← Chapters

သီအိုရီ

Vol. 3 Ch. 170

သီအိုရီ

Vol. 3 Ch. 170

ခန်းမကျယ်ကြီးထဲမှာတော့ မျက်နှာဖုံးတပ်ထားတဲ့ ကောင်မရှင်နာမင်းကြီးက လက်ထဲက အနက်ရောင် ဘလက်ဘယ်ရီဖုန်းကို ချလိုက်ပါတယ်။ စားပွဲဝိုင်းမှာ ဘုတ်အဖွဲ့ဝင်တွေရှိနေပေမဲ့ သူတို့တွေအားလုံး တိတ်ဆိတ်နေကြတယ်။

“အဲဒီမိန်းမနဲ့ကလေးက ခွေးရူးလိုလူတစ်ယောက်ကို ထိန်းနိုင်မယ်လို့ ခင်ဗျားတကယ်ထင်နေတာလား။”

အဲဒီအချိန်မှာပဲ အစည်းအဝေးတံခါးပွင့်သွားပြီး သုတေသနဌာနမှူးဂျော်ဒန်က အခန်းထဲဝင်လာကာ ကောင်မရှင်နာမင်းကြီးကို ကြည့်လိုက်ပါတယ်။ ကောင်မရှင်နာမင်းကြီးက သူ့ကိုပြန်ကြည့်တယ်။ ဂျော်ဒန်က ယူနီဖောင်းကိုသေချာဝတ်မထားဘဲ ဆံပင်တွေက စုတ်ဖွားဖွားဖြစ်နေတယ်။ ဘွတ်ဖိနပ် စီးရမယ့်အစား ခြေညှပ်ဖိနပ်ကိုလည်း စီးလို့။

“မင်းက ကိုယ့်တီထွင်မှုကိုကိုယ် သံသယဝင်နေတာလား။”

ကောင်မရှင်နာမင်းကြီးဆီက စကားသံတိုးတိုး ထွက်လာတယ်။ သူ့ရှေ့မှာတော့ ဧရာမဖန်သားပြင် တစ်ခုရှိနေပြီး ရောမမြို့ရဲ့မြေပုံကိုပြသနေတယ်။ ပြည်သူတွေကိုရွေ့ပြောင်းနေတဲ့အဖွဲ့တွေနဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့တွေကိုလည်း မြေပုံက အချိန်နဲ့တပြေးညီဖော်ပြထားပြီး မိနစ်ပိုင်းအတွင်းမှာတင် တပ်ဖွဲ့ဝင်သုံးရာကျော်ပါတဲ့ တပ်ဖွဲ့ကြီးတစ်ဖွဲ့ပျောက်သွားပြီး သတိပေးချက် ဝင်လာပါတယ်။

ဂျော်ဒန်က စကားဆက်လိုက်တယ်။ “ဘယ်လိုပဲ ပြောပြော၊ အဲဒီပစ္စည်းက အခုမှဖွံဖြိုးစပဲရှိသေးတာ။ သစ်တောကျောင်းတော်ရဲ့စွမ်းအားကို ပုံတူပွားခဲ့ပေမဲ့ အဲဒီစွမ်းအားရဲ့မူရင်းပိုင်ရှင်က အယ်ဒါအဆင့်တောင်မဟုတ်ဘူး။ ခင်ဗျားက လူတွေရဲ့အသက်နဲ့ လောင်းကြေးထပ်ဖို့ လုပ်နေတာလား။”

အခုရက်ပိုင်းအတွင်း ဒါလီယာက တိုးတက်လာတယ် ဆိုပေမဲ့လို့ ဂျော်ဒန်ပြောတာလည်းမှန်နေပါတယ်။ အိုလီရာနာက နက်ဆန့်အဖွဲ့ထဲမှာရှိနေတဲ့ အသန်မာဆုံးလူမဟုတ်ဘူး။

“ဒါလီယာဖျက်ဆီးခံလိုက်ရရင် ကျုပ်တို့လုပ်ထားတဲ့ အရာတွေအားလုံး သဲထဲရေသွန်ဖြစ်သွားလိမ့်မယ်။ ထောင်နဲ့ချီတဲ့လူ့အသက်တွေနဲ့ ဒေါ်လာဘီလီယံချီ ရင်းနှီးခဲ့ရတာနော်။” ဂျော်ဒန်က တတ်နိုင်သလောက် အလုပ်ကိစ္စအတွက်သတိပေးနေသလိုမျိုး တတ်နိုင်သလောက်ပြောနေပေမဲ့ သူ့ရဲ့စိုးရိမ်နေတဲ့ မျက်လုံးတွေကတော့ သစ္စာဖောက်နေတယ်။

