏။

သူက တုံ့ဆိုင်းမနေတော့ဘဲ သူ၏ ခွန်အားကို အပြည့်အဝထုတ်ဖော်ကာ သွေးအဆိပ်အဘိုးအို၏ ကောင်းကင်နတ်ဘုရားကမ္ဘာကို အမြန်ဆုံး ချိုးဖျက်ပစ်ရန် ဆုံးဖြတ်လိုက်သည်။

သို့သော်လည်း သူ စတင်တိုက်ခိုက်တော့မည့် အချိန်မှာပင် သူ၏ ကျောပေါ်တွင် အမြဲတစေ သယ်ဆောင်ထားသည့် အသက်သစ်ကိုင်းက‌နေ မမြင်နိုင်သော စွမ်းအားတစ်ခုကို ထုတ်လွှတ်လိုက်၏။

ထိုအခါ‌ သွေးအဆိပ်အဘိုးအို၏ ကောင်းကင်နတ်ဘုရား ကမ္ဘာမှ မြူခိုးအဆိပ်များသည် အသက်သစ်ကိုင်း၏ စွမ်းအားနှင့် ထိတွေ့ပြီးနောက်တွင် ချက်ချင်းဆိုသလို သန့်စင်သွားသည်ကို သူ သတိပြုမိလိုက်သည်။

"အသက်သစ်ပင်က မဟာသစ်ပင်သုံးပင်ထဲက တစ်ပင်ဆိုတော့ အဆိပ်တွေကို ခုခံနိုင်စွမ်းရှိနေတဲ့ပုံပဲ"

ထိုမြင်ကွင်းကိုမြင်လျှင် ကျန်းချန်သည် စိတ်နှလုံးထဲကနေ တအံ့တသြ ရေရွတ်မိလိုက်သည်။

အသက်သစ်ကိုင်းဖြင့်သာ ဆိုလျှင် သွေးအဆိပ် အဘိုးအို၏ အစွမ်းအထက်ဆုံး ဖြစ်သည့် အဆိပ်လမ်းစဥ်သည် သူ့အတွက် ခြိမ်းခြောက်မှု မဖြစ်စေနိုင်တော့ပေ။

ဤအတိုင်းသာဆိုလျှင် သွေးအဆိပ်အဘိုးအိုသည် သူ့အတွက် အန္တရာယ်သိပ်မရှိတော့ချေ။

ကောင်းကင်နတ်ဘုရားကမ္ဘာကို ထုတ်ဖော်ခြင်းသည် ကောင်းကင်နတ်ဘုရားများ အတွက် အင်အားများစွာကို ကုန်ဆုံးစေသည်။

ယခု သွေးအဆိပ်အဘိုးအို၏ ကောင်းကင်နတ်ဘုရား ကမ္ဘာမှ အဆိပ်ငွေ့များက သူ့ကို ခြိမ်းခြောက်မှု မဖြစ်စေတော့ရာ ဤနေရာတွင်နေပြီး သွေးအဆိပ်အဘိုးအို၏ စွမ်းအားကို ကုန်ဆုံးအောင်လုပ်သည်က ပိုမိုကောင်းမွန်သည် မဟုတ်ပါလော။

ထိုသို့ တွေးမိပြီးနောက်တွင် ကျန်းချန်သည် ညစ်ကျယ်ကျယ်ပြုံးလိုက်သည်။

နောက်ထပ် တစ်ခဏတွင် ကျန်းချန်သည် တုန်လှုပ်ခြောက်ခြားသော အမူအရာဖြင့် ဒူးထောက် ထိုင်ချလိုက်ပြီး သူ၏ ခွန်အားကို အစွမ်းကုန် ထုတ်ဖော်ကာ သွေးအဆိပ်မြူခိုးများအား တွန်းလှန်နေရသလို ဟန်ဆောင်လိုက်သည်။

"ဟားဟား ‌ကောင်လေး.. အားအင်အကုန်ခံပြီး ရုန်းကန်နေလဲအပိုပဲ.. ငါ့ရဲ့ ကောင်းကင်နတ်ဘုရားကမ္ဘာထဲမှာ မင်းဘယ်လောက်ကြာကြာခံနိုင်ရည်ရှိမလဲ ဆိုတာ ကြည့်ရသေးတာပေါ့"

ထိုမြင်ကွင်းကိုမြင်လျှင် သွေးအဆိပ်အဘိုးအိုသည် လှောင်ပြုံး ပြုံးကာ ပြောလိုက်သည်။

ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် စွမ်းအားဖြင့် ထုတ်ဖော်ထားသည့် ကောင်းကင်နတ်ဘုရားကမ္ဘာသည် အလွန်တရာပင် အားကောင်းသည်။

ထို့အပြင် သွေးအဆိပ် အဘိုးအိုသည် ဤနှစ်များ အတွင်း အဆိပ်လမ်းစဥ်ကို အထူးပြုကာ ပိုမို၍ ကျင့်ကြံခဲ့သည်။

