← Chapters

သနားညှာတာမှုမရှိ

Vol. 202 Ch. 3023

သနားညှာတာမှုမရှိ

Vol. 202 Ch. 3023

ကြယ်တာရာကောင်းကင်တိုက်ပွဲကွင်းက ရှုပ်ထွေးကာ ဖရိုဖရဲဖြစ်လာခဲ့၏။

မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှ ဧကရာဇ်ပညာရှင်များသာမဟုတ်ပေ။ ဧကရာဇ်မိုးပြာရောင်မီးတောက်နှင့် ဧကရာဇ်ပိုင်ယွီပင်လျှင် တုန်လှုပ်သွားပြီး လှည့်ထွက်ပြေးလိုက်ကြ၏။

ဧကရာဇ်ရွှမ်စန်နှင့် ဧကရီယန်လော၏ တဗူးနည်းစနစ်များက စွမ်းအားကြီးမားသော်လည်း သူတို့သည် ငရဲဂိတ်တံခါးဆယ်ချပ်၏ တိုက်ခိုက်မှုများကို မခုခံနိုင်ကြပေ။

ကျယ်လောင်သောပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာပြီးနောက် တဗူးနည်းစနစ်နှစ်ခုက ကြေမွပျက်စီးကာ ဘာမှမကျန်တော့ပေ။

ဧကရာဇ်ရွှမ်စန်၏ အဓိကအားသာချက်က ခံစစ်ဖြစ်၏။ ထိုအခိုက်အတန့်မှာ သူသည် သွေးများ ထပ်တလဲလဲအန်ထုတ်နေရသည်အထိ ရိုက်နှက်ခံထားရသည်။

သူ၏ကျောပေါ်မှ လိပ်ကျောခွံသည် မည်သည့်ဧကရာဇ်လက်နက်ထက်မဆို ပိုသန်မာပြီး တကယ်ပင် ဖျက်ဆီး၍ မရနိုင်ပေ။ ၎င်းသည် စွမ်းအားကြီးမားသော ဂိတ်တံခါးများ၏ ဖိနှိမ်မှုအောက်မှာပင် အကောင်းတိုင်းကျန်ရှိနေဆဲဖြစ်၏။

သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာ၏ တိုက်ခိုက်မှုများက သူ၏ လိပ်ကျောခွံကို သူ့ခန္ဓာကိုယ်ပေါ်ကနေ ကွာကျသွားစေ၏။

လိပ်ကျောခွံက ရိုက်ချိုးခံလိုက်ရသည်။

ဧကရာဇ်ပိုင်ယွီနှင့် ဧကရာဇ်မိုးပြာရောင်မီးတောက်တို့ ထွက်ပြေးသွားသည်ကို ဧကရာဇ်ရွှမ်စန် တွေ့မြင်သောအခါ သူကလည်း သူ၏ လျှို့ဝှက်အတတ် ရွှေပုစဉ်းတောင်ပံလဲခြင်းကို ထုတ်ဖော်လိုက်၏။ သူက သိပ်သည်းပြင်းထန်သော လိပ်ကျောခွံကို ပစ်ချပြီး လှည့်ထွက်ပြေးလိုက်၏။

ဧကရာဇ်ရွှမ်စန်ပင် ထိုသို့ဆိုပါက ဧကရီယန်လော၏ အခြေအနေက ပို၍ဆိုးဝါးနေ၏။

ကံကောင်းထောက်မစွာဖြင့် တောင်ဘက်၏ စံအိမ်ဧကရာဇ်ခုနှစ်ဦးထဲမှ ကျန်ရှိနေသော စံအိမ်ဧကရာဇ်ခြောက်ဦးက သူတို့အသက်နှင့်ရင်းကာ စွန့်စားပြီး ခဏကြာ ခုခံပေးလိုက်ကြ၏။ ထိုအခါမှသာ ဧကရီယန်လောက အသက်ရှူခွင့်ရသွားလေသည်။

သို့သော်လည်း စံအိမ်ဧကရာဇ်ခြောက်ဦးက ငရဲဂိတ်တံခါးဆယ်ချပ်၏ ရိုက်ခတ်မှုကို ဘယ်လိုလုပ် ခုခံနိုင်ပါ့မလဲ။

