← Chapters

ပဋိပက္ခ

Vol. 202 Ch. 3016

ပဋိပက္ခ

Vol. 202 Ch. 3016

လိပ်ပြာမျိုးနွယ်သည် မွေးရာပါအားနည်းပြီး သူတို့အနေဖြင့် ကျင့်ကြံဖို့အတွက် အလွန်တရာခဲယဉ်းလေသည်။

အခြားမျိုးနွယ်မှ သက်ရှိအများစုအနေဖြင့် သူတို့ကို အလွယ်တကူသတ်ဖြတ်နိုင်မည့်စွမ်းအားကို ပိုင်ဆိုင်ထားကြ၏။

တျဲယွဲ့ မွေးဖွားလာချိန်မှာ သူမကို အကြောက်တရားခံစားရစေသည့် သက်ရှိများစွာ ဤလောကမှာ ရှိခဲ့လေသည်။ သူမသည် ချောက်နက်ထဲကနေ တက်လှမ်းနေရသည့်အလား တဖြည်းဖြည်းကြီးထွားပြီး ဂရုတစိုက်ကျင့်ကြံခဲ့ရသည်။ သူမဘဝ၏ နောက်ဘက်ကို ပြန်ကြည့်မည်ဆိုလျှင် သူမသည် လမ်းတစ်လျှောက်မှာ မရေမတွက်နိုင်သော အန္တရာယ်များကို တွေ့ကြုံဖြတ်ကျော်ခဲ့ရ၏။ သူမသည် ပြိုင်ဘက်တစ်ဦး သို့မဟုတ် မျိုးနွယ်တစ်စုကို အနိုင်ရရှိသည့် အကြိမ်တိုင်းမှာ သူမ၏ အကြောက်တရားကို တဖြည်းဖြည်းချင်းကျော်လွှားပြီး နောက်ဆုံးမှာ အောင်မြင်မှုများကို ရရှိလာခဲ့၏။

သူမသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောက၏ အထွတ်အထိပ်မှာ ရပ်တည်ပြီး မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများကို အနိုင်ယူသည့်အချိန်မှာ ဤကမ္ဘာတွင် သူမကို အကြောက်တရားခံစားရစေသည့် မည်သည့်သတ္တဝါမှ မရှိတော့ပေ။

အဆုံးမဲ့ သွေးထွက်သံယို တိုက်ပွဲများနှင့် မရေမတွက်နိုင်သော သေခြင်းရှင်ခြင်းအန္တရာယ်များ၏ ဆေးကြောသန့်စင်မှုသည် စွမ်းအားကြီးမား၍ အကြောက်အလန့်ကင်းမဲ့သော နှလုံးသားတစ်ခုကို မီးဆေးပေးခဲ့လေသည်။

သူမ၏ တောင်ပံများပေါ်မှ သွေးရောင်လကို မျိုးနွယ်စုတစ်သောင်း၏ သွေးများကနေ စုဖွဲ့ထားလေသည်။

“သွားတော့ သူတို့ကို ပြန်ခေါ်လာခဲ့”

ဧကရာဇ်မိုးပြာရောင်မီးတောက်က သူ၏ လက်ကို ဝေ့ယမ်းပြလိုက်၏။

သားရဲဧကရာဇ်သံယောဇဉ်စံအိမ်နှင့် အရှေ့ဘက်အရပ်၏ စံအိမ်ဧကရာဇ်ခုနှစ်ဦးက ချက်ချင်းပင်လှုပ်ရှားပြီး မဟာအရိုင်းကမ္ဘာ၏ အပြင်ဘက်သို့ ဦးတည်လိုက်ကြ၏။

တျဲယွဲ့နှင့် ဧကရာဇ်ပိုင်ယွီသည် တစ်ကြိမ်ထိတွေ့တိုက်ခိုက်ဖလှယ်ရုံဖြင့် မဟာအရိုင်းကမ္ဘာ၏ လေဟာနယ်ကို ကြေမွသွားစေခဲ့ပြီဖြစ်သည်။ ဤနေရာမှာ အာကာသဥမင်တစ်ခုကို တည်ဆောက်ဖို့က မလွယ်ကူတော့ပေ။

တျဲယွဲ့က သားရဲဧကရာဇ်သံယောဇဉ်စံအိမ်နှင့် အခြားသူများရှိရာဘက်သို့ ပြေးဝင်သွား၏။

“သတ်”