“ဒီပရောဂျက်ကိစ္စက ထပ်သီးလျှို့ဝှက်ချက်ပဲ။”

ကောင်မရှင်နာမင်းကြီးက လက်ဖျောက်တစ်ချက် တီးလိုက်တယ်။ ဂျော်ဒန်ကလွဲလို့ ကျန်ဘုတ်အဖွဲ့ဝင် အားလုံး အခန်းထဲက ထွက်သွားကြပါတယ်။ နောက်တော့သူက မျက်နှာဖုံးပေါ်ကို လက်တင်လိုက်ပြီး

“စိတ်မပူနဲ့၊ မြေပေါ်သတင်းအချက်အလက်တွေအရ အဲဒီခွေးရူးက လူတစ်ယောက်ကိုမှမသတ်ဘဲ ရှေ့ကို ဆက်တိုးလာနေတာ။ အနည်းဆုံးမှ အဲဒီကလေးမ ခါးကျိုးရုံပေါ့။”

ဂျော်ဒန်က လက်ကိုကုတ်အင်္ကျီအိတ်ထဲက ထုတ်ရင်း ထိုင်ခုံတစ်ခုံမှာဝင်ထိုင်တယ်။ သူ့ပုံစံက ကောင်မရှင်နာကို မကျေနပ်တာအသိသာကြီး။

“ဒါဆိုရင်ခင်ဗျားက ရှုံးမယ်မှန်းသိသိကြီးနဲ့ ပို့လိုက်တာပေါ့။ မနှေးမမြန်ဖြစ်လာတော့မယ့် နတ်ဘုရားတစ်ပါးရဲ့အမျက်ဒေါသကို တားဖို့မကြိုးစားဘဲ ကျုပ်တို့ရဲ့နတ်တစ်ပိုင်းအတုလေးက ဘယ်လောက်ထိစွမ်းဆောင်နိုင်မလဲ ကြည့်ချင်ရုံသက်သက်ပေါ့။”

အခန်းတွင်းအပူချိန်က ရုတ်တရက်ကျဆင်းသွားပြီး ဂျော်ဒန်ကိုယ်တိုင် သူ့စကားမှားသွားပြီမှန်း သတိထားလိုက်မိတယ်။ ကောင်မရှင်နာမင်းကြီးက မျက်နှာဖုံးကို ဆွဲချွတ်လိုက်တာနဲ့ စားပွဲပေါ်မှာရှိနေတဲ့ ရေပုလင်းတွေအားလုံး အလျင်အမြန်အေးခဲသွားပြီး ပေါက်ကွဲထွက်ကုန်တယ်။

“ကျုပ်က အချက်နှစ်ချက်ကို ဒီနေ့သိချင်ရုံသက်သက်ပဲ။ ကျုပ်တို့ရဲ့ဖန်တီးမှုက နတ်တစ်ပိုင်းတွေရဲ့စွမ်းအားကို ပုံတူပွားနိုင်တဲ့အတွက် ရင်းမြစ်ဖြစ်တဲ့နတ်တွေရဲ့ စွမ်းအားကိုလည်း ပုံတူပွားနိုင်လိမ့်မယ်လို့ မင်းကိုယ်တိုင်ပဲ ပြောခဲ့တာမဟုတ်လား။”

ဂျော်ဒန်က လက်နှစ်ဖက်လုံးကို စားပွဲပေါ်တင်ပြီး ခေါင်းသာညိတ်ပြတယ်။ နောက်ထပ်စကားထပ်ပြီး မှားပြောမိရင် နေရာမှာတင် အေးခဲပြီးသေဆုံး သွားနိုင်တယ်မဟုတ်လား။