ဂိတ်တံခါးဆယ်ချပ်က ဖိချေကျဆင်းလာပြီး အသက်ရှူချိန်အနည်းငယ်မျှမှာ တောင်ဘက်၏ စံအိမ်ဧကရာဇ်ခြောက်ဦးက ရှင်သန်သူ တစ်ယောက်မကျန်ဘဲ သေဆုံးသွားကြ၏။

သူတို့ထဲမှာတချို့သည် ပစ်တိုက်ခံရခြင်းဖြင့် သတ်ဖြတ်ခံလိုက်ရ၏။ သူတို့ထဲမှ တချို့က ထုထောင်းခံရပြီး တချို့က ငရဲဂိတ်တံခါးများ၏ ဝါးမျိုခြင်းခံလိုက်ရ၏။

သိုင်းတာအိုပင်မခန္ဓာသည် အခြေအနေက ဆုံးဖြတ်ပြီးသွားသည်ကို တွေ့မြင်သောအခါ သူက အတွေးတစ်ချက်နှင့်အတူ ငရဲဂိတ်တံခါးဆယ်ချပ်ကို ထိန်းချုပ်ပြီး လေထုကိုဆုတ်ဖြဲကာ ထွက်ပြေးနေသော စံအိမ်ဧကရာဇ်များကို လိုက်လံဖိနှိမ်လိုက်၏။

အနောက်ဘက်၏ သားရဲဧကရီပိုက်ကွန်စံအိမ်က သူမ၏ အစစ်အမှန်ပုံစံပီဖန်းအဖြစ် အသွင်ပြောင်းလဲလိုက်၏။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးက မီးတောက်များဖြင့် လောင်ကျွမ်းနေပြီး သူမက မီးတောက်နီရောင်အလင်းတစ်ခုအဖြစ် အသွင်ပြောင်းလဲသွားလေသည်။

မထင်မှတ်ထားစွာပင် သူမ၏ မြင်ကွင်းက ရုတ်တရက်မှောင်မည်းသွား၏။

တုတ်ခိုင်၍ စွမ်းအားကြီးမားသော ဧရာမဂိတ်တံခါးတစ်ချပ်က ကောင်းကင်ထက်ကနေ ဆင်းသက်လာပြီး သူမ၏ ပကတိလောကကို ခြေမွှဖျက်ဆီးကာ သူမ၏ ခန္ဓာကိုယ်ကို ဖိချလိုက်၏။

“အား”

ဧကရီပိုက်ကွန်စံအိမ်က ခပ်စူးစူးအော်ဟစ်လိုက်ပြီး ငရဲဂိတ်တံခါးဖြင့် နှစ်ပိုင်းထိုးခွဲခံလိုက်ရ၏။ သူမ၏ အမြုတေစိတ်ဝိညာဉ်က မလွတ်မြောက်နိုင်ခင် သူမသည် ငရဲဂိတ်တံခါးဖြင့် ဝါးမျိုခံရပြီး နေရာမှာတင် သွေးများက ဖိတ်စင်ပြန့်ကျဲသွား၏။

ဧကရီခြေထောက်စံအိမ်သည် စိတ်ထဲမှာ တင်းကျပ်လေးလံလာပြီး သူ၏ ဝံပုလွေခြေလက်များနှင့်အတူ အသည်းအသန် ပြေးလွှားနေ၏။

ရုတ်တရက်ဆိုသလို။

ကြီးမားသော အန္တရာယ်တစ်ခုကို အာရုံခံမိသွားပြီး သူ၏ ဝံပုလွေသားမွေးများက ထောင်ထလာကာ သူက ရုတ်တရက်ရပ်တန့်လိုက်၏။

ဘုန်း…

မိစ္ဆာချီဖြင့် လွှမ်းခြုံ၍ နက်မှောင်နေသော မီးတောက်များဖြင့် လောင်ကျွမ်းနေသည့် ဧရာမဂိတ်တံခါးတစ်ချပ်က ကျဆင်းလာပြီး သူ့ရှေ့ရှိ ခြေဖဝါးတစ်ဖက်ကို ပစ်တိုက်ချလိုက်၏။

သူက အချိန်မီမရပ်တန့်ခဲ့လျှင် ထိုပစ်တိုက်ချက်ဖြင့် သူ၏ ခန္ဓာကိုယ်က အသားပျော့ဖတ်တစ်ခုအဖြစ် ကြိတ်ချေခံရပေလိမ့်မည်။