ထို့ကြောင့် သူ၏ ကောင်းကင်နတ်ဘုရား ကမ္ဘာတွင် ကြောက်မက်ဖွယ်ရာ ကောင်းသော အဆိပ်များ မွေးဖွားလာခဲ့၏။

အဆင့်တူဖြစ်သည့် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူ ပင်လျှင် သူ၏အဆိပ်ကို ခုခံနိုင်မည်မဟုတ်ဘဲ သူ၏ ကောင်းကင်နတ်ဘုရားကမ္ဘာကို အတင်းချိုးဖျက်ရုံကလွဲလျှင် တခြားသော နည်းလမ်းမရှိပေ။

ဆိုရလျှင် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူ တစ်ယောက်သည် သူ၏ ကောင်းကင်နတ်ဘုရားကမ္ဘာ ထဲတွင် အချိန်အတော်ကြာ ရှိနေခဲ့လျှင် သူ့ကို အနိုင်ယူရန် မဖြစ်နိုင်တော့ချေ။

ထို့ကြောင့် ကျန်းချန်က သူ၏ ကောင်းကင်နတ်ဘုရား ကမ္ဘာထဲတွင် အဆိပ်ငွေ့များကို ခုခံနေခြင်းသည် သေခြင်းတရားကို ထိုင်စောင့်နေသည်နှင့် မခြားပေ။

"သွားပြီ.. ငါ ကျန်းချန်ကို သွေးအဆိပ်အဘိုးအိုရဲ့ အဆိပ်ငွေ့ကို ရင်မဆိုင်ဖို့ မမှာမိလိုက်ဘူး"

ထိုအချိန်တွင် သွေးလမင်းကုန်းမြေမှ နောက်ထပ် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူနှင့် တိုက်ခိုက်နေသော လုံကျန့်ရှင်း၏ အမူအရာသည် ချက်ချင်းဆိုသလိုပင် ပြာယာခတ်သွားခဲ့သည်။

ကျန်းချန်က တိုက်ခိုက်ရေးစွမ်းရည် ကောင်းမွန်သဖြင့် ကောင်းကင်နတ်ဘုရား ကမ္ဘာကို အစွမ်းကုန် တိုက်ခိုက်ခဲ့လျှင် သွေးအဆိပ်အဘိုးအို၏ ကောင်းကင်နတ်ဘုရား ကမ္ဘာကို ထိုးဖောက်ရန် အခွင့်အရေး ရှိနိုင်သေးသည်။

သို့သော် ယခုလို ခုခံနေလျှင်မူ အနှေးနဲ့အမြန် သေဆုံးမည်မှာ သေချာ၏။

ဤအချိန်တွင် လုံကျန့်ရှင်းသည် ကျန်းချန် အတွက် အလွန်ပင် စိုးရိမ်ပူပန်နေခဲ့သည်။

သူက ကျန်းချန်ကို အော်ဟစ် သတိပေးလိုသော်လည်း ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ဖြစ်သည့် သူ၏ အသံသည် သွေးအဆိပ်အဘိုးအို ထုတ်ဖော်ထားသည့် ကောင်းကင်နတ်ဘုရား ကမ္ဘာကို ဖောက်မဝင်နိုင်၍ ကျန်းချန်ကို သတိပေးရန် စွမ်းဆောင်နိုင်မည် မဟုတ်ပေ။

ဤနေရာတွင် သူမဟုတ်ဘဲ အရှင်ကုလုံ ဆိုလျှင်ပင် အရှင်သွေးလသည် ကျန်းချန်ကို သတိပေးနိုင်မည့် အခွင့်အရေးအား ပေးမည် မဟုတ်ချေ။

လက်ရှိအခြေအနေတွင် သွေးအဆိပ်အဘိုးအို၏ ကောင်းကင်နတ်ဘုရားကမ္ဘာကို ဖြိုခွင်းနိုင်မှသာလျှင် ကျန်းချန်ကို အသက်ရှင်ရန် ကူညီနိုင်လိမ့်မည် ဖြစ်သည်။

ထိုသို့ တွေးမိသည်နှင့် လုံကျန့်ရှင်း၏ မျက်ဝန်းများသည် အနည်းငယ် တဖျပ်ဖျပ်လက်သွားခဲ့သည်။

ထို့နောက်တွင် သူက ရုတ်တရက် အင်အားအပြည့်အဝကို ထုတ်ဖော်ကာ သူနှင့် တိုက်ခိုက်နေသည့် သွေးရောင်ဝတ်ရုံဝတ် အဘိုးအို နောက်ဆုတ်စေခဲ့ပြီး သွေးအဆိပ် အဘိုးအို၏ ကောင်းကင်နတ်ဘုရားကမ္ဘာကို တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။

သို့သော်လည်း လုံကျန့်ရှင်း၏လက်ချက်ကြောင့် နောက်သို့ဆုတ်သွားခဲ့ရသည့် သွေးရောင်ဝတ်ရုံဝတ် အဘိုးအိုသည် လုံကျန့်ရှင်း၏ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း သိမြင်သွားခဲ့ပြီး လုံကျန့်ရှင်း၏ အနားသို့ လျှပ်တစ်ပြက် ပြန်လည်ရောက်ရှိလာခဲ့ကာ လုံကျန့်ရှင်းကို လှုပ်ရှားရန် အခွင့်အရေး လုံးဝမပေးခဲ့ပေ။

