ကောင်းကင်ဘုံကိုးလွှာ ဆန်းကြယ်အပျိုစင်
Vol. 202 Ch. 3030
“ခင်ဗျား ကြိုးပမ်းခဲ့ကြဖူးတာပဲ”
သိုင်းတာအိုပင်မခန္ဓာက သင်္ချိုင်းစောင့်ကို ကြည့်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။
“လွန်ခဲ့တဲ့ နှစ်ပေါင်းသောင်းချီကာလကတုန်းက အဝီစိမှာ ကြီးမားတဲ့ အပြောင်းအလဲတစ်ရပ် ဖြစ်ပွားခဲ့တယ်… အဲဒါက အဝီစိကို ပြိုကျစေလုနီးပါး ဖြစ်ခဲ့တယ်… ငရဲဖိနှိမ်မီးဖိုနဲ့ မာန်နတ်မျက်နှာဖုံးကလည်း ထျန်ဟွမ်ကုန်းမြေတိုက်ကို ကျဆင်းလာခဲ့တယ်”
“ခင်ဗျားက အဲဒီတုန်းက အဝီစိရဲ့အနီးအနားမှာ ရှိနေခဲ့လိမ့်မယ်… အဲဒီတုန်းက မထင်မှတ်ထားတဲ့ဖြစ်ရပ်က ခင်ဗျားနဲ့ တစ်ခုခုပတ်သက်နေမယ်လို့ ကျုပ်ခန့်မှန်းမိတယ်”
ထိုစကားကို ကြားသောအခါ သင်္ချိုင်းစောင့်၏ မျက်ခုံးမွေးရှည်က အနည်းငယ်တွန့်သွား၏။
သိုင်းတာအိုပင်မခန္ဓာက ဆက်ပြောလိုက်သည်။
“စောစောတုန်းက ခင်ဗျားက မဟာဧကရာဇ် ကောင်းကင်သင်္ချိုင်းဖြစ်တယ်လို့ ကျုပ်ခန့်မှန်းခဲ့တယ်ဆိုတာ ခင်ဗျားက အထဲမှာ ပိတ်မိနေတဲ့ ဧကရာဇ်ပိုရွှင်းကို ကယ်တင်ချင်ခဲ့တာကြောင့်လို့ ကျုပ်က တွေးခဲ့မိလို့ပဲ”
“ဒါပေမဲ့ ကြည့်ရတာတော့ အဲဒီတုန်းက ဖြစ်ခဲ့တဲ့ ရုတ်ရုတ်သဲသဲ အခြေအနေက ခင်ဗျားက မဟာအဝီစိက ငရဲအရှင်ကို ကယ်တင်ချင်ခဲ့တာကြောင့်ပဲ”
ဧကရာဇ်ပိုရွှင်းသည် မဟာဧကရာဇ် ကောင်းကင်သင်္ချိုင်း၏ အလောင်းသုံးလောင်းထဲမှ တစ်လောင်းဖြစ်သည်ဆိုမှတော့ သူသည် အဝီစိမှာ အန္တရာယ်ကျရောက်လိမ့်မည် မဟုတ်ပေ။ ထိုအစား သူက ကျင့်ကြံဖို့အတွက် အဝီစိကို အသုံးချနိုင်၏။
အရင်တုန်းက တိုက်ပွဲမှာ ဧကရာဇ်ပိုရွှင်းသည် အဝီစိသို့ ကျဆင်းသွားခဲ့သည်ဆိုလျှင်တောင် ထိုသူသည် အဲဒါကို တမင်ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခဲ့သည်ဟုပင် သိုင်းတာအိုပင်မခန္ဓာက သံသယရှိနေ၏။
အဝီစိမှ အပြောင်းအလဲသည် တကယ်ပင် သင်္ချိုင်းစောင့်ကြောင့် ဖြစ်ခဲ့သည်ဆိုလျှင် ဖြစ်နိုင်ခြေက တစ်ခုသာ ရှိလေသည်။
ထိုလုပ်ရပ်သည် မဟာအဝီစိမှာ ပိတ်မိနေသော ငရဲအရှင်အတွက် ရည်ရွယ်တာ ဖြစ်ရပေမည်။
“အမှန်ပဲ”
