← Chapters

ဝင်္ကပါ

Vol. 202 Ch. 3021

ဝင်္ကပါ

Vol. 202 Ch. 3021

ဧကရာဇ်ပညာရှင် ၉၀ကျော်ကျော်က ကြယ်တာရာကောင်းကင်ကို ဖြတ်ကျော်လာသည့် သူတို့၏ လောကများကို မြှောက်တင်ပြီး သိုင်းတာအိုပင်မခန္ဓာရှိရာသို့ ဖိနှိမ်လိုက်လေသည်။

တျဲယွဲ့ပင်လျှင် စောစောက ဤကဲ့သို့ ကြမ်းကြုတ်ခက်ထန်သော တိုက်ခိုက်မှုတစ်ရပ်ကို ခံနိုင်ရည်မရှိခဲ့ပေ။

လောကတစ်ရာနီးပါး၏ အုပ်အိုးကျဆင်းလာမှုက လေထုကို ပြည့်ကျပ်သွားစေပြီး သိုင်းတာအိုပင်မခန္ဓာအနေဖြင့် ရှောင်တိမ်းဖို့ နေရာလွတ်မကျန်ရှိတော့ပေ။

“ဟုတ်ပြီလေ”

သိုင်းတာအိုပင်မခန္ဓာက ညင်သာစွာ အော်ငေါက်လိုက်ပြီး သူ၏ အကြည့်က သိပ်သည်းစုဖွဲ့လာ၏။

စကြာဝဠာတစ်ခုလုံးနှင့် ဆင်တူသော လောကတစ်ခုက သူ၏ ဘေးပတ်လည်မှာ ပေါ်ထွက်လာ၏။

ကြောက်စရာကောင်းသော မီးတောက်များက ဧရာမမီးနဂါးများကဲ့သို့ ထွက်ပေါ်လာပြီး စကြာဝဠာထဲမှာ လှည့်ပတ်ကခုန်ကာ အရာရာတိုင်းကို လောင်ကျွမ်းပြာချပစ်နိုင်သည့် လောင်မြိုက်အပူစွမ်းအားကို ထုတ်ဖော်နေသည်။

သူတို့ကြားမှာ နဂါးမီးနစ်မီးတောက်၊ အနီရောင်ကြာပန်းကြမ္မာမီးတောက်၊ ကပ်ဘေးမီး၊ ငရဲမီးနှင့် တမလွန်တစ္ဆေမီးတို့က ယခင်ကနှင့် များစွာကွာခြားသည့်ပုံမရှိပေ။

သိုင်းစိတ်ဝိညာဉ်မီးကသာ ထူးဆန်းသော ပြောင်းလဲမှုတစ်ရပ်ကို တွေ့ကြုံဖြတ်ကျော်ထား၏။

အစကတော့ သိုင်းစိတ်ဝိညာဉ်မီးက ခရမ်းရောင်မီးတောက်များဖြစ်သည်။

သို့သော်လည်း သိုင်းစိတ်ဝိညာဉ်မီးသည် ယခုအခါ ခရမ်းရွှေရောင်အဖြစ် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

ဤနှစ်များမှာ သူသည် တမလွန်မြစ်ထဲတွင် ဝိညာဉ်မီးအိမ်မှ ရွှေရောင်မီးတောက်များကို အရည်ဖျော်ချဖို့ ကြိုးစားခဲ့၏။ မီးတောက်များ၏ တစ်မူထူးခြားမှုကြောင့် သိုင်းစိတ်ဝိညာဉ်မီးနှင့် ရွှေရောင်မီးတောက်များက တိုက်ရိုက်ပေါင်းစည်းပြီး ခွဲခြား၍မရနိုင်တော့ပေ။

ယခုအချိန်မှာ သိုင်းတာအိုပင်မခန္ဓာသည် သတ္တမမြောက်မီးတောက်ကို ယခုအချိန်ထိ မထိန်းချုပ်ရသေးပေ။

သို့သော်လည်း သိုင်းစိတ်ဝိညာဉ်မီးသည် ရွှေရောင်မီးတောက်များနှင့်အတူ ပေါင်းစည်းပြီး သိုင်းစိတ်ဝိညာဉ်၏ စွမ်းအားကို ကြီးမားစွာ မြှင့်တက်လာစေခဲ့၏။