လေထုထဲရှိ အရှင်ကုလုံသည်လည်း အောက်ဘက်မှအခြေအနေကို ကြည့်ကာ မျက်မှောင်ခပ်တင်းတင်း ကြုတ်သွားခဲ့သည်။

ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းရည်က အလွန်တရာ အားကောင်းသော်လည်း ကျင့်ကြံခြင်းအဆင့်သည် ကောင်းကင်နတ်ဘုရား တတိယအဆင့်တွင်သာ ရှိနေသေး၏။

ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် သို့မဟုတ် ပဉ္စမအဆင့်ကျင့်ကြံသူများနှင့် ရင်ဆိုင်ရလျှင်မူ ကျန်းချန်သည် အေးအေးဆေးဆေး ရင်ဆိုင်နိုင်မည် ဖြစ်သည်။

သို့သော်လည်း ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့်သည် နယ်မြေနတ်ဘုရား တစ်ပိုင်းအဆင့် ဖြစ်ရာ ကျန်းချန်အနေဖြင့် ရင်ဆိုင်ရန် မဖြစ်နိုင်သေးပေ။

သို့ရာတွင် အရှင်ကုလုံ၏ ကျန်းချန်အပေါ် နားလည်ထားသည့် အသိအမြင်အရ ထိုကောင်လေးသည် သွေးအဆိပ်အဘိုးအို၏ ကောင်းကင်နတ်ဘုရားကမ္ဘာမှ မြူခိုးများကို ခုခံနေစရာအကြောင်းမရှိပေ။

ကျန်းချန်၏ ဆုံးဖြတ်နိုင်စွမ်းအရ ဤကဲ့သို့သော ကြောက်မက်ဖွယ် အဆိပ်မြူခိုးနှင့် ရင်ဆိုင်ရလျှင် ကောင်းကင်နတ်ဘုရား ကမ္ဘာကို သေချာပေါက် ချိုးဖျက်ရန် အစွမ်းကုန် အားထုတ်လိမ့်မည် ဖြစ်သည်။

ထို့ကြောင့် သွေးအဆိပ်အဘိုးအို၏ ကမ္ဘာထဲတွင် သွေးအဆိပ်မြူခိုးများကို ခုခံရန် ရုန်းကန်နေသည်မှာ အဓိပ္ပါယ်မရှိလှပေ။

ထိုသို့ တွေးမိသည်နှင့် အရှင်ကုလုံသည် ကျန်းချန်ကို အသေအချာ အကဲခတ်ကြည့်လိုက်သည်။

ခဏအကြာမှာပင် အရှင်ကုလုံသည် ကျန်းချန်က သွေးအဆိပ်အဘိုးအို၏ ကောင်းကင်နတ်ဘုရားကမ္ဘာထဲမှ အဆိပ်ငွေ့များကို စိတ်ပျက်အားငယ်စွာ ခုခံနေပုံရသော်လည်း ဘာထိခိုက်မှုမှ မရှိသည်ကိုတွေ့ရှိခဲ့သည်။

"ဒီကောင်လေးက ဟန်ဆောင်နေတာလား"

အရှင်ကုလုံက စိတ်ထဲတွင် တအံ့တသြ ရေရွတ်လိုက်သည်။

သူ၏ မျက်ဝန်းထဲတွင် ထူးဆန်းသော အလင်းတစ်ခု ဖျတ်ခနဲလင်းလက်လာခဲ့၏။

ရှေးခေတ်အခါက နတ်ဘုရားနယ်မြေတွင် ဒဏ္ဍာရီလာ အနှိုင်းမဲ့ခန္ဓာကိုယ်ပိုင်ရှင်များ ရှိခဲ့ကြသည်။

သူ့လိုနယ်မြေနတ်ဘုရားသည်ပင်လျှင် အနှိုင်းမဲ့ နတ်ခန္ဓာကိုယ်နှင့် ပတ်သက်၍ သိပ်အများကြီးမသိပေ။

သို့သော်လည်း အနှိုင်းမဲ့ နတ်ခန္ဓာကိုယ်သည် ကောင်းကင်ဥပဒေသကိုပင် လျစ်လျူရှုနိုင်ခဲ့သည် ဖြစ်ရာ သွေးအဆိပ်အဘိုးအို၏ မြူခိုးများကို လျစ်လျူရှုရန်မှာ မဖြစ်နိုင်‌သည်တော့ မဟုတ်ပေ။

ကြည့်ရသည်မှာ ကျန်းချန်သည် သွေးအဆိပ်အဘိုးအို၏ စွမ်းအားများကို ကုန်ဆုံးသွားစေရန် အတွက် ကောင်းကင်နတ်ဘုရားကမ္ဘာထဲတွင် ဟန်ဆောင်နေပုံရသည်။

ပုံမှန်အားဖြင့် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူကို ကျန်းချန်အနေဖြင့် ထိပ်တိုက်ရင်ဆိုင်ဖို့ မလွယ်ကူပေ။