သိုင်းတာအိုပင်မခန္ဓာက ခန့်မှန်းချက်ကို ထုတ်ဖော်ပြီးနောက် သင်္ချိုင်းစောင့်က အတော်လေး တည်ငြိမ်နေပြီး ခေါင်းညိတ်ပြလိုက်၏။
ထို့နောက် သင်္ချိုင်းစောင့်က မျက်လွှာချပြီး သူ့ခြေရင်းမှာရှိသော ငရဲဖိနှိမ်မီးဖိုကို တစ်ချက်ကြည့်လိုက်၏။ သူ၏ လက်ညှိုးကို ညင်သာစွာ လှုပ်ရှားလိုက်ပြီး ငရဲဖိနှိမ်မီးဖိုက သိုင်းတာအိုပင်မခန္ဓာ ရှိရာသို့ လွင့်မျောလာလေသည်။
အသုံးပြုလိုက်သော အင်အားက သန်မာမှုမရှိဘဲ သူက အဲဒါကို ပြန်ပေးနေသည်မှာ သိသာလေသည်။ သိုင်းတာအိုပင်မခန္ဓာက ငရဲဖိနှိမ်မီးဖိုကို သာမန်ကာလျှံကာ လက်ခံယူလိုက်၏။
ထို့နောက် ချက်ချင်းပင် သင်္ချိုင်းစောင့်က သာမန်ကာလျှံကာ ပြောလိုက်၏။
“ငါ အရင်တုန်းက ဒီလက်နက်ကို ခြေမွှဖျက်ဆီးခဲ့တယ်… အခုတော့ အဲဒါက အကောင်းအတိုင်း ပြန်ဖြစ်လာပြီပဲ”
တကယ်ပင်…။
ကောင်းကင်ဘုံဝံပုလွေ ထိုအကြောင်းပြောသည်ကို သူကြားခဲ့ရစဉ်က ငရဲဖိနှိမ်မီးဖိုသည် အနန္တခေတ်မှာ ကြေမွပျက်စီးခဲ့သလား သို့မဟုတ် လွန်ခဲ့သည့် နှစ်ပေါင်းသောင်းချီကာလက မထင်မှတ်ထားသော ဖြစ်ရပ်မှာ ပျက်စီးခဲ့သလား သိုင်းတာအိုပင်မခန္ဓာက စဉ်းစားနေခဲ့၏။
ယနေ့မှာ သင်္ချိုင်းစောင့်ထံမှ စကားနှင့်အတူ သူက တိကျသော အဖြေတစ်ခုကို ရရှိသွားခဲ့ပြီဖြစ်သည်။
မဟာဧကရာဇ်အနန္တက သေဆုံးသွားခဲ့ပြီဆိုလျှင်တောင် ဤမဟာဧကရာဇ်လက်နက်ကို သူ၏ လက်ဗလာနှင့် ခြေမွှဖျက်ဆီးနိုင်ခဲ့သည့်အချက်သည် မိစ္ဆာအရှင်၏ ခွန်အားကို သက်သေပြပေးနေ၏။
သင်္ချိုင်းစောင့်က ပြောလိုက်၏။
“အနန္တက တကယ့်ကို ထူးခြားတယ်… ငါက ငရဲဖိနှိမ်မီးဖိုကို ခြေမွှဖျက်ဆီးပြီးတာတောင် ငါက ငရဲအရှင်ကို မကယ်တင်နိုင်ခဲ့ဘူး”
“ငါတို့မှာ မဟာအဝီစိကို ဖျက်ဆီးနိုင်တဲ့စွမ်းအား မရှိသရွေ့ သူတို့နှစ်ယောက်က အထဲမှာ ထာဝရပိတ်မိနေလိမ့်မယ်”
မိစ္ဆာအရှင်ပင်လျှင် တစ်စုံတစ်ရာ ပြုလုပ်နိုင်ခြင်းမရှိပေ။
သူနှင့် ကောင်းကင်ဘုံခုံရုံးမှ ထိုသူတချို့သည် မဟာဧကရာဇ်များ၏အထက် ကျင့်ကြံမှုနယ်ပယ်မှာ ရှိကြသည်ဟု သူက ဆိုခဲ့လေသည်။
သို့သော်လည်း ကောင်းကင်နှင့်မြေကြီးနိယာမများ၏ ကန့်သတ်မှုကြောင့် သူတို့သည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ မဟာဧကရာဇ်များ၏ တိုက်ခိုက်ရည်ခွန်အားကိုသာ ထုတ်ဖော်နိုင်ကြသည်။