“ဒီနေ့တော့ ကျုပ်က ခင်ဗျားရဲ့သီအိုရီကိုထပ်ပြီး ချဲ့တွင်ချင်တယ်။ အေဗရာဟန်မစ်ဘာသာရေးက သူတို့ဘုရားက နတ်ဘုရားမဟုတ်ဘဲ ဖန်ဆင်းရှင် စစ်စစ်ဆိုပြီးပြောကြတယ်။ သူတို့ဂိုဏ်းတွေမှာ နတ်တစ်ပိုင်းတွေအစား သူတော်စင်နဲ့တမန်တော်လို ကောင်းချီးပေးခံရသူ အုပ်စုတစ်ခုစီပဲရှိကြတာ။”

“အခုထိ အေဗရာဟန်မစ်ဘုရားကျောင်းတွေရဲ့ ကောင်းချီးစွမ်းအားက နတ်ကျောင်းတွေနဲ့မတူဘူးလို့ ယူဆထားကြတယ်။ ဒီသီအိုရီသာအမှန်ဖြစ်မယ်ဆိုရင် အဲဒီပစ္စည်းက ခွေးရူးရဲ့စွမ်းအားကို ကူးယူနိုင်မှာမဟုတ်ဘူး။ ဒါပေမဲ့ အတူတူပဲဆိုရင်တော့ ကူးယူနိုင်လိမ့်မယ်။”

ကောင်မရှင်နာမင်းကြီးပြောနေတဲ့ စကားတွေကို နားထောင်ရင်းနဲ့ ဂျော်ဒန်ဇောချွေးတွေ နဖူးပေါ်က စီးကျလာတယ်။

“ခင်ဗျားက ဖန်ဆင်းရှင်ကို မေးခွန်းထုတ်ဖို့ ကြံစည်နေတာလား။”

ဟားဟားဟား...

ကောင်မရှင်နာမင်းကြီးဆီက ခပ်ဟဟရယ်သံ ထွက်လာတယ်။ ပြီးတဲ့နောက်သူက နောက်ကို ဖြည်းဖြည်းချင်းလှည့်လိုက်တယ်။ ဂျော်ဒန်က ကောင်မရှင်နာမင်းကြီးရဲ့မျက်နှာကို မကြည့်ရဲဘဲ ခေါင်းကိုငုံထားလိုက်ပါပြီ။

“ကျုပ်က ကျုပ်ခန္ဓာကိုယ်ကို အခုလိုဖြစ်အောင် လုပ်ခဲ့တဲ့ကောင်က ဘယ်လိုလူစားမျိုးလဲ သိချင်ရုံပါ။ သူကတကယ်ပဲ အကြွင်းမဲ့စွမ်းအားရှိတဲ့သူလား၊ ဒါမှမဟုတ် ကျုပ်တို့သိထားတဲ့ နတ်ဘုရားတွေနဲ့မျိုးတူ အလွန်စွမ်းအားကြီးတဲ့ နတ်ဘုရားလားဆိုပြီးတော့ပေါ့။”

ဒေါက်... ဒေါက်... ဒေါက်...

မျက်စိမှိတ်ထားပေမဲ့ ဂျော်ဒန်က ကောင်မရှင်နာရဲ့ ခြေသံတွေဖြည်းဖြည်းချင်း နီးကပ်လာတာကို သတိထားမိတယ်။ သူ့ခန္ဓာကိုယ်အရေပြားမှာတောင် ရေခဲလွှာတချို့စတင်ဖြစ်ပေါ်လာနေပါပြီ။

နောက်တော့ ကောင်မရှင်နာမင်းကြီးရဲ့အသက်ရှု ထုတ်လိုက်တဲ့လေသံကို ကြားရလောက်လုနီးပါးထိ နီးကပ်လာပြီးတဲ့နောက်မှ ဂျော်ဒန်ဟာ အဲဒီလူရဲ့ စကားသံကို နားနားကနေထပ်ကြားရတယ်။

“ဒါပေမဲ့ မပူပါနဲ့၊ အဲဒီအမှောင်ကြယ်နားမှာရှိနေတဲ့ နတ်ဘုရားနဲ့ ခွေးရူးတိုက်ကြပြီဟေ့ဆိုရင် ကျုပ်မှာ တားနိုင်တဲ့အစွမ်းမျိုး ရှိပါသေးတယ်။”

နောက်တော့ ဂျော်ဒန်က ရုတ်တရက်ပြန်ပြီး နွေးထွေးလာသလို ခံစားလိုက်ရတယ်။ သူမျက်လုံးကိုဖွင့်ကြည့်တော့ အခန်းထဲမှာ တစ်ယောက်မှရှိမနေတော့ဘူး။ ဒီတော့မှ ဂျော်ဒန်ဟာ သူ့နှလုံးနေရာကို လက်နဲ့စမ်းသပ်လိုက်ပြီး....