သွေးအဆိပ်အဘိုးအို၏ ခန္ဓာကိုယ်ထဲမှ ခွန်အား ၃၀ရာခိုင်နှုန်းမှ၅၀ရာခိုင်နှုန်းခန့် ကုန်ဆုံးသွားလျှင်မူ သွေးအရိပ် အဘိုးအိုသည် ကျန်းချန်ကို အနိုင်ယူရန် အခွင့်အရေးမရှိတော့ပေ။

ကျန်းချန်က ဟန်ဆောင်နေသည်ဖြစ်ရာ အရှင်သွေးလ မမြင်နိုင်ရန်အတွက် သူက အကူအညီပေးရန် ဆုံးဖြတ်လိုက်သည်။

ထို့နောက်တွင် အရှင်ကုလုံသည် တုံ့ဆိုင်းမနေတော့ပေ။

သူ၏ ပုံရိပ်သည် လျှပ်တစ်ပြက် အောက်ဘက်သို့ ရောက်ရှိသွားခဲ့သည်။

သို့သော်လည်း သူခြေလှမ်းတစ်လှမ်း လှမ်းလိုက်သော အချိန်မှာပင် အရှင်သွေးလ၏ ပုံရိပ်သည် သူ၏ နောက်သို့ ထပ်ကြပ်မကွာ လိုက်လာခဲ့ပြီး သူ့ကို ဟန့်တားလိုက်သည်။

ဤအချိန်တွင် အရှင်ကုလုံ၏ မျက်နှာအမူအရာသည် လေးနက်သွားခဲ့ပြီး သူ၏ခန္ဓာကိုယ်မှ နယ်မြေနတ်ဘုရား အရှိန်အဝါသည် ချက်ချင်းဆိုသလို ပေါက်ကွဲထွက်လာခဲ့သည်။

"သွေးလ.. ငါ့ရှေ့က ထွက်သွားစမ်း"

အရှင်ကုလုံက ကျန်းချန်အား ကယ်တင်ရန်အတွက် အလောတကြီး ဖြစ်နေသည်ကို မြင်လျှင် အရှင်သွေးလက ဟားတိုက်ကာ ရယ်မောလိုက်သည်။

"ဟားဟား ကုလုံ.. မင်းက ငါ့ရဲ့ မျက်စိအောက်မှာ ကျန်းချန်ကို ကယ်တင်ချင်နေတယ် ဆိုတော့ မင်းမှာ ဒီလို စွမ်းရည်ရှိမရှိ ကြည့်ရသေးတာပေါ့"

"သွေးလ. မင်းသွားသေလိုက်တော့"

အရှင်ကုလုံက ဒေါသတကြီး ကြုံးဝါးလိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော နယ်မြေနတ်ဘုရား စွမ်းအားကို ထုတ်ဖော်ကာ ခြေသည်းငါးခု ရွှေနဂါးအဖြစ်သို့ ပြောင်းလဲ၍ အရှင်သွေးလကို တိုက်ခိုက်လိုက်သည်။

အရှင်သွေးလကလည် အနည်းငယ်မျှပင် နောက်မဆုတ်ဘဲ အရှင်ကုလုံနှင့် လေထုထဲတွင် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။

တစ်ခဏအတွင်းမှာပင် ကောင်းကင်ယံနှင့် ကမ္ဘာတစ်ခုလုံးသည် ပျက်စီးသွားတော့မည့်နှယ် ဖြစ်သွားခဲ့သည်။

ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းသည် ကမ္ဘာပျက်တော့မည့် အလားပင်။

နယ်မြေနတ်ဘုရား၂ပါး တိုက်ခိုက်နေသော အချိန်တွင် ကျန်းချန်သည် သွေးအဆိပ်အဘိုးအို၏ ကောင်းကင်နတ်ဘုရားကမ္ဘာထဲတွင် တင်ပျဥ်ခွေ၍ ငြိမ်သက်စွာ ထိုင်နေခဲ့ပြီး အဆိပ်မြူခိုးများကြောင့် ရုန်းကုန်နေရသလို ဟန်ဆောင်နေခဲ့သည်။

အခန်း(၁၇၀၉)ပြီး၏။

အခန်း(၁၇၁၀)

"ကောင်လေး ရုန်းကန်နေလို့လည်းအပိုပဲ.. မင်းမှာအရည်အချင်း ဘယ်လောက်ပဲရှိနေပါစေ. ဒီနေ့ငါ့ရဲ့ကောင်းကင်နတ်ဘုရား ကမ္ဘာထဲမှာ မင်းသေချာပေါက် ကျဆုံးရမယ်"

သွေးအဆိပ်အဘိုးအိုက လက်နှစ်ဖက်ကို နောက်ပစ်ကာ ဝင့်ကြွားစွာရပ်နေခဲ့ပြီး သေလုမြောပါး ဖြစ်နေပုံရသည့် ကျန်းချန်ကို ကြည့်ကာ လှောင်ပြောင်လိုက်သည်။

