ငရဲဂိတ်တံခါးဆယ်ချပ်
Vol. 202 Ch. 3022
စံအိမ်နှစ်ဆယ့်ရှစ်ခုဝင်္ကပါက အုပ်မိုးကျဆင်းလာ၏။ ဝင်္ကပါက အထွတ်အထိပ်စံအိမ်ဧကရာဇ်နှစ်ဆယ့်ရှစ်ဦး၏ ဧကရာဇ်သွေးများဖြင့်ပြည့်နှက်နေပြီး တုန်လှုပ်စရာကောင်းသောစွမ်းပကားတစ်ခုကို ထုတ်ဖော်ထားလေသည်။
ဝင်္ကပါ ဆင်းသက်လာသည့်ခဏမှာပင် သိုင်းစကြာဝဠာရှိ မီးနဂါးခြောက်ကောင်က သိသိသာသာ ဖိနှိမ်ခံလိုက်ရ၏။ သူတို့၏ ခန္ဓာများပေါ်ရှိ မီးတောက်များက ပိုမိုသေးငယ်သည်ထက် သေးငယ်လာပြီး ငြိမ်းသေတော့မည့် လက္ခဏာများပင် ပြသလာလေသည်။
သိုင်းတာအိုပင်မခန္ဓာ၏ အမူအရာက တည်ငြိမ်နေသည်။ အဲဒါကို စေ့စေ့စပ်စပ်အာရုံခံကြည့်ပြီးနောက် သူကခေါင်းညိတ်လိုက်၏။
“ဒီဝင်္ကပါက တကယ်ကို တစ်ခုခုပဲ”
တျဲယွဲ့က စိုးရိမ်ပူပန်နေ၏။ သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာ၏ ဂရုမစိုက်သည့်ဟန်ဖြင့် ပြောလိုက်သောစကားကို ကြားလိုက်သောအခါ သူမက သူ့ကိုလှည့်ကြည့်ပြီး မေးလိုက်၏။
“အဲဒါကို ဖြေရှင်းဖို့အတွက် နင့်မှာ နည်းလမ်းတစ်ခုရှိလို့လား”
“ပုံမှန်အခြေအနေမှာဆိုရင်တော့ ဒီစံအိမ်နှစ်ဆယ့်ရှစ်ခုဝင်္ကပါက ငါ့ကို တကယ်ပဲ ဒုက္ခများစေလိမ့်မယ်… ဒါပေမဲ့ အခုချိန်မှာတော့…”
သိုင်းတာအိုပင်မခန္ဓာက သူ၏ ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်၏။
“ဒီဝင်္ကပါမှာ အားနည်းချက်တစ်ခုရှိနေတယ်”
သူတို့နှစ်ယောက်က အပြန်အလှန်စကားပြောဆိုနေစဉ် သူတို့၏ အသံများကို ဖုံးကွယ်မထားဘဲ ဘေးပတ်လည်မှာရှိသော ဧကရာဇ်ပညာရှင်များက အတိုင်းသားကြားနေရ၏။
ဧကရာဇ်မိုးပြာရောင်မီးတောက်နှင့် အခြားသူများက ထိုစကားကိုကြားသောအခါ သူတို့၏ အမူအရာများက ရုတ်ချည်း ပြောင်းလဲသွားကြ၏။
မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှာတုန်းက တောင်ပိုင်း၏ စံအိမ်ဧကရာဇ်ခုနှစ်ဦးထဲမှာ သားရဲဧကရာဇ်စစ်ရထားစံအိမ်သည် သူ၏ နိမ့်ကျသောကျင့်ကြံမှုနယ်ပယ်ကြောင့် အားနည်းချက်တစ်ခု ဖြစ်လာနိုင်သည်ဟု ဧကရာဇ်မိုးပြာရောင်မီးတောက်က ထုတ်ဖော်ပြောဆိုခဲ့ဖူး၏။ ယခု အထီးကျန်သိုင်းသခင်သည် တစ်ချက်ကြည့်ရုံနှင့် ထိုအားနည်းချက်ကို ထွင်းဖောက်မြင်တွေ့သွားလေသည်။
“စစ်ရထားစံအိမ်ကို ကာကွယ်ကြ..”
