← Chapters

မြူခိုးများ စဲသွားသည်နှင့်

Vol. 202 Ch. 3024

မြူခိုးများ စဲသွားသည်နှင့်

Vol. 202 Ch. 3024

အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်လေးခုက သိုင်းတာအိုပင်မခန္ဓာပေါ်သို့ ဆင်းသက်လာခဲ့၏။

သို့သော်လည်း ဧကရာဇ်မိုးပြာရောင်မီးတောက်နှင့် အခြားသုံးယောက်ကို စိတ်ပျက်သွားစေသည်မှာ အထီးကျန်သိုင်းသခင်သည် ထိခိုက်မှု မရှိပုံရပြီး သူ့မျက်လုံးထဲရှိ မီးတောက်များက လောင်ကျွမ်းနေဆဲဖြစ်၏။

ဧကရာဇ်မိုးပြာရောင်မီးတောက်နှင့် အခြားသုံးယောက်၏ အကြည့်များအောက်မှာ ငွေရောင်မျက်နှာဖုံးသည် ရုတ်တရက် ရေကန်တစ်ခုအဖြစ် ပြောင်းလဲသွားပုံရလေသည်။ သူတို့လေးယောက်ထံမှ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်လေးခု၏ ရိုက်ခတ်မှုအောက်မှာ ၎င်းသည် ဝဲဂယက်အနည်းငယ်သာ ဖြာထွက်ပြီးနောက် ပြန်လည်ငြိမ်သက်သွား၏။

အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်များ၏ စွမ်းအားကို မာန်နတ်မျက်နှာဖုံးနှင့် ပေါင်းစည်းနေသော တမလွန်မြစ်ရေက ဝါးမျိုချေဖျက်ကာ တစ်စွန်းတစ်စမကျန် ပျောက်ကွယ်သွားစေ၏။

“ဘာလဲဟ”

ဧကရာဇ်မိုးပြာရောင်မီးတောက်နှင့် အခြားသုံးယောက်က အရင်ဆုံး စိတ်ပျက်လက်ပျက်ဖြစ်သွားပြီးနောက် သူတို့၏ မျက်နှာများက ကြောက်ရွံ့ထိတ်လန့်မှုဖြင့် ပြည့်နှက်လာ၏။

အထီးကျန်သိုင်းသခင်သည် မသေရုံသာမက သူသည် လုံးဝပင် သက်ရောက်ခြင်းမခံရပေ။ ထိုသို့ဆိုပါက သေရမည့်သူက သူတို့ဖြစ်လာပေလိမ့်မည်။

အထီးကျန်သိုင်းသခင်၏ လောင်ကျွမ်းနေသော မျက်လုံးများက ဧကရီယန်လောကို မမှိတ်မသုန် စိုက်ကြည့်နေ၏။ သူက သူ၏ သိုင်းစိတ်ညာဉ်ကို စုဖွဲ့ပြီး သူ၏ နှာရောင်ကနေ ခရမ်းရွှေရောင်မီးတောက်တစ်ခုက ရုတ်တရက် တလိပ်လိပ်တိုးထွက်လာ၏။ မီးတောက်က ပေါ်ထွက်လာသည့်ခဏမှာပင် ပြင်းထန်ကြမ်းတမ်းသော မရဏအော်ရာတစ်ခုက ဧကရီယန်လော၏ ဦးခေါင်းကို လွှမ်းခြုံလာခဲ့၏။ သူမ၏ အမြုတေစိတ်ဝိညာဉ်ကပင် ပြင်းထန်သော လောင်မြိုက်ခြင်း နာကျင်မှုတစ်ခုကို ခံစားလာရ၏။

သူမ၏ အသိစိတ်ထဲမှာ သူမ၏ အမြုတေစိတ်ဝိညာဉ်သည် အစက မီးတောက်အလွှာများဖြင့် လောင်ကျွမ်းနေ၏။

သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာ၏ ခရမ်းရွှေရောင်မီးတောက်က ပေါ်ထွက်လာသောအခါ သူမ၏ အမြုတေစိတ်ဝိညာဉ်ပေါ်ရှိ မီးတောက်များက ချက်ချင်းပင် ဖိနှိမ်ခံရပြီး တဖျပ်ဖျပ်ဖြစ်ကာ အချိန်မရွေး ငြိမ်းသေလာနိုင်၏။