ဧကရာဇ်ပိုင်ယွီက ဟိန်းဟောက်ပြီး လောကကို လှုပ်ခါသွားစေ၏။ ကျားဖြူသွေးချီက တလိပ်လိပ်ထိုးတက်လာပြီး သူက သိပ်သည်းပြင်းထန်သော သတ်ဖြတ်လိုစိတ်နှင့်အတူ သူ၏ မျိုးဆက်သွေးနယ်မြေဖြစ်စဉ်ကို ထုတ်ဖော်လိုက်၏။

တစ်ချက်ခုန်ရင်း သူက တျဲယွဲ့ကို ခုန်အုပ်လိုက်လေသည်။

ဝုန်း…

ဧကရာဇ်ပိုင်ယွီက တုန်လှုပ်မှုနှင့် အမျက်ဒေါသနှင့်အတူ နောက်တစ်ဖန်တွန်းလှန်ထုတ်ခံလိုက်ရ၏။

သူသည် သူ၏ အစစ်အမှန်ပုံစံကို ထုတ်ဖော်ပြသထားပြီး သူ၏ မျိုးဆက်သွေးနယ်မြေကို ထုတ်ဖော်ထားပြီဖြစ်သော်လည်း သူသည် အနီးကပ်တိုက်ခိုက်ရည်မှာ လိပ်ပြာတစ်ကောင်ကို မယှဉ်နိုင်ပေ။

ဧကရာဇ်ပိုင်ယွီ အရေးနိမ့်သွားသည်ကို တွေ့မြင်သောအခါ ထိုသူ အန္တရာယ်ကျရောက်မည်ကို စိုးရိမ်ပြီး ယခုတင် ထွက်ခွာသွားသော သားရဲဧကရာဇ်သံယောဇဉ်စံအိမ်က လွဲလျှင် အနောက်ဘက်အရပ်၏ ကျန်ရှိနေသော စံအိမ်ဧကရာဇ်ခြောက်ဦးက ရှေ့သို့ ပြေးဝင်လာကြ၏။

သားရဲဧကရာဇ်ခြေထောက်စံအိမ်က ကောင်းကင်ဘုံဝံပုလွေတစ်ကောင်အဖြစ် အသွင်ပြောင်းလဲလိုက်၏။

သားရဲဧကရာဇ်အစာအိမ်စံအိမ်က အစိမ်းရောင်ရစ်ငှက်တစ်ကောင်အဖြစ် အသွင်ပြောင်းလဲလိုက်၏။

သားရဲဧကရာဇ်ဆံပင်ခေါင်းစံအိမ်က ရွှေကြက်တစ်ကောင်အဖြစ် အသွင်ပြောင်းလဲလိုက်၏။

သားရဲဧကရာဇ်ပိုက်ကွန်စံအိမ်က မီးငှက်တစ်ကောင်အဖြစ် အသွင်ပြောင်းလဲလိုက်၏။

သားရဲဧကရာဇ်လိပ်ဖြိုခွဲစံအိမ်က စိတ်ဝိညာဉ်မျောက်တစ်ကောင်အဖြစ် အသွင်ပြောင်းလဲလိုက်၏။

သားရဲဧကရာဇ်ကြယ်သုံးစင်းစံအိမ်က လက်ချင်းဆက်နီညိုရောင်မျောက်ဝံတစ်ကောင်အဖြစ် အသွင်ပြောင်းလဲလိုက်၏။

ဝံပုလွေအူသံများ၊ ကြက်တွန်သံများနှင့် မျောက်ဝံဟိန်းဟောက်သံများက လောကတစ်ခွင် ပဲ့တင်ထပ်သွား၏။ သားရဲဧကရာဇ်ခြောက်ဦးသည် သူတို့၏ အစစ်အမှန်ပုံစံများသို့ အသွင်ပြောင်းလဲပြီး သူတို့၏ အော်ရာများက တလိပ်လိပ်ထိုးတက်လာကာ သူတို့သည် တျဲယွဲ့ကို တိုက်ခိုက်ဖို့အတွက် ဧကရာဇ်ပိုင်ယွီနှင့်အတူ ပူးပေါင်းလိုက်ကြ၏။

