← Chapters

ခုံရုံးအဖြစ် ကောင်းကင်ဘုံကိုးလွှာ

Vol. 202 Ch. 3026

ခုံရုံးအဖြစ် ကောင်းကင်ဘုံကိုးလွှာ

Vol. 202 Ch. 3026

မိစ္ဆာအရှင်သည် အရမ်းကို ပဟေဠိဆန်ပြီး လျှို့ဝှက်ဆန်းကြယ်လွန်းလေသည်။ သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာက အချက်တစ်ချက်ကို သေချာသိရှိထား၏။

မိစ္ဆာအရှင် သို့မဟုတ် ထပ်ပြီး ပြောရလျှင် မိစ္ဆာအရှင်ကို နောက်ခံပေးထားသည့် အဖွဲ့အစည်းသည် နှစ်ပေါင်းများစွာကြာအောင် ကောင်းကင်ဘုံခုံရုံးနှင့် ဆန့်ကျင်တိုက်ခိုက်နေခဲ့ကြ၏။

ယခု မိစ္ဆာအရှင်သည် ပေါ်ထွက်လာဖို့ ရွေးချယ်ခဲ့ပြီး သူတို့နှစ်ယောက်အပေါ် မည်သည့်ရန်လိုစိတ်မှမရှိဘဲ သူနှင့်တျဲယွဲ့ကို ဤလောကဖြင့် လွှမ်းခြုံထားလေသည်။ အကြီးမားဆုံးဖြစ်နိုင်ခြေမှာ သူက သူတို့ကို ရစ်ပတ်ချည်နှောင်လိုခြင်းပင်။

ကိစ္စက ထိုသို့ဆိုမှတော့ မိစ္ဆာအရှင်သည် သိုင်းတာအိုပင်မခန္ဓာ၏ ရင်ထဲရှိ သံသယများအတွက် အဖြေတစ်ခုကို သေချာပေါက် ပေးနိုင်ပေလိမ့်မည်။

မိစ္ဆာအရှင်၊ ကောင်းကင်သင်္ချိုင်း၊ ဧကရီဆိုးယုတ်၊ လမ်းခြောက်သွယ်၊ တစ္ဆေမိခင်၊ ကောင်းကင်ဘုံခုံရုံး၊ ရှေးဟောင်းမဟာဧကရာဇ်များ… ထိုဖြစ်စဉ်မှာ လျှို့ဝှက်ဆန်းကြယ်မှုများစွာ ရှိနေ၏။

“မင်းဘာသိချင်လို့လဲ”

သိုင်းတာအိုပင်မခန္ဓာ၏ စိတ်ကို ဖတ်မိနိုင်သည့်အလာ သင်္ချိုင်းစောင့် စတင်၍ မေးမြန်းလိုက်၏။

သိုင်းတာအိုပင်မခန္ဓာက ခဏမျှ စဉ်းစားတွေးတောပြီးနောက် ဖြည်းဖြည်းချင်းမေးမြန်းလိုက်၏။

“ကောင်းကင်ဘုံခုံရုံးနဲ့ ပတ်သက်တဲ့အရာ အကုန်လုံးပဲ”

သမိုင်းတစ်လျှောက်မှာ ကောင်းကင်ဘုံခုံရုံးသည် လျှို့ဝှက်ဆန်းကြယ်မှုများနှင့် ကပ်ဘေးများအားလုံး၏ အဓိကအချက်အချာ အဖြစ် ရပ်တည်ခဲ့လေသည်။

သင်္ချိုင်းစောင့်၏ မျက်လုံးအနက်ပိုင်းထဲမှာ ဖော်မပြတတ်သော ချီးကျူးလိုမှုတစ်ခု ဖျတ်ခနဲပေါ်ထွက်လာပြီးနောက် ချက်ချင်းပင် ပျောက်ကွယ်သွားလေသည်။ သူက ပြောလိုက်၏။

“ကောင်းကင်ဘုံခုံရုံးရဲ့ ဖွဲ့စည်းပုံက မဟာတစ်ထောင်လောကရဲ့ ကြီးမားတဲ့ အဖွဲ့အစည်းကိုးခုကနေ အရင်းခံလာခဲ့တာပဲ”

