အတူတူ သွားကြတာပေါ့
Vol. 202 Ch. 3018
ရင်းနှီးနေကျအသံကို ကြားရသောအခါ သူမက လှည့်ကြည့်လိုက်၏။
သူမ၏ ဘေးတည့်တည့်မှာ ကြယ်တာရာကောင်းကင်က ချက်ချင်းပင်တိတ်တဆိတ်ပြိုကျသွား၏။ အာကာသတွင်းနက်တစ်ခုဖြစ်ပေါ်လာပြီး အထဲကနေ ပုံရိပ်တစ်ခု လျှောက်လှမ်းထွက်လာလေသည်။
ခရမ်းရောင်ဝတ်ရုံ၊ အနက်ရောင်ဆံပင်၊ ငွေရောင်မျက်နှာဖုံး။
သူက ပြန်လည်ရောက်ရှိလာ၏။
တျဲယွဲ့သည် တစ်စုံတစ်ရာကို တွေးမိသွားပုံရပြီး ရုတ်တရက်ပြုံးလိုက်၏။
“မင်းဘယ်သူ့ကိုအော်ငေါက်နေတာလဲ”
သူမ၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် ထျန်ဟွမ်ကုန်းမြေတိုက်သို့ ဆင်းသက်ခဲ့စဉ်က သူမသည် ဆင်တူသော တစ်စုံတစ်ရာကို ပြောခဲ့ဖူးပုံရသည်။
“နင် အဆင့်ချိုးဖျက်တက်လှမ်းသွားပြီလား”
တျဲယွဲ့က မေးလိုက်သည်။
သိုင်းတာအိုပင်မခန္ဓာ ကျင့်ကြံထားသော ဓမ္မတာအိုက ထူးခြားပြီး သူမပင်လျှင် သူ၏ ကျင့်ကြံမှုနယ်ပယ်အတိအကျကို မပြောနိုင်ပေ။
သိုင်းတာအိုပင်မခန္ဓာက ခေါင်းညိတ်ပြလိုက်၏။
အတိအကျဆိုရလျှင် သူသည် လမ်းတစ်ဝက်မှာသာ အဆင့်ချိုးဖျက်တက်လှမ်းလာခြင်းဖြစ်သည်။
သိုင်းတာအိုပိုင်နက်နယ်မြေသည် တကယ်ပင် ရှေ့သို့ ခြေတစ်လှမ်းယူပြီး ဧကရာဇ်နယ်ပယ်သို့ ဝင်ရောက်ကာ လောကတစ်ခုကို ဖြစ်ပေါ်လာစေ၏။ သို့သော်လည်း အမြုတေသိုင်းကောင်းကင်လိုဏ်ဂူကတော့ လိုအပ်ချက်တချို့ရှိနေဆဲဖြစ်၏။
သူသည် အဟန့်အတားတစ်ခုနှင့် ကြုံတွေ့နေရသောကြောင့်မဟုတ်ဘဲ အချိန်က အပူတပြင်းနိုင်လွန်းပြီး သူ့မှာ လုံလောက်သည့်အချိန် မရရှိသောကြောင့်သာဖြစ်သည်။ ဒါ့အပြင် သူသည် မဟာအရိုင်းကမ္ဘာမှ အန္တရာယ်ကို အာရုံခံမိသွားပြီး တမလွန်မြစ်ကနေ ပြန်လည်ရောက်ရှိလာ၏။
သူသည် လမ်းတစ်ဝက်မှာသာ အဆင်ချိုးဖျက်တက်လှမ်းလာခဲ့လျှင်တောင် သူသည် ဧကရာဇ်နယ်ပယ်သို့ တက်လှမ်းပြီး အစစ်အမှန် ဧကရာဇ်ပညာရှင်တစ်ဦးဖြစ်လာပြီဟု ဆိုလိုလေသည်။
“ငါနောက်ကျသွားတယ်”
သိုင်းတာအိုပင်မခန္ဓာက တျဲယွဲ့ထိခိုက်ဒဏ်ရာရရှိထားပြီး သူမ၏ လောက ကြေမွပျက်စီးနေသည်ကို တွေ့မြင်သောအခါ သူက ရင်ထဲမှာ နာကျင်ကိုက်ခဲသွား၏။