မိစ္ဆာအရှင်ပင်လျှင် တစ်ခုခုမပြုလုပ်နိုင်ဘူးဆိုပါက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ မဟာဧကရာဇ် မီးတောက်ကောင်းကင်ဘုံနှင့် ငရဲအရှင်ကို ကယ်တင်ပေးနိုင်မည့်သူ မရှိလောက်တော့ပေ။
မဟာဧကရာဇ်အနန္တသည် သူ့ကိုယ်သူ စွန့်လွှတ်စတေးပြီး မဟာဧကရာဇ်နှစ်ဦးကို ပိတ်လှောင်ထားဖို့အတွက် သူ၏ အသားကို အဝီစိအဖြစ် ပုံသွင်းခဲ့လေသည်။ သူ၏ လှုပ်ရှားကွက်က တကယ့်ကို စွမ်းအားကြီးမားလွန်း၏။
သိုင်းတာအိုပင်မခန္ဓာက ပြောလိုက်၏။
“ခင်ဗျားက ကျုပ်ကို ငရဲကို တွန်းချခဲ့တယ်… ခင်ဗျားက ကျုပ်ကို ငရဲကမ္ဘာနဲ့ ပတ်သက်ဆက်ဆံမှုတစ်ခု ရှိစေချင်လို့ပဲ… အဲ့လိုနဲ့ ကောင်းကင်ဘုံခုံရုံးနဲ့ ဆန့်ကျင်တိုက်ခိုက်တဲ့အခါ ကျုပ်က ခင်ဗျားတို့ဘက်ကနေ ရပ်တည်ပေးလိမ့်မယ်”
“အမှန်ပဲ”
င်္ချိုင်းစောင့်က အလွန်တရာ တည်ငြိမ်နေပြီး ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်၏။
“ငါ မင်းကို ငရဲဆီ တွန်းချစေတုန်းက ငါ့မှာ အဲဒီအတွေးတွေ ရှိခဲ့တယ်”
“ဒါပေမဲ့ ငါ့မှာ နောက်ထပ် ထည့်သွင်းစဉ်းစားစရာ ရှိခဲ့တယ်”
“ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲက နောက်တစ်ဖန်စတင်တာနဲ့ ငရဲစစ်တပ်က ခေါင်းဆောင်မဲ့သွားပြီး သူတို့ကို ဘယ်သူကမှ ထိန်းချုပ်နိုင်မှာ မဟုတ်တော့ဘူး… သူတို့က အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကို ဝင်ရောက်လာမယ်ဆိုရင် ဒီမှာရှိတဲ့ သက်ရှိတွေအတွက် ကြီးမားတဲ့ ကပ်ဘေးတစ်ခု ဖြစ်လာလိမ့်မယ်”
“မင်းက ငရဲအရှင်အသစ် ဖြစ်လာမယ်ဆိုရင် မင်းက ငရဲစစ်တပ်ကို ထိန်းချုပ်ပြီး သူတို့ကို ကိုင်တွယ်နိုင်လိမ့်မယ်… အနည်းဆုံးတော့ မင်းက အနန္တခေတ်တုန်းက ဖြစ်ခဲ့တဲ့ ကပ်ဘေးမျိုးကို ထပ်ပြီးဖြစ်စေချင်မှာ မဟုတ်ဘူး”
“မင်း ငြင်းဆန်မှာ မဟုတ်ဘူးဆိုတာ ငါ ယုံတယ်”
သင်္ချိုင်းစောင့်ပြောသည်မှာ မှန်လေသည်။
သူသည် သိုင်းတာအိုပင်မခန္ဓာကို မငြင်းဆန်နိုင်သည့် အကြောင်းအရင်းတစ်ခု ပေးထားလေသည်။