အလွန်ဆုံး အမွှေးတိုင်တစ်တိုင်စာ အချိန်အတွင်း ထိုကောင်လေးသည် သူ၏ကောင်းကင်နတ်ဘုရားကမ္ဘာ ထဲရှိ အဆိပ်ငွေ့များအောက်တွင် သွေးအရည်အဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်ဖြစ်သည်။

သွေးအဆိပ်အဘိုးအို၏ အကြည့်အောက်မှာပင် အချိန်သည် တစ်စထက်တစ်စ တဖြည်းဖြည်းချင်း ကုန်ဆုံးသွားခဲ့သည်။

ဤသို့ဖြင့် မသိလိုက် မသိဘာသာဖြင့်ပင် အမွှေးတိုင်တစ်တိုင်စာအချိန်သည် အလျင်အမြန်ပင် ကုန်ဆုံးသွားခဲ့၏။

သို့သော်လည်း ကျန်းချန်သည် သွေးအဆိပ်အဘိုးအို မျှော်လင့်ထားသကဲ့သို့ ကောင်းကင်နတ်ဘုရားကမ္ဘာထဲတွင် သွေးအရည် အဖြစ်သို့ မ‌ပြောင်းလဲသွားသေးပေ။

ကျန်းချန်က အပေါ်ယံတွင် အဆိပ်မြူခိုးများ၏ တိုက်စားမှုအောက်၌ ရုန်းကန်နေရပုံရသော်လည်း အဆိပ်ငွေ့များစွာ ကောင်းစွာခုခံနိုင်ခဲ့ပြီး ကြီးကြီးမားမား ထိခိုက်မှု မရှိခဲ့ပေ။

"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

သွေးအဆိပ်အဘိုးအို၏ အိုမင်းသော မျက်ဝန်းထဲတွင် မယုံကြည်နိုင်လောက်အောင် အံ့သြသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

သိထားရမည့်အချက်မှာ သူ၏ ကောင်းကင်နတ်ဘုရားကမ္ဘာထဲတွင် ပါဝင်နေသည့် အဆိပ်သည် အလွန်အမင်းပြင်းထန်ပြီး ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူများပင် ခုခံရန် လွယ်ကူမည် မဟုတ်ပေ။

သူ၏ရှေ့မှ ကောင်လေးသည် ကောင်းကင်နတ်ဘုရား တတိယအဆင့်သာ ဖြစ်ရာ အဘယ်ကြောင့် ဤမျှအချိန်ကြာသည်အထိ ခံနိုင်ရည် ရှိနေရပါသနည်း။

ကောင်းကင်နတ်ဘုရားစွမ်းအားကို ကောင်းကင်နတ်ဘုရားကမ္ဘာအဖြစ်သို့ ပြောင်းလဲအသုံးပြုခြင်းသည် ခွန်အားအများအပြားကို ကုန်ဆုံးစေနိုင်စွမ်းရှိသည်။

ထို့ကြောင့် အမွှေးတိုင် တစ်တိုင်စာမျှ ကောင်းကင်နတ်ဘုရားကမ္ဘာကို ဖော်ထုတ်ပြီးနောက်တွင် သွေးအဆိပ်အဘိုးအို၏ခန္ဓာကိုယ်ထဲမှ စွမ်းအားများသည် ၃၀ ရာခိုင်နှုန်းနီးပါး ကုန်ဆုံးသွားခဲ့သည်။

အမွှေးတိုင်တစ်တိုင်စာ အချိန်သည် ကျန်းချန်ကို ရှင်းလင်းရန်အတွက် လုံလောက်သည်ထက်ပင် ပိုနေလိမ့်မည်ဟု သူ မူလက တွေးထားခဲ့သော်လည်း ကျန်းချန်က ခုခံနိုင်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

တစ်ချိန်တည်းမှာပင် ကောင်းကင်ယံအထက်တွင် တိုက်ခိုက်နေသည့် အရှင်သွေးလနှင့် အရှင်ကုလုံတို့သည် အောက်ဘက်မှ အခြေအနေကို အကဲခတ် ကြည့်နေခဲ့သည်။

ကျန်းချန်က သွေးအဆိပ်အဘိုးအို၏ ကောင်းကင်နတ်ဘုရားကမ္ဘာထဲတွင် ထိခိုက်မှု မရှိသည်ကိုမြင်လျှင် အရှင်ကုလုံ၏မျက်ဝန်းထဲမှ အပြုံးရိပ်သည် ပို၍ပင် လန်းဆန်းလာခဲ့သည်။

ဆန့်ကျင်ဘက်ရှိ အရှင်သွေးလကမူ တဖြည်းဖြည်းနှင့် ထူးဆန်းသည်ကို သတိပြုမိခဲ့ပြီး ရုတ်တရက် သူ၏စိတ်နှလုံးထဲတွင် ဆိုးရွားသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