ဧကရာဇ်မိုးပြာရောင်မီးတောက်က မဆိုင်းမတွဆုံးဖြတ်ချက်ချပြီး အော်ပြောလိုက်၏။
ဧကရာဇ်မိုးပြာရောင်မီးတောက်၊ ဧကရာဇ်ပိုင်ယွီ၊ ဧကရာဇ်ရွှမ်စန်နှင့် ဧကရီယန်လောတို့သည် စံအိမ်နှစ်ဆယ့်ရှစ်ခုဝင်္ကပါ၏ အရေးပါမှုကို သိရှိထားကြ၏။
ထိုဝင်္ကပါ ပျက်စီးသွားသည်နှင့် သူတို့က သူတို့၏ အကြီးမားဆုံး မှီခိုအားထားရာကို ဆုံးရှုံးသွားရပေလိမ့်မည်။
သူတို့လေးယောက်မှာ အလိုအလျောက်နားလည်မှုရှိနေပြီး တစ်ချိန်တည်းမှာပင် သားရဲဧကရာဇ်စစ်ရထားစံအိမ်ရှိရာသို့ ပြေးဝင်ကာ သူ့ကိုကာကွယ်ပေးလိုက်ကြ၏။
ကောင်းကင်ဘုံခုံရုံးမှ ပညာရှင်များစွာသည် သိုင်းတာအိုပင်မခန္ဓာကို နောက်တစ်ဖန်ဖိနှိမ်ပြီး သိသိသာသာ အသာစီးရရှိလာသည်ကို ယခုတင် ထွက်ပြေးတိမ်းရှောင်သွားသော သာမန်ဧကရာဇ်များနှင့် အန္တိမဧကရာဇ်များက တွေ့မြင်သွားကြ၏။
ထိုအခိုက်အတန့်မှာ သူတို့သည် ပြန်လှည့်လာပြီး တိုက်ခိုက်ဖို့ပြင်လိုက်ကြ၏။
သို့သော်လည်း သူတို့ချည်းကပ်လာသည့်ခဏမှာပင် သူတို့သည် ဧကရာဇ်မိုးပြာရောင်မီးတောက်၏ ပြောဆိုလိုက်သောအသံကို ကြားလိုက်ရ၏။
ဧကရာဇ်မိုးပြာရောင်မီးတောက်သည် စစ်ရထားစံအိမ်ကို ကာကွယ်ဖို့အကြောင်း ပြောဆိုပြီးနောက် သူတို့လေးယောက်သည် စိုးရိမ်ကြောင့်ကြသော အမူအရာများနှင့်အတူ ထိုသူ၏ ဘေးနားသို့ အသည်းအသန်ရောက်ရှိလာကြ၏။
မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှ ဧကရာဇ်များသည် ထိုမြင်ကွင်းမှာ တုန်လှုပ်သွားပြီး စိုးရိမ်ကြောင့်ကြလာကာ သူတို့က ရှေ့တိုးရမလား နောက်ဆုတ်ရမလား တွေဝေတုံ့ဆိုင်းလာကြ၏။
သူတို့မတုံ့ပြန်နိုင်ခင် သူ၏ စကြာဝဠာထဲမှာရှိသော သိုင်းတာအိုပင်မခန္ဓာက ရုတ်တရက်လှုပ်ရှားလိုက်၏။ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး မြေပြင်ကိုဆောင့်နင်းကာ အဘက်ဘက်သို့ ဟိန်းဟောက်သံကို ထုတ်ဖော်လိုက်၏။
“ဂါး”
ထိုဟိန်းဟောက်သံမှာ နဂါးဟိန်းသံ၊ ဖီးနစ်အော်သံ၊ ကြိုးကြာတွန်သံ၊ မြည်းဟီသံ၊ ဝံပုလွေအူသံ၊ မျောက်ဝံဟိန်းဟောက်သံ၊ ကျားဟိန်းသံနှင့် ခွေးဟောင်သံ… စသည်ဖြင့် အသံပေါင်းစုံ ပါဝင်နေ၏။