ဤငရဲစစ်တပ်ကို ထိန်းချုပ်၍ မရနိုင်လျှင် သို့မဟုတ် အလွန်တရာ ရက်စက်ကြမ်းကြုတ်သော လူတချို့ထံ ကျဆင်းသွားမည်ဆိုလျှင် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ မည်ကဲ့သို့သော ကပ်ဘေးမျိုး ဖြစ်စေလာမည်ကို မည်သူကမှ မသိရပေ။
တကယ်တော့ သင်္ချိုင်းစောင့်က သူ့ကို ရစ်ပတ်ချည်နှောင်ဖို့ စတင်မပြုလုပ်လျှင်တောင် ဆူဇီမို၏ စိတ်နေစရိုက်အရ သူသည် နောက်ဆုံးမှာ ကောင်းကင်ဘုံကိုးလွှာနှင့် ဆန့်ကျင်တိုက်ခိုက်ဖို့ ရွေးချယ်ပေဦးမည်။
တျဲယွဲ့အနေဖြင့်လည်း အတူတူပင် ဖြစ်သည်။
ဤသည်မှာ ရှေးဟောင်းမဟာဧကရာဇ်အများစု ပြုလုပ်ခဲ့သော တူညီသည့် ရွေးချယ်မှုလည်း ဖြစ်လေသည်။
အစကနေ ယခုအချိန်ထိ တျဲယွဲ့က စကားသိပ်မပြောခဲ့ပေ။
ထိုအခိုက်အတန့်မှာ သူမက တစ်စုံတစ်ရာကို တွေးမိသွားပုံရပြီး ရုတ်တရက် မေးလိုက်၏။
“ဒဏ္ဍာရီလာ မဟာဧကရီ ကောင်းကင်ဘုံကိုးလွှာ ဆန်းကြယ်အပျိုစင်က ကောင်းကင်ဘုံကိုးလွှာနဲ့ ပတ်သက်ဆက်စပ်နေလား”
သင်္ချိုင်းစောင့်က ထိုစကားကို ကြားသောအခါ ပြုံးလိုက်၏။
“မင်းက ဉာဏ်ကောင်းသားပဲ”
“ကောင်းကင်ဘုံကိုးလွှာ ဆန်းကြယ်အပျိုစင်က ကောင်းကင်ဘုံကိုးလွှာကနေ အရင်းခံဆင်းသက်လာခဲ့တာပဲ”
“သူက ကောင်းကင်ဘုံခုံရုံးမှာ မွေးဖွားခဲ့ပေမယ့် သူက အဲဒီလူတွေရဲ့ အပြုအမူနဲ့ပတ်သက်ပြီး သဘောမတူခဲ့ဘူး… အဲဒါကြောင့် သူက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကို ဆင်းသက်ပြီး မဟာဧကရာဇ်တစ်ပါး ဖြစ်လာခဲ့တယ်… သူက ငါတို့နဲ့ ပူးပေါင်းပြီး ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲကို အရင်ဆုံး စတင်ခဲ့တယ်”
လက်စသတ်တော့ ကိစ္စက ထိုသို့ဖြစ်ခဲ့လေသည်။
ရှေးဟောင်းမဟာဧကရီ ကောင်းကင်ဘုံကိုးလွှာ ဆန်းကြယ်အပျိုစင်သည် ကောင်းကင်ဘုံကိုးလွှာကနေ အရင်းခံလာခဲ့၏။
တစ်နည်းအားဖြင့်ဆိုသော် ကောင်းကင်ဘုံကိုးလွှာ ဆန်းကြယ်အပျိုစင်မှာ ပိုမိုကောင်းမွန်သော ရွေးချယ်စရာများ ရှိခဲ့လေသည်။
သူမသည် ကောင်းကင်ဘုံခုံရုံးမှာ မွေးဖွားလာခဲ့၏။ သူမက ဧကရာဇ်နယ်ပယ်သို့ တက်လှမ်းလာသည်နှင့် သူမသည် မဟာကမ္ဘာတစ်ထောင်လောကသို့ အချိန်မရွေး တက်လှမ်းဖို့ ရွေးချယ်နိုင်လေသည်။ သူမအနေဖြင့် အတိတ်ကာလတုန်းက သူမ ပြုလုပ်ခဲ့သလိုအရာမျိုးကို ပြုလုပ်စရာ အမှန်တကယ် မလိုအပ်ခဲ့ပေ။