ဧကရီယန်လောက တကယ်ပင် ထိတ်ထိတ်ပျာပျာဖြစ်လာ၏။

သူမသည် ဧကရာဇ်မိုးပြာရောင်မီးတောက်၊ ဧကရာဇ်ပိုင်ယွီနှင့် ဧကရာဇ်ရွှမ်စန်တို့နှင့် မတူပေ။

သူမ ဤနေရာမှာ သေရမည်ဆိုလျှင် မည်သူကမှ သူမကို ကာကွယ်ပေးနိုင်မည် မဟုတ်ပေ။ တကယ်ဆို သူမအတွက် မည်သူကမှ လက်စားချေပေးလောက်မည် မဟုတ်ပေ။

“အထီးကျန်သိုင်းသခင်”

ဧကရီယန်လောက အလောတကြီးပြောလိုက်၏။

“ငါ့ကို လွှတ်ပေးပါ… ငါ နင်တို့တွေကို မဟာကမ္ဘာတစ်ထောင်လောကကို တက်လှမ်းမယ့် အခွင့်အရေးတစ်ခုပေးမယ်… ငါ့စကားကို ငါတည်စေရပါမယ်”

သိုင်းတာအိုပင်မခန္ဓာက လှုပ်ရှားယိမ်းယိုင်သွားခြင်းမရှိဘဲ သူ၏ အမူအရာက အေးစက်နေ၏။ သူက ဂရုမစိုက်သည့်ဟန်ဖြင့် ပြောလိုက်၏။

“ဒီနေ့ မင်းကို ဘယ်သူကမှ မကယ်နိုင်ဘူးလို့ ငါပြောခဲ့ပြီးပြီပဲ… အဲဒါကြောင့် မင်းက သေရတော့မှာပဲ”

“ဘာလို့လဲ”

ခရမ်းရွှေရောင်မီးတောက်များ ဆင်းသက်လာသည်ကို တွေ့မြင်သောအခါ ဧကရီယန်လောက ခပ်စူးစူး အော်ပြောလိုက်၏။

“ငါက သူ့ကို ခွေးမလို့ခေါ်တာနဲ့ပဲ နင်က ငါ့ကို သတ်တော့မလို့လား”

“ဒါပေါ့”

သိုင်းတာအိုပင်မခန္ဓာက ရိုးရှင်းသောစကားဖြင့်သာ ပြန်ဖြေလိုက်၏။

သူသည် တခြားမည်သည့်စကားကိုမှ ထပ်မံ၍ မပြောဆိုချင်တော့ပေ။

သူက အချိန်မီရောက်ရှိမလာလျှင် တျဲယွဲ့က သေသွားရပေလိမ့်မည်။

သူတို့နှစ်ယောက်ကြား အခြေအနေက ညှိနှိုင်းဆွေးနွေးလို့ မရနိုင်တော့ပေ။

ထိုသို့ သူမ ပြောလိုက်သည့်ခဏမှာပင် ခရမ်းရွှေရောင်မီးတောက်များက ဧကရီယန်လော၏ အသိစိတ်ထဲသို့ ဝင်ရောက်ပြီး သူမ၏ အမြုတေစိတ်ဝိညာဉ်ကို တစ်ခဏချင်းမှာပင် လောင်ကျွမ်းပြာကျသွားစေ၏။ ဝိညာဉ်မီးအိမ်၏ မီးတောက်များနှင့်အတူ ပေါင်းစည်းထားသည့် သိုင်းစိတ်ဝိညာဉ်မီးက အရမ်းကို ကြောက်စရာကောင်းနေပြီဖြစ်သည်။

၎င်းသည် အမြုတေစိတ်ဝိညာဉ်များနှင့် ဝိညာဉ်များအပေါ် အဖျက်စွမ်းအား အလွန်တရာ မြင့်မားလေသည်။