ဘီလီယံနှင့်ချီသော သက်ရှိများ၏ အော်ဟစ်သံများက ရောထွေးယှက်ဖြာပြီး အမှတ်တစ်ခုထဲမှာ စုဆုံသွားလေသည်။ ကြယ်တာရာကောင်းကင်ကို ပဲ့တင်ထပ်ဖြတ်ကျော်ကာ မိုးကောင်းကင်ကိုးလွှာကို လှုပ်ခတ်စေသည့် ဟိန်းဟောက်သံက ထွက်ပေါ်လာ၏။
သိုင်းတာအိုပင်မခန္ဓာသည် ဧကရာဇ်နယ်ပယ်သို့ တက်လှမ်းလာပြီးနောက် သူထုတ်ဖော်လိုက်သော အသင်္ချေသက်ရှိများအသံက ဘယ်လောက်တောင် အဖျက်စွမ်းအားမြင့်မားလာမလဲ။ စံအိမ်ဧကရာဇ်နှစ်ဆယ့်ရှစ်ဦးကြားမှာ ဧကရာဇ်စစ်ရထားစံအိမ်သည် ကျင့်ကြံမှုနယ်ပယ်အနိမ့်ဆုံးဖြစ်ပြီး သူက သာမန်ဧကရာဇ်တစ်ဦးသာဖြစ်သည်။
ဧကရာဇ်မိုးပြာရောင်မီးတောက်နှင့် အခြားသုံးယောက်က သူ့ရှေ့မှာ မတ်တတ်ရပ်နေသော်လည်း သူတို့သည် အသင်္ချေသက်ရှိများအသံ၏ ရိုက်ခတ်မှုကို ပိတ်ဆို့မတားဆီးနိုင်ပေ။ သူ၏ ခန္ဓာကိုယ်က ကြေမွပျက်စီးသွားပြီး သူ၏ အမြုတေစိတ်ဝိညာဉ်က ဖျက်ဆီးခံရကာ နေရာမှာတင် သေဆုံးသွား၏။
စံအိမ်ဧကရာဇ်နှစ်ဆယ့်ရှစ်ဦးထဲမှ တစ်ဦးက သိုင်းတာအိုပင်မခန္ဓာ၏ ဟိန်းဟောက်သံတစ်သံဖြင့် သတ်ဖြတ်ခံလိုက်ရ၏။ အခြားသော ဧကရာဇ်ပညာရှင်များက ဆတ်ခနဲတုန်ယင်သွားပြီး ပြင်းထန်ကြမ်းတမ်းသော ရိုက်ခတ်မှုကို တွေ့ကြုံခံစားလိုက်ရ၏။
စံအိမ်သားရဲဧကရာဇ်တချို့၏ နှာခေါင်းပေါက်များ၊ နားပေါက်များနှင့် ပါးစပ်ပေါက်များကနေ သွေးများက စတင်စီးကျလာပြီး သူတို့မှာ ဆိုးယုတ်တစ္ဆေများကဲ့သို့ ထိတ်လန့်ချောက်ချားနေသော အမူအရာများရှိနေကြ၏။၏
“သခင်လေး နောက်ပြန်ဆုတ်ကြရအောင်”
သားရဲဧကရာဇ်ဦးချိုစံအိမ်က အကြံပြုလိုက်၏။
စံအိမ်သားရဲဧကရာဇ်တစ်ဦးသာ သေဆုံးသွားသော်လည်း ဝင်္ကပါက ပြိုကွဲသွားပြီး အခြေအနေက ပြောင်းပြန်ဖြစ်သွားလေသည်။ သူတို့က ဤနေရာမှာ ဆက်လက်တိုက်ခိုက်မည်ဆိုလျှင် ပျက်စီးထိခိုက်ဆုံးရှုံးမှုက ပို၍ပင် ကြီးမားလာနိုင်၏။
ဧကရာဇ်မိုးပြာရောင်မီးတောက်နှင့် အခြားသူများက တွေဝေတုံ့ဆိုင်းနေကြသည်။
သူတို့က ဤကဲ့သို့ပင် နောက်သို့ဆုတ်ခွာသွားမည်ဆိုလျှင် သူတို့သည် တကယ်ပင် မျက်နှာပျက်ရပေလိမ့်မည်။
သူတို့သည် မဟာအရိုင်းကမ္ဘာကို သိမ်းပိုက်ဖို့အတွက် ဤကဲ့သို့ကြီးမားသော အင်အားတစ်ရပ်ကို စုဖွဲ့လာပြီးနောက် သူတို့သည် သွေးလိပ်ပြာကို မသတ်ဖြတ်နိုင်ရုံသာမက သူတို့သည် ကြီးမားသော ပျက်စီးထိခိုက်ဆုံးရှုံးမှုများနှင့် ကြုံတွေ့ရပြီး ဤအထီးကျန်သိုင်းသခင်ကြောင့် နောက်သို့ပင် ဆုတ်ခွာရတော့မည်ဖြစ်သည်။
