← Chapters

အနန္တ၏ မေတ္တာဂရုဏာ

Vol. 202 Ch. 3027

အနန္တ၏ မေတ္တာဂရုဏာ

Vol. 202 Ch. 3027

သင်္ချိုင်းစောင့်က ခေါင်းညိတ်ပြလိုက်၏။

သိုင်းတာအိုပင်မခန္ဓာနှင့် တျဲယွဲ့သည် အကြည့်ချင်းဖလှယ်ပြီး တစ်ယောက်မျက်လုံးထဲတွင်တစ်ယောက် တုန်လှုပ်မှုကို တွေ့မြင်နေရသည်။

အရင်တုန်းက မဟာဧကရာဇ်အနန္တသည် သူ၏ အသွေးအသားကို အသုံးချပြီး အဝီစိကို ဖန်တီးခဲ့၏။ ငရဲဖိနှိမ်မီးဖိုနှင့်အတူ သူသည် ဒီဘက်မျိုးဆက်အထိ ခေတ်တစ်ခေတ်ကြာအောင် မဟာဧကရာဇ်နှစ်ပါးကို ဖိနှိမ်ခဲ့၏။

သူတို့ထဲမှ တစ်ယောက်သည် ကောင်းကင်ဘုံခုံရုံးမှ ဖြစ်ပြီး အခြားတစ်ယောက်က ငရဲကမ္ဘာမှဖြစ်သည်။ သို့သော်လည်း တစ်ချိန်တည်းမှာပင် သူတို့၏ ရင်ထဲမှာ ပို၍ပင် ကြီးမားသော သံသယတစ်ခုက‌ ပေါ်ထွက်လာ၏။

မဟာဧကရာဇ်အနန္တက ဤမျှအထိ စိုးမိုးခြယ်လှယ်ပြီး မဟာဧကရာဇ်နှစ်ပါးကို ဖိနှိမ်နိုင်ခဲ့သည်ဆိုမှတော့ သူက သူတို့နှစ်ယောက်ကို ဘာ့ကြောင့် လုံးလုံးလျားလျားမသတ်ဖြတ်ခဲ့တာလဲ။

သူ့အနေဖြင့် ကောင်းကင်ဘုံကိုးလွှာကို ဆန့်ကျင်တိုက်ခိုက်လိုသောကြောင့် မဟာဧကရာဇ်ကောင်းကင်ဘုံမီးတောက်ကို ဖိနှိမ်ခဲ့သည်ကို နားလည်လက်ခံ၍ ရနိုင်လေသည်။

သို့သော်လည်း သူသည် တစ်ချိန်တည်းမှာပင် ငရဲအရှင်ကို ဘာ့ကြောင့်ဖိနှိမ်ခဲ့တာလဲ။

အရင်တုန်းက ဘာတွေဖြစ်ခဲ့တာလဲ။

မိစ္ဆာအရှင်ပြောပုံအရ သူသည် ခေတ်အတော်များများကြာအောင် ကောင်းကင်ဘုံခုံရုံးနှင့် ဆန့်ကျင်တိုက်ခိုက်ရန် ရှေးဟောင်းမဟာဧကရာဇ်များနှင့် ပူးပေါင်းခဲ့လေသည်။

ယခု ကောင်းကင်ဘုံခုံရုံးက တည်ရှိနေဆဲဖြစ်ပြီး သူတို့၏ အတိတ်ကာလတုန်းက တိုက်ခိုက်မှုများက ကျရှုံးခဲ့သည်ဟု ဆိုလိုနေ၏။

ကောင်းကင်ဘုံကိုးလွှာကို ဆန့်ကျင်တိုက်ခိုက်ဖို့ကြိုးစားခဲ့သော မဟာဧကရာဇ်တိုင်းသည် အဆုံးသတ်မကောင်းလှဘဲ ရှုံးနိမ့်စွာဖြင့် သေဆုံးခဲ့ရ၏။ မိစ္ဆာအရှင်က ဒီဘက်မျိုးဆက်ထိ ဘာ့ကြောင့်ရှင်သန်နေနိုင်တာလဲ။