တိုက်ပွဲ၏ ဤနေရာအရောက်မှာ သူတို့၏ ခါးများပေါ်တွင် မီးတောက်ဟူသော စာလုံးများ ချိတ်ဆွဲထားသည့် ကောင်းကင်ဘုံခုံရုံးမှ ဧကရာဇ်ပညာရှင်များသည် ဧကရီယန်လော အပါအဝင် တစ်ယောက်မကျန် အပြတ်ရှင်းခံလိုက်ရ၏။

ထိုစဉ်မှာပင် နဂါးဟိန်းသံ၊ ဖီးနစ်အော်သံ၊ ကျားဟိန်းသံနှင့် တစ္ဆေအော်ညည်းသံတို့က ငရဲဖိနှိမ်မီးဖိုထဲကနေ ထွက်ပေါ်လာ၏။

ငရဲဖိနှိမ်မီးဖိုသည် အထွတ်အမြတ်တောကောင်လေးကောင်၏ မျိုးဆက်သွေးများကို ရရှိထားပြီး ဧကရာဇ်မိုးပြာရောင်မီးတောက်နှင့် အခြားသုံးယောက်၏ မူပိုင်လက်နက်များကို ဝါးမျိုခဲ့လေသည်။ ၎င်းသည် လုံးလုံးလျားလျား အသွင်ပြောင်းလဲပြီး ပြန်လည်မွေးဖွားလာခဲ့၏။

နောက်ခဏ၌ ဂါထာမန္တန်ရွတ်ဖတ်သံက ပဲ့တင်ထပ်ထွက်ပေါ်လာ၏။

ငရဲဖိနှိမ်မီးဖိုသည် တဖျပ်ဖျပ်တလက်လက် ရွှေရောင်အလင်းများကို ထုတ်ဖော်ပြီး ကောင်းကင်ကို နီရဲသွားစေ၏။ ကြယ်တာရာကောင်းကင် တိုက်ပွဲကွင်းပေါ်ရှိ အလျှံညီးညီး စစ်မီးတောက်များနှင့်အတူ ၎င်းသည် ကီလိုမီတာထောင်ချီ ကြယ်တာရာကောင်းကင်ကို နေ့ဘက်အလား ထိန်ထိန်လင်းသွားစေ၏။

အဆုံးမဲ့ ရွှေရောင်အလင်းက မိုးကောင်းကင်ထက်မှာ ခန့်ညားထည်ဝါသော ဗုဒ္ဓပုံရိပ်ကို ခပ်ရေးရေးပေါ်ထွက်လာစေ၏။

ဧရာမဗုဒ္ဓ၏ အောက်ဘက်မှာ ခရမ်းရောင်ဝတ်ရုံနှင့် ငွေရောင်မျက်နှာဖုံးနှင့် သိုင်းတာအိုပင်မခန္ဓာသည် ကြယ်တာရာကောင်းကင်ပေါ်မှာ မတ်တတ်ရပ်ပြီး မိုးပြာနဂါး၊ ကျားဖြူ၊ ဟင်္သပဒါးငှက်နှင့် မဟူရာလိပ်တို့၏ ပုံရိပ်ယောင်များက သူ့ကို ဝန်းရံထားလေသည်။ သူ၏ အနက်ရောင်ဆံပင်က ရူးသွပ်စွာ ကခုန်နေပြီး လောကရှိ တစ်ဦးတည်းသော နတ်ဘုရားကဲ့သို့ သူ၏ အကြည့်က နက်ရှိုင်း၍ ခန့်ညားထည်ဝါနေ၏။

ဤသည်ကား အလွန်တရာ တုန်လှုပ်စရာကောင်းသော မြင်ကွင်းတစ်ခုဖြစ်သည်။

တကယ်ဆို ကြယ်တာရာကောင်းကင်အစပ်ကနေ စောင့်ကြည့်နေသော ဧကရာဇ်ပညာရှင်များပင် ရှိခိုးဦးချချင်စိတ်ပေါက်လာကြ၏။

ထိုအခိုက်အတန့်မှာ သိုင်းတာအိုပင်မခန္ဓာပေါ်ရှိ အလင်းရောင်သည် ကြယ်တာရာကောင်းကင်ထဲရှိ အကွာအဝေး ကီလိုမီတာဘီလီယံချီကို ဖိနှိမ်ပြီး နေ၊ လနှင့် ကြယ်တို့ကိုပင် မှေးမှိန်သွားစေ၏။