သိုင်းစိတ်ဝိညာဉ်မီး၏ စွမ်းအားကလည်း မြင့်တက်လာပြီး ကြောက်စရာကောင်းသော အဆင့်တစ်ခုကို ရောက်ရှိလာခဲ့သည်။

ယခု မာန်နတ်မျက်နှာဖုံး မရှိလျှင်တောင် သူ၏ သိုင်းစိတ်ဝိညာဉ်မှာ အားနည်းချက် ဆက်လက်၍မရှိတော့ပေ။

ဝုန်း…

သိုင်းစကြာဝဠာက ဧကရာဇ် ၉၀ကျော်ကျော်၏ လောကများနှင့် ဆန့်ကျင်တိုက်ခိုက်ပြီး ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်လာစေ၏။

နောက်ခဏ၌ ဧကရာဇ်များက တုန်လှုပ်သွားကြ၏။

ဧကရာဇ် ၉၀ကျော်ကျော်၏ လောကများသည် သိုင်းတာအိုပင်မခန္ဓာ မြှောက်တင်လိုက်သော စကြာဝဠာကို မဖိနှိမ်နိုင်ကြပေ။

တစ်ဖက်မှာတော့ စကြာဝဠာထဲရှိ မီးတောက်များက ပို၍ပင် ပြင်းထန်ကြမ်းတမ်းစွာ လောင်ကျွမ်းလာ၏။ မီးတောက်များက ကောင်းကင်တစ်ခွင် လင်းထိန်စေပြီး မြောက်များလှစွာသော အလင်းရောင်ခြည်တန်းများနှင့်အတူ တောက်ပကာ နဂါးငွေ့တန်း ကြယ်စင်စုများကို နီရဲသွားစေ၏။

အထွတ်အထိပ်ဧကရာဇ်များ မြှောက်တင်လိုက်သည့် ပကတိလောကများသည် ဒေါသူပုန်ထနေသော မီးတောက်များ၏ ရိုက်ခတ်မှုကို ခုခံနိုင်ဆဲဖြစ်၏။

သာမန်ဧကရာဇ်များ၏ လောကအသေးများက သိုင်းစကြာဝဠာ၏ မီးတောက်တစ်ခုကိုပင် ခံနိုင်ရည်မရှိပေ။

သိုင်းစကြာဝဠာ၏ ပျက်စီးထိခိုက်မှု ထက်ဝက်ကျော်ကို ရှေ့ကနေ ပိတ်ဆို့တားဆီးပေးနေသည့် အထွတ်အထိပ်ဧကရာဇ် ၃၀ကျော် ရှိနေသော်လည်း မီးတောက်တချို့က စိမ့်ဝင်ထိုးဖောက်လာဆဲဖြစ်ပြီး မီးပွားများက စင်ထွက်လာ၏။

မီးပွားတစ်ခုချင်းစီကပင် သာမန်ဧကရာဇ်များ၏ လောကအသေးများထဲမှာ ကြီးမားသော ကပ်ဘေးတစ်ခုကို ဖြစ်စေပေလိမ့်မည်။

သာမန်ဧကရာဇ်တစ်ဦးသည် အချိန်မီ မရှောင်တိမ်းနိုင်ဘဲ သူ၏ လောကအသေးထဲသို့ မီးပွားတစ်ခု ကျဆင်းလာ၏။

ရွှစ်…

လောကအသေးက ချက်ချင်းပင် လောင်ကျွမ်းနီရဲကာ ပြိုကျသွား၏။ မီးတောက်များက ဧကရာဇ်၏ ခန္ဓာကိုယ်ကို တိုက်ခိုက်လာပြီး တစ်ခဏချင်းမှာပင် သူက အလောင်းတစ်လောင်းပင် မကျန်အောင် ပြာကျသွားလေသည်။