ကောင်းကင်ဘုံခုံရုံးက ဘယ်လောက်တောင် သန်မာနေတာလဲ။

သိုင်းတာအိုပင်မခန္ဓာက ပြောလိုက်၏။

“ကျုပ်ထင်တာမမှားဘူးဆိုရင် ငရဲအရှင်က ခင်ဗျားဘက်မှာ ရှိခဲ့လိမ့်မယ်”

“အင်း”

သင်္ချိုင်းစောင့်က ခေါင်းညိတ်ပြလိုက်၏။

သိုင်းတာအိုပင်မခန္ဓာက ဆက်ပြောလိုက်လေသည်။

“ဒီလိုဆိုရင် မဟာဧကရာဇ်အနန္တက ကောင်းကင်ဘုံခုံရုံးက မဟာဧကရာဇ်တစ်ဦးနဲ့ ငရဲအရှင်ကို ဘာ့ကြောင့်ဖိနှိမ်ခဲ့တာလဲ”

ကောင်းကင်ဘုံကိုးလွှာသည် ခုံရုံးအဖြစ် ထမ်းဆောင်ပြီး သက်ရှိများအားလုံးကို ကျွန်ပြုထား၏။

မဟာဧကရာဇ်အနန္တသည် ကောင်းကင်ဘုံကိုးလွှာ၏ ရည်ရွယ်ချက်ကို သိရှိပြီးနောက် သူသည် ကောင်းကင်ဘုံကိုးလွှာကို ဆန့်ကျင်တိုက်ခိုက်ပြီး ကောင်းကင်ဘုံခုံရုံးကို ဖျက်ဆီးဖို့ သေချာပေါက် ရွေးချယ်လိမ့်မည်ဟု သိုင်းတာအိုပင်မခန္ဓာက ယုံကြည်လေသည်။

ကောင်းကင်ဘုံခုံရုံးဆိုသည်မှာ အစကတည်းက တည်ရှိမနေသင့်သောကြောင့်ဖြစ်လေသည်။

“အဲဒီဘုန်းကြီးက…”

မဟာဧကရာဇ်အနန္တအကြောင်းပြောဆိုချိန်မှာ သင်္ချိုင်းစောင့်က ရုတ်တရက်ရပ်တန့်ပြီး ပြန်ပြောင်းစဉ်းစားသော အမူအရာတစ်ခုကို ထုတ်ဖော်လိုက်၏။ ခဏနေပြီးနောက် သူက တွေဝေရှုပ်ထွေးစွာပြုံးလိုက်၏။

သိုင်းတာအိုပင်မခန္ဓာအနေဖြင့် ထိုအပြုံးမှာ ပါဝင်နေသော စိတ်ခံစားချက်များကို ခွဲခြားဖို့ ခဲယဉ်းလေသည်။

သို့သော်လည်း သင်္ချိုင်းစောင့်မှာ မဟာဧကရာဇ်အနန္တအပေါ် အထင်ကြီးချီးကျူးလိုသည့် အငွေ့အသက်တစ်ခုရှိနေနိုင်သည်ကို သူက ခပ်ရေးရေးခံစားမိနိုင်၏။

သင်္ချိုင်းစောင့်က ဖြည်းဖြည်းချင်းပြောလိုက်၏။

“သူက နားလည်ရခက်တဲ့လူပဲ”

“ကောင်းကင်ဘုံခုံရုံးရဲ့ မူလဇာစ်မြစ်နဲ့ ရည်ရွယ်ချက်ကို သိရှိသွားပြီးတဲ့နောက် အနန္တက ကောင်းကင်ဘုံကိုးလွှာကို ဆန့်ကျင်တိုက်ခိုက်ဖို့ ငါတို့နဲ့ ပူးပေါင်းခဲ့တယ်”