သို့သော်လည်း သူမတုံ့ပြန်နိုင်ခင် မိစ္ဆာချီဖြင့် လွှမ်းခြုံထားသော ဧရာမဂိတ်တံခါးက ရုတ်တရက် ရပ်တန့်တားဆီးမရနိုင်သော ဝါးမျိုစွမ်းအားတစ်မခုကို ထုတ်ဖော်လိုက်၏။

ဘေးပတ်ဝန်ကျင်မှာရှိသော မိစ္ဆာချီက လှည့်ပတ်၍ ဧရာမဝဲကတော့တစ်ခုကို ဖြစ်ပေါ်လာစေ၏။ ဧရာမရှေးဟောင်းသတ္တဝါကြီးတစ်ကောင်က သက်ရှိများအားလုံးကို ဝါးမျိုဖို့အတွက် ၎င်း၏ သွေးသံရဲရဲပါးစပ်ကို ဖွင့်ဟထားသည့်အလားပင်။

ဧကရာဇ်ခြေထောက်စံအိမ်သည် သူ၏ ပကတိလောကကို မြှောက်တင်ပြီး သူ၏ ဝံပုလွေမျက်လုံးများက ပြူးကျယ်လာ၏။ သူက သူ၏ မျက်လုံးအနက်ပိုင်းထဲကနေ မာန်ဖီဟိန်းဟောက်ပြီး သူ၏ အစွမ်းကုန်ရှိသမျှနှင့် ခုခံဆန့်ကျင်နေ၏။

သို့သော်လည်း သူ၏ ပကတိလောကသည် နက်မှောင်နေသော မီးတောက်များဖြင့် လောင်ကျွမ်းခံရပြီး မိစ္ဆာချီဖြင့် တိုက်စားခံနေရ၏။ သူသည် ဆက်လက်၍ တောင့်မခံနိုင်တော့ဘဲ တကျွိကျွိအသံများထွက်ပေါ်လာ၏။ သူ၏ ခန္ဓာကိုယ်ပေါ်မှာ အက်ကွဲကြောင်းများစွာ ပေါ်ထွက်လာပြီး အချိန်မရွေးလဲပြိုကျသွားနိုင်လေသည်။

“ဂါး…”

ဧကရီခြေထောက်စံအိမ်က မာန်သွင်းအော်ဟစ်ပြီး အလျှော့မပေးလိုသေးဘဲ သေအံ့ဆဲဆဲအချိန်မှာ ရုန်းကန်နေဆဲဖြစ်၏။

ထိုစဉ်မှာပင် ဖြူဖပ်ဖြူရော်နှင့် ညှိုးခြောက်နေသော လက်ပေါင်းများစွာက ဂိတ်တံခါးထဲကနေ ဆန့်တန်းထွက်ပေါ်လာပြီး ဧကရာဇ်ခြေထောက်စံအိမ်၏ ဝံပုလွေခန္ဓာနှင့် ခြေလက်များကို ရစ်ပတ်ဆွဲယူကာ ချောက်နက်ထဲသို့ တစ်စတစ်စဆွဲယူသွင်းလိုက်၏။

ဤသည်က အစစ်အမှန် ငရဲဂိတ်တံခါးဖြစ်၏။

နက်မှောင်နေသော မိစ္ဆာချီက အဝီစိမိစ္ဆာချီဖြစ်သည်။

နက်မှောင်နေသော မီးတောက်များက ငရဲမီးဖြစ်လေသည်။

မရေမတွက်နိုင်သောဖြူဖပ်ဖြူရော်တစ္ဆေလက်များသည် ဧကရာဇ်ခြေထောက်စံအိမ်ကို ခြေမွှဖျက်ဆီးပစ်မည့် နောက်ဆုံးကောက်ရိုးမျှင်ဖြစ်လေသည်။

သားရဲဧကရာဇ်ခြေထောက်စံအိမ်၏ စိတ်နှင့် သူတောင့်ခံထားသည့် ပကတိလောကက လုံးလုံးလျားလျားလဲပြိုကျသွား၏။ ဝံပုလွေအူသံနှင့်အတူ သူ၏ ကြီးမားသော ခန္ဓာကိုယ်က ငရဲဂိတ်တံခါးထဲသို့ တစ်စတစ်စတိုးဝင်သွားပြီး ပျောက်ကွယ်သွားလေသည်။