သူသည် တမလွန်မြစ်ထဲမှာ နှစ်တစ်ရာကြာ နစ်မျောနေခဲ့ခြင်းကြောင့်မဟုတ်လျှင် တျဲယွဲ့သည် ဤမျှအထိ ဆိုးဆိုးဝါးဝါး အနိုင်ကျင့်ခံရလိမ့်မည်မဟုတ်ပေ။
“နောက်မကျပါဘူး… နင်ရောက်လာတာ အချိန်မီကလေးပဲ”
တျဲယွဲ့က သူမ၏ မျက်လုံးထဲရှိ မကြုံစဖူး ထူးခြားသော နူးညံ့သိမ်မွေ့မှုနှင့်အတူ ပြုံးပြလိုက်၏။
“ငါ့မှာ ခွန်အားနဲနဲပါးပါးကျန်သေးတယ်… အတူတူသွားကြတာပေါ့”
တကယ်တော့ တျဲယွဲ့၏ မုန်တိုင်းလောကက ကြေမွပျက်စီးသွားပြီး သူမ၏ တဗူးနည်းစနစ်က ပျက်ပြယ်ကာ သူမမှာ တိုက်ခိုက်ရည်ခွန်အားအနည်းငယ်သာ ကျန်ရှိတော့၏။
ဒါ့အပြင် သူမသည် ယခုတင် ဧကရာဇ်ပညာရှင်များစွာနှင့် တိုက်ခိုက်ထားခဲ့ပြီး စွမ်းအင်အမြောက်အမြားကို သုံးစွဲထားရ၏။ ယခုအချိန်မှာ သူမသည် လမ်းဆုံးကို ရောက်ရှိနေပြီဖြစ်သည်။
တျဲယွဲ့၏ ထင်မြင်ချက်အရ ဆူဇီမိုက ပြန်လည်ရောက်ရှိလာသည်ဆိုလျှင်တောင် အကြောင်းထူးတော့မည်မဟုတ်ဘဲ သူတို့က မလွဲမသွေ သေရပေလိမ့်မည်။
ကိစ္စက ထိုသို့ဆိုမှတော့ သူမသည် ဆူဇီမိုနှင့်အတူ တိုက်ပွဲထဲမှာ အသေခံမည်ဖြစ်ပြီး သူမဘဝမှာ နောင်တရှိတော့မည် မဟုတ်ပေ။
ထိုစကားကို ပြောလိုက်သည့်အချိန်မှာ သူမက သေဖို့အတွက် ပြင်ဆင်ထားပြီးပြီဖြစ်သည်။
တျဲယွဲ့၏ မျက်လုံးထဲရှိ ဆုံးဖြတ်ချက်ပြတ်သားမှုကို တွေ့မြင်သောအခါ သူမ၏ ရည်ရွယ်ချက်ကို အာရုံခံမိနိုင်သည့်အလား သိုင်းတာအိုပင်မခန္ဓာက ပြုံး၍ ခေါင်းညိတ်ပြလိုက်၏။ သူက တျဲယွဲ့၏ လက်ဖဝါးကို ဆုပ်ကိုင်ပြီး ပြောလိုက်၏။
“အတူတူသွားကြတာပေါ့”
သူတို့က တူညီသောစကားကိုပြောလိုက်သော်လည်း သူတို့နှစ်ယောက်စလုံး၏ စိတ်ထဲမှာရှိသော အတွေးများက ကွဲပြားခြားနားနေ၏။
“အထီးကျန်သိုင်းသခင်က တကယ်ပြန်ရောက်လာခဲ့တာပဲ”
ထိုပုံရိပ်ကို တွေ့မြင်သောအခါ အင်မော်တယ်ယာဉ်ပျံ၏ ဦးစွန်းမှာ ခေါင်းငိုက်စိုက်ကျနေသည့် သားရဲဧကရီအမြီးကိုးချောင်းမှာ တွေဝေရှုပ်ထွေးသော အမူအရာတစ်ခုရှိလာ၏။
ဤလူက တကယ်ပဲ ရူးမိုက်လွန်းတာလား။
ဧကရာဇ်ပညာရှင်တစ်ရာ…။
ဒါတောင် သူက ပြန်ရောက်လာရဲသေးတာလား။