“ကောင်းကင်ဘုံကိုးလွှာက သီးခြားရပ်တည်နေတယ်… ဒါပေမဲ့ သူတို့တွေက အပြန်အလှန်ဆက်သွယ်ပြီး ကောင်းကင်ဘုံကိုးလွှာဝင်္ကပါကို ဖြစ်ပေါ်နေစေတယ်… အဲဒီဝင်္ကပါ မကျိုးပျက်သရွေ့ ငါတို့က ကောင်းကင်ဘုံကိုးလွှာဆီ သတ်ဖြတ်ခြင်းနဲ့လမ်းဖောက်ဖို့ မဖြစ်နိုင်ဘူး”

ထိုစကားကို ကြားသောအခါ သိုင်းတာအိုပင်မခန္ဓာက နားလည်သဘောပေါက်လာခဲ့၏။

မိစ္ဆာအရှင်နှင့် ဆိုးယုတ်ဧကရီသည် ကောင်းကင်ဘုံကိုးလွှာကို ဆန့်ကျင်တိုက်ခိုက်လိုသည်ဆိုလျှင် သူတို့ပြုလုပ်ရမည့် ပထမဆုံးခြေလှမ်းမှာ လူတိုင်းကို ဦးဆောင်ရန် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကသို့ ဆင်းသက်လာဖို့ဖြစ်လေသည်။

မိစ္ဆာအရှင်နှင့် အခြားသူများက ကောင်းကင်ဘုံကိုးလွှာဝင်္ကပါကို တိုက်ခိုက်ခြင်းကနေ ပိတ်ဆို့တားဆီးပေးရန် ကောင်းကင်ဘုံခုံရုံးကလည်း စစ်တပ်တစ်တပ်ကို ဦးဆောင်ကာ သေချာပေါက် ဆင်းသက်လာပေလိမ့်မည်။

သိုင်းတာအိုပင်မခန္ဓာက ပြောလိုက်၏။

“ပြောရမယ်ဆိုရင် အဲဒီတိုက်ပွဲဖြစ်ပွားတာနဲ့ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကက ကောင်းကင်ဘုံခုံရုံးနဲ့ တမလွန်ဘုံရဲ့ ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်မယ့် တိုက်ပွဲမြေတစ်ခု ဖြစ်လာလိမ့်မယ်”

“အမှန်ပဲ”

သင်္ချိုင်းစောင့်က ခေါင်းညိတ်ပြလိုက်၏။

ထို့ကြောင့်ပင် တိုက်ပွဲဖြစ်ပွားသည့်အခါ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကသည် မလွဲမသွေပါဝင်ပတ်သက်ရပြီး မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများကလည်း ချမ်းသာရာမရကြပေ။

အလယ်အလတ်ကမ္ဘာတစ်ထောင်လောကသည် တိုက်ပွဲ၏ အလယ်ဗဟိုနှင့် နောက်ဆုံးတိုက်ပွဲမြေ ဖြစ်နေသောကြောင့်ပင်။

အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကို မွှေနှောက်တိုက်ခတ်လာသည့် ကပ်ဘေးဆိုသည့်အရာမှာ ဤတိုက်ပွဲကြောင့် ဖြစ်ပေါ်လာခြင်းပင်။

“တကယ်တော့… အဲဒီကောင်းကင်ဘုံကိုးလွှာဝင်္ကပါရဲ့ ပိတ်ဆို့တားဆီးမှုကြောင့် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာရှိတဲ့ ကောင်းကင်နှင့်မြေကြီးအမြုတေချီက အဲလောက်ထိ ပါးလွှာနေတာပဲ”

သင်္ချိုင်းစောင့်က ပြောလိုက်၏။

“မဟာကမ္ဘာတစ်ထောင်လောကမှာရှိတဲ့ ရင်းမြစ်ချီက အောက်ကို တဖြည်းဖြည်းနိမ့်ဆင်းသွားပြီး စွမ်းအားအတော်များများကို မဟာကမ္ဘာတစ်ထောင်လောကနဲ့ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကြားမှာရှိတဲ့ အဟန့်အတားက စုပ်ယူထားတယ်… အနယ်အနှစ်အဖြစ် ကျဆင်းလာတာကတော့ ကောင်းကင်နှင့်မြေကြီးအမြုတေချီပဲ”