ကျန်ရှိနေသော စံအိမ်သားရဲဧကရာဇ်များစွာကြားမှာ သူတို့နှစ်ယောက်သည် သိုင်းတာအိုပင်မခန္ဓာ၏ တိုက်ရိုက်ပစ်မှတ်ထားခြင်း ဘာ့ကြောင့််ခံရသည်ကို သားရဲဧကရာဇ်ခြောက်ထောက်စံအိမ်နှင့် သားရဲဧကရီပိုက်ကွန်စံအိမ်က မသိရှိသွားကြပေ။

သားရဲဧကရီနှလုံးသားစံအိမ်၏ အစစ်အမှန်ပုံစံက အမြီးကိုးချောင်းသားရဲမြေခွေးဖြစ်ပြီး သူမက ပင်ကိုယ်သဘာဝအလျောက် ချောမောလှပလေသည်။ ယခုသူမသည် ဒဏ်ရာများဖြင့် ပြည့်နှက်နေပြီး သူမ၏ သနားစဖွယ်ကောင်းမှုက သူမ၏ လှပမှုကို ထပ်တိုးလာစေသည်။

သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာသည် ဤကဲ့သို့သော အချောအလှများကို သနားညှာတာမှုမရှိဘဲ သားရဲဧကရီနှလုံးသားစံအိမ်ကို လှည့်ပင်မကြည့်ပေ။ ငရဲဂိတ်တံခါးများက ဆင်းသက်လာပြီး သူမကို အညှာအတာမဲ့စွာ သတ်ဖြတ်လိုက်၏။

ထိုသည်ကို တွေ့မြင်သောအခါ ကြယ်တာရာကောင်းကင်တိုက်ပွဲကွင်း၏ အပြင်ဘက် အင်မော်တယ်ယာဉ်ပျံပေါ်မှ သားရဲဧကရီအမြီးကိုးချောင်းသည် တစ်စုံတစ်ရာကို တွေးမိသွားပုံရပြီး ရင်တစ်ချက်ထိတ်သွား၏။

သူမသည် သင်္ဘောခန်းထဲမှာ ဤမြင်ကွင်းကိုစောင့်ကြည့်ပြီး စိတ်လှုပ်ရှားတက်ကြွစွာဖြင့် ဆွေးနွေးပြောဆိုနေသည့် ကျား၊‌ မြေခွေးလေးနှင့် အခြားသူများကို လှည့်ကြည့်လိုက်၏။

“ဒီလိုမျိုးအချိန်မှာတောင် ဒီအမျိုးသားက သူ့ရဲ့ သွေးသောက်မောင်နှမတွေကို စိတ်ထဲမှာထည့်ထားတုန်းပဲ”

သားရဲဧကရီအမြီးကိုးချောင်းက တီးတိုးရေရွတ်လိုက်၏။

ကြယ်တာရာကောင်းကင်တိုက်ပွဲမြေမှာ။

ဧကရာဇ်မိုးပြာရောင်မီးတောက်၊ ဧကရာဇ်ပိုင်ယွီနှင့် အခြားသူများက လျှို့ဝှက်အတတ်တစ်ခုကို အတူတကွထုတ်ဖော်ပြီး မိုးကောင်းကင်ထက်ကို ထိုးညွှန်လိုက်၏။

ရုတ်တရက် ကြယ်တာရာကောင်းကင်ထက်မှာ ဧရာမအက်ကွဲကြောင်းတစ်ခုပေါ်ထွက်လာပြီး အဆုံးမဲ့စွမ်းပကားတစ်ခုကို ဖြာထုတ်ပေးနေ၏။

ရောင်စုံအလင်းများက လေထဲမှာပြည့်နှက်လာပြီး ခံ့ညားစွာ တောက်ပနေသော အလင်းပေါင်းများစွာကို ထုတ်ဖော်လိုက်လေသည်။

တကယ်ဆို အထဲကနေ အင်မော်တယ်အသံများကိုပင် ခပ်ရေးရေးကြားနေရလေသည်။

ဧကရာဇ်မိုးပြာရောင်မီးတောက်၊ ဧကရာဇ်ပိုင်ယွီနှင့် အခြားသူများက အက်ကွဲကြောင်းရှိရာသို့ ပြေးထွက်သွား၏။