သူမသည် အထီးကျန်သိုင်းသခင်ကို နောက်ဆုံးအခိုက်အတန့်မှာ သတ္တိကြောင်ပြီး ကိုယ်လွတ်ရုန်းထွက်ပြေးသွားသည်ဟု ဆူပူအော်ငေါက်ခဲ့သော်လည်း ယခု သူပြန်လည်ရောက်ရှိလာသည်ကို တွေ့မြင်သောအခါ သူမ၏ ရင်ထဲမှာ ဖော်မပြတတ်သော မချင့်မရဲ ခံစားချက်တစ်ခုက တလိပ်လိပ်ထိုးတက်လာ၏။
“ဒါက အထီးကျန်သိုင်းသခင်လား”
မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှ ဧကရာဇ်များက တိတ်တဆိတ်မျက်မှောင်ကြုတ်လိုက်ကြ၏။
ယေဘုယျအားဖြင့်ပြောရလျှင် ကြယ်တာရာကောင်းကင်သည် ယခုတင် ကြေမွပျက်စီးသွားပြီး အခြားမည်သူကမှ တည်နေရာခုန်ကူးခြင်းကို အသုံးမပြုနိုင်တော့ပေ။ အထီးကျန်သိုင်းသခင်က ဤနေရာကို တိုက်ရိုက်ဘယ်လိုဆင်းသင်လာနိုင်တာလဲ။
“အထီးကျန်သိုင်းသခင်”
သိုင်းတာအိုပင်မခန္ဓာပေါ်ထွက်လာပြီးနောက် သူက ဧကရာဇ်ပညာရှင်တစ်ရာကို လျစ်လျူရှုကာ တျဲယွဲ့နှင့်သာ စကားပြောနေ၏။ ဧကရာဇ်မိုးပြာရောင်မီးတောက်၏ အမူအရာက သုန်မှုန်လာပြီး သူက ဆက်လက်၍ သည်းမခံနိုင်တော့ပေ။
“မင်းပြန်ရောက်လာရဲတယ်ပေါ့… ကောင်းတယ်ကွာ… သိပ်ကောင်းတယ်”
ဧကရာဇ်မိုးပြာရောင်မီးတောက်က ထပ်တလဲလဲခေါင်းညိတ်လိုက်၏။ သူက ပြုံးနေသော်လည်း သူ၏ မျက်လုံးများက သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်နေသည်။
“သူက အထီးကျန်သိုင်းသခင်လား”
ဧကရာဇ်ပိုင်ယွီက မျက်ခုံးအနည်းငယ်ပင့်ပြီး သိုင်းတာအိုပင်မခန္ဓာကို အကဲခတ်ကြည့်နေ၏။ သို့သော်လည်း သူက သူနှင့်ပတ်သက်သည့် ထူးခြားမှုတစ်စုံတစ်ရာကို ရှာမတွေ့ဘဲ နှုတ်ခမ်းကိုမဲ့ကာ ပြောလိုက်၏။
“သူက လူသားပုရွက်ဆိတ်တစ်ကောင်ပဲ”
ဧကရီယန်လောကလည်း လှောင်ရယ်လိုက်၏။ သူမက သူမ၏ ခေါင်းကို အနည်းငယ်မော့ကာ ပြောလိုက်၏။
“အထီးကျန်သိုင်းသခင်.. ငါစောစောက ဘယ်သူ့ကို အော်ငေါက်နေတာလဲလို့ နင်မေးခဲ့တယ်မလား… ကောင်းပြီလေ ငါအခုပဲ နင့်ကိုပြောပြမယ်… ငါက နင့်ဘေးက ခွေးမကို အော်ငေါက်နေတာပဲ… နင်ဘာလုပ်ချင်လို့လဲ”
“ဒါဆို… နင့်ကို သတ်ရမှာပေါ့”
ထိုအခါမှသာ သိုင်းတာအိုပင်မခန္ဓာသည် ဧကရီယန်လောနှင့် အခြားသူများကို လှည့်ကြည့်လာခဲ့၏။
“ငါ့ကို သတ်မလို့..”