သို့သော်လည်း သူမသည် အလွန်တရာခက်ခဲ၍ အသက်ရှင်သန်ဖို့အတွက် မျှော်လင့်ချက်မရှိသလောက်နီးပါးဖြစ်သော ထိုလမ်းကြောင်းကို ရွေးချယ်ခဲ့ဆဲဖြစ်၏။
အတိတ်ကာလတုန်းက ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲများစွာ ပေါ်ထွက်ခဲ့သော်လည်း မည်သည့်တစ်ခေါက်ကမှ မအောင်မြင်ခဲ့ပေ။
ဒီဘက်မျိုးဆက်မှာပင်လျှင် သိုင်းတာအိုပင်မခန္ဓာသည် ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲမှာ ပါဝင်ဆင်နွှဲဖို့ ယုံကြည်မှု မရှိပေ။
ကောင်းကင်ဘုံခုံရုံး၏ အခြေခံအုတ်မြစ်က သူတွေးထင်ထားသည်ထက် များစွာပိုမိုကြောက်စရာကောင်းနေ၏။
ကောင်းကင်ဘုံခုံရုံးမှ မဟာဧကရာဇ်များသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ မဟာဧကရာဇ်များ ယှဉ်နိုင်သော တည်ရှိမှုများ မဟုတ်ကြပေ။
အနည်းဆုံးတော့ ထိုမဟာဧကရာဇ်များမှာ အဆုံးမဲ့ဘဝသက်တမ်းများနှင့် ထာဝရရှင်သန်မှု ရှိနေ၏။
အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ တာအိုကို အောင်မြင်ရရှိထားသော မဟာဧကရာဇ်များကတော့ သူတို့သေဆုံးသွားမည်ဆိုလျှင် သူတို့က အမှန်တကယ် သေသွားရလိမ့်မည်ဖြစ်ပြီး ရှင်သန်ဖို့အတွက် အခွင့်အရေးရလိမ့်မည် မဟုတ်ပေ။
သို့သော်လည်း မိစ္ဆာအရှင်နှင့် ကောင်းကင်ဘုံခုံရုံးမှ မဟာဧကရာဇ်တချို့ကို အင်မော်တယ်များဖြစ်သည်ဟု ဆိုသော်လည်း သူတို့မှာ အားနည်းချက်များ မရှိခြင်းမဟုတ်ဟု သိုင်းတာအိုပင်မခန္ဓာက ခန့်မှန်းမိလေသည်။
သူတို့၏ ဝိညာဉ်များက ပျက်ပြယ်သွားသည်အထိ အမှန်တကယ် ရိုက်နှက်ခံရမည်ဆိုလျှင် သူတို့အနေဖြင့် ပြန်လည်မွေးဖွားကာ သူတို့၏ အထွတ်အထိပ်အခြေအနေကို ပြန်လည်ရောက်ရှိလာဖို့အတွက် ကြာမြင့်သော အချိန်ကာလတစ်ခု ယူရပေလိမ့်မည်။
မဟုတ်ပါက ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲတိုင်းအတွက် ခေတ်တစ်ခေတ်ကြာအောင် စောင့်ဆိုင်းနေရလိမ့်မည် မဟုတ်ပေ။
ဒီဘက်မျိုးဆက်မှာ ကောင်းကင်ဘုံခုံရုံးတွင် မဟာဧကရာဇ်ရှစ်ဦး ရှိသော်လည်း မိစ္ဆာအရှင်ဘက်မှာ ငရဲအရှင်က လစ်လပ်သွားလေသည်။