“ထွက်ပြေးဖို့ကြိုးစားနေတာလား”

သိုင်းတာအိုပင်မခန္ဓာသည် ငရဲဂိတ်တံခါးဆယ်ချပ်ကို ထိန်းချုပ်ပြီး စံအိမ်ဧကရာဇ်များနောက်ကနေ လိုက်ပါလာ၏။ သူကိုယ်တိုင်ကတော့ တျဲယွဲ့၏ လက်ကို ဆုပ်ကိုင်ထားပြီး လှုပ်ရှားလာခဲ့လေသည်။ ခြေတစ်လှမ်းနှင့်အတူ သူက အဆုံးမဲ့ကြယ်တာရာကောင်းကင်ကို ဖြတ်ကျော်ပြီး သူတို့လေးယောက်ကို လိုက်မီလာခဲ့သည်။

ကြယ်တာရာကောင်းကင်တိုက်ပွဲကွင်းမှာ လေဟာနယ်က ဖရိုဖရဲဖြစ်နေပြီး ကြေမွပျက်စီးကာ တည်နေရာခုန်ကူးဖို့ မဖြစ်နိုင်တော့ပေ။

သိုင်းတာအိုပင်မခန္ဓာ၏ လှုပ်ရှားမှုနည်းစနစ်ကတော့ ၎င်းသည် ဧကရာဇ်နယ်ပယ်ကိုကျော်လွန်ကာ တာအို၏ ကနဦးပုံစံနှင့် ထိတွေ့မိနေပြီဖြစ်သည်။

၎င်းသည် တည်နေရာခုန်ကူးခြင်း မဟုတ်သော်လည်း ၎င်းသည် တည်နေရာခုန်ကူးခြင်းကို ကျော်လွန်ကာ ချက်ချင်းပင်ရောက်ရှိလာခဲ့၏။

ကောင်းကင်ဘုံခုံရုံး၏ ဝင်ပေါက်ဝက သူတို့၏ ရှေ့တည့်တည့်မှာ ရှိလေသည်။ သို့သော်လည်း ဧကရာဇ်မိုးပြာရောင်မီးတောက်နှင့် အခြားသူများသည် နောက်ခဏ၌ ကပ်ဘေးတစ်ခု ဆင်းသက်လာတော့မည့်အလား ရုတ်တရက် ရင်တလှပ်လှပ်ခံစားလာရ၏။

သူတို့လေးယောက်က နောက်ကိုလှည့်ကြည့်လိုက်ကြ၏။

ထိုသို့လှည့်ကြည့်လိုက်စဉ် သူတို့လေးယောက်က လိပ်ပြာလွင့်မတတ်ကြောက်လန့်သွားလေသည်။

ခရမ်းရောင်ဝတ်ရုံ၊ ငွေရောင်မျက်နှာဖုံးနှင့် အထီးကျန်သိုင်းသခင်က သွေးလိပ်ပြာ၏ လက်ကို ကိုင်ဆွဲကာ သူတို့နောက်ကနေ လိုက်ပါလာ၏။ သူက သူတို့နှင့် အရမ်းကို နီးကပ်နေပြီဖြစ်သည်။

ငွေရောင်မျက်နှာဖုံးက သူ၏ မျက်နှာကို ဖုံးအုပ်ထားပြီး သူတို့သည် ပင်လယ်တစ်စင်းကဲ့သို့ နက်ရှိုင်း၍ ခရမ်းရောင်မီးတောက်များနှင့်လောင်ကျွမ်းနေသော မျက်လုံးတစ်စုံကလွဲလျှင် အခြားမည်သည့်အရာကိုမှ မမြင်ရပေ။ သို့သော်လည်း ထိုမျက်လုံးများက အလွန်တရာအေးစက်နေ၏။

“မင်း.. မင်း…”

ဧကရာဇ်ပိုင်ယွီက ထိတ်ထိတ်ပျာပျာဖြစ်သွားပြီး သူက ကျယ်လောင်စွာအော်ငေါက်လို၏။ သို့သော်လည်း အေးစက်နေသော ထိုမျက်လုံးများကို တွေ့မြင်သောအခါ သူက အရမ်းကို ကြောက်ရွံ့ထိတ်လန့်သွားပြီး စကားတစ်လုံးကိုပင် မပြောဆိုနိုင်တော့ပေ။