“ကောင်းကင်ဘုံကိုးလွှာက ခုံရုံးအဖြစ် တာဝန်ထမ်းဆောင်ပြီး သက်ရှိတွေအားလုံးကို ကျွန်ပြုထားတယ်.. ကောင်းကင်ဘုံခုံရုံးဆိုတာ ကောင်းကင်ဘုံကိုးလွှာပဲ”

“ကောင်းကင်ဘုံကိုးလွှာ”

တစ်စုံတစ်ရာကို တွေးမိသွားသည့်အလား သိုင်းတာအိုပင်မခန္ဓာက သူ၏ ဝတ်ရုံစကို ဝေ့ယမ်းပြီး မတူညီသော စာလုံးများပါရှိသည့် တံဆိပ်ပြားများစွာကို ပြန့်ကျဲကျဆင်းလာစေ၏။

မီးတောက်၊ အပြာရောင်၊ ပေါ်ထွန်းမှု၊ ဆန်းကြယ်။

သိုင်းတာအိုပင်မခန္ဓာက မေးလိုက်၏။

“ဒီတံဆိပ်ပြားတွေရဲ့ နောက်ဘက်က နာမည်တွေက…”

“ကောင်းကင်ဘုံကိုးလွှာထဲက လေးခုလား”

“အမှန်ပေါ့”

သင်္ချိုင်းစောင့်က ခေါင်းညိတ်ပြလိုက်၏။

“အလယ်မှာ စွမ်းအားကောင်းကင်ဘုံရှိတယ်… အရှေ့ဘက်မှာ အပြာရောင်ကောင်းကင်ဘုံ… အရှေ့မြောက်ဘက်မှာ ဆောင်းဦးကောင်းကင်ဘုံ.. မြောက်ဘက်မှာ ဆန်းကြယ်ကောင်းကင်ဘုံ… အနောက်မြောက်မှာ တမလွန်ကောင်းကင်ဘုံ… အနောက်ဘက်မှာ ပေါ်ထွန်းမှုကောင်းကင်ဘုံ… အနောက်တောင်မှာ ဟင်္သပဒါးကောင်းကင်ဘုံ… တောင်ဘက်မှာ မီးတောက်ကောင်းကင်ဘုံနဲ့ အရှေ့တောင်မှာ မီးပဒေသာကောင်းကင်ဘုံတို့ရှိတယ်.. သူတို့အားလုံးကို စုပေါင်းပြီး ကောင်းကင်ဘုံကိုးလွှာလို့ ခေါ်ဆိုတာပဲ”

တျဲယွဲ့က နားလည်သဘောပေါက်လာခဲ့၏။

ဧကရာဇ်မိုးပြာရောင်မီးတောက်ကို နောက်ခံပေးထားသည့် အပြာရောင်အဖွဲ့သည် ကောင်းကင်ဘုံကိုးလွှာထဲမှ အပြာရောင်ကောင်းကင်ဘုံဖြစ်လေသည်။

“ကောင်းကင်ဘုံကိုးလွှာက ခုံရုံးအဖြစ်ထမ်းဆောင်ပြီး သက်ရှိတွေအားလုံးကို ကျွန်ပြုထားတယ်”

သိုင်းတာအိုပင်မခန္ဓာက တီးတိုးရေရွတ်လိုက်၏။

ဧကရာဇ်မိုးပြာရောင်မီးတောက်နှင့် အခြားသောပညာရှင်များသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောက၏ မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများအားလုံးကို တကယ်ပင် အလေးအနက်မထားကြပေ။

ဤသည်မှာ သူတို့အရိုးများ၏ အနက်ပိုင်းထဲကနေလာသော အထင်အမြင်သေးမှုမျိုးဖြစ်လေသည်။

သင်္ချိုင်းစောင့်က ပြောလိုက်၏။

“မင်းကျင့်ကြံမှုရဲ့ ဒီအဆင့်မှာဆိုရင် မျိုးနွယ်စုတစ်သောင်းက သက်ရှိတွေက ဧကရာဇ်နယ်ပယ်ကို ဝင်ရောက်ပြီးတဲ့နောက် မဟာကမ္ဘာတစ်ထောင်လောကကို တက်လှမ်းနိုင်တယ်ဆိုတာကို သိထားလောက်ပြီပေါ့”