ဝုန်း.. ဝုန်း… ဝုန်း…

တျဲယွဲ့သည် ခုနှစ်ယောက်တစ်ယောက်ဆန့်ကျင်တိုက်ခိုက်နေပြီး သူတို့ကြားမှာ ကျားဖြူမျိုးဆက်သွေးနှင့် အထွတ်အထိပ်ဧကရာဇ်တစ်ဦးပင် ပါဝင်နေ၏။ အနီးကပ်တိုက်ခိုက်ရည်မှာ သူမသည် အသာစီးရရှိနေဆဲဖြစ်ပြီး တစ်လမ်းလုံးတိုက်ခိုက်နေ၏။ သူမသည် အထွတ်အထိပ်ဧကရာဇ်ခုနှစ်ဦး၏ ပူးပေါင်းတိုက်ခိုက်မှုကို ခုခံပြီး မဟာအရိုင်းကမ္ဘာ၏ အပြင်ဘက်သို့ ရောက်ရှိလာခဲ့သည်။

“အဲဒီလိပ်ပြာက ဒီလောက်အတိုင်းအတာအထိ ဘယ်လိုတောင် ကျင့်ကြံထားတာလဲ”

သားရဲဧကရီယန်လောက မျက်မှောင်အနည်းငယ်ကြုတ်ကာ ပြောလိုက်၏။

သူတို့သည် ကောင်းကင်ဘုံခုံရုံးမှာ မှီတင်းနေထိုင်ပြီး အထွတ်အမြတ်တောကောင်များ၏ မျိုးဆက်သွေးများကို ပိုင်ဆိုင်ထားကြလေသည်။ သူတို့သည် လက်ရှိအခြေအနေထိ ရောက်ရှိလာနိုင်ခဲ့သည်မှာ တစ်မူထူးခြားသော ကျင့်ကြံရေးပတ်ဝန်းကျင်နှင့် အဆုံးမဲ့ ကျင့်ကြံရေးအရင်းအမြစ်များ၏ ကောင်းချီးပေးခံရသောကြောင့်ဖြစ်သည်။

“ဒီလိပ်ပြာမှာ ဘာရှိနေလို့လဲ”

“ငါတို့ မတိုက်ခိုက်ဘူးဆိုရင် ပိုင်ယွီနဲ့ တခြားသူတွေက တောင့်ခံနိုင်မှာ မဟုတ်တော့ဘူး”

သားရဲဧကရာဇ်ရွှမ်စန်က ရုတ်တရက်ပြောလိုက်၏။

ဧကရာဇ်မိုးပြာရောင်မီးတောက်က ရယ်မောကာ ပြောလိုက်လေသည်။

“ပိုင်ယွီက အဲဒီသွေးလိပ်ပြာရဲ့ အစွမ်းအစကို စမ်းသပ်ကြည့်ချင်နေတာ… ငါတို့ အခုချိန်မှာ ဝင်ပါမယ်ဆိုရင် သူ့ရဲ့ စိတ်အာရုံကို နှောက်ယှက်ရာကျနေလိမ့်မယ်”

သူသည် တျဲယွဲ့နှင့်ရင်ဆိုင်ရာမှာ ကြီးမားသည့် ရှုံးနိမ့်မှုတစ်ရပ်နှင့် ကြုံတွေ့ထားခဲ့ရသည်။ ယခု ပိုင်ယွီက ထိခိုက်ခံစားနေရသည်ကို တွေ့မြင်သောအခါ သူ၏ စိတ်ခံစားချက်များက များစွာပိုမိုကောင်းမွန်လာခဲ့လေသည်။

“အဲဒါက လိပ်ပြာတစ်ကောင်ပဲ… အရှင်တို့ ခင်ဗျားတို့တွေ ဒုက္ခခံစရာမလိုပါဘူး… ခင်ဗျားတို့အတွက် ဒီပြဿနာကို ကျုပ်တို့ဖြေရှင်ပေးမယ်”

ချက်ချင်းပင် မွန်မြတ်ကောင်ကင်ဘုံကမ္ဘာမှ အထွတ်အထိပ်ဧကရာဇ်တစ်ဦးက ရှေ့သို့ ထွက်လာခဲ့၏။ တစ်ဘက်မှာ တျဲယွဲ့က တစ်ဦးတည်းသာဖြစ်သည်ကို သူတို့တွေ့ရသောအခါ သူတို့သည် အကျိုးဆောင်မှုတစ်စုံတစ်ရာပြုလုပ်ဖို့ အခွင့်အရေးမရမည်ကို စိုးရိမ်နေကြသည်။ ဧကရာဇ်ပိုင်ယွီနှင့် အခြားသူများက အရေးနိမ့်လာသည်ကို တွေ့မြင်သောအခါ သူတို့က စိတ်လိုလက်ရရှေ့သို့ အလောတကြီးထွက်လာကြ၏။