သူတို့၏ ခံစားချက်များက ဘယ်လိုလုပ်ကောင်းမွန်နိုင်ပါ့မလဲ။
နောက်ခဏ၌ သူတို့လေးယောက်က ထိုအချက်နှင့်ပတ်သက်၍ နောင်တရမိကြ၏။
သူတို့က နောက်သို့ဆုတ်ခွာချင်သည်ဆိုလျှင်တောင် အထီးကျန်သိုင်းသခင်က သဘောတူလက်ခံလိမ့်မည်မဟုတ်သည်ကို သူတို့က ရုတ်တရက် နားလည်သဘောပေါက်သွားသောကြောင့်ဖြစ်သည်။
သိုင်းတာအိုပင်မခန္ဓာ၏ တန်ပြန်တိုက်ခိုက်မှုက ယခုမှ စတင်ရုံသာဖြစ်သည်။
ထိုဟိန်းဟောက်သံထွက်ပေါ်လာပြီးနောက် သိုင်းတာအိုပင်မခန္ဓာက သူ၏ အမြုတေစိတ်ဝိညာဉ်ကို လှည့်ပတ်ကာ သူ၏ စိတ်ဝိညာဉ်အသိစိတ်က လှုပ်ရှားသွား၏။
ဝေါ…
ရုတ်တရက် တုတ်ခိုင်ကြီးမားသော ဂိတ်တံခါးများက သူ၏ ဘေးပတ်လည်မှာ ပေါ်ထွက်လာပြီး အဆုံးမဲ့စွမ်းပကားနှင့်အတူ ကြယ်တာရာကောင်းကင်ကို ခြေမွှဖျက်ဆီးပစ်လိုက်၏။
ဂိတ်တံခါးတချို့ကို မိစ္ဆာချီက လွှမ်းခြုံထားပြီး ငရဲမီးက ပြင်းထန်ကြမ်းတမ်းစွာ လောင်ကျွမ်းနေ၏။
အရာရာတိုင်းကို ဝါးမျိုပစ်ချင်နေသည့်အလား သူတို့၏ ဘေးပတ်လည်မှာ နက်မှောင်နေသော ဧရာမဝဲကတော့တစ်ခုပေါ်ထွက်လာ၏။
ဂိတ်တံခါးတချို့ကို ဆီးနှင်းများဖုံးလွှမ်းထားသည့် တစ္ဆေသရဲအရိပ်များက ရစ်သိုင်းထားလေသည်။
ဂိတ်တံခါးတချို့က မကောင်းဆိုးဝါးချီဖြင့် ပြည့်နှက်နေ၏။
တချို့ကို အဝါရောင်မြူခိုးများက လွှမ်းခြုံထား၏။
မတူညီသော အော်ရာများဖြာထွက်နေသည့် ဧရာမ ဂိတ်တံခါးဆယ်ချပ်က ဧကရာဇ်ပညာရှင်များ၏ ဦးခေါင်းပေါ် အုပ်မိုးကျဆင်းလာပြီး ကောင်းကင်ထက်ကနေ ဆင်းသက်လာစဉ် နဂါးငွေ့တန်းကြယ်စင်စုများကို ဖိခြေပစ်နေ၏။
ကြီးမားသောအရိပ်တစ်ခုက ဆင်းသက်လာပြီး အပူချိန်က ထိုးဆင်းသွားလေသည်။ ဧကရာဇ်များသည် သူတို့က ငရဲသို့ လွင့်မျောကျဆင်းသွားသည့်အလား ခံစားလိုက်ရ၏။
ဖောက်…
စံအိမ်ဧကရာဇ်တစ်ဦးက မရှောင်တိမ်းနိုင်ဘဲ ဧရာမ ဂိတ်တံခါးတစ်ချပ်ဖြင့် ပစ်တိုက်ချခံလိုက်ရ၏။ သူ့မှာ ပျက်စီးထိခိုက်မှုများကို ပိတ်ဆို့တားဆီးပေးထားသည့် ပကတိလောကတစ်ခုရှိသော်လည်း သူက ချမ်းသာရာမရပေ။ သူ၏ ပကတိလောကက ကြေမွပျက်စီးသွားရုံသာမက သူ၏ ခန္ဓာက သွေးရည်အိုင်တစ်ခုအဖြစ် စိစိညှက်ညှက် ကြိတ်ခြေခံလိုက်ရလေသည်။ သူ၏ အမြုတေစိတ်ဝိညာဉ်က ဖျက်ဆီးခံရပြီး သူက နေရာမှာတင် သေဆုံးသွား၏။