တျဲယွဲ့သည် သူမဘေးမှ အမျိုးသားကိုကြည့်ပြီး တစ်စုံတစ်ရာကို တွေးမိသွားသည့်အလား ညင်သာစွာ ပြုံးလိုက်၏။

ထျန်ဟွမ်ကုန်းမြေတိုက်မှာတုန်းက ဆူဇီမိုသည် နဂါးသင်္ချိုင်းတောင်ကြား၏ အောက်ခြေနံရံမှာ စာကြောင်းတစ်ကြောင်းကို ချန်ထားခဲ့လေသည်။

မြူခိုးများ စဲသွားသည်နှင့် ဖြာကျလာသော အလင်းရောင်ခြည်ဖြင့် တစ်လောကလုံးကို ထိန်ထိန်လင်းစေမည်။

“အဲဒါက ဒီအခိုက်အတန့်ပဲ”

တျဲယွဲ့က ညင်သာစွာ ရေရွတ်လိုက်၏။

ကြယ်တာရာကောင်းကင် တိုက်ပွဲကွင်းမှာ…

ဧကရာဇ်မိုးပြာရောင်မီးတောက်၊ ဧကရာဇ်ပိုင်ယွီနှင့် ဧကရာဇ်ရွှမ်စန်နှင့် အခြားသော ဧကရာဇ်ပညာရှင်များက အထီးကျန်သိုင်းသခင်ကို သူတို့မျက်လုံးထဲရှိ နက်ရှိုင်းသော အကြောက်တရားနှင့်အတူ ကြည့်နေကြ၏။

ကောင်းကင်ဘုံခုံရုံး၏ ဝင်ပေါက်ဝက သူတို့၏ ရှေ့တည့်တည့်မှာ ရှိနေသည်။

သို့သော်လည်း ထိုနေရာသည် သူတို့နှင့် အလွန်တရာ ဝေးကွာပြီး သူတို့ ဘယ်တော့မှ မရောက်ရှိနိုင်တော့သည့်အလား လူတိုင်းက ခံစားနေရ၏။

မနှိုင်းယှဉ်သာအောင် စွမ်းအားကြီးမားသော စိတ်စွမ်းအားတစ်ခုက သူတို့သုံးယောက်၏ ဦးခေါင်းများပေါ်သို့ ကျဆင်းလာ၏။ သူတို့က ဘယ်လိုပင် လှုပ်ရှားရုန်းကန်သည်ဖြစ်စေ သူတို့က ရုန်းထွက်နိုင်ခြင်း မရှိကြပေ။

သိုင်းတာအိုပင်မခန္ဓာက ကြယ်တာရာကောင်းကင်ကို တက်လှမ်းပြီး ငရဲဖိနှိမ်မီးဖိုကို ရှေ့သို့ ပစ်ထုတ်လိုက်၏။

ဘုန်း…

ငရဲဖိနှိမ်မီးဖိုသည် လေထုကို ဆုတ်ဖြဲပြီး ၎င်းကို အထွတ်အမြတ်ဝိညာဉ်လေးခုက ဝန်းရံထားလေသည်။ နဂါးဟိန်းသံနှင့် ဂါထာမန္တန်ရွတ်ဖတ်သံက ရောထွေးယှက်ဖြာပြီး အရာရာတိုင်းကို ဖျက်ဆီးပစ်နိုင်သည့် ရပ်တန့်တားဆီးမရနိုင်သော အော်ရာတစ်ခုကို ထွက်ပေါ်လာစေ၏။

ဧကရာဇ်ပိုင်ယွီက ဒဏ်ရာအပြင်းအထန်ရရှိထားသည်ကို မပြောနှင့် သူက သူ၏ အထွတ်အထိပ်ခြေအနေမှာ ရှိနေမည်ဆိုလျှင်တောင် သူက ဤတိုက်ခိုက်မှုကို ခုခံနိုင်လောက်မည် မဟုတ်ပေ။

ဧကရာဇ်ပိုင်ယွီ၏ မျက်လုံးများက တုန်လှုပ်မှုဖြင့် ပြူးကျယ်လာ၏။ သူက ငရဲဖိနှိမ်မီးဖို ပစ်ဝင်လာသည်ကို ကူကယ်ရာမဲ့စွာ ကြည့်နေရ၏။

ရုတ်တရက်ဆိုသလို….