“ဒါပေမဲ့ ကောင်းကင်ဘုံကိုးလွှာရဲ့ တည်ရှိမှုကြောင့် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကက မဟာတစ်ထောင်လောကနဲ့ ပိုင်းခြားခံထားရတယ်… မျိုးနွယ်စုတစ်သောင်းက သက်ရှိတွေရဲ့ တက်လှမ်းရာလမ်းကြောင်းက ပိတ်ဆို့တားဆီးခံထားရတယ်… အဲဒါကြောင့်ပဲ နှစ်ပေါင်းမရေမတွက်နိုင်အောင် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ တက်လှမ်းသွားသူ မရှိကြတော့တာပဲ”

“အဲဒါကြောင့် ပြီးခဲ့တဲ့နှစ်တချို့မှာ ကောင်းကင်ဘုံကိုးလွှာကို တွန်းလှန်တိုက်ထုတ်ဖို့အတွက် ငါတို့တွေက ရှေးဟောင်းမဟာဧကရာဇ်တွေနဲ့ ပူးပေါင်းခဲ့ကြတာပဲ”

မဟာအရိုင်းကမ္ဘာမှာ သိုင်းတာအိုပင်မခန္ဓာနှင့် တျဲယွဲ့သည် တာအိုအကြောင်းကို တစ်ခါဆွေးနွေးခဲ့ပြီး ထိုကဲ့သို့သော ထင်မြင်ယူဆချက်တချို့ တကယ်ပင်ရှိခဲ့လေသည်။

ဧကရာဇ်နယ်ပယ်သို့ တက်လှမ်းလာပြီးနောက် သူတို့၏ လောကစွမ်းအားများကို တိုးမြှင့်ဖို့ မူမမှန်စွာ ခဲယဉ်းလာခဲ့လေသည်။ ရင်းမြစ်ချီနှင့် ရင်းမြစ်ကျောက်တုံးတို့ကို လိုအပ်လာခဲ့၏။

သို့သော်လည်း ဤကဲ့သို့သော ရတနာများသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ မတည်ရှိပေ။

တစ်နည်းအားဖြင့်ဆိုသော် ကောင်းကင်နှင့်မြေကြီး နိယာမများ၏ လည်ပတ်ပုံအရ သက်ရှိများသည် ဧကရာဇ်နယ်ပယ်သို့ တက်လှမ်းလာပြီးနောက် သူတို့သည် ကျင့်ကြံဖို့အတွက် ရင်းမြစ်ချီနှင့် ရင်းမြစ်ကျောက်တုံးများရှိရာ ပတ်ဝန်းကျင်တစ်ခုသို့ သွားရောက်သင့်လေသည်။

ထိုနေရာက မဟာကမ္ဘာတစ်ထောင်လောကဖြစ်သည်။

“ဘာလို့လဲ”

သိုင်းတာအိုပင်မခန္ဓာက အတန်ကြာအောင် နှုတ်ဆိတ်နေပြီးနောက် လေးနက်စွာဖြင့် မေးလိုက်၏။

“ကောင်းကင်ဘုံကိုးလွှာက သက်ရှိတွေအားလုံးကို ကျွန်ပြုပြီး ဘာအကျိုးအမြတ်ကို ရမှာလဲ… ကောင်းကင်ဘုံကိုးလွှာက သက်ရှိတွေရဲ့ တက်လှမ်းရာလမ်းကြောင်းကို ဘာ့ကြောင့်ပိတ်ဆို့တားဆီးထားတာလဲ”

သင်္ချိုင်းစောင့်က ပြောလိုက်သည်။

“အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ စိတ်ဝိညာဉ်ချီ… အမြုတေချီနဲ့ ရင်းမြစ်ချီအပါအဝင် ကျင့်ကြံရေးအရင်းအမြစ်တွေအားလုံးကို စကြဝဠာစွမ်းအင်လို့ ခေါ်ဆိုနိုင်တယ်”

“ဒီစကြဝဠာမှာ အဲလိုမျိုးစွမ်းအင်တွေက အကန့်အသတ်မဲ့နေတာမဟုတ်ဘူး”

“သာမန်လူသားတွေမှာ ဘဝသက်တမ်းနှစ်တစ်ရာထက် ပိုမရှိဘူး… သူတို့သေသွားပြီးတဲ့နောက် သူတို့ရဲ့ဝိညာဉ်က လောကဆီ ပြန်ရောက်သွားပြီး သူတို့ရဲ့ အသွေးအသားတွေက ပျက်ပြယ်သွားလိမ့်မယ်.. စွမ်းအင်တွေအားလုံးက သဘာဝဆီကို ပြန်သွားလိမ့်မယ်… စွမ်းအင်တချို့က စုပ်ယူခံရပြီး စွမ်းအင်တချို့ကို ပြန်ပြီးထုတ်ပေးလိမ့်မယ်… အဲဒါက လောကရဲ့ မျှခြေကို ပျက်ပြားစေမှာမဟုတ်ဘူး”