“အကြွယ်ဝဆုံးနဲ့ အသန့်စင်ဆုံး ကောင်းကင်နှင့်မြေကြီးအမြုတေချီကို ကောင်းကင်ဘုံကိုးလွှာဝင်္ကပါက ပိတ်ဆို့တားဆီးပြီး ကောင်းကင်ဘုံခုံရုံက သက်ရှိတွေက အဲဒါကို ထိန်းချုပ်ထားတယ်”

“အဲဒါကြောင့်မဟုတ်ရင် မျိုးနွယ်စုတစ်သောင်းက သက်ရှိတွေက ကျင့်ကြံဖို့အတွက် ဒီလောက်ထိ ခက်ခဲနေမှာမဟုတ်ဘူး… သူတို့ရဲ့ ကျင့်ကြံမှုအလျင်အဟုန်ကလည်း ဒီထက်ပိုပြီး မြန်ဆန်လာလိမ့်မယ်”

ထိုစကားကိုကြားသောအခါ အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကသို့ တက်လှမ်း၍ နဂါးအသူအရာချောက်နက်ကြယ်က ဆင်းသက်ခဲ့စဉ်က အချိန်ကာလအပိုင်းအခြားတစ်ခုကို သိုင်းတာအိုပင်မခန္ဓာက အမှတ်ရသွား၏။

နဂါးအသူတရာချောက်နက်ကြယ်ပေါ်မှာ ကောင်းကင်နှင့်မြေကြီးအမြုတေချီက ပါးလွှာလေသည်။

ကျယ်ပြောသော ကြယ်တာရာကောင်းကင်၏ ပိုင်နက်နယ်မြေအများစုမှာလည်း အတူတူပင်ဖြစ်၏။

စွမ်းအားကြီးမားသော ကမ္ဘာတချို့ကသာ အမျိုးမျိုးသော သဘာဝရတနာများနှင့် အင်မော်တယ်သစ်ပင်များကို အသုံးချပြီး ကောင်းကင်နှင့်မြေကြီးအမြုတေချီကို တတ်နိုင်သမျှများများ စုစည်းထားနိုင်ခြင်းဖြစ်လေသည်။

“ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲတိုင်းက အရမ်းကို ချောက်ချားစရာကောင်းခဲ့တယ်”

သင်္ချိုင်းစောင့်က ပြောလိုက်၏။

“ခေတ်အတော်များများကြာအောင် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကို လေ့လာစောင့်ကြည့်ဖို့အတွက် ကောင်းကင်ဘုံခုံရုံးက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာကို တည်ထောင်ထားတယ်… သူတို့တွေက အပြစ်သားကုန်းမြေ ကိုးခုကို တည်ဆောက်ပြီး မျိုးနွယ်စုတစ်သောင်းက သက်ရှိတွေကို ခြိမ်းခြောက်ထားတယ်”

“ကမ္ဘာတချို့က ကောင်းကင်ဘုံခုံရုံးရဲ့ ဒုစရိုက်အမှုတွေကို သိရှိထားမယ်ဆိုရင်တောင် သူတို့တွေက ခုခံဆန့်ကျင်ရဲကြမှာမဟုတ်ဘူး… ကမ္ဘာတချို့က ကြားနေအဖြစ်ရွေးချယ်ကြလိမ့်မယ်… ကမ္ဘာတချို့ကတော့ ကောင်းကင်ဘုံကိုးလွှာကို ဆန့်ကျင်တိုက်ခိုက်ဖို့အတွက် ငါတို့နောက်ကို လိုက်ပါကြလိမ့်မယ်…ဒါပေမဲ့ သူတို့အများစုကတော့ ကောင်းကင်ဘုံခုံရုံးဘက်မှာ ရပ်တည်ကြလိမ့်မယ်”