သိုင်းတာအိုပင်မခန္ဓာက တစ်စုံတစ်ရာကို အာရုံခံမိသွားပုံရပြီး သူ၏ မျက်လုံးထဲကနေ ဝဲဂယက်များ ဖြာထွက်လာ၏။

ငရဲကနေ ပြန်လည်ရောက်ရှိလာပြီးနောက် သူသည် ဧကရာဇ်ပညာရှင် တစ်ရာနီးပါးနှင့် ရင်ဆိုင်ရချိန်မှာတောင် သူ၏ အမူအရာက တည်ငြိမ်နေခဲ့၏။

သို့သော်လည်း စောစောက သူသည် ပုံရိပ်တစ်ခုကို ရိပ်ခနဲ တွေ့မြင်လိုက်ရ၏။

၎င်း၏ အလျင်အဟုန်က အရမ်းကို မြန်ဆန်နေ၏။

သူ၏ အာရုံခံအသိစိတ်နှင့် အမြင်အာရုံနှင့်ပင်လျှင် သူသည် ထိုပုံရိပ်ကို ရှင်းရှင်းလင်းလင်း မတွေ့မြင်နိုင်ပေ။

သို့သော်လည်း ရင်းနှီးနေကျ ခံစားချက်တစ်ခုက သူ၏ ရင်ထဲမှာ ထင်ဟပ်လာ၏။

ဒါ့အပြင် သိုင်းတာအိုပင်မခန္ဓာသည် ထိုပုံရိပ်ထံမှ အလွန်တရာ အန္တရာယ်များသော အော်ရာတစ်ခုကို အာရုံခံမိနေသည်။

ဝုန်း…

ငရဲဖိနှိမ်မီးဖိုသည် တစ်စုံတစ်ရာနှင့် ပစ်တိုက်မိပြီး ခပ်ထိုင်းထိုင်းအသံတစ်သံနှင့်အတူ ချက်ချင်းပင် ရပ်တန့်သွားလေသည်။

ငရဲဖိနှိမ်မီးဖိုက လုံးဝမလှုပ်ရှားတော့ပေ။

စောစောက အထွတ်အမြတ်ဝိညာဉ်လေးခုပင်လျှင် မီးဖိုနံရံများကြားထဲသို့ နောက်တစ်ဖန် တိုးဝင်ပြီး ဂါထာမန္တန်ရွတ်ဖတ်သံက ယတိပြတ် ရပ်တန့်သွား၏။

“ဟမ်…”

တျဲယွဲ့က သူမ၏ မျက်လုံးကို အနည်းငယ် မှေးကျဉ်းလိုက်၏။

ငရဲဖိနှိမ်မီးဖိုက ဧကရာဇ်ပိုင်ယွီနှင့် ပစ်တိုက်တော့မည့်ဆဲဆဲမှာ ပုံရိပ်တစ်ခုက ရုတ်တရက်ပေါ်ထွက်လာ၏။

ထိုလူက ဧကရာဇ်ပိုင်ယွီရှေ့မှာ မတ်တတ်ရပ်ပြီး သူ၏ လက်ဖဝါးကို ဆန့်ထုတ်လိုက်၏။ သူက သိုင်းတာအိုပင်မခန္ဓာ ပစ်ထုတ်လိုက်သည့် ငရဲဖိနှိမ်မီးဖိုကို လက်တစ်ဖက်ဖြင့် အမှန်တကယ်ပင် ပိတ်ဆို့တားဆီးလိုက်သည်။

ထိုလူက သူ၏ လက်ကိုမြှောက်ပြီး ငရဲဖိနှိမ်မီးဖိုကို သူ၏ လက်ဖဝါးဖြင့် တားဆီးထားလေသည်။