“ဒီကောင်ငါ့ကို သေဒဏ်ပေးတော့မယ်လို့ ထင်လိုက်မိတာ။”

....

“ဒီလိုအချိန်မျိုးမှ ဘာကြောင့်ငါ့လက်က တုန်နေရတာလဲ။”

အယ်မာက သူ့ရှေ့ကမြင်ကွင်းကို ကြည့်လိုက်တယ်။ အမြဲတမ်း ပုံပြင်တွေထဲမှာသာ ကြားရတတ်တဲ့ မြင်ကွင်းတစ်ခုက သူ့ရှေ့မှာဖြစ်ပေါ်နေပါတယ်။ ဓားကိုခါးမှာချိတ်ထားတဲ့ လူငယ်လေးက EUOC အရာရှိဝတ်စုံဝတ်ထားတဲ့ လူတစ်ယောက်ကို ကုတ်ကနေကိုင်ပြီး တရွတ်တိုက်ဆွဲလာပါတယ်။ အဲဒီလူရဲ့နှာခေါင်းကနေ သွေးတွေစီးကျနေပြီး အရိုးအဆစ်တွေက ဆိုးဆိုးဝါးဝါးနေရာလွဲလို့ နေပါတယ်။

“တပ်မှူး၊ အဲဒါ တခြားအဖွဲ့ခွဲတစ်ခုခုက တပ်မှူးပဲ။ ကျုပ်တို့ဘာလုပ်မလဲ။”

ဆာဂျင်တစ်ယောက်က အယ်မာကိုလှမ်းပြီး သတိပေးပေမဲ့ အယ်မာက အဲဒီလူကိုဂရုစိုက်ဖို့ လုံးဝစိတ်ထဲမှာ ရှိမနေပါဘူး။

“ပစ်... ပစ်... ဆက်ပစ်နေပြီ။ လုံးဝမရပ်လိုက်နဲ့။”

ဒိုင်း... ဒိုင်း... ဒိုင်း... ဒိုင်း...

မှော်စွမ်းအားနဲ့အားဖြည့်ထားတဲ့ သေနတ်တွေရဲ့ ထိပ်ကနေ ခရမ်းရောင်မီးပွားတွေပွင့်ထွက်လာပြီး ကျည်ဆန်မှန်တဲ့နေရာတိုင်းက ရစရာမရှိအောင် အငွေ့ပျံသွားတယ်။ တပ်ဖွဲ့၆ တပ်သားတွေက ရောမမြို့ရဲ့လမ်းတွေ၊ အဆောက်အဦးခေါင်မိုးတွေနဲ့၊ ကားတွေနောက်မှာနေရာယူထားပြီး တစ်နေရာကို ပစ်ခတ်နေပါတယ်။

သူတို့နဲ့ဆန့်ကျင်ဖက်မှာတော့ ပျင်းရိစွာနဲ့ လမ်းလျှောက်နေတဲ့ ဝတ်စုံဖြူဝတ်လူငယ်လေး တစ်ယောက်သာရှိလို့ရယ်။

“ ဂျေရာမိုက်...” ဆားဗီးရပ်က လုပ်နေကျအတိုင်းပဲ ကျပန်းတမန်တော်တစ်ယောက်ရဲ့နာမည်ကို ထုတ်ပြီး ပြောလိုက်တယ်။ သူ့ခန္ဓာကိုယ်ပတ်ပတ်လည်မှာ ရွှေရောင်စွမ်းအင်နံရံပါးပါးလေးဖြစ်လာပြီး မှော်စွမ်းအားဖြည့်ကျည်တွေကို တားဆီးလိုက်တယ်။ ကျည်တွေက လေထဲမှာတင်ရပ်တန့်သွားပြီး အံ့ဩစရာကောင်းတဲ့ မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာတယ်။

“ပျင်းစရာကောင်းလိုက်တာ၊ အားနည်းလွန်းလို့ ငါထုတ်မသုံးတာကြာတဲ့ စွမ်းအားတစ်ခုကိုတောင် မင်းတို့အတွက် ပြန်သုံးနေရတယ်လို့။”

နောက်တော့သူက လက်ကိုဝေ့ယမ်းလိုက်တာနဲ့ ကျည်ဆန်တွေက လာရာလမ်းအတိုင်းပြန်ကန်ပြီး တပ်သားတွေကိုထိမှန်သွားစေပါတယ်။

အား....