သူမက လောကမှာ အရယ်ရဆုံး ဟာသကို ကြားလိုက်ရသည့်အလား ဧကရီယန်လောက အသံထွက်ကာ ရယ်မောလိုက်၏။ သူမက မလှမ်းမကမ်းမှာရှိသော အထီးကျန်သိုင်းသခင်ကို လက်ညှိုးထိုးကာပြောလိုက်၏။
“ငါဘယ်သူလဲ နင်သိလား… နင့်လို လူသားပုရွက်ဆိတ်က ငါ့ကို သတ်ချင်တယ်တဲ့လား”
ဧကရီယန်လော၏ နောက်ဘက်မှာရှိသော တောင်ဘက်စံအိမ်ဧကရာဇ်ခုနှစ်ဦးကလည်း ဟားတိုက်ရယ်မောလိုက်၏။
“နင်ဘယ်သူလဲ ငါမသိဘူး”
သိုင်းတာအိုပင်မခန္ဓာက မှင်သေသေဖြင့် ပြောလိုက်၏။
“ငါသိတာကတော့ ဒီနေ့ နင့်ကို ဘယ်သူကမှ မကယ်နိုင်တော့ဘူး”
“မင်းဘယ်လိုတောင်ပြောရဲနေတာလဲ”
“တော်တော်ကို မောက်မာရိုင်းစိုင်းနေတာပဲ”
ဧကရီယန်လော မတုံ့ပြန်နိုင်ခင် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှ ဧကရာဇ်တချို့က ရှေ့သို့ ချက်ချင်းပင်ထွက်ပြီး အော်ငေါက်လိုက်ကြ၏။
သူတို့သည် စောစောက တျဲယွဲ့ကို တိုက်ခိုက်ရန် ဧကရာဇ်ပိုင်ယွီနှင့် အခြားသူများနှင့် ပူးပေါင်းခဲ့သော်လည်း သူတို့သည် သူတို့၏ အစွမ်းအစကို ကောင်းကောင်းပြသနိုင်ခဲ့ခြင်း မရှိပေ။
သူတို့၏ အကျိုးဆောင်မှုက သတိထားမိလောက်ခြင်းမရှိမည်ကို စိုးရိမ်ပူပန်နေစဉ် အထီးကျန်သိုင်းသခင်က ရုတ်တရက်ပေါ်ထွက်လာ၏။ သူတို့အားလုံးသည် ဤကဲ့သို့သောအခွင့်အလမ်းကို လက်လွှတ်မခံလိုဘဲ စိတ်အားထက်သန်နေကြ၏။
မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှ ဧကရာဇ်သုံးဦးက ရှေ့သို့ ချက်ချင်းပင်ပြေးတက်လာကြ၏။ သူတို့ထဲမှနှစ်ယောက်က သာမန်ဧကရာဇ်များဖြစ်ပြီး တစ်ဦးက အန္တိမဧကရာဇ်တစ်ဦးဖြစ်သည်။
ဧကရာဇ်ပညာရှင်သုံးဦးက ဦးတည်ဘက်သုံးခုခွဲပြီး သူတို့၏ ရန်သူကို လျှော့တွက်မထားကြပေ။
သူတို့က သူတို့၏ သက်ဆိုင်ရာလောကများကို မြှောက်တင်ပြီး ရှေ့သို့ဖိချလိုက်၏။
သိုင်းတာအိုပင်မခန္ဓာက လှည့်ပင်မကြည့်ဘဲ အော်ငေါက်လိုက်ရုံသာဖြစ်၏။
“သွားစမ်း”
ဝုန်း…
ထိုအော်သံက ဧကရာဇ်ပညာရှင်သုံးဦး၏ နားထဲမှာ မိုးကြိုးပစ်ချသလို ပေါက်ကွဲထွက်ပေါ်လာ၏။
ဧကရာဇ်ပညာရှင်သုံးဦးက ရပ်တန့်သွားပြီး သူတို့၏ မျက်လုံးများက တောင့်တင်းနေသောအမူအရာများနှင့်အတူ ပြူးကျယ်သွားကြ၏။ သူတို့၏ မျက်လုံးထဲမှာ အဆုံးမဲ့ကြောက်ရွံ့တုန်လှုပ်မှုသာလျှင် ရှိတော့လေသည်။