"သွေးအဆိပ် အချိန်ဖြုန်းမနေနဲ့တော့.. ဒီကောင်လေးက အနှိုင်းမဲ့နတ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့အတွက် ကောင်းကင်ဥပဒေသတွေကို လျစ်လျူရှုနိုင်တဲ့အပြင် အဆိပ်မှန်သမျှကိုလည်း ခုခံနိုင်စွမ်းရှိတယ်.. သူက မင်းရဲ့ ခွန်အားကို ရည်ရွယ်ချက်ရှိရှိ ကုန်ဆုံးအောင် လုပ်နေတာပဲ"

အရှင်သွေးလက သွေးအဆိပ်အဘိုးအိုကို လှမ်း၍ သတိပေးလိုက်သည်။

အရှင်သွေးလ၏ စကားကိုကြားလျှင် သွေးအဆိပ်အဘိုးအို၏ မျက်နှာသည် ချက်ချင်းဆိုသလိုပင် အကျည်းတန်သွားခဲ့၏။

သူက ထိုကောင်လေး၏ လှည့်စားခြင်းကို ခံလိုက်ရချေပြီ။

ထိုကောင်လေးသည် သူ၏ ကောင်းကင်နတ်ဘုရားကမ္ဘာထဲမှ အဆိပ်မြူခိုးများကို ခံနိုင်ရည် မရှိချင်ယောင် ဆောင်နေခဲ့သော်လည်း တကယ်တမ်းတွင် ထိခိုက်မှုမရှိခဲ့ပေ၊။

သူ၏ ပေါ့ဆမှုကြောင့် ထိုကောင်လေးသည် သူ၏ ခွန်အား ၃၀ ရာခိုင်နှုန်းကို အလဟဿ ကုန်ခမ်းသွားစေခဲ့သည်။

ဤကောင်လေးသာ တကယ်ပဲ အဆိပ်ကို ခံနိုင်ရည်ရှိသည် ဆိုလျှင် သူ၏ ကောင်းကင်နတ်ဘုရားကမ္ဘာထဲမှ အဆိပ်မြူခိုးများသည် ထိုကောင်လေးကို မည်သို့မှ ထိခိုက်စေနိုင်တော့မည်မဟုတ်ပေ။

"ကောင်းတယ် သိပ်ကောင်းတယ်.. ကျန်းချန် ငါမင်းကို အထင်သေးမိသွားခဲ့တယ်.. မင်းက အဆိပ်တွေကို ခံနိုင်ရည်ရှိနေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး.. ဒါပေမဲ့ ဒီလိုဆိုရင်တောင် မင်းဒီနေ့ လွတ်မြောက်နိုင်မှာမဟုတ်ဘူး"

သွေးအဆိပ်အဘိုးအိုက ဒေါသအိုး ပေါက်ကွဲကာ အော်ဟစ်လိုက်သည်။

တစ်ချိန်တည်းမှာပင် သူ၏ကောင်းကင်နတ်ဘုရား ကမ္ဘာထဲတွင် မိုးကြိုးတိမ်တိုက်များ ဖြစ်ပေါ်လာခဲ့ပြီး လေတိုက်နှုန်းသည်လည်း အလွန်အမင်း ပြင်းထန်လာခဲ့သည်။

ကောင်းကင်ဘုံကပ်ဘေးကနေ ကျဆင်းလာသည့် ကြောက်မက်ဖွယ်မိုးကြိုးကဲ့သို့ ဆန်းကြယ်သော သွေးရောင်မိုးကြိုးတစ်စင်းသည် ကျန်းချန်ဆီသို့ ကျဆင်းလာခဲ့သည်။

"သွေးအဆိပ်အဘိုးအိုက သတိထားမိသွားပြီပဲ"

သူ့ထံသို့ ကျရောက်လာသော သွေးရောင်မိုးကြိုးကို ကြည့်ရင်း ကျန်းချန်က မဲ့ပြုံးပြုံးလိုက်သည်။

လက်ရှိအချိန်တွင် သွေးအဆိပ်အဘိုးအိုသည် ကောင်းကင်နတ်ဘုရားကမ္ဘာကို အမွှေးတိုင် တစ်တိုင်စာလောက် ထုတ်ဖော်လိုက်သည့်အတွက် ခန္ဓာကိုယ်ထဲမှ စွမ်းအားသည် ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိ ကုန်ဆုံးသွားလောက်ပြီဖြစ်၏။

ထို့အပြင် သူက အသက်သစ်ကိုင်းကို ပိုင်ဆိုင်ထားသည့်အတွက် သွေးအဆိပ်အဘိုးအို၏ အဆိပ်များကို လျစ်လျူရှုနိုင်၍ သွေးအဆိပ်အဘိုးအိုသည် သူ့ကို အဆိပ်ဖြင့် ခြိမ်းခြောက်နိုင်မည် မဟုတ်တော့ပေ။

သွေးအဆိပ်အဘိုးအိုက ဆဋ္ဌမအဆင့် ကောင်းကင်နတ်ဘုရား ဖြစ်သော်လည်း လက်ရှိအချိန်တွင် ခွန်အားများ ၃၀ရာခိုင်နှုန်းခန့် ကုန်ဆုံးသွားပြီဖြစ်၍ ပဉ္စမအဆင့် ကောင်းကင်နတ်ဘုရားစွမ်းအားကိုသာ အများဆုံး ထုတ်ဖော်နိုင်လိမ့်မည် ဖြစ်သည်။