အန္တိမဧကရာဇ်တစ်ဦး၏ လောကအကြီးထဲသို့ မီးတောက်တစ်ခု ဆင်းသက်လာခဲ့၏။

မီးတောက်က လျင်မြန်စွာ ဖြန့်ကြက်လာပြီး ၎င်းကို လုံးဝ ရပ်တန့်တားဆီး၍ မရနိုင်ပေ။

အန္တိမဧကရာဇ်၏ အစစ်အမှန်ပုံစံက တင်ပါးနီ မြင်းမျောက်တစ်ကောင် ဖြစ်လေသည်။ သို့သော်လည်း သူ၏ မျိုးဆက်သွေးကို မည်သို့ပင် လှည့်ပတ်သည်ဖြစ်စေ သူက သူ၏ မျိုးဆက်သွေးနယ်မြေကို ထုတ်ဖော်လိုက်သည်ဆိုလျှင်တောင် သူသည် လောင်ကျွမ်းလာသော မီးတောက်ကို မခုခံနိုင်ပေ။

“အား…”

မြင်းမျောက်ဧကရာဇ်၏ ခန္ဓာကိုယ်တစ်ခုလုံးက မီးတောက်များဖြင့် လောင်ကျွမ်းသွားပြီး သူက ဧရာမ မီးလုံးတစ်လုံးအဖြစ် ပြောင်းလဲကာ စူးစူးဝါးဝါးအော်ဟစ်နေ၏။

ရုတ်တရက် မီးတောက်လုံးထဲကနေ စိမ်းညိုရောင်အလင်းတစ်ခုက ပေါ်ထွက်လာပြီး ၎င်းသည် ထူးဆန်းသော စွမ်းအင်အတက်အကျတစ်ခုနှင့်အတူ ပြည့်နှက်နေ၏။

သို့သော်လည်း စိမ်းညို့ရောင်အလင်းကလည်း ထွက်ပြေးလွတ်မြောက်နိုင်ခြင်းမရှိပေ။ ထို့နောက် မြင်းမျောက်ဧကရာဇ်သည် အသက်ရှူချိန်အနည်းငယ်အတွင်းမှာ လောင်ကျွမ်းပြာကျသွား၏။

ဧကရာဇ်ပညာရှင် ၉၀ကျော်က အတူပူးပေါင်းပြီး သူတို့၏ စွမ်းပကားနှင့်အတူ သိုင်းတာအိုပင်မခန္ဓာကို ဖိနှိမ်ဖို့ ကြိုးစားလာကြ၏။ သူတို့က တိုက်ခိုက်လိုက်သည့်ခဏမှာပင် သူတို့ဘက်မှာ ဧကရာဇ်ပညာရှင်များက တစ်ယောက်ပြီးတစ်ယောက် သေဆုံးပြီး သူတို့၏ စုဖွဲ့ပုံက ကစဉ့်ကလျား ဖြစ်လာခဲ့၏။

အချိန်တိုအတွင်းမှာ ဧကရာဇ်ပညာရှင် ၁၀ဦးကျော်က သေဆုံးသွားခဲ့ပြီဖြစ်ပြီး လောင်ကျွမ်းပြာကျသွားလေသည်။

အထွတ်အထိပ်ဧကရာဇ်ပညာရှင် ၃၀ကျော်ကျော်က အတော်လေး တည်ငြိမ်နေဆဲဖြစ်၏။

သို့သော်လည်း ကျန်ရှိနေသော အန္တိမဧကရာဇ်များနှင့် သာမန်ဧကရာဇ်များက ဘယ်လိုလုပ် ဤနေရာမှာ ဆက်နေရဲတော့မလဲ။ သူတို့က ထိတ်လန့်တကြားဖြင့် နောက်သို့ ထပ်တလဲလဲဆုတ်ခွာပြီး သိုင်းစကြာဝဠာ၏ လောင်ကျွမ်းမှု အဝန်းအဝိုင်းကနေ ထွက်ပြေးလွတ်မြောက်ချင်၏။

မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှ အထွတ်အထိပ်ဧကရာဇ်များပင်လျှင် နောက်သို့ ဆုတ်ခွာချင်လာကြပြီဖြစ်သည်။

ကောင်းကင်ဘုံခုံရုံးမှ ဧကရာဇ်များ ရှိနေခြင်းကြောင့်မဟုတ်လျှင် သူတို့က လှည့်ထွက်ပြေးသွားသည်မှာ ကြာနေလောက်လေပြီ။

ဤအတိုင်းသာ ဆက်သွားလျှင် အထီးကျန်သိုင်းသခင်က ခြေကုန်လက်ပန်းမကျခင် သူတို့က နေရာမှာပင် လောင်ကျွမ်းပြာကျကာ သေဆုံးရပေလိမ့်မည်။