ကယ်ကြပါ....

အွတ်...

တပ်သားရာကျော်က ဆားဗီးရပ်ရဲ့တိုက်ကွက် တစ်ကွက်နဲ့တင် လဲပြိုကျကုန်ပြီး ဆားဗီးရပ်က သွေးအိုင်ထဲမှာ လမ်းလျှောက်နေတယ်။ ဒီလူတွေက ရုန်းကန်နေကြဆဲဖြစ်ပြီး ကျည်ဆန်အများစုက လက်တွေခြေတွေကိုပဲထိမှန်ကာ အသက်အန္တရာယ် မရှိခဲ့ဘူး။

“စိတ်မပူပါနဲ့၊ မင်းတို့က မွန်းစတားတွေမှ မဟုတ်တာပဲ။ ငါမင်းတို့ကို မသတ်ပါဘူး။”

“ဖြစ်ချင်ရာဖြစ်တော့... ဒါလီယာ။”

နောက်ဆုံးတော့ အယ်မာက နှုတ်ခမ်းကိုဖိကိုက်ပြီး မှော်နှင်တံကိုဝေ့ယမ်းလိုက်တယ်။ အနားမှာရှိနေတဲ့ ကားတစ်စင်းကမြောက်တက်လာပြီး သတ္ထုတွေက နီရဲနေတဲ့အထိအပူချိန်မြင့်တက်လာတယ်။ အနားမှာရှိနေတဲ့ ဒါလီယာကလည်း နေရာကနေ ချက်ချင်းပျောက်သွားပါပြီ။

“အိုး... မင်းက မြေကျောင်းတော်ကလား။ မြေနတ်ဘုရားခန္ဓာကိုလည်း ခံစားမိသားပဲ။ စိတ်ဝင်စားစရာပဲ။”

ဂျေရာမိုက်....

အယ်မာထိန်းချုပ်ထားတဲ့ သတ္ထုရည်တွေက လေထဲမှာတင် အေးခဲကုန်ပြီး အယ်မာက ကြောက်လွန်းတဲ့အတွက် လက်နှစ်ဖက်နဲ့ မှော်နှင်တံကိုကိုင်ထားတာတောင် သေချာချိန်မရ ဖြစ်နေပါပြီ။ တဖြည်းဖြည်းနဲ့သူ့အမြင်တွေက ဝေဝါးလာပြီး သူ့ရှေ့ကအဖြူရောင်ဝတ်စုံနဲ့ လူငယ်လေးက နှစ်ယောက်ဖြစ်သွားတယ်။

နောက်တော့တခြားတစ်​ယောက်က အနက်ရောင် အနောက်တိုင်းဝတ်စုံနဲ့ ဦးထုပ်ဝိုင်းဆောင်းထားတဲ့ လူတစ်ယောက်အဖြစ်ကို ပြောင်းသွားပြီး အယ်မာက အသက်ရှုရပ်လုမတတ်ဖြစ်သွားကာ ဖင်ထိုင်လျက် လဲကျသွားတယ်။

“ပြန်ထလိုက်စမ်းပါ၊ မင်းကနတ်တစ်ပိုင်း မဟုတ်ဘူးလား။ ဘာလို့ဒီလောက်တောင် အားနည်းနေရတာလဲ။”

အယ်မာရှေ့မှာ ဆားဗီးရပ်က ရပ်လိုက်ပြီး အယ်မာကို ငုံကြည့်လိုက်တယ်။ သူကခါးကနေ ဓားကိုထုတ်လိုက်ပြီး အယ်မာ့ရင်ဝကိုချိန်ထားပေမဲ့ အယ်မာက စတင်ငိုကြွေးနေပြီဖြစ်ပြီး တစ်ကိုယ်လုံး တုန်ယင်နေခဲ့ပါတယ်။ သူ့မျက်စိထဲမှာတော့ ဆားဗီးရပ်ဟာ သူ့ကိုလမ်းလျှောက်တုတ်နဲ့ ချိန်ထားတဲ့ အနက်ရောင်အနောက်တိုင်းဝတ်စုံနဲ့ လူတစ်ယောက်ဖြစ်လို့နေပါတယ်။

“ဒါမှမဟုတ် ခုခံနိုင်စွမ်းမရှိတာများလား။” ဆားဗီးရပ်က အယ်မာကိုအနီးကပ်ပိုစိုက်ပြီး ကြည့်တယ်။ နောက်တော့စိတ်ဝင်စားမှု ပျောက်ဆုံးသွားဟန်နဲ့...