အမျိုးသားနှင့် မီးဖိုက မလှုပ်မယှက် ရှိနေ၏။

ငရဲဖိနှိမ်မီးဖိုသည် ထိုလူ၏ ခန္ဓာနေရာအများစုကို ဖုံးအုပ်ထားပြီး သူ၏ ပုံပန်းသဏ္ဌာန်ကိုပင် မတွေ့မြင်နိုင်ပေ။ သူ၏ ပိန်ပါးသော ခြေဖဝါးနှစ်ဖက်ကသာ ငရဲဖိနှိမ်မီးဖိုအောက်ဘက်မှ ထွက်ပေါ်နေ၏။

ဤနှောင့်နှေးကြန့်ကြာမှုနှင့်အတူ ဧကရာဇ်ပိုင်ယွီနှင့် အခြားနှစ်ယောက်က အသက်ရှူချိန် ရရှိသွားလေသည်။

ဧကရာဇ်ပိုင်ယွီနှင့် အခြားနှစ်ယောက်အပေါ် အုပ်မိုးကျဆင်းနေသည့် စွမ်းအားကြီးမားသော စိတ်စွမ်းအားကလည်း ထိုလူပေါ်ထွက်လာပြီးနောက် ပျက်ပြယ်သွားပုံရလေသည်။

သူတို့သည် ယခုတင် သေဘေးကနေ လွတ်မြောက်လာပြီး လွတ်ငြိမ်းချမ်းသာခွင့် ရရှိသွားသည့်အလား ခံစားလိုက်ရ၏။ သူတို့ကို မည်သူမည်ဝါ ကယ်တင်လိုက်သည်ကိုပင် မကြည့်နိုင်ဘဲ သူတို့က ကောင်းကင်ဘုံခုံရုံး၏ ဝင်ပေါက်ဝရှိရာသို့ အသည်းအသန် ပြေးလွှားလိုက်ကြ၏။

တစ်ခဏချင်းမှာပင် သူတို့က ပျောက်ကွယ်သွားလေသည်။

ထိုအခါမှသာ ထိုလူက သူ၏ လက်ကို ဖြည်းဖြည်းချင်း လှုပ်ရှားလိုက်၏။

ငရဲဖိနှိမ်မီးဖိုက အနည်းငယ် ရွေ့လျားသွားပြီး ပထမဆုံးပေါ်ထွက်လာသည်မှာ ခပ်ပါးပါး ပခုံးတစ်ဖက်နှင့် ပခုံးထိ ကျဆင်းနေသော နှင်းဖြူရောင် ရှည်လျားသည့် မျက်ခုံးမွှေးတစ်ဖက် ဖြစ်လေသည်။

သိုင်းတာအိုပင်မခန္ဓာ၏ သူငယ်အိမ်နှစ်ဖက်က အနည်းငယ် တင်းကျပ်သွား၏။ သူက ဤလူကို မှတ်မိသိရှိသွားသည့်အလားပင်။ ချက်ချင်းပင် သူက တျဲယွဲ့၏ လက်ဖဝါးကို လွှတ်ပေးပြီး သူမရှေ့ကနေ ပိတ်ကာရပ်လိုက်၏။

တျဲယွဲ့က တုန်လှုပ်ချောက်ချားသွား၏။

ဧကရာဇ်ပညာရှင်တစ်ရာနီးပါးနှင့် ရင်ဆိုင်ရချိန်မှာတောင် သိုင်းတာအိုပင်မခန္ဓာသည် သူမနှင့်အတူ တည်ငြိမ်စွာ ပခုံးချင်းယှဉ်ရပ်ပြီး လက်တစ်ဖက်တည်းဖြင့် ဧကရာဇ်များကို ဖိနှိမ်ခဲ့၏။

ယခုအချိန်မှာ သိုင်းတာအိုပင်မခန္ဓာသည် ဤမျှအထိ စိုးရိမ်ကြောင့်ကြနေပြီး သူမကို သူ့နောက်မှာထားကာ ကာကွယ်ပေးလိုနေ၏။

ဤပုဂ္ဂိုလ်က ဘယ်သူလဲ….။

All Chapters