အထွတ်အထိပ်ဧကရာဇ်များ၏ မျက်နှာများက မီးတောက်အလင်းရောင်အောက်မှာ တစ်မူထူးခြားစွာ ဖြူဖပ်ဖြူရော်ဖြစ်၍ ထိတ်လန့်တကြားဖြစ်နေ၏။

ဝေါ…

ဧကရာဇ်ရွှမ်စန်၏ မျက်လုံးက တဖျပ်ဖျပ်လက်လာပြီး သူ၏ အမြုတေစိတ်ဝိညာဉ်ကို လှည့်ပတ်လိုက်၏။ သူ၏ ခန္ဓာကိုယ်က ကြောက်စရာကောင်းသော အော်ရာတစ်ခုနှင့်အတူ ပြည့်နှက်လာပြီး သူက ရှေ့သို့ ထိုးညွှန်လိုက်၏။ ကောင်းကင်ဘုံကိုးလွှာကနေ အဆုံးမဲ့ ကြယ်တာရာများက ဆင်းသက်လာပြီး တဝုန်းဝုန်းရိုက်ခတ်ကာ မရေမတွက်နိုင်သော လှိုင်းလုံးများကို မွှေနှောက်ထွက်ပေါ်လာစေ၏။

တဗူးနည်းစနစ်တစ်ခု ဆင်းသက်လာခဲ့သည်။

သိုင်းစကြာဝဠာက အနည်းငယ်ယိမ်းထိုးသွား၏။ မီးနဂါးခြောက်ကောင်သည် နဂါးငွေ့တန်းကြယ်စင်စုများ၏ သိပ်သည်းပြင်းထန်သော လှိုင်းလုံးကြောင့် တကယ်ပင် ဖိနှိမ်ခံလာရ၏။

သို့သော်လည်း သိုင်းစကြာဝဠာ၏ မီးတောက်များက ငြိမ်းသေတော့မည့် လက္ခဏာများ ပြသလာခြင်းမရှိပေ။

ယခုအချိန်မှာ ထွက်ပေါ်လာသည်က ဧကရာဇ်ရွှမ်စန်၏ တဗူးနည်းစနစ်တစ်ခုသာ မဟုတ်ပေ။

ဧကရီယန်လော၏ တဗူးနည်းစနစ်ကလည်း ယခုအချိန်ထိ မပျက်ပြယ်သေးပေ။

မဟာတဗူးနည်းစနစ်နှစ်ခုသည် အထွတ်အထိပ်ဧကရာဇ်များ၏ ပကတိလောက ၃၀ကျော်နှင့် ပေါင်းစည်းပြီး သိုင်းစကြာဝဠာကို ကိုင်လှုပ်ဖို့ ကြိုးစားနေ၏။

တျဲယွဲ့က ထိုသည်ကို တွေ့မြင်သောအခါ ရင်တစ်ချက်ထိတ်သွား၏။

အောက်ဘုံလောကရှိ မြို့ငယ်လေးမှ ငယ်ရွယ်သော စာပေသမားလေးသည် သူမကို လိုက်မီလာရုံသာမက သူမကိုပင် ကျော်တက်သွားပြီကို သူမက ယခုအချိန်မှာ သိရှိလိုက်လေသည်။

ဧကရာဇ်မိုးပြာရောင်မီးတောက်နှင့် ဧကရာဇ်ပိုင်ယွီက စောစောက တျဲယွဲ့နှင့် တိုက်ခိုက်စဉ် သူတို့၏ တဗူးနည်းစနစ်များကို ထုတ်ဖော်ခဲ့ပြီးပြီဖြစ်သည်။

သူတို့သည် လောလောဆယ်မှာ အဲဒါကို ထပ်မံ၍ အသက်မသွင်းနိုင်ပေ။

အခြေအနေက ဆိုးဝါးလာသည်ကို တွေ့မြင်သောအခါ ဧကရာဇ်မိုးပြာရောင်မီးတောက်နှင့် ဧကရာဇ်ပိုင်ယွီက စံအိမ်ဧကရာဇ် ၂၈ဦးကို စိုက်ကြည့်ပြီး အော်ပြောလိုက်၏။

“မင်းတို့တွေ ဘာကိုစောင့်နေကြတာလဲ… ဝင်္ကပါကို စုဖွဲ့တော့လေ”