ဧကရာဇ်မိုးပြာရောင်မီးတောက်က ဧကရာဇ်ရွှမ်စန်းနှင့် ဧကရီယန်လောကို ပြုံး၍ ကြည့်ကာ ပြောလိုက်၏။

“ဒါပေါ့… အခုက သူတို့တွေကို နဲနဲပါးပါးလေ့ကျင့်ပေးဖို့ အချိန်ကောင်းပဲ… ငါတို့ဒီကနေပဲ စောင့်ကြည့်ကြတာပေါ့ … ငါတို့တွေ အလောတကြီး ဝင်တိုက်ခိုက်ဖို့ မလိုသေးပါဘူး

ဧကရာဇ်ရွှမ်စန်းနှင့် ဧကရီယန်လောကလည်း ခေါင်းညိတ်ပြလိုက်၏။

မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ၏ အထွတ်အထိပ်ဧကရာဇ်ခြောက်ဦးက ရှေ့သို့ပြေးဝင်သွားသည်။ သူတို့ထဲမှ တစ်ယောက်သည် သူ၏ အစစ်အမှန်ပုံစံကို ထုတ်ဖော်လိုက်လေသည်။ ထိုသူက တင်းပါးနီမြင်းမျောက်တစ်ကောင်ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်က တုတ်ခိုင်သန်မာပြီး သူ၏ ရင်ဘတ်ကို တဖုန်းဖုန်းထုရိုက်ကာ ရှေ့သို့ပြေးဝင်သွား၏။

သူတို့ဘက်မှာ အထွတ်အထိပ်ဧကရာဇ်ခြောက်ဦး၊ စံအိမ်သားရဲဧကရာဇ်ခြောက်ဦးနှင့် ဧကရာဇ်ပိုင်ယွီရှိနေ၏။ တျဲယွဲ့တစ်ယောက်တည်းကို ဝိုင်းဝန်းတိုက်ခိုက်နေသော အထွတ်အထိပ်ဧကရာဇ် စုစုပေါင်းဆယ့်သုံးယောက်ရှိနေလေသည်။

တိုက်ပွဲက ဘေးပတ်ဝန်းကျင် ကြယ်တာရာကောင်းကင်ကို လဲပြိုကျသွားစေပြီး အာကာသတွင်းနက်များစွာ ပစ်လွင့်ထွက်ပေါ်လာ၏။

သို့သော်လည်း အာကာသတွင်းနက်များပင်လျှင် တိုက်ပွဲမှာရှိသော ဧကရာဇ်ဆယ်ဦးကျော်ကျော်ကို မဝါးမျိုနိုင်ပေ။

အထွတ်အထိပ်ဧကရာဇ်ဆယ့်သုံးဦးပင်လျှင် သွေးနီရောင်ပုံရိပ်ကို အဖိနှိမ်နိုင်ကြပေ။ တျဲယွဲ့တစ်ကြိမ်တိုက်ခိုက်လိုက်တိုင်း သူမသည် ကြယ်တာရာကောင်းကင်ကို မွှေနှောက်၍ အရာရာတိုင်းကို ဖျက်ဆီးပစ်နေသော ကြောက်စရာကောင်းသည့် မုန်တိုင်းတစ်ခုကို ထွက်ပေါ်လာစေ၏။ အထွတ်အထိပ်ဧကရာဇ်များပင်လျှင် ပေါ့ပေါ့ဆဆ ပြုမူမိပါက ထိခိုက်ဒဏ်ရာရရှိသွားပေလိမ့်မည်။

ဝုန်း… ဝုန်း… ဝုန်း…

ဧကရာဇ်ပိုင်ယွီနှင့် အခြားသူများသည် နောက်ဆုံးမှာ ဆက်လက်၍ တောင့်မခံနိုင်တော့ဘဲ သူတို့၏ ပကတိလောကများကို တစ်ခုပြီးတစ်ခု ထုတ်ဖော်လိုက်ကြ၏။

“ကျားဖြူကောင်းကင်”

“ယင်ယန်ကောင်းကင်”

“လောင်ကျွမ်းကောင်းကင်”

“အရုဏ်ဦးဖြိုခွဲကောင်းကင်”

“…”

ပကတိလောကဆယ့်သုံးခုက ရုတ်တရက်ပေါ်ထွက်လာပြီး ကြယ်တာရာကောင်းကင်၏ ကြီးမားသော အစိတ်အပိုင်းတစ်ခုကို ထောက်ပံ့ပေးထား၏။ သူတို့သည် ကမ္ဘာတုန်လောက်ဖွယ်ရာဖြစ်ပြီး ကြယ်များပင်လျှင် တုန်ခါသွားလေသည်။