“အထီးကျန်သိုင်းသခင်… မင်ငါတို့ကို တကယ်ပဲ သနားညှာတာမှု မပြတော့ဘူးလား”

ဧကရာဇ်ရွှမ်စန်က ရင်တစ်ချက်ထိတ်သွားပြီး ခပ်အုပ်အုပ်အော်ငေါက်လိုက်၏။

ဧကရာဇ်မိုးပြာရောင်မီးတောက်ကလည်း အံကိုကြိတ်ကာ ပြောလိုက်၏။

“အထီးကျန်သိုင်းသခင် မင်းငါတို့ကို သတ်ဖြတ်ရဲမယ်ဆိုရင် မင်းတို့နှစ်ယောက်လည်း သေရလိမ့်မယ်”

သူတို့လေးယောက်က ခြိမ်းခြောက်နေစဉ် သူတို့၏ စိတ်ဝိညာဉ်အသိစိတ်များကို တိတ်တဆိတ်စုဖွဲ့ထားကြ၏။

“သေစမ်း”

ရုတ်တရက်ဆိုသလို။

သူတို့လေးယောက်က သူတို့၏ စိတ်ဝိညာဉ်အသိစိတ်များဖြင့် ဆက်သွယ်ပြောဆိုပြီးနောက် သူတို့၏ အမြုတေစိတ်ဝိညာည်လျှို့ဝှက်အတတ်များကို တစ်ချိန်တည်းမှာ ထုတ်ဖော်ကာ သိုင်းတာအိုပင်မခန္ဓာကို ပစ်မှတ်ထားလိုက်လေသည်။

သူတို့လေးယောက်၏ အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်များကို ပေါင်းစည်းထားသည့်အခါ သူတို့သည် အထွတ်အထိပ်ဧကရာဇ်များအားလုံးနီးပါးကိုပင် သတ်ဖြတ်နိုင်လေသည်။ သို့သော်လည်း သူတို့လေးယောက်သည် အထီးကျန်သိုင်းသခင်နှင့် ရင်ဆိုင်ရာမှာ ယုံကြည်မှုမရှိကြပေ။

သူတို့၏ အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်က အထီးကျန်သိုင်းသခင်ကို သတ်ဖြတ်နိုင်မည်ဆိုလျှင် အကောင်းဆုံးဖြစ်ပေလိမ့်မည်။

သူတို့က သူ့ကို မသတ်ဖြတ်နိုင်ဘူးဆိုလျှင်တောင် သူတို့သည် သူ့ကို ထိခိုက်ဒဏ်ရာရရှိစေခြင်း သို့မဟုတ် အချိန်ခဏ ဆွဲထားနိုင်မည်ဆိုလျှင် သူတို့လေးယောက်သည် ကောင်းကင်ဘုံခုံရုံးသို့ ထွက်ပြေးလွတ်မြောက်နိုင်မည့် အခွင့်အရေးကို ရရှိပေလိမ့်မည်။

အမြုတေစိတ်ဝိာညာဉ်လျှို့ဝှက်အတတ်က လေထုကို ဆုတ်ဖြဲလာခဲ့၏။ အထီးကျန်သိုင်းသခင်က အချိန်မီမခုခံနိုင်သည့်အလား မည်သည့်အရာကိုမှ မပြုလုပ်ပေ။

ရုတ်တရက် ဧကရာဇ်မိုးပြာရောင်မီးတောက်နှင့် အခြားသုံးယောက်၏ ရင်ထဲတွင် မျှော်လင့်ချက်ရောင်ခြည်သန်းလာပြီး သူတို့၏ အကြည့်များက တောက်ပလာ၏။

အထီးကျန်သိုင်းသခင်သည် အနိုင်ရလဒ်က သေချာပြီဟု တွေးထားပြီး သူက အဲဒါကို သတိမထားမိခြင်း ဖြစ်နိုင်လေသည်။

ဒါ့အပြင် သူတို့က အရမ်းကို နီးကပ်နေ၏။

အထီးကျန်သိုင်းသခင်က ကြိုတင်ပြင်ဆင်ထားမည်ဆိုလျှင်တောင် သူသည် အချိန်မီ ခုခံနိုင်လိမ့်မည်မဟုတ်ပေ။

All Chapters