“မင်းမှာ နတ်ဘုရားခန္ဓာကိုယ် မရှိတော့ဘူးပဲ။ ဒါပေမဲ့ ကြောင်လေးတစ်ကောင်လို ကြောက်ရွံနေတဲ့လုပ်ရပ်က ကျုပ်ကိုရွံရှာစေတယ်။”

အင့်....

အယ်မာဆီကနေ ညည်းညူသံထွက်လာတယ်။ ဆားဗီးရပ်က အယ်မာရဲ့လည်တိုင်ကိုလက်နဲ့ ဖမ်းညှစ်လိုက်ပြီး ခြေဖျားက မြေပြင်နဲ့လွတ်တဲ့အထိ ဆွဲမလိုက်တယ်။

“သေလိုက်တော့....” ဆားဗီးရပ်က ဓားဦးနဲ့ အယ်မာရဲ့နံရိုးအောက်ကို သာသာလေး ထိုးသွင်းလိုက်တယ်။ ဒါပေမဲ့သွေးတွေ ကျဆင်းလာရမယ့်အစား အနက်ရောင်ရေတွေသာ စီးကျလာတယ်။

“သေစမ်း....”

ရွှတ်....

ဖက်...ဖရက်...

နောက်စေ့ကနေ အချိန်တစ်ခုထိုးစိုက်လာတဲ့ အတွက်ကြောင့် ဆားဗီးရပ်ရဲ့ခေါင်းဟာ ထုတ်ချင်းပေါက် ပွင့်ထွက်သွားတယ်။ အဖြူရောင်အဖက်တွေနဲ့ သွေးတွေက ကြမ်းပြင်ပေါ်မှာပြန့်ကျဲနေပြီး ခန္ဓာကိုယ်ကလည်း တအိအိပြိုလဲသွားခဲ့ပါပြီ။

“ရုပ်ရှင်ရိုက်တာတော်တယ် ကောင်မလေး။”

အယ်မာက ဆားဗီးရပ်ရဲ့လဲကျနေတဲ့ ခန္ဓာကိုယ် အနားမှာပေါ်လာတယ်။ သူ့အနားမှာဒါလီယာလဲ ရှိနေပါတယ်။ သူကလက်ထဲမှာ မှော်နှင်တံကနေ ဓားအဖြစ်ပြောင်းထားတဲ့ ကျောက်ဓားသွားကို ကိုင်ထားတယ်။ ဆားဗီးရပ်က သူ့လူတွေကို အနိုင်ပိုင်းလိုက်ကတည်းက အယ်မာက ဒါလီယာရဲ့ပုံရိပ်ယောင်အစွမ်းကိုသုံးဖို့ စဥ်းစားထားပြီးသားပါ။

“ဒီကောင့်ကို အပိုင်းပိုင်းဖြတ်ပစ်လိုက်ရင် ပြန်မရှင်လောက်တော့ဘူးမဟုတ်လား။”

အယ်မာက EUOCက ဖြစ်တဲ့အတွက်ကြောင့် ဆားဗီးရပ်အကြောင်းကို သိတန်သလောက် သိထားပါတယ်။ ဒါကြောင့်အချိန်ဆွဲမနေဘဲ ချက်ချင်းစလှုပ်ရှားလိုက်တယ်။ လက်ကိုဝေ့ယမ်းတာနဲ့ ကျောက်သားဓားတွေ မြေကြီးထဲကနေ ထိုးထွက်လာပြီး ဆားဗီးရပ်ရဲ့ မလှုပ်မယက်အလောင်းကြီးကို ဝက်သားလှီးသလို စတင်လှီးဖြတ်တယ်။ ဒါ​ပေမဲ့ အချိန်တန်တော့ ရွှေရောင်အလင်းတန်းကြီးတစ်ခုဖြစ်ပေါ်လာပြီး အဲဒီအစိတ်အပိုင်းတွေက ဒဏ်ရာတစ်ခုမှရှိမနေတဲ့ ဆားဗီးရပ်အဖြစ်ကို ပြန်ဖွဲ့တည်သွားတယ်။