ကြယ်တချို့သည် ထိုစွမ်းအားကို ခံနိုင်ရည်မရှိဘဲ နေရာမှာပင် ပေါက်ကွဲထွက်ကာ ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွား၏။

ရွှစ်…

တျဲယွဲ့ကလည်း သူမ၏ ပကတိလောကကို ထုတ်ဖော်လိုက်၏။ မရေမတွက်နိုင်သော လိပ်ပြာပုံရိပ်များက အထဲမှာ ပေါ်ထွက်လာကြပြီး သူတို့၏ တောင်ပံများကိုတဖျတ်ဖျတ်ခတ်ကာ ဘေးပတ်လည်မှာရှိသော လောကဆယ့်သုံးခုကို ဆုတ်ဖြဲတိုက်ခတ်နေသည့် ကြောက်စရာကောင်းသော မုန်တိုင်းတစ်ခုကို ပေါ်ထွက်လာစေ၏။

ဤအဆင့်တိုက်ပွဲသည် မဟာအရိုင်းကမ္ဘာ၏ အပြင်ဘက်မှာ ဖြစ်ပွားနေသည်မှာ ကံကောင်းလေသည်။

မဟုတ်ပါက မဟာအရိုင်းကမ္ဘာတစ်ခုလုံးသည် ဘာမှမကျန်အောင် ကြေမွသွားပေလိမ့်မည်။

မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှ ကျန်ရှိနေသော ဧကရာဇ်များအားလုံးနီးပါးသည် အန္တိမဧကရာဇ်များနှင့် သာမန်ဧကရာဇ်များဖြစ်ကြ၏။

ဧကရာဇ်ပိုင်ယွီနှင့် အခြားသူများက တျဲယွဲ့ကို ထိပ်တိုက်ရင်ဆိုင်ပိတ်ဆို့တားဆီးထားသည်ကို တွေ့မြင်သောအခါ သူတို့ကလည်း ကိုယ်စွမ်းကိုယ်စကို ပြသဖို့အတွက် အခွင့်အလမ်းကို ချိန်ဆလိုပြီး တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်တိုက်ခိုက်လာကြ၏။

“သတ်….”

မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ ဧကရာဇ်ပညာရှင်များသည် ရှေ့သို့ တက်လှမ်းလာပြီး သူတို့၏ လောကအသေးများကို ဆင့်ခေါ်လိုက်ကြ၏။

လောကများစွာက အုပ်မိုးကျဆင်းလာပြီး လောကစွမ်းအားများအားလုံးသည် အလယ်မှာရှိသော သွေးနီရောင်ပုံရိပ်ရှိရာတစ်ဘက်တည်းသို့ တိုးဝင်လာကြ၏။

ပုံမှန်အခြေအနေမှာဆိုလျှင် သာမန်ဧကရာဇ်များနှင့် အန္တိမဧကရာဇ်များထုတ်ဖော်လိုက်သော လောကအသေးများနှင့် လောကအကြီးများသည် တျဲယွဲ့အပေါ် ခြိမ်းခြောက်မှုမရှိသလောက်နီးပါးပင်။ သို့သော်လည်း တျဲယွဲ့ကို ရှေ့မှာ ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်နေသော အထွတ်အထိပ်ဧကရာဇ် ဆယ့်သုံးဦးရှိပြီး ဧကရာဇ်ပညာရှင်များစွာက အထပ်ထပ်ဆင့်ကာ အဆက်မပြတ်တိုက်ခိုက်နေကြ၏။

တျဲယွဲ့က ဘယ်လောက်ပင်သန်မာသည်ဖြစ်စေ သူမသည် ဤမျှများပြားသော ဧကရာဇ်များ၏ ဝိုင်းပတ်ပိတ်ဆို့မှုကို မခုခံနိုင်တော့ပေ။

သိပ်မကြာခင် သူမ၏ မုန်တိုင်းလောကက ဝန်ထုပ်ဝန်ပိုးဒဏ်ကို ဆက်လက်၍ ခံနိုင်ရည်မရှိတော့ဘဲ ယိမ်းထိုးလာခဲ့၏။ အထဲမှာရှိသော အေးစက်နေသည့် မုန်တိုင်းကလည်း ဖိနှိမ်ခံရပြီး တဖြည်းဖြည်ငြိမ်သက်လာခဲ့၏။