ယင်းက သူ၏ စွမ်းရည်ဖြင့်ဆိုလျှင် သွေးအဆိပ် အဘိုးအိုကို ရင်ဆိုင်ရန် အပြည့်အဝ အရည်အချင်း ပြည့်မီသွားပြီ မဟုတ်ပါလော။

ကျန်းချန်က ရုတ်တရက် ထရပ်လိုက်ပြီး ကမ္ဘာ့စွမ်းအား၃မျိုး၏ စွမ်းအားနှင့် ကိုယ်ခံပညာဥပဒေသ လမ်းစဥ်၄ခု၏ မူလစွမ်းအားကို အစွမ်းကုန်ထုတ်ဖော်ကာ ၇ရောင်ခြယ်နတ်မိုးကြိုးကို ဖန်တီးလိုက်ပြီး သွေးရောင်မိုးကြိုးကို ရင်ဆိုင်လိုက်သည်။

"ဝုန်း.."

ကြောက်မက်ဖွယ်စွမ်းအင်လှိုင်းများသည် ဆူနာမီကဲ့သို့ သွေးအဆိပ်အဘိုးအို၏ ကောင်းကင်နတ်ဘုရားကမ္ဘာထဲတွင် တိုက်ခတ်သွားခဲ့ပြီး သွေးရောင်ကမ္ဘာကြီး တစ်ခုလုံးကို မငြိမ်မသက် ဖြစ်စေခဲ့သည်။

တစ်ချိန်တည်းမှာပင် ကျန်းချန်၏ ခြောက်ကပ်ကပ် ရယ်မောသံသည် သွေးအဆိပ်အဘိုးအို၏ နားထဲကို တိုက်ရိုက်ပင်ရောက်ရှိသွားခဲ့သည်။

"အဘိုးကြီး.. မင်းက ငါ့ကို သတ်ဖို့အရည်အချင်း မပြည့်မီသေးဘူး.. ငါကျန်းချန်က ကောင်းကင်နတ်ဘုရား အဆင့်ကျင့်ကြံသူ အများအပြားကို သတ်ဖြတ်ခဲ့ဖူးတယ်.. ဒါပေမဲ့ ကောင်းကင်နတ်ဘုရားဆဋ္ဌမအဆင့်ကျင့်ကြံသူကိုတော့ တစ်ခါမှ မသတ်ခဲ့ဖူးဘူး.. ဒီနေ့က ငါ့အတွက် ဆဋ္ဌမအဆင့်ကောင်းကင်နတ်ဘုရားတစ်ပါးကို သတ်ဖြတ်တဲ့နေ့ပဲ"

ကျန်းချန်၏ ရယ်သံက ကောင်းကင်နှင့်မြေကြီးကို ရိုက်ခတ်သွားခဲ့သည်။

ထို့နောက်တွင် ကျန်းချန်သည် ခန္ဓာကိုယ်တစ်ခုလုံးရှိ အင်အားကို အစွမ်းကုန် ထုတ်ဖော်ကာ ၇ရောင်ခြယ်ဓားအလင်းကို စုစည်းလိုက်ပြီး သွေးအဆိပ်အဘိုးအိုကို တိုက်ခိုက်လိုက်သည်။

ဤအချိန်တွင် သွေးအဆိပ် အဘိုးအို၏မျက်နှာသည် အလွန်တရာ အေးစက်နေခဲ့သည်။

သူက ဆဋ္ဌမအဆင့် ကောင်းကင်နတ်ဘုရားစွမ်းအားကို ထုတ်ဖော်ကာ လျှို့ဝှက်ဆန်းကြယ်သည့် လက်ဝါးရိုက်ချက်ဖြင့် ကျန်းချန်၏ ၇ရောင်ခြယ် ဓားအလင်းကို ရင်ဆိုင်လိုက်၏။

ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်သည် ကောင်းကင်နတ်ဘုရားတတိယအဆင့်သာ ရှိသော်လည်း နတ်ခန္ဓာပုံရိပ်နှင့် ကျင့်ကြံခြင်း နည်းစနစ်တွင်မူ သွေးအဆိပ်အဘိုးအိုထက် အဆင့် ပိုမို မြင့်မားနေခဲ့သည်။

ယင်းအပြင် ကမ္ဘာ့စွမ်းအား ၃မျိုးနှင့် ကိုယ်ခံပညာဥပဒေသ ၄မျိုး၏ မူလစွမ်းအားများလည်း ပေါင်းစပ် ပါဝင်နေခဲ့သည်။

ကျန်းချန်၏ အစွမ်းကုန် တိုက်ခိုက်မှုကို ကောင်းကင်နတ်ဘုရားပဉ္စမအဆင့် ကျင့်ကြံသူပင်လျှင် အလွယ်တကူ ခုခံနိုင်မည် မဟုတ်ပေ။