ဖျောက်… ဖျောက်… ဖျောက်…
ဧကရာဇ်ပညာရှင်သုံးဦး၏ လောကများထဲမှာ အက်ကွဲကြောင်းများပေါ်ထွက်လာပြီး သူတို့က ချက်ချင်းပင် လဲပြိုကျသွား၏။
ထို့နောက် ချက်ချင်း လူတိုင်း၏ ရှေ့မှောက်မှာ ဧကရာဇ်ပညာရှင်သုံးဦး၏ ခန္ဓာကိုယ်များက ပေါက်ကွဲထွက်သွားပြီး သွေးမြူများအဖြစ် ပြောင်းလဲသွားလေသည်။ သူတို့၏ အမြုတေစိတ်ဝိညာည်များနှင့် ကိုယ်ကာယများက ဖျက်ဆီးခံရပြီး သေဆုံးသွားကြ၏။
ဟာ…
တိုက်ပွဲနယ်မြေ၏ အထဲနှင့်အပြင်မှာရှိသော ဧကရာဇ်ပညာရှင်များက ထိုသည်ကို တွေ့မြင်သောအခါ ပင့်သက်ကိုရှိုက်လိုက်ကြ၏။
ဧကရာဇ်မိုးပြာရောင်မီးတောက်သည် သိုင်းတာအိုပင်မခန္ဓာ၏ နည်းလမ်းများကို အရင်က တွေ့မြင်ထားဖူးခဲ့သည်။ သို့သော်လည်း စောစောက လှုပ်ရှားကွက်က သူ့ကို ရင်တစ်ချက်ထိတ်သွားစေဆဲဖြစ်၏။
သာမန်ကာလျှံကာ အော်ဟစ်သံနှင့်အတူ သူသည် ဧကရာဇ်ပညာရှင်သုံးဦးကို သတ်ဖြတ်ခဲ့လေသည်။ သူတို့ထဲမှ တစ်ဦးက အန္တိမ ဧကရာဇ်တစ်ဦးပင် ဖြစ်နေ၏။
ဤကဲ့သိုသော ရုန်းကန်ပေါက်ကွဲစွမ်းအာက အနည်းငယ်တော့ ကြောက်စရာကောင်းနေသည်။
မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှာ အစက စိတ်ပါယိမ်းယိုင်နေသော ဧကရာဇ်ပညာရှင်များသည် လောလောဆယ်မှာ သူတို့၏ အတွေးများကို ရုပ်သိမ်းလိုက်ကြ၏။
အထီးကျန်သိုင်းသခင်၏ ခွန်အားသည် သွေးလိပ်ပြာနှင့် ယှဉ်နိုင်လောက်လေသည်။
ရှေ့မှာ ဤမျှများပြားသော ဧကရာဇ်များ ရှိနေခြင်းကြောင့်မဟုတ်လျှင် ကျန်ရှိနေသော သာမန်ဧကရာဇ်များနှင့် အန္တိမဧကရာဇ်များက မဆင်မခြင်ပင် ပြုမူရဲတော့မည် မဟုတ်ပေ။
သိုင်းတာအိုပင်မခန္ဓာ၏ စိတ်အာရုံက ထိုသူများပေါ်မှာ လုံးဝရှိမနေပေ။
သူ၏ အကြည့်က ဧကရီယန်လောပေါ်မှာ တစ်ချိန်လုံးကျရောက်နေ၏။
ရွှစ်…
ရုတ်တရက်ဆိုသလို။
သိုင်းတာအိုပင်မခန္ဓာက ဧကရီယန်လောရှေ့သို့ ဖျတ်ခနဲရောက်ရှိလာ၏။
သူ၏ လှုပ်ရှားမှုက အရမ်းကိုမြန်ဆန်နေသည်။ သိုင်းတာအိုပင်မခန္ဓာသည် တျဲယွဲ့၏ လက်ကိုပင် ဆုပ်ကိုင်ထားလေသည်။