သိုင်းတာအိုပင်မခန္ဓာသည် ထိုနေရာအရောက်မှာ အတော်လေး ကိုယ်ချင်းစာမိလာ၏။

ပြီးခဲ့သည့် အတိတ်ကာလခေတ်တချို့မှာ မရေမတွက်နိုင်သော ကမ္ဘာများသည် ကောင်းကင်ဘုံကိုးလွှာကို ဆန့်ကျင်တိုက်ခိုက်ဖို့ ရွေးချယ်ခဲ့ကြလေသည်။ သူတို့သည် ရှုံးနိမ့်သွားပြီးနောက် သူတို့သည် ရှည်လျားသော အခြေအနေထဲမှာ ချေမှုန်းသုတ်သင်ခံရပြီး သူတို့၏ မျိုးဆက်သွေးများက ဖြတ်တောက်ခံခဲ့ရ၏။

မဟာဧကရာဇ်အမှောင်သည် အရင်တုန်းက ရှုံးနိမ့်သွားပြီးနောက် အမှောင်ကမ္ဘာတစ်ခုလုံးက လုံးလုံးလျားလျားပျောက်ကွယ်သွားခဲ့သည်။

ဤကဲ့သို့သော အခြေအနေအောက်မှာ ကမ္ဘာဘယ်လောက်များများက ကောင်းကင်ဘုံခုံရုံးကို ခုခံဆန့်ကျင်ရဲတော့မှာလဲ။

ဒါ့အပြင် နှစ်ပေါင်းများစွာကြာအောင် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ၏ ခြိမ်းခြောက်မှုနှင့် စိုးမိုးခြယ်လှယ်မှုတို့ကလည်း ရှိနေ၏။

ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲက တစ်ကြိမ်အဆုံးသတ်ပြီး မိစ္ဆာအရှင်ဘက်က ရှုံးနိမ့်သွားတိုင်း ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲ၏ အမှန်တရားသည် အနိုင်ရရှိသူ ကောင်းကင်ဘုံခုံရုံး၏ ဖျောက်ဖျက်ခြင်းခံရပေလိမ့်မည်။

အချိန်ကြာလာသည်နှင့်အမျှ မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများ၏ ရင်ထဲမှာ ဆိုးယုတ်မိစ္ဆာများသည် ထိုကပ်ဘေးများ၏ နောက်ကွယ်မှ လက်သည်တရားခံများဖြစ်လာခဲ့၏။

ထိုသို့ဖြင့် ဆိုးယုတ်မိစ္ဆာများကို သတ်ဖြတ်ခြင်းက မှန်ကန်ဖြောင့်မတ်မှုတစ်ခု ဖြစ်လာခဲ့လေသည်။

တကယ်ဆို မွန်မြတ်ကောင်းကင်ဘုံကမ္ဘာသည် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေကိုပင် တည်ဆောက်ပြီး ရတနာများအတွက် ဆိုးယုတ်မိစ္ဆာများကို သတ်ဖြတ်ရန် မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများကို အားပေးအားမြှောက်ပြုထားလေသည်။

ဓားကမ္ဘာမှ တောင်ထွတ်သခင်ရှစ်ဦးကဲ့သို့ ဓားကျင့်ကြံသူများသည် စိတ်သဘောထားပွင့်လင်းပြီး မှန်ကန်ဖြောင့်မတ်ကြလေသည်။ သို့သော်လည်း သူတို့သည် ဆိုးယုတ်မိစ္ဆာများနှင့် အပြစ်သားစိတ်ဝိညာဉ်များအကြောင်း ပြောဆိုချိန်မှာ သူတို့က သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်နေဆဲဖြစ်သည်။