သွေးအဆိပ်အဘိုးအိုက ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့်ကျင့်ကြံသူ ဖြစ်သော်လည်း ခွန်အား ၃၀ ရာခိုင်နှုန်းခန့် ကုန်ခန်းသွားပြီ ဖြစ်သောကြောင့် အထွတ်အထိပ် အခြေအနေတွင် ရှိမနေတော့ပေ။

ထို့အပြင် သွေးအဆိပ်အဘိုးအို၏ အဆိပ်လမ်းစဥ် စွမ်းအားကို သူ၏ အသက်သစ်ကိုင်းက ဟန့်တားနိုင်သောကြောင့် ကျန်းချန်သည် သွေးအဆိပ်အဘိုးအိုနှင့် ရင်ဆိုင်ရချိန်တွင် အသာစီးရနေခဲ့သည်။

"ဝုန်း.. ဝုန်း.. ဝုန်း.."

ကျန်းချန်က နောက်ဆုတ်သွားခြင်း မရှိဘဲ စွမ်းအားအပြည့်အဝကို ထုတ်ဖော်ကာ သွေးအဆိပ် အဘိုးအိုနှင့် တိုက်ခိုက်ခဲ့သည်။

"နတ်ခန္ဓာပုံရိပ်.."

"နတ်ဘုရင်အဆင့် လျှို့ဝှက်နည်းစနစ်.."

"လမ်းစဥ်၇မျိုး ပေါင်းစပ်စွမ်းအား.."

ကျန်းချန်က သူ၏စွမ်းအားများကို အစွမ်းကုန် ထုတ်ဖော်၍ တိုက်ခိုက်လိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ကျန်းချန်နှင့် သွေးအဆိပ်အဘိုးအိုတို့သည် ဆယ်ကွက်ထက်မနည်း ရင်ဆိုင်ပြီးသွားပြီဖြစ်သည်။

သူတို့နှစ်ယောက် တိုက်ကွက်ထုတ်ဖော်သည့် အချိန်တိုင်းတွင် လေထုထဲ၌ ကြောက်မက်ဖွယ်စွမ်းအင်လှိုင်းများ ထွက်ပေါ်လာခဲ့ပြီး နေရာလွတ်များကိုပင် ပြိုကျသွားစေခဲ့သည်။

သူတို့နှစ်ဦး ထုတ်ဖော်လိုက်သည့် ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအင်၏ လွှမ်းမိုးမှုအောက်တွင် သွေးအဆိပ်အဘိုးအို၏ ကောင်းကင်နတ်ဘုရား ကမ္ဘာသည် တဖြည်းဖြည်းတုန်ခါလာခဲ့သည်။

ကျန်းချန်နှင့် ရင်ဆိုင်နေရင်း သွေးအဆိပ်အဘိုးအိုသည်လည်း တဖြည်းဖြည်း ထိတ်လန့်လာခဲ့၏။

သူ၏ စွမ်းအား တစ်စိတ်တစ်ပိုင်းသည် ကျန်းချန်ကြောင့် အလဟဿ ကုန်ဆုံးသွားခဲ့ရသည်။

ထို့အပြင် သူအားကိုးရသည့် အဆိပ်လမ်းစဥ်ဥပဒေသ၏ စွမ်းအားကလည်း ကျန်းချန်၏ အနှိုင်းမဲ့နတ်ခန္ဓာကိုယ်၏ ကန့်သတ်ထားခြင်းကို ခံခဲ့ရသည်။

မည်သို့ပင်ဖြစ်စေကာမူ သူက ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူ ဖြစ်နေဆဲပင်။

သို့သော်လည်း ကောင်းကင်နတ်ဘုရား တတိယအဆင့်သာ ရှိသော ထိုကောင်လေးသည် သူ့ကို ကောင်းစွာ ရင်ဆိုင်နိုင်ခဲ့သည်။

သူက ကျန်းချန်နှင့် တိုက်ခိုက်နေရသည့်အပြင် ကောင်းကင်နတ်ဘုရားကမ္ဘာကိုလည်း ထုတ်ဖော်ထားဆဲ ဖြစ်၍ သူ၏ ခန္ဓာကိုယ်ထဲမှ စွမ်းအားများသည် ပို၍ မြန်မြန်ဆန်ဆန် ကုန်ဆုံးလာခဲ့သည်။

သို့သော်လည်း ကျန်းချန်ကမူ သူနှင့် ဆယ်ကွက်ကျော် တိုက်ခိုက်ခဲ့သည့်တိုင် ပင်ပန်းနွမ်းနယ်သည့် လက္ခဏာမျိုး ရှိမနေခဲ့ပေ။

ယခုအခါတွင် သူ၏ ခန္ဓာကိုယ်မှ စွမ်းအားသည် ၅၀ရာခိုင်နှုန်း သို့မဟုတ် ၆၀ရာခိုင်နှုန်းခန့် ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။

ဤအတိုင်းသာဆိုလျှင် ကျန်းချန်၏ လက်ထဲတွင် အမှန်တကယ် ရှုံးနိမ့်သွားလိမ့်မည်ကို သူစိုးရိမ်နေမိသည်။

အခန်း(၁၇၁၀)ပြီး၏။

All Chapters