သူသည် လူတစ်ယောက်ကို သယ်ဆောင်ထားပြီး ဤကဲ့သို့သော လှုပ်ရှားမှုနည်းစနစ်အလျင်အဟုန်ကို ထုတ်ဖော်နိုင်ဆဲဖြစ်၏။
ဒါ့အပြင် ဤမျှများပြားသော ဧကရာဇ်မျာက သူ့ကိုငမ်းငမ်းတက် စောင့်ကြည့်နေစဉ်မှာပင် အထီးကျန်သိုင်းသခင်သည် ဧကရီယန်လောကို တိုက်ရိုက်တိုက်ခိုက်ရဲလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ပေ။ ဤနေရာမှာ အထွတ်အထိပ်ဧကရာဇ်ပညာရှင်များပင် သုံးဆယ်ကျော်ရှိနေ၏။
“နင်က အသက်ရှင်ရတာ ငြီးငွေ့နေတာပဲ”
ဧကရီယန်လော၏ တုံ့ပြန်မှုကလည်း အလွန်တရာမြန်ဆန်လေသည်။ အော်ဟစ်သံနှင့်အတူ သူမ၏ သွေးချီက တလိပ်လိပ်ထိုးတက်လာပြီး သူမ၏ နောက်ဘက်မှာ ဆူပွက်နေသော ချော်ရည်များကို လှုံနေသည့် ဟင်္သပဒါးငှက်တစ်ကောင်က ချက်ချင်းပင် ထွက်ပေါ်လာ၏။ ၎င်းက ၎င်း၏ ဦးခေါင်းကိုမော့ပြီး သံရှည်ဆွဲအော်ဟစ်ကာ အရာရာတိုင်းကို ဆုတ်ဖြဲပစ်နိုင်သည့် လောင်မြိုက်အပူစွမ်းအားကို ထုတ်ဖော်လိုက်၏။
သိုင်းတာအိုပင်မခန္ဓာ၏ အကြည့်က တည်ငြိမ်နေ၏။ သူချဉ်းကပ်လာစဉ် သူက ဧကရီယန်လော၏ နည်းလမ်းများကို လျစ်လျူရှုပြီး သူ၏ လက်ကိုလွှဲကာ ပစ်ထိုးလိုက်၏။
ဤသည်က ရိုးရှင်းသော ထိုးချက်တစ်ချက်ဖြစ်သည်။
သည့်ထက်ပိုပြီး သာမန်မဆန်နိုင်တော့သည့် တဲ့တိုးဆန်သော လက်သီးနည်းစနစ်တစ်ခု။
သို့သော်လည်း ထိုထိုးချက်ထွက်ပေါ်လာသောအခါ ၎င်းသည် လူတိုင်း၏ စိတ်အာရုံကို ချက်ချင်းပင် သိမ်းယူသွားလေသည်။ ကြယ်တာရာကောင်းကင်က ပြိုကျသွားပြီး ရပ်တန့်တားဆီးမရနိုင်သော အော်ရာတစ်ခုက ဆင်းသက်လာကာ အရာရာတိုင်းကို ဖိနှိမ်ပစ်နေ၏။
ဧကရီယန်လော၏ နောက်ဘက်မှာ ယခုတင်ထွက်ပေါ်လာသော ဟင်္သပဒါးငှက်နယ်မြေဖြစ်စဉ်က သံရှည်ဆွဲအော်ဟစ်ပြီးနောက် ၎င်း၏ အသံက စူးစူးဝါးဝါးငိုကြွေးသံအဖြစ် ပြောင်းလဲသွားလေသည်။
ဝုန်း…
ကျယ်လောင်သောပေါက်ကွဲသံက ကြယ်တာရာကောင်းကင်ထဲမှာ ထွက်ပေါ်လာ၏။
ဧရာမ ဟင်္သပဒါးငှက်သည် သိုင်းတာအိုပင်မခန္ဓာထံမှ ထိုးချက်တစ်ချက်ဖြင့် ကြေမွပျက်စီးသွား၏။
ဧကရီယန်လောက လွင့်စင်ထွက်သွားစဉ် သူမ၏ ခန္ဓာကိုယ်ပေါ်မှ ချပ်ဝတ်တန်ဆာအပိုင်းအစများသည် ဖိတ်စင်ပြန့်ကျဲလာသော သွေးများနှင့်အတူ အဆက်မပြတ်ရောထွေးသွားလေသည်။