“ဒါပေမဲ့… ကျင့်ကြံသူတွေရဲ့တည်ရှိမှုက အဲဒီမျှခြေကို ချိုးဖျက်လိုက်တယ်”

တစ်စုံတစ်ရာကို နားလည်သဘောပေါက်သွားသည့်အလား သိုင်းတာအိုပင်မခန္ဓာက တီးတိုးရေရွတ်လိုက်၏။

“အဲဒါကြောင့် မျိုးနွယ်စုတစ်သောင်းက သက်ရှိတွေက ကျင့်ကြံမှုနယ်ပယ်တစ်ခုကို တက်လှမ်းပြီး လောကရဲ့ အချုပ်အနှောင်ကနေ လွတ်မြောက်လာတဲ့အခါ သူတို့တွေက ကောင်းကင်ဘုံကပ်ဘေးတွေကို ဆွဲဆောင်မိကြတာပဲ”

“ကောင်းကင်ဘုံကပ်ဘေးကို ဖြတ်ကျော်မယ့်သူက ပိုပြီး သန်မာလေ ဆင်းသက်လာမယ့် ကောင်းကင်ဘုံကပ်ဘေးကလည်း ပိုပြီးတော့ ပြင်းထန်ကြမ်းတမ်းလေပဲ… ဘာလို့လဲဆိုတော့ ကောင်းကင်ဘုံတာအိုက လောကရဲ့မျှခြေကို ထိန်းထားဖို့အတွက် တက်လှမ်းလာတဲ့သူတွေကို ဖျက်ဆီးပစ်ချင်နေလို့ပဲ”

“ဒါပေမဲ့ ကောင်းကင်ဘုံက ဘယ်လောက်ပဲ စာနာမှုကင်းမဲ့ပါစေ အဲဒါက ကပ်ဘေးဆင်းသက်ခြင်းကို ဖြတ်ကျော်မယ့် အဲဒီသူတွေအတွက် အသက်ရှင်သန်ဖို့ မျှော်လင့်ချက်တစ်စွန်းတစ်စကို ချန်ပေးထားသေးတာပဲ”

သင်္ချိုင်းစောင့်က ခေါင်းညိတ်ကာ ဆက်ပြောလိုက်၏။

“မျိုးနွယ်စုတစ်သောင်းက သက်ရှိတွေက အဆက်မပြတ် ကျင့်ကြံပြီး မျိုးပွားနေကြတယ်.. ကောင်းကင်ဘုံတာအိုပဲဖြစ်ဖြစ်… သားရဲတာအိုပဲဖြစ်ဖြစ် သူတို့တွေက ကျင့်ကြံမှုအရင်းအမြစ်တွေအဖြစ် စိတ်ဝိညာဉ်ချီ… အမြုတေချီနဲ့ ရင်းမြစ်ချီတွေကို အဆက်မပြတ် စုပ်ယူနေကြတယ်”

မင်းရဲ့ကျင့်ကြံမှုက ပိုပြီးတော့ မြင့်မားလာတဲ့အခါ မင်းရဲ့ဘဝသက်တမ်းကလည်း ပိုပြီးတော့ ရှည်ကြာလာမယ်… မင်းစုပ်ယူနိုင်တဲ့စွမ်းအင်ကလည်း ပိုပြီးတော့ များပြားလာလိမ့်မယ်… ဘဝသက်တမ်းရှည်လျားတဲ့ သူတွေရဲ့ သက်ရောက်မှုတစ်ခုအနေနဲ့ သူတို့တွေက စွမ်းအင်ကို ပြန်ထုတ်မပေးဘဲ အဆက်မပြတ် စုပ်ယူနေကြတယ်”

အဲဒီလိုနဲ့ လောကမှာရှိတဲ့ ကျင့်ကြံရေးအရင်းအမြစ်တွေက တဖြည်းဖြည်းခန်းခြောက်လာခဲ့တယ်… မဟာကမ္ဘာတစ်ထောင်လောကမှာလည်း အတူတူပဲ”