သားရဲဧကရာဇ်စစ်ရထားစံအိမ်သေဆုံးသွားပြီးနောက် စံအိမ်နှစ်ဆယ့်ရှစ်ခုဝင်္ကပါက ပြိုကွဲသွားပြီဟု ဆိုနိုင်သည်။
ယခု သိုင်းတာအိုပင်မခန္ဓာက သူ၏ ဓမ္မတာအိုကို ထုတ်ဖော်ပြီး ဧရာမဂိတ်တံခါးဆယ်ချပ်နှင့်အတူ ဆင်းသက်ရောက်ရှိလာကာ လက်ရှိဧကရာဇ်ပညာရှင်များက အဲဒါကို လုံးဝမခုခံနိုင်ကြတော့ပေ။
ဂိတ်တံခါးဆယ်ချပ်မှာ သိုင်းတာအိုပင်မခန္ဓာက ဧကရာဇ်နယ်ပယ်သို့ ဝင်ရောက်လာပြီးနောက် ငရဲ၏ စိမ့်စမ်းကိုးခုအကူအညီနှင့်အတူ တမလွန််မြစ်ထဲမှာ သူနားလည်ဆင်ခြင်ကျင့်ကြံထားသည့် ဓမ္မတာအိုများပါဝင်နေ၏။
ငရဲ၏ စိမ့်စမ်းကိုးခုနှင့် သက်ဆိုင်သော ဂိတ်တံခါးဆယ်ချပ်အပြင် အဲဒီမှာ အစစ်အမှန်ငရဲဂိတ်တံခါးလည်းရှိနေပြီး စုစုပေါင်းငရဲဂိတ်တံခါးဆယ်ချပ်ဖြစ်လေသည်။
ဂိတ်တံခါးတစ်ခုချင်းစီမှာ တုန်လှုပ်စရာကောင်းသော စွမ်းပကားနှင့်အတူ သိုင်းစကြာဝဠာနှင့် ပေါင်းစည်းနေသည့် မတူညီသော ဓမ္မတာအိုစွမ်းအားများပါဝင်နေသည်။
သာမန်ဧကရာဇ်များနှင့် အန္တိမဧကရာဇ်မျာကို မပြောနှင့် စံအိမ်ဧကရာဇ်များပင်လျှင် ငရဲဂိတ်တံခါးများ၏ ရိုက်ခတ်မှုကို မခုခံနိုင်ကြပေ။
တစ်ယောက်ယောက်သည် ဆင်းသက်လာသော ဂိတ်တံခါးများနှင့် ပစ်တိုက်ချခံရသည်နှင့် ထိုသူက သေချာပေါက်သေရလိမ့်မည်ဖြစ်ပြီး အသက်ရှင်ဖို့အတွက် မည်သည့်အခွင့်အရေးမှ မရှိပေ။
တစ်ယောက်ယောက်က ဂိတ်တံခါးတစ်ချပ်နှင့် ပွတ်တိုက်မိသွားသည်ဆိုလျှင်တောင် သူတို့သည် အပိုင်းပိုင်းကြေမွပျက်စီးကာ သွေးမြူတစ်ခုအဖြစ် ပေါက်ကွဲထွက်သွားပေလိမ့်မည်။
ဧကရာဇ်ပညာရှင်တချို့သည် ကံကောင်းထောက်မစွာဖြင့် ဂိတ်တံခါးများ၏ ပစ်တိုက်မှုကို ရှောင်လွှဲနိုင်ခဲ့၏။ သို့သော်လည်း သူတို့သည် အချိန်မီ ထွက်မပြေးနိုင်ဘူးဆိုလျှင် သူတို့၏ စွမ်းအားသည် ဂိတ်တံခါးများဖြင့် ဝါးမျိုခြင်းခံရပြီး သူတို့က အထဲကို ဆွဲယူသွင်းခံရပေလိမ့်မည်။
ဖောက်… ဖောက်… ဖောက်…