“မင်းအကြံက ကောင်းပေမဲ့ အသုံးမဝင်ဘူး။ ငါ့ကို မီးသဂြိုလ်စက်ထဲထည့်ဖူးတဲ့ အရူးလင်မယားရှိဖူးပေမဲ့ ဇာတ်သိမ်းတော့ မကောင်းခဲ့ဘူး။”

မိုးဇက်ပင်လယ်ပြင်ပိုင်းဖြတ်ခြင်း...

ရွှမ်း...

သတ္ထုရောင်တစ်ချက်လတ်သွားပြီး အနားမှာရှိနေတဲ့ တိုက်နှစ်လုံးအလယ်တည့်တည့်ကနေ အက်ကွဲရာ ပေါ်လာပါတယ်။ နောက်တော့ အကောင်းအတိုင်း ရှိနေခဲ့တဲ့ အထပ်မြင့်တိုက်နှစ်လုံးဟာ ဖဲချပ်အိမ်တွေလို ပြိုကျသွားခဲ့တယ်။

“ဟမ်....” ဆားဗီးရပ်ရဲ့နှုတ်ခမ်းပေါ်ကအပြုံးက ပျောက်ကွယ်သွားတယ်။ အယ်မာရှေ့မှာ ဒါလီယာက ရပ်နေပြီး သူတို့နှစ်ယောက်ကို ရွှေရောင်အလင်းလွှာ တစ်ခုက ကာကွယ်ပေးထားတယ်။ ဒါလီယာက ဆားဗီးရပ်ကို မော့ကြည့်လိုက်ပြီး

“သူ့ကို အနိုင်မကျင့်နဲ့”လို့ တစ်ခွန်းတည်း ပြောလိုက်လေရဲ့။

“ဟားဟား....” ဖြစ်ပျက်နေတာတွေကို နားလည်ပြီးတဲ့နောက်တော့ ဆားဗီးရပ်က ရယ်မောလိုက်တယ်။

“သခင်ဖြစ်သူက ကိုယ့်ကိုယ်ကိုယ်တောင် မကာကွယ်နိုင်ဘဲ မြေနတ်ဘုရားခန္ဓာကိုယ် ဆုံးရှုံးသွားပေမဲ့ ခွေးက အတော်လာသားပဲ။ အဲဒီတုန်းက ကြောက်ရွံမှုက အတုအ​ယောင်လို့ ငါမခံစားရဘူး။ မင်းကိုငါသတ်ခါနီးမှ လူစားလဲလိုက်နိုင်တာများလား။”

အယ်မာက ဒေါသနဲ့နှုတ်ခမ်းကိုဖိကိုက်လိုက်ပြီး “ငါ့မှာ မြေနတ်ခန္ဓာမရှိရင်တောင် နင့်ကို အနိုင်ယူနိုင်သေးတယ်၊ မောက်မာတဲ့ကောင်စုတ်။”

အယ်မာက မှော်နှင်တံကိုဝေ့ယမ်းလိုက်တယ်။ ကျောက်ဆိုင်ကျောက်ခဲပေါင်းများစွာ မြေပြင်ကနေ မြောက်တက်လာပြီး ဓားတွေအဖြစ်ပုံသွင်းခံရတယ်။ ဒါလီယာကလည်း တောင်ဝှေးကိုမြေပြင်နဲ့ရိုက်ချပြီး အဲဒီဓားတွေကို ထပ်ပုံတူပွားလိုက်တယ်။

“ကောင်းတယ်ကောင်းတယ်၊ တကယ့်ပွဲမစခင် သွေးပူလေ့ကျင့်ခန်းလုပ်ရပြီပေါ့။” တစ်ဖက်မှာလည်း ဆားဗီးရပ်က ပိုတက်ကြွလာပြီး တမန်တော်တစ်ယောက်ရဲ့နာမည်​ကို ရေရွတ်တယ်။

အဇင့်ခီ....

All Chapters