ဓားကမ္ဘာမှာ သံသရဖူဆောင်းအဖိုးအိုသည်ပင် အပြစ်သားကုန်းမြေကိုးခုထဲမှ ဓားကျင့်ကြံသူများအကြောင်းကို သိရှိထားသည်ဆိုလျှင်တောင် သူသည် ထိုအကြေင်းကို ဓားကမ္ဘာမှ လူတိုင်းထံ ပြောပြရဲခြင်းမရှိပေ။

ဧကရာဇ်ပညာရှင်တချို့ကလွဲလျှင် လက်ရှိ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ကောင်းကင်ဘုံခုံရုံး၏ တည်ရှိမှုကို မည်သူကမှ မသိရှိကြပေ။

ကောင်းကင်ဘုံခုံရုံးသည် မျိုးနွယ်စုတစ်သောင်း၏ တက်လှမ်းရာလမ်းကြောင်းကို ပိတ်ဆို့တားဆီးထားရုံသာမက ကောင်းကင်နှင့်မြေကြီးအမြုတေချီပမာဏများစွာကိုပင် ပိတ်ဆို့တားဆီးထားသည်ကို သူနှင့်တျဲယွဲ့ပင်လျှင် အခုအခါမှသာ သိရှိရလေသည်။

သင်္ချိုင်းစောင့်က ဆက်ပြောလိုက်၏။

“ကမ္ဘာအများစုက ကောင်းကင်ဘုံခုံရုံးရဲ့ဘက်မှာ ရပ်တည်ကြလိမ့်မယ်… မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရဲ့ သွေးထိုးလှုံ့ဆော်မှုအောက်မှာ သူတို့တွေက ငါတို့ကို သေချာပေါက် တိုက်ခိုက်ကြလိမ့်မယ်”

“အနန္တခေတ်တုန်းက ငရဲအရှင်ရဲ့ ငရဲစစ်တပ်က ဒေါသူပုန်ထပြီး ကြားနေကမ္ဘာတချို့နဲ့ မျိုးနွယ်ဝင်တွေကို စစ်မီးတောက်တွေနဲ့ လောင်ကျွမ်းစေခဲ့တယ်… မရေမတွက်နိုင်တဲ့ အပြစ်မဲ့သက်ရှိတွေက သေကြေပျက်စီးခဲ့ကြရတယ်”

ထိုနေရာအရောက်မှာ သင်္ချိုင်းစောင့်က ခဏမျှ ရပ်တန့်ပြီး ပြောလိုက်၏။

“အဲဒါကြောင့် အနန္တက တိုက်ခိုက်ခဲ့တာပဲ”

သင်္ချိုင်းစောင့်သည် ဤတိုက်ပွဲနှင့်ပတ်သက်၍ များစွာပြောဆိုခြင်းမရှိဘဲ စကားလုံးတချို့ကို ထုတ်ဖော်ပြောဆိုလိုက်ရုံသာဖြစ်၏။

သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာသည် စစ်မီးတောက်များကြားမှာ ရုန်းကန်အော်ဟစ် အကူအညီတောင်းရင်း သေဆုံးကုန်ကြသည့် မရေမတွက်နိုင်သော အပြစ်မဲ့သက်ရှိများကို မဟာဧကရာဇ်အနန္တတွေ့မြင်ချိန်မှာ သူ၏ ပူဆွေးသောကနှင့် မကျေမချမ်းခံစားချက်များကို သူက စဉ်းစားကြည့်နိုင်ဆဲဖြစ်၏။

“အနန္တက ငရဲအရှင်ကို ဖိနှိမ်ခဲ့တယ်… အဲဒီအချိန်မှာ ကောင်းကင်ဘုံခုံရုံးက လူတချို့က အံ့အားသင့်သွားကြတယ်… အနန္တက ရုတ်တရက်ဘက်ပြောင်းပြီး သူတို့နဲ့ ပူးပေါင်းလာတော့မယ်လို့တွေးပြီး သူတို့က စိတ်လှုပ်ရှားတက်ကြွလာခဲ့ကြတယ်”