ထိုစဉ်မှာပင် အဝေးတစ်နေရာကနေ ဧရာမ စိတ်ဝိညာဉ်ယာဉ်ပျံငါးစင်းက အလွန်တရာမြန်ဆန်စွာဖြင့် ပျံသန်းလာနေ၏။

ဧကရာဇ်မိုးပြာရောင်မီးတောက်က စိတ်ဝိညာဉ်ယာဉ်ပျံငါးစင်းပေါ်မှာ မတ်တတ်ရပ်နေသော ပုံရိပ်များကို တွေ့မြင်သောအခါ ကျေနပ်သဘောကျသွား၏။

စိတ်ဝိညာဉ်ယာဉ်ပျံငါးစင်း၏ ပိုင်ရှင်များသည် ယခင် မဟာအရိုင်းကမ္ဘာကနေ ထွက်ပြေးတိမ်းရှောင်သွားသော သားရဲဧကရာဇ်နတ်ဆင်၊ သားရဲဧကရာဇ်အမြီးကိုးချောင်းနှင့် အခြားသူများဖြစ်လေသည်။

အရှေ့ဘက်အရိုင်းနယ်မြေမှ ဘီလီယံနှင့်ချီသော သက်ရှိများကို တင်ဆောင်သွားသည့် ဤစိတ်ဝိညာဉ်ယာဉ်ပျံများသည် သားရဲဧကရာဇ်သံယောဇဉ်စံအိမ်၏ အာရုံခံအသိစိတ်ကနေ လွတ်မြောက်နိုင်ခြင်းမရှိဘဲ သိပ်မကြာခင် သူတို့က ဖမ်းမိသွားခဲ့၏။

သားရဲဧကရာဇ်နတ်ဆင်ဖြစ်စေ၊ သားရဲဧကရာဇ်အမြီးကိုးချောင်းဖြစ်စေ သူတို့က အန္တိမဧကရာဇ်များသာဖြစ်ကြသည်။ သူတို့သည် သားရဲဧကရာဇ်သံယောဇဉ်စံအိမ်နှင့် အရှေ့ဘက်အရပ်၏ စံအိမ်ဧကရာဇ်ခုနှစ်ဦးကဲ့သို့ အထွတ်အထိပ်ဧကရာဇ်ပညာရှင်များကို မည်သို့မျှ မခုခံနိုင်ကြပေ။ ခဏမျှ တိုက်ခိုက်ဖလှယ်ပြီးနောက် သူတို့သည် ဒဏ်ရာအပြင်းအထန်ရရှိပြီး သူတို့၏ လောကများက ကြေမွပျက်စီးသွားကာ စိတ်ဝိညာဉ်ယာဉ်ပျံများ၏ ဦးစွန်းပေါ်တွင် သာမန်ကာလျှံကာ ပစ်ချခံထားရ၏။

ဧကရာဇ်ပညာရှင်များ၏ လောကများ ကြေမွပျက်စီးသွားသည်နှင့် သူတို့၏ တိုက်ခိုက်ရည်ခွန်အားက သိသိသာသာ လျော့ကျသွားပြီး ရင်းမြစ်ချီ သို့မဟုတ် ရင်းမြစ်ကျောက်တုံးများမရှိဘဲ သူတို့ကို ပြန်လည်ကုသဖို့က အင်မတန်ခဲယဉ်းသွားပေလိမ့်မည်။

“ဟားဟားဟား…”

ဧကရာဇ်မိုးပြာရောင်မီးတောက်က ဟားတိုက်ရယ်မောကာ ထုတ်ဖော်ကြေညာလိုက်၏။

“သွေးလိပ်ပြာ မင်းကာကွယ်ပေးနေတဲ့ အရှေ့ဘက်အရိုင်းနယ်မြေက ဘယ်သက်ရှိကမှ ငါ့လက်ကနေ ထွက်ပြေးလွတ်မြောက်နိုင်မှာ မဟုတ်ဘူး”

တျဲယွဲ့သည် အဝေးမှာ ဖြစ်ပျက်နေသော အရာကို သတိထားမိသောအခါ သူမ၏ အမူအရာက အေးစက်လာခဲ့၏။

သူမ၏ နောက်ဘက်တွင် ဧရာမ တောင်ပံတစ်စုံက ခပ်ရေးရေးပေါ်ထွက်လာပြီး ၎င်းပေါ်တွင် သွေးနီရောင်လပြည့်ဝန်းတစ်ခု ပေါ်ထွက်လာလေသည်။

All Chapters