စံအိမ်ဧကရာဇ် ၂၈ ဦးက ထိုစကားကို ကြားသောအခါ သူတို့က တွေဝေတုံ့ဆိုင်းမနေရဲပေ။

သူတို့သည် ဝင်္ကပါကို စုဖွဲ့ဖို့ ချက်ချင်းမပူးပေါင်းခဲ့ကြသည်မှာ စံအိမ် ၂၈ခု ဝင်္ကပါသည် သူတို့ထံမှ အဆုံးမဲ့ အမြုတေသွေးပမာဏများစွာကို လိုအပ်သောကြောင့်ဖြစ်၏။

ဤလုပ်ရပ်သည် အစကတည်းက သူတို့၏ ကျင့်ကြံရေးအခြေခံအုတ်မြစ်များအပေါ် ကြီးမားသော ပျက်စီးထိခိုက်မှုကို ဖြစ်စေလေသည်။

စံအိမ် ၂၈ခု ဝင်္ကပါကို ကြာကြာလှည့်ပတ်ထားလေလေ သူတို့အပေါ် ပျက်စီးထိခိုက်မှုက ပို၍ကြီးမားလေလေ ဖြစ်သည်။

ထို့ကြောင့် လုံးလုံးလျားလျား မလိုအပ်သရွေ့ သူတို့သည် ဝင်္ကပါကို ခင်းကျင်းဖို့အတွက် သူတို့၏ အခြေခံအုတ်မြစ်များကို ပျက်စီးထိခိုက်ခံလိမ့်မည် မဟုတ်ပေ။

ယခု သခင်လေးလေးဦးက ဒေါသချောင်းချောင်းထွက်နေပြီး အခြေအနေက သေရေးရှင်ရေးဖြစ်လာကာ စံအိမ်ဧကရာဇ် ၂၈ ဦးက တွေဝေတုံ့ဆိုင်းမနေရဲတော့ပေ။ သူတို့က သူတို့၏ လျှာဖျားများကို ကိုက်ခြင်း၊ သို့မဟုတ် သူတို့၏ လက်များနှင့် ရင်ဘတ်များကို ထိုးခွဲခြင်းများ ပြုလုပ်လိုက်ကြ၏။

အရှေ့ဘက်အရပ်၏ စံအိမ်ဧကရာဇ် ၇ဦးကြားမှာ မြွေ၊ နဂါး၊ ခွေးတူဝက်တူ၊ ယုန်၊ မြေခွေး၊ ကျားနှင့် ကျားသစ်တို့က သူတို့၏ နေရာများကို အသီးသီးယူပြီး မိုးပြာနဂါးတစ်ကောင်၏ ပုံသဏ္ဌာန်ကို ခပ်ရေးရေးပေါ်ထွက်လာစေ၏။

အနောက်ဘက်အရပ်၏ စံအိမ်ဧကရာဇ် ၇ ဦးကြားမှာ ရှဲ့၊ နွား၊ လင်းနို့၊ ကြွက်၊ ပျံလွှား၊ ဝက်နှင့် ယာယွီတို့က သူတို့၏ နေရာများကို အသီးသီးယူပြီး မဟူရာလိပ်၏ ပုံသဏ္ဌာန်ကို ခပ်ရေးရေး ပေါ်ထွက်လာစေ၏။

အနောက်ဘက်အရပ်၏ စံအိမ်ဧကရာဇ် ၇ ဦးကြားမှာ ဝံပုလွေ၊ ခွေး၊ ရစ်ငှက်၊ ကြက်၊ ငှက်၊ မျောက်နှင့် မျောက်ဝံတို့က သူတို့၏ နေရာများကို အသီးသီးယူပြီး ကျားဖြူတစ်ကောင်၏ ပုံသဏ္ဌာန်ကို ခပ်ရေးရေးပေါ်ထွက်လာစေ၏။

တောင်ဘက်အရပ်၏ စံအိမ်ဧကရာဇ် ၇ ဦးကြားမှာ သိုး၊ ရေသမင်၊ မြင်း၊ သမင်၊ မြွေနှင့် မြွေနဂါးတို့က သူတို့၏ နေရာများကို အသီးသီးယူပြီး ဟင်္သပဒါးငှက် ပုံသဏ္ဌာန်ကို ခပ်ရေးရေးပေါ်ထွက်လာစေ၏။