သင်္ချိုင်းစောင့်က ဆက်ပြောလိုက်၏။

“ဒါပေမဲ့ အဲဒီဖြစ်ရပ်အပြီးမှာပဲ အနန္တက နောက်တစ်ဖန်တိုက်ခိုက်ပြီး မီးတောက်ကောင်းကင်ဘုံကို ဒဏ်ရာအပြင်းအထန်ရရှိစေခဲ့တယ်… သူက အပြာရောင်ကောင်းကင်ဘုံ… မီးတောက်ကောင်းကင်ဘုံ… ပေါ်ထွန်းမှုကောင်းကင်ဘုံနဲ့ ဆန်းကြယ်ကောင်းကင်ဘုံက အထွတ်အမြတ်တောကောင် ဧကရာဇ်ပညာရှင်လေးဦးကို သတ်ဖြတ်ပြီး သူတို့ရဲ့ မျိုးဆက်သွေးတွေ… ဝိညာဉ်တွေနဲ့ ငရဲဖိနှိမ်မီးဖိုကို သန့်စင်သွန်းလုပ်ခဲ့တယ်”

“အဲဒါပြီးတဲ့နောက် သူက သူ့ကိုယ်သူသန့်စင်မွမ်းမံပြီး သူ့ရဲ့ အသွေးအသားကို အဝီစိအဖြစ် အသွင်ပြောင်းလဲခဲ့တယ်… သူက အထဲမှာ ငရဲအရှင်နဲ့ မီးတောက်ကောင်းကင်ဘုံကို ဖိနှိမ်ထားခဲ့တယ်… ငရဲဖိနှိမ်မီးဖိုက ဆင်းသက်လာပြီး ငရဲအရှင်နဲ့ မီးတောက်ကောင်းကင်ဘုံကို လုံးလုံးလျားလျားဖိနှိမ်ပြီး ချိပ်ပိတ်ထားခဲ့တာ အခုချိန်ထိပဲ”

အစကနေ ယခုအချိန်ထိ တျဲယွဲ့သည် သင်္ချိုင်းစောင့်၏ အတိတ်ကာလအကြောင်းပြောဆိုမှုကို တိတ်တဆိတ်ဖြင့်သာ နားထောင်နေခဲ့၏။

ထိုအခိုက်အတန့်မှသာ သူမက ရုတ်တရက်ဝင်ပြောလိုက်၏။

“မဟာဧကရာဇ်အနန္တက နားလည်ရခက်တဲ့သူမဟုတ်ဘူး”

“အို”

သင်္ချိုင်းစောင့်က သူ၏ ရှည်လျားသော မျက်ခုံးကိုပင့်လိုက်၏။

တျဲယွဲ့က ပြောလိုက်လေသည်။

“မဟာဧကရာဇ်အနန္တက ငရဲအရှင်ကို ဖိနှိမ်ခဲ့တယ်ဆိုတာ စစ်မီးတောက်တွေကြားမှာ သေကြေပျက်စီးခဲ့ရတဲ့ မရေမတွက်နိုင်တဲ့ အပြစ်မဲ့သက်ရှိတွေကို သူက မကြည့်ရက်နိုင်လို့ပဲ”

“သူက မဟာဧကရာဇ်မီးတောက်ကောင်းကင်ဘုံကို ဖိနှိမ်ခဲ့တယ်ဆိုတာ သူက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကက သက်ရှိတွေရဲ့ တက်လှမ်းနိုင်မယ့်အခွင့်အရေးအတွက် သူက ကောင်းကင်ဘုံကိုးလွှာကို ဆန့်ကျင်တိုက်ခိုက်ချင်ခဲ့လို့ပဲ”

“အဲဒီဖြစ်ရပ်နှစ်ခုလုံးမှာ မဟာဧကရာဇ်အနန္တက သူ့ရင်ထဲက မေတ္တာဂရုဏာကြောင့် တိုက်ခိုက်ခဲ့တာပဲ။”

All Chapters