ဂိတ်တံခါးဆယ်ချပ် ဆင်းသက်လာသောအခါ ကြယ်တာရာကောင်းကင်တိုက်ပွဲကွင်းမှာ ညည်းတွားအော်ဟစ်သံမျာက နောက်တစ်ဖန်ထွက်ပေါ်လာ၏။ သွေးများက ဖိတ်စင်ပြန့်ကျဲသွားပြီး ကြယ်တာရာကောင်းကင်များကို နီစွေးသွားစေ၏။
ဧကရာဇ်များက ထိတ်လန့်တကြားဖြင့် ခြေဦးတည့်ရာ လှည့်ထွက်ပြေးကုန်ကြ၏။
“ဘာ..ဘာလဲဟ”
တိုက်ပွဲကို စောင့်ကြည့်နေသော ကြယ်တာရာကောင်းကင်အစပ်မှ ဧကရာဇ်ပညာရှင်တချို့သည် တုန်လှုပ်၍ ကြက်သေသေသွားကြ၏။
မွန်မြတ်ကောင်းကင်ဘုံကမ္ဘာက ရှုံးနိမ့်သွားလေသည်။
မွန်မြတ်ကောင်းကင်ဘုံကမ္ဘာကို နောက်ခံပေးထားသည့် လျှို့ဝှက်ဆန်းကြယ်သောအဖွဲ့အစည်းကလည်း ရှုံးနိမ့်သွားလေသည်။
ဒါ့အပြင် သူတို့က ဆိုးဆိုးဝါးဝါးရှုံးနိမ့်သွားခြင်းဖြစ်သည်။
သူတို့ကြားမှာ အထွတ်အထိပ်ဧကရာဇ်သုံးဆယ်နှင့်အတူ ဧကရာဇ်ပညာရှင်တစ်ရာသည် အထီးကျန်သိုင်းသခင်တစ်ယောက်တည်းဖြင့် အပြတ်အသတ်အနိုင်ယူခြင်းကို ခံနေရ၏။
အထီးကျန်သိုင်းသခင်သည် စံအိမ်နှစ်ဆယ့်ရှစ်ခုဝင်္ကပါ၊ ပကတိလောကများနှင့် တဗူးနည်းစနစ်များကဲ့သို့ သူတို့၏ မှီခိုအားထားရာများကို သူ၏ ခြေဖဝါးအောက်မှာ နင်းခြေဖျက်ဆီးပစ်နေ၏။
ထိုအချင်းအရာကို သူတို့မျက်လုံးနှင့် ကိုယ်တိုင်မြင်တွေ့နေရသည်ဆိုလျှင်တောင် ဧကရာဇ်ပညာရှင်များက အဲဒါကို မယုံကြည်ကြသေးပေ။
“မွန်မြတ်ကောင်းကင်ဘုံကမ္ဘာက တကယ်ပဲ ရှုံးနိမ့်သွားပြီလား”
“အထီးကျန်သိုင်းသခင်ရဲ့ နောက်ခံကဘာလဲ”
“သူက မွန်မြတ်ကောင်းကင်ဘုံကမ္ဘာကို တစ်ယောက်တည်းမှောက်လှန်ပစ်လိုက်တယ်… ဒီလောကက တကယ်ပဲ ပြောင်းလဲသွားတော့မှာလား”
“အဲဒီတိုက်ခိုက်ရည်ခွန်အားက မဟာဧကရာဇ်တစ်ပါးနဲ့ ယှဉ်နိုင်နေလောက်ပြီ”
ဒီဘက်မျိုးဆက်မှာ ဧကရာဇ်ပညာရှင်များထဲ မည်သူကမှ မဟာဧကရာဇ်တစ်ပါး၏ နည်းလမ်းများကို သူတို့မျက်လုံးနှင့် ကိုယ်တိုင်မြင်တွေ့ဖူးခြင်း မရှိကြပေ။
ထို့ကြောင့် မဟာဧကရာဇ်တစ်ပါးက ဘယ်လောက်ထိသန်မာသည်ကို သူတို့က မသိရှိကြပေ။ သို့သော်လည်း သူတို့က အဲဒါနှင့်ပတ်သက်၍ စဉ်းစားကြည့်မည်ဆိုလျှင် မဟာဧကရာဇ်တစ်ပါးဆိုသည်မှာ ဤကဲ့သို့ပင်ဖြစ်ရပေမည်။
မဟာအရိုင်းကမ္ဘာမှာ အထီးကျန်သိုင်းသခင်နှင့် တျဲယွဲ့ရှိနေခြင်းနှင့်အတူ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ သူတို့ကို ဘယ်သူက ဆန့်ကျင်တိုက်ခိုက်နိုင်တော့မလဲ။