စံအိမ်ဧကရာဇ် ၂၈ ဦးသည် သူတို့၏ အစစ်အမှန်ပုံစံများကို ထုတ်ဖော်ပြီး သူတို့၏ ကြီးမားသော ခန္ဓာကိုယ်များထဲကနေ အဆုံးမဲ့အမြုတေသွေးစီးကြောင်းတစ်ခုက စီးဆင်းထွက်ပေါ်လာ၏။ သူတို့သည် ကြယ်တာရာကောင်းကင်၏ အရပ်မျက်နှာလေးဘက်မှာ တစ်မူထူးခြားသော နေရာများကို သိမ်းပိုက်ထားပြီး ဝင်္ကပါတစ်ခုကို ဖြစ်ပေါ်လာစေ၏။

စံအိမ် ၂၈ခု ဝင်္ကပါသည် မတူညီသော မျိုးဆက်သွေးများနှင့် မတူညီသော မျိုးနွယ်များမှ စံအိမ်သားရဲဧကရာဇ်များကို လိုအပ်ရုံသာမက သူတို့သည် စံအိမ်သားရဲဧကရာဇ်တစ်ဦးချင်းစီကို ထူးခြားသော ကြယ်နေရာတစ်ခုစီကို သိမ်းပိုက်ထားစေဖို့ လိုအပ်လေသည်။

ထိုအခါမှသာ ဝင်္ကပါက ဖြစ်ပေါ်လာနိုင်မည်ဖြစ်သည်။

စံအိမ် ၂၈ခုဝင်္ကပါ စုဖွဲ့လာသည်နှင့် ၎င်း၏ စွမ်းပကားက အရမ်းကိုသန်မာပြီး အထွတ်အထိပ်ဧကရာဇ်ပညာရှင် ၁၀၀ပင်လျှင် ၎င်းကို ကိုင်လှုပ်နိုင်မည် မဟုတ်ပေ။

ထွက်ပေါ်လာသော စွမ်းအားက တဗူးနည်းစနစ်လေးခုနှင့် ယှဉ်နိုင်၏။

တဗူးနည်းစနစ်တစ်ခုက အထွတ်အထိပ်ဧကရာဇ်တစ်ဦးကို အလွယ်တကူ သတ်ဖြတ်နိုင်လေသည်။

စံအိမ်၂၈ခု ဝင်္ကပါ၏ စုဖွဲ့မှုနှင့် ဧကရာဇ်ရွှမ်စန်နှင့် ဧကရီယန်လော၏ တဗူးနည်းစနစ်နှစ်ခုသည် တဗူးနည်းစနစ်ခြောက်ခုကို ထုတ်ဖော်လိုက်ခြင်းနှင့် တူညီလေသည်။

“ဟမ်…”

သိုင်းတာအိုပင်မခန္ဓာ၏ အမူအရာက ပြောင်းလဲသွား၏။

စံအိမ် ၂၈ခု ဝင်္ကပါက လျင်မြန်စွာ စုဖွဲ့လာခဲ့၏။ သိုင်းစကြာဝဠာက ကြီးမားသော သက်ရောက်မှုတစ်ခုအောက်မှာ ရောက်ရှိလာပြီး လဲပြိုကျတော့မည့်ဆဲဆဲဖြစ်လာသည်ကို သူက ရှင်းရှင်းလင်းလင်း အာရုံခံမိလိုက်နိုင်၏။

“သူတို့မှာ ဒီလိုမျိုး နောက်ချန်အစီအစဉ်တစ်ခု ရှိနေသေးတာပဲ”

တျဲယွဲ့ကလည်း အန္တရာယ်ကို အာရုံခံမိသွားပြီး တိတ်တဆိတ် မျက်မှောင်ကြုတ်လိုက်၏။

သူမသာ ဤသည်ကို စောစောကြိုသိခဲ့မည်ဆိုလျှင် သူမသည် သူမအသက်နှင့်ရင်းကာ စွန့်စားပြီး စံအိမ်ဧကရာဇ် ၂၈ ဦးထဲမှ တစ်ဦးကို မရမက သတ်ဖြတ်မိခဲ့ပေလိမ့်မည်။

All Chapters