ထိုစကားကိုကြားသောအခါ သိုင်းတာအိုပင်မခန္ဓာက နားလည်သဘောပေါက်လိုက်၏။

ကောင်းကင်ဘုံကိုးလွှာအနေဖြင့် မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများ၏ တက်လှမ်းရာလမ်းကြောင်းကို ပိတ်ဆို့တားဆီးခြင်းဖြင့် အကြီးမားဆုံးသော အကျိုးအမြတ်မှာ သူတို့သည် မဟာကမ္ဘာတစ်ထောင်လောက၏ ကျင့်ကြံရေးအရင်းအမြစ်များကို လက်ဝါးကြီးအုပ်ထားနိုင်မည်ဖြစ်သည်။

ထို့ကြောင့်ပင် ရှေးဟောင်းခေတ်က မဟာဧကရာဇ်များသည် ကောင်းကင်ဘုံကိုးလွှာနှင့် ကောင်းကင်ဘုံခုံရုံးကို တွန်းလှန်တိုက်ထုတ်ချင်ပြီး မဟာကမ္ဘာတစ်ထောင်လောကသို့ သတ်ဖြတ်ခြင်းဖြင့် လမ်းဖောက်ခဲ့ကြခြင်းဖြစ်လေသည်။

“ခင်ဗျားက ကောင်းကင်ဘုံခုံရုံးနဲ့ ရန်သူတွေဖြစ်နေပြီဆိုမှတော့ ခင်ဗျားက စောစောက ထွက်ပြေးသွားတဲ့ ဧကရာဇ်မိုးပြာရောင်မီးတောက်နဲ့ အခြားနှစ်ယောက်ကို ဘာလို့ကယ်တင်ပေးခဲ့တာလဲ”

သိုင်းတာအိုပင်မခန္ဓာက မျက်မှောင်ကြုတ်ကာ မေးလိုက်၏။

သင်္ချိုင်းစောင့်သည် သိုင်းတာအိုပင်မခန္ဓာ၏ ကျင့်ကြံမှုနယ်ပယ်ကို သိမြင်လိုသည့်အလား သူ့ကို အကဲခတ်ကြည့်နေ၏။ ခဏနေပြီးနောက် သူက ခေါင်းခါယမ်းလိုက်၏။

“မင်းရဲ့ လက်ရှိတိုက်ခိုက်ရည်ခွန်အားနဲ့ဆို ကောင်းကင်ဘုံကိုးလွှာက မဟာဧကရာဇ်တချို့နဲ့ ရင်ဆိုင်ရတဲ့အခါ မင်းမှာအနိုင်ရဖို့ အခွင့်အရေး သိပ်ပြီးမရှိဘူး”

“မင်းက အဲဒီစံအိမ်ဧကရာဇ်တချို့ကို သတ်ဖြတ်လိုက်တာက ဘာမှမဖြစ်ဘူး ဒါပေမဲ့ အထွတ်အမြတ်တောကောင်မျိုးဆက်သွေးကို ပိုင်ဆိုင်ထားတဲ့ အဲဒီသခင်လေးတချို့မှာ မဟာဧကရာဇ်တွေချန်ပေးထားတဲ့ ဓမ္မတာအိုအမှတ်အသားတွေရှိနေတယ်”

“မင်းက သူတို့ထဲက တစ်ယောက်ယောက်ကို သတ်ဖြတ်လိုက်တာနဲ့ သူတို့ကို နောက်ခံပေးထားတဲ့ မဟာဧကရာဇ်တွေက ပေါ်ထွက်လာလိမ့်မယ်”

သိုင်းတာအိုပင်မခန္ဓာက ခွန်းတုံ့ပြန်ခြင်းမရှိပေ။

သူ၏ အမြုတေသိုင်းကောင်းကင်လိုဏ်ဂူကို လောကတစ်ခုဖြစ်လာသည်အထိ မကျင့်ကြံရသေးပေ။ ယခုအချိန်မှာ တိုက်ခိုက်ရည်ခွန်အားအရ သူသည် မဟာဧကရာဇ်နယ်ပယ်အောက်တွင် ပညာရှင်များအားလုံးနှင့် တိုက်ခိုက်နိုင်နေပြီဖြစ်သည်။

သို့သော်လည်း သူသည် အစစ်အမှန်မဟာဧကရာဇ်တစ်ပါးနှင့်ရင်ဆိုင်ရာမှာ တကယ်ပင်ယုံကြည်မှုမရှိပေ။