ဒါ့အပြင် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ မည်သူက မဟာဧကရာဇ်ဖြစ်လာမည်ကို မသိရသေးပေ။
အလယ်အလတ်ကမ္ဘာတစ်ထောင်လောက၏ မဟာဧကရာဇ်က ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲအတွက် အလွန်တရာ အရေးပါလေသည်။
ထိုမဟာဧကရာဇ်က မိစ္ဆာအရှင်ဘက်မှာနေဖို့ ရွေးချယ်မည်ဆိုလျှင် သူတို့သည် ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲမှာ အနိုင်ရဖို့ မျှော်လင့်ချက်အနည်းငယ် ထားနိုင်လေသည်။
ထိုမဟာဧကရာဇ်က ကောင်းကင်ဘုံခုံရုံးဘက်မှာ ရပ်တည်မည်ဆိုလျှင် မိစ္ဆာအရှင်တို့အတွက် အနိုင်ရဖို့ အခွင့်အရေးက မရှိတော့သလောက်ပင်။
သိုင်းတာအိုပင်မခန္ဓာက ခဏမျှစဉ်းစားတွေးတောပြီး ပြောလိုက်၏။
“ဒီဘက်မျိုးဆက်မှာ ကောင်းကင်ဘုံခုံရုံးမှာ မဟာဧကရာဇ်ရှစ်ဦး ရှိတယ်… ခင်ဗျားတို့ဘက်မှာ ဘယ်နှစ်ယောက်ရှိလဲ… ခင်ဗျားရယ်၊ တစ္ဆေတာအိုက ဗြဟ္မာတစ္ဆေမိခင်ရယ်၊ တောကောင်တာအိုက ဧကရီဆိုးယုတ်ရယ်၊ ပြီးရင် တခြားဘယ်သူရှိသေးလဲ”
“တမလွန်ဘုံရဲ့အရှင် ဒဏ္ဍာရီလာ မဟာဧကရာဇ် ဖုန့်တူကရော… သူပါပါမယ်ဆိုရင် စုစုပေါင်းလေးယောက်လား”
“ဖုန့်တူလား”
သင်္ချိုင်းစောင့်က ထိုနာမည်ကို ကြားသောအခါ သူ၏ မျက်ခုံးမွေးဖြူက အနည်းငယ်တွန့်၍ သူ၏ အမူအရာက မတည်မငြိမ်ဖြစ်သွားပြီးနောက် လျင်မြန်စွာ ပျောက်ကွယ်သွားလေသည်။
“ဟမ်…”
သင်္ချိုင်းစောင့်၏ မျက်နှာပေါ်မှာ ဖျတ်ခနဲပေါ်ထွက်လာသည့် မူမမှန်မှုကို သိုင်းတာအိုပင်မခန္ဓာက အလျင်အမြန် ဖမ်းမိသွားပြီး သူက ချက်ချင်းမေးလိုက်၏။
“တမလွန်ဘုံရဲ့အရှင်က မဟာဧကရာဇ်တစ်ပါး မဟုတ်ဘူးလား”
တမလွန်ဘုံ၏ တည်ရှိမှုဖြစ်စေ၊ တမလွန်ဘုံအရှင်၏ တည်ရှိမှုဖြစ်စေ၊ သူတို့နှစ်ခုစလုံးက အတော်လေး လျှို့ဝှက်ဆန်းကြယ်နေ၏။
သူသည် ယက္ခဘုရင် အကြောက်တရားထံကနေသာ မဟာဧကရာဇ် ဖုန့်တူနှင့် တမလွန်ဘုံအကြောင်းကို ကြားသိခဲ့ရလေသည်။
သို့သော်လည်း ယက္ခဘုရင်အကြောက်တရား၏ သရုပ်သကန်နှင့် ခွန်အားအရ သူသည် တမလွန်ဘုံနှင့် ပတ်သက်ပြီး များစွာသိရှိမထားလောက်ပေ။ သူရရှိထားသော သတင်းအချက်အလက်ကလည်း တိကျမှန်ကန်မှု ရှိချင်မှ ရှိပေလိမ့်မည်။