“အဲဒါထူးဆန်းတယ်”

ရုတ်တရက် တျဲယွဲ့က မေးလိုက်သည်။

“ဧကရီယန်လောက မီးတောက်ကောင်းကင်ဘုံရဲ့သခင်မလေးဖြစ်လောက်တယ်... သူအသတ်ခံရတုန်းက ရှင်က ကျွန်မတို့ကို တားဆီးဖို့ ဘာလို့ပေါ်ထွက်မလာတာလဲ”

“သူလား... ဟဲဟဲ”

ရုတ်တရက် သင်္ချိုင်းစောင့်က ရယ်မောလိုက်၏။

“ငါတို့သူ့ကိုသတ်လိုက်မယ်ဆိုရင်တောင် မဟာဧကရာဇ်မီးတောက်ကောင်းကင်ဘုံက အဲဒါကို အာရုံခံမိနိုင်မှာမဟုတ်ဘူး... သူက လက်စားလာချေမှာလည်း မဟုတ်ဘူး”

“အမ်”

သိုင်းတာအိုပက်မခန္ဓာနှင့် တျဲယွဲ့က တွေဝေရှုပ်ထွေးသွားပြီး သင်္ချိုင်းစောင့်၏ အဖြေစကားကို ဆက်လက်၍စောင့်ဆိုင်းနေကြ၏။

ရုတ်တရက် သင်္ချိုင်းစောင့်က စကားလမ်းကြောင်းပြောင်းပြီး သိုင်းတာအိုပင်မခန္ဓာကို ကြည့်လိုက်၏။

“မင်းက အရင်တုန်းက မဟာအဝီစိကို ရောက်ခဲ့ဖူးတာပဲ... မင်းအဲဒီမှာဘာနဲ့ကြုံတွေ့ခဲ့ရလဲ”

သိုင်းတာအိုပင်မခန္ဓာက ခဏမျှ ပြန်လည်စဥ်းစားပြီးနောက် ခေါင်းညိတ်ပြလိုက်၏။ သူက လေးနက်သောအသံဖြင့် ပြောလိုက်၏။

“အဲဒီတုန်းက အထဲမှာပိတ်မိနေတဲ့ အသိစိတ်နှစ်ခုရှိနေတဲ့ပုံပဲ”

သင်္ချိုင်းစောင့်က ပြောလိုက်၏။

“အသိစိတ်တစ်ခုက ငရဲအရှင်ဖြစ်တယ်ဆိုတာကို မင်းခန့်မှန်းမိလောက်မှာပါ”

သိုင်းတာအိုပင်မခန္ဓာက ခေါင်းညိတ်ပြလိုက်၏။

အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာဖြစ်စေ၊ ငရဲကမ္ဘာမှာဖြစ်စေ ငရဲအရှင်သည် တစ်ခါတုန်းက မဟာဧကရာဇ်အနန္တ၏ ဖိနှိမ်ခြင်းခံခဲ့ရသည်ဟူသော ကောလာဟလရှိလေသည်။

ရလဒ်အနေဖြင့် ငရဲကမ္ဘာက ယိုယွင်းပျက်စီးသွားပြီး လောက၏ မဟာတာအိုက ပြီးပြည့်စုံမှုမရှိတော့ဘဲ အဲဒါကို ဘယ်တုန်းကမှ ပြန်လည်မပြုပြင်နိုင်တော့ပေ။

သင်္ချိုင်းစောင့်က ထိုသို့ပြောပြီးနောက် သူက စကားပြောခြင်းကို ရုတ်တရက်ရပ်တန့်လိုက်၏။

သိုင်းတာအိုပင်မခန္ဓာက မေးမြန်းတော့မည့်ဆဲဆဲမှာပင် သူ၏ စိတ်ထဲမှာ အတွေးတစ်ခု ဖျတ်ခနဲပေါ်ထွက်လာပြီး သူက တုန်လှုပ်သွားလေသည်။

သိုင်းတာအိုပင်မခန္ဓာက ဖြည်းဖြည်းချင်းပြောလိုက်၏။

“မဟာအဝီစိက တခြားအသိစိတ်က ကောင်းကင်ဘုံကိုးလွှာက မဟာဧကရာဇ် မီးတောက်ကောင်းကင်ဘုံဖြစ်တယ်လို့ ခင်ဗျားပြောချင်နေတာလား။”

All Chapters